← Chapters

အခန်း ၁၃၄၇

Vol. 90 Ch. 1347

အခန်း ၁၃၄၇

Vol. 90 Ch. 1347

အခန်း (၁၃၄၇) နတ်ဘုရားသားရဲနက်လိပ်

ရှေးဟောင်း လျှို့ဝှက်နတ်ဘုရားဂိုဏ်းလား..?

ချင်ယွ င်တခါမှ မကြားဖူးပါဘူး။ နတ်ဘုရားကမ္ဘာမှာ ကြီးကျယ်ခမ်းနားသည့် နတ်ဘုရား နန်းတော်ကြီး လေးခုဘဲ ရှိနေသည် မဟုတ်ဘူးလား။ နောက်ထပ် လျှို့ဝှက်နတ်ဘုရား ဂိုဏ်းက အဘယ်ကြောင့် ပေါ်လာရသနည်း။

ချင်ယွင်နှင့် မနီးမဝေးတွင် ရပ်နေသော ကျိုးဟုန်ရွှဲ့သည် ချင်ယွင်၏ ဗလာကျင်းသော အမူအရာကို မြင်ပြီး ချင်ယွင်သည် လျှို့ဝှက်နတ်ဘုရားဂိုဏ်း၏ မူလအစကို မသိကြောင်း သူမ သိလိုက်သည်။

သူမက ကူကယ်ရာမဲ့ ပြုံးပြီး ရှင်းပြသည် " ဒီလျှို့ဝှက်နတ်ဘုရားဂိုဏ်းက ရှေးခေတ်က ထင်ရှားကျောက်ကြားခဲ့တဲ့ ဂိုဏ်းတစ်ခုပဲ။ ပထမတော့ နှောင်ဖွဲ့ကင်းတဲ့ နတ်ဘုရား အနည်းငယ်နဲ့ စတင်ဖွဲ့စည်းခဲ့တာ။ ကြီးကြီးမားမား မဟုတ်သေးဘူး။ အကြောင်းတစ်ခုခု ကြောင့် နောက်ပိုင်း လျှို့ဝှက်နတ်ဘုရားဂိုဏ်းထဲမှာ ထူးထူးခြားခြားကို အစွမ်းထက်လွန်း တဲ့ ပုဂ္ဂိုလ်တစ်ယောက် ပေါ်လာခဲ့တယ်။ ဒီပုဂ္ဂိုလ်ရဲ့အမည်က ရှန်းယင်တဲ့။ သူက အလွန်မင်း အစွမ်းထက်တဲ့ တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ခဲ့တယ်။ သူက နတ်ဘုရား နန်းတော်ကြီးလေးခုအောက် နိမ့်ကျတဲ့ လျှို့ဝှက်နတ်ဘုရားဂိုဏ်းကို ဂိုဏ်းကြီးတစ်ခု အဖြစ်သို့ တိုက်ရိုက် မြင့်တင်နိုင်ခဲ့တယ်။ ဒါပေမယ့် ကြီးကျယ်ခမ်းနားတဲ့ နတ်ဘုရား နန်းတော်ကြီးလေးခုက အင်အားတွေ စုစည်းပြီး လျှို့ဝှက်နတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်နှင့် ကောင်းကင်တုန်လှုပ်တဲ့ တိုက်ပွဲကြီးကို ဖော်ဆောင်ခဲ့ကြတယ်။ ဒါမှပဲ လျှို့ဝှက်နတ်ဘုရားဂိုဏ်းကို သုတ်သင်နိုင်ခဲ့တာ။ အဲဒီအချိန်ကစပြီး ပထမ သူတော်စင်ဂိုဏ်းလို့ လူသိများတဲ့ လျှို့ဝှက်နတ်ဘုရားဂိုဏ်းဟာ နတ်ဘုရားကမ္ဘာကနေ ပျောက်ကွယ်သွားခဲ့တယ်။ လူတိုင်းက လျှို့ဝှက်နတ်ဘုရားဂိုဏ်းရဲ့ တည်နေရာကို ရှာဖွေချင်ကြပေမယ့် ဘယ်တော့မှ မတွေ့ခဲ့ကြဘူး”။

ထိုစကားကြားတော့ ချင်ယွင်သည် အလွန်မင်း ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာ တစ်ခုကို ထုတ်ဖော်ပြသလာပြီး၊ သူ၏စိတ်နှလုံးထဲမှာ နတ်ဘုရားနန်းတော်ကြီး လေးခုနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သော လျှို့ဝှက်နတ်ဘုရားဂိုဏ်း၏ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေး နတ်ဘုရားအပေါ် ရိုသေလေးစားမှုများ ပြည့်နှက်သွားခဲ့သည်။

''သူ မကွယ်လွန်ခင်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အဲဒီဘိုးဘေးနတ်ဘုရားက လျှို့ဝှက် နတ်ဘုရားဂိုဏ်းရဲ့ တပည့်အားလုံးကို စည်းတံဆိပ်ခတ်ပြီး လျှို့ဝှက်နတ်ဘုရားဂိုဏ်း အတွင်းမှ သူ့ရဲ့အမွေနှစ် အားလုံးကို ချန်ထားခဲ့ဖို့အတွက် ကြီးမြတ်ဆုံး နတ်ဘုရားစွမ်းရည် တစ်ခုကို အသုံးပြုခဲ့တယ်လို့ ပြောကြတယ်။ တစ်နေ့မှာ တစ်စုံတစ်ယောက်က သူ့အမွေနှစ်ကို အရယူပြီး၊ စည်းတံဆိပ်ကို ပြန်လည်ဖွင့်လှစ်ကာ၊ လျှို့ဝှက်နတ်ဘုရား ဂိုဏ်းကို ၎င်းရဲ့အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ခေါ်ဆောင်ပြီး ကြီးကျယ် ခမ်းနားတဲ့ နတ်ဘုရားနန်းတော်ကြီးလေးခုကို အနိုင်ယူနိုင်ဖို့ အတွက်ပေါ့”။ နေသာ ဧကရာဇ်က ဖြည့်စွက်၍ ပြောလိုက်သည်။

ထိုစကားကို အဝေးမှ လူအုပ်ကြီး ကြားသောအခါ၊ သူတို့၏ မျက်လုံးများသည်အနှိုင်းမဲ့ တောက်ပသော အလင်းရောင်များဖြင့် လင်းလက်သွားခဲ့သည်

လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား၏ အမွှေနှစ်အားလုံးနှင့်ပတ်သက်၍ သူတို့သည် မည်သို့လျှင် စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း?။

ချင်ယွင်လည်း အလွန်မင်း အံ့ဩသွားသည်။ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေး နတ်ဘုရားသည် အမှန်တကယ် ယခုလိုမျိုး ချန်ထားခဲ့လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ ပေ။ သူမသေခင်မှာ, သူသည် နတ်ဘုရားနန်းတော်ကြီး လေးခုအတွင်းမှာ ဤမျှ ကြီးမားသော လျှို့ဝှက်အန္တရာယ်တောကြီး မြုပ်နှံသွားခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား၏ အမွေနှစ်နှင့် ပတ်သက်၍မူ သူသည် အများကြီး မတွေးခဲ့ပါဘူး။

အဆုံးတွင်၊ သူသည် လျှို့ဝှက်နတ်ဘုရားဂိုဏ်းဟုခေါ်သည့် နေရာကို မသိမ်းပိုက် ချင်သလို နတ်ဘုရားနန်းတော်ကြီး လေးခုကိုလည်း သေသည်အထိ တိုက်ခိုက်လိုခြင်း မရှိခဲ့ပေ။ သူလိုချင်သည်မှာ သူ့မိဘတွေကို ရှာဖွေပြီး၊ သူ့စကြာဝဠာကြီး မပြီးမချင်း သူ့မိန်းမများကို ငြိမ်းချမ်းသည့်ဘဝနှင့် နေထိုင်နိုင်ရန် ဦးဆောင်လမ်းပြလိုခြင်းသာ ဖြစ်ပါသည်။

သို့သော် ချင်ယွင်သည် အမွေနှစ်ကို မယူလိုသောကြောင့် အခြားသူများလည်း မလိုချင်ဟု မဆိုလိုပေ။ ထိုအချိန်တွင် ပတ်ဝန်းကျင်မှလူများ၏ မျက်လုံးများသည် ရူးသွပ်သွားလုနီးပါး ဖြစ်နေကြပြီ ဖြစ်သည်။

"လျှို့ဝှက်ဆန်းကြယ်တဲ့ ဘိုးဘေးနတ်ဘုရားရဲ့ အမွေအနှစ်က အဲဒီလွင့်မျောကျွန်းမှာ ရှိနေရမယ်။" မိုဟဲက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ပြီး သူ့မျက်လုံးများတွင် ပြင်းထန်သော အလိုဆန္ဒများဖြင့် ပြည့်နှက်နေခဲ့သည်။

ထိုစကားကိုပြောပြီးနောက် မိုဟဲသည် ဦးဆောင်ကာ အဝေးက လွင့်မျောနတ်ဘုရား ကျွန်းဆီသို့ ပျံသန်းသွားခဲ့သည်။

"မကောင်းတော့ဘူး၊ မြန်မြန်ပြန်လာခဲ့" နေသာဧကရာဇ်သည် ထိုမြင်ကွင်းကို မြင်သော အခါ ထိတ်လန့်စွာ အော်ဟစ်လိုက်ပါသည်။

သို့သော် သူ့စကားမဆုံးခင်မှာပင် သူတို့ရှေ့က နတ်တောင်တန်းကြီးတစ်ခုထံမှ တုနှိုင်းမရအောင် သိပ်သည်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။

ထိုနတ်တောင်ကြီးဟု ခေါ်ဆိုသည့်အရာသည် သာမန်နတ်တောင်တစ်ခု မဟုတ်ကြောင်း ကို လုံးဝ သိထားရမည်။ ယင်းအစား၊ ၎င်းသည် ဧရာမ လိပ်နက်နတ်ဘုရားသားရဲကြီး တစ်ကောင် ပုန်းအောင်းနေသည့်နေရာ ဖြစ်သည်။ ၎င်း၏အသက်အရွယ်အရ၊ ဤ လိပ်နက် နတ်ဘုရားသားရဲ၏ ကိုယ်ထည်ကို ထူထဲသော ကျောက်လွှာများနှင့်အတူ စိမ်းလန်း စိုပြေသော သစ်ပင်များက ဖုံးအုပ်ထားပြီး ဖြစ်သည်။

မိုဟဲ ပျံထွက်သွားခြင်းက အိပ်ပျော်နေသည့် လိပ်နက်ကြီးကို သတိပေးသလို ဖြစ်သွားခဲ့ သည်။ ထိုအချိန်မှာပင်, ထူထပ်သော အငွေ့အသက်တစ်ခုက ထိုတန်ခိုးကြီးသော လိပ်နက် နတ်ဘုရားသားရဲထံမှ ထွက်ပေါ်လာသည်။

မိုဟဲသည်လည်း တစ်ခုခု လွဲချော်နေသည်ကို ခံစားလိုက်ရပြီး၊ သူ့ခန္ဓာကိုယ်သည် လေထဲတွင် ပျံဝဲနေပြီ ဖြစ်သည်။

ဤအခိုက်အတန့်တွင်၊ သူသည် သူ့ကျင့်ကြံမှုနယ်ပယ် ဖိနှိပ်ထားမှုကို ဖယ်ရှားပြီး ဖြစ်ကာ၊ အလယ်လတ် မြေကမ္ဘာနတ်ဘုရားအဆင့် သူ့ကျင့်ကြံမှုအခြေခံကို လုံးဝ ပြန်လည်ရရှိနေ ပြီဖြစ်သည်။ သို့ရာတွင်၊ သူ့နတ်ဘုရားတန်ခိုး အတက်အကျလှိုင်းများသည် ဤ လိပ်နက် နတ်ဘုရားသားရဲ၏ရှေ့တွင် မြစ်ကြီးနှင့်ပင်လယ်ထဲမှာ လှိုင်းလုံးများနှင့်အတူ လှုပ်ရှားနေ သော ဘဲစေ့ပင်များနှင့် တူနေပါသည်။ (duckweed.. ဘဲစေ့ပင်ဟူသည် ရေပြင်ပေါ်မှာ ပေါက်ရောက်နေသည့် အစိမ်းရောင်အပင်လေးများ ဖြစ်သည်။)။

မိုဟဲအရှေ့ရှိ ဧရာမတောင်ကြီးသည် ဖြည်းညှင်းစွာ မတ်မတ် ထလာသည်။ ထိုနေရာမှ ကြီးမားသော နဂါးခေါင်းကြီးတစ်ခု ထွက်ပေါ်လာသည်။ ၎င်း၏ကြီးမားသော မျက်လုံး နှစ်လုံးသည် လှပသော သူ့အိပ်မက်ကို နှောင့်ယှက်မှုကြောင့် ဒေါသထွက်နေသည့်အလား မိုဟဲကို စိုက်ကြည့်နေသည်။ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည် လူတိုင်း၏ စိတ်နှလုံးသားကို ဖိနှိမ့်နေသည့် နတ်တောင်တစ်ခုကဲ့သို့ ဖြစ်နေပြီး လူတိုင်းကို အသက်ရှူ ကျပ်စေပါသည်။

ချင်ယွင်သည် ဤမြင်ကွင်းကို အလွန်အံ့အားသင့်နေသော အမူအရာဖြင့် ကြည့်နေသည်။

"ဒါက နတ်ဘုရားသားရဲ နက်လိပ်ကြီးလား?" ချင်ယွင်က အံ့အားသင့်စွာ ရေရွတ်လိုက် သည်။

ဤသည်မှာ သူသည် လိပ်နက်နတ်ဘုရားသားရဲကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းပင်။ လိပ်နက်နတ်ဘုရားသားရဲသည် သူထင်ထားသည်ထက်ပင် ကြီးမားသည်။ မူလက ပေ ၃၀၀၀ ရှည်သော်လည်း ယခုအခါ ဧရာမတောင်ကြီးကဲ့သို့ ပေ ၅၀၀၀ အထိ မြင့်နေသည်။

ထိုအချိန်တွင် မိုဟဲသည် ထိတ်လန့်နေပြီ ဖြစ်သည်။ တစ်နည်းဆိုရသော် သူသည် အလွန်မင်း ကြောက်ရွှံ့နေပြီ။ လိပ်နက်နတ်ဘုရားသားရဲ၏ အကြည့်တွေက သူ့ကို ချောက်နက်ကြီးထဲ ကျရောက်သွားသကဲ့သို့ ခံစားရစေသည်။ ထိုအချိန်မှာ သူ့တစ်ကိုယ်လုံး တုန်ယင်နေသည်။

လူတိုင်းသည် အဆင်ပြေကောင်းမွန်သည့် ခံစားချက်မျိုး မခံစားရဘဲ အဝေးမှာ ရပ်နေကြပါ သည်။ ထိုလိပ်နက် နတ်ဘုရားသားရဲကြီး ပေးနေသော ဖိအားသည် တကယ်ကို ကြီးမား လွန်းလှသည်။

"အောင်း..”။

ထိုအချိန်တွင် လိပ်နက်ကြီးက ကျယ်လောင်စွာ ဟိန်းဟောက်သည်။ ၎င်း၏ဟောက်သံ သည် နဂါးတစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့ ဖြစ်ပြီး၊ ကြီးမားသော မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေကာ ၎င်း၏ကြောက်မက်ဖွယ် ဟိန်းဟောက်သံသည် ကီလိုမီတာ ၁၀,၀၀၀ ဧရိယာကို လှုပ်ယမ်းသွားစေခဲ့သည်။

ပတ်ဝန်းကျင်ရှိ ကျောက်နံရံများပင် အက်ကွဲသွားကာ စိတ်ဝိညာဉ်များ တုန်လှုပ်သွားခဲ့ ကြသည်။

ထိုနတ်ဘုရားသားရဲကြီး၏ ဟိန်းဟောက်သံကို လုံးလုံးလျားလျား ပစ်မှတ်ထားခံရသော မိုဟဲသည် သဘာဝအတိုင်း အလွန်သနားစရာကောင်းသော အဆုံးသတ်တစ်ခု ရှိနေခဲ့ သည်။ ထိုဟိန်းဟောက်သံကြောင့် သူ့ခန္ဓာကိုယ်သည် လွင့်ထွက်သွားရုံသာမက သူ့အပေါက်ခုနစ်ခုမှ သွေးများ စီးကျလာသည်။ သူ့အဝတ်အစားများပင်လျှင်, စုတ်ပြတ် နေပြီး၊ အချို့နေရာများတွင် ဖုံးကာထားခြင်းမရှိတော့။ (အပေါက်ခုနှစ်ခုဟူသည် ပါးစပ်, မျက်စိနှစ်ပေါက်, နားနှစ်ဖက်နှင့် နှာခေါင်းနှစ်ပေါက်တို့ ဖြစ်ပါသည်)။

"ဘန်း..”။

မိုဟဲသည် အဝေးမှ တောင်နံရံတစ်ခုသို့ တိုက်ရိုက် ရိုက်ခတ်သွားကာ ထိုနတ်တောင် တစ်ခုလုံး ပြိုကျသွားသည်။ ထိုမှသာ သူသည် ရပ်တန့်သွားခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံး ပြင်းထန်စွာ ပျက်စီးသွားခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ လူတိုင်း အံသြသွားကြသည်။ ဟိန်းဟောက်သံ တစ်ချက်ကြောင့် အလယ်လတ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးသည် ဒဏ်ရာရသွားခဲ့သည်။ သူတို့ မည်သို့ တိုက်ခိုက်နိုင်မည်နည်း?။

ချင်ယွင်၏ မျက်ခုံးများသည်လည်း တင်းကျပ်စွာ တွန့်သွားခဲ့သည်။ အစောပိုင်းက ဟိန်းဟောက်သံတွင် တန်ခိုးကြီးသော နတ်ဘုရား စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခု ပါဝင်နေ သည်မှာ ထင်ရှားသည်။

အကယ်၍, ထိုလိပ်နက်ကြီးသာ မိုဟဲကိုပစ်မှတ်မထားဘဲ သူတို့ကို ပစ်မှတ်ထားခဲ့မည်ဆို လျှင်, ကျိုးဟုန်ရွှဲ့နှင့် တခြားသူတွေ ပွဲချင်းပြီး သေဆုံးသွားလိမ့်မည်။

"မကောင်းတော့ဘူး၊ ငါတို့ဆီ ရောက်လာတော့မယ်”။

ချင်ယွင်သည် သူ့စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်နေစဉ်မှာ, အဝေးက လိပ်နက်ကြီးသည် ချင်ယွင်နှင့် တခြားသူတွေကို စိုက်ကြည့်နေပြီ။ သူသည် လေးလံသော ခြေလှမ်းများကို တစ်လှမ်းချင်း လှမ်းကာ ချင်ယွင်နှင့် အခြားလူများဆီသို့ ဦးတည်ရပ်လိုက်သည်။

ထိုအချိန်တွင်၊ လိပ်နက်နတ်ဘုရားသားရဲကြီးသည် ချင်ယွင်တို့အဖွဲ့နှင့် ပေတစ်သောင်း အကွာဝေးမှား ရှိနေသည်။ သို့သော် ဤနတ်ဘုရားသားရဲကြီးသည် ခြေတစ်လှမ်းတည်းဖြင့် ပေရာပေါင်းများစွာ အကွာအထိ လှမ်းနိုင်သည်။ ထို့ကြောင့် သူ့အရှိန်က နှေးသော်လည်း သူ့အမြန်နှုန်းက လုံးဝ မနှေးကွေးပေ။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ, လူတိုင်းသည် သူတို့မျက်ခုံးတွေကို တွန့်ထားကြ သည်။ ထိတ်လန့်နေသော အမူအရာတစ်ခုက သူတို့မျက်နှာတွေပေါ်မှာ ပေါ်လာပါသည်။ အမြဲတမ်း အေးစက်နေခဲ့သော ဖန်းယီပင်လျှင် အလွန်လေးနက်သော အမူအရာတစ်ခုကို ထုတ်ဖော်ထားသည်။ သူမ၏ မျက်တောင်များက အနည်းငယ် တုန်ခါနေသည်။

ကျိုးဟုန်ရွှဲ့၏ မျက်နှာမှာလည်း အနည်းငယ် ဖြူဖျော့နေသည်။ ထိုလိပ်နက်ကြီး သူမကို ပေးနေသည့် ဖိအားက အရမ်းကို ပြင်းထန်လွန်းသည်။

ချင်ယွင်၏ မျက်ခုံးများက ရှုံ့တွနေသည်။ ရုတ်တရက် သူက ကျိုးဟုန်ရွှဲ့ဘက်ကို လှည့်ပြီး "မင်း အန္တရာယ်တစ်ခုခု ကြုံလာခဲ့ရင် ဒီကျောက်စိမ်းဆွဲသီးကို ချိုးဖြတ်ဖို့ မမေ့နဲ့" ဟု ပြောလိုက်သည်။

ထိုစကားကို ပြောပြီးနောက် သူသည် ကျောက်စိမ်းဆွဲသီးကို ကျိုးဟုန်ရွှဲ့အား ပေးလိုက် သည်။ ထိုကျောက်စိမ်းဆွဲသီးသည် သူ့ကနဦးစကြာဝဠာ၏ သော့တစ်ချောင်းဖြစ်ပြီး ၎င်းသည် အရေးကြီးသော အခိုက်အတန့်တွင် ကျိုးဟုန်ရွှဲ့၏အသက်ကို ကယ်တင်နိုင် သည်။

ကျိုးဟုန်ရွှဲ့သည် ချင်ယွင်ပေးလာသော ကျောက်စိမ်းဆွဲသီးကို စိတ်ရှုပ်ထွေးနေဟန် အမူအရာဖြင့် ကိုင်ဆောင်လိုက်သည်။ ထိုလူငယ်က သူမကို အဘယ့်ကြောင့် ကျောက်စိမ်း ဆွဲသီး ပေးခဲ့လဲဆိုသည်ကို သူမ မသိသလို၊ ထိုကျောက်စိမ်းဆွဲသီး၏ အသုံးပြုပုံကိုလည်း သူမ မသိခဲ့ပါဘူး။ သို့သော် သူမသည် မသိစိတ်က ခေါင်းညိတ်ပြလိုက်ပါသေးသည်။

ကျိုးဟုန်ရွှဲ့က ခေါင်းညိတ်ပြသည်ကို မြင်တော့ ချင်ယွင်သည် ချက်ချင်းပင် သူ့အကြည့်များ ကို လိပ်နက်နတ်ဘုရားသားရဲဆီသို့ ပြောင်းလိုက်ပြီး သူ့အကြည့်တွေက ရုတ်တရက် စူးရှသွားသည်။

"ငါ မင်းကို တွေ့ပါရစေ။" သူ့လက်ထဲမှာ နတ်ဘုရားဆေဘာ ထွက်ပေါ်လာချိန်မှာ ချင်ယွင်၏ မျက်လုံးများတွင် တိုက်ခိုက်လိုစိတ်များ ပေါက်ကွဲထွက်လာခဲ့သည်။

All Chapters