← Chapters

အခန်း ၁၃၄၉

Vol. 90 Ch. 1349

အခန်း ၁၃၄၉

Vol. 90 Ch. 1349

အခန်း (၁၃၄၉) စားခြင်း။

ချွင်…။

ဆေဘာအလင်းတန်းသည် ပျံထွက်သွားပြီး၊ လိပ်နက်၏ မာကျောလှသော အခွံထဲသို့ ပြင်းထန်စွာ ကျရောက်သွားရာ, သံမဏိအချင်းချင်း အပြင်းအထန် တိုက်မိသည့် အသံ ကဲ့သို့ တုန်ခါနေသည့်အသံမျိုး ထွက်ပေါ်လာသည်။

လိပ်နက်၏အခွံသည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး၊ အခွံပေါ်တွင် စုပုံနေသော အမှုန် အမွှားများ လွင့်စင်သွားကာ၊ သံမဏိကဲ့သို့ ချောမွေ့သော အခွံ၏ နောက်ကျောကို ပေါ်လွင်စေသည်။

လိပ်နက်၏အခွံသည် ပြားချပ်ချပ် မဟုတ်ဘဲ မာကျောသော တောင်ကုန်းငယ်များကဲ့သို့ အဖုအထစ်များဖြင့် ပြည့်နေသည်။ ယခင်က ၎င်းကို တောင်ကုန်းလေးများကဲ့သို့ ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းထားသည်။ ယခုအခါ ဖုန်မှုန့်များ လွင့်စင်သွားသဖြင့် ၎င်း၏ မူလအသွင်အပြင်ကို ပေါ်လွင်စေသော်လည်း၊ ၎င်းက ပို၍ပင် ဆိုးရွားလှသည်။

ချင်ယွင်၏ဆေဘာအလင်းသည် လိပ်နက်အား လုံးဝ ပျက်စီးစေခြင်း မရှိပေ၊ ၎င်း၏ ခွံပေါ်တွင် အမာရွတ်တစ်ခုမျှပင် မကျန်ရစ်ခဲ့ပေ။ ထိုလိပ်နက်၏ အကာကွယ်က မည်မျှ မာကြောသည်ကို တွေးကြည့်နိုင်ပါသည်။

အဝေးက လူတွေအားလုံး ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ၊ သူတို့၏ မျက်နှာများတွင် စိတ်ပျက်သွားသည့် အမူအရာများဖြင့် ပြည့်နှက်သွားခဲ့သည်။ ဤလိပ်နက်နတ်ဘုရား သားရဲ၏ အကာကွယ်သည် အမှန်တကယ်ပင် သန်မာလွန်းလှသည်။ ၎င်းကို လှုပ်ခါနိုင်ဖို့က ကောင်းကင်ဘုံကို ပျံတက်ခြင်းထက်ပင် ပိုခက်ခဲလိမ့်မည်။

"ဘုန်း”။

လိပ်နက်သည် မြေပြင်ပေါ်တွင် ခြေဆောင့်နင်းလိုက်သည်။ မြေပြင်သည် ချက်ခြင်း ကွဲအက်ပြီး ၎င်းပတ်ပတ်လည်တွင် အပေါက်ကြီးတစ်ခု ထွန်းတောက်သွားသည်။

လိပ်နက် နတ်ဘုရားသားရဲ၏ နဂါးဦးခေါင်းထက်မှ ဧရာမမျက်လုံးကြီးနှစ်လုံးက ချင်ယွင် ကို စိုက်ကြည့်နေသည်။ ၎င်းမျက်လုံးများထဲတွင် ပြင်းထန်သော အမျက်ဒေါသပင် ရှိနေသည်။

'"လူသား၊ မင်းရဲ့ ခွန်အားက အားမနည်းဘူးပဲ။ အခုလေးတင် မင်းရဲ့တိုက်ခိုက်မှုက မဆိုးပါဘူး။ အဲဒါက ငါ့ကို ကလိထိုးနေသလိုပဲ။ အခု ငါ မင်းကို အမြန်ထွက်သွားဖို့ အခွင့်အရေး ပေးလိုက်မယ်။ မင်း ငါ့ကို မသတ်နိုင်ဘူး၊ ဒါပေမယ့်, မင်းသာ အတင်းကြပ် ဆက်ပြီး တိုက်ခိုက်နေရင်, မင်းတို့အားလုံးကို ငါ့ဝမ်းစာအဖြစ် မျိုချမိမှ ငါ့ကို အပြစ်မတင် နဲ့နော်။" လိပ်နက်နတ်ဘုရားသားရဲကြီးက လူသားစကားဖြင့် ထုတ်ပြောလိုက်သည်။ ၎င်း၏အသံသည် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေသော ခေါင်းလောင်းထိုးသံနှင့် တူပြီး ၎င်း၏လေသံသည် ပြင်းထန်သော ခြိမ်းခြောက်မှုနှင့် ပြည့်နေပါသည်။

ချောက်ကမ်းပါးစွန်းတွင် ရပ်နေသူတိုင်းသည် လိပ်နက်နတ်ဘုရားသားရဲ၏ စကားကို ကြားသောအခါ တုံ့ဆိုင်းသွားကြသည်။

သူတို့သည် လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား၏ အမွေနှစ်များ အမှန်တကယ် ရှိနေနိုင်သည့် အဝေးက လွင့်မျောနတ်ဘုရားကျွန်းဆီကို အမှန်တကယ် သွားချင်ကြသော် လည်း ဤလိပ်နက်နတ်ဘုရားသားရဲကြီးသည် တကယ်ကို အစွမ်းထက်လွန်းလှသည်။ သူသည် ဤနေရာကို စောင့်ကြပ်နေသဖြင့် သူတို့အနေဖြင့် ဖြတ်ကျော်သွားရန်မှာ မဖြစ်နိုင်သလောက်ပင်။ သို့မဟုတ်, သူတို့သည် ဤလိပ်နက်နတ်ဘုရားသားရဲ၏ အစားစာပင် ဖြစ်သွားလောက်သည်။

"သခင်မလေး, ကျွန်တော်တို့ နောက်ဆုတ်ကြမလား။" ကျိုးဟုန်ရွှဲ့ဘေးမှ လမ်းကို ဦးဆောင်လာသူ အဘိုးကြီးတစ်ယောက်က မေးလိုက်ပါသည်။

သူတို့သည် သာမန် အလယ်လတ်အဆင့် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ သာ ဖြစ်ကြသည်။ သူတို့သည် နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် လိပ်နက် နတ်ဘုရားသားရဲကြီးကို တိုက်ခိုက်ရန် သတ္တိမရှိခဲ့ပေ။ အခု ဤနေရာတွင် နေထိုင်ခြင်းက သေခြင်းတရားကို တောင်းဆိုနေခြင်းနှင့် အတူတူပင်။

"ခဏနေဦး၊ အရင်ဆုံး ကြည့်ရအောင်။" ကျိုးဟုန်ရွှဲ့သည် သူမရှေ့တွင် နတ်ဘုရား ဆေဘာကို ကိုင်ထားသည့် ချင်ယွင်ကို ကြည့်ရင်း ပြောလိုက်သည်။

အတိတ်မှာတုန်းကဆို, ယခုလိုအခြေအနေမျိုးမှာ သူမသည် နောက်ပြန်ဆုတ်ရန် တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။ အဆုံးတွင် အခွင့်အလမ်းများသည် အသက်လောက် အရေးမကြီးပါဘူး။ သို့သော် ယခုတစ်ကြိမ်မှာ ဤအရာက ရှားပါးသော အခွင့်အရေးတစ်ခု ဖြစ်ကြောင်းကို သူမ၏နှလုံးသားက သူမကို ပြောပြနေသောကြောင့်, သူမသည် နေရန် ရွေးချယ်ခဲ့ပြီး၊ ထိုအခွင့်အရေးကိုလည်း သူမရှေ့မှ လူငယ်က ယူဆောင်လာခဲ့သည်။

ဆံပင်ဖြူ အဘိုးကြီးသည် ကျိုးဟုန်ရွှဲ့၏အဖြေကို ကြားသောအခါတွင် အနည်းငယ် မျက်မှောင် ကြုတ်သွားသော်လည်း ဘာမှ ပြန်မပြောပေ။

လင်းဖန်းနှင့် လင်းချင်ရှန်းတို့ ကြားမှာလည်း အလားတူ စကားစမြည် ပြောဖြစ်ခဲ့ကြသည်။

"ဦးလေး၊ ကျွန်တော်တို့ အခု ပြန်ဆုတ်သင့်ပြီ မဟုတ်ဘူးလား။ ကျွန်တော်တို့ လူတွေကို ပြန်စုပြီးမှ ပြန်လာရအောင်။ ဒီလိပ်နက်ကြီးက အစွမ်းထက်လွန်းတယ်။ ကျွန်တော်တို့က သူ့အတွက် ပြိုင်ဘက်မဖြစ်နိုင်ဘူး။" လင်းဖန်းက လင်းချင်ရှန်းကို မေးသည်။

လင်းချင်ရှန်းသည် လင်းဖန်း၏အမေးကို ကြားသောအခါ သူ့မျက်နှာက တွေးတော နေသည့် အမူအရာ ဖြစ်ပေါ်လာသည်။ သိသာသည်မှာ၊ သူသည် အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။

သူ့ဦးလေး တုံ့ဆိုင်းနေသည်ကို မြင်တော့ လင်းဖန်းသည် ချက်ချင်းပင် စိုးရိမ်လာသည်။ သူသည် ဤနေရာမှာ မနေချင်တော့ပေ။ ဤနေရာတွင် ဆက်နေခြင်းက လိပ်နက်ကြီး၏ အစာဖြစ်လာနိုင်သည်။ သူ့အမြင်အရဆို, ဤလူအရေအတွက်သည် ထိုလိပ်နက်ကြီး၏ သွားကြားညှပ်ဖို့ပင် မလုံလောက်ပေ။

'"ခဏစောင့်ပါဦး။ လွင့်မျောနှင်းမြို့တော်ကတောင် ပြန်မဆုတ်သေးဘူး။ အပြောင်းအလဲ အတွက် အခွင့်အလမ်း ရှိနေတုန်းပဲ။ နောက်ပြီး ဒီက အခြေအနေအကြောင်းကို မင်းအဖေ ကို ပြောပြဖို့ ငါ့ကိုယ်ပွားကို ငါ ပြောထားပြီးပြီ။ မင်းအဖေက ဒီကိုလာဖို့အတွက် သူ့လူတွေ ကို စုစည်းနေပြီ။ ဒါကြောင့် ဘာဖြစ်လာမလဲ စောင့်ကြည့်ရအောင်။" လင်းချင်ရှန်းက ကျိုးဟုန်ရွှဲ့နှင့် တခြားသူတွေကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

လင်းဖန်းသည် သူ့အဖေက အလျင်အမြန် ပြေးလာမည့်အကြောင်းကို ကြားလိုက်ရသဖြင့်, သူ့စိတ်ထဲမှာ ပို၍သက်တောင့်သက်သာ ခံစားရပြီး တခြားဘာမှ မပြောတော့ပေ။

ဖန်းယီသည် အစမှအဆုံးအထိ လျစ်လျူရှုထားသော်လည်း ဆုတ်ခွာရန် ရည်ရွယ်ချက် အနည်းငယ်မျှ မပြခဲ့ပေ။

သူတို့ ထွက်သွားပြီးနောက် နောက်တစ်ကြိမ် ယခုလို အခွင့်အလမ်းမျိုး ရှိလာမှာ မဟုတ်တော့ပါဘူး။

ထိုအချိန်တွင် ချင်ယွင်သည် သူ၏နတ်ဘုရားဆေဘာကို လက်ထဲတွင် ကိုင်ကာ လေထဲတွင် လွင့်မျောနေပြီး သူ့မျက်လုံးများကမူ ပြင်းထန်သော တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

ပြန်ဆုတ်ရမှာလား?

ဒါက မဖြစ်​နိုင်​ဘူး မဟုတ်ပါလား?

သူသည် ဤနေရာသို့ ရောက်လာပြီဆိုမှတော့ ဘယ်လိုလုပ် အလွယ်တကူ ပြန်ဆုတ် နိုင်မည်နည်း?။ ထို့အပြင်၊ သူသည် လျှို့ဝှက်နတ်ဘုရားဂိုဏ်းကိုလည်း စူးစမ်းလေ့လာလို သည်။

သူရင်ဆိုင်ရမည့် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခအတွက်ဖြစ်စေ, သို့မဟုတ် လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်၏ မစ်ရှင်အတွက်ဖြစ်ပါစေ၊ ဤအရာအားလုံး ပြီးမြောက်ရန် ကြီးမားသော ခွန်အားကို လိုအပ်နေသည်။ ယခု ထိုအခွင့်အရေးသည် သူ့ရှေ့မှာ ရောက်နေ ခဲ့ပြီ။ သူအနေဖြင့် ဘယ်လိုလုပ် လွယ်လွယ်နှင့် စွန့်လွှတ်နိုင်မှာလဲ။ ထို့အပြင်၊ ဤလိပ်နက် နတ်သားရဲသည် သူ့အား ကြောက်လန့်စေလောက်သည့် ခွန်အားမျိုး မရှိခဲ့ပေ။ ရင်ဆိုင်ရ နည်းနည်းခက်ခဲရုံသာ ဖြစ်သည်။

"လူသား၊ မင်း ပြန်မဆုတ်ဘူးလား" လိပ်နက်ကကြီး ချင်ယွင်ကို ထပ်မေးသည်။

"မဆုတ်ဘူး" ချင်ယွင်က ပြတ်ပြတ်သားသား ဖြေလိုက်ပြီး သူ့မျက်လုံးများတွင် ပြင်းထန်သော အမျက်ဒေါသတွေ ထွက်ပေါ်လာသည်။

"ကောင်းပြီ၊ မင်းကိုယ်တိုင်က သေချင်နေမှတော့, မယဉ်ကျေးအတွက် ငါ့ကို အပြစ်မတင် နဲ့။ ဒီနေ့ မင်းတို့အားလုံးကို ငါဝါးမျိုးပြီး ငါ့ဗိုက်ထဲမှာ ပြန်ဆုံစည်းခွင့်ပေးမယ်" လိပ်နက်ကြီးသည် ချက်ချင်းပင် ဒေါသထွက်ကာ ကြောက်မက်ဖွယ် ဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်သည်။

"မင်းရဲ့ အသွေးအသားက ငါ့ကို အာဟာရပြည့်ဝအောင် ကျွေးနိုင်တဲ့ နတ်ဆေးတစ်မျိုးပဲ။ ငါလည်း မင်းကို စားချင်နေပြီ" ချင်ယွင်က အေးစက်သော အပြုံးဖြင့် တုံ့ပြန်လိုက်ပြီး၊ သူ့မျက်လုံးများက စဉ်းလဲကောက်ကျစ်မူနှင့်အတူ တောက်ပနေသည်။

ဤလိပ်နက် နတ်ဘုရားသားရဲသည် မရေမတွက်နိုင်အောင်ပင် နှစ်ပေါင်းများစွာ ရှင်သန် နေထိုင်ခဲ့သည်။ သူ့အသွေးအသားတွင် ဤအနှိုင်းမဲ့ အစွမ်းထက်သော တန်ခိုးအစွမ်းများ ပါရှိနေသည်။ အကယ်၍, သူသာ ၎င်းကို ဝါးမျိုနိုင်ခဲ့ပါက, ချင်ယွင်သည် နှောင်းပိုင်း ကြယ်နတ်ဆိုးနတ်ဘုရားအဆင့် သို့မဟုတ် အထွတ်အထိပ် ကြယ်နတ်ဆိုးနတ်ဘုရား အဆင့်သို့တက်ရောက်နိုင်ရန် လိပ်နက်ကြီး၏ ခန္ဓာကိုယ်တွင်းရှိ စွမ်းအားကို သေချာပေါက် အသုံးပြုနိုင်မည် ဖြစ်သည်။

ပတ်ဝန်းကျင်ရှိ လူတိုင်း အံ့သြသွားကြသည်။ ချင်ယွင်သည် အမှန်တကယ် ရူးသွပ်သည်ဟု အားလုံးက ခံစားကြရသည်။ သူသည် လိပ်နက်နတ်ဘုရားသားရဲကို စားသောက်မည် ဟူသော ထိုကဲ့သို့ စကားမျိုးကို သတ္တိရှိရှိ ပြောဆိုရဲသည်။ သူတို့ဆို, ဤအကြောင်းကို တွေးတောင် မတွေးဝံ့ကြပေ။

"အောင်း”။

လိပ်နက်ကြီးသည် ဒေါသတကြီး ဟိန်းဟစ်လိုက်သည်။ သူသည် နှစ်ပေါင်းများစွာ ရှင်သန် နေထိုင်လာသော်လည်း သူ့အသားကို စားချင်သည်ဟု လူသားတစ်ဦး ပြောဆိုလာသည်ကို ပထမဆုံးအကြိမ် ကြားလိုက်ရခြင်း ဖြစ်သည်။

"လူသား၊ မင်းက မာနကြီးလွန်းတယ်။ ဒါဆိုလည်း မင်းမှာ ဘယ်လို မောက်မာမှုမျိုး ရှိနေလဲဆိုတာ ငါ ကြည့်ပါရစေ။" လိပ်နက်ကြီးသည် ကျယ်လောင်သော ဟိန်းဟောက်သံ ကို ထုတ်ဖော်လိုက်ပြီး ၎င်း၏ ခွာလေးခုသည် ချက်ခြင်း လှုပ်ရှားသွားသည်။

လိပ်နက်နတ်ဘုရားသားရဲ၏ ခန္ဓာကိုယ်သည် အတော်လေး ကြီးမားသော်လည်း သူ လှုပ်ရှားသောအခါတွင်, ၎င်းသည် အလွန်လေး ညင်သာပျော့ပျောင်းသည်။ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။ ခြေတစ်ဖက် ချနင်းလိုက်သည်နှင့် မြေပြင်သည် အထိန်းကွပ်မဲ့ အက်ကွဲသွားခဲ့သည်။ နတ်တောင်ကြီး ပင် သူ့ခြေလှမ်းကြောင့် တုန်ခါသွားသည်။ နောက်ဆုံးတွင်၊ ၎င်း၏ကြီးမားသော ခန္ဓာကိုယ် သည် တိုက်ရိုက် ခုန်တက်လာပြီး၊ ဧရာမခွာကြီးကို ဆန့်ထုတ်ကာ ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ဧရာမခွာများပေါ်တွင် ပါရှိနေသည့် တန်ခိုးစွမ်းအားသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ် ကောင်းပြီး၊ ထူထဲသိပ်သည်းသောစိတ်ဆန္ဒများကို ထုတ်ဖော်ပြသနေသည်။

အလယ်လတ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများကို မဆိုထားနှင့်၊ နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများပင် ဤထိုးနှက်ချက်ကို ခံရပါက အပိုင်းပိုင်း ကြေမွသွားဖွယ်ရှိသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော တိုက်ခိုက်လို စိတ်များ ပေါက်ကွဲထွက်လာခဲ့သည်။

ပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည်က အထွတ်အထိပ်အထိ ချက်ချင်း မြင့်တက်သွားပြီး၊ သူသည် လိပ်နက်နတ်ဘုရားသားရဲဆီသို့ ပျံသန်းသွားခဲ့သည်။

ချင်ယွင်၏ရုပ်အသွင်သည် လေထဲတွင် မရေမတွက်နိုင်သော ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားကာ၊ သူသည် လိပ်နက်သားရဲ၏ နဂါးဦးခေါင်းဆီသို့ တည့်တည့် ပြေးသွား စဉ်, လိပ်နက်နတ်ဘုရားသားရဲ၏ ဧရာမခြေသည်းကြီးများက သူ့နောက်မှ လိုက်ပါလုနီးပါး ဖြစ်နေချိန်မှာ, သူ့လက်ထဲမှ နတ်ဘုရားဆေဘာက တောက်ပစွာ လင်းလက်သွားပြီး၊ နဂါးခေါင်းကြီးဆီကို တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။

All Chapters