← Chapters

အခန်း ၁၃၅၀

Vol. 90 Ch. 1350

အခန်း ၁၃၅၀

Vol. 90 Ch. 1350

အခန်း (၁၃၅၀) လိပ်ကလေး။

ချင်ယွင်သည် သူ့လက်ထဲမှ နတ်ဘုရားဆေဘာကို ဝှေ့ယမ်းလိုက်ပြီး သူ့ခန္ဓာကိုယ် အတွင်း မှ ပေါင်းစပ်နတ်ဘုရားတန်ခိုးနှင့် လျှပ်စီးပြိုလဲခြင်း နတ်ဘုရားစွမ်းရည်က အရူးအမူး ပျံ့နှံ့ ထွက်ပေါ်လာခဲ့သည်။

ထိုခုတ်ပိုင်းချက်က နတ်ဘုရားအလင်းတန်း မျဉ်းစောင်းတစ်ချက် အဖြစ်သာ ဖော်ပြနိုင်ပါသည်။

"ဘုန်း”။

သို့သော်၊ ချင်ယွင်၏နတ်ဘုရားဆေဘာသည် လိပ်နက် နတ်ဘုရားသားရဲ၏ နဂါးဦးခေါင်း နှင့် သုံးလက်မအကွာတွင် ရပ်တန့်သွားခဲ့သည်။ အလွန်မင်း အစွမ်းထက်လွန်းသည့် အငွေ့အသက်တစ်ခုသည် မြေသားအဝါရောင်လှိုင်းလုံးများနှင့်အတူ အတင်းအကြပ် ပိတ်ဆို့တားဆီးထားပြီး လုံးဝ ရှေ့ဆက်တိုးရန် မဖြစ်နိုင်တော့ပေ။

"ဟမ့်၊ လူသား, မင်းရဲ့ခွန်အားလေးနဲ့ မင်းက ငါ့ကို ထိခိုက်နာကျင်စေချင်တယ်ပေါ့။ မင်းက ငါ့ကို လျှော့တွက်လွန်းတာပဲ။ နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတွေ ကို မပြောနဲ့ဦး။ အထွတ်အထိပ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်တွေ တောင် ငါကို လှုပ်ခါနိုင်ဖို့ ခက်ခဲလိမ့်မယ်။ မင်းက အလယ်လတ် မြေကမ္ဘာနတ်ဘုရား နယ်ပယ် ချာတိလေးတစ်ယောက်ပါပဲ။ မင်းကများ ငါ့ကို သတ်ချင်နေတယ်။ မင်းက တကယ်ကို သေချင်နေတာပဲ” လိပ်နက်ကြီး အေးစက်စွာ ရယ်မောလိုက်သည်။

ဝှီး....။

ဧရာမကင်းမြီးကောက် အမြီးကြီးသည် ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ချလာပြီး ၎င်းတွင် ပါရှိသော စွမ်းအားက ပို၍ပင် ကြောက်စရာကောင်းသည်။

ချွင်…။

ချင်ယွင်သည် ခုခံတားဆီးရန် သူ့ဆေဘာကို အလျင်အမြန် ဝှေ့ယမ်းလိုက်ရသည်။ သို့သော်၊ ချင်ယွင်သည် လျှပ်စီးပြိုလဲခြင်း နတ်ဘုရားစွမ်းရည်ကို လွန်ကဲစွာ အသုံးပြုခဲ့လျှင်ပင်၊ သူသည် တန်ခိုးကြီးသော ကင်းမြီးကောက်အမြီးကြီးကို သူ မခုခံနိုင်သေးပေ။

"ဘန်း...။

ချင်ယွင်နှင့် သူ့ဆေဘာတို့သည် ချက်ချင်းပင် လွှင့်ထွက်သွားပြီး အဝေးမှ နတ်တောင် တစ်တောင်ကို ထိုးဖြတ်ကာ၊ ဧရာမကျောက်တုံးကြီးများကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ထိုမြင်ကွင်းကို ပတ်ဝန်းကျင်မှ လူတွေမြင်တော့ အားလုံးက သက်ပြင်းချပြီး ခေါင်းကို ခါယမ်းကြသည်။

မျှော်လင့်ထားသည့်အတိုင်းပင် လိပ်နက်နတ်ဘုရားသားရဲသည် လှုပ်ခါနိုင်ရန် အလွန် အစွမ်းထက်လွန်းသည်။ ဤလူငယ်သည် ဤမျှကြီးမားသော စွမ်းအားဖြင့် ထိမှန်ခံရပြီး မသေလျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရသွားဦးမည်။

"ဘုန်း..၊ ဘုန်း.,.. ဘုန်း..၊ ဘုန်း...”။

ဤတစ်ကြိမ်တွင်၊ လိပ်နက်နတ်ဘုရားသားရဲ၏ ကြီးမားသော ခန္ဓာကိုယ်သည် လေဟာနယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်လာပြီး ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။ လေဟာနယ်ထဲသို့ ခြေလှမ်းသွားခဲ့သော်လည်း၊ စွမ်းအင်အတက်အကျလှိုင်းများ ရိုက်ခတ်မူကြောင့် ပတ်ဝန်းကျင်ရှိ တောင်တန်းများသည် ပြင်းထန်စွာ တုန်လှုပ်နေဆဲ ဖြစ်သည်။

ချင်ယွင်သည် အပျက်အစီးများထဲတွင် လဲလျောင်းနေပြီး သူ့နှုတ်ခမ်းထောင့်တွင် အနီရောင်တောက်တောက် သွေးများဖြင့် ဖုံးလွှမ်းနေသည်။ သူသည် အဝေးမှ ပြေးလာနေသော လိပ်နက်နတ်ဘုရားသားရဲကို ကြည့်ကာ သူ့မျက်လုံးများတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။

သူ့ရှေ့က လိပ်နက်နတ်ဘုရားသားရဲ၏ စွမ်းအားက အရမ်းကို ကြီးမားလွန်းသည်။ သူ၏ ကြယ်နတ်ဆိုးနတ်ဘုရားတန်ခိုးစွမ်းအားနှင့် မတူညီသော ပေါင်းစပ်နတ်ဘုရားတန်ခိုး စွမ်းအား ခြောက်မျိုးဖြင့်ပင်၊ ဤလိပ်နက်နတ်ဘုရားသားရဲ၏ ကင်းမြီးကောက်အမြီးကို မချေဖျက်နိုင်သေးပါဘူး။ အကယ်၍, အခြား အလယ်လတ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများသာ ဖြစ်နေခဲ့ပါက၊ အစောပိုင်းက အမြီးကြာပွတ်ရိုက်ချက်ကြောင့် အလောင်းသည်ပင် ပြာအဖြစ်ပြောင်းလဲပြီး ချက်ချင်း ပျောက်ကွယ်သွားလိမ့်မည်။

"လူသား၊ သေလိုက်တော့။" လိပ်နက်၏ ကြီးမားသော ခြေသည်းများသည် နတ်တောင်ကို မှီနေသည့် ချင်ယွင်ဆီသို့ နောက်တစ်ကြိမ် ကျဆင်းလာခဲ့ပြီး၊ ၎င်းသည် ချင်ယွင်ကို အသားပြားအဖြစ် လုံးလုံး ချေပစ်ချင်နေပုံရသည်။

ဧရာမခြေသည်းကြီး၏တိုက်ခိုက်မှုကို ပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည် ကို ထပ်မံအသုံးပြုရင်း ချင်ယွင်၏ အကြည့်များသည် ရုတ်တရက် စူးရှသွားသည်။

သို့သော် ဤတစ်ကြိမ်တွင် လိပ်နက်ကြီးသည် သိသိသာသာ သတိထားနေခဲ့သည်။ ချင်ယွင် ရှောင်တိမ်းလိုက်စဉ်မှာ, အခြားခြေသည်းကြီးတွေကလည်း သူ့ဆီကို ရိုက်ချပြီး၊ ချင်ယွင် ရှောင်တိမ်းမည့်လမ်းကြောင်းကို ပိတ်ဆို့လိုက်ပါသည်။

ကြီးမားသော ခြေသည်းကြီး နှစ်ချောင်းသည် တပြိုင်နက်တည်း ပြိုဆင်းလာကာ ၎င်းတို့၏ အရှိန်အဟုန်သည် ကောင်းကင်နှင့် မြေကြီးကိုပင် ပြိုကွဲသွားစေနိုင်သည်။

ထိုအချိန်တွင် ချင်ယွင်သည် ထွက်ပြေးရန် နေရာမရှိတော့ပေ။ သူ့လမ်းကြောင်း အားလုံးကို လိပ်နက်နတ်ဘုရားသားရဲကြီးက ပိတ်ဆို့ထားသောကြောင့် သူသည် စိန်ခေါ်မှုကို ထိပ်တိုက်ရင်ဆိုင်ရုံသာ တတ်နိုင်ပါတော့သည်။

"လျှိုဘို, မင်းရဲ့ခွန်အားကို ငါ့ကို မငှားတော့ဘူးလား” ချင်ယွင်က သူ့စိတ်ထဲတွင် ရူးသွပ်စွာ အော်ပြောလိုက်သည်။

ယခင်က ဤလိပ်နက်နတ်ဘုရားသားရဲကို သူစားရန်ပြောဆိုခဲ့ခြင်းသည် လျှိုဘို၏ အကြံအစည်ကြောင့် ဖြစ်သည်။ သူကိုယ်တိုင်က ချင်ယွင်ကို အရင်ဆုံး တိုက်ခိုက်ခိုင်းခဲ့ သည်။ ထိုသို့မဟုတ်က, ချင်ယွင်၏ ပင်ကိုယ်စရိုက်အရဆို, သူမတိုက်ခင် အရင်ဆုံး ဖန်းယီ, လင်းချင်ရှန်း, တခြားသူတွေကို စွမ်းအင်အများပြား ကုန်ဆုံးအောင် တိုက်ခိုက်ခွင့် ပြုလိမ့်မည် ဖြစ်သည်။ သူက ဘယ်လိုလုပ် လူသိများအောင် လုပ်ဆောင်မည်နည်း?။

သို့သော်လည်း ဤလိပ်နက်နတ်ဘုရားသားရဲ၏ ခွန်အားသည် အမှန်တကယ် ကြီးမားလွန်း လှသည်။ ၎င်း၏ကြီးမားသော ခြေသည်းကြီးများကို အသာထား၊ ယခင်က အမြီးကြာပွတ် တစ်ချောင်းကပင် သူခံစားရတာ လုံလောက်နေပါပြီ။ ယခုအခါ အကယ်၍, ထိုခြေသည်းကြီးပါ ရိုက်နှက်ခံရပါက, ချင်ယွင်သည် အမှန်တကယ်ပင် အသားပြားဖြစ် သည့်အထိ ရိုက်နှက်ခံရနိုင်သည်။

"ကောင်စုတ်လေး, မင်းက အတော့်ကို အသုံးမကျဘူးပဲ။ မင်းက လိပ်လေးတစ်ကောင်ကို တောင် မရိုက်နိုင်ဘူးလား။ မင်းအစား ငါ တကယ်ကို ရှက်မိပါတယ်။ မင်း အနာဂတ်မှာ ငါ့ရဲ့သခင်လို့ မပြောမိစေနဲ့။" လျှိုဘို၏ ကျိန်ဆဲသံက ချင်ယွင်၏စိတ်ထဲတွင် ထွက်ပေါ်လာ သည်။

ထိုစကားကိုကြားတော့ ချင်ယွင်သည် ချက်ချင်း သွေးအန်ချင်စိတ်ကို ခံစားလိုက်ရသည်။

ဒါက သောက်ကျိုးနဲ လိပ်ကလေးတစ်ကောင်လား?။

မင်းရဲ့လိပ်ကလေးက ဒီလောက်ကြီးတာလား။ နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို လက်ဖဝါးတစ်ချက်တည်းဖြင့် ရိုက်နှက်နိုင်တယ်လား?။

ဟုတ်ပါသည်။ ချင်ယွင်မှာ ထိုကဲ့သို့ အတွေးမျိုးရှိနေသော်လည်း သူသည် အသံကျယ်ကျယ် မပြောခဲ့ပါဘူး။ နောက်ဆုံးတွင်၊ သူသည် ခွန်အားငှားရမ်းပေးရန် လျှိုဘိုအား အားကိုးနေရ ဆဲ ဖြစ်သည်။ မတော်လို့, လျှိုဘိုက သူ့ကို တိုက်ရိုက် လျစ်လျူရှုထားရင်, သူသည် လုံးလုံး ဒုက္ခရောက်ရလိမ့်မည်။

ဘန်း…။

သေချာသည်မှာ၊ ကြီးမားသော ခြေသည်းကြီးက သူ့ကိုထိခါနီးတွင်၊ အနှိုင်းမဲ့ ကြီးမားသော စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ ချက်ခြင်း ဝင်လာပြီး၊ ချင်ယွင်သည် တုနှိုင်းမရအောင် ကြီးမားလှသော စွမ်းအားကို ချက်ချင်း ပိုင်ဆိုင်နိုင်စေခဲ့သည် ။

"ဘုန်း..”။

အနည်းငယ်မျှ တုန့်ဆိုင်းမနေဘဲ၊ ချင်ယွင်သည် ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံကို ထုတ်လွှတ်ကာ ဧရာမခြေသည်းကြီးကို တိုက်ရိုက်ပင် လက်သီးဖြင့် ထိုးချလိုက်သည်။ ဤအခိုက်အတန့်တွင် မြေကြီးတစ်ခုလုံး နစ်မြုပ်သွားပုံရပြီး အဆုံးမရှိသော ဖုန်မှုန့်များ သည် မြေကြီးတစ်ခုလုံး ပြည့်နှက်သွားခဲ့သည်။

"သူ သေသွားပြီလား?" လူတိုင်းက ချင်ယွင် ဦးတည်ရာဆီကို ကြည့်ပြီး၊ ချင်ယွင်သည် ဤတိုက်ခိုက်မူမှ ရှင်သန်လွတ်မြောက်နိုင်ခြင်း မရှိတော့ဟု ခံစားမိကြသည်။

သို့သော်လည်း ဖုန်မှုန့်များ လွင့်စင်သွားသောအခါတွင် သူတို့၏ မျက်လုံးထဲသို့ ဝင်ရောက်လာသော မြင်ကွင်းကြောင့် သူတို့၏ မျက်လုံးများ ပေါက်ထွက်လုနီးပါး ဖြစ်ခဲ့ရသည်။

ချင်ယွင်သည် နေရာတွင် ဖြောင့်မတ်စွာ ရပ်နေခဲ့သည်။ သူ့ခြေထောက်တွေက လေထဲမှာ လွင့်မျောနေပြီး၊ မြေပြင်ကတော့ ပေးပေါင်းများစွာ နစ်မြုပ်သွားခဲ့ပြီ။ သို့သော် သူသည် ကြီးမားသော ခြေသည်းကြီးများကို သူ့လက်နှစ်ဖက်ဖြင့် ထောက်ထားပြီး သူ့ခေါင်းထက် မှာပင် တားဆီးထားခဲ့သည်။

"ဘယ်လို...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ" အဝေးက လူတွေအားလုံး ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အရမ်းကို တုန်လှုပ်သွားကြပါသည်။

လက်ဗလာဖြင့် သူသည် နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့်ရှိ နက်လိပ်၏ ခြေသည်းများကို ပိတ်ဆို့ထားသည်။ ဤအရာက မည်မျှ ကြောက်စရာ ကောင်းလိုက်ပါ သနည်း?။ အထွတ်အထိပ် မြေကမ္ဘာနတ်ဘုရားနယ်ပင် ကျွမ်းကျင်သူများပင် ထိုသို့ လုပ်ဆောင်နိုင်ရန် ခက်ခဲပေလိမ့်မည်။

ကျိုးဟုန်ရွှဲ့သည် သူမ၏ နှလုံးသားထဲတွင် အံ့အားသင့်စွာဖြင့် အဝေးမှ လူငယ်ကို လှမ်းကြည့်လိုက်သည်။

ဖန်းယီလည်း မှင်သက်သွားခဲ့သည်။ အကယ်၍ ထိုကြီးမားသော ခြေသည်း တိုက်ခိုက်မှု သည် သူမကို ရည်ရွယ်ခဲ့မည်ဆိုလျှင် သူမသည် ကျိန်းသေပေါက် သေသွားပေလိမ့်မည်။

သို့သော်လည်း သူမရှေ့မှ လူငယ်သည် သူ့လက်နှစ်ဖက်ကို အသုံးပြုပြီး ပိတ်ဆို့ထားလိုက် သည်။ ထိုကဲ့သို့ ပြီးမြောက်နိုင်ရန် မည်မျှ အစွမ်းထက်နေရမည်နည်း။

"သူက အတိအကျ ဘယ်သူလဲ။ သူ့မှာ ဒီလို ခွန်အားတွေ ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်တာလဲ" ဖန်းယီက သူ့ကိုယ်သူ တွေးနေသည်။

နေသာဧကရာဇ်သည် အလွန်မင်း ထိတ်လန့်သွားပြီး သူ့မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ချက်ချင်း ပေါ်လာသည်။

အရင်တုန်းက ရှေးဟောင်းတာအိုဆရာသခင်သည် ဒီဂျူနီယာအလုပ်သင်ညီငယ်၏ ပါရမီ အရည်အချင်းက သူ့ထက်တောင် မြင့်မားသည်ဟု ပြောခဲ့ဖူးပြီး၊ သူ မယုံကြည်သေးပေ။ အခုချိန်မှာတော့ သူသည် လုံးလုံး ယုံကြည်သွားပါပြီ။

သူ ချင်ယွင်ကို နောက်ဆုံးအကြိမ် တွေ့သောအခါ၊ သူ၏နတ်ဘုရားတစ်ပိုင်း ကိုယ်ပွားက ပင် သူ့ကို အလွယ်တကူ သတ်ပစ်နိုင်ပါသည်။ နှစ်အနည်းငယ်အတွင်းမှာ၊ ချင်ယွင်သည် နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် နတ်ဘုရားသားရဲဖြစ်သည့် လိပ်နက်ကိုပင် လှုပ်ခါစေနိုင်သည်အထိ ကြီးထွားလာခဲ့ပြီ။ နေသာဧကရာဇ်သည် ထိုကြောက်စရာကောင်း သော ကြီးထွားမူနှုန်းကို ဖော်ပြရန် မည်သည့်စကားလုံးမျိုး သုံးနှုန်းရမည်ကို မသိတော့ပါ ဘူး။ မွန်းစတားအဖြစ် ပေါ့ပေါ့ပါးပါး ဖော်ပြမိမှာကိုပင် သူ စိုးရိမ်မိပါသည်။ (မွန်းစတားဆို သည့် စကားလုံးဖြင့် မလုံလောက်တော့ဟု နားလည်နိုင်ပါသည်)။

သေချာသည်မှာ, အံ့ဩထိတ်လန့်နေကြသူများသည် ထိုလူများသာ မကပါဘူး။ ချင်ယွင်ကို တိုက်ခိုက်ခဲ့သော လိပ်နက်နတ်ဘုရားသားရဲပင်လျှင် အလွန်တုန်လှုပ်သွားခဲ့သည်။ နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ဦးပင်လျှင် သူ၏ ခြေဖဝါးဖြင့် ချက်ချင်း ရိုက်သတ်ခံရမည် ဖြစ်သော်လည်း၊ ယခုအခါတွင် သူ့ခြေဖဝါးရိုက် ချက်ကို လူသားလေးတစ်ယောက်က လက်ဗလာဖြင့် ပိတ်ဆို့ထားခဲ့သည်။

"ချာတိတ်လေး, မင်းက ဘယ်သူလဲ။ မင်း ဒီလောက် အစွမ်းထက်တဲ့ ခွန်အားကို ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မှာလဲ" လိပ်နက်ကြီး မေးသည်။

ထိုအချိန်တွင် ချင်ယွင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောများသည် လုံးဝ ပေါက်ကွဲသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်ရှိ နတ်ဆိုးနတ်ဘုရား တန်ခိုးစွမ်းအားသည် ချောင်းကိုဖြတ်၍ စီးဆင်းသွားသော မြစ်တစ်စင်းနှင့် တူနေသည်။ ၎င်းစွမ်းအားသည် သူ့မျက်ခုံးနှစ်ခုကြားကနေ အဆက်မပြတ် လျှံထွက်နေသည်။ ထိုစွမ်းအားသည် ချင်ယွင်၏ ခန္ဓာကိုယ်ကို ပေါက်ကွဲလုနီးပါး ဖြစ်စေသည်။

မှန်ပါသည်။ ထိုစွမ်းအားက နတ်ဆိုးနတ်ဘုရားကမ္ပည်းပြားကနေ ရောက်လာခြင်း ဖြစ်ပြီး၊ လျှိုဘိုက ချင်ယွင်ကို ပေးနေသည့် စွမ်းအားဖြစ်ပါသည်။

ထိုအချိန်တွင် ချင်ယွင်၏ အရေပြားသည် လုံးဝ နီမြန်းသွားကာ သူ့ခန္ဓာကိုယ်သည် အဆုံးမဲ့ နတ်ဘုရားတန်ခိုးကို ထုတ်လွှတ်နေသည်။ သူ့မျက်ခုံးနှစ်ခုကြားတွင် နေပုံစံတစ်ခု ထွက်ပေါ်လာပြီး၊ အဆုံးမရှိသော နတ်ဆိုးနတ်ဘုရား အငွေ့အသက်ကို ထုတ်လွှတ်လိုက် သည်။

ပတ်ဝန်းကျင်မှ လူများသည် ထိုရှေးဟောင်းအငွေ့အသက်ကို ခံစားလိုက်ရသောအခါ သူတို့၏ စိတ်နှလုံးများသည် အဆုံးမရှိ တုန်လှုပ်သွားကြသည်။

"ငါ့ဆီကလက်သီးကို ခံယူလိုက်တော့, လိပ်ကလေးရေ"

ချင်ယွင်က လှောင်ပြောင်ပြောလိုက်ပြီး လက်သီးဖြင့် ထိုးချလိုက်သည်။ သူ၏ ခွန်အား သည် မိုးခြိမ်းသံကဲ့သို့ လေးလံပြီး၊ လိပ်နက်နတ်ဘုရားသားရဲ၏ ဧရာမခြေသည်းကြီးကို တိုက်ရိုက် ထိမှန်သွားသည်။ ၎င်းသည် အမှန်တကယ်ပင် လိပ်နက်နတ်ဘုရားသားရဲ၏ ဧရာမခြေသည်းကြီးကို ကွဲကြေသွားစေကာ ကောင်းကင်ယံတွင် သွေးစွန်းနေသော မြူမှုန်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

စာစဉ် (၉၀) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။ (၁၇.၁.၂၀၂၅)။

All Chapters