← Chapters

အခန်း ၄၆၇

Vol. 47 Ch. 467

အခန်း ၄၆၇

Vol. 47 Ch. 467

အခန်း (၄၆၇) လူသားစား မျက်ကန်းဝက်ဝံကြီး

"တစ်ခုခု ထူးဆန်းနေတာကို မင်းတို့ သတိထားမိကြလား..."

လီလန်က ရုတ်တရက် မေးလိုက်သည်။

သူသည် မြေပြင်ပေါ်ရှိ ချေမွခံထားရသော တောရိုင်းမြက်ပင်များကို လက်ချောင်းများဖြင့် ခပ်ဖွဖွပွတ်သပ်ရင်း တွင်းနက်ကြီးများဘေးတွင် ဆောင့်ကြောင့်ထိုင်နေ၏။

နှစ်ပေါင်းများစွာ မုဆိုးလုပ်လာခဲ့သည့် အတွေ့အကြုံအရ ဤမြက်ပင်များကို ကြီးမားလွန်းသည့် အရာတစ်ခုခုက ဖိနင်းခြေမွသွားခဲ့ခြင်း ဖြစ်ရမည်ဟု လီလန် အသေအချာ သုံးသပ်မိသည်။

သူ ကျိုင်းပင်အိုကြီးအောက်သို့ ရောက်ခါစက အာရုံအားလုံးမှာ ဝက်ဝံနက်ကြီးဆီသို့သာ ရောက်နေသဖြင့် တောကြောင်ရိုင်း၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

ထိုတောကြောင်ရိုင်းကို အရှေ့ဖျားကျားသစ်ဟုလည်း ခေါ်ဆိုကြသည်။

သဘာဝတရားထဲတွင် ရန်သူဟူ၍ မရှိသလောက် ရှားပါးသဖြင့် ဤကဲ့သို့သော ကျားသစ်မျိုးမှာ အလေးချိန် ကျင်း သုံးရာအထိ ကြီးထွားနိုင်ကြ၏။

ယခုလေးတင် လီလန်ကို တိုက်ခိုက်ခဲ့သည့် တောကြောင်ရိုင်းမှာလည်း ထိုအမျိုးအစားထဲတွင် ထူးထူးခြားခြား ထွားကျိုင်းလှသည့် ကောင်ကြီးတစ်ကောင်ဖြစ်သည်။

သို့သော်လည်း ထိုမျှလောက်သော တောကြောင်ရိုင်းတစ်ကောင်၏ အရွယ်အစားဖြင့်မူ ဤတောင်ထိပ်ပေါ်တွင် ဤမျှကြီးမားသော တွင်းနက်ကြီးများကို ဖန်တီးနိုင်စွမ်း မရှိချေ။

ထို့နောက် မရှေးမနှောင်းမှာပင် အစောပိုင်းက ပြောခဲ့သော ဝက်ဝံနက်ကြီးအကြောင်းကို ပြန်လည်တွေးတောမိပြီး ကျန်းဝေ့ကော်၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော်သွားတော့သည်။

"အစ်ကိုလီ... မင်းပြောချင်တာက... ဒီနေရာက ဝက်ဝံနက်ကြီး ငါတို့ကို တိုက်ခိုက်ခဲ့တဲ့နေရာလို့ ပြောတာလား..."

ကျန်းဝေ့ကော်၏ အသံမှာ မယုံကြည်နိုင်ခြင်းများနှင့်အတူ တုန်ယင်နေရှာသည်။

သူသည် တောင်ထိပ်ပေါ်သို့ ခြေလှမ်းအနည်းငယ် လျှောက်သွားလိုက်ရာ အောက်ဘက်တွင် ကျိုင်းပင်အိုကြီးရှိနေပြီး ထိုအပင်အောက်မှာပင် သူတို့တစ်စု ဝက်ဝံနက်ကြီး၏ မနားတမ်း လိုက်လံအမဲလိုက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

ဝက်ဝံဆိုသည်မှာ သဘာဝအရ စိတ်ရှည်ဆုံးသော မုဆိုးများဖြစ်ကြ၏။

သူတို့၏ နှာခေါင်းမှာ အလွန်အမင်း အာရုံခံနိုင်စွမ်း ကောင်းမွန်လှပြီး ကီလိုမီတာ ဆယ်ဂဏန်းခန့် အကွာအဝေးမှ သွေးညှီနံ့ကိုပင် ရရှိနိုင်ကြသည်။

ထို့အပြင် ခြေရာခံရာတွင်လည်း အလွန်အမင်း ကျွမ်းကျင်လှ၏။

သားကောင်၏ အနံ့ကို တစ်ကြိမ်ရရှိရုံဖြင့်ပင် တစ်ပတ်ခန့်အထိ အလွယ်တကူ နောက်ယောင်ခံ လိုက်နိုင်ကြသည်။

ကျန်းဝေ့ကော်နှင့် အခြားမုဆိုးများမှာ ထိုဝက်ဝံနက်ကြီး၏ ရက်စက်လှသော လိုက်လံအမဲလိုက်မှုအောက်တွင် ဤနေရာသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရခြင်း

ဖြစ်သည်။

ဤနေရာမှာ မြို့နယ်နှင့် လီသုံးဆယ် မျှသာ ဝေးကွာတော့သည်။

သို့သော်လည်း သူတို့အနေဖြင့် ဤလီသုံးဆယ်ခရီးကို နှစ်ရက်၊ သုံးရက်ခန့် ကြာအောင် ပြေးခဲ့ကြရ၏။

ယခုကြည့်ရသည်မှာ ဝက်ဝံနက်ကြီးသည် သူတို့ကို ဤနေရာတွင် ချောင်းမြောင်းတိုက်ခိုက်ရန် ကြိုတင်စီမံထားပုံရပြီး မုဆိုးအဖွဲ့ကို အနီးကပ် စောင့်ကြည့်နေခဲ့သည်မှာလည်း တစ်ကြိမ်ထက်မကတော့ချေ။

ကျန်းဝေ့ကော်သည် လူအတစ်ယောက် မဟုတ်သဖြင့် လီလန်၏ သတိပေးမှုကို ကြားလိုက်ရသည့်အခါ ကိစ္စရပ်၏ အဓိကအချက်ကို ချက်ချင်းပင် သဘောပေါက်သွားတော့သည်။

"အစ်ကိုလီ... မင်းပြောတာက အဲဒီကောင်က ငါတို့ရဲ့ ခြေရာတွေကို ကြိုတင်တွေ့ရှိပြီး မတိုက်ခိုက်ခင်မှာ ငါတို့ရဲ့ အခြေအနေကို အနီးကပ် အကြိမ်ကြိမ် ချောင်းမြောင်းကြည့်ရှုနေခဲ့တယ်လို့ ပြောတာလား..."

ကျန်းဝေ့ကော်၏ အသံထဲရှိ ကြောက်ရွံ့ထိတ်လန့်မှုများကို သတိပြုမိလိုက်သဖြင့် လီလန်က ခေါင်းညိတ်ပြလိုက်သည်။

သူသည် အရှေ့ဘက် ချောက်ကမ်းပါးထိပ်တွင် ရပ်တန့်ရင်း တောင်နှစ်လုံးကြားရှိ ကွေ့ကောက်နေသော လမ်းကျဉ်းကလေးကို ငေးကြည့်နေ၏။

သူ၏အသံမှာ မည်သည့် စိတ်လှုပ်ရှားမှု အရိပ်အယောင်မျှ မရှိဘဲ အလွန်ပင် တည်ငြိမ်အေးစက်နေသည်။

"ဒါဟာ အလွန်အမင်းကို ဉာဏ်ကောင်းလွန်းတဲ့ ဝက်ဝံနက်ကြီးပဲ..."

"မဟုတ်ဘူး... သူ့ကို ဝက်ဝံနတ်ဆိုးလို့ ခေါ်ရမယ်..."

"ဒီလိုမျိုး ကြိုတင်တွက်ချက်တာ... ဒီလိုမျိုး ချောင်းမြောင်းတိုက်ခိုက်တဲ့ နည်းလမ်းတွေ..."

လီလန်က မျက်နှာချင်းဆိုင် တောင်ထိပ်ကို ကြည့်ရင်း သတိကြီးစွာဖြင့် ပြောလိုက်သည်။

"သူ့ရဲ့ အမဲလိုက်တဲ့ လုပ်ရပ်အားလုံးက သေချာစနစ်တကျ တွက်ချက်ထားတာ..."

"ဒီဝက်ဝံနတ်ဆိုးရဲ့ ဉာဏ်ရည်ဟာ သာမန်လူတစ်ယောက်ထက်တောင် မနိမ့်နိုင်ဘူး..."

"ငါတို့သာ သူ့ကို သာမန်ဝက်ဝံတစ်ကောင်လို သဘောထားနေရင် နောင်ကျရင် အကြီးအကျယ် ဒုက္ခရောက်လိမ့်မယ်..."

အခင်းအကျင်းကို ကြည့်ရုံမျှဖြင့်ပင် လီလန်သည် ဤဝက်ဝံနက်ကြီးမှာ ထူးခြားဆန်းပြားလွန်းလှသည်ကို ကောင်းစွာ ရိပ်မိလိုက်သည်။

ဝက်ဝံနက်ကြီး၏ ဉာဏ်ရည်မှာ လီလန် တွေးထင်ထားသည်ထက် များစွာ ကျော်လွန်နေ၏။ မုဆိုးအဖွဲ့ကို မတိုက်ခိုက်မီ စစ်ဆေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ရုံသာမက မုဆိုးအဖွဲ့၏ အခြေအနေကိုပါ အနီးကပ် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

တစ်နည်းအားဖြင့် ဤဝက်ဝံနတ်ဆိုးသည် မုဆိုးအဖွဲ့၏ အမဲလိုက်ပုံများကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ဖူးရမည်။

ထို့ကြောင့်လည်း မုဆိုးများ၏ သေနတ်ကျည်ဆန်များကို သတိရှိရှိဖြင့် ရှောင်တိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး မနားတမ်း နှောင့်ယှက်တိုက်ခိုက်ခြင်းဖြင့် မုဆိုးအဖွဲ့၏ စိတ်ဓာတ်ကို တဖြည်းဖြည်းချင်း ခြွေချခဲ့ခြင်း ဖြစ်သည်။

တောနက်ကြီးများအတွင်း ကျွမ်းကျင်သော မုဆိုး ခြောက်ယောက်၊ ခုနစ်ယောက်ခန့်ဖြင့် ဖွဲ့စည်းထားသည့် မုဆိုးအဖွဲ့တစ်ဖွဲ့မှာ အလွန်အမင်း ထူးခြားဆန်းပြားသည့် အခြေအနေနှင့် မကြုံတွေ့ရလျှင် ဘေးအန္တရာယ်အားလုံးကို ယေဘုယျအားဖြင့် ရင်ဆိုင်ဖြေရှင်းနိုင်ကြစမြဲပင်။

ယခုမူ ထိုဝက်ဝံနတ်ဆိုးက ထိုသို့သော ထူးခြားဆန်းပြားသည့် ဘေးအန္တရာယ်ကြီး ဖြစ်နေတော့သည်။

"ဒါ့အပြင် ငါ့အထင် မမှားဘူးဆိုရင် ဒီဝက်ဝံနတ်ဆိုးက မင်းတို့ကို တမင်သက်သက် လမ်းကြောင်းလွှဲပြီး မောင်းထုတ်နေခဲ့တာ..."

"တောင်တက်လမ်း လီသုံးဆယ်ဆိုတာ မတိုတောင်းဘူးဆိုပေမဲ့ ကျွမ်းကျင်တဲ့ မုဆိုးဟောင်း ခြောက်ယောက် ခုနစ်ယောက်အတွက် နှစ်ရက် သုံးရက်လောက် ကြာအောင် သွားရမယ့် ခရီးမျိုး မဟုတ်ဘူး..."

"သူက တိုက်ခိုက်တော့မယ့်ပုံစံမျိုး ဟန်ပြပြီး မင်းတို့ကို အမြဲတမ်း နှောင့်ယှက်နေခဲ့တာ... မင်းတို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် မချနိုင်အောင် ပိတ်ဆို့ထားပြီး နောက်ဆုံးမှာတော့ မင်းတို့အားလုံးက သူ့ရဲ့ အစာအာဟာရ ဖြစ်သွားခဲ့ရတာပဲ..."

ရရှိထားသော သဲလွန်စများကို အခြေခံ၍ လီလန်သည် ထိုစဉ်က အခြေအနေကို ကောင်းစွာ ခန့်မှန်းမိသွားသည်။

ဤသည်က ကြိုတင်ကြံစည်ထားသည့် ဝက်ဝံနတ်ဆိုးတစ်ကောင်နှင့် ဘာမှပြင်ဆင်မထားတဲ့ မုဆိုးအဖွဲ့တို့ရဲ့ ဇာတ်လမ်းပဲ ဖြစ်သည်။

မုဆိုးအဖွဲ့အနေဖြင့် ဤလောကတွင် ဤမျှလောက် စွမ်းအားကြီးမားလှသည့် ဝက်ဝံနတ်ဆိုးတစ်ကောင် ရှိနေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ကြချေ။

သတိလက်လွတ် ဖြစ်သွားခဲ့ရသဖြင့် ဤဝက်ဝံနတ်ဆိုးသည် မုဆိုးအဖွဲ့တစ်ခုလုံးကို အမြစ်ဖြုတ် ချေမှုန်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ကျန်းဝေ့ကော်၏ ဖြူလျော်နေသော မျက်နှာပေါ်မှတစ်ဆင့် ချွေးစက်များ စီးကျနေသည်ကို ကြည့်ရင်း လီလန်၏ အသံမှာ ရက်စက်တုန်လှုပ်ဖွယ် ထွက်ပေါ်လာသည်။

"တကယ်တော့ ကျန်းဝေ့ကော်... မင်းတို့နှစ်ယောက် နောက်ဆုံးမှာ လွတ်မြောက်လာခဲ့ရတာဟာ အဲဒီဝက်ဝံနတ်ဆိုးက တမင်သက်သက် လွှတ်ပေးခဲ့လို့ပဲ..."

လီလန်၏ ထိုစကားကို ရုတ်တရက် ကြားလိုက်ရသည့်အခါ စိတ်ပြင်ဆင်ထားသည့် ကျန်းဝေ့ကော်ပင်လျှင် အကြီးအကျယ် တုန်လှုပ်သွားတော့သည်။

သူသည် နေရာတွင်တင် တောင့်တောင့်ကြီး ရပ်တန့်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လျက် လီလန်ကို ငေးစိုက်ကြည့်နေရှာ၏။

"ဒီဝက်ဝံနတ်ဆိုးရဲ့ စွမ်းဆောင်ရည်အရဆိုရင် မင်းတို့ကို သတ်ဖို့က အလွန်ပဲ လွယ်ကူတဲ့ ကိစ္စတစ်ခုပဲ..."

"မင်းတို့ကို မသတ်ခဲ့တာက မင်းတို့ဆီက ဘာအန္တရာယ်မှ မရှိဘူးလို့ သူ ယူဆလို့ပဲ ဖြစ်လိမ့်မယ်..."

"ပြီးတော့ ငါ့မှာ နောက်ထပ် ခန့်မှန်းချက်တစ်ခု ရှိသေးတယ်... သူက လူတွေအများကြီးကို သူ့ရဲ့ ကြောက်မက်ဖွယ် စွမ်းအားအကြောင်း သိစေချင်လို့ပဲ ဖြစ်ရမယ်..."

အာဖရိက ဆာဗားနားမြက်ခင်းပြင်ကြီးပေါ်တွင် ခြင်္သေ့အထီးများက ရန်သူ ဝံပုလွေများနှင့် ရင်ဆိုင်ရသည့်အခါ ဝံပုလွေခေါင်းဆောင်များကို ချက်ချင်း မသတ်ပစ်ဘဲ သူတို့၏ ခြေထောက်များနှင့် ကျောရိုးများကို ကိုက်ခဲဖျက်ဆီးပစ်လေ့ရှိကြသည်။

ဤနည်းလမ်းကို အသုံးပြုခြင်းဖြင့် အခြားသော ဝံပုလွေများကို ခြင်္သေ့အား ဆန့်ကျင်ပါက မည်သို့သော အကျိုးဆက်မျိုး ခံစားရမည်ကို သိရှိစေရန် သတိပေးခြင်းဖြစ်သည်။

ဒါဟာ သူ့ရဲ့ သေဒဏ်ပေး သတိပေးချက်ပင် ဖြစ်၏။

ထိုအခါမှသာ လီလန်သည် မိမိ၏ ရန်သူမှာ မည်သို့သော တည်ရှိမှုမျိုးဖြစ်ကြောင်း အသေအချာ ဆုံးဖြတ်နိုင်တော့သည်။

သူ့ကို အမဲလိုက်ရန် ခက်ခဲမှုမှာ လူတိုင်း၏ စိတ်ကူးစိတ်သန်းထက် များစွာ ကျော်လွန်လိမ့်မည်။

ဒါဟာ အလွန်အမင်း ကောက်ကျစ်ပြီး ရက်စက်ကြမ်းကြုတ်လှတဲ့ ဝက်ဝံနတ်ဆိုးတစ်ကောင်ပဲ ... သူ့ကို အထင်သေးမိတဲ့သူတိုင်းဟာ သေချာပေါက် အသက်နဲ့ ရင်းပြီး ပေးဆပ်ရလိမ့်မယ်။

"သွားကြစို့... အောက်ကို သွားကြည့်ရအောင်..."

"အရင် မုဆိုးအဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်း အကြွင်းအကျန်တွေကို မြေမြှုပ် သင်္ဂြိုဟ်ပေးရမယ်..."

လီလန်သည် သူ၏ ကျောပေါ်မှ အသစ်စက်စက် ဘာယီရိုင်ဖယ်ကို ဆွဲထုတ်လိုက်ပြီး လုံခြုံရေးခလုတ်ကို ဖွင့်ကာ ရင်ဘတ်တွင် အသင့်ကိုင်ဆောင်လျက် တောင်အောက်သို့ တစ်လှမ်းချင်း ဆင်းသွားတော့သည်။

လီလန် တောင်အောက်သို့ ဆင်းသွားသည်ကို မြင်လိုက်ရသည့်အခါ ငေးတိုင်တိုင် ရပ်နေသော ကျန်းဝေ့ကော်သည်လည်း သတိပြန်ဝင်လာပြီး လီလန်၏ နောက်မှ ခပ်သွက်သွက် လိုက်ပါသွားလေသည်။

လီလန်နှင့် ကျန်းဝေ့ကော်တို့ တောင်အောက်သို့ ဆင်းသွားပြီးနောက် ကျန်ရှိနေသော ချင်းလုံဂိုဏ်းဝင် ငါးယောက်မှာလည်း အိပ်မက်မှ နိုးထလာသကဲ့သို့ တောင်အောက်သို့ ကမန်းကတန်း လိုက်ဆင်းသွားကြတော့၏။

ယခုအခါ ဤချင်းလုံဂိုဏ်းဝင်များအားလုံးမှာ ကျောပြင်တစ်ခုလုံး ချွေးစေးများဖြင့် စိုရွှဲနေကြပြီ ဖြစ်သည်။

ဤလောကတွင် ဤမျှကြောက်မက်ဖွယ်ကောင်းသော အရာမျိုး ရှိနေလိမ့်မည်ဟု သူတို့ အမှန်ပင် ထင်မှတ်မထားခဲ့ကြချေ။

သူတို့သည် ချင်းလုံဂိုဏ်း၏ ဒုခေါင်းဆောင်နောက်သို့ လိုက်ပါကာ တောထဲသို့ ဝင်ရောက်လာပါက ဝက်ဝံနက်ကြီးကို အလွယ်တကူ သတ်ဖြတ်နိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့ကြခြင်းဖြစ်သည်။

သို့သော် ယခုကြည့်ရသည်မှာ ထိုဝက်ဝံမှာ ဝိညာဉ်ရှိနေသော နတ်ဆိုးတစ်ကောင် ဖြစ်နေတော့သည်။

တောထဲသို့ မဝင်မီကမူ ဤချင်းလုံဂိုဏ်းဝင် အနည်းငယ်မှာ မည်သည့်အရာကိုမျှ မကြောက်မရွံ့ခဲ့ကြချေ။

သို့သော်လည်း သူတို့သည် ဝက်ဝံနက်ကြီး၏ တည်ရှိမှု ခြေရာများကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီး လီလန်၏ သုံးသပ်ချက်များကို ကြားလိုက်ရကာ ကျန်းဝေ့ကော်၏ တုန်လှုပ်မှုကို မြင်လိုက်ရသည့်အခါ

သူတို့ ငါးယောက်စလုံးမှာ အနည်းငယ် နောင်တရစိတ် ဝင်လာကြပြီး မိမိတို့ကိုယ်မိမိ စိတ်လိုက်မာန်ပါ လုပ်ခဲ့မိပြီဟု ခံစားလိုက်ရတော့သည်။

တောထဲတွင် အမဲလိုက်ရခြင်းမှာ လူချင်း ခုတ်ထစ်သတ်ဖြတ်ရခြင်းထက် များစွာ ပိုမိုခက်ခဲလှပေစွ။

လူချင်း ချကြလျှင် အနည်းဆုံးတော့ မိမိ၏ ရန်သူက မည်သူဖြစ်ကြောင်းနှင့် မည်သည့်အချိန်တွင် တိုက်ပွဲစတင်မည်ကို ကောင်းစွာ သိရှိနိုင်ကြသည်။

သို့သော် တောထဲတွင် အမဲလိုက်ရာ၌မူ သူတို့သည် တောင်တက်လမ်း လီသုံးဆယ်ခန့် လျှောက်လှမ်းခဲ့ပြီး ဖြစ်သော်လည်း ဝက်ဝံနက်ကြီး၏ အမွှေးအမျှင်တစ်ချောင်းကိုပင် မမြင်တွေ့ရသေးချေ။

ထို့အပြင် ယခုလေးတင် မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့အဖွဲ့၏ အားအကိုးရဆုံးဖြစ်သော လီလန်ပင်လျှင် တောကြောင်ရိုင်းတစ်ကောင်၏ ကိုက်ခဲခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့ရသည်။

ဤမျှကြီးမားလှသော ကွာခြားချက်ကြီးက ချင်းလုံဂိုဏ်းဝင် ငါးယောက်ကို အခြေအနေအား ပြန်လည်သုံးသပ်မိစေတော့သည်။

သူတို့ နောက်ဆုတ်ချင်ကြသော်လည်း လီလန်သည် တောထဲသို့ မဝင်မီကတည်းက သူတို့ကို နောက်ဆုတ်ရန် အခွင့်အရေး ပေးခဲ့ပြီး ဖြစ်သည်။

ထိုစဉ်က မနောက်ဆုတ်ခဲ့ဘဲ ယခုမှ နောက်ဆုတ်မည်ဆိုပါက သစ္စာမရှိရာ ရောက်ပေလိမ့်မည်။

ထို့အပြင် လီလန် ဒေါသထွက်သွားမည်ကိုလည်း သူတို့ အလွန်စိုးရိမ်ကြသေး၏။

ချင်းလုံဂိုဏ်းဝင် ငါးယောက်မှာ စိတ်ကူးထဲတွင် မျောလွင့်နေစဉ်မှာပင် လီလန်သည် ကျန်းဝေ့ကော်ကို ကျိုင်းပင်အိုကြီးဆီသို့ ခေါ်ဆောင်သွားခဲ့ပြီဖြစ်သည်။

ချင်းလုံဂိုဏ်းဝင်များ ကျိုင်းပင်အိုကြီးထံသို့ ရောက်ရှိလာသည့်အခါမှသာ အလွန်အမင်း ပြင်းထန်လှသော ပုပ်အဲ့အဲ့ အနံ့ဆိုးကြီးကို ရရှိကြတော့သည်။

ထိုအနံ့ဆိုးကြီးက သူတို့၏ နှာခေါင်းဝဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာပြီး ဖော်ပြ၍မရနိုင်လောက်အောင် ပျို့အန်ချင်စရာကောင်းလှပေ၏။

"ဒါက ဘာအနံ့ကြီးလဲ..."

ချင်းလုံဂိုဏ်းဝင်တစ်ယောက်က မေးလိုက်သည်။

သူသည် ဘဝတွင် ဤမျှလောက် နံစော်လှသော အနံ့ဆိုးမျိုးကို တစ်ကြိမ်မျှ မရရှိဖူးခဲ့ချေ။

ယခုအခါ သူ၏ ရင်ထဲတွင် ဗြောင်းဆန်နေပြီး နောက်တစ်စက္ကန့်တွင် မနက်က စားထားသမျှ အရာအားလုံးကို အန်ထုတ်ပစ်တော့မည့်အတိုင်း ဖြစ်နေရှာသည်။

ချင်းလုံဂိုဏ်းဝင်၏ မေးခွန်းကို ကြားလိုက်ရသည့်အခါ ကျန်းဝေ့ကော်က အံကို ကြိတ်၍ ပြောလိုက်သည်။

“အလောင်း ပုပ်သိုးနေတဲ့ အနံ့ပဲ..."

အလောင်း ပုပ်သိုးနေတဲ့ အနံ့…

ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ ချင်းလုံဂိုဏ်းဝင်များ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော်သွားတော့သည်။

လီလန်သည် သေနတ်ကို အသင့်ကိုင်ဆောင်လျက် ကျိုင်းပင်အိုကြီး၏ လေး၊ ငါးမီတာခန့်အကွာ မြေပြင်ပေါ်တွင် မတ်တတ်ရပ်နေခဲ့ပြီ ဖြစ်သည်။

လူတိုင်းသည် လီလန်၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ကြရာ သူတို့၏ မျက်လုံးသူငယ်အိမ်များမှာ ချက်ချင်းပင် ကျုံ့ဝင်သွားတော့၏။

ဤကျိုင်းပင်အိုကြီးမှာ လူငါးယောက် ဖက်ရလောက်အောင် ထွားကျိုင်းလှပြီး အမြင့် မီတာသုံးဆယ်ကျော်ခန့် ရှိသည်။

၎င်း၏ ကြီးမားလှသော သစ်ကိုင်းအုပ်ကြီးမှာ ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေ၏။

ဤသစ်ပင်ကြီးပေါ်တွင် သစ်ကိုင်းများစွာ ရှိနေပြီး သစ်ရွက်များမှာလည်း အလွန်ပင် ဝေဆာလှသည်။

ဤသစ်ပင်ကြီး၏ ဘေးတွင် ရပ်နေရုံမျှဖြင့်ပင် နေရောင်ခြည်မှာ ပျောက်ကွယ်သွားသကဲ့သို့ ခံစားရသည်။

ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်တစ်ခုက သူတို့၏ အရိုးထဲအထိ စိမ့်ဝင်လာတော့၏။

မှန်ပေသည်။ လူတိုင်း၏ အာရုံစိုက်မှုမှာ ဤနေရာတွင် မဟုတ်ကြချေ။

ဝေဆာလှသော သစ်ကိုင်းများကြားမှတစ်ဆင့် မြေပြင်မှ ခုနစ်မီတာ၊ ရှစ်မီတာခန့် အမြင့်တွင် လူ၏ လက်မောင်းတစ်ဖက်ကို ရုတ်တရက် မြင်တွေ့လိုက်ကြရသည်။

ထိုလက်မောင်း၏ တစ်ဝက်ခန့်မှာ ကိုက်ခဲဝါးမြိုခြင်း ခံထားရပြီး ကျန်ရှိနေသော လက်ဖဝါးတစ်ဝက်တွင်မူ ဖြူဖွေးနေသော အရိုးများကို မျက်ဝါးထင်ထင် မြင်တွေ့နေရဆဲဖြစ်၏။

ထိုထက်ပို၍ အထက်တွင်မူ လူ၏ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်း အမျိုးမျိုး ပြန့်ကျဲနေကြသည်။

ကျန်းဝေ့ကော်သည် စစ်စိမ်းရောင် ရေဘူးတစ်ဘူးကို မြင်လိုက်ရသည့်အခါတွင်မူ သူ၏ စိတ်ခံစားချက်များမှာ ချက်ချင်းပင် ပြိုလဲသွားတော့သည်။

"ဒါ ငါတို့ရဲ့ ရေဘူးပဲ..."

"ငါတို့ တောထဲဝင်တုန်းက ကုန်စည်ထောက်ပံ့ရေးနှင့် ဈေးကွက်သမဝါယမအသင်းကနေ ဒီရေဘူးအသစ်တွေကို သီးသန့်ဝယ်ခဲ့ကြတာ..."

ရေဘူးပေါ်ရှိ တောက်ပနေသော ကြယ်ငါးပွင့်ပုံစံကို မြင်လိုက်ရပြီးနောက် ကျန်းဝေ့ကော်၏ မျက်ရည်များမှာ ချက်ချင်းပင် ဝိုင်းစက်စီးကျလာတော့သည်။

"ငါတို့နှစ်ယောက် အသက်ရှင်လျက် လွတ်မြောက်လာနိုင်ခဲ့တာဟာ တခြားညီအစ်ကိုတွေက ငါတို့အတွက် နောက်ချန်ပြီး ကာကွယ်ပေးခဲ့လို့ပဲ..."

"တခြားလူတွေအားလုံးက ဒဏ်ရာရနေကြလို့ တောထဲကနေ ထွက်ဖို့ ဘယ်လိုမှ လမ်းမရှိတော့ဘူး... ဒါကြောင့် သူတို့က နေရာမှာပဲ နေခဲ့ပြီး ငါတို့နှစ်ယောက်ကို အရင်ပြေးခိုင်းခဲ့တာ..."

ကျန်းဝေ့ကော်၏ ငိုကြွေးသံများမှာ တောင်စဉ်တောင်ကုန်းများကြားတွင် လွင့်ပျံနေပြီး ညဉ့်ငှက်တစ်ကောင်၏ အော်မြည်သံကဲ့သို့ စူးရှလှပေသည်။

ထိုအခါမှသာ ကျန်းဝေ့ကော်သည် မိမိကိုယ်မိမိ မထိန်းချုပ်နိုင်တော့ဘဲ စိတ်ခံစားချက်အားလုံးကို ဖွင့်ချလိုက်တော့၏။

အစောပိုင်းကမူ သူသည် လီလန်ကို ရှာဖွေရန် စိတ်ဓာတ်တစ်ခုတည်းဖြင့် တောင့်ခံထားခဲ့ခြင်းဖြစ်သည်။

ယခုမူ ထိုစိတ်ဓာတ်ကြိုးမျှင်လေးမှာ နောက်ဆုံးတွင် ပြတ်တောက်သွားခဲ့ရပြီဖြစ်သည်။

မိမိနှင့်အတူ ရင်ဘောင်တန်း တိုက်ပွဲဝင်ခဲ့ကြသော ညီအစ်ကိုများမှာ ယခုအခါ ဘဝတစ်ပါးသို့ ပြောင်းလဲသွားခဲ့ကြရပြီ။

ကျန်းဝေ့ကော်၏ ငိုကြွေးသံကို နားထောင်ရင်း လီလန်သည် ဘာစကားမျှ မပြောဘဲ ငြိမ်သက်စွာ ရပ်နေမိပြီး သူ၏နောက်ကွယ်ရှိ ချင်းလုံဂိုဏ်းဝင် ညီအစ်ကို ငါးယောက်၏ မျက်နှာပေါ်တွင်လည်း စိတ်မကောင်းဖြစ်ရသည့် အရိပ်အယောင်များ ပေါ်ထွက်လာကြသည်။

ချင်းလုံဂိုဏ်းဝင်များမှာ သစ္စာတရားကို အလေးအမြတ်ထားကြသူများ ဖြစ်ကြ၏။

ကျန်းဝေ့ကော်က မိမိ၏ ညီအစ်ကိုများအတွက် ငိုကြွေးနေသည့် ပြကွက်မှာ သူတို့၏ လေးစားမှုကို မသိမသာ ရရှိစေခဲ့သည်။

အတန်ကြာ ငိုကြွေးပြီးနောက် ကျန်းဝေ့ကော်သည် ရုတ်တရက် ကျိုင်းပင်အိုကြီးဆီသို့ လျှောက်လှမ်းသွားလိုက်သည်။

သူသည် သစ်ပင်ခြေရင်းသို့ ခြေလှမ်းအနည်းငယ် လျှောက်လှမ်းသွားပြီး သစ်ပင်ပင်စည်ကို လက်လှမ်း၍ ထိတွေ့ရန် ကြိုးစားလိုက်သော်လည်း သူ၏ ခြေထောက်က မြေပြင်ပေါ်သို့ နင်းမိလိုက်သည့် နောက်တစ်စက္ကန့်တွင်မူ ခန္ဓာကိုယ်မှာ ဗုန်းခနဲ လဲကျသွားရှာတော့သည်။

ကျန်းဝေ့ကော် ပြန်လည်ထထိုင်လိုက်သည့်အခါ လန့်ဖျန့်သွားပြီး မိမိ၏ ခြေရင်းရှိ ခြုံပုတ်များကို ဖယ်ရှားကြည့်လိုက်၏။

ထိုအခါမှသာ သူ၏ရှေ့မှောက်တွင် ဖြူဖွေးနေသော လူဦးခေါင်းခွံတစ်ခု ထွက်ပေါ်လာသည်ကို တွေ့ရှိလိုက်ရတော့သည်။

ထိုလူဦးခေါင်းခွံကို ကြည့်ရင်း ကျန်းဝေ့ကော်သည် မိမိကိုယ်မိမိ မထိန်းချုပ်နိုင်တော့ချေ။

သူသည် မြေပြင်ပေါ်မှ ဦးခေါင်းခွံကို ကောက်ယူပွေ့ဖက်ထားရင်း ထိုနေရာတွင်တင် ငေးတိုင်တိုင် ထိုင်နေမိတော့သည်။

ယခုအချိန်တွင် သူ၌ ငိုကြွေးရန်ပင် အားအင် မရှိတော့ရှာချေ။

သူသည် နေရာတွင်တင် ငေးတိုင်တိုင် ထိုင်နေမိပြီး အတိတ်ကို လွမ်းဆွတ်နေသကဲ့သို့ သို့မဟုတ် မိမိကိုယ်မိမိ အပြစ်တင်စိတ်များဖြင့် ပြည့်နှက်နေပုံရသည်။

"ဒုန်း..."

မိနစ်တစ်ဆယ်ခန့် ကြာပြီးနောက် ကျယ်လောင်လှသော သေနတ်သံတစ်ခုက တိတ်ဆိတ်မှုကို ရုတ်တရက် ဖြိုခွဲလိုက်တော့သည်။

ငေးမောနေသော ကျန်းဝေ့ကော်သည် သေနတ်သံကြားလိုက်ရသည့် ခဏချင်းပင် မျက်နှာကို မော့လိုက်ပြီး သေနတ်သံထွက်ပေါ်လာရာ အရပ်သို့ တန်းတန်းမတ်မတ် ကြည့်လိုက်၏။

ကျန်းဝေ့ကော်၏ အကြည့်ထဲတွင် လီလန်၏ သေနတ်ပြောင်းဝမှ မီးခိုးများ ထွက်ပေါ်နေသည်။

ကျန်းဝေ့ကော်၏ မေးခွန်းထုတ်လိုသော အကြည့်အောက်တွင် လီလန်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ကျန်းဝေ့ကော်... ငါတို့ တောထဲဝင်လာတာ မင်းငိုနေတာကို ထိုင်ကြည့်ဖို့ မဟုတ်ဘူး... မင်း အသက်နှစ်ဆယ်ရှိနေပြီ... မနားတမ်း ငိုမနေနဲ့တော့..."

"မင်း... စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်မနေနဲ့..."

ကျန်းဝေ့ကော်ကို ဆူပူကြိမ်းမောင်းပြီးနောက် လီလန်သည် သူ၏နောက်ကွယ်ရှိ ချင်းလုံဂိုဏ်းဝင် ညီအစ်ကို ငါးယောက်ကို လှည့်ကြည့်လိုက်သည်။

"အစောပိုင်းက ပြင်ဆင်ထားတဲ့ မီးမွှေးတဲ့ ပစ္စည်းတွေကို အကုန်ထုတ်လိုက်ကြစမ်း..."

လီလန်က မြင့်မားလှသော သစ်ပင်ကြီးကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

"ဒီသစ်ပင်ကြီးက ငါ့ကို အလွန်ထူးဆန်းတဲ့ ခံစားချက်မျိုး ပေးနေတယ်... မင်းတို့ ဒီသစ်ပင်ကို မီးရှို့ဖျက်ဆီးပစ်ကြ..."

တောင်ကို မီးရှို့မယ်။

လီလန်က ဤသစ်ပင်ကြီးကို မီးရှို့ဖျက်ဆီးချင်သည်ဟု ပြောလိုက်သည်ကို ကြားသောအခါ အားလုံးက လီလန်ကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။

ဤခေတ်ကာလတွင် တောမီးရှို့မှုဖြင့် အပြစ်ပေးသည့် ဥပဒေမျိုး မရှိသေးသော်လည်း မုဆိုးတစ်ယောက်အနေဖြင့် တောတောင်ကို စိတ်လိုက်မာန်ပါ မီးရှို့ခြင်းမှာ မိမိခြေထောက်မိမိ ပြန်လည်ဆုတောင်းခြင်းမျိုး မဟုတ်ပေဘူးလား။

သူတို့၏ မေးခွန်းထုတ်လိုသော အကြည့်များကို ရင်ဆိုင်ရင်း လီလန်က ပြောလိုက်သည်။

"ဒီသစ်ပင်က တောင်နှစ်လုံးရဲ့ အလယ်ဗဟိုမှာ ရှိနေတာ..."

"ပတ်ဝန်းကျင်မှာ တခြားသစ်ပင်တွေ အများကြီး မရှိဘူး... ဒါကြောင့် သူ့ကို တန်းပြီး မီးရှို့ရင်လည်း အကြီးအကျယ် တောမီးလောင်တာမျိုး ဖြစ်မလာနိုင်ဘူး..."

လီလန်က ပြတ်ပြတ်သားသား ပြောလိုက်သည့်အခါ ချင်းလုံဂိုဏ်းဝင် ညီအစ်ကို ငါးယောက်မှာလည်း မည်သည့်တုံ့ဆိုင်းမှုမျှ မရှိဘဲ ချက်ချင်းပင် သစ်ရွက်ခြောက်များနှင့် သစ်ကိုင်းခြောက်များကို ရှာဖွေကာ သစ်ပင်ကြီး၏ ခြေရင်းတွင် စုပုံလိုက်ကြတော့သည်။

ထို့နောက် သူတို့က မီးပွားဖြင့် မီးစတင် မွှေးလိုက်ကြ၏။

ဤလုပ်ငန်းစဉ်အတွင်း ကျန်းဝေ့ကော်မှာမူ နေရာတွင်တင် ထိုင်နေဆဲဖြစ်ပြီး အလုပ်ရှုပ်နေကြသော ချင်းလုံဂိုဏ်းဝင် ညီအစ်ကိုများကို ငေးမောကြည့်နေရှာသည်။

လီလန်သည် တောင်နှစ်လုံးကြားရှိ ကွင်းပြင်တွင် မတ်တတ်ရပ်ရင်း သူ၏ ဘာယီရိုင်ဖယ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ သူ၏အကြည့်မှာ စူးရှထက်မြက်လျက် ကြောက်ရွံ့ခြင်း အလျှင်းမရှိချေ။

သူ ရပ်နေသော တည်နေရာမှာ အလွန်ကောင်းမွန်လှသည်။

သူ၏ရှေ့တွင် သစ်ပင်ကြီးတစ်ပင်သာ ရှိပြီး ထိုသစ်ပင်၏ အလွန်တွင်မူ တောထဲသို့ ဝင်ရောက်သည့် လမ်းကျဉ်းကလေး ရှိနေသည်။

ကျန်းဝေ့ကော်နှင့် သူ၏ မုဆိုးအဖွဲ့မှာ ဤနေရာတွင် တိုက်ခိုက်ခြင်း ခံခဲ့ရခြင်းဖြစ်သည်။

လီလန်၏ အမြင်အရဆိုလျှင် ဤနေရာမှာ သဘာဝအတိုင်း ချောင်းမြောင်းတိုက်ခိုက်ရန် အကောင်းဆုံးသော နေရာတစ်ခု ဖြစ်သည်။

သစ်ပင်ကြီးမှာ သားရဲတိရစ္ဆာန် အမျိုးမျိုး ပုန်းအောင်းရန် အလွန်ပင် သင့်တော်လှပြီး တောင်တက်လမ်းမှာလည်း အလွန်ကျဉ်းမြောင်းလှပေသည်။

ဝက်ဝံနက်ကြီး သို့မဟုတ် တောကြောင်ရိုင်းကဲ့သို့သော သားရဲကြီးများ၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရပါက ချောင်းမြောင်းတိုက်ခိုက်ခံရသည့်အခါ ထွက်ပြေးစရာ လမ်းကြောင်း ရှိတော့မည်မဟုတ်ချေ။

လီလန်၏ အစောပိုင်းက စွမ်းဆောင်ရည်မှာ သာမန်လူသားများ မလုပ်ဆောင်နိုင်သည့် အရာမျိုး ဖြစ်သည်။

တစ်စက္ကန့်ပင် မပြည့်သော အချိန်အတွင်း သူသည် ခန္ဓာကိုယ်ကို လှည့်၍ သေနတ်ကို ဆွဲထုတ်ကာ ပစ်ခတ်ခဲ့ခြင်းဖြစ်၏။

ကျည်ဆန်အားလုံးမှာ တစ်နေရာတည်းသို့ တန်းတန်းမတ်မတ် ထိမှန်ခဲ့သည်။

လီလန်၏ အံ့မခန်းလှသော သေနတ်ပစ်ခတ်မှုအပြင် သူ ကိုင်ဆောင်ထားသည့် ပစ္စတိုသေနတ်မှာလည်း သာမန်လူသားတစ်ယောက် ပိုင်ဆိုင်နိုင်သည့် အရာမျိုး မဟုတ်ချေ။

ထို့အပြင် လီလန်၏ ရင်ထဲတွင် သံသယတစ်ခု အမြဲရှိနေခဲ့သည်။

သူသည် သေနတ်အရှည်များကို မြင်တွေ့ဖူးရမည် ဖြစ်သော်လည်း သေနတ်အတိုများကိုမူ မြင်တွေ့ဖူးလိမ့်မည် မဟုတ်ချေ။

ဤတောကြောင်ရိုင်း၏ ချောင်းမြောင်းတိုက်ခိုက်သည့် နည်းလမ်းမှာ ဝက်ဝံနက်ကြီး၏ နည်းလမ်းနှင့် ဆင်တူလှပေသည်။

သို့သော်လည်း ယခုအကြိမ်တွင်မူ သူတို့၏ ရန်သူက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

"အစ်ကိုလီ... ငါ သစ်ပင်ပေါ်တက်ပြီး ညီအစ်ကိုတွေရဲ့ ရုပ်အလောင်းတွေကို သွားယူလို့ရမလား..."

"ငါတို့ရဲ့ ရိုးရာထုံးတမ်းအရ သေဆုံးသူတွေရဲ့ ဝိညာဉ်ကို နေရပ်ရင်းကို ပြန်ခေါ်ဆောင်ရမယ်လို့ သတ်မှတ်ထားတာမို့လို့ပါ..."

ချင်းလုံဂိုဏ်းဝင်များ မီးစတင် မွှေးနေသည်ကို မြင်လိုက်ရသည့်အခါ ကျန်းဝေ့ကော်က လီလန်ကို လှည့်၍ တောင်းပန်တိုးလျှိုးလိုက်သည်။

"မရဘူး..."

ကျန်းဝေ့ကော်၏ တောင်းဆိုမှုကို ကြားလိုက်ရသည့်အခါ လီလန်က ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။

နေရပ်ရင်းသို့ ပြန်ခေါ်ဆောင်ခြင်းမှာ တရုတ်လူမျိုးတိုင်း၏ မျှော်လင့်ချက် ဖြစ်သော်လည်း ထိုအရာက အချိန်အခါပေါ်တွင်လည်း မူတည်ပေသေးသည်။

ယခုအခါ သူတို့သည် ထိုဝက်ဝံနတ်ဆိုး မည်သည့်နေရာတွင် ရှိနေသည်ကို ကောင်းစွာ မသိရှိကြသေးသဖြင့် မည်သည့် မဆင်မခြင် လုပ်ရပ်မျိုးမဆို အသက်အန္တရာယ်ကို သယ်ဆောင်လာနိုင်ပေသည်။

သူတို့အုပ်စုထဲတွင် လီလန်နှင့် ကျန်းဝေ့ကော်တို့နှစ်ယောက်သာ အတွေ့အကြုံရှိသော မုဆိုးဟောင်းများဖြစ်ကြ၏။

ချင်းလုံဂိုဏ်းဝင် ညီအစ်ကို ငါးယောက်မှာမူ သွေးထွက်သံယိုများကို မြင်တွေ့ဖူးကြသော်လည်း။

သူတို့သည် အသက်နှင့်ရင်း၍ တိုက်ခိုက်ဝံ့သော ရက်စက်သူများ ဖြစ်ကြသော်လည်း စစ်မှန်သော သားရဲကြီးများ၏ တိုက်ခိုက်မှုကိုမူ တစ်ကြိမ်မျှ မရင်ဆိုင်ဖူးကြသေးချေ။

ထိုကဲ့သို့သော နက်ရှိုင်းလှသည့် ကြောက်ရွံ့မှုမျိုးမှာ သူတို့၏ မျိုးရိုးဗီဇ ထဲတွင် ကိန်းအောင်းနေစမြဲပင်။

ကျန်းဝေ့ကော်သာ သစ်ပင်ပေါ်တက်သွားစဉ် တစ်ခုခု ဖြစ်ပွားခဲ့ပါက လီလန်အနေဖြင့် သူ့ကို ချက်ချင်း ကယ်ဆယ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။

သူသည် ဖြစ်ပေါ်လာနိုင်သည့် တိုက်ခိုက်မှုများကို ရင်ဆိုင်ရန်အတွက် မိမိ၏ အားအင်အများစုကို ထိန်းသိမ်းထားရန် လိုအပ်ပေသည်။

တိရစ္ဆာန်လောကတွင် အလွန်ပင် စိတ်ဝင်စားစရာကောင်းလှသော စကားပုံတစ်ခုရှိသည်။

၎င်းမှာ သားရဲတစ်ကောင်သည် အမဲလိုက်မှု အောင်မြင်ပြီးနောက် မိမိ၏ လက်ရာမွန်ကို ပြန်လည်ကြည့်ရှု ခံစားရန်အတွက် အမဲလိုက်ကွင်းပြင်သို့ ပြန်လာတတ်ကြစမြဲပင်။

ဤသီအိုရီမှာ လူသားလူ့အဖွဲ့အစည်းတွင်လည်း အသုံးချနိုင်ပေသည်။

ထို့ကြောင့် ထိုဝက်ဝံနတ်ဆိုးသည် တစ်နေရာရာတွင် ပုန်းအောင်းလျက် အခွင့်အရေးကို စောင့်ဆိုင်းနေခြင်းလည်း ဖြစ်နိုင်ပေသည်။

တိုက်ခိုက်ရန် အကောင်းဆုံးသော အခွင့်အရေးကို စောင့်ဆိုင်းနေခြင်းဖြစ်၏။

ကျန်းဝေ့ကော်သာ သစ်ပင်ပေါ်တက်သွားပါက ထိုအရာက သူ့အတွက် အကောင်းဆုံးအခွင့်အရေး ဖြစ်သွားပေလိမ့်မည်။

သူသာ ကျန်းဝေ့ကော်ကို တိုက်ခိုက်လိုက်ပါက လီလန်အနေဖြင့် ကျန်းဝေ့ကော်ကို မဖြစ်မနေ ကယ်ဆယ်ရတော့မည် ဖြစ်သည်။

သူ့ရှေ့မှောက်ရှိ မြင့်မားလှသော သစ်ပင်ကြီးမှာ မီးတောက်များကြားတွင် တဖြောက်ဖြောက် မြည်ဟည်းနေသည်ကို ကြည့်ရင်း လီလန်၏ သတိထားမှုမှာ အနည်းငယ်မျှ လျော့ကျမသွားချေ။

အဘယ်ကြောင့်လဲတော့ မသိသော်လည်း ယခုအချိန်တွင် သူ၏ ကျောပြင်ပေါ်တွင် စူးစူးရှရှ ခံစားချက်မျိုး ခံစားနေရသည်။

ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုခု၏ ပစ်မှတ်ထားခြင်းကို ခံနေရသကဲ့သို့ပင်။

ထို့အပြင် သူ၏ လက်ဖဝါးများတွင်လည်း တဖြည်းဖြည်းချင်း ချွေးများ ထွက်ပေါ်လာတော့သည်။

သူ၏ ခန္ဓာကိုယ်မှာလည်း အနည်းငယ် တုန်ယင်လာပုံရသည်။ သူ ကြောက်ရွံ့နေခြင်းလား။

ရှေ့မှောက်ရှိ သစ်ပင်ကြီးမှာ မီးလောင်ကျွမ်းနေခဲ့ပြီဖြစ်ပြီး သားရဲတိရစ္ဆာန်များ ပုန်းအောင်းနိုင်သည့် ဤနေရာမှာ ပြင်းထန်လှသော မီးတောက်များအောက်တွင် တဖြည်းဖြည်းချင်း ပျောက်ကွယ်နေပြီ ဖြစ်သော်လည်း လီလန်သည် အဘယ်ကြောင့် ကြောက်မက်ဖွယ်ကောင်းသော ဘေးအန္တရာယ် အငွေ့အသက်များကို ခံစားနေရဆဲဖြစ်သနည်း။

လီလန် တွေးတောနေစဉ်မှာပင် ချင်းလုံဂိုဏ်းဝင် အနည်းငယ်မှာ သစ်ပင်ကြီးကို လုံးဝ လောင်ကျွမ်းသွားစေရန်အတွက် ခြောက်သွေ့သော မြက်ပင်များနှင့် သစ်ကိုင်းခြောက်များကို လုံလောက်စွာ ရှာဖွေစုဆောင်းခဲ့ကြပြီ ဖြစ်သည်။

သူတို့က မီးစာများကို မနားတမ်း ဖြည့်တင်းပေးနေကြသဖြင့် သစ်ပင်ကြီးမှာ မီးတောက်များကြားတွင် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။

သူတို့သည် မီးစာများကို ရှာဖွေနေစဉ်အတွင်း လူ၏ ခြေလက်အင်္ဂါ အစိတ်အပိုင်း အကြွင်းအကျန် အချို့ကိုလည်း တွေ့ရှိခဲ့ကြသေး၏။

ထိုအရာများကိုလည်း ခြောက်သွေ့သော မြက်ပင်များနှင့်အတူ ချင်းလုံဂိုဏ်းဝင်များက ပြင်းထန်လှသော မီးတောက်များထဲသို့ ပစ်ထည့်လိုက်ကြသည်။

နောက်ဆုံးတွင် လီလန်၏ အချက်ပြမှုအရ ကျန်းဝေ့ကော်သည်လည်း မိမိ၏ ရင်ခွင်ထဲတွင် ပွေ့ဖက်ထားသော လူဦးခေါင်းခွံကို မီးပုံထဲသို့ ပစ်ထည့်လိုက်တော့၏။

"ဖောက်... ဖောက်..."

မီးစာများ အလွန်အမင်း များပြားလှသဖြင့် မီးပုံထဲတွင် အမျိုးမျိုးသော လောင်ကျွမ်းသံများ ကျယ်လောင်စွာ ထွက်ပေါ်နေသည်။

ချင်းလုံဂိုဏ်းဝင် ညီအစ်ကို ငါးယောက်နှင့် ကျန်းဝေ့ကော်တို့မှာ သူတို့ရှေ့မှောက်ရှိ မီးတောက်များဆီသို့ အာရုံရောက်နေကြပြီး မီးပုံကိုသာ စိုက်ကြည့်နေမိကြတော့သည်။

မီးတောက်များ၏ အလင်းရောင်မှာ ကျန်းဝေ့ကော်၏ မျက်လုံးသူငယ်အိမ်များတွင် ထင်ဟပ်နေစဉ်မှာပင် လီလန်၏ မျက်လုံးထောင့်မှတစ်ဆင့် တစ်ခုခု ဖြတ်ပြေးသွားသည်ကို ရိပ်မိလိုက်၏။

အနောက်တောင်အရပ်။

တောင်ခြေရင်း။

မည်းမှောင်နေသော အရိပ်တစ်ခု ဖြတ်ပြေးသွားခြင်း ဖြစ်သည်။

ထိုအရိပ်ကို မြင်လိုက်ရသည့် ခဏချင်းပင် လီလန်သည် မည်သည့်တုံ့ဆိုင်းမှုမျှ မရှိတော့ချေ။

သူသည် ရိုင်ဖယ်သေနတ်ကို ချက်ချင်း ပခုံးတွင် ထောက်၍ ပစ်ခတ်လိုက်တော့သည်။

"ဒိုင်း..."

ကျယ်လောင်လှသော သေနတ်သံကြီး ထွက်ပေါ်လာပြီးနောက် တောတောင်တစ်ခုလုံးကို တုန်ဟည်းသွားစေသည့် ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာတော့၏။

"ဝူး..."

ကြီးမားလှသော ဝက်ဝံကြီး၏ ဟိန်းဟောက်သံမှာ တောင်စဉ်တောင်ကုန်းများကြားတွင် ပဲ့တင်ထပ်သွားတော့သည်။

ထိုအသံမှာ အလွန်အမင်း ကျယ်လောင်လှသဖြင့် ပြင်းထန်စွာ လောင်ကျွမ်းနေသော သစ်ပင်ကြီးပေါ်မှ သစ်ရွက်များကိုပင် တဖြွေဖြွေ ကြွေကျသွားစေတော့၏။

လေထုတစ်ခုလုံးပင် တုန်ခါသွားသကဲ့သို့ ခံစားရသည်။

အနီးအနားရှိ တောအုပ်အတွင်းမှ ငှက်အုပ်ကြီးမှာလည်း လန့်ဖျန့်ကာ ရုတ်တရက် ပျံသန်းသွားကြတော့၏။

ကောင်းကင်ပြင်တစ်ခုလုံးတွင် ငှက်များ၏ ပျံသန်းသွားသော အရိပ်များနှင့် အော်မြည်သံများဖြင့် ပြည့်နှက်သွားတော့သည်။

လေထုထဲတွင် သစ်သားလောင်ကျွမ်းသည့် အနံ့များ ပြည့်နှက်နေဆဲ ဖြစ်သော်လည်း လီလန်၏ အကြည့်မှာမူ အနောက်ဘက် တောင်ထိပ်ဆီသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ကြီးမားလှသော ဝက်ဝံနက်ကြီးတစ်ကောင်သည် အနောက်ဘက် တောင်ခြေတွင် ခေါင်းကို ငုံ့လျက် လီလန်ရှိရာ အရပ်သို့ စိုက်ကြည့်နေ၏။

ကျည်ဆန်တစ်တောင့်က သူ၏ ဘယ်ဘက်မျက်လုံးကို တန်းတန်းမတ်မတ် ဖောက်ဝင်သွားခဲ့သဖြင့် ဝက်ဝံနက်ကြီး၏ မျက်တွင်းထဲတွင် လက်သီးဆုပ်ခန့်ရှိသော သွေးချင်းချင်းနီနေသည့် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေတော့သည်။

ကျန်းဝေ့ကော်သည်လည်း ဘာဖြစ်သွားသည်ကို သဘောပေါက်သွားပြီး လီလန်၏ သေနတ်ပြောင်းဝ ညွှန်ပြရာအရပ်သို့ လှည့်ကြည့်လိုက်ရာ ဝက်ဝံနက်ကြီးကို မြင်လိုက်ရသည့် ခဏချင်းပင် လန့်ဖျန့်ကာ ထရပ်လိုက်ပြီး သူ၏ ကျောပေါ်မှ အမဲလိုက်သေနတ်ကို လက်ချောင်းများ တုန်ယင်စွာဖြင့် လှမ်းဆွဲတော့သည်။

သို့သော်လည်း သူ အမဲလိုက်သေနတ်ကို မကိုင်မိသေးခင်မှာပင် လီလန်သည် နောက်ထပ် သေနတ်နှစ်ချက်ကို ထပ်မံ ပစ်ခတ်လိုက်ပြီ ဖြစ်သည်။

"ဒိုင်း.. ဒိုင်း..."

ပူပြင်းလှသော ကျည်ဆန်နှစ်တောင့်မှာ အနောက်ဘက် တောင်ထိပ်ပေါ်တွင် ရပ်နေသော ဝက်ဝံနက်ကြီး၏ ဦးခေါင်းဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားတော့သည်။

ကျည်ဆန်များ ဝက်ဝံနက်ကြီး၏ ဦးခေါင်းခွံကို ဖောက်ဝင်တော့မည့် ဆဲဆဲတွင် အံ့ဩဖွယ်ကောင်းသော ပြကွက်တစ်ခု ဖြစ်ပေါ်လာခဲ့၏။

ဝက်ဝံနက်ကြီးသည် ကျည်ဆန်များ၏ လမ်းကြောင်းကို ကြိုတင်သိရှိနေသကဲ့သို့ပင် ခန္ဓာကိုယ်ကို မြေပြင်ပေါ်သို့ လှဲချကာ လိမ့်လိုက်တော့သည်။

ကျည်ဆန်နှစ်တောင့်မှာ သူ၏ ကျောပြင်ပေါ်မှ အမွှေးအမျှင်များကိုသာ ထိမှန်သွားပြီး အဝေးသို့ ပျံသန်းသွားကြ၏။

ကြီးမားလှသော ဝက်ဝံသွေးများ မြေပြင်ပေါ်သို့ ပန်းထွက်သွားတော့သည်။

ယခုအကြိမ်တွင်မူ ဤဝက်ဝံနက်ကြီးမှာ ထပ်မံ၍ ဟိန်းဟောက်ခြင်း မပြုတော့ဘဲ ခန္ဓာကိုယ်ကို လှည့်၍ ထွက်ပြေးတိမ်းရှောင်သွားတော့၏။

"အခွင့်အရေးကောင်းပဲ..."

"အစ်ကိုလီ…”

အခွင့်အရေးကောင်းပဲ..."

"ငါတို့ သူ့နောက်ကို ခပ်သွက်သွက် လိုက်ကြစို့..."

ဝက်ဝံနက်ကြီး ထွက်ပြေးသွားသည်ကို မြင်လိုက်ရသည့်အခါ ကျန်းဝေ့ကော်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ချက်ချင်းပင် ထွက်ပေါ်လာတော့သည်။

သူ ဒဏ်ရာရနေတုန်း အပြတ်ရှင်းရမည်။

၎င်းသည် သူတို့မုဆိုးအဖွဲ့ကို တိုက်ခိုက်ခဲ့သည့် ဝက်ဝံနက်ကြီးပဲ ဖြစ်၏။

သူတို့အနေနဲ့ ဤအခွင့်အရေးကို အသုံးချပြီး ဝက်ဝံနက်ကြီးကို အပြတ်ရှင်းပစ်ရမည်။

စိတ်လှုပ်ရှားမှုများ လွန်ကဲနေသဖြင့် ကျန်းဝေ့ကော်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေပြီး သူသည် အမဲလိုက်သေနတ်ကို ဆုပ်ကိုင်ကာ ဝက်ဝံနက်ကြီး ထွက်ပြေးသွားရာ အရပ်သို့ သဘာဝအတိုင်း လိုက်လံအမဲလိုက်ရန် ပြေးထွက်တော့သည်။

"ရပ်စမ်း..."

ကျန်းဝေ့ကော် မီတာအနည်းငယ်မျှ မပြေးရသေးခင်မှာပင် လီလန်၏ ဒေါသတကြီး ကြိမ်းမောင်းသံက

သူ၏နောက်ကွယ်မှ ထွက်ပေါ်လာတော့သည်။

"မသွားနဲ့..."

"သူက အနောက်ဘက် တောင်ထိပ်ပေါ်မှာ ရှိနေတာ... အဲဒီနေရာရဲ့ မြေမျက်နှာသွင်ပြင်က အရှေ့ဘက် တောင်စောင်းထက် ပိုပြီးတော့ အန္တရာယ်များတယ်..."

သူတို့ အရှေ့ဘက် တောင်စောင်းကို တက်ခဲ့စဉ်ကပင် နာရီဝက်ခန့် ကြာမြင့်ခဲ့ရ၏။ ပိုမိုအန္တရာယ်များလှသော အနောက်ဘက် တောင်စောင်းသို့ တက်မည်ဆိုပါက အနည်းဆုံး တစ်နာရီခန့် ကြာမြင့်ပေလိမ့်မည်။

သူတို့ တစ်နာရီခန့် အချိန်ဖြုန်းပြီး အနောက်ဘက် တောင်ထိပ်သို့ ရောက်ရှိသွားသည့် အချိန်တွင်မူ ထိုဝက်ဝံနတ်ဆိုးမှာ ဝေးဝေးသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီ ဖြစ်ရမည်။

ထို့အပြင် အနောက်ဘက် တောင်စောင်းမှာ နေရောင်ခြည်မရသော အရိပ်ဘက်ခြမ်း ဖြစ်သဖြင့် ထိုနေရာရှိ တောရိုင်းမြက်ပင်များမှာ သိသိသာသာ ပိုမိုဝေဆာလှပေသည်။

ထိုသို့ ရိုင်းစိုင်းစွာ ကြီးထွားနေသော မြက်ပင်များမှာ လူ၏ ရင်ဘတ်ခန့်အထိ မြင့်မားကြ၏။

ထိုမျှမြင့်မားလှသော နေရာမျိုးမှာ ဝက်ဝံနက်ကြီး ပုန်းအောင်းရန်အတွက် အလွန်ပင် လုံလောက်လှပေသည်။

သူတို့သာ ဇွတ်အတင်း လိုက်လံအမဲလိုက်ကြပါက ထိုဝက်ဝံနက်ကြီးက မြက်တောနက်ကြီးထဲမှတစ်ဆင့် သူတို့ကို ချောင်းမြောင်းတိုက်ခိုက်လာလျှင် မည်သို့လုပ်မည်နည်း။

ကျန်းဝေ့ကော်သည် ကလဲ့စားချေချင်စိတ် ပြင်းထန်နေသော်လည်း လီလန်ကမူ အကောင်းဆုံးသော အမဲလိုက်အခွင့်အရေးမှာ ကုန်ဆုံးသွားခဲ့ပြီဖြစ်ကြောင်း ကောင်းစွာ သိရှိနားလည်ထားသည်။

သူ၏ သေနတ်ပစ်ခတ်မှု စွမ်းရည်မှာ အလွန်ပင် တိကျမြန်ဆန်လှပေသည်။

သို့သော်လည်း ဝက်ဝံနက်ကြီး၏ ဉာဏ်ရည်မှာ လီလန်၏ စိတ်ကူးစိတ်သန်းထက် များစွာ ကျော်လွန်နေခဲ့၏။

ပထမတစ်ချက် ပစ်ခတ်ခြင်း ခံလိုက်ရသည့်အခါတွင်မူ သူသည် လီလန်၏ ကျည်ဆန်ကို မည်သို့ရှောင်တိမ်းရမည်ကို မသိရှိခဲ့သော်လည်း လီလန်က ဒုတိယတစ်ချက်ကို ထပ်မံပစ်ခတ်သည့် အချိန်တွင်မူ သူ၏ တုံ့ပြန်မှုနှုန်းမှာ လီလန်၏ မျှော်လင့်ချက်ကို များစွာ ကျော်လွန်သွားခဲ့သည်။

လီလန်၏ စောစောက သေနတ်သုံးချက်မှာ နှစ်စက္ကန့်ပင် မပြည့်သော အချိန်ကာလအတွင်း ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

သူသည် ထိုမျှလောက်သော အခြေအနေမျိုးတွင်ပင် တုံ့ပြန်နိုင်စွမ်းရှိပြီး မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်၏။

ထို့အပြင် ပထမတစ်ချက် ပစ်ခတ်ခံရစဉ်က သူ၏ မျက်လုံးတစ်ဖက် ကွယ်သွားခဲ့ရသည်။

အလွန်အမင်း ဒေါသထွက်သွားသဖြင့် သူသည် လီလန်ကို ဟိန်းဟောက်ခဲ့သေး၏။

သို့သော်လည်း လီလန်က မနားတမ်း ဆက်လက်ပစ်ခတ်သည့်အခါတွင်မူ သူသည် မည်သည့်တုံ့ဆိုင်းမှုမျှ မရှိဘဲ ချက်ချင်း ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

ဤမျှလောက်သော ဉာဏ်ရည်မျိုးက လီလန်ကို ရင်ထဲမှ တိတ်တဆိတ် အံ့ဩတုန်လှုပ်မိစေတော့သည်။

သူသာ မျက်ဝါးထင်ထင် မမြင်တွေ့ခဲ့ရလျှင် ဝက်ဝံနက်ကြီးတစ်ကောင်တွင် ဤမျှလောက်သော ဉာဏ်ရည်မျိုး ရှိနေလိမ့်မည်ဟု မည်သို့မျှ တွေးထင်မိလိမ့်မည် မဟုတ်ချေ။

ရန်သူသည် ဤမျှ ဉာဏ်ကောင်းလှသဖြင့် နောင်ကျရင် အမဲလိုက်မည်ါ မဟာဗျူဟာအားလုံးကို ပြောင်းလဲရလိမ့်သည်။

သူတို့အနေဖြင့် ဤဝက်ဝံနက်ကြီးကို သာမန်ဝက်ဝံတစ်ကောင်လို သဘောထား၍ မရနိုင်တော့ချေ။ အမဲလိုက်သည့် နည်းလမ်းများနှင့် ချဉ်းကပ်ပုံ အားလုံးကို ပြောင်းလဲပစ်ရန် လိုအပ်ပေသည်။

"ဂျွတ်..."

လီလန်သည် အနောက်ဘက် တောင်ထိပ်ပေါ်ရှိ အဆုံးမဲ့လှသော တောရိုင်းမြက်ခင်းပြင်ကြီးကို စိုက်ကြည့်နေစဉ်မှာပင် ပြင်းထန်စွာ လောင်ကျွမ်းနေသော ကျိုင်းပင်အိုကြီး၏ အတွင်းပိုင်းမှတစ်ဆင့် သစ်သားကျိုးကြေသွားသည့် အသံတစ်ခု ထွက်ပေါ်လာတော့သည်။

သတိပြန်ဝင်လာသဖြင့် လီလန်သည် ကျန်းဝေ့ကော်နှင့် ချင်းလုံဂိုဏ်းဝင် ညီအစ်ကို ငါးယောက်ကို ချက်ချင်း လှည့်ခေါ်ကာ ထိုနေရာမှ ထွက်ခွာရန် ပြင်ဆင်လိုက်တော့သည်။

"သွားကြစို့... ဒီသစ်ပင်ကြီးက နောက်ထပ် ခဏလောက် မီးလောင်ပြီးရင် လဲကျတော့မယ်..."

"ငါတို့သာ ဒီနေရာမှာ ဆက်ရပ်နေရင် လောင်ကျွမ်းနေတဲ့ သစ်ပင်ပိတာ ခံရလိမ့်မယ်..."

"အဲဒီတောကြောင်ရိုင်းကို သယ်ပြီး တောထဲကနေ အမြန်ထွက်ကြစို့..."

လီလန်သည် သေနတ်ကို ကိုင်ဆောင်လျက် ကွင်းပြင်တွင် မတ်တတ်ရပ်ရင်း ညွှန်ကြားချက်များ ပေးတော့သည်။

"တောကြောင်ရိုင်းကို တန်းပြီး မသယ်ကြနဲ့ဦး... ဒီနေရာကနေ တောပြင်ကို ထွက်ဖို့ လီသုံးဆယ်ခရီး ရှိသေးတယ်..."

"ဒီလောက်လေးလံတဲ့ သားကောင်ကြီးကို သယ်ပြီး သွားရင် မင်းတို့ တောထဲကနေ လုံးဝ ထွက်နိုင်မှာ မဟုတ်ဘူး..."

"မင်းတို့ သန်မာတဲ့ သစ်ကိုင်းခြောက် နှစ်ခုကို သွားချိုးလိုက်ကြ..."

"တောကြောင်ရိုင်းရဲ့ ခြေလက်လေးဖက်နဲ့ ခါးကို လျှော်ကြိုးနဲ့ သေချာချည်နှောင်ပြီး လူနှစ်ယောက် ပုခုံးထမ်းပြီး သယ်ကြ..."

"ငါးလီ ခရီး ရောက်တိုင်း လူနှစ်ယောက်စီ အလှည့်ကျ ပြောင်းလဲပြီး သယ်ယူကြရမယ်..."

လီလန်၏ ညွှန်ကြားချက်များကို ကြားလိုက်ရသည့်အခါ ချင်းလုံဂိုဏ်းဝင် ညီအစ်ကိုများမှာလည်း ချက်ချင်းပင် လိုက်နာဆောင်ရွက်ကြတော့သည်။

ယခုအချိန်တွင် လူအနည်းငယ်မှာ ရင်ထဲ၌ ဆုံးဖြတ်ချက်တစ်ခုကို တိတ်တဆိတ် ချမှတ်လိုက်ကြပြီ ဖြစ်၏။

လီလန် သူတို့ကို မည်သည့်အရာမဆို ခိုင်းစေပါစေ သူတို့ သေချာပေါက် ဆောင်ရွက်ကြမည်။

လီလန်၏ ယခုလေးတင် စွမ်းဆောင်ရည်မှာ အမှန်ပင် ထူးချွန်ပြောင်မြောက်လှပေစွ။

မုဆိုးအဖွဲ့တစ်ခုလုံး မရင်ဆိုင်နိုင်ခဲ့သည့် ဝက်ဝံနက်ကြီး၏ မျက်လုံးတစ်ဖက်ကို လီလန်သည် ရင်ဆိုင်တွေ့ရသည့် ပထမဆုံးအကြိမ်မှာပင် တန်းတန်းမတ်မတ် ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် လီလန်၏ အံ့မခန်းလှသော သေနတ်ပစ်ခတ်မှု စွမ်းရည်မှာလည်း ချင်းလုံဂိုဏ်းဝင် ညီအစ်ကိုများစွာအတွက် မျက်စိပွင့်သွားစေခဲ့သည်။

သူတို့ သတိမပြုမိလိုက်ခင်မှာပင် လီလန်သည် တစ်အောင့်အတွင်းမှာတင် သေနတ်သုံးချက်ကို မနားတမ်း ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ထိုကောက်ကျစ်လှသော ဝက်ဝံနက်ကြီးသာ မဟုတ်ပါက လီလန်သည် ထိုဝက်ဝံကို နေရာတွင်တင် အပြတ်ရှင်းနိုင်ခဲ့ပြီ ဖြစ်ရမည်။

"ကျန်းဝေ့ကော်... ငါတို့ လာခဲ့တဲ့ လမ်းအတိုင်း ပြန်သွားမယ်... မင်း အရှေ့ဆုံးကနေ လမ်းပြပြီးလျှောက်..."

"မင်းတို့တွေက အလယ်ကနေ လိုက်ခဲ့ကြ... ငါကတော့ အနောက်ဆုံးကနေ ကာကွယ်ပြီး လိုက်မယ်..."

မိနစ်အနည်းငယ်မျှ ထပ်မံစောင့်ဆိုင်းပြီးနောက် ချင်းလုံဂိုဏ်းဝင်များ တောကြောင်ရိုင်းကို ပုခုံးထမ်း၍ သယ်ဆောင်လာနိုင်သည့် အချိန်တွင်မူ လီလန်သည် လူတိုင်းကို စနစ်တကျ နောက်ဆုတ်ရန် ညွှန်ကြားလိုက်တော့သည်။

အမဲလိုက်သည့် အချိန်တွင် အရှေ့ဆုံးမှ လျှောက်လှမ်းသူမှာ ဘေးအန္တရာယ် အများဆုံးဖြစ်ပြီး သားရဲတိရစ္ဆာန်များ၏ ရုတ်တရက် တိုက်ခိုက်မှုကို ခံရနိုင်ခြေ ရှိသည်။

သို့သော်လည်း နောက်ဆုတ်သည့် အချိန်တွင်မူ အနောက်ဆုံးမှ လိုက်ပါလာသူမှာ ဘေးအန္တရာယ် အများဆုံး ဖြစ်ရစမြဲပင်။ အဘယ်ကြောင့်ဆိုသော် လူတိုင်း၏ အာရုံစိုက်မှုမှာ အိမ်သို့ ပြန်ရန်အတွက်သာ ရောက်ရှိနေကြသောကြောင့် ဖြစ်သည်။

ကျန်းဝေ့ကော်သည် အတွေ့အကြုံရှိသော မုဆိုးဟောင်းတစ်ယောက် ဖြစ်သဖြင့် ယခုအခါ စိတ်ဓာတ်ကျနေသော်လည်း သူ၏ တုံ့ပြန်မှုနှုန်းမှာ ချင်းလုံဂိုဏ်းဝင် ညီအစ်ကိုများထက် များစွာ ပိုမိုမြန်ဆန်လှပေသေးသည်။

ချင်းလုံဂိုဏ်းဝင် ငါးယောက်မှာမူ ဤကဲ့သို့သော ပြကွက်မျိုးကို တစ်ကြိမ်မျှ မမြင်တွေ့ဖူးကြသေးချေ။

သူတို့၏ တုံ့ပြန်မှုများမှာ အမြဲတမ်း တစ်ချက်မျှ နှေးကွေးနေတတ်ကြသည်။

ထို့ကြောင့် သေချာစွာ စဉ်းစားသုံးသပ်ပြီးနောက် လီလန်သည် အန္တရာယ်အရှိဆုံးဖြစ်သော အနောက်ဆုံးမှ ကာကွယ်သည့် တာဝန်ကို မိမိဘာသာ တာဝန်ယူရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ယနေ့တွင် သူသည် ဝက်ဝံနက်ကြီး၏ မျက်လုံးတစ်ဖက်ကို ကွယ်သွားအောင် ပစ်ခတ်နိုင်ခဲ့သော်လည်း လီလန်၏ ရင်ထဲတွင် ခံစားချက်တစ်ခု ရှိနေသည်။

ရန်သူက ဤမျှ ဉာဏ်ကောင်းလှသဖြင့် သူ သေချာပေါက် ကလဲ့စားပြန်ချေလိမ့်မည်။

ဤဝက်ဝံနက်ကြီးသည် လူသားများစွာကို သတ်ဖြတ်ခဲ့ဖူးပြီး လူသားတစ်ယောက်၏ လက်ထဲတွင် ယခုကဲ့သို့ အရေးနိမ့်မှုကို ခံရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

သူ၏ စောစောက ဒေါသတကြီး ဟိန်းဟောက်သံကို အခြေခံ၍ လီလန်သည် သူ သေချာပေါက် ကလဲ့စားချေရန် ပြန်လာလိမ့်မည်ဟု ကောက်ချက်ချလိုက်သည်။

ထိုသို့တွေးတောမိသည့်အခါ လီလန်၏ ရင်ထဲတွင် စိုးရိမ်စိတ်များနှင့်အတူ စိတ်လှုပ်ရှားမှုများပါ ရောပြွမ်း၍ ထွက်ပေါ်လာတော့သည်။

*ကလဲ့စားချေချင်စိတ်ရှိတာ ပိုကောင်းတာပေါ့…

သူသာ ကလဲ့စားချေချင်စိတ်ရှိရင် တောထဲကနေ ထွက်လာပြီး လူနေအိမ်ခြေ အရပ်ဒေသတွေကို တိုက်ခိုက်လာလိမ့်မယ်*

ဤဝက်ဝံနက်ကြီးသာ တောင်အောက်သို့ ဆင်းလာခဲ့ပါက လီလန်အနေဖြင့် သူ့ကို အပြတ်ရှင်းပစ်ရန် ရာနှုန်းပြည့် ယုံကြည်မှုရှိပေသည်။

သူ၏ စောစောက ပထမဆုံး ပစ်ခတ်ချက်မှာ ဝက်ဝံနက်ကြီး၏ မျက်ခုံးအလယ်ဗဟိုကို တန်းတန်းမတ်မတ် ပစ်ခတ်ခဲ့ခြင်း ဖြစ်သော်လည်း နှမြောစရာကောင်းလှစွာဖြင့် ဝက်ဝံနက်ကြီးက ရှောင်တိမ်းသွားခဲ့ခြင်း ဖြစ်သည်။

All Chapters