အခန်း ၃၈၁
Vol. 39 Ch. 381
အခန်း (၃၈၁) ဆက်စပ်သွားခြင်း
ရွှီရွှမ်းက သဘောတူကြောင်း လက်ကိုမြှောက်ကာ ပြောလိုက်သည်။
"ယောင်ရန်ပြောတာ မှန်တယ်လို့ ကျွန်တော် ထင်တယ်… တခြားသူတွေနဲ့အတူ နေရာချထားခံရဖို့ စောင့်နေမယ်ဆိုရင် အရမ်း ရှုပ်ထွေးပြီး အချိန်ကုန်လိမ့် မယ်… ကျွန်တော်တို့မှာ ဗီလာ ရှိပြီးသားဆိုတော့ အဲ့ဒီကိုပဲ ပြန်သွားလို့ ရတာပဲ လေ…"
သူက ထိုသို့ပြောပြီးနောက် ချန်ဇီကျိန်းက မေးလာလေသည်။
"မစ္စယောင်... ဇုန်(စ) မှာ နေတဲ့ ကျွန်တော်တို့လူတွေကျတော့ ဘယ်လိုလုပ်မ လဲ…"
ဇုန် (စ) တွင် နေထိုင်သူများသည် ယခင်က ကျူးကျော်ရပ်ကွက်တွင် နေထိုင် သူများ ဖြစ်ကြပေသည်။
အကယ်၍ မြေအောက်ခိုလှုံရေးစခန်းမှ ထွက်သွားပါက သူတို့သည် ထိုကျူး ကျော်ရပ်ကွက်သို့သာ ပြန်သွားကြရန်များပြီး၊ နေရာသီးခြားစီ နေထိုင်ရမည် ဖြစ်၍ အားလုံး ဆက်သွယ်ရာတွင် အဆင်မပြေမှုများ ဖြစ်လာနိုင်ပေသည်။
ယောင်ရန် ခဏမျှ စဉ်းစားလိုက်ပြီး လင်းရိဘက်သို့ လှည့်ကာ မေးလိုက် လေသည်။
"သူဌေးလင်း... ကျွန်မကို တစ်ခုလောက် ကူညီပေးနိုင်မလား"
လင်းရိက ပြုံးလျက် ပြောလိုက်လေသည်။
"ဘာများ လိုအပ်လို့လဲ မစ္စယောင်"
"ရှင်က ချန်ဇီကျိန်းနဲ့ တခြားသူတွေကို အာယုရဲ့ နေရာကို ပြန်ခေါ်သွားပေးနိုင် မလား"
ဟု သူမက မေးလိုက်လေသည်။
သူမစကားကြောင့် လင်းရိ မျက်ခုံးပင့်သွားခဲ့လေသည်။ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် သူက မယုံကြည်နိုင်စွာဖြင့် မေးလိုက်လေသည်။
"မစ္စယောင်... ခင်ဗျားက စခန်းကနေ ထွက်သွားတော့မလို့လား"
ယောင်ရန်က ခေါင်းညိတ်ပြပြီး လေးနက်စွာပြန်ဖြေလိုက်လေသည်။
"ကျွန်မ ဒီမှာ အမြဲတမ်းနေဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး… အစကတည်းက ကိစ္စရှိလို့ လာခဲ့တာလေ… အခု သဲမုန်တိုင်းလည်း ပြီးသွားပြီဆိုတော့ ကျွန်မ ထွက်သွားရမယ့် အချိန်တန်ပြီလေ…."
လင်းရိသည် သူ၏မေးစေ့ကို ပွတ်သပ်ကာ စဉ်းစားဟန်ဖြင့် မေးလိုက်လေ သည်။
"ခင်ဗျားက ထွက်သွားမှာဆိုမှတော့ သူတို့ကို ကိုယ်တိုင် ခေါ်သွားလို့ရနေတာပဲ လေ… ဘာလို့ ကျွန်တော့်အကူအညီကို တောင်းနေရသေးတာလဲ"
သူက တစ်စက္ကန့်ခန့် စကားရပ်လိုက်ပြီးမှ ထပ်မံဖြည့်စွက် ပြောလိုက်ပေသည်။
"ဒါမှမဟုတ်... ခင်ဗျားက လေကြောင်းရန်ခိုလှုံရေးစခန်းကို ပြန်မသွားတာ လား"
လင်းရိ၏ ခန့်မှန်းချက်များကို ကြားပြီးနောက် ယောင်ရန်သည် လီထျန်းယုကို တစ်ချက် လှမ်းကြည့်လိုက်သည်။ တုကျောက်ယီသည် သေတ္တာတော် ၏ အဖွဲ့ ဝင်တစ်ဦးဖြစ်ကြောင်း ယွမ်ရီဟွေးထံမှ သိရှိပြီးနောက်၊ လီထျန်းယုသည် တု ကျောက်ယီ၏ လက်အောက်ငယ်သားများထဲမှ တစ်ဦး မဟုတ်ကြောင်း သေချာမှသာ သူမ၏ နောက်ထပ် အစီအစဉ်ကို သူ့အား အသိပေးမည် ဖြစ် ပေသည်။
ထိုအချက်ကို စိတ်ထဲမှတ်ထားလျက် ယောင်ရန်က မေးလိုက်လေသည်။
"ကျွန်မ အဲ့ဒီကို ပြန်မသွားရင် တခြားဘယ်ကို သွားစရာရှိလို့လဲ…"
"ဒါဆို ဘာလို့ အစ်ကိုကျိန်းနဲ့ တခြားသူတွေကို ပို့ပေးဖို့ ကျွန်တော့်ကို အကူ အညီတောင်းရတာလဲ…." ဟု လင်းရိက သံသယဖြစ်စွာ မေးခွန်းထုတ်လိုက် လေသည်။
ယောင်ရန်က ပြုံး၍ ရှင်းပြလိုက်လေသည်။
"ဒီတစ်ကြိမ် ကျွန်မတို့ ပြန်သွားရင် ချန်ဇီကျိန်းရဲ့ အဖွဲ့က လူ (၂၀၀) ကျော် ပါ လာလိမ့်မယ်… ရှင့်လူတွေ အပါအဝင်ဆိုရင် ယာဉ်တန်းမှာ လူ (၃၀၀) ကျော် ရှိသွားလိမ့်မယ်လေ…"
"အာယု၊ ရွှီရွှမ်း ဒါမှမဟုတ် ကျွန်မတို့ဘက်မှာ ဒီလောက်လူအများကြီး တင်ဖို့ ယာဉ်အလုံအလောက် မရှိဘူးလေ… သယ်ယူပို့ဆောင်ရေးအတွက် ရှင့်ဆီက အကူအညီမတောင်းရင် တခြားဘယ်သူ့ကို သွားအားကိုးရမှာလဲ…."
သူမ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လင်းရိက နားလည်သဘော ပေါက်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။ သူက ပြုံးလျှက် ပြောလိုက်လေ သည်။
"မစ္စယောင် ပြောတာ မှန်ပါတယ်… ကျွန်တော့်ကို ယုံကြည်မှတော့ ဒီကိစ္စကို ကျွန်တော့်ဆီသာ လွှဲထားလိုက်ပါ… ဘယ်တော့လောက် ထွက်သွားချင်လဲ…"
"မနက်ဖြန် မနက်ပိုင်းလောက်ပေ့ါ….."
ယောင်ရန်က အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။
"အချိန်ကတော့ နည်းနည်း ကပ်နေတယ်… ဒါပေမဲ့ ကျွန်တော် အဆင်ပြေ အောင် လုပ်လိုက်ပါ့မယ်…" ဟု လင်းရိက ခေတ္တမျှ စဉ်းစားပြီးနောက် ပြော လိုက်သည်။
သူ၏ ကတိစကားကြောင့် ကျေနပ်သွားကာ ယောင်ရန်က တိုက်တွန်းလိုက် လေလည်။
"ဒါဆိုရင် အားလုံး မြေအောက်ခိုလှုံရေးစခန်းကနေ ထွက်သွားဖို့အတွက် အခု ပဲ စီစဉ်လိုက်ကြရအောင်…"
လင်းရိ၊ ယွမ်ရီဟွေးနှင့် ချန်ဇီကျိန်းတို့က သူမ၏စကားကို သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်ကြသည်။
"ကောင်းပါပြီ…"
မြေအောက်ခိုလှုံရေးစခန်းမှ ထွက်ခွာရန် အဖွဲ့ကို စည်းရုံးရေးနှင့် နောက်တစ် နေ့တွင် လုံယု၏ လေကြောင်းရန်ခိုလှုံရေးစခန်းသို့ သွားမည့်ခရီးစဉ်အတွက် ပြင်ဆင်ရန် နာရီအနည်းငယ်သာ အချိန်ကျန်တော့သဖြင့်၊ သူတို့သုံးဦးသည် နှုတ်ဆက်ကာ မိမိတို့၏ တာဝန်များကို ကိုင်တွယ်ဖြေရှင်းရန် ထွက်သွားကြ လေတော့သည်။
သူတို့ လေးယောက်တည်းသာ ကျန်ရစ်ချိန်တွင် လီထျန်းယုက ထွက်သွားမည့် အရိပ်အယောင် မရှိသည်ကို ယောင်ရန် သတိထားမိလိုက်လေသည်။ စပ်စု ချင်စိတ်ဖြင့် သူမက မေးလိုက်လေသည်။
"တပ်မှူးလီ... ကျွန်မတို့ကို တစ်ခုခု ပြောစရာရှိနေလို့လား…"
လီထျန်းယုက ခေါင်းညိတ်လိုက်လေသည်။ သူသည် လုံယုနှင့် ရွှီရွှမ်းတို့ကို ကြည့်လိုက်ပြီးနောက် သူမဘက်သို့ ပြန်လှည့်ကာ မေးလိုက်သည်။
"မစ္စယောင်... အရင်တုန်းက ကျွန်တော့်ကို ကမ်းလှမ်းခဲ့တဲ့ ဖိတ်ခေါ်ချက်က အခုထက်ထိ အကျုံးဝင်သေးရဲ့လား"
သူနှင့် သူ၏အဖွဲ့ကို သူမတို့နှင့် ပူးပေါင်းရန် ယခင်က ဖိတ်ခေါ်ထားခဲ့မှုအား ရည်ညွှန်းနေကြောင်း သိလိုက်ရသဖြင့် ယောင်ရန် ခေါင်းညိတ်ပြလိုက်၏။
"အကျုံးဝင်ပါသေးတယ်… ဒါပေမဲ့ ရှင်က ဘာလို့ ရုတ်တရက်ကြီး ကျွန်မတို့နဲ့ ပူးပေါင်းချင်ရတာလဲလို့ မေးခွင့်ပြုပါ…"
လီထျန်းယုသည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ပြန်ဖြေလိုက်လေသည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က တပ်မှူးကြီးတုဟာ ဗဟိုအစိုးရက လူ တွေအတွက် အလုပ်လုပ်ပေးနေတယ်ဆိုတာကို ကျွန်တော် မတော်တဆ သိ လိုက်ရတယ်…."
ယောင်ရန်နှင့် လုံယုတို့သည် ယင်းကို ကြားသောအခါ အံ့ဩမသွားကြသော် လည်း ရွှီရွှမ်းမှာမူ မယုံနိုင်ဖြစ်ကာ မေးလိုက်လေသည်။
"ကျွင်းချန် စစ်စခန်းက ရှိုတူမြို့မှာရှိတဲ့ ဗဟိုအစိုးရနဲ့ ပဋိပက္ခဖြစ်နေတာ မဟုတ်ဘူးလား…."
လီထျန်းယုက ခေါင်းညိတ်ပြီး ရှင်းပြလေသည်။
"အဲ့ဒါကို သိပြီးတဲ့နောက် တပ်မှူးကြီးတုကို ကျွန်တော် လျှို့ဝှက်စုံစမ်းခဲ့တယ်… လွန်ခဲ့တဲ့ နှစ်ရက်ကပဲ သူ့ရဲ့မိသားစုဟာ ဗဟိုအစိုးရကို ထိန်းချုပ်ထားတဲ့ အုပ်စု တွေထဲက တစ်ခုဖြစ်ပြီး၊ သူတို့က လျှို့ဝှက်အဖွဲ့အစည်းတစ်ခုနဲ့ ပူးပေါင်း ဆောင်ရွက်နေပုံရတယ်ဆိုတာကို ကျွန်တော် သိခဲ့ရတယ်…."
ဤတွင် ယောင်ရန်နှင့် လုံယုတို့သည် အချင်းချင်း အကြည့်ချင်း ဖလှယ် လိုက် ကြလေသည်။
တုကျောက်ယီသည် ရှိုတူမြို့ရှိ ဩဇာတိက္ကမကြီးမားသော မိသားစုတစ်ခုမှ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်းကို သူတို့သိထားပြီးဖြစ်၍၊ သူသည် သေတ္တာတော် ၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်နေကြောင်း သိလိုက်ရသည့်အချိန်တွင်လည်း သူတို့ အံ့ဩသွားခြင်းမရှိခဲ့ပေ။
သူမအဘိုး၏ မီးခံသေတ္တာထဲမှ တွေ့ရှိခဲ့သော စာရွက်စာတမ်းများကို ပြန် ပြောင်းသတိရလိုက်ချိန်တွင် ယောင်ရန်၏ မျက်လုံးများ တစ်ခဏမျှ အရောင် လက်သွားခဲ့လေသည်။
ယခုအထိ သူမ စုဆောင်းရရှိထားသည့် သဲလွန်စများအားလုံးကို ချိတ်ဆက် ကြည့်လိုက်ရာ သူမ ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့လေ သည်။ သူမ မျက်လွှာချကာ တွေးလိုက်လေသည်။
*အခုတော့ အရာအားလုံးက သဘာဝကျသွားပြီ…. အဲ့ဒီ နာမည်စာရင်းမှာ တု ဆိုတဲ့ မျိုးရိုးနာမည်နဲ့ လူတစ်ယောက် ပါခဲ့ပြီး၊ ယောင်းယွဲ့ချွမ်းက အဲ့ဒီလူကို သေတ္တာတော် ရဲ့ အရာရှိကြီးတစ်ဦးအဖြစ် မှတ်မိနေသေးတယ်… တုကျောက် ယီက အဲ့ဒီလူနဲ့ ဆွေမျိုးတော်စပ်ရမယ်…*
*တု မိသားစုဝင်တစ်ယောက်နဲ့ သေတ္တာတော် ရဲ့ အဖွဲ့ဝင်တစ်ယောက်ဆိုတဲ့ သူ့ ရဲ့ ကိုယ်ပိုင်လက္ခဏာတွေအရ ကျွင်းချန် စစ်စခန်းမှာ အာဏာခိုင်မာအောင် တည်ဆောက်ဖို့ သူ့ရဲ့လုပ်ရပ်တွေက အဓိပ္ပာယ်ရှိသွားပြီ… ဦးလေးရွှီက စခန်း မှာ အာဏာအရှိဆုံးသူ ဖြစ်နေတဲ့အတွက် တုကျောက်ယီက သဘာဝကျကျပဲ သူ့ကို အရင်ဆုံး ပစ်မှတ်ထားလာတာပေါ့…*
*အဲ့ဒီလိုဆိုရင်တော့၊ ငါ ဒီမှာပဲဆက်နေပြီး သေတ္တာတော် ရဲ့ အစီအစဉ်တွေနဲ့ သူတို့ လူသားစမ်းသပ်မှုတွေ လုပ်ရတဲ့အကြောင်းရင်းကို ဖော်ထုတ်ဖို့အတွက် တုကျောက်ယီကို အသုံးချရမယ်… ဒါပေမဲ့ အဲ့ဒီလိုလုပ်ဖို့ဆိုရင်တော့ ဦးလေးရွှီ ကို နည်းနည်းပါးပါးတော့ စိတ်ခုစရာဖြစ်အောင် လုပ်ရလိမ့်မယ်….*
သူမ အတွေးနယ်ချဲ့နေစဉ်တွင် လီထျန်းယုက ဆက်ပြောလာခဲ့လေသည်။
"မစ္စယောင်ဆီကနေ ဝယ်ထားတဲ့ သွင်ပြင်ပြောင်းလဲစေတဲ့ဆေး တွေအပြင်၊
တပ်မှူးကြီးတုက ရိက္ခာတွေကို သူ့လက်အောက်က လူတွေကိုပဲ တိုက်ရိုက် ခွဲဝေပေးတယ် ဆိုတာကိုလည်း ကျွန်တော် သိခဲ့ရတယ်…"
"တခြားလူတွေကျတော့ကော"
လုံယုက မေးလိုက်ရာ သူ၏ မျက်နှာမှာ မှုန်မှိုင်းသွားခဲ့လေသည်။ လီထျန်းယု က သက်ပြင်းချကာ ပြန်ဖြေလိုက်လေသည်။
"ဒါက ခင်ဗျားတို့အဖွဲ့နဲ့ ပူးပေါင်းဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တဲ့ အကြောင်း ရင်းပဲ… တပ်မှူးကြီးတုရဲ့ လက်အောက်ငယ်သားတွေကလွဲပြီး ကျန်တဲ့သူတွေ က တစ်ရက်ကို ပေါင်မုန့် အတုံးသေးသေးလေး တစ်တုံးနဲ့ ရေ (၂၀၀) မီလီလီ တာပဲ ရကြတယ်… အကယ်လို့ လီကျိန်းသာ သူ့အဖွဲ့ရဲ့ ရိက္ခာတစ်ဝက်ကို ကျွန် တော်တို့ကို တိတ်တဆိတ် မခွဲပေးဘူးဆိုရင်၊ ကျွန်တော်တို့ အခုဆို ငတ်သေနေ လောက်ပြီ…"
လေကြောင်းရန်ခိုလှုံရေးစခန်းတွင် သူစားခဲ့ရသော အစားအစာများကို ပြန် ပြောင်းသတိရသွားပြီး၊ လီထျန်းယုသည် မသိမသာ တံထွေးမြိုချလိုက်မိလေ သည်။ သူ၏ သေးငယ်သော လှုပ်ရှားမှုကို သတိပြုမိသွားသော လုံယု၏ မျက် လုံးများကမူ ပို၍ မှုန်မှိုင်းသွားလေတော့သည်။