← Chapters

အခန်း ၃၈၃

Vol. 39 Ch. 383

အခန်း ၃၈၃

Vol. 39 Ch. 383

အခန်း (၃၈၃) အမှောင်ထု

ထိုသို့ပြောပြီးနောက် လူလတ်ပိုင်းအမျိုးသမီးသည် သူတို့၏ အစောပိုင်းစကား ဝိုင်းကို ရုတ်တရက် သတိရသွားပြီး ယောင်ရန်အနီးသို့ ထပ်မံတိုးကပ်လာ ခဲ့ လေသည်။

"ကောင်မလေး... နင့်မှာ ဓားရှည်တစ်လက် ပါလာတာ ငါ သတိထားမိတယ်… နင် တိုက်ခိုက်တတ်လို့လား…"

ယောင်ရန်က ခေါင်းညိတ်လိုက်ပြီး သတိထားကာ ပြန်မေးလိုက်လေသည်။

"ဘာဖြစ်လို့ မေးတာလဲ အန်တီ…"

အမျိုးသမီးကြီးက လူအုပ်ကြီးဆီသို့ လက်ဟန်ပြလိုက်ပြီး …၊

"ဒီလူတွေအားလုံး ဒီကို ရောက်နေကြတာက ဒုတိယတပ်မတော်က စစ်သည် တွေ စုဆောင်းနေလို့လေ… ပြီးတော့ စခန်းက တာဝန်ပေးအပ်တဲ့ရုံး ကို တရား ဝင်ဖွင့်လှစ်လိုက်ပြီလို့ ကြေညာလိုက်တယ်၊ အဲ့ဒါကြောင့် အဖွဲ့တွေအနေနဲ့ အခု နာမည်စာရင်း လာသွင်းလို့ ရနေပြီလေ…"

ဒေသတွင်း အခြေအနေများကို ရင်းနှီးကျွမ်းဝင်မှု မရှိသော ယောင်ရန်မှာ

စိတ်ဝင်စားသွားခဲ့လေသည်။ ယခင်က ရှိခဲ့ဖူးသော တာဝန်ပေးအပ်သည့်ရုံးကို ပြန်ပြောင်းသတိရသွားပြီး သူမက မေးလိုက်လေသည်။

"အရင်ကတည်းက တာဝန်ပေးအပ်တဲ့ရုံး ရှိနေခဲ့တာ မဟုတ်ဘူးလား… ဘာလို့ နောက်တစ်ခုကို ထပ်လုပ်ရတာလဲ…."

အန်တီကြီးက သူမကို နားလည်သဘောပေါက်ဟန်ဖြင့် ကြည့်ကာ ပြောလိုက် လေသည်။

"နင် အချိန်အများစုကို အပြင်မှာပဲ ဖြတ်သန်းနေတာ မဟုတ်လား… အရင်တုန်း က တာဝန်ပေးအပ်တဲ့ရုံး ဆိုတာက အစမ်းသဘောလောက်ပဲလေ… အခုဖွင့် တာကမှ တရားဝင်ရုံးအစစ်…"

"အရင်တုန်းက တာဝန်တစ်ခုကို လက်ခံဖို့ ကိုယ်ရေးအချက်အလက်နဲ့ မှတ်ပုံ တင်နံပါတ်ကို စာရင်းပေးသွင်းရတယ်… ဆုကြေးတွေကလည်း မှတ်ပုံတင် ကတ်ထဲကို တိုက်ရိုက် ရောက်သွားတာ…အခုတော့ မတူတော့ဘူး...”

ယောင်ရန်၏ မျက်လုံးများ တစ်ခဏမျှ အရောင်လက်သွားပြီး မေးလိုက်လေ သည်။

"ဘာတွေ ကွာခြားသွားလို့လဲဟင်…"

ယောင်ရန်က သေသေချာချာ အာရုံစိုက်နားထောင်နေသည်ကို ကျေနပ်သွား ကာ အန်တီကြီးက ဆက်ပြောလေသည်။

"အခုအသစ်ဖွင့်တဲ့ရုံးမှာ လူတွေက တာဝန်တွေကို အဖွဲ့လိုက် ပြီးမြောက် အောင် လုပ်နိုင်ပြီလေ… ဆုကြေးတွေကိုလည်း တစ်ဦးချင်းစီအစား အဖွဲ့လိုက် ပေးတာ...”

"ဒီစည်းမျဉ်းသစ်ရဲ့ အားသာချက်ကတော့ ကိုယ့်နာမည်ကို လူသိများအောင် လုပ်နိုင်ပြီး ထိပ်ဆုံးကို ရောက်လာရင် စခန်းမှာ ပိုကောင်းတဲ့ ဆက်ဆံရေး ခံစားခွင့်နဲ့ ပိုကောင်းတဲ့ တာဝန်အခွင့်အရေးတွေကို ရလိမ့်မယ်… ဒါပေမဲ့ ဒီစည်းမျဉ်းသစ်မှာ အားနည်းချက်တစ်ခုလည်း ရှိတယ်...”

"အရင်ကဆို တာဝန်ထမ်းဆောင်ရင်း လူတစ်ယောက်သေသွားရင် စခန်းက သူတို့ရဲ့ မိသားစုကို ရိက္ခာတွေနဲ့ လျော်ကြေးပေးတယ်… အခုတော့ သေသွား ရင် ကိုယ့်ကံဆိုးတာပဲ...”

ထိုစကားကို ကြားပြီးနောက် ယောင်ရန်က မှတ်ချက်လျလိုက်လေသည်။

"အရင်စနစ်က ပိုကောင်းပုံရတယ်… အနည်းဆုံးတော့ သေဆုံးသွားသူတွေရဲ့ မိသားစုတွေက ချစ်ရတဲ့သူတွေကို ဆုံးရှုံးလိုက်ရပြီးနောက်မှာ အသက်ရှင် သန်ဖို့ တစ်ခုခုတော့ ရနိုင်သေးတာပေါ့…"

အန်တီကြီးသည် သက်ပြင်းချကာ ခေါင်းညိတ်လိုက်သည်။

"နင်ပြောတာ မှန်ပါတယ်… ဒါပေမဲ့ ငါတို့က ဘာလုပ်နိုင်မှာလဲ။ ရိက္ခာတွေက ပြတ်လပ်နေပြီ၊ ပြီးတော့ ထာဝရညရောက်နေတာဆိုတော့ စိုက်ပျိုးရေးလည်း လုပ်လို့မရတော့ဘူး...”

"မြေဆီလွှာကလည်း ညစ်ညမ်းနေပြီ၊ နေရောင်ခြည်ကလည်း မရှိတော့ဘူး။ လူတိုင်းက အသက်ရှင်ဖို့အတွက် အသည်းအသန် ဖြစ်နေကြတာလေ...”

"အသက်ရှင်ကျန်ရစ်သူတွေကို ဘယ်တော့မှ လက်မခံတဲ့ ကျန်းချန်စစ်စခန်း တောင်မှ သူတို့ရဲ့ စစ်သည်တွေကို ကျွေးမွေးဖို့ ရုန်းကန်နေရတယ်… ငါတို့စခန်း က ထောက်ပံ့ပေးရမယ့် အသက်ရှင်ကျန်ရစ်သူတွေ ရှိတယ်ဆိုတော့ လူသန်း ပေါင်းများစွာကို ကျွေးမွေးဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး… ဒီမှာ နေရင်း စားစရာ တစ်ခုခုရနေတာကိုက ကံကောင်းနေပြီ...”

အန်တီကြီး၏ စိတ်ဖိစီးနေမှုကို မြင်ပြီး ယောင်ရန် တိတ်ဆိတ်သွားခဲ့လေ သည်။

ခေတ္တမျှ စဉ်းစားပြီးနောက် ယောင်ရန်သည် သူမ၏ ကျောပိုးအိတ်ထဲမှ သတ္တု ဓာတ်ပါသောရေ (၆၀၀) မီလီလီတာ တစ်ဘူးနှင့် ဖိသိပ်ထားသော ဘီစကွတ် တစ်ထုပ်ကို ထုတ်ယူလိုက်လေသည်။

သူမက ယင်းတို့ကို လူလတ်ပိုင်းအမျိုးသမီးအား ကမ်းပေးရင်း ပြောလိုက်လေ သည်။

"အန်တီ... ဒီအကြောင်းတွေ အားလုံးကို ပြောပြပေးတဲ့အတွက် ကျေးဇူးတင် ပါတယ်... ဒါတွေက အန်တီ့အတွက်ပါ…"

ရေနှင့် ဖိသိပ်ထားသော ဘီစကွတ်များကို အလျင်အမြန် လက်ခံယူလိုက် ချိန်တွင် အန်တီကြီး၏ မျက်နှာမှာ ဝင်းလက်သွားခဲ့လေသည်။ သူမက ယောင်ရန်ကို ပြုံးပြကာ ပြောလိုက်လေသည်။

"ကောင်မလေး... နင်က အရမ်းသဘောကောင်းတာပဲ… ငါက လူတိုင်းသိတဲ့ ကိစ္စတွေကို မျှဝေပေးရုံလေးပါ…"

နှိမ့်ချသော စကားများ ပြောဆိုနေသော်လည်း သူမသည် ညစ်ပတ်နေသော အဝတ်အစားများထဲတွင် ထိုပစ္စည်းများကို အလျင်စလို ဝှက်ထားလိုက်လေ သည်။ ယောင်ရန်သည် သူမအား ခေါင်းညိတ်ပြလိုက်ပြီးနောက် လုံယုနှင့် ရွှီရွှမ်းတို့ စောင့်နေသည့်နေရာသို့ ပြန်လျှောက်သွားခဲ့လေတော့သည်။

သူမ ပြန်လာသည်ကို မြင်သောအခါ လုံယုက မေးလိုက်လေသည်။

"တစ်ခုခု သိခဲ့ရလား…"

ယောင်ရန်သည် လူလတ်ပိုင်းအမျိုးသမီး ပြောပြခဲ့သည်များကို ပြန်လည် ပြောပြလိုက်လေသည်။

နားထောင်ပြီးနောက် လုံယုက ပြောလိုက်လေသည်။

"ဒီမှာ လူတွေ အများကြီး စုရုံးနေတာ အံ့ဩစရာ မဟုတ်တော့ပါဘူး… သူတို့ အားလုံး သူတို့အဖွဲ့တွေကို စာရင်းသွင်းဖို့ ဒါမှမဟုတ် ဒုတိယတပ်မတော်ထဲ ဝင်ဖို့ ဒီကိုရောက်နေကြပုံရတယ်…."

တိုးပွားလာသော လူအုပ်ကြီးကို ကြည့်ကာ ယောင်ရန်က မေးလိုက်လေ သည်။

"ကျွန်မတို့ နောက်မှ ပြန်လာကြမလား…"

သူမ အန်တီကြီးနှင့် စကားပြောနေစဉ် လုံယုနှင့် ရွှီရွှမ်းတို့သည် အလကားနေ ခဲ့ခြင်း မဟုတ်ပေ။ သူတို့သည် ပတ်ဝန်းကျင်ကို လေ့လာခဲ့ပြီး အဖွဲ့စာရင်းသွင်း ရန် ကောင်တာတွင် လူတန်းရှည်ကြီး ဖြစ်နေသော်လည်း အခြားကိစ္စများ အတွက် ကောင်တာမှာမူ လူရှင်းနေကြောင်းကို သတိပြုမိခဲ့ကြလေသည်။

ယင်းကို မြင်သည်နှင့် လုံယုသည် လူလတ်ပိုင်းအမျိုးသမီးနှင့် ယောင်ရန် စကား မပြတ်မီတွင် သော့များကို အလျင်စလို ပြန်အပ်ကာ လုပ်ငန်းစဉ်များကို ပြီးစီးအောင် လုပ်ဆောင်ခဲ့ပြီးဖြစ်လေသည်။

သူမ၏ မေးခွန်းကို ကြားသောအခါ လုံယုက ခေါင်းယမ်းပြီး ရှင်းပြလိုက်လေ သည်။

"ရွှီရွှမ်းနဲ့ ကိုယ် သော့တွေ ပြန်အပ်ပြီးသွားပြီ… ကိုယ်တို့ အခု ထွက်သွားလို့ ရပြီ…"

သူ၏ စကားကြောင့် ယောင်ရန် ပြုံးသွားပြီး ခေါင်းညိတ်လိုက်လေသည်။

"ကောင်းတာပေါ့… သွားကြစို့...”

အခြားသူများသည် အများပြည်သူဆိုင်ရာရုံးရှေ့တွင် ကြိတ်ကြိတ်တိုး စုရုံးနေ ကြစဉ်၊ သူတို့ သုံးယောက်သည် တိတ်တဆိတ် ထွက်လာခဲ့ကြလေတော့ သည်။

မြေအောက်ခိုလှုံရေးစခန်းမှ ထွက်ခွာရန် လုပ်ငန်းစဉ်များ ပြီးစီးပြီးနောက် သူတို့သည် စစ်သည်တစ်ဦး၏နောက်သို့ လိုက်ကာ အဝင်ဂိတ်ဆီသို့ သွားခဲ့ကြ လေသည်။ ဂိတ်တံခါး ပွင့်သွားသည်နှင့် ယောင်ရန်သည် အပြင်ဘက်ကမ္ဘာကို လှမ်းကြည့်လိုက်ရာ အမှောင်ထုမှလွဲ၍ ဘာမျှ မြင်ရခြင်းမရှိချေ။

အပြင်ဘက်မှ အမှောင်ထုကို ကြည့်ကာ စစ်သည်က ပြောလိုက်လေသည်။

"ရဲဘော်... အပြင်မှာ အရမ်းမှောင်နေတယ်…အခု ထွက်သွားမှာ သေချာရဲ့ လား… ရက်နည်းနည်းလောက် စောင့်မယ်ဆိုရင် အများပြည်သူဆိုင်ရာရုံးက လမ်းမီးတွေ တပ်ဆင်လို့ ပြီးလောက်ပါပြီ…"

ယောင်ရန်က ခေါင်းယမ်းလိုက်ပြီး ပြန်ဖြေလိုက်လေသည်။

"ကျေးဇူးတင်ပါတယ်… ဒါပေမဲ့ ကျွန်မတို့ အခုပဲ ထွက်သွားပါတော့မယ်…."

စစ်သည်၏ ဖျော့တော့နေသော အသွင်အပြင်ကို သတိပြုမိသွားပြီးနောက် ယောင်ရန် သည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ သူမ၏ ကျောပိုးအိတ်ထဲမှ ထမင်းဘူးတစ်ဘူး၊ ဆေးနှင့် ဗီတာမင်အထုပ်ငယ် တစ်ထုပ်ကို ထုတ်ယူလိုက် လေသည်။ သူမက ယင်းတို့ကို စစ်သည်လက်ထဲသို့ ထည့်ပေးလိုက်ပြီး သူ ငြင်း ဆန်ချိန်မရလိုက်ခင်မှာပင် ထွက်လာခဲ့လေတော့သည်။

သူတို့၏ ကျောပြင်များ အမှောင်ထဲတွင် ပျောက်ကွယ်သွားသည်ကို ကြည့် ရင်း၊ စစ်သည်သည် သူ့လက်ထဲမှ ထမင်းဘူးနှင့် ဆေးကို ကြည့်လိုက်လေ သည်။ အထဲမှ အစားအစာများ နွေးနေဆဲဖြစ်ကြောင်း တွေ့လိုက်ရသောအခါ သူသည် ထမင်းဘူးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း ကျေးဇူးတင်စိတ်များ ဖြစ်ပေါ်လာခဲ့လေပေတော့သည်။

မြေအောက်ခိုလှုံရေးစခန်းမှ ထွက်ခွာပြီးနောက် ယောင်ရန်သည် ညကြည့် မျက်မှန်သုံးလက်ကို ထုတ်ယူကာ လုံယုနှင့် ရွှီရွှမ်းတို့အား ခွဲဝေပေးလိုက် လေသည်။

တစ်စုံတစ်ယောက် အပြင်ဘက်တွင် ပုန်းအောင်းနေပြီး အသက်ရှင်ကျန်ရစ်သူ များကို ပစ်မှတ်ထားနေမည်မလားဆိုသည်ကို မသေချာသောကြောင့် ယောင်ရန် သည် လက်နှိပ်ဓာတ်မီး အသုံးပြုခြင်းကို ရှောင်ကြဉ်ခဲ့လေသည်။

အမှောင်ထုထဲတွင် လက်နှိပ်ဓာတ်မီးက သူတို့အား လွယ်ကူသော ပစ်မှတ်တစ် ခု ဖြစ်စေပေလိမ့်မည်။ သို့သော် ညကြည့်မျက်မှန်များဖြင့်ဆိုပါက သူတို့သည် စူးစမ်းလိုသော မျက်လုံးများမှ ပုန်းကွယ်နေရင်း လမ်းညွှန်သွားလာနိုင်မည် ဖြစ်ပေသည်။

ညကြည့်မျက်မှန်များကို တပ်ဆင်ပြီးသည်နှင့် သူတို့သုံးယောက်သည် ဗီလာဆီ သို့ ခြေလျင်လျှောက်ကာ ပြန်လာခဲ့ကြလေသည်။ သဲများ ဖုံးလွှမ်းနေသော လမ်းက လမ်းလျှောက်ရန် ခက်ခဲစေပြီး ဗီလာဧရိယာသို့ ရောက်ရှိရန် အမှောင် ထဲတွင် သုံးနာရီကျော်ကြာ လမ်းလျှောက်ခဲ့ရလေသည်။

ပင်မဂိတ်တံခါးကြီး ပွင့်ဟနေသည်ကို မြင်သောအခါ ယောင်ရန် မျက်မှောင် အနည်းငယ် ကြုတ်သွားခဲ့လေသည်။ သူတို့၏ ဗီလာထဲသို့ တစ်စုံတစ်ယောက် ဝင်ရောက်ဖောက်ထွင်းသွားမည်ကို စိုးရိမ်သဖြင့် သူမက တိုက်တွန်းလိုက် လေသည်။

"မြန်မြန် သွားကြရအောင်…."

သူတို့ ဗီလာ၏ အဝင်ဂိတ်ကို ဖြတ်သန်းသွားစဉ် ယောင်ရန်သည် သူမ၏ သစ် စွမ်းအင်ကို ဖြန့်ကျက်လိုက်သော်လည်း ပတ်ဝန်းကျင်ရှိ မည်သည့်အပင်ကိုမျှ အာရုံခံနိုင်ခြင်းမရှိခဲ့ပေ။

All Chapters