အခန်း ၃၈၅
Vol. 39 Ch. 385
အခန်း (၃၈၅) သဲလွန်စများ ရှာဖွေခြင်း
လုံယုက ခေါင်းယမ်းလိုက်ပြီး ပြောလိုက်လေသည်။
"မဟုတ်ဘူး… ဒီအခြေအနေက သဘာဝအတိုင်း ဖြစ်နေတာ မဟုတ်ဘူးလို့ ကိုယ် သံသယရှိတယ်…."
သူ၏အဖြေကို ကြားသောအခါ ယောင်ရန်က မေးလိုက်လေသည်။
"ရှင့်သဘောက... ဒါက လူလုပ်တာလို့ ပြောချင်တာလား…"
လုံယုက သူမ၏မေးခွန်းကို ခေါင်းညိတ်ပြလိုက်ပြီး ပြန်ဖြေလိုက်လေသည်။
"ဒီလိုဖြစ်နိုင်ခြေ ရှိပေမဲ့ သဘာဝတရားရဲ့ အချို့သောအချက်တွေကြောင့် ဖြစ် တယ်ဆိုတာကိုတော့ လုံးဝ ဖယ်ထုတ်ထားလို့တော့ မရဘူး…."
ယောင်ရန် မျက်မှောင်ကြုတ်သွားပြီး ထပ်မံမေးခွန်းထုတ်လိုက်သည်။
"ဒါက လူတွေ ဖန်တီးထားတာ ဖြစ်နိုင်လို့လား…"
"ဒီလောကမှာ မဖြစ်နိုင်တာ ဘာမှမရှိပါဘူး… ကိုယ်တို့ အရင်က မတွေ့ဖူးလို့ ဘာမှမသိသေးတာပဲ ရှိတာပါ…."
လုံယုက ဒရုန်းပေါ်တွင် ညကြည့်ကင်မရာကို တပ်ဆင်ရင်း တည်ငြိမ်စွာ ပြန် ဖြေလိုက်လေသည်။
သူပြောသည်ကို နားထောင်ပြီးနောက် ယောင်ရန်သည် ခေတ္တမျှ စဉ်းစားလိုက် ပြီးမှ သုံးသပ်ကြည့်လိုက်လေသည်။
"အခုအခြေအနေကို လူလုပ်တာဖြစ်နိုင်တယ်လို့ ရှင် ယုံကြည်နေမှတော့ တရားခံက ဒီစခန်းမှာ ရှိနေတုန်းပဲ ဖြစ်ရမယ်…."
"ဟုတ်လောက်တယ်"
လုံယုက ထောက်ခံလိုက်လေသည်။
ယောင်ရန်က ဒရုန်းအဝေးထိန်းခလုတ်ကို လုံယုထံ ကမ်းပေးလိုက်ပြီးနောက် သူမ၏ နေရာလွတ်ထဲမှ လက်ပ်တော့တစ်လုံးကို ထုတ်ယူကာ ဒရုန်းနှင့် ချိတ် ဆက် လိုက်လေသည်။
သူမ အဆင်သင့်ဖြစ်သွားသည်နှင့် ဒရုန်းကို ဖွင့်လိုက်ပြီး ပြောလိုက်လေသည်။
"အာယု... စခန်းတစ်ခုလုံးကို စစ်ဆေးကြည့်ရအောင်…"
"ကောင်းပါပြီ…" ဟု သူက ပြန်ဖြေလိုက်လေသည်။
လုံယုက ဒရုန်းကို မောင်းနှင်ပြီး ယောင်ရန်က မျက်နှာပြင်ကို စောင့်ကြည့် နေခဲ့ လေသည်။ သူတို့နှစ်ဦးသည် အိမ်ခေါင်မိုးပေါ်တွင် အချိန်အတော်ကြာ နေခဲ့ကြ ပေသည်။
တစ်ချိန်တည်းမှာပင် အောက်ထပ်၌ ရွှီရွှမ်းသည် ပထမထပ်နှင့် ဒုတိယထပ်ကို ရှင်းလင်း၍ ပြီးသွားသော်လည်း ယောင်ရန်နှင့် လုံယုတို့ကို ရှာမတွေ့ခဲ့ပေ။ သူတို့ကို အကြိမ်အနည်းငယ် လှမ်းခေါ်ကြည့်သော်လည်း အကြောင်းပြန်သံ မရသဖြင့် သူသည် ခေါင်မိုးပေါ်သို့ တက်ကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။
ခေါင်မိုးပေါ်သို့ သွားသည့်တံခါး ပွင့်နေသည်ကို သတိထားမိပြီး ရွှီရွှမ်းက သူတို့ နှစ်ဦး ထိုနေရာမှာရှိနေမည်ဟု ခန့်မှန်းမိလိုက်လေသည်။ သူ တံခါးဝကို ဖြတ် ကျော်လိုက်စဉ်မှာပင် ယောင်ရန်၏ အသံကို ကြားလိုက်ရလေသည်။
"အာယု... နောက်တစ်ခုက ကျူးကျော်ရပ်ကွက်ကို စစ်ဆေးကြည့်ရအောင်...”
စပ်စုလိုစိတ်ဖြင့် ရွှီရွှမ်းသည် သူတို့အနီးသို့ ချဉ်းကပ်သွားပြီး မေးလိုက်လေ သည်။
"ခေါင်းဆောင်... ယောင်ရန်... ခင်ဗျားတို့ ဒီအပေါ်မှာ ဘာလုပ်နေကြတာလဲ…"
ရွှီရွှမ်း၏ အသံကို ကြားသောအခါ လုံယုက ပြောလိုက်လေသည်။
"အာရွှမ်... မင်းက ဒရုန်းမောင်းတဲ့နေရာမှာ ငါ့ထက် ပိုတော်တယ်… လာ... ငါ တို့ကို ကူညီပါဦး…."
ရွှီရွှမ်းသည် လုံယုဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ဒရုန်းအဝေးထိန်း ခလုတ်ကို လွှဲယူလိုက်သည်။ သူ ဒရုန်းကို စတင်မောင်းနှင်လိုက်ရင်း မေးလိုက် လေသည်။
"ခေါင်းဆောင်... အတိအကျ ဘာလုပ်နေကြတာလဲ… အပြင်မှာ ကြည့်စရာ ဘာမှလည်း မရှိဘဲနဲ့…"
"အာရွှမ်... အရမ်း တိတ်ဆိတ်လွန်းနေတယ်လို့ မထင်ဘူးလား…"
လက်ပ်တော့ မျက်နှာပြင်ကို လေ့လာကြည့်ရှုနေရင်း လုံယုက မေးလိုက်လေ သည်။
အခြေအနေကို သဘောပေါက်သွားသဖြင့် ရွှီရွှမ်း မျက်လုံးများ ပြူးကျယ်သွား တော့သည်။
"ခေါင်းဆောင်... အခု ခင်ဗျားပြောမှပဲ တကယ်ကို ကြက်သီးထစရာကောင်း လောက်အောင် တိတ်ဆိတ်နေတယ်ဆိုတာ သတိထားမိတော့တယ်...”
လုံယုက ခေါင်းညိတ်ပြီး ထပ်ပြောလိုက်လေသည်။
"ငါတို့လုပ်နေတဲ့ ဆူညံသံကလွဲရင် တခြားဘာအသံမှ မရှိဘူး…မြေအောက်ခို လှုံရေးစခန်းကနေ ငါတို့ ထွက်လာကတည်းက ကမ္ဘာကြီးက တိတ်ဆိတ်တဲ့ ချောက်နက်ကြီးထဲ ကျဆင်းသွားသလိုပဲ…."
ယင်းကို ကြားသောအခါ ရွှီရွှမ်း မျက်မှောင်အနည်းငယ် ကြုတ်သွားသော် လည်း တိတ်တဆိတ်သာ နေလိုက်လေသည်။ သူ၏ ကျွမ်းကျင်သော မောင်း နှင်မှုဖြင့် ကျူးကျော်ရပ်ကွက်အတွင်းရှိ အကျဉ်းဆုံးလမ်းကြားများကိုပင် စစ်ဆေးနိုင်ခဲ့လေသည်။
နာရီပေါင်းများစွာ အလုပ်လုပ်ပြီးနောက် ယောင်ရန်သည် သူမ၏ ညောင်းညာ နေသော မျက်လုံးများကို ပွတ်သပ်ကာ ပြောလိုက်လေသည်။
"ကျွန်မ ဘာမှ ရှာမတွေ့ဘူး… ရှင်ရော အာယု"
သူလည်း ဘာမှ ရှာမတွေ့ခဲ့ကြောင်း လုံယု ပြန်ဖြေတော့မည့်ဆဲဆဲတွင် မျက် နှာပြင်ပေါ်မှ တစ်စုံတစ်ခုက သူ၏ အာရုံကို ဖမ်းစားသွားခဲ့လေတော့သည်။ သူ၏ မျက်လုံးများ အရောင်လက်သွားပြီး အလျင်အမြန် ပြောလိုက်လေ သည်။
"ဒရုန်းကို ရပ်လိုက်…."
ရွှီရွှမ်းသည် ဒရုန်းကို လေထဲတွင် ချက်ချင်း ငြိမ်အောင် ရပ်တန့်လိုက်လေ သည်။ ထို့နောက် လုံယုက ညွှန်ကြားလိုက်လေသည်။
"ညာဘက် လမ်းကြားထဲက ရေမြောင်းဆီကို ကင်မရာ ဇူးမ် ဆွဲကြည့်လိုက်…"
ညွှန်ကြားချက်အတိုင်း ရွှီရွှမ်းသည် ဒရုန်းကို အနီးသို့ ရွှေ့လိုက်ပြီး ကင်မရာဖြင့် အနီးကပ် ချဲ့ကြည့်လိုက်လေသည်။ ရုပ်ထွက်ကောင်းမွန်သော ညကြည့် ကင်မရာကြောင့် သူတို့သုံးဦးစလုံး ရေမြောင်းထဲတွင် ရှိနေသည့်အရာကို ရှင်းလင်းစွာ မြင်လိုက်ရလေတော့သည်။
မျက်နှာပြင်ကို ခဏမျှ စိုက်ကြည့်နေပြီးနောက် ရွှီရွှမ်းက နားမလည်နိုင်စွာဖြင့် မေးလိုက်လေသည်။
"ခေါင်းဆောင်... အဲ့ဒီမှာ ဘာမှမရှိပါဘူး…ခေါင်းဆောင် ဘာကို ကြည့်နေတာ လဲ…."
လုံယုက မျက်နှာပြင်ကို လက်ညိုးထိုးပြကာ ပြောလိုက်လေသည်။
"ဒါကို ကြည့်…"
ရွှီရွှမ်းနှင့် ယောင်ရန်တို့သည် လုံယု ညွှန်ပြသောနေရာကို အာရုံစိုက် ကြည့် လိုက်ရာ မညီညာသော မျက်နှာပြင်ပေါ်တွင် ရွှေရောင်မျဉ်းများ ဖြတ်သန်းသွား နေသည့် ကျောက်တုံးမည်းမည်း အသေးလေးတစ်တုံးကို နောက်ဆုံးတွင် သတိပြုမိသွားခဲ့ကြလေတော့သည်။
ကျောက်တုံးတွင် အပေါက်များရှိနေပြီး လေ၊ ရေ စား၍ အပေါက်ပွများဖြစ်နေ သော တာဖိုနီ ကျောက်တုံးနှင့် ဆင်တူလှပေသည်။
"ဒါ ဘာကျောက်တုံးမျိုးလဲ… လှတော့ လှသားပဲ…"
ရွှီရွှမ်းက စိတ်ဝင်စားသည့် လေသံဖြင့် ပြောလိုက်လေသည်။
အတိတ်ဘဝက အဖြစ်အပျက်များကို ပြန်လည်သတိရလိုက်ပြီး လုံယုသည် လက်သီးကို တင်းတင်းဆုပ်ကာ ပြောလိုက်လေသည်။
"သူ့ရဲ့ အသွင်အပြင်ကို ကြည့်ပြီး မလှည့်စားခံလိုက်နဲ့…ဒီကျောက်တုံးက ကောင်းတဲ့အရာ မဟုတ်ဘူး…."
ရွှီရွှမ်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မှတ်ချက်ချလိုက်လေသည်။
"ခေါင်းဆောင်... ခင်ဗျား ဒီကျောက်တုံးအကြောင်း တစ်ခုခု သိနေတာလား…"
လုံယုက ခေါင်းညိတ်လိုက်လေသည်။
"ဒီကျောက်တုံးက သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ စတင် ပေါ်ပေါက်လာတဲ့ သတ္တုရိုင်းတစ်မျိုးပဲ… ဘယ်ကနေ လာတယ်ဆိုတာတော့ ငါလဲ မသိဘူး… ဒါပေမဲ့ လူသားတွေအပေါ် ဘယ်လောက်အထိ အန္တရာယ်ဖြစ် စေနိုင်တယ် ဆိုတာကိုတော့ ငါ သိတယ်...”
သူ၏ လေသံထဲမှ လေးနက်မှုကို ခံစားမိသွားပြီး ရွှီရွှမ်း မျက်မှောင်ကြုတ်သွား ခဲ့လေသည်။ မျက်နှာပြင်ပေါ်ရှိ ကျောက်တုံးကို စက္ကန့်အနည်းငယ်မျှ စိုက် ကြည့်ပြီးနောက် သူက မေးလိုက်လေသည်။
"ကျောက်တုံးတစ်တုံးက ဘယ်လို အန္တရာယ်မျိုး ပေးနိုင်လို့လဲ…."
လုံယုသည် မျက်နှာပြင်မှ အကြည့်လွှဲလိုက်ပြီး ရှင်းပြလိုက်လေသည်။
"အခု ငါတို့ ကြုံတွေ့နေရတဲ့ ထူးဆန်းတဲ့ ဖြစ်စဉ်က ဒီကျောက်တုံးကြောင့် ဖြစ် နိုင်ခြေများတယ်… ဒါက အင်မတန် အသက်အန္တရာယ်ရှိတဲ့ အဆိပ်ငွေ့တွေကို ထုတ်လွှတ်ပေးတယ်… တစ်ချက်လောက် ရှူမိရုံနဲ့တင် ချက်ချင်း သေဆုံးသွား နိုင်လောက်အောင်ကို ပြင်းထန်တယ်…."
"မျိုးရိုးဗီဇပြောင်းသတ္တဝါတွေက လူတွေထက် အာရုံခံနိုင်စွမ်း ပိုကောင်း ကြပြီး ပုံပျက်နေတဲ့ ဗီဇပြောင်းကောင်တွေကလည်း အလိုအလျောက် သိ စိတ်နဲ့ သွားလာလှုပ်ရှားကြတာ…မျိုးရိုးဗီဇပြောင်းဘီလူးတွေနဲ့ ပုံပျက်နေတဲ့ ဗီဇပြောင်းကောင်တွေက ဒီနေရာကို မလာရဲကြတာဟာ ဒီကျောက်တုံး ကြောင့်လို့ ငါထင်တယ်...”
ရွှီရွှမ်းသည် သူ့အား မယုံနိုင်စွာ စိုက်ကြည့်လိုက်ပြီး မေးလိုက်လေသည်။
"ဒီလောက် အစွမ်းထက်တဲ့အရာက တကယ်ရှိလို့လား…."
လုံယုက ပြန်ဖြေလိုက်လေသည် ။
"ရှိတာပေါ့… ဒါမှမဟုတ်ရင် မြေအောက်ခိုလှုံရေးစခန်းကနေ ထွက်လာက တည်းက ဘာအသံမှ မကြားရတာက ဘာကြောင့်လို့ မင်းထင်လဲ… အဲ့ဒီ
မျိုးရိုးဗီဇပြောင်းသတ္တဝါတွေနဲ့ ပုံပျက်နေတဲ့ မိန်းမောကောင်တွေတောင် ဒီကျောက်တုံးကို ကြောက်နေကြတယ်ဆိုရင်၊ ဒါက ဘယ်လောက် အစွမ်း ထက်မယ်လို့ မင်းထင်လဲ...”
ထိုမေးခွန်းများကြောင့် ရွှီရွှမ်း ဆွံ့အသွားခဲ့သည်။ ယင်းကို ပြောပြီးနောက် လုံယုက မျက်နှာပြင်ကို ဆက်လက် စောင့်ကြည့်လိုက်ပြီး ထပ်ပြောလိုက်လေ သည်။
"အသက်ရှင်ကျန်ရစ်သူတွေ မြေအောက်ခိုလှုံရေးစခန်းကနေ မထွက်လာခင် အဲ့ဒါကို ငါတို့ ဖျက်ဆီးပစ်ရမယ်…."
"ဒါကို ကျွန်မတို့ ဖောက်ခွဲပစ်လိုက်ရမလား…."
ယောင်ရန်က အကြံပြုလိုက်လေသည်။
လုံယုက ခေါင်းယမ်းလိုက်သည်။
"မလုပ်ရဘူး…. ဒီသတ္တုရိုင်းကို နည်းနည်းလေး ရွှေ့လိုက်တာနဲ့ အဆိပ်ငွေ့တွေ ထွက်လာလိမ့်မယ်… အကယ်လို့ ငါတို့ အဲ့ဒါကို ဖောက်ခွဲပစ်လိုက်ရင် ဒီနေရာ က အနာဂတ်မှာ လူနေထိုင်လို့ မရတဲ့နေရာ ဖြစ်သွားနိုင်တယ်...”
"ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ" ဟု ရွှီရွှမ်းက မေးလိုက်လေသည်။
ခေတ္တမျှ စဉ်းစားပြီးနောက် လုံယုက ပြောလိုက်လေသည်။
"ပထမဆုံး ငါတို့ အဲ့ဒီကျောက်တုံးကို လုံခြုံတဲ့ သေတ္တာတစ်လုံးထဲမှာ ပိတ် လှောင်ထားဖို့ လိုတယ်… ဒါမှ အဲ့ဒါကို ရွှေ့တဲ့အခါ အဆိပ်ငွေ့တွေ ပြန့်နှံ့မသွား တော့မှာ… အာရွှမ်... မင်းရဲ့ နေရာလွတ်စွမ်းရည်နဲ့ ဒီအစီအစဉ်ကို ကူညီပေး နိုင်မယ်လို့ ငါထင်တယ်…."
ရွှီရွှမ်းသည် ခေါင်းလေးစောင်းကာ လုံယု၏စကားများကို တွေးတောနေပြီး နောက် သူ၏ မျက်လုံးများ အရောင်လင်းလာခဲ့သည်။ သူက ပြုံးကာ ပြော လိုက်လေသည်။
"ခေါင်းဆောင်... စိတ်မပူပါနဲ့… ဘာလုပ်ရမလဲဆိုတာ ကျွန်တော် သိပါပြီ…"
ထိုစကားများ ထွက်ပေါ်လာသည်နှင့်၊ လုံယု ဘာလုပ်ချင်သလဲဆိုသည်ကို ယောင်ရန် သိလိုက်လေတော့သည်။