← Chapters

အခန်း ၃၈၇

Vol. 39 Ch. 387

အခန်း ၃၈၇

Vol. 39 Ch. 387

အခန်း (၃၈၇) အသက်ရှင်ကျန်ရစ်သူများ ပြန်လည်ရောက်ရှိလာခြင်း

ယောင်ရန်သည် တဘက်ကို စင်ပေါ်တွင် လှန်းလိုက်ပြီး ပြန်ဖြေလိုက်သည်။

"အပြင်မှာ လူတွေ စကားပြောနေသံ ကြားလိုက်ရတယ်… အခုလောက်ဆိုရင် အသက်ရှင်ကျန်ရစ်သူတွေ မြေအောက်ခိုလှုံရေးစခန်းကနေ ပြန်ရောက်လာ လောက်ပြီ…"

လုံယု ကုတင်ပေါ်မှ ထလာသည်ကို မြင်သောအခါ သူမက ထပ်ပြောလိုက်လေ သည်။

"မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးရင် ဧည့်ခန်းကို လာခဲ့နော်…"

"အင်း..."

သူက အိပ်ချင်မူးတူးဖြင့် ရေရွတ်လိုက်လေသည်။

သူမ၏ အိပ်ခန်းထဲမှ ထွက်လာပြီးနောက် ယောင်ရန်သည် ဒုတိယထပ် ဝရန် တာသို့ သွားခဲ့လေသည်။ သူမသည် ထူထဲသော လိုက်ကာကို အနည်းငယ် ဟလိုက်ပြီး အပြင်ဘက်သို့ လှမ်းကြည့်လိုက်လေသည်။

ရေတွက်မရနိုင်သော မီးရောင်ငယ်လေးများက အမှောင်ထုကို လင်းထိန် စေ ပြီး သူမသည် ယင်းတို့ကို အတွေးနက်စွာဖြင့် စောင့်ကြည့်နေခဲ့လေသည်။

အပြင်ဘက်အခြေအနေကို ခေတ္တမျှ စောင့်ကြည့်ပြီးနောက် ယောင်ရန်သည် အောက်ထပ်ရှိ မီးဖိုချောင်သို့ သွားခဲ့လိုက်လေသည်။ သူမ၏ သိုလှောင်ရုံထဲ တွင် သိမ်းဆည်းထားသော အစားအစာများကို စားရသည်ကို ငြီးငွေ့လာသဖြင့် အသစ်တစ်စုံတစ်ရာကို ချက်ပြုတ်ရန် သူမ ဆုံးဖြတ်လိုက်ပေသည်။

သူမ မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေစဉ် လုံယု အောက်ထပ်သို့ ဆင်းလာခဲ့ပြီး သူမကို မီးဖိုချောင်ထဲတွင် တွေ့သွားလေသည်။

"ရန်ရန်... အကူအညီ လိုသေးလား…"

သူမအနီးသို့ ချဉ်းကပ်လာရင်း သူက မေးလိုက်လေသည်။

ယောင်ရန်က ပြုံးလိုက်ပြီး…၊

"မလိုပါဘူး ဒီမှာ လုပ်စရာရှိတာတွေ ပြီးတော့မယ် အပြင်မှာ ဘာတွေဖြစ်နေ လဲဆိုတာ သွားကြည့်ပေးပါလား…"

သူမ တကယ်ပဲ သူ့အကူအညီ မလိုကြောင်း မြင်သောအခါ လုံယုက ပြော လိုက်လေသည်။

"ကောင်းပါပြီ"

လုံယု ထွက်သွားပြီးနောက် ယောင်ရန်သည် စိတ်သက်သာရာရစွာ သက်ပြင်း ချလိုက်လေသည်။ သူ့ကို မီးဖိုချောင်ထဲမှ ထွက်သွားအောင် လုပ်နိုင်ခဲ့သည့် အတွက် သူမ ဝမ်းသာသွားခဲ့လေသည်။

ထိုသို့မဟုတ်ပါက သူတို့ ဒီနေ့ ကန်ရေတွေ အများကြီး ထပ်သောက်ရလိမ့်မည် ဖြစ်ပေသည်။

မီးဖိုချောင်မှ ထွက်လာပြီးနောက် လုံယုသည် ဒုတိယထပ် ဝရန်တာသို့ သွားခဲ့ လေတော့သည်။

လိုက်ကာကို မဖွင့်မီ သူသည် ဆိုလာမီးအိမ်ကို ပိတ်လိုက်ပြီး ညကြည့် မျက်မှန် ကို တပ်ဆင်လိုက်၏။ ကြမ်းပြင်မှ မျက်နှာကြက်အထိ ရှည် လျားသော မှန် တံခါးဘေးတွင် ရပ်လျက် သူသည် အပြင်ဘက်သို့ စိုက်ကြည့်နေခဲ့ပေသည်။

ယနေ့ ပြန်ရောက်လာသည့် အသက်ရှင်ကျန်ရစ်သူ အရေအတွက်သည် သဲမုန် တိုင်း စခန်းကို ဝင်ရောက်တိုက်ခတ်ချိန်က ထွက်သွားသူများ၏ ထက်ဝက်ပင် မရှိကြောင်း သတိပြုမိသွားပြီး လုံယုသည် အတွေးနက်သွားခဲ့လေသည်။

ထိုသို့ တွေးတောနေစဉ် အပြင်ဘက်မှ ရင်းနှီးနေသော အသံတစ်သံက သူ၏ အာရုံကို ဖမ်းစားသွားခဲ့တော့သည်။

"အားလုံးပဲ... လမ်းမီးတွေကို တတ်နိုင်သမျှ မြန်မြန် တပ်ဆင်ပေးသွားပါမယ် ဒီအတောအင်း မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ရအောင် စွမ်းရည်မရှိတဲ့ သူတွေ အိမ်ထဲမှာပဲ နေကြဖို့ ကျွန်တော်တို့ အကြံပြုပါတယ်…"

ဝူလျန်က ကြေညာလိုက်လေသည်။

ဝူလျန် စကားပြောပြီးနောက် ဈေးကြီးပုံရသော အဝတ်အစားများ ဝတ်ဆင် ထားသည့် လူလတ်ပိုင်းအမျိုးသမီးတစ်ဦးက မေးလာခဲ့လေသည်။

"ရှင်တို့က ဒီနေရာကို ရိက္ခာတွေ လာပို့ပေးမှာလား…"

ဝူလျန်က သူမဘက်သို့ လှည့်ကာ ကြိုးစားပြုံးလိုက်ပြီး ပြန်ဖြေလိုက် လေ သည်။

"မပို့ပေးပါဘူး… ခင်ဗျားတို့ဘာသာ အများပြည်သူဆိုင်ရာရုံးမှာ သွားထုတ်ရပါ မယ်…"

သူမစကားကြောင့် သခင်မကြီးသည် မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်သွား ပြီး ပြောလိုက်လေသည်။

"ငါတို့ဘာသာ သွားထုတ်ရမယ်ဆိုရင် ကျူးကျော်ရပ်ကွက်က နံစော်နေတဲ့ သူတောင်းစားတွေနဲ့ နီးနီးကပ်ကပ် ဖြစ်နေမှာပေါ့…"

ဝူလျန်၏ မျက်လုံးများတွင် စိတ်မရှည်မှုများ အရောင်လက်သွားသော်လည်း သူသည် တည်တည်ငြိမ်ငြိမ်ပင် ဆက်နေခဲ့လေသည်။

မိမိကိုယ်ကို ထိန်းချုပ်ပြီးနောက် သူက ရှင်းပြလေသည်။

"သခင်မကြီး... အများပြည်သူဆိုင်ရာရုံးက ဒီနေ့နှောင်းပိုင်းမှာ ကြေညာချက် တစ်စောင် ထုတ်ပြန်ပါလိမ့်မယ်… ကျွန်တော်က စစ်သည်တစ်ယောက်ပဲမို့ ဒီကိစ္စတွေမှာ မပါဝင်ပါဘူး… တခြားမေးစရာတွေ ရှိသေးရင် အများပြည်သူ ဆိုင်ရာရုံးကို သွားပြီး ရှင်းလင်းချက် တောင်းခံနိုင်ပါတယ်"

သူမ၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ ဝူလျန်သည် သူ၏ လက်အောက်ငယ်သား များဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်လေသည်။

"စစ်တန်းလျားကို ပြန်ကြစို့…"

"ဟုတ်ကဲ့ပါ တပ်မှူး…"

စစ်သည်များ စစ်ထရပ်ကားများပေါ်သို့ တက်သွားသောအခါ သခင်မကြီး သည် ဒေါသထွက်သွားခဲ့ပုံရလေသည်။ သူမသည် ဝူလျန်နောက်သို့ ပြေးလိုက် သွားပြီး အော်ဟစ်လိုက်လေသည်။

"ဟဲ့... နင်က ငါတို့ကို ဒီလိုဆက်ဆံတာလား… ငါ ဘယ်သူလဲဆိုတာ နင် သိရဲ့ လား…."

ဝူလျန်က သူမ၏ ဒေါသတကြီး အော်ဟစ်နေမှုကို လျစ်လျူရှုကာ ထရပ် ကား ပေါ်သို့ တက်သွားခဲ့လေသည်။ သူ ထိုင်ခုံခါးပတ်ကို ပတ်လိုက်ရင်း အမိန့်ပေး လိုက်လေသည်။

"သွားကြစို့…"

စစ်ထရပ်ကားများ မောင်းထွက်သွားချိန်တွင် သခင်မကြီးသည် သူတို့အား ဒေါသတကြီး လှမ်းအော်လိုက်ရာ မတော်တဆ သဲများ ပါးစပ်ထဲ ဝင်သွား ခဲ့လေတော့သည်။ ယင်းတို့ကို ထွေးထုတ်လိုက်ပြီး သူမက ထပ်မံအော်ဟစ် လိုက်လေသည်။

"သူ့ကိုယ်သူ ဘယ်သူမှတ်နေလဲ… ငါ့ယောက်ျားကို ပြောပြမယ့်အချိန်ထိသာ စောင့်နေလိုက်… သူ နင့်ကို ဘယ်လို ပညာပေးမလဲ ကြည့်ကြသေးတာပေါ့…"

သူမ၏ သက်တော်စောင့်များဘက်သို့ လှည့်ကာ သူမက အော်ငေါက်လိုက် လေသည်။

"နင်တို့က ဘာလို့ အဲ့ဒီမှာ ရပ်နေကြသေးတာလဲ… တံခါးဖွင့်လေ…"

သူမ၏ ဒေါသကြောင့် လန့်သွားကြကာ သက်တော်စောင့်များသည် လမ်းပေါ်မှ သဲများကို အလျင်အမြန် ရှင်းလင်းပြီး ဗီလာဂိတ်တံခါးကို ဖွင့်လိုက်ကြလေ သည်။

သခင်မကြီး ဝင်သွားပြီးနောက် ကျန်ရှိနေသော အသက်ရှင်ကျန်ရစ်သူ များ သည်လည်း အသီးသီး လမ်းပြရန် ကိုယ်တိုင်လုပ် မီးအိမ်များ ကိုင်ဆောင် လျက် မိမိတို့၏ ဗီလာများဆီသို့ ပြန်သွားကြလေတော့သည်။

ပြတင်းပေါက်နောက်ကွယ်မှနေ၍ ယင်းကို စောင့်ကြည့်ပြီးနောက် လုံယုသည် လိုက်ကာကို ချကာဆိုလာမီးအိမ်ကို ဖွင့်လိုက်လေသည်။

သူ ပြန်ရောက်လာချိန်တွင် ရွှီရွှမ်းသည် နိုးနေပြီဖြစ်ကာ ယောင်ရန်အား စားပွဲ ပေါ်သို့ နံနက်စာ ယူဆောင်လာရန် ကူညီပေးနေခဲ့လေသည်။

လုံယုကို မြင်သောအခါ ရွှီရွှမ်းက မေးလိုက်လေသည်။

"ခေါင်းဆောင်... အပြင်ဘက်မှာ အခြေအနေ ဘယ်လိုရှိလဲ…."

"အသက်ရှင်ကျန်ရစ်သူရဲ့ ထက်ဝက်မပြည့်တပြည့်ပဲ ပြန်ရောက်လာကြတယ် … ပြီးတော့ သူတို့ အပြင်ဘက်မှာ သဲတွေ ရှင်းနေကြတယ်…"

လုံယုက ကျန်ရှိသော အစားအစာများကို သယ်ယူရန် ယောင်ရန်အား ကူညီ ပေးရန် မီးဖိုချောင်ထဲသို့ ဝင်သွားရင်း ပြန်ဖြေလိုက်သည်။

မကြာမီတွင် သူတို့အားလုံး ထမင်းစားပွဲ၌ ဝိုင်းထိုင်လိုက်ကြလေသည်။ စား သောက်နေစဉ် ရွှီရွှမ်းက အကြံပြုလိုက်လေသည်။

"ခေါင်းဆောင်... ကျွန်တော်တို့လည်း နောက်ကျ သဲတွေကို ရှင်းပစ်ဖို့ လိုလိမ့် မယ်…."

အခြား အသက်ရှင်ကျန်ရစ်သူများလည်း လုပ်နေကြသဖြင့် လုံယုက သဘော တူကြောင်း ခေါင်းညိတ်လိုက်လေသည်။

"အင်း..."

သူတို့ စားနေစဉ် တစ်စုံတစ်ယောက်က တံခါးကို လာခေါက်ခဲ့လေသည်။

ယောင်ရန်က တူကိုချလိုက်ပြီး …၊

"ရှင်တို့နှစ်ယောက် ဆက်စားကြပါ… ဘယ်သူလာလဲဆိုတာ ကျွန်မ သွားကြည့် လိုက်မယ်…."

ထမင်းစားခန်းထဲမှ ထွက်လာပြီးနောက် သူမသည် ပင်မတံခါးဆီသို့ လျှောက် သွားကာ အပြင်သို့ချောင်းကြည့်ရန် ထူထဲသော လိုက်ကာကို ဘေးသို့ဆွဲဖယ် လိုက်သည်။ ပထမထပ်၏ ထက်ဝက်မှာ သဲများ ဖုံးလွှမ်းနေသောကြောင့် ဧည့် သည်၏ ခြေထောက်များကိုသာ သူမ မြင်နိုင်တော့သည်။

"ဘယ်သူလဲဟင်…." သူမက လှမ်းမေးလိုက်လေသည်။

"ကျွန်တော်ပါ... ယွမ်ရီဟွေးးပါ" ဟူသော အဖြေစကား ထွက်ပေါ်လာခဲ့လေ သည်။

အသံကို မှတ်မိသွားပြီး ယောင်ရန်က ပြောလိုက်လေသည်။

"အစ်ကိုယွမ်... ခဏလောက် စောင့်ပါဦး…"

လိုက်ကာကို ပိတ်ပြီးနောက် သူမသည် ဒုတိယထပ် ဝရန်တာသို့ သွားကာ သတ္တုတံခါးကို ဖွင့်လိုက်ပေသည်။ အောက်သို့ ငုံ့ကြည့်လိုက်ရာ ယွမ်ရီဟွေးး အောက်တွင် ရပ်နေသည်ကို မြင်လိုက်ရလေသည်။

"အစ်ကိုယွမ်... ဒီအပေါ်ကို တက်လာလို့ ရမလား…."

သဲများကြောင့် မြေပြင်မှ ဝရန်တာအထိ အကွာအဝေးမှာ မူလ ငါးမီတာမှ နှစ်မီ တာခန့်သာ ရှိတော့သည်။ အမြင့်ကို တွက်ဆကြည့်ပြီးနောက် ယွမ်ရီဟွေးက

ပြန်ဖြေလိုက်လေသည်။

"ကျွန်တော် စမ်းကြည့်ပါ့မယ်…"

သူ ထိုသို့ပြောပြီးနောက် ယွမ်ရီဟွေးသည် အရှိန်ယူပြေးလာပြီး ဝရန်တာလက် ရန်းကို လှမ်းကိုင်ကာ ခုန်တက်လိုက်သည်။ ထို့နောက် သူ၏ကိုယ်ကို အပေါ်သို့ ဆွဲတင်ကာ လက်ရန်းကို ကျော်၍ ကြမ်းပြင်ပေါ်သို့ ဖွဖွလေး ဆင်းသက်လာခဲ့ ပေသည်။

သူ မတ်တတ်ရပ်ကာ သူ၏ အဝတ်အစားများပေါ်မှ သဲများကို ခါချလိုက်ပြီး နောက် ယောင်ရန်ကို ပြုံးပြလိုက်လေသည်။

"အစ်ကိုယွမ် ရောက်လာတာ အချိန်ကိုက်ပဲ… ကျွန်မတို့ အခုပဲ မနက်စာစား နေကြတာ… ဝင်စားသွားပါလား…."

ယောင်ရန်က ဖိတ်ခေါ်လိုက်လေသည်။

ဖိတ်ခေါ်မှုကို ကျေးဇူးတင်စွာဖြင့် ယွမ်ရီဟွေးက ခေါင်းညိတ်လိုက်လေသည်။

"ဟုတ်ကဲ့ပါ….ဖိတ်ခေါ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...”

ဝရန်တာတံခါးကို သော့ခတ်ပြီး ထူထဲသော လိုက်ကာကို ချပြီးနောက် ယောင်ရန်သည် ယွမ်ရီဟွေးအား ထမင်းစားခန်းဆီသို့ ခေါ်ဆောင်သွားခဲ့လေ သည်။

ထမင်းစားခန်းထဲသို့ ဝင်လာပြီး ရွှီရွှမ်း၏ဘေးတွင် မထိုင်မီ ယွမ်ရီဟွေးက နှုတ်ဆက်လိုက်လေသည်။

"ကောင်းသောနံနက်ခင်းပါ အစ်ကိုလုံ... အစ်ကိုရွှီ…."

သူ့အား ခေါင်းညိတ်ပြကာ လုံယုနှင့် ရွှီရွှမ်းတို့က ပြန်လည်နှုတ်ဆက်လိုက် ကြလေသည်။

"ကောင်းသောနံနက်ခင်းပါ…"

သူတို့ ဆက်လက်စားသောက်နေစဉ် ယောင်ရန်က မေးလိုက်လေသည်။

"အစ်ကိုယွမ်... ဒီနေ့ ဘာကိစ္စများရှိလို့ ဒီလောက် စောစောစီးစီး ရောက်လာရ တာလဲ"

All Chapters