← Chapters

အခန်း ၃၈၈

Vol. 39 Ch. 388

အခန်း ၃၈၈

Vol. 39 Ch. 388

အခန်း (၃၈၈) ဓာတ်ဆီ ထောက်ပံ့ပေးခြင်း

ယောင်ရန်၏ မေးခွန်းကို ကြားပြီးနောက် ယွမ်ရီဟွေးက ရှင်းပြလေသည်။

"ဒီနေ့ ကျွန်တော်တို့ မထွက်ခွာနိုင်သေးဘူးဆိုတာကို အသိပေးဖို့ ဒီနေ့ ဒီကို လာခဲ့တာပါ… လက်ရှိအခြေအနေအရ ခရီးစဉ်အတွက် လောင်စာဆီ အလုံ အလောက်ရဖို့ ကျွန်တော်တို့အတွက် ခက်ခဲနေပါတယ်… လုံလောက်တဲ့ ဓာတ် ဆီရဖို့ အနည်းဆုံး တစ်ပတ်လောက် အချိန်ယူရနိုင်တယ်လို့ ကျွန်တော့်ရဲ့ အစ်ကိုဝမ်းကွဲက ပြောပါတယ်...”

ယင်းကို ကြားသောအခါ ယောင်ရန်က မေးလိုက်လေသည်။

"ဘာဖြစ်လို့လဲ…"

ယွမ်ရီဟွေးက သက်ပြင်းချကာ ပြန်ဖြေလိုက်လေသည်။

"ထာဝရည ရုတ်တရက် ရောက်လာတာကြောင့် လောင်စာဆီ လိုအပ်ချက်က သိသိသာသာ မြင့်တက်လာတယ်လေ… စခန်းက လောင်စာဆီ ရောင်းချတာ ကို ရပ်လိုက်ပြီလို့ ကျွန်တော် ကြားတယ်… ပြီးတော့ ကျွန်တော်တို့ ဘယ် လောက်ပဲ ဈေးကြီးကြီးပေးပေး ဘယ်သူကမှ ဓာတ်ဆီ မရောင်းချင်ကြဘူး...”

ထိုသို့ ပြောပြီးနောက် ယွမ်ရီဟွေးက မေးလိုက်လေသည်။

"မစ္စယောင်... ခင်ဗျားက အရမ်း အကြံဉာဏ်ကြွယ်ဝတဲ့သူပဲ… ကျွန်တော်တို့ ဓာတ်ဆီ ဘယ်ကနေ ရနိုင်မလဲဆိုတာ ခင်ဗျား သိလား…"

ယောင်ရန်၏ နေရာလွတ်ထဲတွင် လောင်စာဆီများ အများအပြား ရှိနေခဲ့ပေ သည်။ အဘိုးမုထံမှ ဝယ်ယူထားသည့်အပြင်၊ ကျွင်းချန်မြို့အနီးရှိ ရေနံချက် စက်ရုံမှ သူမနှင့် လုံယုတို့ သိမ်းဆည်းယူဆောင်လာခဲ့သည်များလည်း ရှိသေး သည်။ လုံယု၏ လေကြောင်းရန်ခိုလှုံရေးစခန်းသို့ သူတို့ ထွက်သွားနိုင်ရန် အတွက် ယွမ်ရီဟွေးအား အနည်းငယ် မျှဝေပေးခြင်းက ပြဿနာ မဟုတ်ပေ။

ခေတ္တမျှ စဉ်းစားပြီးနောက် သူမက ပြောလိုက်လေသည်။

"ကျွန်မဆီမှာ ဓာတ်ဆီ တချို့ ရှိပါသေးတယ်...ခရီးစဉ်အတွက် လီတာ (၅၀၀၀) ဆို လုံလောက်ပြီလား…"

သူမ ထိုသို့ မေးလိုက်သည်နှင့်၊ ယွမ်ရီဟွေး၏ တူမှာ ထမင်းစားပွဲပေါ်သို့ ပြုတ် ကျသွားလေတော့သည်။ သူ၏ မျက်လုံးပြူးသွားပြီး မေးလိုက်လေသည်။

"မစ္စယောင်... ခင်ဗျားဆီမှာ အဲ့ဒီလောက် ဓာတ်ဆီ အများကြီး တကယ်ရှိလို့ လား…"

ယောင်ရန်၏ နေရာလွတ်ထဲတွင် ယင်းထက်ပင် ပိုမိုသိုလှောင်ထားသော် လည်း၊ ယွမ်ရီဟွေးအား ထိုအကြောင်းကို သူမ ပြောပြမည် မဟုတ်ပေ။ သူမ က ပြုံးလိုက်ပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။

"ဒါက ကျွန်မဆီမှာရှိသမျှ အကုန်ပါပဲ… ပိုလိုချင်ရင်တော့ ရှင်တို့ဘာသာ ရှာရ လိမ့်မယ်…"

သူမစကားကို ကြားသောအခါ ယွမ်ရီဟွေးက အလျင်အမြန်ပင် ပြောလိုက် လေသည်။

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး… အဲ့ဒါက လုံလောက်တာထက်ကို ပိုနေပါပြီ…"

ထိုသို့ ပြောပြီးနောက်သူသည် သူ၏တူကို ကောက်ကိုင်လိုက်ပြီး အစားအစာ များကို အလုတ်အနည်းငယ်မျှဖြင့် အလျင်အမြန် စားသောက်လိုက်လေသည်။ ပန်းကန်လွတ်နှင့် တူကို ချထားလိုက်ပြီး ယွမ်ရီဟွေးသည် မတ်တတ်ရပ်ကာ ပြောလိုက်လေသည်။

"မစ္စယောင်... သတင်းကောင်းကို ကျွန်တော့်အစ်ကိုဝမ်းကွဲဆီ သွားပြောလိုက် ပါဦးမယ်… ပြီးရင် လောင်စာဆီတွေ သယ်ဖို့ မကြာခင် ပြန်လာခဲ့ပါ့မယ်…"

သူ၏ စိတ်လှုပ်ရှားနေသော မျက်နှာကို ကြည့်ကာ ယောင်ရန်က ခေါင်းညိတ် လိုက်လေသည်။

"ကောင်းပါပြီ...”

ယောင်ရန် စားနေဆဲဖြစ်သည်ကို မြင်သောအခါ ရွှီရွှမ်း မတ်တတ်ရပ်လိုက်ပြီး

ပြောလိုက်လေသည်။

"အစ်ကိုယွမ်... ကျွန်တော် လိုက်ပို့ပေးမယ်…"

"ကောင်းပါပြီ...”

ဒုတိယထပ် ဝရန်တာမှတစ်ဆင့် ဗီလာအပြင်သို့ ထွက်လာပြီးနောက်၊ ယွမ်ရီ ဟွေးသည် ဘက်ထရီသက်သာစေရန် လက်နှိပ်ဓာတ်မီးကို အနိမ့်ဆုံး အလင်း ရောင်သို့ ချိန်ညှိ၍ ဖွင့်လိုက်ပြီး၊ သူ၏ အစ်ကိုဝမ်းကွဲရှိရာ ဗီလာဆီသို့ အလျင် စလို ပြန်သွားခဲ့လေတော့သည်။

အသက်ရှင်ကျန်ရစ်သူများအားလုံး မြေအောက်ခိုလှုံရေးစခန်းမှ ထွက်ခွာကာ ၎င်းတို့၏နေအိမ်များသို့ ပြန်သွားပြီးနောက်၊ လင်းရိသည် ချန်ဇီကျိန်းနှင့်

သူ၏လူများအတွက် နေရာထိုင်ခင်းများ ပြင်ဆင်ပေးခဲ့ပေသည်။ သူတို့သည် အဖွဲ့ဝင်များနှင့် သူတို့၏မိသားစုများကို နေရာချထားပေးရန် အလုပ်ရှုပ် နေစဉ် တွင်၊ စခန်းက နောက်ဆုံးတော့ အရေးယူဆောင်ရွက်မှုများ စတင်လာခဲ့တော့ သည်။

အသက်ရှင်ကျန်ရစ်သူများ မြေအောက်ခိုလှုံရေးစခန်းမှ ထွက်ခွာသွားပြီး နောက် နာရီအနည်းငယ်အကြာတွင်၊ အများပြည်သူဆိုင်ရာရုံးက နည်းပညာ ဝန်ထမ်းများကို အိတ်ဖွင့်ခေါ်ယူကြောင်း ကြေညာခဲ့လေသည်။

စွန့်ပစ်ပစ္စည်းများဖြင့် မောင်းနှင်သည့် စွမ်းအင်သုံး ဂျင်နရေတာများကို တည် ဆောက်နိုင်သူများကို ချက်ချင်း အလုပ်ခန့်မည်ဖြစ်ပြီး ဇီဝဓာတ်ငွေ့ထုတ်စက် ကဲ့သို့သော စက်များကို တည်ဆောက်နိုင်သူများကို လစာမြင့်မားစွာ ပေးမည် ဖြစ်ပေသည်။

ကြေညာချက် ထွက်ပေါ်လာသောအခါ ရေတွက်မရနိုင်သော အသက်ရှင် ကျန်ရစ်သူများက ထိုရာထူးများအတွက် လျှောက်ထားခဲ့ကြလေသည်။

အများစုမှာ ပိုမိုကောင်းမွန်သော ဘဝကို မျှော်လင့်နေကြသည့် စွမ်းရည်မရှိ သော ကျူးကျော်ရပ်ကွက်မှ နေထိုင်သူများ ဖြစ်ကြပေသည်။ အမှောင်ထု၏ အန္တရာယ်များကို ရင်ဆိုင်ကာ သူတို့သည် အများပြည်သူဆိုင်ရာရုံးရှေ့တွင် ကြိတ်ကြိတ်တိုး စုရုံးနေခဲ့ကြပေတော့သည်။

စခန်းသည် လျှောက်ထားသူ အများအပြားကို ဆွဲဆောင်နိုင်ခဲ့သော်လည်း၊ ဂျင်နရေတာများနှင့် စက်များကို အကြီးအကျယ် ထုတ်လုပ်ရန်အတွက် လုံလောက်သော ပစ္စည်းကိရိယာများ မရှိပေ။

အများပြည်သူဆိုင်ရာရုံး၏ ကြေညာချက်ထွက်ပြီး နာရီဝက်အကြာတွင် တာဝန်ပေးအပ်သည့်ရုံးက ၎င်း၏ ပထမဆုံးတာဝန်ကို တရားဝင် ကြေညာခဲ့ ရာ၊ ၎င်းမှာ ဂျင်နရေတာများနှင့် စက်များကို တည်ဆောက်ရန် လိုအပ်သည့် ပစ္စည်းများကို ရှာဖွေပေးရန်ပင် ဖြစ်တော့သည်။ ရက်ရောသော ဆုကြေးများ က စွမ်းရည်သုံးစွဲသူ အများအပြားကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့လေသည်။

မွန်းတည့်ချိန်တွင် ယွမ်ရီဟွေး ပြန်ရောက်လာသောအခါ၊ ယောင်ရန်နှင့် အခြား သူများထံသို့ ဤသတင်းကို ယူဆောင်လာခဲ့ပေသည်။

သူ၏လူများက ကုန်တင်ကားပေါ်သို့ ဓာတ်ဆီများ တင်နေချိန်တွင် ယောင်ရန် က ပြောလိုက်လေသည်။

"အစ်ကိုယွမ်... ရှင်တို့ တတ်နိုင်သမျှ မြန်မြန် ထွက်သွားသင့်တယ်… ဒီနေရာက အခုလောက် ဆက်ပြီး လုံခြုံနေတော့မယ် မထင်ဘူး…"

အမှောင်ထုသည် လူ့သဘာဝ၏ အဆိုးရွားဆုံးအရာများကို ဖော်ထုတ်ပေးပြီး ရာဇဝတ်မှုများအတွက် စံပြပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်ပေသည်။ သူမ၏ စိုးရိမ်ပူပန်မှုများကို နားလည်သဘောပေါက်သွားပြီး ယွမ်ရီဟွေး ခေါင်းညိတ်လိုက်လေသည်။

"ရိက္ခာတွေ တင်လို့ပြီးတာနဲ့ ကျွန်တော့်အစ်ကိုဝမ်းကွဲနဲ့ တခြားသူတွေ ထွက် သွားကြပါလိမ့်မယ်...”

ယောင်ရန် မျက်ခုံးအနည်းငယ် ပင့်သွားပြီး မေးလိုက်လေသည်။

"ရှင်က သူတို့နဲ့အတူ မလိုက်သွားဘူးလား…"

ယွမ်ရီဟွေးက ခေါင်းယမ်းပြီး ရှင်းပြလေသည်။

"ကျွန်တော် ဒီမှာပဲ နေခဲ့မယ်…ကျွန်တော်တို့မှာ ပြီးပြတ်အောင် လုပ်ရမယ့် အလုပ်တွေ အများကြီး ကျန်နေသေးတယ်… ကျွန်တော်တို့ရဲ့ ဖောက်သည် တွေကို ပစ်ထားခဲ့ပြီး တစ်နှစ်ကျော်ကြာ ခက်ခက်ခဲခဲ တည်ဆောက်ထား တာတွေကို လွယ်လွယ်နဲ့ ဖျက်ဆီးပစ်လို့ မရဘူးလေ...”

သူ၏ ရှင်းပြချက်ကို ကြားသောအခါ ယောင်ရန်က နားလည်သဘောပေါက်စွာ ခေါင်းညိတ်လိုက်လေသည်။

သူတို့၏ ဆက်ဆံရေးကောင်းမွန်မှုကြောင့်သာမက လင်းရိ၏ အဆက်အသွယ် များကြောင့်လည်း သူမက သူတို့အား သူမ၏အဖွဲ့ထဲသို့ လက်ခံခဲ့ခြင်းဖြစ် ပေသည်။ အကယ်၍ သူတို့ ထိုအဆက်အသွယ်များကို ဆုံးရှုံးသွားပါက၊ သူတို့ ၏ အကြီးမားဆုံးသော အရာများထဲမှ တစ်ခုကို ဆုံးရှုံးရလိမ့်မည် ဖြစ်ပေ သည်။

နောက်ဆုံး ဓာတ်ဆီပီပါကို ထရပ်ကားပေါ်သို့ တင်ပြီးသောအခါ၊ သူတို့လူများ ထဲမှ တစ်ဦးက လှမ်းပြောလိုက်လေသည်။

"အစ်ကိုယွမ်... ပြီးသွားပြီ…"

"ကောင်းပြီ...”

ယွမ်ရီဟွေးက ယောင်ရန်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

"မစ္စယောင်... ကျွန်တော် သွားတော့မယ်… တစ်ခုခု လိုအပ်ရင် ညနေပိုင်း ကျွန်တော့်အစ်ကိုဝမ်းကွဲရဲ့ ဗီလာမှာ ကျွန်တော့်ကို လာရှာလို့ရပါတယ်…"

"ကောင်းပါပြီ...”

ယွမ်ရီဟွေး ထွက်သွားပြီးနောက်၊ မှောင်မိုက်နေသော်လည်း ဗီလာဧရိယာအ တွင်းရှိ လူတိုင်း အလုပ်ရှုပ်နေပုံရကြောင်း ယောင်ရန် သတိထားမိလိုက်လေ သည်။

ဤမွန်းတည့်ချိန်တွင် ယွမ်ရီဟွေးနှင့် သူ၏လူများ ကူညီပေးမှုကြောင့် သူမ၏ ဗီလာကို ဖုံးလွှမ်းနေသော သဲများ ရှင်းလင်းသွားခဲ့ပြီဖြစ်သည်။ ယခု ခြံရှေ့တွင် ရပ်နေရင်း ယောင်ရန်သည် သူမ၏ ညကြည့်မှန်ပြောင်းကို ထုတ်ယူကာ ပတ် ဝန်းကျင်ကို စကင်ဖတ်ကြည့်လိုက်လေသည်။

မကြာမီမှာပင် အလုပ်သမားများက အနီးနားရှိ ဗီလာများတစ်ဝိုက်တွင် လျှပ် စစ်ဓာတ်အားလိုင်းများနှင့် ဂျင်နရေတာများ တပ်ဆင်နေကြသည်ကို သူမ မြင်လိုက်ရပေသည်။

ခေတ္တမျှ စဉ်းစားပြီးနောက်၊ သွားရောက်၍ အနီးကပ် လေ့လာကြည့်ရန် ဆုံး ဖြတ်လိုက်လေသည်။

ညကြည့်မှန်ပြောင်းကို သိမ်းဆည်းလိုက်ပြီးနောက် သူမသည် လက်နှိပ်ဓာတ် မီးတစ်လက်ကို ထုတ်ယူလိုက်လေသည်။ မီးဖွင့်ပြီးနောက် သူမသည် ဗီလာ ထဲမှ ထွက်လာခဲ့ပြီး အိမ်နီးချင်း၏ ဗီလာဆီသို့ လျှောက်သွားခဲ့လေသည်။

ဗီလာတစ်ခုနှင့်တစ်ခု အကွာအဝေးမှာ မီတာ ၅၀ ခန့်သာ ရှိသောကြောင့် သူမ ဘေးအိမ်ဗီလာသို့ ရောက်ရန် အချိန်သိပ်မကြာလိုက်ပေ။

ယောင်ရန်သည် ဗီလာအရှေ့တွင် ရပ်ကာ အလုပ်သမားများ လျှပ်စစ်ဓာတ် အားလိုင်းများ တပ်ဆင်နေသည်ကို စောင့်ကြည့်နေခဲ့လေသည်။

အလုပ်သမားများထဲမှ တစ်ဦးက သူမကို သတိထားမိသွားပြီး မေးလိုက်လေ သည်။

"မိန်းကလေး... တစ်ခုခု အလိုရှိလို့လား…"

ဗီလာပိုင်ရှင်သည် ထိုဧရိယာကို လင်းထိန်စေရန် ဆိုလာမီးအိမ် အများအပြား ကို တပ်ဆင်ပေးထားသောကြောင့် အလုပ်သမားများ ရှင်းလင်းစွာ မြင်နိုင် ပေသည်။ လင်းထိန်နေသော ပတ်ဝန်းကျင်ကြောင့် ယောင်ရန်သည် သူမ၏ လက်နှိပ်ဓာတ်မီးကို ပိတ်လိုက်လေသည်။

All Chapters