← Chapters

အခန်း ၃၉၀

Vol. 39 Ch. 390

အခန်း ၃၉၀

Vol. 39 Ch. 390

အခန်း (၃၉၀) ရွှီရူဟန်၏ ရွေးချယ်မှု

ခေတ္တမျှ စဉ်းစားပြီးနောက် မူရှီးချန်က မေးလိုက်လေသည်။

"ဒီအဖွဲ့အစည်းနဲ့ စာရွက်စာတမ်းတွေထဲမှာ ရေးထားတာတွေက ဘာဆက်စပ် မှုရှိလို့လဲ…. သဘာဝဘေးအန္တရာယ်တွေရဲ့ နောက်ကွယ်မှာ သူတို့ ရှိနေတယ်လို့ မင်း ထင်လို့လား…"

ရွှီရူဟန်က ခေါင်းယမ်းလိုက်လေသည်။

"မဟုတ်ဘူး… ဒါပေမဲ့ အဘိုးယောင် မကွယ်လွန်ခင် ယောင်ရန်ကို ကာကွယ် ပေးဖို့ ငါ့ကို တောင်းဆိုခဲ့တဲ့ အကြောင်းရင်းက ဒီအဖွဲ့အစည်းနဲ့ ဆက်စပ်နေ မယ်လို့ ငါထင်တယ်...”

မူရှီးချန်၏ စပ်စုချင်နေသော မျက်နှာအမူအရာကို မြင်သောအခါ ရွှီရူဟန်က ဆက်ပြောလေသည်။

"ယောင်ရန်ကို ကူညီပေးဖို့အတွက် အဘိုးယောင် ခေါ်မွေးထားတဲ့ မိဘမဲ့ ကလေးတွေထဲက တစ်ယောက်က သေတ္တာတော် ရဲ့ ခေါင်းဆောင်ဖြစ်မယ်လို့ သူ သံသယရှိခဲ့တယ်… သူက ခိုင်လုံတဲ့ သက်သေအထောက်အထား မတွေ့ခဲ့ရ သေးသလို သူတို့ကိုလည်း မလန့်သွားစေချင်တဲ့အတွက် မကွယ်လွန်ခင်မှာ ဒီ ကိစ္စကို ငါ့ကို လျှို့ဝှက်ပြောပြခဲ့တာ...”

သူ၏စကားကြောင့် မူရှီးချန် မျက်မှောင်ကြုတ်သွားခဲ့လေသည်။

"ရန်သူတွေလား... သေတ္တာတော် ရဲ့ ခေါင်းဆောင်က အဘိုးယောင် ကယ်တင် ခဲ့တဲ့ မိဘမဲ့ကလေးတွေထဲက တစ်ယောက်ဆိုရင်၊ အဲ့ဒီလူက မဟာမိတ် ဖြစ် သင့်တာ မဟုတ်ဘူးလား...”

ရွှီရူဟန်သည် နားထင်ကို ပွတ်သပ်ကာ ခေါင်းကိုယမ်းလိုက်လေသည်။

"အဘိုးယောင်း ဘာတွေ တွေ့ရှိခဲ့လဲဆိုတာတော့ ငါ မသိဘူး၊ ဒါပေမဲ့ ယောင်ရန်ကို အဲ့ဒီလူဆီကနေ ကာကွယ်ပေးဖို့ သူ ငါ့ကို ပြောခဲ့တယ်… ဒီ အကြောင်းကြောင့်ပဲ ငါတို့ လက်ထပ်သင့်တယ်ဆိုတဲ့ ငါ့အဘိုးရဲ့ တောင်းဆို ချက်ကိုလည်း သူ သဘောတူခဲ့တာပဲ...”

မူရှီးချန်၏ မျက်လုံးများ နားလည်သဘောပေါက်သွားမှုနှင့်အတူ အရောင် လက်သွားခဲ့လေသည်။ သူက ရွှီရူဟန်ကို ကြည့်ကာ ပြောလိုက်လေ သည်။

"ဒါကြောင့် မင်းအဘိုးက မင်းတို့နှစ်ယောက်ကို သဘောတူဖို့ ဆက်တိုက် ကြိုး စားနေခဲ့တာကိုး… သူက မြစ်ချီချင်လို့ပဲ ထင်နေခဲ့တာ၊ တကယ်တော့ အဘိုး ယောင် နဲ့ လျှို့ဝှက်သဘောတူညီချက် ရှိနေခဲ့တာပဲ…."

ရွှီရူဟန်က ခေါင်းညိတ်လိုက်သည်။

"အင်း......”

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မူရှီးချန်က မေးလိုက်လေသည်။

"မင်းရဲ့အဘိုးက ဒါကို သဘောတူခဲ့တယ်ဆိုရင်တော့ အပြန်အလှန်အနေနဲ့ တစ်ခုခုတော့ ရခဲ့မှာပဲ…"

ရွှီရူဟန်သည် ဝန်မခံမီ ခေတ္တမျှ တုံ့ဆိုင်းနေပြီး မှပြောလိုက်လေ သည်။

"ဟုတ်တယ်… အဘိုးယောင်က ယောင်ရန်ကို အရာအားလုံး ပေးခဲ့တယ်… ငါတို့ လက်ထပ်တဲ့အခါ အဲ့ဒီအထဲက တစ်ဝက်က ငါ့ပိုင် ဖြစ်လာလိမ့်မယ်… ယောင်မိသားစုရဲ့ ကြွယ်ဝချမ်းသာမှုနဲ့ဆိုရင်၊ ငါ့မိသားစုက အချိန်တိုအတွင်း မြေအောက်လောကကို စိုးမိုးနိုင်လိမ့်မယ်…."

သူသည် တစ်စက္ကန့်ခန့် စကားရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်လေသည်။

"အဘိုးယောင်က သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ငါ့အဘိုးကို ရွှေတွင်းတစ်ခုနဲ့ စိန်တွင်းတစ်ခုကိုလည်း ပေးခဲ့သေးတယ်…."

ယင်းကို ကြားသောအခါ မူရှီးချန်သည် နောက်သို့ မှီထိုင်လိုက်ပြီး သူ၏ အေး စက်သောမျက်လုံးများထဲတွင် နောက်ပြောင်လိုသည့်အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့လေသည်။

"ဒါကြောင့် မင်းမိသားစုရဲ့ စည်းစိမ်တွေက ပြီးခဲ့တဲ့နှစ်တွေအတွင်း အံ့မခန်း တိုးတက်လာပြီး ငါ့ကိုတောင် ကျော်တက်သွားတာကိုး… မင်းအဘိုးက ယောင်မိသားစုဆီမှာ အိမ်ပါသမက်အဖြစ် လက်ထပ်ဖို့ မင်းကို ရောင်းစား လိုက်တဲ့ပုံပဲ...”

ရွှီရူဟန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မကျေမနပ်ဖြင့် မျက်မှောင်ကြုတ် သွားခဲ့လေသည်။

သူက အေးစက်စွာ ပြောလိုက်လေသည်။

"နောက်မနေနဲ့… ယောင်ရန်မှာ ချစ်သူရှိနေပြီ… သူ့ရဲ့ ချစ်သူက ငါတို့ဆက်ဆံ ရေးကို အထင်လွဲသွားရင် မကောင်းဘူး… ငါက အခက်ခဲဆုံးအချိန်တွေမှာ ငါ့မိသားစုအပေါ် ထားရှိခဲ့တဲ့ အဘိုးယောင်ရဲ့ ကျေးဇူးကို ယောင်ရန်ကို ကာ ကွယ်ပေးရင်းနဲ့ ပြန်ဆပ်ချင်ရုံသက်သက်ပါ…"

"ဒါဆို မင်း အခု ဘာလုပ်မလဲ…"

မူရှီးချန်က တည်ငြိမ်စွာ မေးလိုက်လေသည်။

ရွှီရူဟန်က သက်ပြင်းချကာ ပြောလိုက်လေသည်။

"ငါ ဘာလုပ်နိုင်မှာလဲ… သူ့ကို ကာကွယ်ပေးမယ်လို့ အဘိုးယောင်ကို ကတိပေး ထားခဲ့တာပဲလေ… သူ့ကို လက်မထပ်ရင်တောင် သူ့ကို ကူညီပေးလို့ ရပါသေး တယ်… လက်မထပ်ဘဲနဲ့လည်း သူ့ရဲ့ မိသားစုဝင်အဖြစ် ဆက်ရှိနေလို့ ရတာပဲ လေ…."

"ငါ့အဘိုးက သူ့ကို မွေးစားမြေးမလေးအဖြစ် လက်ခံသရွေ့ ငါတို့ မောင်နှမ တွေ ဖြစ်လာနိုင်ပါသေးတယ်… ငါ့မိသားစုက သူ့ရဲ့ ကျောထောက်နောက်ခံ အဖြစ် ရှိနေရင်၊ သူ့အနေနဲ့ ပိုပြီး လုပ်ဆောင်နိုင်သလို ရန်သူတွေကို ရင်ဆိုင်ရာ မှာလည်း ပိုပြီး ရဲရင့်လာနိုင်တယ်…"

ထိုသို့ပြောပြီးနောက် ရွှီရူဟန် မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်လေသည်။

"ဒါပေမဲ့ ငါ့ကို အနှောင့်အယှက်ဖြစ်စေတဲ့ ကိစ္စတစ်ခုတော့ ရှိတယ်… ငါ တွေ့ရှိ ထားသလောက်ဆိုရင် သေတ္တာတော် ဆိုတဲ့ ဒီအဖွဲ့အစည်းက ယောင်ရန်ကို ပစ် မှတ်ထားနေပုံပဲ…."

မူရှီးချန် ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်လေသည်။

"အဘိုးယောင်တောင် သူတို့ကို သတိထားနေရတယ်ဆိုရင် သူတို့ကို ဖြေရှင်း ဖို့ လွယ်မှာမဟုတ်ဘူး…."

"မင်းပြောတာ မှန်တယ်…."

ရွှီရူဟန်က သဘောတူလိုက်လေသည်။

သူ၏ စိတ်ရှုပ်ထွေးနေသော အမူအရာကို မြင်သောအခါ မူရှီးချန်က နှစ်သိမ့် လိုက်လေသည်။

"အရမ်းလည်း တွေးမနေပါနဲ့… မင်း ဆုံးဖြတ်ပြီးပြီဆိုမှတော့ ငါတို့ ရှေ့ဆက် သွားရုံပဲ ရှိတော့တာပေါ့… ငါတို့ရဲ့ ပထမဆုံး ခြေလှမ်းက သေတ္တာတော် ကို ယှဉ်ပြိုင်နိုင်လောက်တဲ့ အင်အားတစ်ခု တည်ဆောက်ဖို့ပဲ… လောလောဆယ် တော့ ဒီစခန်းကို ရှင်းလင်းဖို့ မင်းရဲ့ ဒုတိယဦးလေးကို ကူညီပေးတဲ့အပေါ်မှာပဲ အာရုံစိုက်ထားကြရအောင်…."

ရွှီရူဟန်က မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး မေးလိုက်လေသည်။

"မင်းမှာ အစီအစဉ် ရှိလို့လား…."

မူရှီးချန်က ခေါင်းညိတ်လိုက်လေသည်။

"ရှိတာပေါ့… အစီအစဉ်က ရိုးရှင်းပါတယ်… ဒုတိယတပ်မတော်က စစ်သည် တွေ စုဆောင်းနေတယ်ဆိုတာ မင်း ကြားပြီးပြီလား…"

"အင်း... စစ်သည်တော်တော်များများက စောစောစီးစီး အငြိမ်းစားယူခွင့် တောင်းဆိုနေကြတယ်လေ… ဒီကိစ္စကြောင့် တုကျောက်ယီ စိတ်ပူနေလောက် မယ်လို့ ငါ ထင်တယ်…."

ရွှီရူဟန်က ပြန်ဖြေလိုက်လေသည်။

မူရှီးချန်က ခေါင်းညိတ်ကာ ရှင်းပြလိုက်လေသည်။

"ရန်သူ့ခံတပ်ကို ဖြိုခွင်းဖို့ဆိုရင် ပထမဆုံး ရိက္ခာထောက်ပံ့ရေးလမ်းကြောင်း ကို ဖြတ်တောက်ရမယ်… ငါတို့ရဲ့ ပထမဆုံးလှုပ်ရှားမှုက ဒုတိယတပ်မတော် ထက် အရင်ဦးအောင် အဲ့ဒီစစ်သည်တွေကို စုဆောင်းဖို့ပဲ...”

ရွှီရူဟန်၏ မျက်လုံးများ နားလည်သဘောပေါက်သွားမှုနှင့်အတူ အရောင် လက်သွားခဲ့လေတော့သည်။

အဆိုပါ အကြံဉာဏ်ကို စဉ်းစားပြီးနောက် သူက ပြောလိုက်လေ သည်။

"ကောင်းပြီလေ…. မင်း နည်းလမ်းအတိုင်းပဲ လုပ်ကြတာပေါ့…."

သူတို့ ဆုံးဖြတ်ချက်ချပြီးနောက် မူရှီးချန်သည် ဆိုဖာပေါ်မှ ထရပ်လိုက်ပြီး ပြောလိုက်လေသည်။

"ငါ လူစုဆောင်းဖို့ စပြင်လိုက်တော့မယ်… မင်းက ရိက္ခာတွေ သေချာရဖို့ကိုပဲ အာရုံစိုက်ထားလိုက်…."

"ကောင်းပါပြီ...”

ထိုသို့ ပြောဆိုပြီးနောက် သူတို့နှစ်ဦးသည် ဗီလာမှထွက်၍ မိမိတို့၏ တာဝန် များကို လုပ်ဆောင်ရန် ထွက်သွားကြလေတော့သည်။

တစ်ချိန်တည်းမှာပင် အလုပ်သမားများသည် ဘေးအိမ်ဗီလာတွင် လျှပ်စစ် ဓာတ်အားလိုင်းများနှင့် ဂျင်နရေတာများ တပ်ဆင်ခြင်းကို ပြီးစီးသွားကြပြီ ဖြစ်လေသည်။ သူတို့၏ ကိရိယာများကို သိမ်းဆည်းကာ လုပ်အားခကို ကောက်ခံ ပြီးနောက် ယောင်ရန်၏ ဗီလာဆီသို့ ဦးတည်သွားကြလေတော့ သည်။

ယောင်ရန်၏ ဗီလာရှေ့သို့ ရောက်ရှိသောအခါ အလုပ်သမားများထဲမှ တစ်ဦး က သတ္တုဂိတ်တံခါးကို ခေါက်ကာ မေးလိုက်လေသည်။

"မိန်းကလေး... အထဲမှာ ရှိလား…"

ယင်းကို ကြားသောအခါ သူတို့ကို စောင့်နေခဲ့သော ယောင်ရန်သည် လက်နှိပ် ဓာတ်မီးတစ်လက်နှင့်အတူ အလျင်အမြန် ထွက်လာခဲ့လေသည်။ ဂိတ်တံခါးဝ တွင် သူတို့ကို မြင်သောအခါ သူမက တံခါးကို ဖွင့်ပေးလိုက်ပြီး ကြောလိုက် လေသည်။

"ဦးလေး... ကျွန်မ လိုအပ်တဲ့ပစ္စည်းတွေ ပြင်ဆင်ထားပါတယ်… အထဲ ဝင်လာ ခဲ့ပါရှင်…"

အလုပ်သမားနှင့် သူ၏အဖွဲ့သည် ယောင်ရန်၏နောက်သို့ လိုက်ကာ အထဲသို့ ဝင်လာခဲ့ကြလေသည်။

အထဲသို့ရောက်သည်နှင့် သူကမေးလိုက်လေသည်။

"မိန်းကလေး... လျှပ်စစ်ဓာတ်အားလိုင်းတွေကို ဘယ်နေရာမှာ တပ်ဆင်စေ ချင်တာလဲ…."

ခြံစည်းရိုးတံတိုင်းကို လက်ညိုးထိုးပြကာ ယောင်ရန်က ပြောလိုက်လေ သည်။

"ဦးလေး... လျှပ်စစ်ဓာတ်အားလိုင်းတွေ မတပ်ခင်၊ ခြံစည်းရိုးအမြင့်ကို မြှင့် ပေးဖို့ ကျွန်မကို ကူညီပေးနိုင်မလား…."

သူမစကားကြောင့် အလုပ်သမား၏ မျက်လုံးများ အရောင်လင်းလာခဲ့ပြီး…၊

"ပြဿနာ မရှိပါဘူး…. ဒါပေမဲ့ အဲ့ဒီအလုပ်အတွက်တော့ အပိုထပ်ပေးရမယ် နော်…." ဟု တုံ့ပြန်လိုက်လေသည်။

ယောင်ရန်က ပြုံးကာ ခေါင်းညိတ်လိုက်လေသည်။

"ရတာပေါ့… အဲ့ဒီအလုပ်အတွက် ဘယ်လောက် ယူမလဲ...”

ခြံစည်းရိုးတံတိုင်း တည်ဆောက်ခြင်းသည် လျှပ်စစ်ဓာတ်အားလိုင်း တပ် ဆင်ခြင်းနှင့် ကွဲပြားသော အလုပ်တစ်ခုဖြစ်ပေသည်။ ၎င်းက ပိုမိုကျွမ်းကျင်မှု၊ အလုပ်ချိန် ပိုမိုကြာမြင့်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ အားစိုက်ထုတ်မှုတို့ကို လိုအပ်ပေ သည်။

အလုပ်သမား မျက်မှောင်ကြုတ်သွားပြီး မိမိကိုယ်ကိုယ် တွေးလိုက်သည်။

*ဒါက လွယ်ကူတဲ့အလုပ်တော့ မဟုတ်ဘူး… ဒါပေမဲ့ ငါ ဈေးအရမ်းခေါ် လိုက် ရင်၊ ဒီကောင်မလေးက အလုပ်ကို ဖျက်ပြီး တခြားတစ်ယောက်ယောက်ကို ငှားလိုက်လိမ့်မယ်…*

သူသည် သူ၏အဖွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲမှ သက်ပြင်းချလိုက် လေသည်။

*ဒါပေမဲ့ ဈေးအရမ်းနည်းသွားရင်လည်း သူတို့ကို မျှမျှတတ ပေးချေဖို့ လောက်မှာ မဟုတ်ဘူး…*

သူ၏ တုံ့ဆိုင်းနေမှုကို သတိပြုမိသွားပြီး ယောင်ရန်က အကြံပြုလိုက်လေ သည်။

"ဦးလေး... ဈေးအတွက် မသေမချာ ဖြစ်နေတယ်ဆိုမှတော့၊ ကျွန်မ ရှင်တို့ကို အစားအစာ ကီလိုဂရမ် (၂၀၀) ပေးပြီး ဒီနေ့ ရှင့်အဖွဲ့အတွက် ထမင်းတစ်နပ် ကျွေးမယ်ဆိုရင်ရော ဘယ်လိုလဲ…."

All Chapters