← Chapters

အခန်း (၂၉၁၅-၂၉၁၆)

Vol. 292 Ch. 2915-2916

အခန်း (၂၉၁၅-၂၉၁၆)

Vol. 292 Ch. 2915-2916

အခန်း (၂၉၁၅) - မင်းမှာ ဒီလောက် ရဲရင့်တဲ့ စိတ်ဓာတ်ရှိရင်ပဲ လုံလောက်ပြီ

​"ဖန့်ချန်၊ အရင်တုန်းက မင်းတို့ ယင်ယန် ဝိညာဉ်မျက်လုံး ကို လေ့လာခဲ့တုန်းက တစ်ခါ ပြဿနာ တက်ခဲ့ဖူးတယ်။"

​"အကြောင်းရင်းကိုလည်း မသိလိုက်ရဘဲ အဲဒီသတင်းက ဟင်းလင်းပြင် ကွပ်မျက်သူတွေဆီကို ရောက်သွားခဲ့တယ်။"

​ရှူလုံ ကောင်းကင်အရှင်သည် ဖန့်ချန်ကို ကြည့်ကာ -

​"ဒီတစ်ခါ အသွင်ပြောင်း နတ်ဘုရားမျက်လုံး ကို လေ့လာတဲ့အခါမှာလည်း ပြဿနာတွေ ထပ်တက်ခဲ့ပြန်တယ်။"

​"အဲဒါကြောင့်ပဲ ယင်ယန်ဝိညာဥ်မျက်လုံး ဖြစ်စေ၊ အသွင်ပြောင်း နတ်ဘုရားမျက်လုံးဖြစ်စေ၊ မင်းတို့ နှစ်ခုစလုံး လေ့လာဖို့ ကြိုးစားခဲ့ပေမဲ့ အောင်မြင်မှု မရခဲ့ဘူး။"

​"ဒါကြောင့် ဒီတစ်ခါ အမှားအမှန် ဖောက်ထွင်းမျက်လုံး အတွက်တော့ မင်းကိုယ်တိုင်ပဲ ဆုံးဖြတ်ချက်ချတော့။"

​"သွားမယ်ဆိုရင်တော့ ကြီးမားတဲ့ အန္တရာယ်တွေကို ရင်ဆိုင်ရဖို့ များပြီး၊ ဘာအကျိုးအမြတ်မှလည်း ရလာဖို့ မသေချာဘူး။"

​"အဲဒီ နှစ်ကြိမ်က တကယ်ကို နှမြောဖို့ ကောင်းပါတယ်။"

​"ငါတို့ ကောင်းကင်ငါးပါးထဲက လူငယ်မျိုးဆက်တွေထဲမှာ ဖန့်ချန်က အတော်ဆုံးပဲ။ အပြင်လူတွေရဲ့ အနှောင့်အယှက်သာ မပါဝင်ရင် အဲဒီ မျက်လုံးပညာ နှစ်ခုလုံးကို အောင်မြင်အောင် လေ့လာနိုင်မှာ အသေအချာပဲ။"

​"ဒီတစ်ခါလည်း မငြိမ်းချမ်းလောက်ဘူးလို့ ထင်တယ်။"

​အချို့သော တာဝန်ရှိသူများမှာ ခေါင်းခါယမ်းလိုက်ကြပြီး မျက်နှာအမူအရာမှာလည်း လေးနက်နေကြသည်။

​ဖန့်ချန်သည် ခဏမျှ တိတ်ဆိတ်စွာ တွေးတောပြီးနောက် မတ်တတ်ရပ်ကာ လက်သီးလက်ဝါး စု၍ အရိုအသေပေးသည်။

​"အကြီးအကဲ၊ ကျွန်တော် ယင်ယန် ဝိညာဥ်မျက်လုံး နဲ့ အသွင်ပြောင်း နတ်ဘုရားမျက်လုံး မှာ လေ့လာမှု အောင်မြင်ခဲ့ခြင်း မရှိပေမဲ့..."

​"ဒီတစ်ခါ အမှားအမှန် ဖောက်ထွင်းမျက်လုံး ကိုတော့ ကျွန်တော် ထပ်ပြီး ကြိုးစားကြည့်ချင်ပါသေးတယ်။ ကျွန်တော့်ရဲ့ အစွမ်းကုန် ကြိုးစားသွားမှာပါ။"

​"ကောင်းပြီ။"

​ရှူလုံ ကောင်းကင်အရှင်၏ မျက်ဝန်းထဲတွင် ကျေနပ်အားရသည့် အရိပ်အယောင်များ ပေါ်လာသည်။

​"မင်းမှာ ဒီလောက် ရဲရင့်တဲ့ စိတ်ဓာတ်ရှိရင်ပဲ လုံလောက်ပါပြီ။"

​သူသည် ကျန်ရှိသော တာဝန်ရှိသူများကို လှည့်ကြည့်သည်။

​"မင်းတို့ အိမ်က လူငယ်တွေကိုလည်း ခေါ်လိုက်ကြဦး၊ ဒီတစ်ခါ အမှားအမှန် ဖောက်ထွင်းမျက်လုံး ကို အားလုံး အတူတူ သွားလေ့လာကြမယ်။"

​"မျက်လုံးပညာ ကိုးမျိုးထဲမှာ ဒီမျက်လုံးပညာက တိုက်ခိုက်မှု အပြင်းထန်ဆုံး ဖြစ်နိုင်တယ်။"

​"အောင်မြင်အောင် လေ့လာနိုင်ခဲ့ရင် အနာဂတ်အတွက် အကျိုးကျေးဇူးက တိုင်းတာလို့ မရနိုင်အောင် များပြားလိမ့်မယ်။"

​"မကြာခင် သွားရမယ့် ဆန်းနယဲ့ စစ်မြေပြင်မှာ ဒီမျက်လုံးပညာကို ပိုင်ဆိုင်ထားရင် ပိုပြီး လုံခြုံလိမ့်မယ်။"

​"ဆန်းနယဲ့ စစ်မြေပြင်ထဲက တခြား နတ်ဘုရား အင်ပါယာတွေမှာလည်း မျက်လုံးပညာ ကိုးမျိုးကို အတော်လေး နက်နက်နဲနဲ လေ့လာထားတဲ့ လူငယ်တွေ ရှိနေမှာပဲ။ မျက်လုံးပညာ ငါးမျိုး၊ ခြောက်မျိုးလောက် စုမိထားတဲ့သူတွေလည်း ရှိမှာ အသေအချာပဲ။"

​"ငါတို့ နောက်ကျကျန်ခဲ့လို့ မဖြစ်ဘူး။ အနည်းဆုံးတော့..."

​သူသည် ဖန့်ချန်ကို ကြည့်လိုက်သည်။

"မင်း သူတို့ထက် နောက်ကျကျန်ခဲ့လို့ မဖြစ်ဘူး။ ဝူရှန်းပေမြိန့် စခန်းနယ်မြေမှာ မင်းက အမှတ်စဉ် (၁) သူတော်စင် ဖြစ်ပေမဲ့ မင်းကိုယ်တိုင်လည်း ပြောခဲ့ဖူးသလိုပဲ အပေါ်မှာ ရှေးဟောင်းအင်အားစုကြီး ခုနစ်ခု ရှိနေသေးတယ်။"

​"မင်းက အခု ကြေးနီ သူတော်စင် နန်းတော်ရဲ့ အရန်ကိုယ်စားလှယ်သူတော်စင်ပဲ ရှိသေးတယ်။ အဲဒီ အဖွဲ့ဝင် အရင်းအမြစ်တွေထဲမှာ အမှားအမှန် ဖောက်ထွင်းမျက်လုံး ကို လေ့လာပြီးသားသူတွေ ရှိနေနိုင်တယ်။"

​"သူတို့နဲ့ ထိပ်တိုက်တွေ့တဲ့အခါ သင့်လျော်တဲ့ မျက်လုံးပညာ မရှိရင် အကြီးအကျယ် ရှုံးနိမ့်သွားလိမ့်မယ်။"

​"အကြီးအကဲ၊ စိတ်ချပါ။ ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ် "

​ဖန့်ချန်က ပြတ်သားစွာ ပြောသည်။

​"ကောင်းပြီ။"

​ရှူလုံ ကောင်းကင်အရှင်က ပြုံးလျက် ခေါင်းညိတ်သည်။

​"ငါ ကိုယ်တိုင် ယင်လောက ကို ခဏ ပြန်သွားပြီး ဒီ အတွင်းကမ္ဘာတားမြစ်နယ်မြေရဲ့ အသေးစိတ်ကို အရင် စုံစမ်းပေးမယ်။"

​"အတွင်းထဲမှာ ဘယ်လို ကန့်သတ်ချက်တွေ ရှိလဲဆိုတာ ကြည့်ရမယ်။"

​"မင်းတို့ ငါ့ကို ခဏလောက် စောင့်ပေးကြဦး။"

​"အကြီးအကဲ၊ စောင့်ရတာ ကိစ္စမရှိပါဘူး၊ ဒါပေမဲ့ ယင်သူတော်စင်တွေဘက်က..."

​ဒွမ်ချင်းရှန်းက စဉ်းစားဟန်ဖြင့် ပြောသည်။

​"ခဏ ရပ်ထားလိုက်ကြဦး၊ ဒီတစ်ခါ ဖြစ်ပျက်သွားတဲ့ အခြေအနေကြောင့် သူတို့ အတော်လေး ထိခိုက်သွားလောက်ပြီ။"

​"သူတို့သာ ဉာဏ်ကောင်းရင် နောက်ထပ် ထပ်ပြီး ဟန်ရေးပြဖို့ မဝံ့ရဲတော့ဘူး။"

​ရှူလုံ ကောင်းကင်အရှင်က ပြုံးလျက် ပြောသည်။

​"ဟုတ်ကဲ့။"

​တာဝန်ရှိသူအားလုံး ခေါင်းညိတ်လိုက်ကြသည်။

​အစည်းအဝေး ပြီးဆုံးပြီးနောက် ဖန့်ချန်သည် ဖမ်းဆီးရေးဌာနရှိ သူ၏ နေရာသို့ ပြန်သွားသည်။

​သူ့ရှေ့တွင် အကြောင်းအကျိုး‌ ပိတ်ကာ မျက်နှာပြင်တစ်ခု ဖြည်းညင်းစွာ ကျဆင်းလာသည်။ ထိုအထဲတွင် မရေမတွက်နိုင်သော ရုပ်ပုံငယ်များ ရှိနေပြီး၊ ၎င်းတို့မှာ မဟာသူတော်စင်ကမ္ဘာ ဘက်က အခြေအနေများနှင့်... ချင်းမင်ဘက်က အခြေအနေများ ဖြစ်သည်။

​မီးခိုးရောင် သမ်းနေသည့် နယ်မြေတစ်ခုတွင် ပုံရိပ်နှစ်ခု ရပ်နေသည်။

​"လုကျိုးယွမ်၊ ကောင်းကင်ငါးပါးက ဒီတစ်ခါ လွန်လွန်းမသွားဘူးလား တကယ်လို့ မဖြစ်နိုင်တော့ဘူးဆိုရင် ငါတို့ လမ်းခွဲလိုက်ပြီး သူတော်စင်ဧကရာဇ် နန်းတော်ဆီပဲ သွားပူးပေါင်းရင် ဘယ်လိုလဲ "

​လုကျိုးယွမ်၏ မျက်နှာချင်းဆိုင်တွင် မည်သူမည်ဝါမှန်း ခွဲခြားမရသော ပုံရိပ်တစ်ခု ရပ်နေသည်။

​သူ့ခန္ဓာကိုယ်မှ မဖယ်ရှားနိုင်သော မြူနှင်းများ ထွက်ပေါ်နေပြီး၊ ထူထဲလှသော အကြောင်းအကျိုးတို့ဖြင့် ဖုံးလွှမ်းထားသည်။

​"ပထမဆုံးအနေနဲ့၊ မင်း အသွင်ပြောင်း တားမြစ်နယ်မြေမှာ လုပ်ကြံမှုတွေ လုပ်ခဲ့တယ်၊ ငါ့ကို ကြိုပြီး အသိပေးထားလို့လား "

​"ဒီတစ်ခါလည်း မင်းက ဒွမ်ချင်းရှန်းနဲ့ ဖန့်ချန်ကို သတိပေးဖို့ လူလွှတ်ခဲ့တယ်၊ ငါ့ကို ကြိုအသိပေးထားလို့လား "

​လူကျိုးယွမ်က တည်ငြိမ်စွာ ပြောသည်

"ကောင်းကင်ငါးပါးရဲ့ ဖမ်းဆီးရေးဌာနကို စတင် တည်ထောင်ခဲ့တုန်းက ရွေးချယ်ခံခဲ့ရတဲ့ သူတော်စင်တွေဟာ အဆင့်ဆင့် စိစစ်ခံခဲ့ရတဲ့သူတွေပဲ။"

​"အထဲမှာ မင်းတို့ စီစဉ်ထားတဲ့သူတွေ ရှိကောင်းရှိမယ်၊ ဒါပေမဲ့ အနည်းဆုံး ၇၀၊ ၈၀ ရာခိုင်နှုန်းကတော့ စိတ်ဓာတ် ခိုင်မာသူတွေပဲ။"

​"အပြင်ဘက်က သြဇာလွှမ်းမိုးမှုတွေကို လွယ်လွယ်နဲ့ ခံမှာမဟုတ်ဘူး။"

​"မင်း ဒါကို သိလျက်နဲ့မှ ချင်းမင် ဖမ်းဆီးရေးဌာနရဲ့ တာဝန်ရှိသူ ဒွမ်ချင်းရှန်းကို တိုက်ခိုက်ဖို့ ဘာကြောင့် စီစဉ်ရတာလဲ "

​"နိဗ္ဗာန် တားမြစ်နယ်မြေမှာ နောက်ကွယ်ကနေ အကွက်ရွှေ့နေတာ ဘယ်သူလဲဆိုတာ မမေ့နဲ့ဦး။"

​"လုကျိုးယွမ်၊ မင်းက တရားမျှတသလိုလိုနဲ့ ငါ့ကို မပြောနဲ့။ ငါမေးမယ်၊ ဒီ ကောင်းကင်ငါးပါးကို မင်း ဆက်လိုချင်သေးတာ ဟုတ်လား "

​"မင်းမှာသာ တကယ့် သတ္တိရှိရင် အရင်ကတည်းက ဒီမှာ ပုန်းမနေဘူး။"

​"ငါက မင်းနဲ့ အတူတူပဲလို့ ထင်လို့ ဒီမှာ ကျန်နေပြီး အပြန်အလှန် စောင့်ရှောက်ပေးနေတာ။"

​"ဒါပေမဲ့ ကောင်းကင်ငါးပါးက အခု ဘာလုပ်နေလဲ ဆန်းနယဲ့ စစ်မြေပြင်ကို ဖွင့်လိုက်တယ်၊ အထဲမှာ နိဗ္ဗာန်တားမြစ်နယ်မြေကို လုကြတယ်၊ ကြယ်တာရာ မျက်ရည် တွေကို လုကြတယ်။"

​"ဒါတွေက ဘာလုပ်မလို့လဲ သူတော်စင်ဧကရာဇ် နန်းတော်ကို စစ်ကြေညာမလို့လား "

​"ငါတို့က အဲဒီလောက်အထိ အရည်အချင်း ရှိတယ်လို့ မင်း ထင်သလား "

​တစ်ဖက်လူက ပြင်းထန်စွာ ပြောသည်။

​ခဏမျှ ရပ်လိုက်ပြီးနောက် တစ်ဖက်လူက ရုတ်တရက် ရယ်မောလိုက်သည်။

​"လုကျိုးယွမ်၊ အဖြူရောင်ဝတ် သူတော်စင်ဧကရာဇ် ၊ မင်းမှာသာ အဲဒီလောက် သတ္တိရှိရင် အစကတည်းက ဒီမှာနေဖို့ ဘာကြောင့် ရွေးချယ်ခဲ့တာလဲ"

​"အခု မင်းကို သတ္တိပေးနေတာ ဘယ်သူလဲ သံသရာမသေမျိုးဂိုဏ်းလား "

​"သူတို့က‌ သူတော်စင် ဧကရာဇ် နန်းတော်ရဲ့ ပြိုင်ဘက် ဖြစ်နိုင်မယ်လို့ မင်း တကယ် ထင်နေတာလား "

​"သူတို့ ဘယ်နှစ်ခါ ရှုံးခဲ့ပြီလဲ ရေတွက်လို့တောင် မရဘူး "

​"ဒါပေမဲ့ အနည်းဆုံးတော့ သူတို့က အရှုံးမပေးသေးဘူး၊ အရှုံးမပေးသရွေ့တော့ မျှော်လင့်ချက် အနည်းငယ်တော့ ရှိနေသေးတာပဲ။"

​လုကျိုးယွမ်၏ အမူအရာ ပြောင်းလဲသွားသည်။

​"မင်း မျက်လုံး ဘယ်လိုကန်းခဲ့လဲဆိုတာ မမေ့နဲ့ဦး။ သူတို့ကို အားကိုးမယ့်အစား သူတော်စင်ဧကရာဇ် နန်းတော်က မင်းကို ဖမ်းမိတဲ့အခါ အသက်ချမ်းသာပေးဖို့ မျှော်လင့်တာက ပိုကောင်းဦးမယ်။"

​တစ်ဖက်လူက အေးစက်စက် ရယ်မောလိုက်သည်

"ရှူရှန်းဓားဂိုဏ်းနဲ့ တာအိုသုံးထောင် ဂိုဏ်းတွေက ဘာမှ နားမလည်ဘဲ သံသရာမသေမျိုးဂိုဏ်း နဲ့ အတူတူ လိုက်လုပ်နေကြတာ။"

​"သူတို့ရဲ့ ကံကြမ္မာကို မင်း မြင်ပြီးပြီမဟုတ်လား နောက်ဆုံးတော့ ယန်နတ်ဘုရားလမ်းကိုပဲ ရွေးရတော့တယ်။"

​"သံသရာမသေမျိုးဂိုဏ်းရဲ့ မျက်လုံးထဲမှာ မင်းကော၊ ငါကော၊ သူတို့ကော၊ အကုန်လုံးက ရုပ်သေးရုပ်တွေပဲ။"

​"ဒီနေ့ မင်းကို ပြုံးပြပြီး၊ မနက်ဖြန် သူတော်စင်ဧကရာဇ် နန်းတော်ကို အနိုင်ယူဖို့အတွက် မင်းတို့ကို ရှေ့တန်းမှာ သေခိုင်းလိမ့်မယ်။"

​"ဒါ့အပြင် သူတော်စင်ဧကရာဇ် နန်းတော်ဘက်မှာလည်း သံသရာမသေမျိုးဂိုဏ်းရဲ့ ထိပ်တန်း ကျွမ်းကျင်သူတွေ စိုးမိုးထားတာပဲ။"

​"အခုထိ သူတို့က အသာစီးရနေတာပဲ၊ မင်း မျှော်လင့်နေတဲ့ ဒီ သံသရာမသေမျိုးဂိုဏ်းက သူတို့ရဲ့ ပြိုင်ဘက် ဖြစ်ခဲ့ဖူးလို့လား "

​"ငါ့ကို အဲဒီလောက် အများကြီး မပြောနဲ့၊ ဒီတစ်ခါကိစ္စ ဒီမှာတင် ရပ်လိုက်တော့။"

​"အမှားအမှန် ဖောက်ထွင်းမျက်လုံး ဘက်မှာတော့ မင်းတို့ ထပ်ပြီး အကွက်မရွှေ့ကြဖို့ပဲ ကောင်းမယ်၊ မဟုတ်ရင်..."

​လုကျိုးယွမ်၏ မျက်ဝန်းတို့မှာ တင်းမာသွားသည်။

​တစ်ဖက်လူက ရယ်မောလျက် -

"မဟုတ်ရင် ဘာဖြစ်မလဲ အမှားအမှန် ဖောက်ထွင်းမျက်လုံး က အဲဒီ ဟင်းလင်းပြင် ကွပ်မျက်သူတွေရဲ့ နယ်မြေမှာ ရှိနေတာ၊ ဘာတွေ ဖြစ်လာမလဲဆိုတာ ငါ ဘယ်လိုလုပ် ထိန်းချုပ်နိုင်မှာလဲ "

​"တကယ်လို့ တစ်ခုခု ဖြစ်လာရင်တောင် မင်း ဘာလုပ်မလဲ ငါ့ကို သူတော်စင်ဧကရာဇ် နန်းတော်ဆီ ပြန်သွားခိုင်းမလို့လား ကြည့်ကြတာပေါ့လေ။"

​"ကောင်းပြီလေ၊ ဒါဆိုလည်း လမ်းခွဲလိုက်ကြတာပေါ့၊ မင်း သူတော်စင်ဧကရာဇ် နန်းတော်ဆီ ပြန်သွား၊ ငါလည်း တခြား တစ်နေရာ ရှာနေလိုက်မယ်။"

​"ဒီ ကောင်းကင်ငါးပါးကိုလည်း မလိုချင်တော့ဘူး။"

​လုကျိုးယွမ်က ခေါင်းညိတ်လိုက်သည်။

​"စကြာဝဠာကြီးက ကျယ်ဝန်းလွန်းတယ်၊ သူတော်စင်ဧကရာဇ် နန်းတော်ဘက်က ငါ့ကို ရှာတွေ့နိုင်မယ်လို့တော့ ငါ မထင်ဘူး။"

​"ဟွန်း၊ စကားလမ်းကြောင်း မတူရင် စကားများရုံပဲ၊ မင်းဘာသာ ဂရုစိုက်ပြီး နေတော့။"

​"မင်းလည်း ဂရုစိုက်ပြီး နေပါ။"

​... ...

​အကြောင်းအကျိုး ပိတ်ကာမျက်နှာပြင်ပေါ်က မြင်ကွင်းများ ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။

​ဖန့်ချန်သည် အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး မျက်လုံးထဲတွင် တွေးတောသည့် အရိပ်အယောင်များ ပေါ်လာသည်။

​ရှူရှန်း ဓားဂိုဏ်း၊ တာအိုသုံးထောင်ဂိုဏ်း၊ သံသရာမသေမျိုးဂိုဏ်း။

​ဒီဂိုဏ်းကြီး သုံးခုက သူတော်စင်ဧကရာဇ် နန်းတော်ကို ဆန့်ကျင်တဲ့ အဓိက အင်အားစုတွေ ဖြစ်ပုံရတယ်။

​ပြီးတော့ သူတို့ရဲ့ လုပ်ဆောင်ချက် အချို့ကလည်း ဘက်ပေါင်းစုံကို မကျေမနပ် ဖြစ်စေတယ်။

​လုကျိုးယွမ်တောင်မှ အခုထိ တိုက်ရိုက် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသေးဘဲ သံသရာမသေမျိုးဂိုဏ်း ဘာတွေ လုပ်မလဲဆိုတာပဲ စောင့်ကြည့်နေတာ ဖြစ်ပြီး ဘက်မရွေးသေးပေ။

​"အဘိုးက ရှူရှန်း ဓားဂိုဏ်းက၊ ဆရာ ယွမ်ဟယ်က တာအိုသုံးထောင်ဂိုဏ်းက၊ ဒါကြောင့် ငါကလည်း ဒီဂိုဏ်းကြီး နှစ်ခုရဲ့ တပည့်ပဲ။"

​"ဒါ့အပြင် ငါက လွမ်ဟွမ် သံသရာမသေမျိုးဂိုဏ်းရဲ့ တပည့်လည်း ဖြစ်သေးတယ်..."

​ဖန့်ချန်က စိတ်ထဲမှ တိုးတိုးလေး ရေရွတ်သည်။

​ဒီအတိုင်းဆိုရင် သူက ရုပ်သေးရုပ် ဖြစ်ရင်တောင် အတော်လေး အရေးပါတဲ့ ရုပ်သေးရုပ် ဖြစ်နေပြီပေါ့။

​ထိုအချက်ကို တွေးမိသောအခါ ဖန့်ချန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

​အနည်းဆုံးတော့ သူက ကစားကွက်ထဲမှာ ရှိနေသေးတာပဲ။ ကစားကွက်ထဲတောင် မရောက်နိုင်ရင်တော့ တကယ့်ကို ဘာမှ လုပ်လို့မရတဲ့ အခြေအနေမျိုး ဖြစ်မှာလေ။

​"အောက်ကို ရောက်သွားတဲ့အခါ ပင်အန်းကို ခေါ်သွားရမယ်၊ သူရှိနေရင် ဟင်းလင်းပြင် ကွပ်မျက်သူတွေဘက်က ဘာအန္တရာယ်မှ ပေးနိုင်မှာ မဟုတ်တော့ဘူး။"

​"တကယ်ကို သားသမီးကို အိုစာမင်းစာ ပေးအပ်ရသလိုပဲ၊ တော်တော်လေး အဆင်ပြေတာပဲ။"

အခန်း (၂၉၁၆) - အယောက်ငါးရာ အတွက် ခွဲတမ်း

​"အမှားအမှန် ဖောက်ထွင်းမျက်လုံး ပေါ်ပေါက်လာပြီ" ဆိုတဲ့ သတင်းက ကောင်းကင်ငါးပါးရဲ့ အထက်ပိုင်း အဆင့်မြင့်ပုဂ္ဂိုလ်တွေကြားမှာပဲ ပျံ့နှံ့သွားခဲ့သည်။

​အောက်ခြေက သူတော်စင်တွေကတော့ ဒီအကြောင်းကို ဘာတစ်ခုမှ မသိကြပေ။

​ခန့်မှန်းခြေအားဖြင့် ခြောက်လလောက် ကြာပြီးတဲ့နောက် ရှူလုံ ကောင်းကင်အရှင်သည် အမှားအမှန် ဖောက်ထွင်းမျက်လုံး ရှိနေတဲ့ တားမြစ်နယ်မြေနဲ့ ပတ်သက်တဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို ယူဆောင်လာခဲ့သည်။

​"ဒီ တားမြစ်နယ်မြေက ကောင်းကင်အရှင်တွေတောင် သွားလို့ ရတာလား"

​အစည်းအဝေးခန်းထဲက တာဝန်ရှိသူများမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သွားကာ ရှူလုံ ကောင်းကင်အရှင် ယူဆောင်လာတဲ့ သတင်းကို တိတ်တဆိတ် စုပ်ယူလိုက်ကြသည်။

​ဖန့်ချန်လည်း အနည်းငယ် အံ့အားသင့်သွားပြီး မျက်လုံးအကြည့်တို့မှာ လေးနက်သွားသည်။

​ကောင်းကင်အရှင်တွေတောင် ဝင်လို့ရမယ်ဆိုရင် ဒီတစ်ခါ လေ့လာဖို့က သူ့လိုမျိုး အဆင့်နိမ့်တဲ့ သူတော်စင်တွေနဲ့ မဆိုင်တော့ဘူး မဟုတ်လား။

​သူတို့လို လူတွေ ဝင်သွားရင် ကောင်းကင်အရှင်တွေကို ဘယ်လို ယှဉ်ပြိုင်ရမှာလဲ။

​ရှေးဟောင်းဘိုးဘေးတွေဘက်ကနေ တစ်ခုခု ကြံစည်ထားရင် သူတို့နဲ့ ဝမ်အိုကြီး တို့မှာ ဒုက္ခရောက်ကုန်မှာပဲ။

​"အကြီးအကဲ၊ တကယ်လို့ ကောင်းကင်အရှင်တွေတောင် ဒီ အတွင်းကမ္ဘာ့ တားမြစ်နယ်မြေထဲ ဝင်လို့ရမယ်ဆိုရင် ဖန့်ချန်တို့လို သူတော်စင်တွေ ဝင်ဖို့ဆိုတာ အဆင်ပြေပါ့မလား။"

​"အန္တရာယ်ကလည်း အရမ်းကြီးလွန်းတော့ ထိန်းကျောင်းဖို့ ခက်လိမ့်မယ်။"

​ဒွမ်ချင်းရှန်း၏ မျက်နှာမှာ အတော်လေး လေးနက်နေသည်။

​"ငါ ပြောမဆုံးသေးဘူး။"

​ရှူလုံ ကောင်းကင်အရှင်က ပြောသည်။

​သူတော်စင်အားလုံး အနည်းငယ် တုန်လှုပ်သွားပြီး စိတ်ထဲက အတွေးတွေကို ချက်ချင်း ဖိနှိပ်ကာ ရှူလုံ ကောင်းကင်အရှင်ဆီသို့ တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။

​"ကောင်းကင်အရှင်တွေ ဝင်လို့ရတာတော့ အမှန်ပဲ၊ ဒါပေမဲ့ ဒီ အတွင်းကမ္ဘာ့ တားမြစ်နယ်မြေရဲ့ ထူးခြားချက်က ကောင်းကင်အရှင်တွေ ဝင်သွားရင်တောင် သာမန်လူသားတွေလိုပဲ ဖြစ်သွားလိမ့်မယ်။"

​"ဒီတစ်ခါ ငါရလာတဲ့ သတင်းအရ ဒီ အတွင်းကမ္ဘာတားမြစ်နယ်မြေထဲမှာ လေ့လာနိုင်တဲ့ နေရာ လေးခု ရှိပြီး အမှားအမှန် ဖောက်ထွင်းမျက်လုံး ကို လေ့လာတဲ့ ပုံစံက အတော်လေး ထူးဆန်းနေတယ်။"

​ရှူလုံ ကောင်းကင်အရှင်၏ အမူအရာမှာ အနည်းငယ် ထူးဆန်းနေသည်။

​ကောင်းကင်အရှင်တွေ ဝင်သွားရင် သာမန်လူသား ဖြစ်သွားမယ်ဆိုတဲ့ စကားကို ကြားလိုက်တာနဲ့ အနီးအနားက တာဝန်ရှိသူအများစုရဲ့ စိတ်လှုပ်ရှားနေတဲ့ အမူအရာတွေကနေ လေးနက်သွားတဲ့ အသွင်သို့ ပြောင်းလဲသွားသည်။

​"အကြီးအကဲ၊ အကြာကြီး မဆွဲပါနဲ့တော့၊ လေ့လာတဲ့ ပုံစံက ဘယ်လောက်တောင် ထူးဆန်းလို့လဲ"

​ဒွမ်ချင်းရှန်းက အမြန် မေးမြန်းသည်။

​ရှူလုံ ကောင်းကင်အရှင်ကတော့ အေးဆေးပင် -

​"ငါ အခု သိထားတာကတော့ လေ့လာရမယ့် နေရာ တစ်ခုမှာ ခွန်အားနည်းနည်း စိုက်ထုတ်ရမယ်၊ ခန္ဓာကိုယ်ကို သန့်စင်ပြီး အရိုးတွေကို ပုံသွင်းရမယ်တဲ့။"

​"ခန္ဓာကိုယ် သန့်စင်ပြီး အရိုးတွေကို ပုံသွင်းရမယ် ဒီ အမှားအမှန် ဖောက်ထွင်းမျက်လုံး က ခန္ဓာကိုယ်ကိုပါ သန့်စင်ရဦးမှာလား ငါတို့လို ကောင်းကင်အရှင်တွေထဲမှာ ဘယ်သူကများ အင်အားမစိုက်ထုတ်ဘဲ ရောက်လာတာလဲ၊ ကိုယ်ခန္ဓာ တစ်ခုလုံးမှာလည်း အနှစ်သာရတွေနဲ့ ပြည့်နေတာကို..."

​ဒွမ်ချင်းရှန်းမှာ အံ့အားသင့်လွန်း၍ ပြောလိုက်သည်။

​ရှူလုံ ကောင်းကင်အရှင်က သူ့ကို စိတ်မဝင်စားဘဲ အနီးနားက ကောင်းကင်အရှင်တွေကို ကြည့်ကာ -

​"ဒီ အတွင်းကမ္ဘာ့ တားမြစ်နယ်မြေထဲမှာ တစ်ခါဝင်ရင် သူတော်စင် အယောက် (၅၀၀) ပဲ ဝင်လို့ရတယ်။"

​"အဲဒီထက် ပိုများရင် အတွင်းထဲက အန္တရာယ်တွေကို နှိုးဆွသလို ဖြစ်သွားလိမ့်မယ်။"

​"အဲဒီအချိန်ကျရင် ကောင်းကင်အရှင်တွေတောင် အဲဒီလို အန္တရာယ်မျိုးနဲ့ ကြုံလာရင် ထိုင်စောင့်ပြီး သေဖို့ပဲ ရှိတော့လိမ့်မယ်။"

​"ဒါပေမဲ့ မင်းတို့အားလုံးမှာ အသက်စွမ်းအင် တွေ ရှိကြတာပဲ၊ တစ်ခုလောက် ဆုံးရှုံးသွားလည်း ခံနိုင်ရည် ရှိမှာပါ။"

​"အမှားအမှန် ဖောက်ထွင်းမျက်လုံး ကိုသာ လေ့လာနိုင်မယ်ဆိုရင်တော့ တန်ပါတယ်လေ။"

​တာဝန်ရှိသူတွေလည်း စိတ်ထဲကနေ အကျိုးအမြတ်ကို တိတ်တဆိတ် တွက်ချက်နေကြသည်။

​ဒွမ်ချင်းရှန်းက စပ်စုစွာ မေးသည်

​"ဒီ (၅၀၀) ခွဲတမ်းထဲမှာ ငါတို့ ဖမ်းဆီးရေးဌာနက ဘယ်နှစ်ယောက် ရမလဲ"

​"ဆယ်ယောက်။ ကောင်းကင်ငါးပါး ဖမ်းဆီးရေးဌာန တစ်ခုချင်းစီတိုင်းမှာ (၃၀) စီ ရမယ်။"

​"ဒါကြောင့် ငါတို့ ဖမ်းဆီးရေးဌာနမှာ ခွဲတမ်း (၁၀) ခုပဲ ရှိတယ်။"

​ရှူလုံ ကောင်းကင်အရှင်က

"ကျန်တဲ့ (၃၅၀) ကတော့ သမာဓိခုံရုံးဘက်ကပဲ ဆုံးဖြတ်လိမ့်မယ်၊ စာရင်းထွက်ဖို့တော့ ခဏ စောင့်ရဦးမယ်။" ဟု ပြောသည်။

​"ဒါဆို ငါတို့ ဖမ်းဆီးရေးဌာနက (၁၀) ယောက်ပဲ သွားရမှာလား ဖန့်ချန်က တစ်ယောက်၊ ကျန်တာက (၉) ယောက်ပဲ ကျန်တော့တယ်..."

​ဒွမ်ချင်းရှန်းက ထူးဆန်းတဲ့ အမူအရာနဲ့ အခြားသူတွေကို ကြည့်ပြီး -

​"တာဝန်ရှိသူ အပေါင်းတို့၊ ငါ့ရဲ့ အရိုးအိုကြီးတွေကို အသုံးပြုပြီး ဟိုဘက်မှာ ကံစမ်းကြည့်ချင်တယ်၊ အမှားအမှန် ဖောက်ထွင်းမျက်လုံး ကို လေ့လာနိုင်မလား ကြည့်ချင်တယ်။"

​"ဒွမ်ချင်းရှန်း၊ မင်းက အရှက်မရှိဘူးလား၊ ခွဲတမ်းတောင် မချရသေးဘူး၊ မင်းက တစ်နေရာ ဝင်ယူချင်နေတာလား "

​"ငါတို့လည်း သွားချင်ကြတာပဲ။"

​"အကြီးအကဲ၊ ဖန့်ချန်ရဲ့ ခွဲတမ်းကလွဲရင် ကျန်တဲ့ ကိုးယောက်ကို ဘယ်လို ဆုံးဖြတ်မှာလဲ"

​"ဒါက အခုထိ မလိုသေးပါဘူး၊ မင်းတို့ အလောတကြီး ဖြစ်နေရင် ကိုယ့်ဘာသာ ကိုယ် ယှဉ်ပြိုင်ကြပေါ့။"

​ရှူလုံ ကောင်းကင်အရှင်က တည်ငြိမ်စွာ ပြောသည်။

​ကိုယ့်ဘာသာကိုယ် ယှဉ်ပြိုင်ကြမယ်

​တာဝန်ရှိသူတွေ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး စိတ်မသက်မသာ ဖြစ်သွားကြသည်။

​"အကြီးအကဲ၊ နေမင်းခုနစ်ပါးခန်းမရဲ့ ခွဲတမ်းကို ဘယ်လို သတ်မှတ်မှာလဲ သူတော်စင်ဘိုးဘေး စီမံကိန်း နဲ့ ကျန်းထန်းဝမ်ခန်းမရဲ့ ခွဲတမ်းကိုကော ဘယ်လို သတ်မှတ်မှာလဲ"

​ဖန့်ချန်က စဉ်းစားဟန်နဲ့ မေးသည်။

​"နေမင်းခုနှစ်ပါးခန်းမက ငါတို့နဲ့ အတူတူပဲ၊ တစ်ခုစီတိုင်းမှာ (၃၀) စီ ခွဲတမ်းရမယ်။ ဒီနေရာမှာ ငါတို့ ချင်းမင်က အသာစီးရတယ်၊ ဘာလို့လဲဆိုတော့ ငါတို့မှာ ကျောင်းတော် နှစ်ခု ရှိနေလို့ပဲ။"

​ရှူလုံ ကောင်းကင်အရှင်က ရယ်မောလျက် ပြောသည်။

​အဲဒါနဲ့တင် ခွဲတမ်း (၃၆၀) ကုန်သွားပြီ။

​ကျန်တာ (၁၄၀) လား

​"ကျန်တဲ့ (၁၄၀) ကတော့ ကောင်းကင်ငါးပါး ယှဉ်ပြိုင်ပွဲကနေ ရွေးချယ်လိမ့်မယ်။"

​"အဲဒီထဲမှာ မင်းတို့ရဲ့ သူတော်စင်ဘိုးဘေး စီမံကိန်း နဲ့ ကျန်ထန်းဝမ် ခန်းမက လူတွေလည်း ပါဝင်လာမှာပါ။"

​ရှူလုံ ကောင်းကင်အရှင်က ပြောသည်။

​ဖန့်ချန်လည်း ခေါင်းအနည်းငယ် ညိတ်လိုက်သည်။

​ဒီလိုနဲ့ဆိုရင် သူနဲ့ ရင်းနှီးတဲ့သူ အတော်များများ ဒီ အတွင်းကမ္ဘာ တားမြစ်နယ်မြေထဲ ရောက်လာကြတော့မှာပဲ။

​အန္တရာယ် ရှိမှာတော့ အမှန်ပဲ၊ ဒါပေမဲ့ ကံကောင်းတာက ဒီနှစ်တွေအတွင်းမှာ သူတို့ရဲ့ အသက်စွမ်းအင် တွေကို သေချာ ပုံသွင်းပြီးသားပဲ။

​အဆိုးဆုံးဆိုရင်တော့ အသက်စွမ်းအင် တစ်ခုကို စွန့်ပြီး အမှားအမှန် ဖောက်ထွင်းမျက်လုံး ကို လေ့လာဖို့ အခွင့်အရေး တစ်ခုနဲ့ လဲလှယ်လိုက်ရုံပဲ။

​ဒါပေမဲ့ ဒီထဲမှာ ပြဿနာ တစ်ခု ရှိသေးတယ်...

​ဖန့်ချန်က ရှူလုံ ကောင်းကင်အရှင်ကို ကြည့်ကာ လက်သီးလက်ဝါး စုပြီး -

​"အကြီးအကဲ၊ အရင်တုန်းက ယင်ယန် ဝိညာဥ်မျက်လုံး ကို လေ့လာတုန်းက ကျွန်တော်တို့ရဲ့ ဝိညာဉ်ပြန်ခေါ်နံ့သာတိုင် က ဝိညာဉ်တားမြစ် ပညာ နဲ့ ကန့်သတ်ခံခဲ့ရတယ်၊ ဒီတစ်ခါကျရင်ကော..."

​ရှူလုံ ကောင်းကင်အရှင်၏ မျက်နှာမှာ တစ်ခါမှ မမြင်ဖူးလောက်အောင် အနည်းငယ် နီမြန်းသွားပြီး ချက်ချင်းပင် ပုံမှန် ပြန်ဖြစ်သွားကာ စဉ်းစားဟန်ဖြင့် -

​"ဒီတစ်ခါ ဘာမှ မဖြစ်စေရဘူး၊ ဒီတစ်ခါ ဝိညာဉ်ပြန်ခေါ်နံ့သာတိုင် ကို ငရဲမင်း ငါးပါးက ပံ့ပိုးပေးလိမ့်မယ်။"

​"သူတို့ရဲ့ အရည်အသွေးက အရမ်းမြင့်မားလွန်းလို့ နံ့သာတိုင် တစ်ချောင်းတည်းနဲ့တင် သူတော်စင် အယောက် (၅၀၀) ကို ယင်လောက ထဲ ဝင်နိုင်အောင် ထောက်ပံ့ပေးနိုင်တယ်။"

​"ဝိညာဥ်တားမြစ်ပညာ က အဲဒါကို နောက်ထပ် ဝင်ရောက် စွက်ဖက်နိုင်မှာ မဟုတ်တော့ဘူး "

​ဒီစကားကို ကြားလိုက်ရတော့ ဖန့်ချန် စိတ်ထဲတွင် သက်ပြင်းချနိုင်လိုက်သည်။

​သူကတော့ အောက်မှာ ဘာအန္တရာယ်နဲ့ ကြုံရမလဲဆိုတာကို သိပ်မကြောက်ပါ။

​ဒါပေမဲ့ ဝမ်အိုကြီး တို့မှာက သူ့လိုမျိုး အဆက်အသွယ် မရှိဘူးလေ၊ တကယ်လို့ ဝိညာဥ်တားမြစ်ပညာ ရဲ့ ဝင်ရောက် စွက်ဖက်ခြင်းကို ခံရရင်တော့ အသက်စွမ်းအင် တစ်ခု အသေအချာ ဆုံးရှုံးရလိမ့်မယ်။

​"အကြီးအကဲ၊ ဒါဆိုရင် ကျွန်တော်တို့ ဖမ်းဆီးရေးဌာနရဲ့ ကိုးယောက် ခွဲတမ်းကို ဘယ်လို ဆုံးဖြတ်မလဲ"

​ဒွမ်ချင်းရှန်းက ဒီကိစ္စကို ဆွေးနွေးပြီးသွားပြီ ဖြစ်လို့ ထပ်မံ မေးမြန်းလိုက်သည်။

​"မင်းက အရမ်း သွားချင်နေတာလား"

​ရှူလုံ ကောင်းကင်အရှင်က သူ့ကို တစ်ချက် စောင်းကြည့်လိုက်သည်။

​ဒွမ်ချင်းရှန်းက ဟီးဟီး ရယ်မောရင်း -

​"သွားချင်တာပေါ့၊ ဒီတစ်ခါ ကျွန်တော် တစ်ခါတည်း အရှုံးပေးလိုက်ရတာ၊ အမှားအမှန် ဖောက်ထွင်းမျက်လုံး ကို လေ့လာနိုင်ရင် ဒီ ရှုံးနိမ့်မှုကို ပြန်ဆပ်နိုင်မှာ အသေအချာပဲ။"

​"အကြီးအကဲ၊ ဒွမ်ချင်းရှန်းက မင်းနဲ့ အမျိုးတူ ဝိညာဉ်မျိုးနွယ်စု ဖြစ်နေလို့ သူ့ကို သွားခိုင်းဖို့ မလုပ်ပါနဲ့၊ တရားမျှတပါစေ။"

​တာဝန်ရှိသူတစ်ဦးက ချက်ချင်း လှမ်းပြောသည်။

​"မင်း ဘာပြောလိုက်တာလဲ ငါက ဝိညာဉ်မျိုးနွယ်စု ဖြစ်နေလို့ ဟိုဘက်မှာ အမှားအမှန် ဖောက်ထွင်းမျက်လုံး ကို လေ့လာဖို့ ငါထက် သင့်တော်တဲ့သူ ရှိသေးလို့လား"

​ဒွမ်ချင်းရှန်းက မျက်လုံး ပြူးပြီး ပြောလိုက်သည်။

​"ဟဟ"

​တစ်ဖက်လူက အေးစက်စက် ရယ်မောပြီး ဘာမှ ပြန်မပြောတော့ပေ။

​ရှူလုံ ကောင်းကင်အရှင်က တည်ငြိမ်စွာ -

​"ဒွမ်ချင်းရှန်းရဲ့ ခွဲတမ်းကတော့ ဒီတစ်ခါ သူ့ကို ပေးရမှာပဲ၊ ဘာလို့လဲဆိုတော့ အဖြစ်အပျက်က သူနဲ့ပဲ စတင်ခဲ့တာလေ၊ သူလည်း အကြီးအကျယ် ရှုံးနိမ့်သွားခဲ့တာပဲ။"

​"ကျန်တဲ့ ရှစ်ယောက် ခွဲတမ်းကိုတော့ နောက်မှ ဆွေးနွေးပြီး အကုန်လုံး အတည်ပြုလိုက်ကြတာပေါ့။"

​"မသွားရတဲ့သူတွေလည်း စိတ်မပူပါနဲ့၊ နောက်တစ်ခါ သွားရင်လည်း အတူတူပဲ။"

​"ဒါက ပထမဆုံးအကြိမ်မို့လို့ အန္တရာယ် များတယ်၊ မင်းတို့ မသွားရတာကလည်း အကျိုးရှိတာပါပဲ။"

​တာဝန်ရှိသူတွေလည်း စဉ်းစားလိုက်ကြပြီး နောက်ပိုင်းတွင် ခေါင်းအနည်းငယ် ညိတ်လိုက်ကြသည်။ စိတ်ထဲတွင်လည်း ရှူလုံ ပြောတာ မှန်တယ်ဟု ထင်မိကြသည်။

​ဒီတစ်ခါ မသွားရတာကလည်း ဆုံးရှုံးမှု မဟုတ်နိုင်ဘူးလေ။

​အတွင်းထဲမှာ ဘာဒုက္ခတွေ ရှိမလဲဆိုတာ ဘယ်သူသိမှာလဲ။

​... ...

​ခြောက်လခန့် ကြာပြီးနောက် အမှားအမှန် ဖောက်ထွင်းမျက်လုံး ကို လေ့လာရန် သွားရောက်မည့် အယောက် (၅၀၀) စာရင်း ထွက်ပေါ်လာသည်။

​ဖန့်ချန်သည် ဒွမ်ချင်းရှန်း လက်ထဲက စာရင်းကို ယူပြီး လှန်လှောကြည့်လိုက်ရာ သူနဲ့ ရင်းနှီးတဲ့ လူအများအပြားရဲ့ အမည်တွေကို မြင်လိုက်ရသည်။

​ကောင်းကင်ငါးပါး ယှဉ်ပြိုင်ပွဲထဲက ထူးချွန်သူတွေ။

​ပြိုင်ပွဲနယ်မြေတချို့က အနိုင်ရရှိသူတွေ။

​အဲဒီထဲမှာ သူတော်စင်ဘိုးဘေး စီမံကိန်း နဲ့ ကျန်ထန်းဝမ် ခန်းမက လူအများအပြားလည်း ပါဝင်သည်။

​ဒါ့အပြင် သူ လုံးဝ မထင်မှတ်ထားတဲ့ အမည်တွေကိုလည်း မြင်လိုက်ရသည်။

​ဥပမာအားဖြင့် ဟေးဆန်း ၊ယဲ့ထျန်းဂူ ။

​"နေမင်းခုနှစ်ပါး ခန်းမရဲ့ ကျောင်းအုပ်တွေတောင် ဒီတစ်ခါ လိုက်သွားကြလိမ့်မယ်။"

​ဒွမ်ချင်းရှန်းက ရယ်မောလျက် -

"မင်းနဲ့ ယဲ့ထျန်းဂူ ကြားထဲမှာ ရန်ငြိုးနည်းနည်း ရှိတယ်ဆိုတာ ငါ သိတယ်၊ ဟိုဘက် ရောက်သွားရင် ငါ မင်းနဲ့အတူတူ သူ့ကို သင်ခန်းစာ ပေးလိုက်မယ်။"

ဟု ပြောသည်။

​"ဒွမ် ဘိုးဘေး၊ အဲဒါဆိုရင် ကတိအတိုင်းပဲနော်"

​ဖန့်ချန်က ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။

All Chapters