အခန်း (၂၉၁၇-၂၉၁၈)
Vol. 292 Ch. 2917-3918
အခန်း (၂၉၁၇) - မင်းတို့ကို စောင့်နေတာ ကြာပြီ
ဆယ်ရက်ခန့် ကြာပြီးနောက်တွင် -
ဒွမ်ချင်းရှန်းသည် အမှားအမှန် ဖောက်ထွင်းမျက်လုံး ကို လေ့လာရန် သွားရောက်မည့် 'ချင်းမင်' ဘက်မှ သူတော်စင်များကို ကိုယ်တိုင် သွားရောက် ခေါ်ဆောင်လာခဲ့သည်။
ဒီအချိန်အတွင်းမှာတော့ အကြီးကဲငါးပါး တို့မှာ ရွှေဟွေးကျောင်းတော်တွင်သာ နေကြပြီး ဘယ်မှ မသွားကြပေ။
ပြီးခဲ့တဲ့ ကောင်းကင်ငါးပါး ယှဉ်ပြိုင်ပွဲ ပြီးဆုံးချိန်မှစ၍ ကျန်ထန်းဝမ် ခန်းမ အဖွဲ့ဝင်များ နှင့် အကြီးကဲငါးပါး အပါအဝင် သူတော်စင် အများအပြားသည် ဆုလာဘ်များ ရယူပြီးနောက် ရွှေဟွေးကျောင်းတော်၌ပင် အတွင်းကမ္ဘာ များကို ပေါင်းစပ်နေကြသည်။
ဒါကြောင့် ဒီတစ်ခါ ဒွမ်ချင်းရှန်း သွားခေါ်လိုက်တဲ့အခါ ကျန်ထန်းဝမ် ခန်းမရဲ့ အဓိက အဖွဲ့ဝင်များနဲ့ သူတော်စင်ဘိုးဘေး စီမံကိန်းရဲ့ အဓိက ပုဂ္ဂိုလ်များပါ ပါဝင်လာခဲ့သည်။
"အမှားအမှန် ဖောက်ထွင်းမျက်လုံး... ဒီတစ်ခါတော့ သေချာပေါက် အောင်မြင်အောင် လေ့လာနိုင်ရမယ်၊ အရင်တစ်ခါလိုတော့ အဖြစ်မခံနိုင်တော့ဘူး "
စီကုကျိ က ရှေ့ကနေ စကားပြောရင်း လမ်းလျှောက်နေတဲ့ ဒွမ်ချင်းရှန်းနဲ့ ဟေးဆန်း ကို ကြည့်လိုက်ပြီး ကျန်တဲ့ အကြီးကဲလေးပါးကို သွားများကြိတ်ကာ ပြောသည်။
"ဒီလောက်နဲ့တော့ လွယ်မယ် မထင်ဘူး၊ အသက်စွမ်းအင် တွေကို မဆုံးရှုံးဘဲ ပြီးသွားရင်တော့ ကောင်းတာပေါ့၊ အောင်မြင်အောင် လေ့လာနိုင်မလားဆိုတာကတော့ ငါ သိပ်ယုံကြည်မှု မရှိဘူး။"
"ဒီတစ်ခါက ကောင်းကင်အရှင်တွေတောင် ဝင်လို့ရတာ၊ ကောင်းကင်အရှင် တစ်ယောက်ချင်းစီရဲ့ အရည်အချင်းကလည်း အထင်သေးစရာ မရှိဘူးလေ။"
ဆွေ့ဟွမ်ရွှီ က ခေါင်းကို အသာခါလိုက်သည်။
ဖူချန်းချူ၊ ရှန်းတုရှင်း ၊ ယင်ရှန့်ရူ တို့လို သူတော်စင်တွေလည်း အလားတူပင် တွေးတောနေကြသည်။
"အို... အစ်ကိုက ရှေ့မှာ ငါတို့ကို စောင့်နေတယ်"
ဖန့်ကျစ်ရွှယ် က ရုတ်တရက် အော်ပြောလိုက်ပြီး ဝမ်းသာအားရနဲ့ အဝေးကလူကို လက်ပြနှုတ်ဆက်သည်။
ဖန့်ချန်က သူတို့ကို စောင့်နေတာ အမှန်ပင် ဖြစ်သည်။ သူတို့ ရောက်လာသည်ကို မြင်တော့ ပြုံးလျက် ရှေ့သို့ ကြိုဆိုလိုက်သည်။
ဒီတစ်ခါ ဒွမ်ချင်းရှန်း ခေါ်လာတဲ့ သူတော်စင်တွေထဲမှာ အကြီးကဲငါးပါးနဲ့ ကျန်ထန်းဝမ် ခန်းမ အဖွဲ့ဝင်တွေက တစ်ပိုင်း ဖြစ်သည်။
ရှဲ့အာမန် ၊ ဝမ်ချုံစန်း နဲ့ ကရုဏာတောင် က တပည့်တချို့လည်း အနည်းငယ် ပါဝင်လာသည်။
ထိုက်ဟောင် ဟွမ်းယောင် ၊ ဆွေ့ရှန်းကျီ ၊ လွမ်းထိုက်ကူ တို့လည်း အကုန် ပါဝင်သည်။
သူတောင်မှ လွမ်းဟုန်ဟွမ်း ကို မြင်လိုက်ရသလို၊ သူ့နဲ့အတူ ရွှေဟွေး ကျောင်းတော်အုပ်ချုပ်သူဟောင်းဆရာသမားဆီမှာ အတူတူ ပညာသင်ခဲ့တဲ့ စီနီယာအစ်ကိုဖြစ်သူ လွမ်းချိုးထျန်း လည်း ပါလာတာကို တွေ့ရသည်။
တစ်ချက် ဝေ့ကြည့်လိုက်ရာ အများစုကတော့ ရင်းနှီးတဲ့ မျက်နှာတွေချည်း ဖြစ်သည်။
အချို့သော ရင်းနှီးသလို ရှိတဲ့ သူတော်စင်တွေနဲ့ မျက်နှာစိမ်း သူတော်စင် အနည်းငယ်လည်း ပါဝင်သည်။
အနီးသို့ ရောက်သောအခါ ဖန့်ချန်က ဒွမ်ချင်းရှန်းနဲ့ ဟေးဆန်းကို ဦးစွာ လက်သီးလက်ဝါး စုပြီး အရိုအသေပေးလိုက်သည်။
"ဒွမ် ဘိုးဘေး၊ ကျောင်းတော်အုပ်ချုပ်သူ မင်္ဂလာပါ။"
"မင်း သူတို့ကို နေရာချပေးလိုက်ဦး၊ ကျန်တဲ့ ကောင်းကင်အရှင်တွေကတော့ သူ့ဘာသာသူတို့ လာကြလိမ့်မယ်၊ အဲဒီကျရင် ငါနဲ့ ဟေး ကျောင်းတော်အုပ်ချုပ်သူ တို့ပဲ ဧည့်ခံလိုက်မယ်။"
ဒွမ်ချင်းရှန်းက ရယ်မောလျက် ပြောသည်။
ဟေးဆန်းလည်း ပြုံးပြီး ခေါင်းညိတ်သည်။
ထို့နောက် သူတို့နှစ်ဦး စကားပြောရင်း ထွက်ခွာသွားကြသည်။
ဖန့်ချန်လည်း သူတို့ကို ကြည့်ပြီးနောက် အကြီးကဲငါးပါးတို့နဲ့ အရင်က အကြောင်းအရာတွေကို ခဏမျှ ပြန်ပြောပြကာ သူတို့အတွက် စီစဉ်ထားတဲ့ နေရာဆီ ခေါ်ဆောင်သွားသည်။
မျက်နှာစိမ်း သူတော်စင် အချို့မှာမူ ဖန့်ချန်နဲ့ ရင်းနှီးမှု မရှိသေး၍ လမ်းတစ်လျှောက်လုံး အနည်းငယ် တောင့်တောင့်ကြီး ဖြစ်နေကြသည်။
ကံကောင်းသည်မှာ ဖန့်ချန်က ဘာမှ ဂုဏ်မောက်ခြင်း မရှိဘဲ ပွင့်ပွင့်လင်းလင်း စကားပြောဆိုနိုင်သည်ကို သူတို့ မြင်လိုက်ရသောအခါ အနည်းငယ် ရင်းနှီးလာကြသည်။
သို့သော်လည်း သူတို့ထဲမှ အချို့မှာမူ အဆင့်နိမ့်သူတွေ မဟုတ်ဘဲ အဆင့်မြင့် သူတော်စင်များ၊ ကောင်းကင်နိမိတ်များနှင့် အထွတ်ထိပ်တာအို အဆင့် ပုဂ္ဂိုလ်များပင် ဖြစ်သည်။
အချို့က ဖန့်ချန်နဲ့ စကားပြောသည့်အခါ ပြုံးရွှင်ပြီး သဘောထား ကောင်းကြသော်လည်း အချို့မှာမူ အလွန် အေးစက်စက် ဆက်ဆံကြသည်။
တည်းခိုရာ နေရာ ရောက်သောအခါ သူတို့မှာ အခန်းထဲသို့သာ ဝင်သွားကြပြီး အပြင်ဘက်ကို ထွက်မလာကြတော့ပေ။
"အဲဒီလူတွေက အရင်တုန်းက နေမင်းခုနစ်ပါး ကျောင်းတော်က၊ ပြီးတော့ ဟော်ဆွေ့မျိုးနွယ်စုနဲ့ ရင်းနှီးတယ်လို့ ကြားဖူးတယ်။"
ဆွေ့ဟွမ်ရွှီ က သတိပေးစကား ပြောသည်။
ဟော်ဆွေ့နဲ့ ရင်းနှီးတယ် ဟုတ်လား
ဖန့်ချန်လည်း ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး အားလုံးကို အိမ်ဝင်းထဲတွင် နေရာချပေးကာ အမှားအမှန် ဖောက်ထွင်းမျက်လုံး ကို လေ့လာမည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။
"ဖန့် သူတော်စင်၊ ဒီတစ်ခါ အမှားအမှန် ဖောက်ထွင်းမျက်လုံး လေ့လာဖို့ ဘယ်လောက်လောက် ယုံကြည်မှု ရှိသလဲ"
စီကုကျိ က စပ်စုစွာ မေးသည်။
"နေရာကိုတောင် မရောက်သေးတော့ ဘယ်လောက် ယုံကြည်မှု ရှိတယ်လို့ ပြောရမှာလဲ။"
ဖန့်ချန်က ပြန်ပြောသည်။
ဟုတ်လို့လား
အရင်ကဆိုရင် အကြီးကဲငါးပါးတို့က ဒီစကားကို ယုံမိမှာ ဖြစ်သည်။
သို့သော် အသွင်ပြောင်း နတ်ဘုရားမျက်လုံး ကို လေ့လာခဲ့ပြီး အပေါ်က ကောင်းကင်အရှင်တွေကို အောင်မြင်မှု မရကြောင်း ပြောပြခဲ့သည့် အချိန်ကစ၍ သူတို့က ဖန့်ချန်စကားကို အပြည့်အဝ ယုံလို့မရသလို အကုန်လုံးကိုလည်း မယုံဘဲ မနေနိုင်ကြောင်း သိသွားကြသည်။
"ဒီတစ်ခါ ကောင်းကင်အရှင်တွေတောင် ငါတို့နဲ့အတူ ဝင်ရမယ်ဆိုတာ ဟုတ်လား"
ရှန်းတုရှင် က ရုတ်တရက် မေးသည်။
သူတော်စင်အားလုံး၏ အာရုံစိုက်မှုက ဖန့်ချန်ဆီသို့ ရောက်သွားသည်။
"သတင်းကတော့ အမှန်ပဲ။"
ဖန့်ချန်က
"ဒွမ် ဘိုးဘေး ဒီတစ်ခါ အဆင့်မြင့် သူတော်စင်တွေ၊ ကောင်းကင်နိမိတ်တွေကိုပါ ခေါ်လာတာကို ကြည့်ရင် သိနိုင်ပါတယ်။"
"ဒီတစ်ခါ အတွင်းကမ္ဘာတားမြစ်နယ်မြေထဲ ကောင်းကင်အရှင်တွေ ဝင်လို့ရတယ်။ ဒါပေမဲ့ အတွင်းထဲ ရောက်သွားရင် ဘယ်လောက်ပဲ အဆင့်မြင့်ပါစေ ဘာမှ သုံးမရတော့ဘူး။"
ဟု ပြောသည်။
"ဘာ..."
သူတော်စင်အားလုံး အံ့အားသင့်သွားကြသည်။
"မင်းတို့ မလာခင် ဒွမ် ဘိုးဘေးက သေချာ မရှင်းပြပေးလိုက်ဘူးလား"
ဖန့်ချန်က အနည်းငယ် အံ့သြသွားသည်။
ဝမ်ချုံစန်း က သက်ပြင်းချလိုက်ပြီး -
"ဒွမ် ဘိုးဘေးက ငါတို့ ကံကောင်းလို့ ခွဲတမ်းရတာပါ၊ မမေးပါနဲ့၊ ဟိုရောက်ရင် အကုန်သိလာလိမ့်မယ်လို့ပဲ ပြောတယ်။"
"ဟုတ်တယ်၊ ငါတို့ထဲမှာ မင်းပဲ အသေးစိတ် ကြိုသိထားတာ ဖြစ်မှာ။"
လွမ်းချူးထျန်း က ရယ်မောလျက် ပြောသည်။
"အင်း၊ ဒါဆို ငါပြောပြပေးမယ်။"
ဖန့်ချန်က
"ဒီတစ်ခါ တားမြစ်နယ်မြေမှာ နေမင်းခုနှစ်ပါး ခန်းမရဲ့ ကျောင်းအုပ်တွေပါ ခွဲတမ်းရထားတယ်၊ ဝင်ခွင့် ရှိတယ်။"
"ဒါပေမဲ့ ကောင်းကင်အရှင်တွေ ဖြစ်နေပါစေ၊ အထဲရောက်ရင် သာမန်လူသားတွေလိုပဲ ဖြစ်သွားမှာမို့ တရားမျှတမှုအတွက် စိတ်ပူစရာ မလိုပါဘူး။"
ဟု ရှင်းပြသည်။
"ဒါဆိုလည်း ကောင်းတာပေါ့"
ဆွေ့ထျန်းဟွမ် က
"တကယ်လို့ ကောင်းကင်အရှင်တွေနဲ့သာ အမှားအမှန် ဖောက်ထွင်းမျက်လုံး အတွက် ယှဉ်ပြိုင်ရမယ်ဆိုရင် ငါတို့ အခြေခံအုတ်မြစ်က မီမှာ မဟုတ်ဘူး။"
ဟု ပြောသည်။
သူတော်စင် အများစုလည်း လက်ခံကြသည်။ ယခုအခါ ကောင်းကင်အရှင်တွေလည်း သာမန်လူသားလို ဖြစ်သွားပြီး တားမြစ်နယ်မြေရဲ့ ကန့်သတ်ချက်အောက် ရောက်သွားလိမ့်မည်ဟု သိလိုက်ရတော့ စိတ်သက်သာရာ ရသွားကြသည်။
"နောက်ထပ် အရေးကြီးတဲ့ ပြဿနာ တစ်ခု ရှိသေးတယ်။"
ရှန်းတုရှင်း က ရုတ်တရက် ပြောလာသည်။
သူတော်စင်အားလုံး သူ့ကို ကြည့်လိုက်ကြသည်။
ရှန်းတုရှင်း ၏ အမူအရာမှာ လေးနက်နေသည်
"ငါတို့ အရင်တစ်ခါ 'ယင်ယန် ဝိညာဥ်မျက်လုံး' ကို သွားလေ့လာတုန်းက ဝိညာဉ်ပြန်ခေါ်နံ့သာတိုင် က အသုံးမဝင်တော့ဘူး၊ ဒီတစ်ခါလည်း အဲဒီလိုမျိုး အခြေအနေမျိုး ကြုံရရင်တော့ ခက်လိမ့်မယ်။"
ဝိညာဉ်ပြန်ခေါ်နံ့သာတိုင် အသုံးမဝင်တော့ဘူး
သူတော်စင် အချို့မှာ ဝိညာဉ်ပြန်ခေါ်နံ့သာတိုင် ဆိုတာ ဘာမှန်းတောင် မသိကြပေ။
ကောင်းကင်ငါးပါး ယှဉ်ပြိုင်ပွဲ မတိုင်ခင်က သူတို့မှာ ဒီလူတွေနဲ့ ထိတွေ့ဖို့တောင် အခွင့်အရေး မရခဲ့ကြဘူးလေ။
အချို့ကတော့ အဲဒီ နံ့သာတိုင်အကြောင်း ကြားဖူးပုံရပြီး ထိတ်လန့်သွားကြသည်။
သူတို့က အသေးစိတ် မေးမြန်းကြပြီး 'ရှန်းတုရှင်း' လည်း မဖုံးကွယ်တော့ဘဲ ထိုအချိန်က အဖြစ်အပျက်ကို ပြောပြလိုက်သည်။
"ဒါ ဟင်းလင်းပြင် ကွပ်မျက်သူတွေ ရဲ့ လက်ချက် ဖြစ်ရမယ်..."
သူတော်စင်တစ်ဦးက ပြတ်သားစွာ ပြောသည်။
"အောက်ဘက်မှာ ဒီလို နည်းလမ်းတွေ သုံးနိုင်တာ သူတို့ပဲ ရှိတယ်။"
"ဘယ်သူက ငြင်းနိုင်မလဲ၊ အဲဒီအချိန်က ဖန့် သူတော်စင်သာ ကူညီမပေးရင် ငါတို့ အဲဒီ ဟင်းလင်းပြင် ကွပ်မျက်သူတွေရဲ့ လက်ချက်နဲ့ သေကုန်ကြမှာပဲ။"
စီကုကျိ က ပြောသည်။
"ဖန့် သူတော်စင်၊ ဒီခရီးမှာ အဲဒီကိစ္စမျိုး ထပ်ကြုံရဦးမလား"
'ရှန်းတုရှင်း' က ဖန့်ချန်ကို မေးသည်။
"ရှူလုံ ကောင်းကင်အရှင် ပြောပြထားပြီးပြီ၊ ဒီတစ်ခါ ဝိညာဉ်ပြန်ခေါ်နံ့သာတိုင် ကို ငရဲမင်း ငါးပါးက ပံ့ပိုးပေးထားတာ။"
"အရည်အသွေးက အလွန် ကောင်းမွန်လို့ တစ်ချောင်းတည်းနဲ့တင် သူတော်စင် (၅၀၀) ရဲ့ ဝိညာဉ်ကို ထောက်ပံ့ပေးနိုင်တယ်။"
"သာမန် ဝိညာဥ်တားမြစ်ပညာ နဲ့တော့ ဒီ နံ့သာတိုင်ကို ဖြတ်တောက်နိုင်မှာ မဟုတ်ဘူး၊ အရင်တစ်ခါလို အရှုံးပေးရတော့မှာ မဟုတ်တော့ဘူး။"
ဖန့်ချန်က ပြောသည်။
သူတော်စင်အားလုံး သက်ပြင်းချနိုင်သွားကြသည်။
"ကောင်းတာပေါ့၊ နောက်ဆုတ်ဖို့ လမ်းကြောင်း ရှိနေရင် အန္တရာယ် ရှိလာလည်း ဘာလုပ်ရမှန်း မသိဘဲ ဖြစ်မနေတော့ဘူးပေါ့။"
ရှန်းတုရှင်း က ခေါင်းညိတ်လိုက်သည်။
ထိုစဉ် အိမ်ဝင်းအပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။
"ဒီမှာပဲ၊ ဒီမှာ ခဏ တည်းခိုလိုက်ကြ၊ ရွှေဟွေးကျောင်းတော်ဘက်က ကျောင်းသားတွေ အများကြီး ရောက်နေပြီ၊ မင်းတို့ကြားထဲမှာ ဘာရန်ငြိုးတွေပဲ ရှိရှိ ဖမ်းဆီးရေးဌာနမှာတော့ ရုန်းရင်းဆန်ခတ် မလုပ်ကြနဲ့။"
နောက်တစ်ခန့်တွင် သူတော်စင် အုပ်စုတစ်စု ဝင်လာကြသည်။
တန်လင် ကျောင်းတော်က ကျောင်းသားများ ဖြစ်သည်။
သို့သော်လည်း သူတို့ထဲမှ အချို့မှာ မျက်နှာစိမ်းများ ဖြစ်ပြီး အရှိန်အဝါလည်း အတော်လေး ပြင်းထန်သည်။
အရင်နှစ်တွေက ကျောင်းပြီးသွားတဲ့ ထူးချွန်ကျောင်းသားတွေ ဖြစ်ပုံရသည်။
ဒီလူတွေထဲမှာ ဖန့်ချန်က ရင်းနှီးတဲ့ မျက်နှာနှစ်ခုကို တွေ့လိုက်ရသည်။
ချင်ဖိုကျား နဲ့ ချင်ဝူဆန့် တို့ ဖြစ်သည်။
"မင်းတို့ကို စောင့်နေတာ ကြာပြီ။"
ဖန့်ချန်၏ မျက်လုံးထဲတွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။
အခန်း (၂၉၁၈) - မင်းလည်း အဲဒီလိုမြင်ကွင်းမျိုးကို မမြင်ချင်လောက်ပါဘူး၊ ဟုတ်တယ်မလား
"ဟေး၊ တန်လင် ကျောင်းတော်ဘက်က ရင်းနှီးတဲ့ မျက်နှာတွေ အများကြီးပဲ ပါလာတာပဲ။"
လွမ်းချူထျန်းက အနည်းငယ် ရယ်မောလျက် ပြောသည်။
အကြီးကဲငါးပါး၊ 'ဝမ်အိုကြီး'၊ 'ဖန့်ကျစ်ရွှယ်' တို့၏ အကြည့်တို့မှာလည်း ထိုအခိုက်အတန့်တွင် ထိုသူတော်စင် အုပ်စုထံသို့ ရောက်သွားကြသည်။
ထိုသူတော်စင် အုပ်စုထဲတွင် ယန်တန်းမျိုးနွယ်စုဝင် အချို့၊ ကောင်းကင်စစ်သည် မျိုးနွယ်စုဝင် အချို့နှင့် အခြားသော မျိုးနွယ်စုကြီးများမှ သူတော်စင်များ ပါဝင်သည်။
ယခုအခါတွင် သူတို့သည် အကြီးကဲငါးပါးကို မြင်လိုက်ရသောအခါ အမူအရာတို့မှာ အနည်းငယ် အနေရခက်သွားကြသည်။
"ဘိုးဘေး။"
ယန်တန်််းမျိုးနွယ်စုဝင် သူတော်စင် အချို့က ရှေ့သို့ တိုးလာပြီး ဆွေ့ဟွမ်ရွှီကို လက်သီးလက်ဝါး စု၍ အရိုအသေပေးကြသည်။
ဆွေ့ဟွမ်ရွှီက ခေါင်းကို အသာညိတ်၍ -
"ရောက်လာကြပြီလား ကြိုက်တဲ့နေရာမှာ ထိုင်ကြပါ၊ ငါတို့က အမှားအမှန် ဖောက်ထွင်းမျက်လုံး ကို လေ့လာမယ့် ကိစ္စရပ်တွေကို ဆွေးနွေးနေကြတာ။" ဟု ပြောသည်။
ထိုယန်တန်းမျိုးနွယ်စုဝင် သူတော်စင်များလည်း တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ပြီးနောက် နေရာယူ၍ ထိုင်လိုက်ကြသည်။
ကျန်ရှိသော သူတော်စင်များလည်း အခြေအနေကို မြင်တော့ ရွှေဟွေးကျောင်းတော်ဘက်က ရင်းနှီးတဲ့ သူတော်စင်များနှင့် နှုတ်ဆက်ကာ စကားလက်ဆုံ ကျကြသည်။
သူတို့ထဲမှ ကောင်းကင်စစ်သည် မျိုးနွယ်စုဝင် သူတော်စင် တစ်ဦးမှာမူ သူ၏ ကျင့်စဉ်အဆင့်မှာ ကောင်းကင်နိမိတ် အဆင့်ထက် အဆပေါင်းများစွာ သာလွန်နေပြီး အထွတ်ထိပ်တာအို သူတော်စင် အဆင့် ဖြစ်နိုင်ခြေ အလွန်များသည်။
သူက အကြီးကဲငါးပါးနှင့် စကားပြောသည့်အခါ အလွန် ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုသော်လည်း၊ လွမ်းချူထျန်းနှင့် စကားပြောသည့်အခါတွင်မူ လှောင်ပြောင်သရော်သည့် စကားလုံးများနှင့် ထင်ရှားသည့် ရန်လိုမှုတို့ ပါဝင်နေသည်။
"ချူထျန်း စီနီယာအစ်ကို၊ ဒီ ကောင်းကင်စစ်သည် မျိုးနွယ်စုက အထွတ်ထိပ်တာအို သူတော်စင်က အစ်ကိုနဲ့ ရန်ငြိုးရန်စ ရှိနေပုံပဲနော်"
ဖန့်ချန်က စိတ်အာရုံဖြင့် လှမ်းမေးလိုက်သည်။
ချင်ဖိုကျား နှင့် ချင်ဝူဆန့် တို့လည်း ထိုင်နေကြပြီး အလွန် ငြိမ်သက်နေကာ ဘာစကားမှ မပြောဘဲ ဘေးနားက လူတွေ စကားပြောနေတာကိုသာ နားထောင်နေသည်။
ဖန့်ချန်လည်း သူတို့ကို ခဏတာ လျစ်လျူရှုထားလိုက်သည်။
"ဒီကောင်က လွမ်းရှန်းချီ လို့ ခေါ်တယ်၊ ကောင်းကင်စစ်သည် မျိုးနွယ်စုထဲမှာ သူ့မိသားစုနဲ့ ငါ့မိသားစုက အမြဲတမ်း ရန်သူတွေလေ။"
"သူက ငါနဲ့ တစ်ခေတ်တည်းသားပေမဲ့ ငါ့ထက် အသက်နည်းနည်း ပိုကြီးတယ်၊ အရင်တုန်းက နေမင်းခုနစ်ပါး ကျောင်းတော်ကပဲ။"
"ဒါပေမဲ့ ကျောင်းပြီးခါနီးမှာ ရလဒ်က သာမန်ပဲ၊ ဒီလောက်နှစ်တွေ ကြာတဲ့အထိ ကောင်းကင်အရှင်အဆင့်ကို တက်လှမ်းဖို့ လက္ခဏာတောင် မပြသေးတာ မဆန်းပါဘူး။"
"ဒီတစ်ခါ သူ ဘယ်လိုလုပ် ခွဲတမ်းရလာလဲတော့ မသိဘူး၊ မင်း သူ့ကို ဂရုစိုက်မနေနဲ့။"
လွမ်းချူထျန်းက အေးစက်စက် အပြုံးတစ်ခုဖြင့် စိတ်အာရုံမှတစ်ဆင့် ပြန်ဖြေသည်။
လွမ်းရှန်းချီ
ဖန့်ချန်လည်း ထိုနာမည်ကို မှတ်သားထားလိုက်သည်။
တစ်ဖက်လူက လွမ်းချူထျန်းကိုသာမက သူ့ကိုပါ တစ်ခါတရံ ကြည့်သည့်အခါ မျက်လုံးထဲတွင် အငြိုးအတေးတို့ဖြင့် ကြည့်နေသည်ကို တွေ့ရသည်။
"ဖိုကျား၊ လူသားမျိုးနွယ်စုထဲမှာ ငါ အလေးစားဆုံးက မင်းပဲ၊ အရင်တုန်းက မင်းရဲ့ ဇာစ်မြစ်က ဒီလောက်တောင် နိမ့်ကျခဲ့တာတောင်၊ ဟော်ဆွေ့မျိုးနွယ်စုရဲ့ တိုက်ရိုက်မျိုးဆက် မဟုတ်ဘဲနဲ့လေ။"
"အခုတော့ တစ်လှမ်းချင်းစီ တက်လှမ်းရင်းနဲ့ ကောင်းကင်အရှင်ရဲ့ ဆက်ခံသူ ဖြစ်လာခဲ့ပြီ၊ မင်းမျိုးနွယ်စုရဲ့ ကောင်းကင်အရှင်ကတောင် မင်းကို တပည့်ရင်းအဖြစ် လက်ခံခဲ့တာလေ။"
"ဒါကို ကြည့်ရင် တကယ်ကိုပဲ မယုံနိုင်စရာ ကောင်းတယ်ဗျာ။"
"ငါမှတ်မိသေးတယ်၊ မင်း အစောပိုင်းတုန်းက တန်လင် ကျောင်းတော်မှာ ပညာသင်တုန်းကတောင် ကျောင်းတက်ဖို့ အသည်းအသန် ဖြစ်ခဲ့ရတာ မဟုတ်လား"
လွမ်းရှန်းချီက အခြားသူများနှင့် စကားပြောနေရာမှ ရုတ်တရက် ချင်ဖိုကျားဆီ စကားဦးလှည့်လိုက်သည်။
သူတော်စင်များအားလုံး စကားစမြည် ပြောနေရာမှ ရုတ်တရက် တိတ်ဆိတ်သွားပြီး အမူအရာတို့မှာ ထူးဆန်းသွားကြသည်။
ချင်ဖိုကျားက အနည်းငယ် စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
"အချိန်တွေ ကြာသွားခဲ့ပြီပဲ၊ အေးဆေး ပြန်တွေးကြည့်တော့လည်း အစောပိုင်းတုန်းက အတော်လေး ရုန်းကန်ခဲ့ရတာ အမှန်ပဲ။"
"ဟုတ်တယ်လေ၊ ငါနဲ့ မင်းက တန်လင် ကျောင်းတော်မှာ အတူတူ ပညာသင်ခဲ့ကြတဲ့ တစ်ခေတ်တည်းသား ညီအစ်ကိုတွေပဲ၊ နောက်ပိုင်း မင်း ကြိုးစားအားထုတ်ရင်း တဖြည်းဖြည်း ကြီးထွားလာတာကို ငါ ကိုယ်တိုင် မြင်ခဲ့ရတာပဲ။"
"မင်းနဲ့ငါ ချင်းမင်မှာ အတူတူ တာဝန်ထမ်းဆောင်ရင်း ဒီနှစ်တွေအတွင်းမှာလည်း အများကြီး အလုပ်လုပ်ခဲ့ကြတယ်လေ။"
လွမ်းရှန်းချီက ခေါင်းညိတ်လိုက်သည်။
'ရှဲ့အာမန်' ကမူ အေးစက်စက် အမူအရာဖြင့် သူတို့ စကားပြောနေသည်ကိုပင် ဂရုမစိုက်သလို ရှိနေသည်။
ဝမ်အိုကြီးကမူ လက်သန်းဖြင့် နားကို ကုတ်လိုက်ပြီး ဖုန်မှုန့်လေးကို မှုတ်ထုတ်ကာ ပျင်းရိသည့်အလား ဟန်ပန် ပြနေသည်။
ချင်ဖိုကျားက လွမ်းရှန်းချီကို ပြုံးလျက် -
"အရှင်သခင်ရဲ့ ထမင်းကို စားရတာပဲ၊ ဒါတွေ ပြောနေလို့ ဘာထူးမှာလဲ"
"အရှင်သခင်ရဲ့ ထမင်းကို စားရတာ ဟုတ်လား မင်းနဲ့ငါတို့ လုပ်ခဲ့တဲ့ အလုပ်တွေက နောက်မျိုးဆက်တွေ၊ လူငယ်တွေကို အကျိုးပြုခဲ့တာ အမှန်ပဲ။"
လွမ်းရှန်းချီက တိုးတိုးလေး ရေရွတ်လိုက်သည်
"ဒါပေမဲ့ အခု မင်းတို့ ဟော်ဆွေ့မျိုးနွယ်စုက ဖိအားတွေ အများကြီးနဲ့ ရင်ဆိုင်နေရတာမို့ မင်း စိတ်နှစ်ပြီး ကျင့်ကြံဖို့တောင် ခက်ခဲနေမှာပေါ့။"
ဤအထိ ပြောပြီးနောက် သူက သက်ပြင်းတစ်ချက် ချလိုက်သည်။
လွမ်းထိုက်ကူနှင့် လွမ်းချူထျန်းတို့မှာ ဘာစကားမျှ မဆိုဘဲ သူ့ကိုသာ တိတ်တိတ်ကလေး စောင့်ကြည့်နေကြသည်။
ရုတ်တရက် လွမ်းရှန်းချီက ဖန့်ချန်ဘက်ကို လှည့်ကြည့်လိုက်ပြီး ပြုံးလျက် -
"ဖန့်ချန်၊ ငါက မင်းထက် အသက်ပိုကြီးတယ်၊ ချင်ဖိုကျားကလည်း မင်းရဲ့ ရှေ့မျိုးဆက်ပဲ။"
"ငါတို့ အရင်တုန်းက ချင်းမင်အတွက် အရပ်ရပ်ကို စစ်ချီတိုက်ခိုက်ရင်း အောင်မြင်မှုတွေ အများကြီး ရခဲ့တယ်။"
"နေမင်းခုနစ်ပါး ခန်းမက ထုတ်တဲ့ စင်ကြယ်သော ဗောဓိသီး တွေကိုလည်း ငါတို့ပဲ ရှာခဲ့ရတာ ဖြစ်နိုင်တယ်။"
"မင်းက ရှန်းဟုန် ရဲ့ အရှင်သခင် ဖြစ်ပြီး အခု လူသားမျိုးနွယ်စုရဲ့ ရှန်းဟုန်မျိုးနွယ်စုကို မင်းပဲ စီမံနေတယ်လို့ ကြားတယ်။"
"ဒီလိုလုပ်မလား၊ ဒီနေ့ ငါ အလယ်ကနေ ကြားဝင်ပြီး မင်းနဲ့ ချင်ဖိုကျား ကြားက ရန်ငြိုးကို ပြေလည်အောင် လုပ်ပေးမယ်။"
"အရင်မျိုးဆက်တွေရဲ့ ကိစ္စကို အရင်မျိုးဆက်တွေပဲ ဖြေရှင်းပါစေ။ ငါတို့ မျိုးဆက်မှာတော့ ဒါတွေကို အကြောင်းပြပြီး ရန်လိုနေစရာ မလိုပါဘူး။"
"ငါက ချင်ဖိုကျားကို ညီအစ်ကိုလို သဘောထားပြီး သူ့ကိစ္စတွေကို အမြဲ စိတ်ပူပေးနေတာ၊ မင်းလည်း ငါ့မျက်နှာကို ထောက်ပြီး ခွင့်လွှတ်ပေးပါ။"
အကြီးကဲငါးပါး၏ အမူအရာမှာ ထူးဆန်းသွားသည်။ ဆွေ့ဟွမ်ရွှီက လွမ်းထိုက်ကူကို တစ်ချက် ကြည့်လိုက်သည်။
လွမ်းထိုက်ကူက ခေါင်းကို အသာခါလိုက်ပြီး စိတ်အာရုံမှတစ်ဆင့် -
"ငါ နိုးထလာကတည်းက ကောင်းကင်စစ်သည် မျိုးနွယ်စုနဲ့ သိပ်မဆက်ဆံဖူးဘူး၊ ဆက်ဆံရင်လည်း ရွှေဟွေးကျောင်းတော်မှာပဲ။ ဒီလူက ဒီနေ့ ဖန့် သူတော်စင်ဘိုးဘေး ရှေ့မှာ စကားကြီးစကားကျယ် ပြောရဲတာ ငါနဲ့ ဘာမှ မဆိုင်ဘူး။"
ဟု ပြောသည်။
စစ်ခိုကျိ လည်း စိတ်အာရုံမှတစ်ဆင့် လှမ်းပြောသည်။
"လွမ်းထိုက်ကူ၊ ဒီ လွမ်းရှန်းချီက ဘယ်သူမို့လို့ သူတော်စင်ဘိုးဘေး စီမံကိန်းက ရန်ငြိုးကို ဝင်ဖြေရှင်းပေးရဲတာလဲ သူက ကျန်ထန်းဝမ် ခန်းမထက် ပိုတော်တယ်လို့ ထင်နေတာလား "
လွမ်းထိုက်ကူ - "ငါနဲ့ မဆိုင်ဘူး၊ ဒီလူငယ်ကိုလည်း ငါ မသိဘူး။"
ရှန်းတုရှင်း
"လွမ်းထိုက်ကူ၊ မင်း ဖန့် သူတော်စင်ဘိုးဘေးကို သွားပြီး ချော့မော့လိုက်ပါဦး၊ ကိစ္စကြီးမသွားအောင် လုပ်ပေးပါ။ အဓိကက အမှားအမှန် ဖောက်ထွင်းမျက်လုံး ကို လေ့လာဖို့ပဲလေ။"
လွမ်းထိုက်ကူမှာ အားလုံးက သူ့ဆီကိုသာ စိတ်အာရုံနဲ့ လှမ်းပြောနေကြ၍ စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်သည်။
ထိုအခိုက်တွင် ဖန့်ချန်မှာ စိတ်လွတ်နေသည်။
လွမ်းရှန်းချီက မျက်မှောင်ကြုတ်လျက် -
"ဖန့်ချန်"
"အော်"
ဖန့်ချန်လည်း သတိပြန်ဝင်လာပြီး လွမ်းရှန်းချီကို ကြည့်ကာ ပြုံးလျက် -
"မင်းမျက်နှာက ဒီလောက်တောင် ကြီးမားနေတာလား၊ ဒါဆိုရင် ဟော်ဆွေ့မျိုးနွယ်စုကို ပြောပေးလိုက်ပါလား၊ အနာဂတ်မှာ လူသားမျိုးနွယ်စုရဲ့ နယ်မြေ ခုနစ်ခုလုံးကို ငါ့ရဲ့ ရှန်းဟုန်လက်အောက်ကို ပေးလိုက်ဖို့။"
"ဒါဆိုရင် ရှန်းဟုန်နဲ့ ဟော်ဆွေ့ ကြားက ရန်ငြိုးတွေ ပြေလည်သွားမှာပေါ့။ ငါလည်း အနာဂတ်မှာ ဟော်ဆွေ့မျိုးနွယ်စုကို လိုက်မဖိနှိပ်တော့ဘူးလို့ ကတိပေးနိုင်တယ်။"
ထိုစကားကြောင့် ချင်ဖိုကျားနှင့် ချင်ဝူဆန့် တို့၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။
တစ်ဦးက ဟော်ဆွေ့မျိုးနွယ်စု၏ ကောင်းကင်အရှင် ဆက်ခံသူ၊ တစ်ဦးက ဟော်ဆွေ့၏ တိုက်ရိုက်မျိုးဆက် ဖြစ်သည်။
ယနေ့တွင် အရေးပါသော သူတော်စင်များစွာ ရှိနေချိန်၌ တစ်ဖက်လူက ဟော်ဆွေ့မျိုးနွယ်စုကို လူကြားထဲမှာ အရှက်ခွဲလိုက်ခြင်း ဖြစ်သည်။ သူတို့သာ ဘာမှ မလုပ်ရင် အခြားသူတွေက ဘယ်လို မြင်သွားမလဲ။
သို့သော် သူတို့ ဘာမှ မလုပ်ရသေးခင်မှာပင် လွမ်းရှန်းချီက လက်ဖြင့် တားလိုက်သည်။
ဖန့်ချန် စိတ်ထဲတွင် အကြောင်းရင်းကို ခန့်မှန်းမိသွားသည်။ ယန်တန်းမျိုးနွယ်စုနှင့် ကောင်းကင်စစ်သည် မျိုးနွယ်စုထဲတွင် ဟော်ဆွေ့မျိုးနွယ်စုဘက်က ရပ်တည်နေသည့် သူတော်စင် အချို့ ရှိနေခြင်းဖြစ်သည်။
မဟုတ်သေးဘူး၊ဘိုးဘေးငယ် ၏ နောက်ကွယ်က အင်အားစုတွေဘက်က ရှိနေတာ ဖြစ်ရမယ်။
ဟော်ဆွေ့မျိုးနွယ်စု ဆိုတာ သူတို့ အပြင်လောကနဲ့ ဆက်သွယ်ဖို့ အသုံးပြုထားတဲ့ အရုပ်ကလေးတွေသာ ဖြစ်သည်။
ဒါပေမဲ့ ဖန့်ချန် စိတ်ဝင်စားမိတာက သူတို့က ဘာလို့ ဟော်ဆွေ့မျိုးနွယ်စုကို ရွေးရတာလဲ လူသားမျိုးနွယ်စုကို ဘာလို့ ရွေးရတာလဲ။
လူသားမျိုးနွယ်စုမှာ သူတို့ လိုချင်တဲ့ ဘယ်လို အရာမျိုး ရှိနေတာလဲ။
"သူတို့က လူသားမျိုးနွယ်စုမှာလည်း မျိုးနွယ်စု ကံကြမ္မာစွမ်းအား ရှိမှန်း သိနေတာလား"
ဤသို့ တွေးမိစဉ် လွမ်းရှန်းချီ၏ အသံကြောင့် ဖန့်ချန်၏ အတွေးတို့ ပြတ်တောက်သွားသည်။
သူက အေးစက်စက် အမူအရာဖြင့် ဖန့်ချန်ကို ကြည့်ကာ -
"ဖန့်ချန်၊ မင်းတို့ရဲ့ သူတော်စင်ဘိုးဘေး စီမံကိန်းက အခု အရှိန်အဟုန် ရနေတာ ငါ သိပါတယ်။ ဆန်းနယဲ့ စစ်မြေပြင်မှာလည်း မင်းတို့ရဲ့ အကူအညီ လိုအပ်နေတာပေါ့။"
"ဒါပေမဲ့ မင်းတို့ ဆန်းနယဲ့ စစ်မြေပြင်ကို အေးအေးဆေးဆေး သွားနိုင်တာကလည်း ငါတို့ မျိုးနွယ်စုကြီးတွေက အခြေအနေကို ထိန်းချုပ်ပေးထားလို့ပဲ။"
"ငါ တွက်ကြည့်တော့ ရက်ပိုင်းအတွင်းမှာပဲ ကောင်းကင်အရှင် အဆင့်ကို တက်လှမ်းတော့မယ်။"
"အဲဒီကျရင် ငါ သမာဓိခုံရုံးမှာ ဂုဏ်ထူးဆောင် ကောင်းကင်အရှင် ရာထူးနဲ့ ဝင်ထိုင်တော့မယ်။"
"အဲဒီအချိန်ကျရင် မင်းတို့ ရှန်းဟုန်နဲ့ ဟော်ဆွေ့ ကြားက ပြဿနာတွေကို ငါ့ရဲ့ အစွမ်းအစနဲ့ အကောင်းဆုံး ဖြေရှင်းပေးမယ်။"
"ဒါပေမဲ့ အဲဒီအချိန်ကျရင် ဘယ်လိုမျိုး နည်းလမ်းနဲ့ ဖြေရှင်းမလဲဆိုတာတော့ ငါ အာမမခံနိုင်ဘူး။"
"မင်းလည်း အဲဒီလိုမြင်ကွင်းမျိုးကို မမြင်ချင်လောက်ပါဘူး၊ ဟုတ်တယ်မလား "