← Chapters

အခန်း (၈၀၅-၈၀၆)

Vol. 68 Ch. 805-806

အခန်း (၈၀၅-၈၀၆)

Vol. 68 Ch. 805-806

အခန်း(၈၀၅)

"ဒီ နဂါးမျိုးနွယ်ဝင် တစ်ယောက်က နတ်မျိုးနွယ်တွေ နဲ့ ဆက်သွယ်ဖို့ ကြိုးစားနေခဲ့ပေမဲ့ သူတို့ကတော့ သူ့ရဲ့ ကြိုးစားမှုတွေကို လုံးဝ စိတ်ဝင်စားပုံမရဘူး။

တကယ်လို့ မင်းသာ သူ နတ်မျိုးနွယ်တွေဆီက လိုချင်နေတဲ့အရာကို သွားပေးမယ်ဆိုရင် သူက မင်းကို သူ့ရဲ့ နေရာထဲ ဝင်ခွင့်ပေးဖို့ လိုလိုလားလား ရှိနေမှာ သေချာသလို ရှေးဟောင်းအမွေအနှစ် ကိုတောင် လက်ဆောင်အဖြစ် ပြန်ပေးလာနိုင်တယ်။ သူက အဲဒါကို သိမ်းထားချင်ပုံမရဘဲ အပေးအယူလုပ်ဖို့အတွက်ပဲ အသုံးပြုနေတာ"

ကာတာရီနာ လုံးဝ မလုပ်နိုင်တဲ့ အရာတစ်ခု ရှိတယ်ဆိုရင် အဲဒါက တခြားလူတွေနဲ့ ရောနှောဆက်ဆံတာပဲ။ သူမနဲ့ တွေ့ဖူးသမျှ လူတိုင်းလိုလိုက သူမကို ရိုင်းစိုင်းတယ်၊ ဖော်ရွေမှုမရှိဘူး၊ ပြီးတော့ လူမှုဆက်ဆံရေး ခေါင်းပါးတယ်လို့ သတ်မှတ်ထားကြတယ်။

ဘာပဲဖြစ်ဖြစ် အဖွဲ့အစည်းထဲမှာ လေ့ကျင့်ခံခဲ့ရတာက သူမကို တခြားရွယ်တူတွေနဲ့ အဆက်အသွယ် ပြတ်သွားစေခဲ့တာပဲ။ သူမမှာ ရှိတာဆိုလို့ သူမရဲ့ ကျင့်စဉ်ပဲ ရှိပြီး ဒါကပဲ သူမကို ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ သန္ဓေဝိညာဉ် အဆင့်ဆီ ရောက်ရှိသွားစေခဲ့တာ။

တကယ်လို့ သူမက နတ်မျိုးနွယ်တွေ နဲ့ တိုက်ခိုက်ရမယ်ဆိုရင်တော့ လုပ်နိုင်မှာပဲ။ ဒါပေမဲ့ သူတို့နဲ့ စကားပြောပြီး အကူအညီတောင်းဖို့ ဆိုတာကတော့ လုံးဝ မဖြစ်နိုင်သလောက်ပဲ။

နတ်မျိုးနွယ်တွေ ကလည်း သီးခြားနေတတ်ကြတယ်လို့ နာမည်ကြီးတယ်။ သူတို့ရဲ့ တိုင်းပြည်က ကမ္ဘာကြီးရဲ့ တစ်ဖက်ခြမ်းမှာ တည်ရှိပြီး ဒီ တော်ဝင်တိုက်ကြီး က လူနေမှုဘဝတွေနဲ့ လုံးဝကို ကွဲပြားခြားနားတယ်။ အဲဒါကြောင့် သူတို့က သူတို့လူမျိုးတွေ ဖန်တီးထားတာ မဟုတ်တဲ့ တခြားဘယ်အရာကိုမဆို သဘောမကျတတ်ကြဘူး။

ဒါက ကုန်သည်တွေနဲ့ တခြားသူတွေအတွက် နတ်မျိုးနွယ်တွေရဲ့ ဈေးကွက်ကို ထိုးဖောက်ဖို့ ခက်ခဲစေခဲ့တယ်။ သူတို့က ရေလူသား တွေထက်တောင် ပိုပြီး အဆင့်အတန်း သတ်မှတ်ချက် အလွန်မြင့်မားကြတယ်။

"နတ်မျိုးနွယ်တွေ ဟုတ်လား" လို့ ဇိုဗီရု က ခပ်ဟဟ ရယ်မောရင်း မေးလိုက်တယ်။ "ကံကောင်းပါစေ။ အမှောင်သစ်သား အတွက် အခုကတည်းက မြေကြီးထဲ သွားတူးနေဖို့ ငါ အကြံပေးချင်တယ်၊ ဘာလို့လဲဆိုတော့ အဲဒါက နှစ်နဲ့ချီပြီး ကြာမြင့်မှာမို့လို့ပဲ"

သေချာတာကတော့ နတ်မျိုးနွယ်တွေ က တော်ဝင်တိုက်ကြီး ထဲမှာ ကျန်နေသေးတဲ့ အမှောင်သစ်သား တွေအားလုံးကို ပြန်လည်ရယူဖို့ကလွဲပြီး တခြား ဘာကိုမှ မလိုချင်ကြဘူးဆိုတာ လူတိုင်း သိထားကြတယ်။

သူတို့ကိုယ်တိုင် စိုက်ပျိုးလို့ မရတာကြောင့် ရှေးဦးခေတ် က မှော်ဝင်ပစ္စည်း တွေကို ဟိုတူးဒီတူး လုပ်ဖို့ပဲ ရွေးချယ်ခဲ့ကြတယ်။

ကာတာရီနာ က သူမရဲ့ နှုတ်ခမ်းကို ကိုက်လိုက်တယ်။ နတ်မျိုးနွယ်တွေ နဲ့ တွေ့ဆုံခွင့်ရဖို့ တစ်ခုတည်းသော နည်းလမ်းက သူတို့ကို အမှောင်သစ်သား လက်ဆောင်ပြန်ပေးဖို့ပဲ ရှိပုံရတယ်။

သူမကိုယ်တိုင်မှာ မရှိပေမဲ့ သူမ အဖွဲ့အစည်းရဲ့ အရင်းအမြစ်တွေနဲ့ဆိုရင် အဲဒါကို ရှာတွေ့ဖို့က အချိန်တစ်ခုပဲ လိုတော့မှာ။

ဒါပေမဲ့ ပြဿနာက... အဲဒါက လုံလောက်ပါ့မလား ဆိုတာပဲ။

သူမလို စိတ်ကူးမျိုး ရှိနေတဲ့သူတွေ အများကြီး ရှိနေနိုင်တယ်။ သူတို့က နဂါးမျိုးနွယ်ဝင် နဲ့ သူ့ရဲ့ ရှေးဟောင်းအမွေအနှစ် ကို ရဖို့အတွက် နတ်မျိုးနွယ်တွေ ဆီမှာ မျက်နှာလိုမျက်နှာရ လုပ်နေကြမှာပဲ

'အမှောင်သစ်သား ကို ငါ ဘယ်ကနေ သွားရမလဲ' လို့ သူမက တွေးတောလိုက်တယ်။

အဲဒီအချိန်မှာပဲ သူတို့အနောက်ဘက်က အနီရောင် ပေါ်တယ်တံခါးပေါက်က တောက်ပလာပြီး ရွှေရောင်ဆံပင်နဲ့ ကောင်လေးတစ်ယောက်က အေးချမ်းတဲ့ မျက်နှာပေးနဲ့ ထွက်ပေါ်လာခဲ့တယ်။

"ငါ ဘာတွေ လွတ်သွားသေးလဲ" လို့ မိုက်ကယ် က မျက်နှာပေါ်မှာ အပြုံးတစ်ခုနဲ့ သူတို့ကို မေးလိုက်တယ်။

* * * * * * * *

အထပ်ထပ် ယှက်နွယ်နေတဲ့ နွယ်ပင်တွေဆီကနေ အမှောင်သစ်သား ကို အောင်မြင်စွာ ဆွဲနုတ်လိုက်ပြီးနောက် မိုက်ကယ် က ထိန်းချုပ်ခန်း ထဲကနေ ချက်ချင်း ထွက်ခွာလာခဲ့ပြီး ထူးဆန်းတဲ့ ကျွန်းပေါ်ကို ပြန်ရောက်သွားခဲ့တယ်။

သူက ရိတ်သိမ်းပြီးနောက် ညှိုးနွမ်းသွားတဲ့ နွယ်ပင်တွေကို ဖျက်ဆီးပစ်ဖို့ ရပ်မနေခဲ့ဘူး။ သူ ဒီနေရာကနေ ထွက်သွားပြီးမှပဲ အဲဒါကို လုပ်တော့မယ်။

မြေပြင်ပေါ်ကို ပြန်ရောက်တာနဲ့ တစ်ပြိုင်နက် သူ ဘာများ ကျန်ခဲ့သေးလဲဆိုတာ သေချာအောင် ကျွန်းတစ်ဝိုက်ကို နောက်ဆုံးတစ်ခေါက် အနေနဲ့ သူ့ရဲ့ ဒရုန်း ကို လွှတ်ပြီး ရှာဖွေကြည့်လိုက်တယ်။

သေချာအောင် ထပ်စစ်ဆေးပြီးနောက် ကျွန်းရဲ့ အစွန်းဘက်ကို လျှောက်သွားပြီး အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါ အောက်ဘက်မှာ လုံးဝကို အမှောင်ထုကြီးကလွဲပြီး ဘာကိုမှ မမြင်တွေ့ခဲ့ရဘူး။

"ဒါက ငါ့ကို တကယ် ပြန်ခေါ်သွားမှာ သေချာလို့လား" လို့ သူက ဟာဘင်ဂျာ ကို မေးလိုက်တယ်။

| ငါ သေချာပါတယ်။ တကယ်လို့ မဟုတ်ခဲ့ရင်လည်း အုပ်စ် ငါ မှားသွားတာပေါ့ |

| ငါ နောက်နေတာပါ။ အဲဒါက ဘေးကင်းပါတယ် | လို့ ဟာဘင်ဂျာ က အာမခံလိုက်တယ်။

ဘာပဲဖြစ်ဖြစ် ဒီနေရာကနေ ဘယ်လိုထွက်ရမလဲဆိုတာ မိုက်ကယ် မှာ တခြား အကြံအစည် မရှိတာကြောင့် ဒါက သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာပဲ ဖြစ်နေတယ်။

သူက ခြေလှမ်းလှမ်းပြီး နက်ရှိုင်းတဲ့ ချောက်ကမ်းပါးထဲကို ခုန်ချဖို့ အဆင်သင့် ဖြစ်နေချိန်မှာပဲ တစ်စုံတစ်ခုက သူ့အာရုံကို ရုတ်တရက် ဖမ်းစားသွားခဲ့တယ်။

သူက ဘေးဘက်ကို လှည့်ကြည့်လိုက်တော့ အရင်က မမြင်ခဲ့ဖူးတဲ့ အရာတစ်ခုကို မြင်လိုက်ရတယ်။

ခပ်လှမ်းလှမ်းမှာ နောက်ထပ် ကျွန်းတစ်ကျွန်းရဲ့ ဝိုးတဝါး အရိပ်အယောင်ကို သူ မြင်လိုက်ရတာပဲ။

သူ့ရဲ့ ဒရုန်းအမြင်အာရုံကို အသုံးပြုပြီးနောက်မှာတော့ သူမြင်တွေ့နေရတာက စိတ်ထင်ယောင်ထင်မှား ဖြစ်နေတာ မဟုတ်ဘူးဆိုတာကို ပိုပြီး သေချာသွားခဲ့တယ်။ ဒီကျွန်းနဲ့ ကီလိုမီတာ ရာဂဏန်းလောက် ဝေးတဲ့နေရာမှာ နောက်ထပ် ကျွန်းတစ်ကျွန်း တကယ် ရှိနေခဲ့တာပဲ။

"ဒါက အရင်တုန်းက ဒီမှာ ရှိမနေခဲ့ဘူး"

သူ့ဒရုန်းနဲ့ ကျွန်းကို စူးစမ်းရှာဖွေတုန်းက အမည်းရောင် လဟာပြင်ကြီးထဲမှာတောင် အဆောက်အအုံ အရိပ်အယောင် တစ်ခုခုများ ရှိမလားဆိုပြီး နေရာအနှံ့ကို သေချာ လိုက်ကြည့်ခဲ့တာပဲ။ ပြီးတော့ ဒီလို ထူးခြားတဲ့ အရာမျိုးကို လုံးဝ မမြင်ခဲ့ရဘူး။

ဒီကျွန်းက မကြာသေးခင်ကမှ ရုတ်တရက် ပေါ်လာတာဖြစ်ပြီး ရှေးဟောင်းကျောက်တိုင် ရဲ့ စမ်းသပ်မှုကို ပြီးမြောက်ပြီးနောက်မှ ဖြစ်နိုင်တယ်။

"တကယ်လို့ အဲဒီကျွန်းကလည်း ဒီကျွန်းနဲ့ အတူတူပဲဆိုရင် သူ့ဆီမှာလည်း ရှေးဟောင်းကျောက်တိုင် ရှိနေတယ်လို့ ဆိုလိုတာလား"

သူက မျက်လုံးကို မှေးလိုက်ပြီး အလွန်ဝေးကွာတဲ့ နေရာကို မြင်ရဖို့ အစွမ်းကုန် ကြိုးစားကြည့်ပေမဲ့ လဟာပြင်ထဲက တစ်စုံတစ်ခုက သူ့ရဲ့ မှော်စွမ်းအင် ကို အသုံးပြုလို့မရအောင် တားဆီးနေခဲ့တယ်။ သူ မြင်နိုင်တာဆိုလို့ နက်ရှိုင်းတဲ့ အမှောင်ထုထဲမှာ ပေါလောပေါ်နေတဲ့ ဝိုးတဝါး ကျွန်းပုံရိပ်လေး တစ်ခုပဲ ရှိတယ်။

ဒါပေမဲ့ ဖြစ်နိုင်ခြေ အားလုံးကို ကြည့်ရရင် သူ့ရဲ့ ခန့်မှန်းချက်က မှန်ကန်ပုံရတယ်။ အဲဒီကျွန်းမှာလည်း သူ ရထားတဲ့ ထူးဆန်းတဲ့ တုံးလိုမျိုး အဖိုးတန်တဲ့ ရတနာ ဒါမှမဟုတ် အမွေအနှစ် တစ်ခုခု ရှိနေတယ်လို့ ယူဆလို့ရတယ်။

ဒါမှမဟုတ်ရင် အခုမှ ဘာလို့ သူ့အမြင်အာရုံထဲ ပေါ်လာရသလဲဆိုတာပဲ။ သူ ဒီနေရာကနေ ထွက်ခွာတော့မယ့်အချိန်ကျမှ အဲဒီကျွန်းကို ရုတ်တရက် မြင်လိုက်ရတာက တမင်သက်သက် လုပ်ထားသလိုမျိုး ဖြစ်နေတယ်။

'ဒါပေမဲ့ ငါ သွားလို့မရဘူးဆိုရင် ဘာလို့ ဒါကို လာပြနေရတာလဲ' လို့ သူ တွေးမိတယ်။

တကယ်လို့ သူ အဲဒီကို ပျံသန်းဖို့ ကြိုးစားရင် လဟာပြင်ထဲကို စုပ်ယူခံရပြီး ဒီနေရာကနေ ထာဝရ ထွက်သွားရုံပဲ ရှိမယ်။ အနောက်ကို ပြန်လှည့်ဖို့ လမ်းမရှိဘူး။ ဒါကြောင့် ဒီ ရှေးဟောင်းကျောက်တိုင် ရဲ့ ဖန်တီးရှင်က သူ့ကို သက်သက် ကစားနေသလိုပဲ ဖြစ်နေတယ်။

ဒါပေမဲ့လည်း စမ်းကြည့်လို့တော့ အပန်းမကြီးပါဘူး။

ဒုံးပျံတစ်ခုလိုပဲ မှော်စွမ်းအင် တွေက သူ့ရဲ့ ခြေဖဝါးတွေဆီကနေ ပန်းထွက်လာပြီး သူ့ကို လေထဲဆီ ပျံသန်းနိုင်အောင် လုပ်ပေးလိုက်တယ်။

ပြီးတော့ အရှိန်လုံလုံလောက်လောက် ရသွားတာနဲ့ တစ်ပြိုင်နက် သူက အခြားကျွန်းဆီကို ဦးတည်ပြီး ပျံသန်းထွက်ခွာသွားတော့တယ်။

ဒါပေမဲ့ ကန့်သတ်မျဉ်းကို ရောက်သွားတာနဲ့ တစ်ပြိုင်နက် ဧရာမ စုပ်ယူအားကြီးတစ်ခုက သူ့ကို အောက်ဘက်ဆီ ဆွဲချနေတာကို ခံစားလိုက်ရတယ်။ အဲဒါက သူ့ရဲ့ ရုပ်ကလာပ်ကိုရော ဝိညာဉ်ကိုပါ ဖမ်းဆုပ်လိုက်ပြီး လုံးဝကို ကွဲပြားခြားနားတဲ့ နေရာတစ်ခုဆီ ခေါ်ဆောင်သွားခဲ့တယ်။

သူ့အမြင်အာရုံတွေ မှောင်မိုက်သွားပြီး ခန္ဓာကိုယ်ကြီးက ထုံကျဉ်သွားခဲ့တယ်။

စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ သူက ရှေ့ကို လိမ့်ကျသွားပြီး ရွှေဒင်္ဂါးပြား အပုံလိုက်ကြီးထဲကို မျက်နှာနဲ့ အရင်စိုက်ကျသွားတာကို သတိထားမိလိုက်တယ်။

"အာ..." လို့ သူက ညည်းညူလိုက်ပြီးနောက် ပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်တယ်။

သူက ဇိုဗီရု ရဲ့ မျှော်စင်ထဲ ပြန်ရောက်နေမှန်း သတိထားမိလိုက်ပြီး ပတ်ဝန်းကျင်မှာ အဖိုးမဖြတ်နိုင်တဲ့ ရွှေရောင် အဆင်တန်ဆာတွေ အများကြီး ရှိနေသလို သူ့ဘေးနားမှာလည်း ဧရာမ အဖြူရောင် ခြေသလုံးရိုး ကြီးတစ်ခု လှဲလျောင်းနေခဲ့တယ်။

အဲဒီလို အဖြစ်အပျက်တွေ ကြုံခဲ့ရပေမဲ့လည်း ရှေးဟောင်းအမွေအနှစ် ထဲမှာတော့ ဘာမှ ပြောင်းလဲသွားတာမျိုး မရှိဘဲ ဘာမှ မဖြစ်ခဲ့သလိုမျိုးပဲ ရှိနေဆဲပဲ။

သူ့လက်တွေက အဲဒါကို ပြန်ဆုပ်ကိုင်လိုက်ပြီး လက်ချောင်းတွေက ဖြတ်တောက်ထားတဲ့ နေရာတွေပေါ် ဖြတ်ပြေးသွားပေမဲ့... ဘာမှ ထူးခြားမလာခဲ့ဘူး။ အဲဒါက သူ့ရဲ့ သွေးကိုလည်း ဖောက်မယူသလို အခြားကျွန်းဆီကိုလည်း ပြန်မခေါ်သွားတော့ဘူး။

'အင်တာနက်ကုဗတုံး' လိုမျိုး စွမ်းအားကြီးမားတဲ့ အရာတစ်ခုကို ရရှိခဲ့ပေမဲ့လည်း မိုက်ကယ် က အဲဒီမှာ ဘာတွေများ ရှိနေမလဲဆိုတာကို သိချင်တာကြောင့် အခြားကျွန်းဆီကို သွားလည်ချင်နေတုန်းပဲ။

အဲဒါကို လောဘ ဒါမှမဟုတ် စပ်စုချင်စိတ်လို့ပဲ ခေါ်ခေါ် အဲဒီနေရာလွတ်ထဲမှာ ဘယ်လို အရာဝတ္ထုတွေများ ပုန်းကွယ်နေမလဲဆိုတာကို သူ မတွေးဘဲ မနေနိုင်ခဲ့ဘူး။

ဒါပေမဲ့ သူ့အတွက် အဖြေမရှိတာကြောင့် မျှော်စင်ထဲကနေ ထွက်ပြီး တခြားသူတွေနဲ့ သွားတွေ့ဖို့ ဆုံးဖြတ်လိုက်တယ်။

* * * * * * * *

"ငါ ဘာတွေ လွတ်သွားသေးလဲ" လို့ သူက ကာတာရီနာ ကို မေးလိုက်တယ်။

သူမက သူ့ကို ပြန်ကြည့်လိုက်ပြီး သူမရဲ့ စူးရှတဲ့ အကြည့်တွေကို ဖုံးကွယ်မထားခဲ့ဘူး။

ကီယို ဆီမှာ သိပ်ပြီး ပြောင်းလဲသွားတာမျိုး မရှိပေမဲ့ သူ့အထဲမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲ တစ်ခုခု ရှိနေတယ်ဆိုတာကို ရည်ညွှန်းနေတဲ့ မသိမသာ တောက်ပမှုတစ်ခု သူ့မျက်လုံးထဲမှာ ရှိနေတယ်။

"ဒါက နောက်ထပ် ရှေးဟောင်းအမွေအနှစ် တစ်ခုပဲ" လို့ ကာတာရီနာ က ပြောလိုက်တယ်။

"အို..."

"ဒါပေမဲ့ အဲဒါကို ရဖို့ဆိုတာ မဖြစ်နိုင်ဘူး" လို့ ဘာစတီယန် က ပြောလိုက်တယ်။ "နတ်မျိုးနွယ်တွေ ရဲ့ ပူးပေါင်းပါဝင်မှုကို မရသရွေ့ အဲဒါကို ပိုင်ဆိုင်ထားတဲ့ နဂါးမျိုးနွယ်ဝင် နဲ့ ငါတို့ ဆက်သွယ်နိုင်မှာ မဟုတ်ဘူး။ ငါတို့ အမှောင်သစ်သား လိုအပ်တယ်"

"အို..."

* * * * * * * *

စာစဉ်(၆၈)

အခန်း(၈၀၆)

နောက်ထပ် ရှေးဟောင်းအမွေအနှစ် တစ်ခု ပေါ်လာတာက အမှောင်ချောက်ကမ်းပါးထဲမှာ သူမြင်ခဲ့ရတဲ့ ဝေးကွာလှတဲ့ ကျွန်းလေးအကြောင်းကို ရှင်းပြနေသလိုပဲ။

အဲဒီမြင်ကွင်းက သူသာ ဒီ ရှေးဟောင်းအမွေအနှစ် ကို ထိတွေ့နိုင်ခဲ့ရင် ဘယ်ကို ရောက်သွားမလဲဆိုတာကို ရည်ညွှန်းနေတဲ့ပုံပဲ။

'ဒီနှစ်ခုကြားမှာ ဆက်စပ်မှု တစ်ခုခုများ ရှိနေမလား' 'အဲဒီကို ရောက်သွားရင်ရော ကုဗတုံးအကြောင်း ပိုသိလာနိုင်မလား' 'တခြား ရှေးဟောင်းအမွေအနှစ် တွေရော ရှိနေဦးမလား'

သူ့ခေါင်းထဲမှာ မေးခွန်းတွေ အများကြီး ပြည့်နှက်နေခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမေးခွန်းကတော့ ခန့်မှန်းရနည်းနည်း ပိုလွယ်ကူနေတယ်။

ဘာပဲဖြစ်ဖြစ် ရှေးဟောင်းအမွေအနှစ် ဆိုတာ ဘာလဲ။ ဒါက ရှေးဦးခေတ် က ဒဏ္ဍာရီလာ မှော်သားရဲတစ်ကောင်ရဲ့ ခြေသလုံးရိုး ပဲလေ။ ဒီလောက် အရွယ်အစားကြီးမားတဲ့ သားရဲတစ်ကောင်မှာ အရိုးပေါင်း ဆယ်ဂဏန်း ဒါမှမဟုတ် ရာဂဏန်းလောက် ရှိနေမယ်လို့ တွေးတာက သိပ်ပြီး ဖြစ်နိုင်ခြေမရှိတာတော့ မဟုတ်ဘူး။

တကယ်လို့ အဲဒီလိုသာဆိုရင် အရိုးတစ်ခုချင်းစီက သူတို့ရဲ့ ဖန်တီးရှင်က အမွေဆက်ခံသူကို ရှာဖွေဖို့ ရည်ရွယ်ဖန်တီးထားတဲ့ ကျွန်းတစ်ကျွန်းစီဆီကို ခေါ်ဆောင်သွားနိုင်မလား။

'ဖြစ်နိုင်ခြေ မရှိပါဘူးလေ... တကယ်လို့ ဒီ ရှေးဟောင်းအမွေအနှစ် တွေ ရာနဲ့ချီပြီး ရှိနေမယ်ဆိုရင် ဒီနေရာမှာ တော်တော်လေး အတွေ့ရများနေလောက်ပြီ'

ဘယ်လိုပဲဖြစ်ဖြစ် သူက အဲဒီအရိုးကို ရှာတွေ့ပြီး ဒုတိယမြောက်ကျွန်းဆီ ရောက်သွားမှသာ အဖြေကို ရနိုင်မှာပဲ။

"ဒါဆို ကျွန်တော်တို့ ဘာစောင့်နေဦးမလဲ၊ အခုပဲ အဲဒီ ရှေးဟောင်းအမွေအနှစ် ကို သွားယူကြတာပေါ့" လို့ သူက ကာတာရီနာ ကို တိုက်တွန်းလိုက်တယ်။

"ငါတို့ ပြောတာကို မင်း မကြားဘူးလား၊ နတ်မျိုးနွယ် တွေဆီကနေ တန်ဖိုးရှိတာ တစ်ခုခု ပြန်မပေးဘဲနဲ့ ငါတို့ဘက် ပါလာအောင် စည်းရုံးဖို့ဆိုတာ မဖြစ်နိုင်ဘူး"

မိုက်ကယ် က သူမရဲ့ စိုးရိမ်ပူပန်မှုကို လက်ခါပြလိုက်တယ်။ "ရပါတယ်၊ ကျွန်တော်တို့ နောက်မကျခင် အဲဒီကို အရင်သွားကြတာပေါ့"

သူက ကာတာရီနာ ဆီကနေ ဘာတုံ့ပြန်မှုကိုမှ မစောင့်တော့ဘဲ ယုံကြည်မှုအပြည့်နဲ့ ခြေလှမ်းကျဲကျဲ လျှောက်ထွက်သွားခဲ့တယ်။

ဒါက သူမကို လုံးဝ ခေါင်းရှုပ်သွားစေတယ်။ ရှေးဟောင်းအမွေအနှစ် ကို ထိတွေ့လိုက်တာက ကီယိုအပေါ် တကယ်ပဲ သက်ရောက်မှု ရှိသွားတဲ့ပုံပဲ။ ဒါက သူ့ကို ပိုပြီး စိတ်လိုက်မာန်ပါ လုပ်တတ်သွားစေတယ်လေ။

"ဟားဟားဟားဟား... လူငယ်လေး... မင်းရဲ့ ဟန်ပန်ကို ငါ သဘောကျတယ်" လို့ ဇိုဗီရု က ချီးကျူးလိုက်တယ်။ "ဘာစတီယန်... သူတို့ကို နတ်မျိုးနွယ် တွေ ဘယ်မှာ ရှာရမလဲဆိုတာ ပြောပြလိုက်စမ်း"

ဇိုဗီရု ရဲ့ သစ္စာရှိတဲ့ အိမ်တော်ထိန်း က ဝံပုလွေလူသားတွေရဲ့ နယ်မြေ တစ်ဖက်ခြမ်းမှာရှိတဲ့ နယူးစပါတာ က နတ်မျိုးနွယ် တွေရဲ့ နယ်မြေဆီသွားမယ့် လမ်းကြောင်းကို မိုက်ကယ် ကို ညွှန်ပြပေးလိုက်တာမို့ ခရီးနည်းနည်းတော့ နှင်ရမယ့်ပုံပဲ။

တစ်ချိန်တည်းမှာပဲ မိုက်ကယ် ရဲ့ တက်ကြွနေတဲ့ ဟန်ပန်ကြောင့် ကာတာရီနာ ကလည်း လောလောဆယ် သူ့ရဲ့ အပြုအမူတွေကို လိုက်လျောပေးဖို့ ဆုံးဖြတ်လိုက်တယ်။ နည်းနည်းလောက် စဉ်းစားပြီးတဲ့နောက်မှာတော့ နတ်မျိုးနွယ် တွေနဲ့ စကားပြောကြည့်ပြီး သူတို့နယ်မြေရဲ့ လက်ရှိအခြေအနေကို လေ့လာတာကလည်း သိပ်တော့ မဆိုးလှဘူးလို့ သူမ နားလည်သွားတယ်။

ဒါပေမဲ့ သူတို့ မထွက်ခွာခင်မှာတော့ ရှေးဟောင်းအမွေအနှစ် နဲ့ပတ်သက်ပြီး ဇိုဗီရု နဲ့ အစီအစဉ်အချို့ကို သူမက ပြုလုပ်ခဲ့တယ်။

"ဇိုဗီရု... ခဏနေရင် ရှေးဟောင်းအမွေအနှစ် ကို လာယူဖို့ ငါ့လုပ်ဖော်ကိုင်ဖက် တစ်ယောက် ရောက်လာလိမ့်မယ်၊ သူတို့က ဒီပစ္စည်းကို ပါမောက္ခ ဆီ ပို့ပေးလိမ့်မယ်... ဒါမှ သူ အနီးကပ် လေ့လာနိုင်မှာလေ"

ဒါကို ကြားတော့ မိုက်ကယ် က တိတ်တိတ်လေးပဲ နေလိုက်တယ်။ သူ ထင်ထားတဲ့အတိုင်းပဲ သူတို့ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်းက ရှေးဟောင်းအမွေအနှစ် ကို ထပ်ပြီး လေ့လာဖို့အတွက် ရယူချင်နေကြတာပဲ။

သူမရော ဇိုဗီရု ပါ လတ်တလော ကျွန်းဆီ သူ ရောက်သွားတာကို မသိခဲ့ကြလို့ သူ ဝမ်းသာသွားတယ်။

သူက အေးအေးဆေးဆေးပုံစံ ဖမ်းနေခဲ့ပေမဲ့ တကယ်တမ်းမှာတော့ သူ ရှေးဟောင်းအမွေအနှစ် ကို ထိလိုက်ချိန်မှာ တစ်ခုခု ဖြစ်သွားတာကို သူတို့ မြင်သွားမှာကို စိုးရိမ်နေခဲ့တာပဲ။ သူ ပြန်အလာကို စောင့်ပြီး သူ ဘာတွေ တွေ့ခဲ့လဲဆိုတာကို အဆက်မပြတ် မေးခွန်းထုတ်ကြမယ်လို့တောင် သူ တွေးထားခဲ့တာလေ။

ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ သူတို့က ဘာမှရိပ်မိတဲ့ပုံ မပေါ်ဘူး။ သူတို့က သူ့ကို ရှေးဟောင်းအမွေအနှစ် အကြောင်းတောင် မဟခဲ့တာမို့ ရှေးဟောင်းအမွေအနှစ် ကို ထိတွေ့ဖူးတဲ့ တခြားလူတွေလိုပဲ သူလည်း ဘာတုံ့ပြန်မှုမှ မရခဲ့ဘူးလို့ သူတို့က ထင်နေကြပုံပဲ။

တကယ်လို့ ကာတာရီနာ သာ သိသွားခဲ့ရင် သူမက ရှေးဟောင်းအမွေအနှစ် နဲ့ပတ်သက်ပြီး မေးခွန်းတွေ အများကြီး မေးလာမယ်ဆိုတာ သူ့စိတ်ထဲမှာ သံသယဖြစ်စရာတောင် မလိုဘူး။

သူမရဲ့ သန္ဓေဝိညာဉ် အဆင့် ကျင့်စဉ်စွမ်းအားအရ အမှန်နဲ့ အမှားကို ခွဲခြားနိုင်တဲ့ နည်းလမ်းတစ်ခုခု သူမမှာ ရှိနေနိုင်ခြေ အလွန်များတယ်။ ဒါကြောင့် သူက ကုဗတုံးအကြောင်း သူမကို ဖွင့်ပြောရလိမ့်မယ်။ သူမက ဒီကုဗတုံးကို လေ့လာဖို့နဲ့ လုံလုံခြုံခြုံ သိမ်းဆည်းဖို့ သူတို့အဖွဲ့အစည်းဆီ ပြန်ယူသွားချင်နေမှာမို့ သူကတော့ ဒီလိုဖွင့်ပြောဖို့ သိပ်ပြီး စိတ်ဝင်စားလှတာ မဟုတ်ဘူး။

သူမကို လူဆိုး ဒါမှမဟုတ် တစ်ခုခုလို့ သူ မထင်ပေမဲ့ သူ့ရဲ့ ဖုန်းထုတ်လုပ်ရေး အစီအစဉ်တစ်ခုလုံးက ဒီကုဗတုံးကို သူကိုယ်တိုင် ပိုင်ဆိုင်ထားဖို့အပေါ်မှာ မူတည်နေတာမို့ လောလောဆယ်တော့ ဒီကုဗတုံးကို သူ့ဆီမှာပဲ သိမ်းထားချင်တယ်။

ကုဗတုံးနဲ့ပတ်သက်ပြီး သူ ယုံကြည်ရတဲ့ တစ်ဦးတည်းသောသူက ပါမောက္ခ ပဲ။ ဒါကြောင့် သူ အခုချက်ချင်း ပေါ်လာပြီး မတောင်းဆိုသရွေ့တော့ ဒီအရာ ရှိနေကြောင်းကို သူ ဘယ်သူ့ကိုမှ ဘယ်တော့မှ ပြောပြမှာ မဟုတ်ဘူး။

အဲဒါကြောင့် သူက ဒီနေရာကနေ အမြန်ဆုံး ထွက်သွားချင်နေတာပဲ။ ရှေးဟောင်းအမွေအနှစ် က ရုတ်တရက် တုံ့ပြန်မှုတစ်ခုခု ပြပြီး သူ့ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်သွားမှာကို သူ မလိုလားဘူးလေ။

ဒါကြောင့် ဘာစတီယန် က နတ်မျိုးနွယ် တွေရဲ့ တည်နေရာကို သူ့ကို ပြောပြလိုက်တာနဲ့ သူက မြေပုံအတိုင်း ချက်ချင်း ထွက်လာခဲ့ပြီး ကာတာရီနာ ကလည်း အနောက်ကနေ ကပ်လျက် လိုက်ပါလာခဲ့တယ်။

သူတို့ နယ်စပ်ကို ဖြတ်လျှောက်လာချိန်မှာ သဲဒင်္ဂါး အနည်းငယ်နဲ့ အသေးအဖွဲပစ္စည်းလေးတွေ ရောင်းဖို့ ကြိုးစားနေကြတဲ့ ဈေးသည်တွေကို လျစ်လျူရှုရင်း ကာတာရီနာ က မိုက်ကယ် ရဲ့ ဘေးနားကို လျှောက်လာပြီး မေးခွန်းတစ်ခု မေးလိုက်တယ်။

"ရှေးဟောင်းအမွေအနှစ် နဲ့ပတ်သက်ပြီး မင်း ဘာတွေ သိခဲ့ရလဲ၊ မင်းက အဲဒါကို လေ့လာရတာ တော်တော်လေး စိတ်ဝင်စားနေတဲ့ပုံပဲ"

သူက မျက်နှာသေလေး ထားလိုက်တယ်။ "အပေါ်ယံက အရာတွေကို ကျွန်တော် အဓိပ္ပာယ်ဖော်ဖို့ ကြိုးစားကြည့်တာပါ၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ နားလည်နိုင်စွမ်းက ပါမောက္ခ နဲ့ ယှဉ်ရင်တော့ တိမ်ယံလွန်းနေသေးတယ်"

ဒီအကြောင်းအရာမှာ အချိန်မဆွဲချင်တော့တာမို့ သူက သူမကို မေးခွန်းတစ်ခု ပြန်မေးလိုက်တယ်။

"ရှေးဟောင်းအမွေအနှစ် က တစ်ခုတည်းပဲ ရှိတယ်လို့ ကျွန်တော် ထင်နေတာ၊ အခု ကျွန်တော်တို့ ယူဖို့ ကြိုးစားနေတာအပြင် တခြားဟာတွေရော ရှိသေးတာလား"

သူမတို့ အဖွဲ့အစည်းရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားမသွားစေဖို့ စကားလုံးတွေကို ရွေးချယ်ပြောဆိုနိုင်အောင် ကာတာရီနာ က ခဏလောက် တိတ်ဆိတ်သွားတယ်။

"ဟုတ်တယ်... ပါမောက္ခ က ရှေးဟောင်းအမွေအနှစ် ရဲ့ အစိတ်အပိုင်းတွေ အများကြီး ရှိနိုင်တယ်ဆိုတာကို သိထားတယ်၊ ဒါတွေအားလုံးကို ဆက်စပ်လိုက်ရင်... ကြီးမားတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခု ပေါ်လာလိမ့်မယ်လို့တောင် သူက ပြောခဲ့သေးတယ်"

မိုက်ကယ် က ခေါင်းကို ကုတ်လိုက်ပြီး ရိုးအတဲ့ အပြုံးတစ်ခုကို ပြုံးပြလိုက်တယ်။ "ခင်ဗျားတို့ရဲ့ အဲဒီကျောင်းကို... ဘယ်လိုခေါ်တာလဲ၊ ပါမောက္ခ က ကျွန်တော့်ကို ဘယ်တုန်းကမှ မပြောပြခဲ့ဘူးလေ၊ ခင်ဗျားလည်း သူ့အကြောင်း သိတာပဲ... ကမ္ဘာကြီးရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေရတာနဲ့ပဲ အလုပ်ရှုပ်နေတော့ သာမန်မေးခွန်းလေးတွေကို ဖြေဖို့တောင် အချိန်မရှိဘူးလေ... ဟားဟားဟား"

ကာတာရီနာ က သူ့ကို လေးနက်ပြီး စဉ်းစားဟန်ပါတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။

သူမက နာမည်ကို ပြောပြလုနီးပါး ဖြစ်နေပုံရပေမဲ့ နောက်ဆုံးစက္ကန့်မှာတော့ နှုတ်ဆိတ်နေဖို့ပဲ ရွေးချယ်လိုက်တယ်။

"ဒါက နာမည်တစ်ခုတည်းပါ" လို့ သူက ပြောလိုက်တယ်။ "ဘာလို့ ကျွန်တော့်ကို မပြောပြနိုင်ရတာလဲ"

သူမက တိတ်ဆိတ်နေပြီးမှ ရုတ်တရက် ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး ရှေ့ကို လက်ညှိုးထိုးပြလိုက်တယ်။ "ငါတို့ ရောက်ပြီ" လို့ သူမက ပြောလိုက်တယ်။

မိုက်ကယ် က ရှေ့ကို ကြည့်လိုက်တော့ လျှို့ဝှက်ဆန်းကြယ်တဲ့ စိမ်းလန်းတဲ့ သစ်ပင်ပန်းမန်တွေနဲ့ ပြည့်နှက်နေတဲ့ သစ်တောကြီးတစ်ခုကို မြင်လိုက်ရတယ်။ နွယ်ပင်တွေနဲ့ အပင်တွေက ထူးဆန်းပြီး တခြားကမ္ဘာကနေ ရောက်လာသလိုပဲ။

'ကျစ်' လို့ သူ ကျိန်ဆဲလိုက်တယ်။ 'သူမ အချိန်ကိုက် ကယ်တင်ခံလိုက်ရပြန်ပြီ'

သူတို့က ခရီးဆုံးကို ရောက်လာခဲ့ပြီမို့ မိုက်ကယ် ကို နောက်ထပ် မေးခွန်းတွေ မေးဖို့ အခွင့်အရေး မပေးတော့ဘူး။

"မင်း ပြောတာ မှန်တဲ့ပုံပဲ" လို့ သူမက ပြောလိုက်တယ်။ "ဒီမှာ လူတွေ အများကြီး ရောက်နေကြပြီ"

နယ်စပ်ကို ကျော်လွန်ပြီး သစ်တောထဲကို မီတာအနည်းငယ်လောက် အဝင်မှာပဲ မိုက်ကယ် နဲ့ ကာတာရီနာ တို့က တဲတွေ၊ ယာယီ ပုခက်တွေနဲ့ စခန်းချနေကြတဲ့ အုပ်စုတစ်ချို့ကို မြင်လိုက်ရတယ်။ သူတို့က တစ်ခုခုကို စောင့်နေကြတဲ့ပုံပဲ။

ဘာစတီယန် ရဲ့ အဆိုအရ နတ်မျိုးနွယ် တွေဆီမှာ သူတို့ရဲ့ မျက်နှာသာပေးမှုကို လိုချင်နေတဲ့ ဧည့်သည်တွေ အများကြီး ရောက်နေကြပြီလေ။

မိုက်ကယ် နဲ့ ကာတာရီနာ တို့ ရှေ့ကို လျှောက်သွားလိုက်တော့ ကိုယ့်စခန်းနဲ့ကိုယ် ရှိနေကြတဲ့ လူတွေရဲ့ အကြည့်တွေက သူတို့ဆီ ရောက်လာခဲ့တယ်။

အဲဒီမျက်လုံးတွေထဲမှာ ရန်လိုမှုတွေ မရှိပေမဲ့ သူတို့ရဲ့ အကြည့်တွေထဲကနေ သတိထားစောင့်ကြည့်နေတာကို မိုက်ကယ် မြင်တွေ့နိုင်တယ်။

ဘာပဲဖြစ်ဖြစ် ဒါက နတ်မျိုးနွယ် တွေရဲ့ အာရုံစိုက်မှုကို ရဖို့ ယှဉ်ပြိုင်ရတဲ့ ပွဲတစ်ခုပဲလေ။

"ဟိုမှာ" ကာတာရီနာ က ခပ်လှမ်းလှမ်းကို ညွှန်ပြလိုက်တယ်။

ချုံပုတ်တွေရဲ့ အလွန်လေးမှာတော့ သူမလက်ထဲမှာ မှော်ပရပိုဒ် တစ်ခုကို ကိုင်ထားပြီး လူသား စွန့်စားရှာဖွေသူများ အုပ်စုတစ်စုနဲ့ စကားပြောနေတဲ့ နတ်မျိုးနွယ် တစ်ယောက် ရှိနေခဲ့တယ်။ လူသားတွေက လက်ဟန်ခြေဟန် အမူအရာအကြီးကြီးတွေ လုပ်ရင်း စိတ်အားထက်သန်စွာ တောင်းဆိုနေကြပြီး အသံနည်းနည်း ကျယ်ကျယ်လောင်လောင် ပြောနေကြပေမဲ့ အဲဒီ နတ်မျိုးနွယ် ကတော့ စိတ်ပျက်လက်ပျက်နဲ့ ခေါင်းကိုသာ ခါရမ်းနေခဲ့တယ်။

သူတို့ ချဉ်းကပ်သွားလိုက်တော့ နတ်မျိုးနွယ် နဲ့ စွန့်စားရှာဖွေသူတွေက သူတို့ဆီ ခေါင်းလှည့်လာကြတယ်။

"မင်းတို့က ဘယ်သူတွေလဲ၊ ငါတို့ ဒီက နတ်မျိုးနွယ် နဲ့ စကားပြောနေတာ အလုပ်ရှုပ်နေတယ်ဆိုတာ မမြင်ဘူးလား၊ အရင်လာတဲ့သူ အရင်အခွင့်အရေးရမှာပဲ၊ ဒါကြောင့် ထွက်သွားကြစမ်း"

* * * * * * * *

All Chapters