← Chapters

အခန်း (၈၂၃-၈၂၄)

Vol. 69 Ch. 823-824

အခန်း (၈၂၃-၈၂၄)

Vol. 69 Ch. 823-824

အခန်း(၈၂၃)

ဒါကိုကြားတာနဲ့ မိုက်ကယ် ချက်ချင်း ခေါင်းထောင်လာခဲ့တယ်။ "ရှေးဦးဟိန်းသံ ဟုတ်လား၊ ပါမောက္ခ ပြောနေတဲ့အရာကို ဆိုလိုချင်တာလား"

လူပန်က စိတ်လှုပ်ရှားစွာနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ "ဒါ အတိအကျပဲ၊ ငါ ကိုယ်တိုင် မမြင်ခဲ့ရပေမဲ့ ငါ့ရဲ့ ဝံပုလွေလူသားတွေက လိမ်ပြောတတ်တဲ့ အမျိုးအစားတွေ မဟုတ်ဘူး၊ မြေကြီးရဲ့ လက္ခဏာတွေကလည်း လိမ်မပြောတတ်ဘူးလေ၊ သက်သေအထောက်အထား အားလုံးက ဒီက လူငယ်လေးဟာ မော်ရီစီယိုနဲ့ တိုက်ခိုက်ခဲ့တဲ့ ပြိုင်ပွဲအတွင်းမှာ သူ့ရဲ့ ရှေးဦးဟိန်းသံကို နိုးထစေခဲ့တယ်ဆိုတဲ့ အချက်ကို ညွှန်ပြနေတယ်"

အခုအချိန်မှာ လူပန်ရဲ့ စကားတွေက နည်းနည်း ရူးသွပ်နေသလို ထင်ရပေမဲ့ သူ့ပြောစကားတွေက အတော်လေး အဓိပ္ပာယ်ရှိနေတယ်။

"ဘာက ခင်ဗျားကို ဒီလောက် သေချာစေတာလဲ" လို့ မိုက်ကယ်က မေးလိုက်တယ်။

"အဲဒီ ငလျင်လှုပ်တာရယ်၊ တန်ခိုးစွမ်းရည်တွေ ထူးထူးဆန်းဆန်း ကမောက်ကမဖြစ်သွားတာရယ်က... ရှေးဦးဟိန်းသံ ကလွဲပြီး တခြား ဘာမှ မဖြစ်နိုင်ဘူး၊ သူက ဒီဗာကို နိုးထစေနိုင်တဲ့ တစ်ဦးတည်းသော လူတစ်ပိုင်းသတ္တဝါ ဖြစ်နေတာကလည်း ဒါနဲ့ တစ်ခုခု ပတ်သက်နေမယ်လို့ ငါ လောင်းရဲတယ်"

'ဒါက တကယ်ပဲ ရှေးဦးဟိန်းသံများလား' မိုက်ကယ်က ဂျာကူကို ကြည့်ရင်း စဉ်းစားခန်းဖွင့်နေမိတယ်။ ပြဿနာရဲ့ ဇာတ်ကောင်ဖြစ်တဲ့ လူတစ်ပိုင်းသတ္တဝါကတော့ သူ့ကို စွပ်စွဲပြောဆိုနေတာတွေကို လုံးဝ ဂရုမစိုက်တဲ့ တစ်ဦးတည်းသောသူ ဖြစ်နေတယ်။

မိုက်ကယ် ကိုယ်တိုင်လည်း ဝံပုလွေလူသားခေါင်းဆောင်ရဲ့ စကားတွေကို မယုံဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့တယ်။ ဘာပဲဖြစ်ဖြစ် သူက အဲဒီ ထူးဆန်းတဲ့ စွမ်းအားအတွက် ရှင်းလင်းချက်တစ်ခုကို ရှာဖွေနေခဲ့တာဖြစ်ပြီး သူသိထားတဲ့ တခြား ဘယ်လို မှော်ပညာ ဒါမှမဟုတ် စွမ်းရည် အမျိုးအစားနဲ့မှ ကိုက်ညီမှု မရှိခဲ့ဘူးလေ။

သေချာတာကတော့ သူ ရာခိုင်နှုန်းပြည့် မသေချာနိုင်ဘူး။ ဒါက ရှေးဦးဟိန်းသံ ဟုတ်မဟုတ်ဆိုတာကို ပါမောက္ခ တစ်ယောက်တည်းသာ တကယ် အတည်ပြုပေးနိုင်လိမ့်မယ်။

"ရှေးဦးဟိန်းသံက ‘လ’ ပူဇော်ပွဲများမှာ ငါတို့ကို အောင်ပွဲခံနိုင်စေလိမ့်မယ်၊ ဒါက ငါတို့ကို အောင်နိုင်မှု ပေးစွမ်းနိုင်ရုံသာမက တခြား ဝံပုလွေလူသားတွေဆီကနေ လေးစားမှုနဲ့ မြတ်နိုးမှုတွေကိုပါ ရရှိစေမယ့် အားသာချက်တစ်ခုပဲ"

"ဘာပဲဖြစ်ဖြစ် ရှေးဦးဟိန်းသံကို ဆက်ခံခွင့်ရဖို့အတွက် ရှေးဟောင်းအမွေအနှစ်ကို ရှာဖွေနေတာ ငါတို့တစ်ခုတည်း မဟုတ်ဘူး၊ ငါတို့အားလုံး ရှာနေကြတာပဲ"

"ရှေးဦးဟိန်းသံက ငါတို့ကို ငါတို့ရဲ့ အမွေအနှစ်တွေနဲ့ ပိုမိုနီးကပ်လာစေပြီးတော့ လနတ်ဘုရား နဲ့လည်း ပိုမိုနီးကပ်လာစေလိမ့်မယ်လို့ ငါတို့ ယုံကြည်တယ်"

နောက်ဆုံးတော့ လူပန်ရဲ့ အသည်းအသန်ဖြစ်နေမှုကို မိုက်ကယ် နားလည်သွားခဲ့တယ်။ သူက ဂျာကူဆီကနေ ဓားသမားကောင်းတစ်ယောက်ကို ရှာဖွေနေတာ သက်သက်မဟုတ်ဘူး။ သူက သူ့ရဲ့ မျိုးနွယ်စုကို ဝံပုလွေလူသားတွေရဲ့ လူမှုအဆင့်အတန်းထဲမှာ ထိပ်ဆုံးအထိ ထိုးတက်သွားစေမယ့် လက်မှတ်တစ်စောင်ကိုပါ ရှာဖွေနေတာပဲ။

ရှေးဦးဟိန်းသံရဲ့ အမွေဆက်ခံသူကို ခေါ်ဆောင်လာသူအနေနဲ့ လူပန်ဟာ ကြီးမြတ်တဲ့ ဂုဏ်ကျက်သရေကို သေချာပေါက် ရရှိလိမ့်မယ်။ သူတို့တွေ နောက်ထပ် လှောင်ပြောင်စရာ ဖြစ်တော့မှာ မဟုတ်ဘူး။

"ဒါက ငါတို့ နှစ်ဦးစလုံးအတွက် ကြီးမားတဲ့ ဆုလာဘ်တစ်ခု ဖြစ်လာလိမ့်မယ်" လို့ လူပန်က တောင်းပန်လိုက်တယ်။ "လေးစားအပ်ပါသော ဂျာကူ... မင်းရဲ့ ခမ်းနားလှတဲ့ အမွေအနှစ်ကို လူတိုင်း မြင်အောင် ပြသပေးပါ၊ မင်းက ဘရောင်းဘလဒ်တွေရဲ့ မျှော်လင့်ချက်ပဲ"

"ဒါပေမဲ့ ကျွန်တော် မသိဘူးလေ..." လို့ ဂျာကူက တီးတိုးရေရွတ်လိုက်တယ်။

"ဟင်"

လူတစ်ပိုင်းသတ္တဝါ ဒရာဂွန်ဘွန်းက ပခုံးတွန့်ပြလိုက်တယ်။ "ဒါက တိုက်ဆိုင်မှုသက်သက်ပါ၊ ကျွန်တော် အဲဒါကို ဘယ်လိုလုပ်လိုက်လဲဆိုတာ မသိဘူး"

လူပန်တစ်ယောက် စကားမပြောနိုင်တော့ဘူး။ ဂျာကူက အမှန်တရားကို ပြောနေမှန်း သူ သဘောပေါက်သွားတာနဲ့အမျှ သူ့မျက်လုံးထဲက မျှော်လင့်ချက်ရောင်ခြည် သဲ့သဲ့လေးဟာ ဖြည်းဖြည်းချင်း လွင့်ပါးပျောက်ကွယ်သွားတော့တယ်။

"ကျွန်တော်တို့ အဲဒီ ထူးဆန်းတဲ့အသံကို ထပ်ခေါ်ဖို့ ကြိုးစားခဲ့သေးတယ်၊ ဒါပေမဲ့ အချည်းနှီးပါပဲ" လို့ မိုက်ကယ်က ရှင်းပြလိုက်တယ်။

"ဒါပေမဲ့... ဒါပေမဲ့ ဒါက မဖြစ်နိုင်ဘူး" လို့ လူပန်က ငြင်းဆန်တဲ့အနေနဲ့ ရေရွတ်လိုက်တယ်။ "မင်းက ရှေးဦးဟိန်းသံကို ပြသခဲ့တာလေ၊ မင်းရဲ့ အသံကတင် မင်းကြုံတွေ့ရတဲ့ တန်ခိုးစွမ်းရည် တိုင်းဆီကို ကြောက်ရွံ့မှု လှိုင်းလုံးတွေ ပေးပို့နိုင်စွမ်း ရှိရမယ်၊ အဲဒါက သူတို့ကို ဘာမှမလုပ်နိုင်အောင် ရိုက်ခတ်နိုင်စွမ်း ရှိရမယ်"

ရှေးဦးဟိန်းသံဆိုတာ ရှေးဦးခေတ်က ဒဏ္ဍာရီလာသားရဲများဟာ ရှေးဦးလူသားတွေရဲ့ စွမ်းရည်တွေကို ပျက်ပြယ်သွားစေဖို့ အသုံးပြုခဲ့တဲ့ နည်းစနစ်တစ်ခုပဲ။ ဒါက အဲဒီခေတ်အခါက အမြင့်ဆုံး သားရဲတွေဖြစ်တဲ့ လူသားတွေကို ခုခံကာကွယ်ဖို့ သူတို့ရဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်ခဲ့တယ်။

"ခင်ဗျားကို ဘာပြောရမှန်း ကျွန်တော် မသိတော့ဘူး" လို့ ဂျာကူက သူ့လက်တွေကို ခေါင်းပေါ်တင်ပြီး ခြေထောက်တွေကို ရှေ့ကခုံပေါ် တင်ထားရင်း ပြောလိုက်တယ်။ "ကြည့်ရတာ ကျွန်တော်က ခင်ဗျား ရှာနေတဲ့သူ မဟုတ်ဘူးထင်တယ်"

နောက်ဆုံးတော့ ရထားလုံးလေး ရပ်တန့်သွားပြီး တံခါးတွေ ပွင့်လာခဲ့တယ်။ အပြင်ဘက်မှာတော့ အမျိုးသား၊ အမျိုးသမီး ဝံပုလွေလူသားတွေက အခမ်းနားဆုံး ဝတ်စုံတွေကို ဆင်မြန်းပြီး ပွဲတော်စတင်ဖို့ တန်းစီရင်း သူတို့ကို ကြိုဆိုနေကြတယ်။

"ကြိုဆိုပါတယ်... ရှေးဦးဟိန်းသံရဲ့ အမွေဆက်ခံသူကြီး" လို့ သူတို့က ပခုံးပေါ်က အမွေးတွေကို လှုပ်ရမ်းရင်း နှုတ်ဆက်လိုက်ကြတယ်။

ဒါပေမဲ့ ရထားလုံးထဲကနေ ဆင်းလာတာက ပျော်ရွှင်နေတဲ့ ခေါင်းဆောင်တစ်ယောက် မဟုတ်ဘဲ စိုးရိမ်ပူပန်နေတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်နေခဲ့တယ်။

"ကျေးဇူးပြုပြီး ငါ့နောက်ကို လိုက်ခဲ့ပါ" လို့ လူပန်က မိုက်ကယ်နဲ့ ဂျာကူကို ပြောလိုက်တယ်။ "ငါ တကယ်ပဲ မှားယွင်းသွားတာလား ဆိုတာကို ကြည့်ကြတာပေါ့"

ဘရောင်းဘလဒ် ဝံပုလွေလူသားတွေကတော့ လေထုက ဘာကြောင့် ဒီလောက် ထူးဆန်းသွားရမှန်း မသိနိုင်ဘဲ အဲဒီမှာတင် အနေရခက်စွာ ရပ်ကျန်ရစ်ခဲ့ကြတယ်။

မိုက်ကယ်နဲ့ တွန့်ဆုတ်နေတဲ့ ဂျာကူတို့က မျိုးနွယ်စုရဲ့ သစ်သားအိမ်လေးတွေ အလွန်၊ ထင်းရှူးပင်တွေ လုံးဝမရှိတဲ့ ကွင်းပြင်တစ်ခုဆီကို လူပန်နောက်ကနေ လိုက်သွားခဲ့ကြတယ်။

အဲဒီနေရာမှာတော့ ဝံပုလွေလူသား အများအပြားဟာ တစ်ယောက်နဲ့တစ်ယောက် ခေါင်းချင်းတိုက်ပြီး လေ့ကျင့်ရေးဆင်းနေကြတာကို သူတို့ မြင်လိုက်ရတယ်။ နောက်ကို ဆုတ်သွားရတဲ့သူက တိုက်ပွဲမှာ အရှုံးပေးလိုက်ရတာပဲ။ အဲဒါက ဘာကို အောင်မြင်စေမလဲဆိုတာ မိုက်ကယ် မသိပေမဲ့ ဝံပုလွေလူသားတွေက အဲဒီလို ခံနိုင်ရည်မျိုးကို တော်တော်လေး တန်ဖိုးထားပုံရတယ်။

သူတို့ရဲ့ ခေါင်းဆောင် ရောက်လာတာနဲ့ တစ်ပြိုင်နက် ဝံပုလွေလူသားတွေ အားလုံးက တိုက်ခိုက်နေတာကို ရပ်တန့်လိုက်ကြပြီး သူ့ကို လေးစားစွာ မျက်နှာမူလိုက်ကြတယ်။

သူတို့တွေ ပါးစပ်ဟပြီး အူတော့မယ့်အချိန်မှာပဲ လူပန်က လက်တစ်ဖက်နဲ့ တားဆီးလိုက်တယ်။

"ဒါတွေ မလိုပါဘူး" လို့ ပြောပြီးတာနဲ့ သူက ကြွက်သားအမြှောင်းမြှောင်းထနေတဲ့ ဝံပုလွေလူသား နှစ်ယောက်ဆီကို လက်ညိုးထိုးလိုက်တယ်။ "မင်းနဲ့ မင်း... ရှေ့ကို ထွက်ခဲ့"

ဂျာကူတစ်ယောက် သူက ဝံပုလွေလူသား နှစ်ယောက်နဲ့ ထိပ်တိုက်ရင်ဆိုင်ရတော့မယ်ဆိုတာကို သဘောပေါက်သွားတဲ့အခါ ဆင်ခြေတစ်ခုရဖို့ မိုက်ကယ်ဆီကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့တယ်။

မိုက်ကယ်က နှုတ်ခမ်းကို စုလိုက်တယ်။ "ဆောရီးကွာ၊ မင်းဆီမှာ တကယ်ပဲ ရှေးဦးဟိန်းသံ ရှိမရှိဆိုတာ ငါတို့ သိဖို့ လိုအပ်တယ်လေ" လို့ ပြောလိုက်ပြီး ဝံပုလွေလူသား နှစ်ယောက်ကို လေ့ကျင့်မှု စတင်ဖို့ အချက်ပြလိုက်တယ်။

ချက်ချင်းပဲ ဝံပုလွေလူသား နှစ်ယောက်က ဂျာကူဆီကို မျက်နှာချင်းဆိုင်ဘက်တွေကနေ ပြေးဝင်လာခဲ့ကြတယ်။ သူတို့ရဲ့ အမြန်နှုန်းက ဝါးဖြတ်သွားသလို ဖြစ်သွားပြီးနောက် သူ့ဘေးနားမှာ ချက်ချင်း ပြန်ပေါ်လာကာ သူတို့ရဲ့ လက်တွေနဲ့ သူ့ကို အသေအလဲ တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေခဲ့တယ်။

လူပန်က တာအိုအဆင့် ၅ ဝန်းကျင်၊ ဒါမှမဟုတ် မက်ဂ်နက်တစ်တွေအတွက် ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ၅ နဲ့ ညီမျှတဲ့ ဝံပုလွေလူသားတွေကို တမင်ရွေးချယ်ခဲ့တာပဲ။

ဒီနည်းနဲ့ ဂျာကူဟာ အသက်ရှင်ဖို့အတွက် သူ့ရဲ့ ခွန်အားတစ်ခုလုံးကို အတင်းအကျပ် ထုတ်သုံးလာရမှာလေ။

"အား..." လို့ ဂျာကူက ညည်းတွားလိုက်ပြီးနောက် သူ့အရေပြားတစ်ဝိုက်မှာ လျှပ်စီးကြောင်းတွေ ဖြာထွက်လာခဲ့တယ်။

သူ့အပေါ်ဘက်မှာတော့ အဖြူရောင် လျှပ်စီးကြောင်းတွေ ဖြာထွက်နေတဲ့ အကြေးခွံတွေနဲ့ အပြာရင့်ရောင် နဂါးငယ်လေးတစ်ကောင်ရဲ့ ပုံရိပ်က လင်းလက်ပေါ်ထွက်လာခဲ့တယ်။

ဒါ ပေါ်လာတာနဲ့ တစ်ပြိုင်နက် လူပန်ရဲ့ မျက်လုံးတွေက စိတ်လှုပ်ရှားမှုကြောင့် ပြူးကျယ်သွားခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ အကြည့်တွေက ဂျာကူဆီမှာပဲ စူးစိုက်နေဆဲဖြစ်ပြီး ဂျာကူက သူ့ရဲ့ တခြားစွမ်းအားကို ပြသလာမယ့်အချိန်ကို စောင့်ဆိုင်းနေခဲ့တယ်။

ဂျာကူက သူ့ရဲ့ ကာတာနာဓားကို ဆွဲထုတ်လိုက်ပြီး ပထမဆုံး ဝံပုလွေလူသားဆီကို လွှဲခုတ်လိုက်ကာ ခန္ဓာကိုယ်ကို ထက်ပိုင်းဖြတ်ချပစ်ဖို့ ရည်ရွယ်လိုက်တယ်။

သူ့ရဲ့ တန်ခိုးစွမ်းရည် သက်ဝင်လာပြီး လျှပ်စီးတွေက သူ့ခန္ဓာကိုယ်ကို လျှပ်စီးလို အမြန်နှုန်းနဲ့ ပေါင်းစပ်ပေးလိုက်တယ်။

ဒါပေမဲ့ အဆင့် ၅ တစ်ယောက်နဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ အဲဒီ အမြန်နှုန်းက သိပ်အသုံးမဝင်လှဘူး။

ဝံပုလွေလူသားက ကာတာနာဓားကို ဖမ်းဆုပ်လိုက်ပြီး လက်တစ်ဖက်တည်းနဲ့ ဆုပ်ကိုင်လိုက်တယ်။ ဓားသွားက သူ့လက်ဖဝါးတွေကို ဖိမိနေပေမဲ့လည်း ဝံပုလွေလူသားက ဘာဒဏ်ရာမှ မရခဲ့ဘူး။

ဂျာကူရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပြီး ကာတာနာဓားကို သူ့ရဲ့ ခံစစ်အနေအထားဆီ ပြန်ရုတ်သိမ်းဖို့ လက်တွေက ကြိုးစားလိုက်တယ်။

နောက်ထပ် ဖြစ်ပျက်သွားတာကတော့ ဂျာကူရဲ့ ခံစစ်အနေအထားတွေကို အပြီးအပိုင် ဖြိုခွင်းခံလိုက်ရတာပါပဲ။ သူ အားကိုးနေရတဲ့ အမြန်နှုန်းက ဒီဝံပုလွေလူသားတွေရဲ့ အထူကြီးဖြစ်နေတဲ့ အရေပြားကို ထိုးဖောက်ဖို့ အသုံးမဝင်ခဲ့ဘူး။ ဒါတင်မကဘဲ သူတို့ရဲ့ သန့်စင်တဲ့ စွမ်းအားနဲ့ ခွန်အားကလည်း သူ့ရဲ့ လျှပ်စီးစွမ်းရည်ကို အပြည့်အဝ ကျော်လွှားနိုင်ခဲ့တယ်။

ဝံပုလွေလူသားတွေက ဂျာကူကို ဒဏ်ရာရဖို့ မလုံလောက်ပေမဲ့ မျက်နှာရှုံ့မဲ့သွားစေဖို့ လုံလောက်တဲ့ ခပ်ဖွဖွ လက်သီးချက်တွေနဲ့ နှောင့်ယှက်တိုက်ခိုက်ကြတယ်။

"ကျွန်တော် အရှုံးပေးတယ်... ဘော့စ်... ဘော့စ်"

ဂျာကူဆီမှာ ဘာအပြောင်းအလဲမှ မမြင်ရတဲ့အခါ လူပန်က စိုးရိမ်တကြီးနဲ့ နှုတ်ခမ်းကို ကိုက်လိုက်တယ်။ ပြိုင်ပွဲတုန်းက ဖြစ်ခဲ့သလိုမျိုး ဖိအားများတဲ့ အခြေအနေက ဂျာကူကို ရှေးဦးဟိန်းသံ အသုံးပြုလာဖို့ အတင်းအကျပ် ဖိအားပေးနိုင်လိမ့်မယ်လို့ သူ ထင်ထားခဲ့တာလေ။

ဒါပေမဲ့ ဝံပုလွေလူသားတွေဆီကနေ အရိုက်ခံရတာတွေ အများကြီး ရှိနေပေမဲ့လည်း သူက အဲဒီ ကြောက်မက်ဖွယ်ကောင်းတဲ့ အသံကို တစ်ကြိမ်လေးတောင် ထုတ်မပြခဲ့ဘူး။

"ဒါလေး စမ်းကြည့်ရအောင်" လို့ မိုက်ကယ်က တီးတိုးရေရွတ်လိုက်တယ်။

သူက ဂျာကူဘက်ကို လှည့်ပြီး အော်ပြောလိုက်တယ်။ "မင်း သွားလို့ရပြီ... ဒါပေမဲ့ ဝံပုလွေလူသားတွေက မင်းကို ဖမ်းမိသွားရင် မင်း ဒီမှာပဲ နေရလိမ့်မယ်"

သူ အဲဒီလို ပြောလိုက်တာနဲ့ တစ်ပြိုင်နက် ဂျာကူရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက အပြာရောင်အလင်းတန်းတွေ တောက်ပလာပြီး သူ့အရေပြားတစ်လျှောက် လျှပ်စီးကြောင်းတွေ စီးဆင်းသွားခဲ့တယ်။

ပြီးတော့ သူ့အနောက်က ဝံပုလွေလူသား နှစ်ယောက် ပြေးဝင်လာချိန်မှာပဲ သူက နောက်ကို လှည့်ပြီး အော်ဟစ်လိုက်တော့တယ်။

"နောက်ဆုတ်နေစမ်း... ခွေးကောင်တွေ"

* * * * * * * *

စာစဉ်(၆၉)

အခန်း(၈၂၄)

ဂျာကူဆီကနေ စတင်ထွက်ပေါ်လာတဲ့ တုန်ခါမှုတစ်ခုက မြေပြင်အနှံ့ ပဲ့တင်ထပ်သွားပြီး သူ့ဆီ ပြေးဝင်လာတဲ့ ဝံပုလွေလူသားနှစ်ယောက်ဆီ ရောက်ရှိသွားခဲ့တယ်။

သူတို့နှစ်ယောက်က သူတို့ရဲ့ တာအိုနှလုံးသားဆီကနေ ရယူထားတဲ့ စွမ်းရည်တွေကို အသုံးပြုနေဆဲဖြစ်တာကို သူတို့ခန္ဓာကိုယ်အနှံ့မှာ လင်းလက်နေတဲ့ တက်တူးတွေက သက်သေပြနေတယ်။

ဘယ်ဘက်ကတစ်ယောက်က သူ့ရဲ့ အတွင်းစိတ်ထဲက ဝံပုလွေဆီကနေ စွမ်းအားကို ထုတ်ယူသုံးစွဲလိုက်တာမို့ သူ့ခြေထောက်တွေက နှစ်ဆလောက် ကြီးထွားလာတယ်။ ခြေကျင်းဝတ်ကနေ ဒူးခေါင်းအောက်အထိ အညိုရောင် အမွေးရှည်ကြီးတွေ ထွက်ပေါ်လာတာကြောင့် သားမွေးဘွတ်ဖိနပ် စီးထားသလို ပုံပေါက်သွားစေတယ်။

ဒါက ဝံပုလွေလူသားတစ်ယောက်ကို သူ့ရဲ့ ဝံပုလွေအသွင်ကနေ အခြေခံထုတ်ယူပြီး အမြန်နှုန်း သိသိသာသာ တိုးလာစေတဲ့ စွမ်းအားတစ်ခုပဲ။

တစ်ချိန်တည်းမှာပဲ အခြား ဝံပုလွေလူသားက သူ့ဝံပုလွေရဲ့ ပေါက်ကွဲထွက်နိုင်တဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းစွမ်းအားကို ရယူလိုက်တယ်။ သူ့ရင်ဘတ်အနှံ့က တက်တူးတွေ လင်းလက်လာပြီး ရင်အုပ်ကြီးက ဖောင်းကားလာခဲ့တယ်။ ဒီစွမ်းအားက တစ်စုံတစ်ယောက်ကို ချုပ်နှောင်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ကျောက်တုံးတစ်တုံးကို အမှုန့်ဖြစ်သွားစေလောက်တဲ့ ဧရာမဖိအားမျိုး ထုတ်ဖော်နိုင်စွမ်း ရှိတယ်။

စွမ်းအားတွေ အသက်သွင်းပြီးသွားတဲ့ ဝံပုလွေလူသားနှစ်ယောက်က ဂျာကူကို ချုပ်နှောင်ဖို့ ရည်ရွယ်ချက်နဲ့ ပြေးဝင်သွားကြတယ်။

ဒါပေမဲ့ လေထုထဲမှာ အဲဒီအသံ ပဲ့တင်ထပ်သွားတာနဲ့ တစ်ပြိုင်နက် သူတို့ထဲက တစ်ယောက်က နေရာတင် ရပ်တန့်သွားခဲ့တယ်။

"နောက်ဆုတ်နေစမ်း ခွေးကောင်တွေ"

အမွေးထူတဲ့ ခြေထောက်တွေနဲ့ ဝံပုလွေလူသားက မျက်မြင်မရတဲ့ ဖိအားတစ်ခုရဲ့ ရိုက်ခတ်မှုကို ခံလိုက်ရပြီး သူ့ခန္ဓာကိုယ်က နည်းနည်းလေးတောင် လှုပ်ရှားလို့ မရတော့ဘူး။

သူ့ရဲ့ ဒူးခေါင်းအထက် နှစ်ဖက်စလုံးမှာ ထွင်းထုထားတဲ့ လင်းလက်နေတဲ့ မီးပုံတက်တူးတွေက တဖြည်းဖြည်း မှေးမှိန်လာပြီး နောက်ဆုံးမှာတော့ လုံးဝ ပျောက်ကွယ်သွားခဲ့တယ်။

သူ့ခြေထောက်တွေဆီမှာ စုစည်းနေတဲ့ စွမ်းအားတွေ အားနည်းသွားတာကြောင့် ဝံပုလွေလူသားရဲ့ ဟန်ချက် ပျက်ယွင်းသွားစေတယ်။ သူက အလွန်မြန်ဆန်တဲ့ အမြန်နှုန်းနဲ့ ပြေးထွက်ဖို့ မျှော်လင့်ထားပေမဲ့ ခန္ဓာကိုယ်အောက်ပိုင်းက အားနည်းသွားတာကြောင့် ရှေ့ကို မှောက်လျက်လဲကျသွားပြီး အေးစက်မာကျောတဲ့ မြေပြင်နဲ့ ခေါင်းနဲ့ ဆောင့်မိသွားခဲ့တယ်။

ဒါပေမဲ့ အခြား ဝံပုလွေလူသားကတော့ ဘာမှမဖြစ်ခဲ့ဘူး။ သူက ဂျာကူဆီကို ပုံမှန်အမြန်နှုန်းနဲ့ ပြေးဝင်သွားပြီး သူ့ရဲ့ အဆင့် ၅ တာအိုစွမ်းအားနဲ့ ဒရာဂွန်ဘွန်းကို အမီလိုက်ကာ ရင်ဘတ်ကို ဖက်ပြီး လက်နှစ်ဖက်ကို ဘေးမှာကပ်လျက် ချုပ်နှောင်လိုက်တယ်။

"အား" ဂျာကူက ညည်းတွားလိုက်ပြီး ဝံပုလွေလူသားရဲ့ ဆုပ်ကိုင်မှုကနေ ရုန်းထွက်ဖို့ ကြိုးစားလိုက်တယ်။ "ကောင်းပြီ ကောင်းပြီ ငါရှုံးပြီ"

ဝံပုလွေလူသားက သူ့အချုပ်အနှောင်ကို လွှတ်ပေးလိုက်တာမို့ ဂျာကူလည်း မြေပြင်ပေါ် ခြေချရပ်တည်နိုင်သွားတယ်။

ဂျာကူက သူ့ပခုံးတွေကို နှိပ်နယ်နေရင်း သူ့မျက်နှာပေါ်မှာ မကျေနပ်တဲ့အရိပ်အယောင်တွေ ပေါ်လွင်နေတယ်။ သူ့အမြန်နှုန်းက လွတ်မြောက်ဖို့ လုံလောက်မှုမရှိခဲ့တာကြောင့် သူ့ကိုယ်သူ အလွန်အမင်း ဒေါသထွက်နေတာပဲ။

ဒါပေမဲ့ ဒီလေ့ကျင့်ရေးပွဲလေးအပေါ် သူ့ရဲ့ ခံစားချက်နဲ့ ဆန့်ကျင်ဘက်အနေနဲ့ မိုက်ကယ်နဲ့ အကြီးအကဲ လူပန်တို့ကတော့ လုံးဝ အံ့အားသင့် မှင်တက်နေကြတယ်။

အကြီးအကဲ လူပန်ရဲ့ မျက်နှာအမူအရာက ဝမ်းသာပျော်ရွှင်မှုနဲ့ စိတ်သက်သာရာရမှုတွေ ပိုများနေတယ်။

သူ ခန့်မှန်းထားတာတွေ မှန်ကန်နေခဲ့တယ်

ဂျာကူဆီကနေ ထွက်ပေါ်လာတဲ့ အဲဒီအသံက 'ရှေးဦးဟိန်းသံ' ပဲ။ ဒါက အလွန်ကြမ်းတမ်းတဲ့ စွမ်းအားတစ်ခုဖြစ်ပြီး ဝံပုလွေလူသားတစ်ယောက်ကို သူ့ရဲ့ တန်ခိုးစွမ်းရည်အပေါ် ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားစေကာ လုံးဝ အစွမ်းမဲ့သွားစေတာပဲ။

မိုက်ကယ်ကတော့ ဘရောင်းဘလဒ် အကြီးအကဲထက် ပိုပြီး ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရတယ်။ သူ့ရဲ့ ဒရုန်းနဲ့ စောင့်ကြည့်နေတာမို့ ဂျာကူရဲ့ လည်ချောင်းထဲကနေ ထူးဆန်းတဲ့ အသံ ထွက်ပေါ်လာတဲ့ အခိုက်အတန့်ကို သူ မြင်တွေ့ခဲ့ရတာလေ။

အဲဒီအချိန်လေးမှာပဲ နတ်ဘုရားပန်းပဲဖိုရဲ့ အစိတ်အပိုင်းတစ်ခုကို အမှတ်ရစေတဲ့ လိမ္မော်ရောင်အလင်းတန်းတစ်ခုက ဂျာကူရဲ့ လည်ပင်းထဲကနေ ထွက်ပေါ်လာခဲ့တယ်။

ပြီးတော့ 'နောက်ဆုတ်နေစမ်း ခွေးကောင်တွေ' ဆိုတဲ့ စကားလုံးတွေနဲ့အတူ တန်ခိုးစွမ်းရည် ကြိုးမျှင်တွေနဲ့ ဖန်တီးထားတဲ့ ပိုက်ကွန်တစ်ခုက ဂျာကူဆီကနေ ပစ်ထွက်သွားပြီး အသံရောက်နိုင်တဲ့ အကွာအဝေးအထိ လေ့ကျင့်ရေးကွင်းတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့တယ်။

ဒါက လေထုထဲမှာ ပင့်ကူအိမ်တစ်ခု ပေါ်လာသလိုမျိုးပဲ။

ဝံပုလွေလူသားတွေထဲက တစ်ယောက်က သူ့ရဲ့ တာအိုနှလုံးသားကို နိုးကြားစေလိုက်တဲ့အချိန်မှာ သူ့ခြေထောက်တွေကို ရစ်ပတ်ပြီး ရုပ်ပိုင်းဆိုင်ရာ စွမ်းအားတွေ မြှင့်တင်ပေးရမယ့် တန်ခိုးစွမ်းရည် ကြိုးမျှင်တွေက လေထုထဲက ပိုက်ကွန်နဲ့ ရုတ်တရက် ရစ်ပတ်ငြိတွယ်သွားခဲ့တယ်။

ပိုပြီး တိတိကျကျ ပြောရရင် အဲဒီကြိုးမျှင်နှစ်ခုက အမည်မသိ အင်အားတစ်ခုရဲ့ ဆွဲငင်မှုကြောင့် တစ်ခုနဲ့တစ်ခု ဆွဲဆောင်သွားပြီး ယက်လုပ်ထားသလိုမျိုး တစ်ခုနဲ့တစ်ခု လိမ်ယှက်သွားကြတာပဲ။

အဲဒါကြောင့်ပဲ ဝံပုလွေလူသားက သူ့စွမ်းအားတွေ ရုတ်တရက် အားနည်းသွားတယ်လို့ ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်ကို သူလိုချင်တဲ့အတိုင်း မလှုပ်ရှားနိုင်တော့တာပဲ။

ဒါပေမဲ့ ထူးဆန်းတာကတော့ အခြား ဝံပုလွေလူသားက အဲဒီ တန်ခိုးစွမ်းရည် ပိုက်ကွန်ကို တစ္ဆေတစ်ကောင်လိုမျိုး ဖြတ်သန်းသွားလာနိုင်ခဲ့တယ်။

သူ့ရင်ဘတ်ကို ရစ်ပတ်ထားတဲ့ ကြိုးမျှင်တွေက ပိုက်ကွန်နဲ့ လုံးဝ သက်ရောက်မှု မရှိခဲ့ဘူး။ အဲဒီနှစ်ခုက လုံးဝ မတူညီတဲ့ ကမ္ဘာနှစ်ခုမှာ ရှိနေသလိုမျိုးပဲ။ ဒီအချက်က ဝံပုလွေလူသားကို ဂျာကူဆီ အမီလိုက်နိုင်စေပြီး သူ့ရဲ့ တာအိုနှလုံးသားကို ပုံမှန်အတိုင်း အသုံးပြုနိုင်စေခဲ့တယ်။

'ဘာလို့ အသံက မတူညီတဲ့ တုံ့ပြန်မှုတွေ ဖြစ်စေတာလဲ' မိုက်ကယ်က သူ့ကိုယ်သူ မေးခွန်းထုတ်လိုက်တယ်။ 'ဘာလို့ တန်ခိုးစွမ်းရည် ကြိုးမျှင်တွေက တစ်ခုနဲ့တစ်ခု ရစ်ပတ်ငြိတွယ်သွားရတာလဲ'

အဲဒီနောက် ကြိုးမျှင်တစ်ခုစီတိုင်းက တစ်ခုနဲ့တစ်ခု သိသိသာသာ ကွဲပြားခြားနားတယ်ဆိုတာကို မိုက်ကယ် သတိရသွားတယ်။

နှလုံးသားထဲက နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေထဲမှာ သိမ်းဆည်းထားတဲ့ သန့်စင်တဲ့ တန်ခိုးစွမ်းရည်က တစ်သီးတစ်ခြား ကြိုးမျှင်လေးတွေနဲ့ ဖွဲ့စည်းထားတာလေ။

မက်ဂ်နက်တစ်တစ်ယောက်က သူတို့ရဲ့ တန်ခိုးစွမ်းရည်ကို အသုံးပြုလိုက်တဲ့ အချိန်ကျမှသာ အဲဒါက တခြားအရာတစ်ခုအဖြစ် ပြောင်းလဲသွားတာ။

အဲဒီကြိုးမျှင်တွေက လုံးဝ အသစ်ဖြစ်တဲ့ ပုံသဏ္ဌာန်နဲ့ ပုံစံတစ်ခုအဖြစ် ကွေးကောက်ပြီး ထုံးဖွဲ့လာကြတယ်။

အဲဒီ သီးသန့် ထုံးဖွဲ့မှုတွေနဲ့ ကွေးကောက်မှုတွေက တန်ခိုးစွမ်းရည်တွေကို မက်ဂ်နက်တစ်တွေကြားမှာ ကျယ်ပြန့်တဲ့ 'မှော်' မျိုးစုံ ထုတ်ဖော်နိုင်စေတာလို့ မိုက်ကယ် ခန့်မှန်းလိုက်တယ်။ အဲဒါက အဲဒီကြိုးမျှင်တွေကို ရိုးရှင်းတဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားမြှင့်တင်မှုကနေ အချိန်ကို လုံးဝ ရပ်တန့်သွားစေနိုင်တဲ့ စွမ်းအားအထိ ဖြစ်လာစေတာပဲ။

'အဲဒီ ကြိုးမျှင်နှစ်ခုက တစ်ခုနဲ့တစ်ခု ဆင်တူနေတာ ဖြစ်နိုင်မလား'

အဲဒီနှစ်ခုက လုံးဝ ထပ်တူကျဖို့တော့ မဖြစ်နိုင်ပေမဲ့ တစ်ခုနဲ့တစ်ခု ရုတ်တရက် ရစ်ပတ်ငြိတွယ်သွားစေနိုင်လောက်တဲ့ အတိုင်းအတာတစ်ခုအထိတော့ တူညီမှုရှိနိုင်တယ်။

'ဂျာကူရဲ့ တန်ခိုးစွမ်းရည်က လျှပ်စီးကို အခြေခံတယ်... ဝံပုလွေလူသားရဲ့ တာအိုစွမ်းအားက သူ့ရဲ့ အတွင်းစိတ်ဝံပုလွေရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကို အခြေခံတယ်'

ပထမဆုံး စဉ်းစားကြည့်ရသလောက်တော့ အဲဒီနှစ်ခုကြားမှာ တူညီမှု သိပ်မရှိဘူး။

ဒါပေမဲ့ အဲဒီနောက်တော့ သူ သဘောပေါက်သွားတယ်။

'ဒါက အမြန်နှုန်းပဲ'

'ဂျာကူရဲ့ လျှပ်စီးက သူ့ကို ဧရာမ အမြန်နှုန်း ရရှိစေတယ်'

'တစ်ချိန်တည်းမှာပဲ ဝံပုလွေလူသားရဲ့ ရုပ်ပိုင်းဆိုင်ရာ ခြေထောက်တွေကလည်း သူ့ရဲ့ အမြန်နှုန်းကို မြှင့်တင်ဖို့အတွက် သန်မာလာခဲ့တာပဲ'

'အဲဒါက နှစ်ခုစလုံးရဲ့ တူညီတဲ့အချက်ပဲ'

မိုက်ကယ် တွေးတောရနိုင်တဲ့ တစ်ခုတည်းသော ကောက်ချက်ကတော့...

"သူ့ရဲ့ ရှေးဦးဟိန်းသံက အမြန်နှုန်းကို အခြေခံတဲ့ စွမ်းအားတွေအပေါ်မှာပဲ အလုပ်လုပ်တာပဲ" လို့ အကြီးအကဲ လူပန်က ရေရွတ်လိုက်ပြီး မိုက်ကယ်နဲ့ ထပ်တူညီတဲ့ ကောက်ချက်တစ်ခုကို ရရှိသွားခဲ့တယ်။

စူးစမ်းလိုစိတ်နဲ့ မိုက်ကယ်က သူ့ဆီ ချဉ်းကပ်သွားတယ်။ "ဒါက ဘာကို ဆိုလိုတာလဲ"

အကြီးအကဲ လူပန်ရဲ့ မျက်နှာက ဒီအချက်အလက်ကို စဉ်းစားနေတုန်းပဲ ရှိသေးတယ်။ ဒါတောင်မှ သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခုက တဖြည်းဖြည်း ပေါ်လာခဲ့တယ်။

"ဒါက ဂျာကူအနေနဲ့ အမြန်နှုန်းကို အခြေခံတဲ့ ဘယ်လို တန်ခိုးစွမ်းရည်မျိုးကိုမဆို အကြွင်းမဲ့ ကြီးစိုးနိုင်တယ်ဆိုတာကို ဆိုလိုတာပဲ၊ သူ့ရဲ့ ရှေးဦးဟိန်းသံက တခြားသူတွေရဲ့ အမြန်နှုန်းကို ပျက်ပြယ်သွားစေနိုင်ပြီး စစ်မြေပြင်မှာ သူ့ကိုသာ စွမ်းအားပြည့်ဝနေစေတာပဲ"

ဒီလို သဘောပေါက်သွားတာက မိုက်ကယ်နဲ့ အကြီးအကဲ လူပန် နှစ်ယောက်စလုံးကို အံ့အားသင့် မှင်တက်မှုလှိုင်းလုံးတစ်ခု ရိုက်ခတ်သွားစေခဲ့တယ်။

ဒီလောက် အင်အားကြီးမားလွန်းတဲ့ စွမ်းရည်မျိုးအကြောင်း မိုက်ကယ် တစ်ခါမှ မကြားဖူးခဲ့ဘူး။ အကြွင်းမဲ့ ကြီးစိုးနိုင်တယ်ဆိုတာ မှန်ကန်တယ်။ စကားတစ်ခွန်းတည်းနဲ့တင် သူက သူ့ပတ်ဝန်းကျင်က တခြားလူတိုင်းကို သာမန်လူတစ်ယောက်လို နှေးကွေးသွားစေနိုင်တာပဲ။

အဲဒါက သူတစ်ယောက်တည်းသာ မြန်ဆန်ခွင့် ရှိသလိုမျိုးပဲ။

"ဒါက အံ့မခန်းပဲ"

မူလ ရှေးဦးဟိန်းသံက တန်ခိုးစွမ်းရည် တိုင်းအပေါ်မှာ သက်ရောက်မှုရှိပြီး အဲဒါတွေကို လုံးဝ ပျက်ပြယ်သွားစေတာ။

ဒါပေမဲ့ ဂျာကူပိုင်ဆိုင်ထားတဲ့ ဒီနိမ့်ကျတဲ့ပုံစံကတောင်မှ ပိုကောင်းတဲ့အရာ မရှိတဲ့ကမ္ဘာမှာ လုံးဝကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ စွမ်းအားတစ်ခု ဖြစ်နေဆဲပဲ။

မိုက်ကယ်က ဂျာကူဆီ လျှောက်သွားပြီး သူ့ပခုံးတွေကို ပုတ်လိုက်တယ်။ "မင်း အင်အားကြီးမားလွန်းတဲ့ အရာတစ်ခုကို ရထားတဲ့ပုံပဲ၊ ဂုဏ်ယူပါတယ်" လို့ သူက ပြောလိုက်တယ်။

ဒါပေမဲ့ သူ ဒီလိုစွမ်းအားမျိုး ပိုင်ဆိုင်ထားတယ်ဆိုတာကို သိလိုက်ရတာတောင် ဂျာကူကတော့ သိပ်ပြီး စိတ်လှုပ်ရှားပုံမရဘူး။

"ငါက ငါ့ပတ်ဝန်းကျင်က တခြားလူတိုင်းကို နှေးကွေးသွားအောင် လုပ်နိုင်တာလား" သူက စိတ်ပျက်လက်ပျက်နဲ့ မေးလိုက်တယ်။

"အဲဒါက အဲဒီလောက် ဆိုးနေလို့လား" မိုက်ကယ်က သူ့ကို ခနဲ့တဲ့တဲ့ မေးလိုက်တယ်။

"ဟုတ်တာပေါ့၊ ငါ့ရန်သူတွေကို ဘာလို့ နှေးကွေးနေစေချင်ရမှာလဲ၊ ငါက သူတို့ကို မြန်မြန်ဆန်ဆန် ဖြစ်စေချင်တာ၊ ဒါမှ တိုက်ပွဲက မကြာခင် ပြီးဆုံးသွားမှာပေါ့"

မိုက်ကယ်က သူ့ခေါင်းကို ခပ်ဖွဖွ တစ်ချက်ခေါက်လိုက်တယ်။

"ငတုံးရဲ့၊ ဒါဆိုလည်း သူတို့ နှေးကွေးနေတဲ့အချိန်မှာ အနိုင်ယူလိုက်ပေါ့"

* * * * * * * *

All Chapters