← Chapters

အခန်း ၉၃၉

Vol. 63 Ch. 939

အခန်း ၉၃၉

Vol. 63 Ch. 939

အခန်း (၉၃၉) - ဧရာမခွာကြီးများ၏ နင်းနယ်မှု၊ မြေကမ္ဘာအင်မော်တယ်စံအိမ်၏ တန်ပြန်တိုက်ခိုက်မှု (၂)

မျက်စိတစ်မှိတ်အတွင်းမှာပင်... စစ်သည်တစ်သောင်း ပါဝင်သော တပ်မကြီးက နေရာယူလိုက်ကြပြီး တိလင် အင်မော်တယ်မြို့တော် ပတ်လည်ရှိ ကောင်းကင်နှင့် မြေကြီးတစ်ခွင်သို့ လွှမ်းခြုံသွားသော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါကြီး တစ်ခုကို ဖန်တီးလိုက်လေသည်။ အရပ်မျက်နှာ အသီးသီးရှိ ကောင်းကင်၏ အရောင်အသွေးများ ပြောင်းလဲသွားပြီး တောင်တန်းများနှင့် မြစ်များ တုန်ခါသွားကာ လေပြင်းများ တိုက်ခတ်၍ တိမ်တိုက်များ စုဝေးလာတော့၏။

တစ်ချိန်တည်းမှာပင် တိလင် အင်မော်တယ်မြို့တော် အတွင်း၌ ဖန်ရှောင်က ကျန်ရှိနေသော မြေကမ္ဘာအင်မော်တယ် စစ်တပ်နှင့် မြို့တော်ရှိ ကျင့်ကြံသူများကို စုစည်းလိုက်လေသည်။

မြေကမ္ဘာအင်မော်တယ်စံအိမ်ဂိုဏ်းမှ ကျင့်ကြံသူများ အပါအဝင် သူတို့၏ အရေအတွက်မှာ နှစ်သောင်းနီးပါး ရှိနေသေးသည်။

ဖန်ရှောင်က မြေကမ္ဘာအင်မော်တယ် စစ်တပ်နှင့် အင်မော်တယ်ဂိုဏ်း၏ တပည့်များထံသို့ မှော်လက်နက်များနှင့် အဆောင်လက်ဖွဲ့များကို စတင် ဝေငှလိုက်လေသည်။ ပထမဦးစွာ မြေကမ္ဘာအင်မော်တယ် စစ်တပ်မှ လူများကို ဦးစားပေး ဝေငှပြီးနောက်၊ အမြုတေဖွဲ့တည်အဆင့် နှင့် အထက် ရောက်ရှိနေသော မြေကမ္ဘာအင်မော်တယ်စံအိမ်မှ ကျင့်ကြံသူများကို ဆက်လက် ဝေငှပေးလိုက်သည်။

လူတစ်ဦးစီတိုင်းက အဆောင်လက်ဖွဲ့ အမြောက်အများကို ရရှိခဲ့ကြ၏။

စံအိမ်သခင် ကိုယ်တိုင်က အဆင့်(၃) နှင့် အထက် အဆောင်လက်ဖွဲ့ ရာနှင့်ချီ၍ ဝေငှပေးနေသည်ကို မြင်တွေ့လိုက်ရသောအခါ၊ ထို့အပြင် အထွတ်အထိပ်အဆင့် မှော်လက်နက် သောင်းချီ၍ ပါဝင်နေသည်ကို မြင်လိုက်ရသောအခါ အားလုံးမှာ အံ့ဩတုန်လှုပ်မှုဖြင့် ဆွံ့အကာ စကားပင် မပြောနိုင်တော့ချေ။

သူတို့၏ မြေကမ္ဘာအင်မော်တယ်စံအိမ် က ဘယ်အချိန်ကတည်းက ဒီလောက်တောင် ချမ်းသာသွားခဲ့ရတာလဲ။

ဤအရာများက အဆင့်(၁) သို့မဟုတ် အဆင့်(၂) အဆင့်နိမ့် အဆောင်လက်ဖွဲ့များ မဟုတ်သလို အလယ်အလတ်အဆင့် အဆင့်နိမ့် လက်နက်များလည်း မဟုတ်ချေ။

ဤအရာများက အဆင့်(၃) နှင့် အထက် အဆောင်လက်ဖွဲ့များနှင့် မှော်လက်နက်များ ဖြစ်ကြသည်။

အဆင့်(၃) နှင့် အထက် အဆောင်လက်ဖွဲ့ အရေအတွက်က ဤမျှလောက် များပြားနေခဲ့သည်။

အကယ်၍ ၎င်းတို့အားလုံးကို တစ်ပြိုင်နက်တည်းသာ အသုံးပြုလိုက်မည်ဆိုပါက ထိုစွမ်းအားက မည်မျှလောက်တောင် ကြောက်မက်ဖွယ် ကောင်းနေလိမ့်မည်နည်း။

ဖန်ရှောင်က ပစ္စည်းများ ဝေငှပြီးနောက် သူမ၏ အသံက ဝိညာဉ်ခွဲထွက်အဆင့် ၏ ပြိုင်ဘက်ကင်း အရှိန်အဝါဖြင့် လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့လေသည်။ သူမ၏ လေသံက အေးစက်နေ၏။

"မြေကမ္ဘာအင်မော်တယ်စံအိမ် က တပည့်တွေ... ငါ့အမိန့်ကို နားထောင်ကြ... ဒီစံအိမ်သခင် နောက်ကိုလိုက်ပြီး တိုက်ပွဲဝင်ဖို့ မြို့ပြင်ကို ထွက်ကြစို့"

ဖန်ရှောင်က တိလင် အင်မော်တယ်မြို့တော် မှ လူတိုင်းကို ဦးဆောင်ကာ မိုးကြိုး နဂါး အင်မော်တယ်မင်းဆက် ၏ တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ရန် ပြေးထွက်သွားသည့် အချိန်မှာပင်...

မိုးကြိုး နဂါး အင်မော်တယ်မင်းဆက် ၏ တပ်စခန်းအတွင်းရှိ ဝိညာဉ်ခွဲထွက်အဆင့် အကြီးအကဲ တစ်ဦးက သတင်းပို့ တံဆိပ်ပြား မှတစ်ဆင့် ထိုသတင်းကို ကြားသိလိုက်ရပြီး ချက်ချင်းပင် မျက်နှာ ဖြူရော်သွားတော့၏။

သူက တတိယမင်းသား လီကျင်းယွီ ဘက်သို့ လှည့်ကြည့်ကာ တုန်ယင်နေသော အသံဖြင့် အော်ဟစ်လိုက်လေသည်။

"မင်းသား... ဘေးဆိုးကြီး ကြုံရတော့မယ်"

"မြေကမ္ဘာအင်မော်တယ်စံအိမ် က ဘယ်ကနေ ဘယ်လို အဆင့်(၃) နဲ့ အထက် အဆောင်လက်ဖွဲ့ သိန်းချီပြီး ရလာလဲ မသိဘူး... အခု အဲဒါတွေကို အကုန်လုံး ဝေငှပေးပြီး ကျုပ်တို့ဆီကို တိုက်ခိုက်ဖို့ လာနေကြပြီ"

တပ်စခန်း အတွင်းရှိ မိုးကြိုး နဂါး အင်မော်တယ်မင်းဆက်၏ တတိယမင်းသား လီကျင်းယွီ နှင့် မိုးကြိုး နဂါး အင်မော်တယ်မင်းဆက် မှ ပကတိဟင်းလင်းပြင်အဆင့် တာအိုသခင်ကြီး လေးပါး အပြင် ဝိညာဉ်ခွဲထွက်အဆင့် စစ်သူကြီးများနှင့် မှူးမတ်များ အားလုံးမှာ ဤသတင်းကို ကြားလိုက်ရသောအခါ မျက်နှာများ ဖြူရော်သွားကြတော့သည်။

လီကျင်းယွီမှာ အလွန်အမင်း အံ့အားသင့်သွားပြီး သူ၏ ထိုင်ခုံမှ ခုန်ထလာငည်။ ထိုလူအား မျက်လုံးအပြူးသားဖြင့် စူးစိုက်ကြည့်ရင်း အော်ငေါက်လိုက်၏။

"ခင်ဗျား ဘာပြောလိုက်တယ်"

"အဆင့်(၃) နဲ့ အထက် အဆောင်လက်ဖွဲ့ သိန်းချီပြီး ဟုတ်လား"

"မြေကမ္ဘာအင်မော်တယ်စံအိမ် က အဲဒီလောက်များတဲ့ အဆင့်မြင့် အဆောင်လက်ဖွဲ့တွေကို ဘယ်ကနေ သွားရလာတာလဲ"

ဝိညာဉ်ခွဲထွက်အဆင့် အကြီးအကဲ၏ အသံမှာ တသိမ့်သိမ့် တုန်ယင်နေပြီး အထပ်ထပ်အခါခါ ပြောနေမိသည်။

"မသေချာဘူး... ဒါပေမဲ့ ဒါက မြေကမ္ဘာအင်မော်တယ်စံအိမ် ဆီကနေ အခုလေးတင် ရလာတဲ့ သတင်းပဲ... လုံးဝ အမှားအယွင်း မရှိနိုင်ပါဘူး"

"မင်းသား... အဆင့်(၃) အဆောင်လက်ဖွဲ့တွေချည်းပဲ မဟုတ်ဘူး... အဆင့်(၄) အဆောင်လက်ဖွဲ့တွေလည်း အများကြီး ပါသေးတယ်... ပြီးတော့ အဆင့်(၅) အဆောင်လက်ဖွဲ့တွေတောင် ပါနိုင်ခြေ များတယ်"

"တကယ်လို့ မြေကမ္ဘာအင်မော်တယ်စံအိမ် ကသာ အဲဒီ အဆောင်လက်ဖွဲ့တွေ အကုန်လုံးနဲ့ ကျုပ်တို့ကို တိုက်ခိုက်လာမယ်ဆိုရင်... ကျုပ်တို့..."

သူ စကားပင် မဆုံးလိုက်သေးချေ။

တပ်စခန်းအတွင်းရှိ ပကတိဟင်းလင်းပြင်အဆင့် တာအိုသခင်ကြီး လေးပါးမှာ သူတို့၏ မိုးကြိုး နဂါး အင်မော်တယ်မင်းဆက် တပ်စခန်း အထက်ရှိ ကောင်းကင်ယံဆီသို့ ရုတ်တရက် မော့ကြည့်လိုက်ကြ၏။ ရင်းနှီးကျွမ်းဝင်နေသော သေမင်းတမန် အရှိန်အဝါကြီး တစ်ခုကို အာရုံခံမိလိုက်ပြီးနောက် အလန့်တကြား အော်ဟစ်လိုက်ကြတော့သည်။

"ဒါ မကောင်းတော့ဘူး"

“ဝုန်း…”

ထိုအချိန်တွင် အပြင်းအထန် ကာကွယ်ထားသော မိုးကြိုး နဂါး အင်မော်တယ်မင်းဆက် ၏ တပ်စခန်းအတွင်းရှိ ဟင်းလင်းပြင်မှာ ရေပြင်ထဲမှ တစ်စုံတစ်ခု ထွက်ပေါ်လာတော့မည့်အလား အဆုံးအစမဲ့ လှိုင်းထလာတော့၏။

နောက်တစ်ခဏတွင်မူ ဟင်းလင်းပြင်ကြီး တစ်ခုလုံး ဆုတ်ဖြဲခံလိုက်ရသည်။

ပကတိဟင်းလင်းပြင် အထွတ်အထိပ်အဆင့် တာအိုသခင်ကြီး တစ်ပါးနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်လောက်အောင် ပြင်းထန်‌သည့် အရှိန်အဝါကို သယ်ဆောင်လာသည့် ဧရာမခွာကြီး တစ်ခုက ဟင်းလင်းပြင် အတွင်းမှ ကျဆင်းလာတော့သည်။

တစ်ချက် နင်းချလိုက်သည်နှင့် ဟင်းလင်းပြင်ကြီး တစ်ခုလုံး ပြိုကျပျက်စီးသွား၏။

ခွာကြီး၏ ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါက လေထုကို ဟိန်းဟောက်သံကြီးနှင့်အတူ ပေါက်ကွဲထွက်သွားစေ၏။

ထိုဖိနှိပ်မှု စွမ်းအားက အောက်ဘက်ရှိ မြေပြင်ကို ချက်ချင်းပင် အကြမ်းပတမ်း နိမ့်ကျသွားစေကာ ကြီးမားလှသော ခွာရာကြီး တစ်ခုကို ချန်ရစ်ခဲ့လေသည်။

ထိုခွာကြီး တစ်ခုတည်းကပင် မိုးကြိုး နဂါး အင်မော်တယ်မင်းဆက် ၏ တပ်စခန်းရှိ စစ်တပ်တစ်ခုလုံးကို လွှမ်းခြုံထားခဲ့၏။

"ဝုန်း..."

"မိုက်ရိုင်းလှချည်လား"

မိုးကြိုး နဂါး အင်မော်တယ်မင်းဆက် ၏ ပကတိဟင်းလင်းပြင်အဆင့် တာအိုသခင်ကြီး လေးပါးက ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ သူတို့အထဲမှ ပကတိဟင်းလင်းပြင်အဆင့် (၆) တာအိုသခင်ကြီး တစ်ပါးက ထီးငယ်လေး တစ်လက်ကို ဆင့်ခေါ်လိုက်၏။ သူ ကောင်းကင်ယံသို့ ခုန်တက်သွားသည်နှင့်အမျှ ထိုထီးငယ်လေးက ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံနိုင်လောက်အောင် ကြီးမားသော မြေဝါရောင် ထီးကြီးတစ်လက် အဖြစ်သို့ ပြောင်းလဲသွားလေသည်။

ဤ မြေဝါရောင် ထီးကြီး၏ အရှိန်အဝါအရ ဆိုလျှင် အထွတ်အထိပ်အဆင့် မှော်လက်နက် တစ်ခုဖြစ်ကြောင်း ရှင်းလင်းစွာ သိသာနေပေသည်။

ပကတိဟင်းလင်းပြင်အဆင့် (၆) တာအိုသခင်ကြီး က ပြင်းထန်လှသော မှော်စွမ်းအားများကို ထီးကြီးအတွင်းသို့ စီးဝင်စေလိုက်ပြီး မိုးကြိုး နဂါး အင်မော်တယ်မင်းဆက် ၏ တပ်စခန်းကို ဖုံးအုပ်ထားသည့် အတားအဆီးကြီး တစ်ခုကို ဖန်တီးလိုက်လေသည်။

ကျန်ရှိနေသော ပကတိဟင်းလင်းပြင်အဆင့် တာအိုသခင်ကြီး သုံးပါးမှာ ပထမလူလောက် မစွမ်းဆောင်နိုင်သော်ငြားလည်း၊ သူတို့အထဲတွင် ပကတိဟင်းလင်းပြင်အဆင့် (၄) တစ်ပါးနှင့် ပကတိဟင်းလင်းပြင်အဆင့် (၁) နှင့် (၂) နှစ်ပါး ပါဝင်နေသေးသည်။

ပကတိဟင်းလင်းပြင်အဆင့် တာအိုသခင်ကြီး သုံးပါးကလည်း ကိုယ်ပိုင် တာအိုရတနာ များကို ဆင့်ခေါ်လိုက်ကြသည်။ တစ်ခုက အထွတ်အထိပ်အဆင့် မှော်လက်နက် ။ ကျန်နှစ်ခုက တစ်ပိုင်းအထွတ်အထိပ်အဆင့် မှော်လက်နက်များ ဖြစ်ကြ၏။

တာအိုရတနာ များသည် ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး အပေါ်မှ နင်းချလာသော ဧရာမခွာကြီး ကို ဖျက်ဆီးရန် ဦးတည်သွားကြလေသည်။

"ဝုန်း..."

နားကွဲမတတ် ကျယ်လောင်လှသော ဟိန်းဟောက်သံကြီးက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေခဲ့ပြီး မိုင်ရာနှင့်ချီ သို့မဟုတ် ထောင်နှင့်ချီ၍ပင် ဝေးကွာသော နေရာများအထိ ခံစားသိရှိနိုင်လေသည်။ ထိုအသံက မိုးကြိုးသံလား လူတိုင်း၏ စိတ်အာရုံထဲတွင် ပေါက်ကွဲထွက်သွားကာ အောက်ခြေအဆင့် ကျင့်ကြံသူများ အားလုံးမှာ ဝိညာဉ်လွင့်မတတ် ဖြစ်သွားကြပြီး ဆီးပင် မထိန်းနိုင်တော့ဘဲ နီစွေးသော သွေးများ အန်ထုတ်လိုက်ကြရ၏။ သူတို့၏ နှလုံးသားများနှင့် စိတ်အာရုံများမှာ တုန်လှုပ်ချောက်ချားသွားကြပြီး မြေပြင်ပေါ်သို့ လဲကျကာ မျက်ဖြူလန်သွားကြတော့သည်။

ဖန်ရှောင်၊ တာအိုဆရာ ထျန်းယွီ နှင့် အခြားသူများက မြေကမ္ဘာအင်မော်တယ်စံအိမ် မှ အဖွဲ့ဝင် အားလုံးကို ဦးဆောင်ကာ တာ့ယန် အင်မော်တယ်မင်းဆက် ၏ တပ်စခန်းဘက်သို့ ထိုးစစ်ဆင် တိုက်ခိုက်လာကြလေသည်။

အရွယ်အစား မည်မျှကြီးမားကြောင်းပင် မှန်းဆ၍ မရနိုင်လောက်သော ဧရာမခွာကြီး တစ်ခုသည် ကောင်းကင်ယံမှ ရုတ်တရက် ကျဆင်းလာပြီး ဟင်းလင်းပြင်ကို ထိုးဖောက်ကာ တာ့ယန် အင်မော်တယ်မင်းဆက် ၏ တပ်စခန်း တစ်ခုလုံးကို လွှမ်းခြုံလျက် အကြမ်းပတမ်း နင်းချလိုက်သည်ကို သူတို့ ရှင်းလင်းပြတ်သားစွာ မြင်တွေ့လိုက်ကြရသည်။

နောက်တစ်ခဏတွင် တာ့ယန် အင်မော်တယ်မင်းဆက် ၏ တပ်စခန်းအတွင်းမှ ဧရာမ ထီးကြီးတစ်လက် ထွက်ပေါ်လာပြီး ထိုဧရာမခွာကြီး ကို ဟန့်တားရန် ကြောက်မက်ဖွယ်ကောင်းသော အတားအဆီးကြီး တစ်ခုကို ဖန်တီးလိုက်သော်ငြားလည်း...

ဧရာမခွာကြီး က ထိုဧရာမ ထီးကြီးပေါ်သို့ နင်းချလိုက်သည်နှင့် အားပြင်းသော စွမ်းအားလှိုင်းများက ကောင်းကင်ယံကိုပင် ဆုတ်ဖြဲပစ်လိုက်လေသည်။

မိုင်ဒါဇင်ပေါင်းများစွာ အကွာအဝေးအတွင်းရှိ မြေပြင်များမှာ ထိုစွမ်းအားလှိုင်း၏ ရိုက်ခတ်မှုအောက်တွင် ပြိုကျပျက်စီးသွားခဲ့ရ၏။

ကောင်းကင်ယံ ဆုတ်ဖြဲခံရပြီး မြေကြီးများ ကွဲအက်သွားသည်။ လောကကြီး တစ်ခုလုံး ပျက်စီးတော့မည့် မြင်ကွင်းမျိုးနှင့်ပင် တူနေတော့၏။

ထိုဧရာမ ထီးကြီး၏ အတားအဆီးမှာ ခွာကြီး၏ အရှိန်အောက်တွင် ပြိုကွဲပျက်စီးသွားပုံ ရပြီး ၎င်း၏ ကျိုးပဲ့ပျက်စီးသွားသော အသံကို ရှင်းလင်းစွာ ကြားလိုက်ရသည်။

နောက်တစ်ခဏတွင်ကား ကြောက်မက်ဖွယ်ကောင်းသော တာအိုရတနာ သုံးခု ကောင်းကင်ယံသို့ ပျံတက်သွားပြီး ထိုဧရာမခွာကြီး ဆီသို့ ပြေးဝင်သွားကြလေ၏။

သို့သော်ငြား ထို တာအိုရတနာ သုံးခုက ဧရာမခွာကြီး ပေါ်သို့ ကျရောက်သွားသောအခါ အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာ ရစေနိုင်စွမ်း မရှိခဲ့ဘဲ ရွှေရောင်အလင်းတန်း တစ်ခု၏ ပေါက်ကွဲထွက်လာမှုကြောင့် ချက်ချင်းပင် လွင့်စင်သွားကြတော့သည်။

ထို့နောက် ဧရာမခွာကြီး မှာ ပြန်လည် ရုပ်သိမ်းသွားခဲ့၏။

နောက်တစ်ခဏတွင်ကား ကောင်းကင်နှင့် မြေကြီးကို ထောက်ပံ့ထားနိုင်လောက်အောင် ကြီးမားလှသော ရွှေရောင် ဧရာမဆင်ကြီး တစ်ကောင်က ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ဆင်းသက်လာတော့သည်။

တာ့ယန် အင်မော်တယ်မင်းဆက် ၏ တပ်စခန်းအတွင်း၌

ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်သားရဲကြီး ၏ ဧရာမခွာကြီး ကို ခုခံရန် ဦးဆောင်ခဲ့သော ပကတိဟင်းလင်းပြင်အဆင့် (၆) တာအိုသခင်ကြီး မှာ သွေးများ အန်ထုတ်လိုက်ရပြီး ဥက္ကာပျံ တစ်ခုထက်ပင် မြန်ဆန်သော အရှိန်ဖြင့် မြေကြီးထဲသို့ စိုက်ဝင်သွားခဲ့လေသည်။

အထက်ကောင်းကင်ယံရှိ အထွတ်အထိပ်အဆင့် မှော်လက်နက် ဖြစ်သော မြေဝါရောင် ဧရာမ ထီးကြီး၏ အလင်းရောင်မှာ အနည်းငယ် မှေးမှိန်သွားခဲ့ပြီး သနားစရာကောင်းလောက်အောင် ညည်းတွားအော်ဟစ်သံများကို ထုတ်လွှတ်နေ၏။

၎င်းသည် ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်သားရဲကြီး ၏ ကြီးမားလှသော ခွန်အားကို မခံနိုင်တော့ဘဲ တောင့်ခံထားနိုင်ရန် ရုန်းကန်နေရသည့်ပုံ ပေါ်လေသည်။

ကျန်ရှိနေသော ပကတိဟင်းလင်းပြင်အဆင့် တာအိုသခင်ကြီး သုံးပါး၏ မျက်နှာများ အကြီးအကျယ် ပြောင်းလဲသွားပြီး သူတို့၏ ဝိညာဉ်များပါ တုန်လှုပ်သွားကာ ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်သားရဲကြီး ကို အံ့ဩထိတ်လန့်မှု အပြည့်ဖြင့် မော့ကြည့်နေမိကြတော့သည်။

‘ဒီနတ်ဘုရားရုပ်တုကြီးရဲ့ စွမ်းအားက ကြောက်စရာကောင်းလွန်းလှချည်လား။

ပကတိဟင်းလင်းပြင်အဆင့် (၆) တာအိုသခင်ကြီး ကတောင် ခုခံကာကွယ်ရေး အထွတ်အထိပ်အဆင့် မှော်လက်နက် တစ်ခုကို အသုံးပြုပြီး ခုခံခဲ့တာတောင်မှ တောင့်ခံထားဖို့ ခက်ခဲနေတဲ့ပုံပဲ’

ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်သားရဲကြီး ဆင်းသက်လာသည့် အခိုက်အတန့်တွင် တာ့ယန် အင်မော်တယ်မင်းဆက် ၏ တာအိုသခင်ကြီး လေးပါးစလုံး၏ ဦးရေပြားများ ထုံကျင်သွားသလို ခံစားလိုက်ရသည်။ အကြောင်းမူကား ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်သားရဲကြီး ၏ ဘေးပတ်လည်တွင် အထွတ်အထိပ်အဆင့် မှော်လက်နက် နှစ်ခု ထွက်ပေါ်လာသောကြောင့်ပင်။

တစ်ခုမှာ မြေကမ္ဘာအင်မော်တယ်စံအိမ် တွင် ရှိနေသည်ဟု ကောလဟာလ ထွက်နေသော အထွတ်အထိပ်အဆင့် မှော်လက်နက် ဟင်းလင်းပြင် ကြေးအိုးငယ် ပင် ဖြစ်လေသည်။

အခြားတစ်ဖက်တွင်မူ မည်သူမျှ မသိရှိသော အထွတ်အထိပ်အဆင့် မှော်လက်နက် တစ်ခု ရှိနေ၏။ ၎င်းထံမှ ထုတ်လွှတ်နေသော အရှိန်အဝါက ပို၍ အားကောင်းနေပြီး ကြေးနီ ရေနွေးအိုး တစ်လုံးနှင့် တူလေသည်။

ကြမ်းတမ်းလှသော ခွန်အား တစ်ခုတည်းကပင် သူတို့ လေးယောက်စလုံးကို ဖိနှိပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။

ယခု အထွတ်အထိပ်အဆင့် မှော်လက်နက် နှစ်ခုပါ ထပ်မံ ပါဝင်လာပြီ ဖြစ်ရာ မည်သို့ ခုခံနိုင်ပါမည်နည်း။

သူတို့လေးယောက်စလုံး၏ ရင်ထဲတွင် ထွက်ပြေးလိုသော အတွေးများ ပေါ်လာကြတော့၏။

ကံကောင်းထောက်မစွာဖြင့် ဤအချိန်တွင် အလွန်တရာ အားကောင်းလှသော ပကတိဟင်းလင်းပြင်အဆင့် အင်မော်တယ် အရှိန်အဝါကြီး တစ်ခုက ဟင်းလင်းပြင် ကို ဖြတ်သန်းကာ ဆင်းသက်လာ၏။ မိုးကြိုး နဂါး အင်မော်တယ်မင်းဆက် ၏ ပကတိဟင်းလင်းပြင်အဆင့် (၈) တာအိုသခင်ကြီး လေ့ကျန်းပင်။

တာ့ယန် အင်မော်တယ်မင်းဆက် ၏ တပ်စခန်းအထက်သို့ ရုတ်တရက် ရောက်ရှိလာသော ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်သားရဲကြီး ကို မော့ကြည့်လိုက်ပြီးနောက် လေ့ကျန်းက အေးစက်စွာ နှာမှုတ်လိုက်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။

"အသက်မရှိတဲ့ ပစ္စည်းတစ်ခုကများ ငါတို့ တာအိုသခင်ကြီး ရဲ့ အာဏာကို စိန်ခေါ်ရဲတယ်ပေါ့"

“ဝုန်း…”

လေ့ကျန်း ရောက်ရှိလာမှုနှင့်အတူ မိုးကြိုး နဂါး အင်မော်တယ်မင်းဆက် ၏ အခြား တာအိုသခင်ကြီး ခုနစ်ပါးလည်း ရောက်ရှိလာကြလေသည်။

လေ့ကျန်း က အော်ဟစ် အမိန့်ပေးလိုက်၏။

"တိုက်ကြ... ဒါက နတ်ဘုရားရုပ်တု တစ်ခုပဲ... သူ့ရဲ့ စွမ်းအားတွေ ကုန်ခန်းသွားအောင် လုပ်ပြီး သူ့ကို ဖိနှိပ်လိုက်နိုင်တာနဲ့ တစ်ပြိုင်နက် မြေကမ္ဘာအင်မော်တယ်စံအိမ် က သတ်ဖို့ အသင့်ဖြစ်နေတဲ့ သိုးသူငယ်လေးတွေလို ဖြစ်သွားလိမ့်မယ်"

မျက်စိတစ်မှိတ်အတွင်းမှာပင် လေ့ကျန်း ၏ ခန္ဓာကိုယ် ပတ်လည်တွင်လည်း အထွတ်အထိပ်အဆင့် မှော်လက်နက် နှစ်ခု ပျံဝဲလာလေသည်။

တစ်ခုက သူ၏ ကိုယ်ပိုင် တိုက်ပွဲဝင် မှော်ဓား ဖြစ်ပြီး အခြားတစ်ခုက တာအိုမျှော်စင် တစ်ခုနှင့် တူသည်။

လေ့ကျန်း က ဦးဆောင်၍ တာအိုမျှော်စင် ၏ ချည်နှောင်မှု စွမ်းအားများကို အသုံးပြုကာ ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်သားရဲကြီး ကို ဖိနှိပ်လိုက်သည်။ ဟင်းလင်းပြင် အထက်တွင် ကောင်းကင်ကို ထောက်ပံ့ထားနိုင်သော နိယာမ သံကြိုးများ ဖြစ်ပေါ်လာပြီး ဟင်းလင်းပြင်ကို ပိတ်ဆို့ကာ ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်သားရဲကြီး ကို ချုပ်နှောင်လိုက်တော့သည်။

နောက်တစ်ခဏတွင် လေ့ကျန်း ၏ မှော်ဓားက အောက်သို့ လွှဲခုတ်ချလိုက်၏။ ဓားသိုင်း၏ နတ်ဘုရားစွမ်းရည်များက မှန်းဆ၍ မရနိုင်လောက်အောင် ထက်ရှလှပြီး ဟင်းလင်းပြင်ကိုပင် နှစ်ခြမ်းခွဲကာ ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်သားရဲကြီး ကို တိုက်ရိုက် ခုတ်ပိုင်းလိုက်လေသည်။

"တိုက်ကြ"

ဤသည်ကို မြင်သောအခါ တာ့ယန် အင်မော်တယ်မင်းဆက် ၏ တာအိုသခင်ကြီး လေးပါးမှာ ဝမ်းသာအားရ ဖြစ်သွားကြပြီး မိုးကြိုး နဂါး အင်မော်တယ်မင်းဆက် ၏ အခြား တာအိုသခင်ကြီး ခုနစ်ပါးနှင့် အလျင်အမြန် ပူးပေါင်းကာ သူတို့၏ တိုက်ခိုက်မှုများကို စတင်လိုက်ကြသည်။ တာအိုရတနာ များကို အသုံးပြုသူက အသုံးပြု၊ မှော်အတတ်များနှင့် နတ်ဘုရားစွမ်းရည်များ ဖော်ထုတ်ကာ ချုပ်နှောင် ဖိနှိပ်သူက ဖိနှိပ်ကြလေသည်။

တာအိုသခင်ကြီး ဆယ့်နှစ်ပါး၏ ပူးပေါင်း အားထုတ်မှုဖြင့်၊ ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်သားရဲကြီး ၏ စွမ်းအားများ ကုန်ခန်းသွားပြီးနောက် ၎င်းကို ဖိနှိပ်၍ မရနိုင်ဟု သူတို့ လုံးဝ မယုံကြည်ကြပါချေ။

All Chapters