← Chapters

အခန်း ၉၄၁

Vol. 63 Ch. 941

အခန်း ၉၄၁

Vol. 63 Ch. 941

အခန်း (၉၄၁) - တာအိုသခင်ကြီးအား လေးဆွဲပစ်ခတ်ခြင်း၊ စိန်ခေါ်သူအားလုံးကို သုတ်သင်ရှင်းလင်းခြင်း (၂)

တစ်ချိန်တည်းမှာပင် အချိန် မဟာတာအို၏ စွမ်းအားက ဆင်းသက်လာပြီး လေ့ကျန်းနှင့် အခြားသူများ၏ တုံ့ပြန်မှုများကို ပိုမို နှေးကွေးသွားစေတော့သည်။

ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်သားရဲကြီးသည် နောက်ထပ် အထွတ်အထိပ်အဆင့် မှော်လက်နက် တစ်ခုဖြစ်သော ချီသန့်စင်အိုး ကို အသက်သွင်းလိုက်လေ၏။ ကြေးအိုး၏ အဝ ပွင့်လာပြီး တာ့ယန် အင်မော်တယ်မင်းဆက် မှ ကနဦး ဟင်းလင်းပြင်အဆင့် တာအိုသခင်ကြီး တစ်ပါးဆီသို့ ချိန်ရွယ်လိုက်သည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူမှု စွမ်းအားကြီး တစ်ခုက ထို တာအိုသခင်ကြီး အပေါ်သို့ ကျရောက်သွားတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထို တာအိုသခင်ကြီးမှာ ချီသန့်စင် ကြေးအိုး ထဲသို့ စုပ်ယူတိုက်စားခံလိုက်ရသည်။

ဟင်းလင်းပြင်ထဲတွင်မူ အဆုံးအစမဲ့ ကြောက်ရွံ့ထိတ်လန့်မှုများ အပြည့်ပါသော အော်ဟစ်သံကြီး တစ်ခုသာ ကျန်ရစ်ခဲ့တော့၏။

"အား..."

နောက်တစ်ခဏတွင်...

ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်သားရဲကြီးသည် ချီသန့်စင် ကြေးအိုး ကို သိမ်းဆည်းလိုက်ပြီး ဟင်းလင်းပြင် ကြေးအိုးငယ် ကို အသက်သွင်းကာ ထွက်ပြေးလေတော့သည်။

လေ့ကျန်းနှင့် အခြားသူများ၏ မျက်နှာထားများ အကြီးအကျယ် ပြောင်းလဲသွားကြပြီး အထူးသဖြင့် အလယ်အလတ် ပကတိ ဟင်းလင်းပြင်အဆင့် နှင့် ကနဦး ပကတိ ဟင်းလင်းပြင်အဆင့် တာအိုသခင်ကြီး အချို့၏ နှလုံးသားများထဲတွင် အဆုံးအစမဲ့ အေးစက်မှုများ ပြည့်နှက်သွားကြလေသည်။ ကြက်သီးမွေးညင်ှးများ ထသွားကြပြီး မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှု အရိပ်အယောင်များ ထွက်ပေါ်လာကြ၏။

‘ဒီနတ်ဘုရားရုပ်တုက ငါတို့ တာအိုသခင်ကြီး ကိုးပါး ဝိုင်းဝန်း တိုက်ခိုက်နေတဲ့ ကြားထဲကနေတောင် ပြန်လည် တိုက်ခိုက်ရဲသေးတာလား။

ပြန်တိုက်ခိုက်တာက ထားပါတော့... ကနဦး ဟင်းလင်းပြင်အဆင့် တာအိုသခင်ကြီး တစ်ပါးကို မျက်စိတစ်မှိတ်အတွင်းမှာပဲ သတ်ဖြတ်နိုင်ခဲ့တာက…’

တာအိုသခင်ကြီးများ အားလုံး၏ မျက်စိရှေ့တွင်ပင် ထို တာအိုသခင်ကြီး မှာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားခဲ့လေပြီ။

လေ့ကျန်း ၏ ရင်ထဲတွင် ကြောက်ရွံ့မှု အချို့ ဖြစ်ပေါ်လာပြီး အံ့အားသင့်မှုနှင့် ဒေါသများလည်း ရောယှက်နေခဲ့သည်။

ထို အထွတ်အထိပ်အဆင့် ဟင်းလင်းပြင် မှော်လက်နက် က အလွန်အမင်း ကြောက်စရာ ကောင်းလွန်းလှသည်။ သူတို့အနေဖြင့် လိုက်လည်း မမီနိုင်သလို ဖမ်းဆီး ချုပ်နှောင်ထားရန်လည်း မဖြစ်နိုင်ပါချေ။ ပြိုင်ဘက်၏ လက်ထဲတွင် မျောက်တစ်ကောင်လို ကစားခံနေရသလိုပင်။

ပြိုင်ဘက်က သူတို့ကို တိုက်ခိုက်ရန် အလွန် လွယ်ကူနေခဲ့၏။

လုံးဝကို မှန်းဆ၍ မရနိုင်ပါချေ။

ဤကဲ့သို့သော အခြေအနေမျိုးတွင် သူတို့က မည်သို့ တိုက်ခိုက်ရမည်နည်း။

လေ့ကျန်း တစ်ယောက် ဆုတ်ခွာရန် စဉ်းစားလိုက်သည့် အခိုက်အတန့်တွင် ယခုလေးတင် ပျောက်ကွယ်သွားခဲ့သော ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်သားရဲကြီး ရုတ်တရက် ပြန်လည် ထွက်ပေါ်လာပြီး ကြမ်းကြုတ်စွာ တိုက်ခိုက်လာလေသည်။ ဟင်းလင်းပြင် ပြိုကွဲသွားပြီး မဟာတာအို စွမ်းအားများ ပါဝင်နေသည့် ဧရာမ ကြေးအိုးကြီး တစ်ခုက လေ့ကျန်း ဆီသို့ ပြုတ်ကျလာတော့၏။

လေ့ကျန်း တိုက်ခိုက်မှုကို ခုခံရန် အခြားသူများနှင့် အလျင်အမြန် ပူးပေါင်းလိုက်လေသည်။

သို့သော် သူတို့၏ တာအိုရတနာ များနှင့် မန္တန်များမှာ ထိုအခိုက်အတန့်တွင် မည်သည့်အရာကိုမျှ မထိမှန်သလို ဖြစ်သွားခဲ့၏။

ဟင်းလင်းပြင် ကြေးအိုးငယ် က ဆက်လက် ကျဆင်းလာဆဲပင်။

“ဂျုန်း…”

လေ့ကျန်း သည် ချက်ချင်းပင် ဧရာမ ကြေးအိုးကြီး၏ ရိုက်ခတ်ခံလိုက်ရပြီး ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာသည်။ ဟင်းလင်းပြင်၏ အပေါ်ယံလွှာမှနေ၍ တတိယအလွှာထဲသို့ တိုက်ရိုက် ရိုက်သွင်းခံလိုက်ရလေသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းသွားပြီး ပြင်းထန်စွာ ဒဏ်ရာရသွားတော့၏။

ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်သားရဲကြီး က ဆက်လက် တိုက်ခိုက်ခြင်း မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် ယခင်က စုပ်ယူထားခဲ့သော စွမ်းအားများမှာ အဆက်မပြတ် တိုက်ခိုက်မှုများကြောင့် အများစု ကုန်ခန်းသွားခဲ့လေပြီ။

၎င်းတွင် ထပ်မံ တိုက်ခိုက်နိုင်စွမ်း သိပ်မကျန်တော့ပါချေ။

ထို့ကြောင့် ယခုအခါတွင် ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်သားရဲကြီး သည် လေ့ကျန်း နှင့် အခြားသူများကို ဟင်းလင်းပြင် ထဲမှ ထွက်ခွာခွင့် မပေးဘဲ ဤ တာအိုသခင်ကြီး ရှစ်ပါးကို တတ်နိုင်သမျှ ဆွဲထားရန်သာ ကြိုးပမ်းနေတော့သည်။

အပြင်ဘက်တွင်မူ...

စစ်မြေပြင်နှင့် လီတစ်ရာခန့် ကွာဝေးသော နေရာရှိ တောင်ထွတ်တစ်ခု၏ အပေါ်တွင်...

စုယွီ ၏ ပင်မကိုယ်ပွား က သစ်ပင်ထက်တွင် တိတ်ဆိတ်စွာ ရပ်နေ၏။ သူ၏ မျက်လုံးများထဲတွင် ရွှေရောင် နတ်ဘုရား အလင်းတန်းများ စုဝေးနေခဲ့သည်။ သူ၏ မျက်လုံး နတ်ဘုရားစွမ်းရည်များ ကို အသုံးပြု၍ အရှေ့ဘက်ရှိ စစ်မြေပြင်၏ အခြေအနေကို စောင့်ကြည့်နေခြင်း ဖြစ်၏။

ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်သားရဲကြီး ၏ နင်းခြေမှုကြောင့် လေ့ကျန်း မှာ ပြင်းထန်စွာ ဒဏ်ရာရကာ မိုးကြိုး နဂါး အင်မော်တယ်မင်းဆက် ၏ တပ်စခန်းဆီသို့ ကမူးရှူးထိုး ထွက်ပြေးသွားသည်ကို မြင်သောအခါ စုယွီ က တစ်ခဏမျှ တွေးတောလိုက်၏။ သူ၏ လက်ထဲတွင် မီးဖီးနစ် ကောင်းကင်လေး အလိုအလျောက် ထွက်ပေါ်လာလေသည်။

နောက်တစ်ခဏတွင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ ဓာတ်ကြီးငါးပါး ဝိညာဉ်စွမ်းအားများ နှင့် ဓာတ်ကြီးငါးပါး မဟာတာအို ၏ စွမ်းအားများကို မီးဖီးနစ် ကောင်းကင်လေး ထဲသို့ စီးဝင်စေလိုက်၏။

လေးကို အဆုံးအထိ ဆွဲတင်လိုက်သည်။

“ဝှစ်…”

ထိုအခိုက်အတန့်တွင် အထွတ်အထိပ်အဆင့် မှော်လက်နက် ဖြစ်သော မီးဖီးနစ် ကောင်းကင်လေး ၏ အင်မော်တယ် အရှိန်အဝါ အပြည့်အဝ ပေါက်ကွဲထွက်လာတော့သည်။

စုယွီ က သူ၏ ရွှေရောင် ပုစဉ်းရင်ကွဲ မျက်လုံး နတ်ဘုရားစွမ်းရည်များ ဖြင့် လေ့ကျန်း ကို ပစ်မှတ်ထားလိုက်လေသည်။ လေး၏ မီးတောက်အလင်းရောင်က အမြင့်ဆုံး အနေအထားသို့ ရောက်ရှိသွားချိန်တွင် သူက လက်ကို လွှတ်လိုက်တော့၏။

“ဝှစ်…”

တုန်ခါသံကြီး တစ်ခုက ကောင်းကင်နှင့် မြေကြီးကို ဖြတ်သန်း ပဲ့တင်ထပ်သွားခဲ့သည်။

မီးဖီးနစ် ကောင်းကင်လေး ထဲမှ မီးတောက်အလင်းတန်း တစ်ခု ပျံထွက်၏။ အရှေ့ဘက်ရှိ ဟင်းလင်းပြင်ကို ချက်ချင်း ထိုးဖောက်ကာ ပျောက်ကွယ်သွားလေတော့သည်။

ထိုနေရာတွင်...ရွှေဝိညာဉ် မိစ္ဆာအရှင်သခင် လည်း ထွက်ပြေးရန် ကြိုးစားနေသော လေ့ကျန်း ၏ ပုံရိပ်ကို အာရုံခံမိလိုက်၏။ သူမ၏ အရိပ်က လှုပ်ရှားသွားပြီး ဟင်းလင်းပြင် ထဲသို့ ဝင်ရောက်ကာ လေ့ကျန်း ကို လိုက်လံဖမ်းဆီးရန် ပြင်လိုက်သည်။

ထိုစဉ် ရုတ်တရက်...

မီးတောက်အလင်းတန်း တစ်ခုက ဟင်းလင်းပြင်ကို ထိုးဖောက် ဝင်ရောက်လာပြီး ကောင်းကင်ယံကို ဖြတ်သန်းကာ ညည်းတွားအော်ဟစ်နေသော မီးဖီးနစ်ငှက် တစ်ကောင်အဖြစ် ပြောင်းလဲသွားလေသည်။

ပြင်းထန်စွာ ဒဏ်ရာရနေသော လေ့ကျန်း ၏ မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ် တစ်ခု ဆင်းသက်လာသည်ကို အာရုံခံမိလိုက်၏။ ဒေါသနှင့် ထိတ်လန့်မှုတို့ ရောယှက်နေလျက် သူ၏ မူလဝိညာဉ် က လှုပ်ရှားသွားပြီး ကောင်းကင်နှင့် မြေကြီး၏ မိုးကြိုးများ နောက်တစ်ကြိမ် စုဝေးလာကြတော့သည်။

လေ့ကျန်း က ကြိမ်းမောင်းလိုက်သည်။

"တာအိုဆရာ အရိပ်နီ.. ဝိညာဉ်ခွဲထွက်အဆင့် လောက်ရှိတဲ့ ကောင်ကများ ဒီ တာအိုသခင်ကြီး ကို စိန်ခေါ်ရဲတယ်ပေါ့... သေစမ်း"

သူ ရုတ်တရက် လှည့်လိုက်သည့်အခါ ကောင်းကင်နှင့် မြေကြီးမှ မရေမတွက်နိုင်သော မိုးကြိုးများ စုဝေးလာကာ နဂါးအုပ်ကြီးအလား ဟိန်းဟောက်မြည်ဟည်းလာကြ၏။

သူ့ဆီသို့ ရုတ်တရက် ပြေးဝင်လာသော မီးဖီးနစ်ငှက် ကို ရင်ဆိုင်ကာ တိုက်ခိုက်လိုက်တော့သည်။

“ဝုန်း…”

မီးဖီးနစ်ငှက် နှင့် မိုးကြိုးတို့ ရိုက်ခတ်သွားပြီး ချက်ချင်းပင် တစ်စစီ ကွဲကြေကာ မီးတောက်ပင်လယ်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

ထို့နောက် မီးတောက်များထဲမှ နောက်ထပ် မီးဖီးနစ်ငှက် တစ်ကောင် ထွက်ပေါ်လာပြီး မီးထဲမှ ပြန်လည် မွေးဖွားလာသလိုပင် အင်မော်တယ် အရှိန်အဝါက ယခင်ကထက် ပို၍ပင် ထက်မြက်နေသေး၏။

မြားတစ်စင်းတည်းဖြင့် စုယွီ သည် လေ့ကျန်း ၏ မိုးကြိုး တာအို နတ်ဘုရားစွမ်းရည်များ ကို တိုက်ရိုက် ရင်ဆိုင်လိုက်လေသည်။ မိုးကြိုးက မီးဖီးနစ်ငှက် တစ်ကောင်ပြီး တစ်ကောင်ကို ဖျက်ဆီးပစ်ခဲ့သော်ငြားလည်း မီးဖီးနစ်ငှက် မှာ မီးထဲမှ ငါးကြိမ်တိုင်တိုင် ပြန်လည် မွေးဖွားလာပြီးနောက် မိုးကြိုးပင်လယ်ကြီးကို ထိုးဖောက် ဝင်ရောက်သွားခဲ့၏။

အထွတ်အထိပ် နတ်ဘုရားစွမ်းအားများကို သယ်ဆောင်လျက် လေ့ကျန်း ၏ စုတ်ပြတ်သတ်နေသော ခန္ဓာကိုယ်ကို ထိုးဖောက်သွားတော့သည်။

“ဝုန်း…”

မြားတစ်စင်းတည်းဖြင့် လေ့ကျန်း ၏ ခန္ဓာကိုယ်မှာ လေထဲတွင် ပေါက်ကွဲထွက်သွားလေသည်။

လေ့ကျန်း ၏ မူလဝိညာဉ် က အခွင့်အရေးယူ၍ ထွက်ပြေးသွားပြီး သူ၏ မျက်လုံးများထဲတွင် နာကြည်းမှု၊ အံ့အားသင့်မှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေခဲ့၏။

တာအိုဆရာ အရိပ်နီမ် အကြောင်းကို သူ သိထားခဲ့သည်။

စိမ်းပြာငရဲ အင်မော်တယ်နန်းတော် မှ ထောက်လှမ်းရေး သတင်းများကိုလည်း သူ ယခင်က မြင်ဖူးခဲ့၏။

ဤ တာအိုဆရာ အရိပ်နီမ် မှာ မြေကမ္ဘာအင်မော်တယ်စံအိမ် မှ ဖြစ်ပြီး အလွန်အမင်း စွမ်းအားကြီးမားကာ ကြောက်ခမန်းလိလိ ပါရမီရှင် တစ်ယောက်ဖြစ်ကြောင်း သူ သိထားခဲ့၏။

သို့သော် တာအိုဆရာ အရိပ်နီမ် ကို သူ အလေးအနက် မထားခဲ့။

မည်သို့ပင်ဆိုစေ သူက တာအိုသခင်ကြီး တစ်ပါး မဟုတ်ပါလော။ ဝိညာဉ်ခွဲထွက်အဆင့် လောက်ရှိသော ပါရမီရှင် တစ်ယောက်ကို ကိုင်တွယ်ရန်မှာ ပုရွက်ဆိတ် တစ်ကောင်ကို ဖိချေလိုက်သလောက် လွယ်ကူလိမ့်မည် မဟုတ်ပါလော။

သို့သော် ယခုအချိန်တွင်မူ လေ့ကျန်း တစ်ယောက် သူ မှားသွားပြီ ဖြစ်ကြောင်း သိလိုက်ရပြီ ဖြစ်သည်။

တာအိုဆရာ အရိပ်နီမ် ၏ ဤမြားတစ်စင်းတည်းမှ စွမ်းအားက တာအိုသခင်ကြီး တစ်ပါး၏ ခွန်အားကို ပိုင်ဆိုင်နေပြီပင်။

၎င်းက သူ၏ စုတ်ပြတ်သတ်နေသော ခန္ဓာကိုယ်ကို လုံးဝ ဖျက်ဆီးပစ်ခဲ့လေပြီ။

အလန့်တကြားနှင့် ဒေါသထွက်နေသော လေ့ကျန်း က သူ၏ မူလဝိညာဉ် ကို အလျင်အမြန် ထိန်းချုပ်ကာ အထိတ်တလန့်ဖြင့် ထွက်ပြေးသွားရင်း ဟိန်းဟောက်လိုက်လေသည်။

"တာအိုဆရာ အရိပ်နီမ်... ဒီနေ့အတွက် မင်းကို အဆတစ်ထောင်၊ အဆတစ်သန်း ပြန်ပေးဆပ်စေရမယ်... ပြီးတော့ မင်းကို သေရတာထက် ပိုဆိုးတဲ့ ဘဝကို ရောက်အောင် လုပ်ပစ်မယ်"

သို့သော် သူ မိုးကြိုး နဂါး အင်မော်တယ်မင်းဆက် ၏ တပ်စခန်းဆီသို့ ပြန်လည် မရောက်ရှိနိုင်မီမှာပင် သူ၏ မူလဝိညာဉ် အထက်တွင် ရုတ်တရက် နဂါးဟိန်းဟောက်သံကြီး တစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ကောင်းကင်ယံကို တုန်လှုပ်သွားစေ၏။

"ဂါး..."

လေ့ကျန်း ၏ မူလဝိညာဉ် အပြင်းအထန် တုန်ခါသွားပြီး သူ၏ အသိစိတ်များမှာ မျက်စိတစ်မှိတ်အတွင်း လွတ်ထွက်သွားကာ ဆူညံသံများသာ ကြားနေရတော့သည်။

နောက်တစ်ခဏတွင်...

ရွှေဝိညာဉ် မိစ္ဆာအရှင်သခင် ဆင်းသက်လာပြီး သူမ၏ ပကတိ အသွင်အပြင်သို့ ပြောင်းလဲသွားလေသည်။ ရွှေဝိညာဉ် မိစ္ဆာအရှင်သခင် က ပါးစပ်ကို ဟကာ မျိုချလိုက်သည်နှင့် ရွှေရောင် အလင်းတန်းတစ်ခုက လေ့ကျန်း ၏ မူလဝိညာဉ် ကို လွှမ်းခြုံသွားပြီး သူမ၏ ဗိုက်ထဲသို့ စုပ်ယူမျိုချလိုက်ကာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများဖြင့် ဖိနှိပ်ထားလိုက်တော့သည်။

ထို့နောက် ရွှေဝိညာဉ် မိစ္ဆာအရှင်သခင် က စုယွီ ၏ ပင်မကိုယ်ပွား ဆီသို့ လှမ်းကြည့်လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှု အရိပ်အယောင် အချို့ ပေါ်လွင်နေခဲ့၏။

ယခုလေးတင် ပစ်လွှတ်လိုက်သော ထိုမြား...

"သတ်..."

ရွှေဝိညာဉ် မိစ္ဆာအရှင်သခင် က တာအိုသခင်ကြီး ကျိုလင် ကို ဦးဆောင်ကာ ကျန်ရှိနေသေးသော တာအိုသခင်ကြီး နှစ်ပါးဆီသို့ ပြေးဝင်သွား၏။ သူတို့ကို တားဆီးကာ ဟင်းလင်းပြင် ထဲတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု စတင်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် ဖန်ရှောင် က မြေကမ္ဘာအင်မော်တယ်စံအိမ် မှ လူအားလုံးကို ဦးဆောင်ကာ တိုက်ပွဲထဲသို့ ဝင်ရောက်သွားခဲ့၏။

မြေကမ္ဘာအင်မော်တယ်စံအိမ်၏ အင်မော်တယ် စစ်တပ်မှ ကျန်ရှိနေသေးသော စစ်သည် ငါးထောင်အောက်က ဦးဆောင်ကာ တာ့ယန် အင်မော်တယ်မင်းဆက် ၏ ကြီးမားလှသော စစ်တပ်ကြီးဆီသို့ ပြေးဝင်သွားကြလေသည်။

မူလက တာ့ယန် အင်မော်တယ်မင်းဆက် တပ်စခန်း၏ မဟာ အခင်းအကျင်း အတားအဆီးကို ဖွင့်ဖို့၊ အဆောင်လက်ဖွဲ့များကို အသုံးပြုရန် စီစဉ်ထားသည်။

သို့သော်...သူတို့ ထိုနေရာသို့ ရောက်ရှိသွားသည့် အချိန်မှာပင် တာ့ယန် အင်မော်တယ်မင်းဆက် တပ်စခန်း၏ မဟာ အခင်းအကျင်း အတားအဆီးမှာ ဟင်းလင်းပြင် အက်ကွဲကြောင်းများဖြင့် မျှော်လင့်မထားဘဲ ပွင့်ဟသွားပြီး မြေကမ္ဘာအင်မော်တယ် စစ်တပ်ကို အတားအဆီးမဲ့ ဝင်ရောက်နိုင်စေခဲ့၏။

ဖန်ရှောင်၊ တာအိုဆရာ ထျန်းယွီ၊ ဆရာသခင်ကြီး ထိုက်ရှီး နှင့် အခြားသူများက အရင်ဆုံး ပြေးဝင်သွားကြလေသည်။

တာ့ယန် အင်မော်တယ်မင်းဆက် မှ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီးများက တိုက်ပွဲကို ရင်ဆိုင်ရန် ကောင်းကင်ယံသို့ ပျံတက်လာ၏။ ထို အခိုက်အတန့်တွင် ဖန်ရှောင်၊ တာအိုဆရာ ထျန်းယွီ၊ တာအိုသခင်ကြီး ထိုက်ရှီး နှင့် အခြားသူများက အဆင့်နိမ့် အဆင့်(၅) ဝမ်ယင်း အဆောင်လက်ဖွဲ့ များကို တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်ကြတော့သည်။

တာအိုသခင်ကြီး ထိုက်ရှီး တစ်ယောက်တည်းကပင် စက္ကူကိုယ်ပွား ဝိညာဉ်ခွဲထွက်အဆင့် များကဲ့သို့ ဝမ်ယင်း အဆောင်လက်ဖွဲ့ တစ်ရာကျော်ကို အသုံးပြုလိုက်၏။ ထိုစက္ကူရုပ်များထံမှ အရှိန်အဝါများက ကနဦး ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး များနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်လေသည်။

သူမ တစ်ယောက်တည်းကပင် ဘေးနားရှိ ဝမ်ယင်း အဆောင်လက်ဖွဲ့ တစ်ရာကျော်ဖြင့် ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး တစ်ရာကျော် ပူးပေါင်းကာ တိုက်ပွဲထဲသို့ ဝင်ရောက်လာသည်နှင့် တူနေတော့၏။

ယခုလေးတင် ပျံတက်လာသော တာ့ယန် အင်မော်တယ်မင်းဆက် မှ ဝိညာဉ်ခွဲထွက်အဆင့် စစ်သူကြီးများနှင့် မှူးမတ်များမှာ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အလွန်အမင်း ထိတ်လန့်သွားကြပြီး မျက်နှာများ ဖြူရော်သွားကြတော့သည်။

“အုန်း…”

မြေကမ္ဘာအင်မော်တယ်စံအိမ် ကျင့်ကြံသူများ အုပ်စုကြားတွင် စုယွီ ၏ တာအိုရုပ်သေး က ပုန်းအောင်းနေပြီး ဟင်းလင်းပြင် တာအို ၏ စွမ်းအားများကို တိတ်တဆိတ် ဖော်ထုတ်၏။ သို့နှင့် တာ့ယန် အင်မော်တယ်မင်းဆက် စစ်တပ်၏ မဟာ အခင်းအကျင်း အတားအဆီးကို ဘာမှ မဟုတ်သည့် အရာအဖြစ် ပြောင်းလဲပစ်လိုက်လေသည်။

မြေကမ္ဘာအင်မော်တယ်စံအိမ် မှ ကျင့်ကြံသူများက မဆိုင်းမတွ ပြေးဝင်သွားကြ၏။ တာ့ယန် အင်မော်တယ်မင်းဆက် ၏ တပ်ဖြန့်ထားသော စစ်တပ်နှင့် ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး များကို မရေမတွက်နိုင်သော အဆောင်လက်ဖွဲ့များဖြင့် တရကြမ်း တိုက်ခိုက်ကြတော့သည်။

မြင်ကွင်းမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။

တာ့ယန် အင်မော်တယ်မင်းဆက် မှ တပ်ဖြန့်ထားသော ကျင့်ကြံသူ စစ်တပ် နှစ်သောင်းမှာ ကောင်းကင်မှ မိုးရွာချသလို ထူထပ်စွာ ကျဆင်းလာသော အဆောင်လက်ဖွဲ့ အမြောက်အများကို မြင်တွေ့လိုက်ကြရသည်။

အမြုတေ ဖွဲ့တည် အဆင့် ထက် ကျော်လွန်သော လွှမ်းမိုးနိုင်စွမ်းရှိသည့် ဖျက်ဆီးခြင်း အရှိန်အဝါများ အားလုံး စုစည်းသွားကြ၏။

သူတို့၏ မျက်နှာများ ဖြူရော်သွားကြပြီး ဟိန်းဟောက် အော်ဟစ်ကာ ဤကြောက်မက်ဖွယ်ကောင်းသော အဆောင်လက်ဖွဲ့ စွမ်းအားများ၏ တိုက်ခိုက်မှုကို ခုခံနိုင်ရန် ပူးပေါင်း၍ တိုက်ခိုက်လိုက်ကြလေသည်။

သို့သော် သူတို့ ပူးပေါင်း၍ ဖန်တီးထားသော ခုခံရေး အတားအဆီးမှာ နောက်တစ်ခဏတွင် ဟင်းလင်းပြင် တာအို စွမ်းအား တစ်ခု၏ ဆုတ်ဖြဲခံလိုက်ရတော့၏။

"ဒိုင်း..."

အဝေးတစ်နေရာမှ နေ၍...

စုယွီ သည် မြားတစ်စင်းသာ ပစ်လွှတ်ခဲ့ပြီး တာ့ယန် အင်မော်တယ်မင်းဆက် ၏ တပ်စခန်းဆီသို့ နောက်တစ်ကြိမ် အကြည့်ပို့မိသောအခါ ဖုန်မှုန့်များ ငြိမ်သက်သွားချိန်တွင် ၎င်းမှာ အပျက်အစီးများ စုပုံနေသော နေရာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။

တာ့ယန် အင်မော်တယ်မင်းဆက် မှ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး ထက်ဝက်နီးပါးနှင့် စစ်တပ် နှစ်သောင်းတို့မှာ ကျဆုံးသွားခဲ့ကြပြီ ဖြစ်၏။

မရေမတွက်နိုင်သော လူများမှာ ကိုယ်လက်အင်္ဂါ ချို့ယွင်းသူ ချို့ယွင်း၊ မရှုမလှ ဒဏ်ရာရသူ ရေ ဖြစ်သွားကြလေသည်။

ကျန်ရှိနေသေးသော အသက်ရှင်သူများကို ဖန်ရှောင်၊ တာအိုဆရာ ထျန်းယွီ၊ ဆရာသခင်ကြီး ထိုက်ရှီး နှင့် အခြားသူများက မြေကမ္ဘာအင်မော်တယ်စံအိမ် မှ ကျင့်ကြံသူများနှင့်အတူ တစ်ယောက်ပြီး တစ်ယောက် ချေမှုန်းပစ်ကြတော့သည်။

တိုက်ပွဲ တစ်ကြိမ်တည်းဖြင့် တာ့ယန် အင်မော်တယ်မင်းဆက် မှ လူများမှာ စက္ကူဖြင့် ပြုလုပ်ထားသလို တစ်စစီ ဆုတ်ဖြဲခံလိုက်ရ၏။

All Chapters