← Chapters

အခန်း ၉၄၂

Vol. 63 Ch. 942

အခန်း ၉၄၂

Vol. 63 Ch. 942

အခန်း (၉၄၂) - တာအိုသခင်ကြီး သုံးပါး ကျဆုံးခြင်းနှင့် မြေကမ္ဘ ာအင်မော်တယ်စံအိမ်၏ မဟာအောင်ပွဲ

တာ့ယန် အင်မော်တယ်မင်းဆက်၏ စစ်စခန်းအတွင်း၌

ကြီးမားခိုင်ခန့်လှသော အကာအကွယ် အတားအဆီး အလွှာများစွာသည် ဟင်းလင်းပြင် တာအို စွမ်းအားများ၏ ဆုတ်ဖြဲခံလိုက်ရပြီး မြေကမ္ဘာအင်မော်တယ်စံအိမ်၏ တပ်ဖွဲ့များက မည်သည့် အတားအဆီးမျှ မရှိဘဲ အလုံးအရင်းနှင့် ထိုးဖောက် ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရ၏။

ကမ္ဘာလောကကြီး တစ်ခုလုံး အဆောင်လက်ဖွဲ့များဖြင့် ဖုံးလွှမ်းသွားသည့် အခိုက်အတန့်တွင် တာ့ယန် အင်မော်တယ်မင်းဆက်၏ တတိယမင်းသား လီကျင်းယွီ၏ မျက်နှာမှာ နှင်းပွင့်ကဲ့သို့ ဖြူရော်သွားသည်။

“ဘိုးဘေးတို့... ကျွန်တော့်ကို ကယ်ကြပါဦး”

“ဝုန်း...”

သူ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် ပေါက်ကွဲထွက်သွားပြီး တာအိုသခင်ကြီး တစ်ပါး၏ စွမ်းအားက လီကျင်းယွီကို ဟင်းလင်းပြင်ထဲသို့ ခေါ်ဆောင်ကာ ထွက်ပြေးရန် ကြိုးစားလိုက်လေသည်။

သို့သော် ထိုအခိုက်အတန့်၌ပင် ဟင်းလင်းပြင် တာအို စွမ်းအားတစ်ခု ဆင်းသက်လာ၏။ ထိုဧရိယာအတွင်းရှိ ဟင်းလင်းပြင်ကို တည်ငြိမ်သွားစေကာ သူ့ကို ဟင်းလင်းပြင်ထဲသို့ ထွက်ပြေးရန် လုံးဝ မဖြစ်နိုင်အောင် ပိတ်လှောင် ချုပ်နှောင်လိုက်တော့၏။

နောက်တစ်ခဏတွင်...

မရေမတွက်နိုင်သော အဆောင်လက်ဖွဲ့များက လီကျင်းယွီ အပေါ်သို့ ဗုံးကြဲချသလို ကျဆင်းလာသည်။ သတိလစ်လုမတတ် ဖြစ်နေသော တာ့ယန် အင်မော်တယ်မင်းဆက်၏ တတိယမင်းသား လီကျင်းယွီ သည် ပြုံးစစ မျက်နှာတစ်ခုကို မြင်လိုက်ရသလို ခံစားလိုက်ရ၏။

“ဝုန်း...”

မြေအောက်မှ နဂါးတစ်ကောင်က မိုးမြေ လှန်ပစ်လိုက်သလို တောင်တန်းကြီး တစ်ခုလုံး သိမ့်ခါသွားလေတော့သည်။

အဝေးတစ်နေရာတွင်...

မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်၏ တပ်ဖွဲ့များက တာ့ယန် အင်မော်တယ်မင်းဆက်၏ စစ်စခန်းဆီသို့ ပြေးဝင်လာနေ၏။ အနောက်မှ ရောက်ရှိလာသော မြေကမ္ဘာအင်မော်တယ်စံအိမ်မှ အဖွဲ့ဝင်များကို သုတ်သင်ကာ တာ့ယန် အင်မော်တယ်မင်းဆက်၏ စစ်တပ်နှင့် ပူးပေါင်း၍ အမြစ်ပြတ် ချေမှုန်းရန် ကြံစည်ထားကြလေသည်။

သို့သော် သူတို့ သိပ်မဝေးသေးမီမှာပင် မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်မှ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီးများနှင့် မူလဝိညာဉ်အဆင့် အရှင်သခင် အသီးသီးတို့၏ နှလုံးသားများကို အေးခဲသွားစေသည့် မြင်ကွင်းတစ်ခုကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရလေသည်။

ကောင်းကင်ကို ဖုံးကွယ်ပြီး မြေကြီးကို လွှမ်းခြုံထားသည့် မရေမတွက်နိုင်သော အဆောင်လက်ဖွဲ့ အမြောက်အမြား ထွက်ပေါ်လာ၏။

အရေအတွက်က တစ်သိန်းကျော်သည်မှာ သေချာနေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် တာ့ယန် အင်မော်တယ်မင်းဆက်၏ စစ်သည်နှစ်သောင်းပါဝင်သော စစ်တပ်ဖွဲ့စည်းပုံ အလယ်ဗဟိုသို့ ပြုတ်ကျလာတော့သည်။

“ဝုန်း...”

ကောင်းကင် ပြိုကျပြီး မြေကြီး ကွဲအက်သွားသည့်နှယ် အသံကြီးနှင့်အတူ တာ့ယန် အင်မော်တယ်မင်းဆက်၏ စစ်သည်နှစ်သောင်း၏ ကြောက်မက်ဖွယ် စွမ်းအားများမှာ နွေဦးမိုးအပြီး နှင်းများ အရည်ပျော်သွားသလို လုံးဝ ပျောက်ကွယ်သွားပြီး လောကကြီး တစ်ခုလုံး သွေးရောင် လွှမ်းသွားလေတော့သည်။

တိုက်ပွဲတစ်ကြိမ် အတွင်းမှာပင် တာ့ယန် အင်မော်တယ်မင်းဆက်၏ စစ်တပ် နှစ်သောင်းနှင့် တိုက်ပွဲဝင်နေသော ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီးများမှာ မြေကမ္ဘာအင်မော်တယ်စံအိမ်၏ ချေမှုန်းခံလိုက်ရပြီး အစအနပင် မကျန်တော့ချေ။

မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်မှ လူများအားလုံး၏ မျက်နှာသွေးရောင်များ ဆိုးရွားစွာ ပြောင်းလဲသွား၏။ မျက်လုံးများ ပြူးကျယ်ကာ မယုံကြည်နိုင်မှုများနှင့်အတူ သူတို့၏ ရင်ထဲ နက်နက်ရှိုင်းရှိုင်းတွင် ထိတ်လန့်ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လွင်နေလေတော့သည်။

“အဆင့် (၃) နဲ့ အထက် အဆောင်လက်ဖွဲ့တွေက အဲဒီလောက်တောင် များနေတာလား...”

ဝိညာဉ်ခွဲထွက်အဆင့် အထွတ်အထိပ်တွင် ရှိသော အရှင်သခင်ကြီး အနည်းငယ်၏ မျက်နှာများမှာ ပြောင်းလဲသွားကြ၏။

“ငါတို့ ဘာလုပ်ကြမလဲ... ဆက်သွားကြမလား”

“ငါထင်တယ်... မြေကမ္ဘာအင်မော်တယ်စံအိမ်က သူတို့ရဲ့ နည်းလမ်းတွေ အကုန်လုံး သုံးလိုက်ပြီ ထင်တယ်... ဒီအဆောင်လက်ဖွဲ့တွေက သူတို့ဆီမှာ ရှိသမျှ အကုန်ပဲ ဖြစ်ရမယ်”

“တကယ်လို့ မဟုတ်ခဲ့ရင်ကော ဘယ်လိုလုပ်မလဲ”

သူတို့မှာ တုံ့ဆိုင်းနေဆဲပင်။

ကံစမ်းကြည့်ရန် စိတ်အားထက်သန်နေကြသော်ငြား အကယ်၍ မြေကမ္ဘာအင်မော်တယ်စံအိမ်တွင် အဆောင်လက်ဖွဲ့များ ကုန်သွားပြီဆိုလျှင် ကျန်ရှိနေသော လူအနည်းငယ်ဖြင့် သူတို့အားလုံးကို သုတ်သင်ပစ်နိုင်မည်မှာ သေချာနေလေသည်။

ထိုသို့ဆိုလျှင် သူတို့၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်မည် ဖြစ်ပြီး မြေကမ္ဘာအင်မော်တယ်စံအိမ်၏ ကံကြမ္မာအကျိုးအမြတ်များကို သိမ်းပိုက်ကာ သူတို့ ဘိုးဘေးများ၏ တာအိုအမွေအနှစ်များကို ပြန်လည် ရယူနိုင်လိမ့်မည်။

သို့သော် သူတို့ ဆုံးဖြတ်ချက် တစ်ခု မချနိုင်မီမှာပင်

ဟင်းလင်းပြင်ထဲတွင်

လေ့ကျန်း သည် သွေး အလူးလူးနှင့် ထွက်ပေါ်လာသည်။ သူက မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်၏ တာအိုသခင်ကြီး လေးပါးကို ထိတ်လန့်တကြား ခေါ်ဆောင်လာကာ အော်ဟစ်လိုက်လေသည်။

“ဆုတ်ကြ... မြန်မြန် ဆုတ်ကြ”

သူတို့ ဟင်းလင်းပြင်ထဲသို့ လိုက်လံ ဖမ်းဆီးစဉ်က လေ့ကျန်း အပါအဝင် တာအိုသခင်ကြီး ခြောက်ပါး ပါဝင်ခဲ့သည်။

သို့သော် ပြန်လာသည့်အခါ မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်မှ ငါးပါးသာ ကျန်ရစ်တော့၏။

အခြားတစ်ဖက်တွင်မူ...

တာ့ယန် အင်မော်တယ်မင်းဆက်မှ တာအိုသခင်ကြီး နှစ်ပါးမှာ ထွက်ပြေးလွတ်မြောက်လာခဲ့သော်လည်း ထိုအချိန်တွင် တာ့ယန် အင်မော်တယ်မင်းဆက်၏ တတိယမင်းသား လီကျင်းယွီမှာ အဆင့် (၅) အဆောင်လက်ဖွဲ့များ၏ ဗုံးကြဲမှုကြောင့် သေလုမျောပါး အခြေအနေသို့ ရောက်ရှိသွားပြီး ဆရာသခင်ကြီး ထိုက်ရှီး ၏ လက်ထဲသို့ ကျရောက်သွားခဲ့လေပြီ။

အစောပိုင်းက ချန်ရစ်ခဲ့သော တာအိုသခင်ကြီး တစ်ပါးကိုပါ ထည့်တွက်လိုက်လျှင် တာအိုသခင်ကြီး သုံးပါးက ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး ငါးပါးကို ကယ်ဆယ်နိုင်ခဲ့ပြီးနောက် ဟင်းလင်းပြင်ထဲသို့ ရူးသွပ်စွာ ဝင်ရောက်ကာ တိုက်ပွဲမြေပြင်မှ ခြေကုန်သုတ် ထွက်ပြေးသွားကြတော့သည်။

အဝေးတစ်နေရာတွင် စုယွီ ၏ ပင်မကိုယ်ပွားက ဤအဖြစ်အပျက်များကို စောင့်ကြည့်နေပြီသည်။ ထို့နောက် မီးဖီးနစ် ကောင်းကင်လေး ကို သိမ်းဆည်းလိုက်ကာ သူ၏ အရှိန်အဝါကို ဖုံးကွယ်ပြီး ရိပ်ခနဲ ပျောက်ကွယ်သွားလေတော့သည်။

ဟင်းလင်းပြင်ထဲရှိ ကောင်းကင်ပင့် ရွှေချို ဆုတောင်းဆင်ကြီး သည် မိုးကြိုးနဂါး အင်မော်တယ်မင်းဆက် နှင့် တာ့ယန် အင်မော်တယ်မင်းဆက်တို့မှ တာအိုသခင်ကြီး တစ်ပါးစီ၊ စုစုပေါင်း နှစ်ပါးကို သုတ်သင် ချန်ရစ်ခဲ့လေ၏။

တူညီသော အခိုက်အတန့်မှာပင် မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်မှ နောက်ထပ် အလယ်အလတ် ဟင်းလင်းပြင်အဆင့် တာအိုသခင်ကြီး တစ်ပါးမှာ ရုပ်ခန္ဓာ ပျက်စီးသွားပြီး သူ၏ မူလဝိညာဉ်မှာ ရွှေနဂါး မိစ္ဆာအရှင်သခင် ၏ လက်ထဲသို့ ကျရောက်သွားခဲ့လေသည်။

ဤသည်မှာ အလယ်အလတ် ဟင်းလင်းပြင်အဆင့် တစ်ပါးနှင့် ကနဦး ဟင်းလင်းပြင်အဆင့် နှစ်ပါး၊ စုစုပေါင်း တာအိုသခင်ကြီး သုံးပါးကို ကိုယ်စားပြုပေသည်။

တိုက်ပွဲ တစ်ကြိမ်တည်းဖြင့် တာအိုသခင်ကြီး သုံးပါး ကျဆုံးသွားခဲ့ချေပြီ။

ထို့အပြင် တာ့ယန် အင်မော်တယ်မင်းဆက်၏ စစ်တပ် နှစ်သောင်းနှင့် ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီးများ အုပ်စုမှာ မြေကမ္ဘာအင်မော်တယ်စံအိမ်၏ တန်ပြန်တိုက်ခိုက်မှုကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် အရည်ပျော် ပျောက်ကွယ်သွားခဲ့ရ၏။

ဤတိုက်ပွဲ၏ အောင်မြင်မှုများက တာ့ချန် ကို တားဆီးရန် လုံလောက်မှု မရှိသေးဘူးလော။

ဤသည်ကို စဉ်းစားရင်း စုယွီ ၏ ပင်မကိုယ်ပွားသည် မြေကမ္ဘာအင်မော်တယ်စံအိမ်၏ တံခါးဝသို့ ပြန်လည် ရောက်ရှိလာလေသည်။

အပြင်ဘက်တွင် ဖန်ရှောင်၊ တာအိုဆရာ ထျန်းယွီ၊ ဆရာသခင်ကြီး ထိုက်ရှီး နှင့် အခြားသူများက မြေကမ္ဘာအင်မော်တယ်စံအိမ်မှ အဖွဲ့ဝင်များကို ဦးဆောင်ကာ တိုက်ပွဲအပြီး အပျက်အစီးများ ရှင်းလင်းနေကြသည်။ ဖမ်းဆီးရမိသော တာ့ယန် အင်မော်တယ်မင်းဆက်မှ ကျင့်ကြံသူများကို ပိတ်လှောင်နေကြလေသည်။

တစ်ဖက်တွင်လည်း တာ့ယန် အင်မော်တယ်မင်းဆက်နှင့် မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်တို့ ချန်ရစ်ခဲ့သော ပစ္စည်းများကို စုဆောင်းကာ စစ်ပွဲ၏ တိုက်ပွဲဝင်ပစ္စည်းများကို သိမ်းပိုက်နေကြ၏။

တိုက်ပွဲတွင် ကျဆုံးသွားသော ရန်သူအရေအတွက်ကို ရေတွက်ကာ သူတို့ဘက်မှ ထိခိုက်ဒဏ်ရာရမှုနှင့် ပစ္စည်းများ သုံးစွဲမှု အခြေအနေများကိုပါ အကဲဖြတ်နေကြသည်။

မြေကမ္ဘာအင်မော်တယ်စံအိမ်မှာ ဤကိစ္စရပ်များနှင့် အလုပ်ရှုပ်နေကြတော့၏။

အဝေးတစ်နေရာတွင်...တိုက်ပွဲကို လျှို့ဝှက်စွာ စောင့်ကြည့်နေခဲ့ကြသော ကျင့်ကြံသူအချို့မှာ ဆွံ့အသွားကြပြီး ရလဒ်က ဤသို့ ဖြစ်လာလိမ့်မည်ဟု လုံးဝ မယုံကြည်နိုင် ဖြစ်နေကြလေသည်။

‘ဟင်းလင်းပြင်အဆင့် တာအိုသခင်ကြီး တစ်ပါးက မြေကမ္ဘာအင်မော်တယ်စံအိမ်ရဲ့ လက်ချက်နဲ့ တကယ်ပဲ ကျဆုံးသွားခဲ့တာလား။

တာ့ယန် အင်မော်တယ်မင်းဆက်က စစ်တပ် နှစ်သောင်းနဲ့ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေက မြေကမ္ဘာအင်မော်တယ်စံအိမ်ရဲ့ တန်ပြန်တိုက်ခိုက်မှု တစ်ကြိမ်ကိုတောင် မခံနိုင်ခဲ့ကြတာလား’

ကျင့်ကြံခြင်းအဆင့် မနိမ့်ကျသော ကျင့်ကြံသူအချို့က ၎င်းကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ကြ၏။ တာ့ယန် အင်မော်တယ်မင်းဆက်၏ စစ်တပ် နှစ်သောင်းမှာ မြေကမ္ဘာအင်မော်တယ်စံအိမ် မှ ကျင့်ကြံသူများ၏ အဆောင်လက်ဖွဲ့ တိုက်ခိုက်မှုများကို ခုခံရန် စစ်တပ်အခင်းအကျင်း ဖွဲ့စည်းခဲ့ကြသည်။

သို့သော် နောက်တစ်ခဏတွင် ထိုအဆောင်လက်ဖွဲ့များက သူတို့၏ ဘေးအနီး၊ သူတို့၏ စစ်တပ်အခင်းအကျင်း အလယ်ဗဟိုသို့ တည့်တည့်မတ်မတ် ပြုတ်ကျလာခဲ့သည်။

လူတစ်စုက ဒိုင်းကာတစ်ခုကို အတူတကွ တည်ဆောက်လိုက်သလို ဖြစ်သော်လည်း အဆောင်လက်ဖွဲ့များက သူတို့၏ ဒိုင်းကာကို လျစ်လျူရှုကာ သူတို့ကို တိုက်ရိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းပင်။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော ကျင့်ကြံသူများမှာ ချက်ချင်းပင် ကျောရိုးတစ်လျှောက် အေးစိမ့်သွားသလို ခံစားလိုက်ရပြီး အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းကာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြလေသည်။

“ဟင်းလင်းပြင် တာအို ရဲ့ စွမ်းအား... ဒါက အရမ်းကို ကြောက်စရာကောင်းလွန်းတယ်”

ဤမျှလောက် စွမ်းအားကြီးမားလှသည့် အရာကို မည်သို့ ခုခံကာကွယ် ၊ တန်ပြန် တိုက်ခိုက်နိုင်ပါမည်နည်း။

ဤကျင့်ကြံသူများ အထဲတွင် တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့ ၏ အင်အားစု အသီးသီးမှ တိုက်ပွဲကို စောင့်ကြည့်ရန် စေလွှတ်ထားသော သူလျှိုများမှာလည်း ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိကြတော့၏။

“ဘုရားရေ... မြေကမ္ဘာအင်မော်တယ်စံအိမ်က တကယ်ကြီး... တာ့ယန် အင်မော်တယ်မင်းဆက် နဲ့ မိုးကြိုးနဂါး အင်မော်တယ်မင်းဆက်တို့ကို ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားတဲ့အထိ တိုက်ခိုက်ပြီး ဆုတ်ခွာသွားအောင် လုပ်လိုက်တာလား”

“ဘုရားရေ... မြေကမ္ဘာအင်မော်တယ်စံအိမ်က အဲဒီလောက်များတဲ့ အဆောင်လက်ဖွဲ့တွေကို ဘယ်ကနေ ရလာတာလဲ... ပြီးတော့ တာ့ယန် အင်မော်တယ်မင်းဆက် စစ်စခန်းရဲ့ ကာကွယ်ရေး အခင်းအကျင်းနဲ့ တာ့ယန်ရဲ့ ပူးပေါင်း စစ်တပ်ဖွဲ့စည်းပုံက ဘာဖြစ်လို့ အလုပ်မလုပ်ရတာလဲ... သူတို့က မြေကမ္ဘာအင်မော်တယ်စံအိမ်ရဲ့ အဆောင်လက်ဖွဲ့တွေကြောင့် တိုက်ရိုက် ပိတ်လှောင် သေဆုံးသွားရတာလား... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

All Chapters