← Chapters

အခန်း ၉၄၄

Vol. 63 Ch. 944

အခန်း ၉၄၄

Vol. 63 Ch. 944

အခန်း (၉၄၄) - တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့၏ ပြန်လည် ဆုံဆည်းခြင်း၊ မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်သစ်

တာအိုသခင်ကြီး ကျိုလင် တစ်ယောက် အံ့အားသင့်သွားပြီးနောက် စုယွီ ကို ကြည့်ကာ စဉ်းစားခန်း ဝင်သွားလေသည်။ ထို့နောက် သူမက စကားဆိုလိုက်၏။

"ဖြစ်တော့ ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ အကျိုးသက်ရောက်မှုက မိစ္ဆာသားရဲတွေရဲ့ မူလ ဝိညာဉ် လောက်တော့ ကောင်းမှာ မဟုတ်ဘူး... မိစ္ဆာသားရဲတစ်ကောင်ရဲ့ မူလ ဝိညာဉ် က သူ့ရဲ့ မူလစွမ်းအား သုံးဆယ် ၊ လေးဆယ်ရာခိုင်နှုန်းလောက်ကို ထုတ်သုံးနိုင်တယ်ဆိုရင် လူသားမျိုးနွယ်ရဲ့ မူလဝိညာဉ်ကတော့ သူ့ရဲ့ မူလစွမ်းအား ဆယ်ရာခိုင်နှုန်း ဒါမှမဟုတ် နှစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ ရှိနိုင်လိမ့်မယ်"

စုယွီက သူ၏ ကိုယ်ပိုင် ချီသန့်စင် ကြေးအိုးကို ဆင့်ခေါ်လိုက်ပြီး ပြောလိုက်လေသည်။

"ဆယ်ရာခိုင်နှုန်း ဒါမှမဟုတ် နှစ်ဆယ်ရာခိုင်နှုန်း ဆိုတာကလည်း မဆိုးပါဘူး... ပြီးခဲ့တဲ့ တိုက်ပွဲမှာ ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်သားရဲကြီး က ကနဦး ဟင်းလင်းပြင်အဆင့် တာအိုသခင်ကြီး နှစ်ပါးကို ဖြုတ်ချနိုင်ခဲ့တယ်... အခု သူတို့ရဲ့ မူလဝိညာဉ် တွေကို ဒီထဲမှာ ချိတ်ပိတ်ထားတယ်"

"အကယ်၍ အကြီးအကဲ ကျိုလင် ကသာ သူတို့ကို ကိုးဝိညာဥ် အင်မော်တယ် တံဆိပ်တုံး ထဲမှာ သန့်စင်လိုက်နိုင်မယ်ဆိုရင် ခင်ဗျားရဲ့ စွမ်းအားတွေက အဆင့်တစ်ဆင့်လောက် တက်သွားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"

ထိုအခါ ရွှေဝိညာဉ် မိစ္ဆာအရှင်သခင် က သူမ၏ ပါးစပ်ကို ဟလိုက်ပြီး ရွှေရောင် အလင်းတန်းတစ်ခုကို ထွေးထုတ်လိုက်လေသည်။ ထိုအလင်းတန်းထဲတွင် ယခင်က မိုးကြိုးနဂါး အင်မော်တယ်မင်းဆက် မှ တာအိုသခင်ကြီး လေ့ကျန်း ၏ ချိတ်ပိတ်ခံထားရသော မူလဝိညာဉ် ပါဝင်နေ၏။

သူမက လက်တစ်ချက် ဝှေ့ယမ်းကာ ထို မူလဝိညာဉ် ကို တာအိုသခင်ကြီး ကျိုလင် ထံသို့ ကမ်းပေးလိုက်လေသည်။

"ဒီ မူလဝိညာဉ် က ကျွန်မအတွက် သိပ်ပြီး အသုံးမဝင်ပါဘူး... တာအိုမိတ်ဆွေ ကျိုလင် ပဲ ဒါကို သန့်စင်လိုက်တာ ကောင်းပါလိမ့်မယ်"

ရွှေဝိညာဉ် မိစ္ဆာအရှင်သခင် ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေခဲ့၏။ သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ အဆင့်ခြောက် အဆင့်နိမ့်သာ ရှိသေးပြီး ပကတိဟင်းလင်းပြင် တတိယအလွှာ အထွတ်အထိပ် နှင့် ညီမျှလေသည်။

ဤကျင့်ကြံခြင်းအဆင့်တွင် နောက်ထပ် ရှေ့ဆက် တိုးတက်ရန်မှာ သာမန် ကျင့်ကြံခြင်းလေ့ကျင့်မှုမျှဖြင့် မလွယ်ကူတော့ပါချေ။

၎င်းက သွေးမျိုးဆက် နှင့် မဟာတာအို ကို နားလည်သဘောပေါက်မှု စသည့် အချက်များအပေါ်တွင် မူတည်နေနိုင်သည်။

ရွှေဝိညာဉ် မိစ္ဆာအရှင်သခင် အတွက်တော့ သူမကို ခြေတစ်လှမ်းမျှ ထပ်မံ ရှေ့မတိုးနိုင်အောင် အဓိက တားဆီးနေသောအရာမှာ သူမ၏ သွေးဆက် ကန့်သတ်ချက်များပင် ဖြစ်လ

သည်။

ထိုသို့သာ မဟုတ်လျှင် သူမသည် အလယ်အလတ် အဆင့်ခြောက် မိစ္ဆာအရှင်သခင် တစ်ပါးအဖြစ်သို့ ကြာမြင့်စွာကတည်းက ချိုးဖြတ်ဝင်ရောက်နိုင်ခဲ့မည်သာ။

တာအိုသခင်ကြီး ကျိုလင် သည် ဟင်းလင်းပြင်အဆင့် တာအိုသခင်ကြီး သုံးပါး၏ မူလဝိညာဉ် များကို မြင်တွေ့လိုက်ရသောအခါ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားလေသည်။

လူသားမျိုးနွယ် တာအိုသခင်ကြီး တစ်ပါး၏ မူလဝိညာဉ် ကို ကိုးဝိညာဥ် အင်မော်တယ် တံဆိပ်တုံး ထဲသို့ သန့်စင်ထည့်သွင်းခြင်းက မိစ္ဆာသားရဲတစ်ကောင်၏ ဝိညာဉ်လောက် အစွမ်းထက်မည် မဟုတ်သော်ငြားလည်း၊ ၎င်းတို့သည် ဟင်းလင်းပြင်အဆင့် တာအိုသခင်ကြီးများ ၏ မူလဝိညာဉ်များ ဖြစ်နေဆဲပင်။ သူတို့၏ အင်မော်တယ် အရှိန်အဝါက ဝိညာဉ်ခွဲထွက်အဆင့် ထက် များစွာ သာလွန်နေပေသည်။

အထူးသဖြင့် ရွှေဝိညာဉ် မိစ္ဆာအရှင်သခင် ပေးအပ်လိုက်သော လေ့ကျန်း ၏ ဝိညာဉ်မှာ အလယ်အလတ် ဟင်းလင်းပြင်အဆင့် တာအိုသခင်ကြီး တစ်ပါး၏ ဝိညာဉ် ဖြစ်နေသည် မဟုတ်ပါလော။

အကယ်၍ သူမသာ ထို မူလဝိညာဉ် သုံးခုကို ကိုးဝိညာဥ် အင်မော်တယ် တံဆိပ်တုံး ထဲသို့ သန့်စင်ထည့်သွင်းနိုင်ခဲ့မည် ဆိုပါက သူမ၏ စွမ်းအားက အဆင့်တစ်ဆင့်သို့ မြင့်တက်သွားမည်မှာ လုံးဝ သံသယဖြစ်ဖွယ် မရှိပါချေ။

ပကတိဟင်းလင်းပြင်အဆင့် ပထမအလွှာ ၏ ကျင့်ကြံခြင်းဖြင့်ပင် သူမသည် ပကတိဟင်းလင်းပြင်အဆင့် တတိယအလွှာ မှ တာအိုသခင်ကြီး များကို ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိလာလိမ့်မည်။

ပြီးတော့ ဒါက လူသားမျိုးနွယ် ဟင်းလင်းပြင်အဆင့် မူလဝိညာဉ် သုံးခုတည်းသာ ရှိသေး၏။

အကယ်၍ သူမသာ အဆင့်မြင့် အဆင့်ခြောက် မိစ္ဆာသားရဲ ကိုးကောင်နှင့် မိစ္ဆာမျိုးနွယ်စု ၏ စစ်မှန်သောဝိညာဉ် များကို စုဆောင်းကာ ကိုးဝိညာဥ် အင်မော်တယ် တံဆိပ်တုံး ထဲသို့ သန့်စင်ထည့်သွင်းနိုင်ခဲ့မည် ဆိုလျှင်...

အဲဒီအချိန်ကျရင် ကိုးဝိညာဥ် အင်မော်တယ် တံဆိပ်တုံး ရဲ့ စွမ်းအားက ဘယ်လောက်တောင် ကြောက်စရာ ကောင်းလာမလဲ။

သို့သော် တာအိုရတနာ များက ပိုမို အစွမ်းထက်လာလေလေ၊ ၎င်းတို့ကို ကောင်းစွာ အသုံးပြုနိုင်ရန် ပိုင်ရှင်၏ ခွန်အားက ပိုမို လိုအပ်လာလေလေပင်။ ထို့ကြောင့် တာအိုသခင်ကြီး သုံးပါး၏ မူလဝိညာဉ် များကို တာအိုသခင်ကြီး ကျိုလင် ထံသို့ ပေးအပ်လိုက်သော်လည်း စုယွီ က 'ဒုက္ခပေးနိုင်မယ့် ကျားတစ်ကောင်ကို မွေးမြူမိသလို' ဖြစ်သွားမည်ကို မစိုးရိမ်ခဲ့ပါချေ။

ဤကိစ္စကို ဆွေးနွေးပြီးနောက် စုယွီ က ဖန်ရှောင် ကို စူးစိုက်ကြည့်လိုက်သည်။

"တာ့ယန် အင်မော်တယ်မင်းဆက် နဲ့ မိုးကြိုးနဂါး အင်မော်တယ်မင်းဆက် တို့က ဆုံးရှုံးမှုတွေ ရှိခဲ့ပေမဲ့ သူတို့ရဲ့ အခြေခံအုတ်မြစ် အထိတော့ မထိခိုက်သွားသေးဘူး... အချိန်မရွေး ပြန်လည် စုစည်းပြီး မြေကမ္ဘာအင်မော်တယ်စံအိမ် ကို လှုပ်ရှား တိုက်ခိုက်လာနိုင်သေးတယ်"

"အခုချိန်မှာ အင်မော်တယ်ဂိုဏ်း အတွက် အလိုအပ်ဆုံးအရာက အောင်ပွဲကို အခွင့်ကောင်းယူပြီး အင်မော်တယ်မြို့တော် တွေနဲ့ အရင်းအမြစ် နယ်မြေ အားလုံးကို ပြန်လည် သိမ်းပိုက်ဖို့ မဟုတ်ဘူး"

"အဲဒီအစား တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့ ကို ပြန်လည် စုစည်းပြီး တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့ တစ်ခုလုံးရဲ့ အင်အားကို ရယူဖို့ပဲ"

စုယွီ သည် တာ့ချန် တစ်ခုလုံးကိုပင် ပေါင်းစည်းချင်နေခဲ့၏။

တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့ ကို အမှန်တကယ် ထိပ်တန်း အင်အားစုကြီး တစ်ခုအဖြစ် ဖွဲ့စည်းတည်ထောင်ရန်ပင်။

နှမြောစရာ ကောင်းသည်မှာ...

ယခုအချိန်တွင် မြေကမ္ဘာအင်မော်တယ်စံအိမ် ၌ တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့ ကို တည်ငြိမ်အောင် ထိန်းထားနိုင်မည့် တာအိုသခင်ကြီး တစ်ပါး မရှိသေးပါလေ။

မိမိ၏ စီနီယာ အစ်ကိုကြီး ဟုန်ယွဲ့ က အနည်းငယ် မျှော်လင့်ချက် ရှိနေပုံရ၏။

မိမိက ဟင်းလင်းပြင်အဆင့် တာအိုသခင်ကြီး တစ်ပါးအဖြစ်သို့ ယခုလေးတင် တက်လှမ်းထားပြီး အလွန်အမင်း အစွမ်းထက်မနေသေးသော်ငြားလည်း၊ မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ အခြေခံအုတ်မြစ်နှင့် လက်ထဲတွင် ရှိနေသောအရာများဖြင့် တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့ ကို ပေါင်းစည်းရေး ရည်မှန်းချက်ဆီသို့ တစ်လှမ်းချင်းစီ ရှေ့ဆက်သွားနိုင်သင့်ပေသည်။

သို့သော် ယခုအခါ မြေကမ္ဘာအင်မော်တယ်စံအိမ် မှာ ဤကပ်ဘေးဆိုးကြီးကို ဖြတ်သန်းခဲ့ရပြီးနောက် ၎င်း၏ အခြေခံအုတ်မြစ်များကို ပြင်းထန်စွာ ထိခိုက်သွားခဲ့ပြီး အကြီးအကျယ် အားနည်းသွားခဲ့လေပြီ။

ပြန်လည် နာလန်ထူလာရန် အတွက် အနည်းဆုံး နှစ်အနည်းငယ် ရာချီ၍ အနားယူရန် လိုအပ်လိမ့်မည်။

တကယ်ကို နှမြောစရာ ကောင်းလှ၏။

စုယွီ ဤအခြင်းအရာများအား တွေးတောပြီး ဖန်ရှောင်၊ ရွှေဝိညာဉ် မိစ္ဆာအရှင်သခင်၊ သူ၏ ဆရာသခင် တာအိုဆရာ ထျန်းယွီ၊ ဆရာသခင်ကြီး ထိုက်ရှီး နှင့် အခြားသူများနှင့်အတူ အင်မော်တယ်ဂိုဏ်း ၏ နောက်ဆက်တွဲ ခြေလှမ်းများအတွက် ဆွေးနွေးတိုင်ပင်လိုက်သည်။

"အရင်းအမြစ် ပစ္စည်းတွေ ဖလှယ်ဖို့ တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့ အစည်းအဝေးကို ခေါ်ယူလိုက်ပါ... အဆင့် သုံး၊ လေး၊ ငါး အဆောင်လက်ဖွဲ့တွေ အတွက် ဖလှယ်ခွင့်ကို ဖွင့်ပေးလိုက်ပါ"

"ပြီးစီးပြီးသား အဆောင်လက်ဖွဲ့ တစ်ခုကို ပါဝင်ပစ္စည်း လေးစုနဲ့ ဖလှယ်လို့ ရမယ်"

စုယွီ ဤသို့ ပြောလိုက်သောအခါ ဖန်ရှောင်၊ တာအိုဆရာ ထျန်းယွီ၊ ဆရာသခင်ကြီး ထိုက်ရှီး နှင့် အခြားသူများ၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားကြ၏။

အမှောင်ခန်းမ မှ အကြီးအကဲ ကျောက်ချန်ဖုန်း က တိုက်ပွဲ၏ အခြေအနေများကို အစီရင်ခံထားပြီး ဖြစ်၏။ သူတို့ ယခင်က ဝေငှပေးခဲ့သော အဆောင်လက်ဖွဲ့ အရေအတွက်မှာ အဆင့် (၃) အဆောင်လက်ဖွဲ့ တစ်သိန်းကျော်၊ အဆင့် (၄) အဆောင်လက်ဖွဲ့ တစ်သောင်းကျော်နှင့် အဆင့် (၅) အဆောင်လက်ဖွဲ့ ထောင်ဂဏန်းခန့် ရှိလေသည်။

မြေကမ္ဘာအင်မော်တယ်စံအိမ် တွင် အဆောင်လက်ဖွဲ့ အများအပြား ကျန်ရှိနေသေးသော်ငြားလည်း... ဤမျှလွယ်ကူစွာ လဲလှယ်ခွင့် ပေးလိုက်မည်ဆိုလျှင်...

ဒါက လုံးဝကို အရှုံးပေါ်မည့် အရောင်းအဝယ်တစ်ခု မဟုတ်ပါလော။

မည်သို့ပင်ဆိုစေ ပါဝင်ပစ္စည်း လေးစုဖြင့် အောင်မြင်သော အဆောင်လက်ဖွဲ့ တစ်ခုကို ဖန်တီးရန်မှာ မဖြစ်နိုင်ပါ။

သို့သော် စုယွီက ဆက်လက် ရှင်းပြလာလေ၏။

"ဒါက ကျွန်တော်တို့ မြေကမ္ဘာအင်မော်တယ်စံအိမ် ရဲ့ အင်အားကို ပြသဖို့နဲ့ သူတို့ကို ကျွန်တော်တို့ရဲ့ ဘက်ကို ပြန်လည် ဆွဲဆောင်ဖို့အတွက် အဓိက ရည်ရွယ်တာပါ"

"တကယ်လို့ သူတို့က ကျွန်တော်တို့နဲ့ ပြန်လည် ပူးပေါင်းပြီး တာ့ယန် အင်မော်တယ်မင်းဆက် နဲ့ မိုးကြိုးနဂါး အင်မော်တယ်မင်းဆက် တို့ကို ဆန့်ကျင်တိုက်ခိုက်မယ် ဆိုရင်တော့... သူတို့ဆီက ရလာမယ့် အကျိုးအမြတ်တွေက ဒီအဆောင်လက်ဖွဲ့တွေထက် အများကြီး ပိုတန်ဖိုးရှိပါလိမ့်မယ်"

သူ၏ စကားများကို ကြားသောအခါ အားလုံးက နားလည်သဘောပေါက်သွားကြပြီး ခေါင်းညိတ် သဘောတူလိုက်ကြတော့သည်။

All Chapters