← Chapters

အခန်း ၁၄၂

Vol. 15 Ch. 142

အခန်း ၁၄၂

Vol. 15 Ch. 142

🍅 Chapter 142

ဤနှစ်ဦး မည်သူမည်ဝါဖြစ်ကြောင်းကို ရှင်းလင်းစွာ မသိရသေးသကဲ့သို့ မည်သည့်ကိစ္စများ ဖြစ်လာမည်ကိုလည်း သူမ မသိရှိရသေးသဖြင့် စုန့်ကျစ်ယုံ သူတို့နှင့် များများစားစား မပတ်သက်စေချင်ပေ။

“ငါ ဒီသခင်လေးကို သိပါတယ်၊ နင် အရင်ပြန်နှင့်လိုက်၊ ငါ ခဏနေရင်ပြန်လာခဲ့မယ်”

မိခင်ဖြစ်သူ၏စကားကို ကြားသောအခါ စုန့်ကျစ်ယုံမှာ မည်သည့်စကားမျှ ထပ်မပြောနိုင်တော့ဘဲ အိမ်သို့ ခြေလျင်လျှောက်ကာ ပြန်သွားရတော့သည်။

ဝူယွီလန် မြင်းလှည်း၏ယာဉ်မောင်းခုံတွင် ဝင်ထိုင်လိုက်ပြီး သူတို့နှစ်ဦးကို တက်လာရန် အချက်ပြလိုက်သည်။

“သွားကြစို့၊ မင်းကိုကုသဖို့ အရင်ဆုံး နေရာတစ်ခုရှာရမယ်”

ထိုစကားကို ကြားသောအခါ သခင်လေးချန်ကျွင်း၏မျက်နှာမှာ ပျော်ရွှင်မှုကြောင့် တောက်ပသွားတော့၏။

“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် အဒေါ်”

ထိုအချိန်တွင် သူ့ခြေထောက်မှာ နာကျင်နေခြင်းမရှိတော့ဘဲ မြင်းလှည်းပေါ်သို့ ပေါ့ပါးသွက်လက်စွာ ခုန်တက်သွားလေသည်။

ချင်းဖုန်း မြင်းလှည်းပေါ်မှ ဆင်းလာပြီး တံခါးဝတွင် ရပ်နေသော အစောင့်ထံသို့ မြင်းကိုစောင့်ရှောက်ရန် လွှဲအပ်လိုက်သည်။

“အဒေါ် ဒီနေရာပါပဲ၊ မြင်းလှည်းကို ဒီမှာပဲ ရပ်ထားလိုက်ပါ”

သူမရှေ့ရှိ စံအိမ်ကြီးကိုကြည့်ရင်း ဝူယွီလန် စိတ်ထဲမှ တွေးတောလိုက်သည်။

‘သူတို့ရဲ့နောက်ခံက တကယ်ကြီး ထူးခြားနေတာပဲ’

ခရီးထွက်လာစဉ် ယာယီတည်းခိုသော နေရာပင်လျှင် စံအိမ်ကြီးတစ်ခုနီးပါး ကြီးမားကျယ်ဝန်းနေသည်မဟုတ်ပါလား။

“အဒေါ်၊ ဒီဘက်ကိုကြွပါ”

ဝူယွီလန်မှာ စံအိမ်ကြီးအတွင်းသို့ ရိုသေစွာ ဖိတ်ခေါ်ခံရပြီး လက်ဖက်ရည်ကောင်းများဖြင့် ဧည့်ခံခြင်းခံရလေသည်။

ဝူယွီလန် အကူအညီတောင်းလိုက်၏။

“ကျွန်မရဲ့ ဆေးသေတ္တာ မပါလာဘူး၊ ကျေးဇူးပြုပြီး ကျွန်မအတွက် ငွေအပ်တစ်စုံလောက် ပြင်ဆင်ပေးပါလား”

ချင်းဖုန်း တက်ကြွစွာ ပြန်လည်တုံ့ပြန်လိုက်သည်။

“ကောင်းပါပြီ”

သခင်လေးချန်ကျွင်း၏ ခြေထောက်မှာ မည်းနက်နေပြီဖြစ်သော်လည်း အနည်းငယ်မျှပင် စိုးရိမ်ထိတ်လန့်နေခြင်းမရှိဘဲ ဝူယွီလန်နှင့်အတူ တည်ငြိမ်စွာ လက်ဖက်ရည် သောက်သုံးနေလေသည်။

ဝူယွီလန် မျက်ခုံးပင့်ကာ ပြောလိုက်သည်။

“မင်းက တော်တော်လေး တည်ငြိမ်နေတာပဲ”

သခင်လေးချန်ကျွင်း ယုံကြည်မှုအပြည့်ဖြင့် ဖြေလိုက်၏။

“ဘာလို့လဲဆိုတော့ အဒေါ် ဒီမှာရှိနေသရွေ့ ကျွန်တော် ငရဲပြည်တံခါးဝကို ခြေတစ်ဖက် ရောက်နေရင်တောင် အဒေါ်က ကျွန်တော့်ကို ဆွဲခေါ်နိုင်မယ်ဆိုတာ သိနေလို့ပါ”

ထိုစကားကို ကြားသောအခါ ဝူယွီလန်မှာ အနည်းငယ် အံ့အားသင့်သွားရသည်။

သခင်လေးချန်ကျွင်းက သူမ၏ဆေးပညာကို ဤမျှလောက်အထိ ယုံကြည်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဝူယွီလန် သံသယဖြင့် မေးလိုက်သည်။

“မင်း လူမှားနေတာများလား၊ ငါက တကယ်ကို သာမန်တောသူမကြီးပါ”

သခင်လေးချန်ကျွင်းက အတည်ပြုသည့်လေသံဖြင့် ပြောလိုက်သည်။

“အဒေါ် ဒီလိုပြောနိုင်ဆိုတာကိုက ကျွန်တော် လူမမှားဘူးဆိုတာ သက်သေပြနေတာပါပဲ”

“အဒေါ် စိတ်အေးအေးထားပါ၊ အဒေါ်က တောသူမကြီးအဖြစ် နေချင်သရွေ့ ကျွန်တော်ကလွဲပြီး တခြားဘယ်သူမှ လာနှောင့်ယှက်မှာ မဟုတ်ပါဘူး”

သခင်လေးချန်ကျွင်းတစ်စုံတစ်ခုကို အထင်လွဲနေပြီဖြစ်ကြောင်း ဝူယွီလန် ရိပ်မိသွားသည်။

“မင်းတို့ တကယ်ပဲ အထင်လွဲနေပြီထင်တယ်”

“ငါ့ရဲ့ ဆေးပညာက ကောင်းတယ်ဆိုတာ မှန်ပေမဲ့ ငါက မင်းတို့ရှာနေတဲ့သူ မဟုတ်ပါဘူး”

သခင်လေးချန်ကျွင်းက ဝူယွီလန်ကို ကြည့်လိုက်ရာ သူမ၏ ရှင်းလင်းသော အမူအရာနှင့် ပြတ်သားသော အကြည့်များကို မြင်တွေ့ရပြီးနောက် တစ်ခဏမျှ မှင်တက်သွားတော့၏။

“အဒေါ်က...”

“ဆေးဘုရင်တောင်ကြားက မဟုတ်ဘူးလား”

ဝူယွီလန်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားရသည်။

“ဘာ ဆေးဘုရင်တောင်ကြားလဲ၊ ငါ ပြောပြီးပြီလေ၊ ငါက သာမန် တောသူမကြီးပါလို့၊ ဆေးပညာ နည်းနည်းပါးပါး တတ်ကျွမ်းရုံလေးပါ၊ မင်း တကယ်ကို လူမှားနေပြီ”

‘ဝီ ဝီ…’

သခင်လေးချန်ကျွင်း၏ ခေါင်းတစ်ခုလုံး ဝုန်းခနဲ ဟာလာ ဟင်းလင်း ဖြစ်သွားပြီး ကျောက်ရုပ်တစ်ရုပ်အလား အေးခဲသွားတော့သည်။

“အဒေါ်... ဆေးဘုရင်တောင်ကြားက မဟုတ်ဘူးလား”

ကယ်တင်ခံရတော့မည်ဟူသော ပျော်ရွှင်မှုများအားလုံး လုံးဝ ပျောက်ကွယ်သွားလေပြီ။

သခင်လေးချန်ကျွင်း၏မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွားပြီး ရှောင်လွှဲ၍မရနိုင်သော မှုန်မှိုင်းညှိုးနွမ်းမှုများဖြင့် အစားထိုးနေရာယူသွားတော့သည်။

ဝူယွီလန် ပြတ်သားစွာ ငြင်းဆိုလိုက်သည်။

“မဟုတ်ပါဘူး”

သေချာရေရာသော အဖြေကို ရရှိပြီးနောက် သခင်လေးချန်ကျွင်းမှာ သူ့ခွန်အားများအားလုံး စုပ်ယူခံလိုက်ရသည့်အလား ဖြစ်သွားရသည်။

သူက အူကြောင်ကြောင်ဖြင့် မတ်တတ်ထရပ်ကာ အပြင်သို့ လျှောက်ထွက်သွားလေ၏။

သူက တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်မိတော့သည်။

“လဝက်ပဲ ကျန်တော့တာကို၊ တကယ်ပဲ... မျှော်လင့်ချက်မရှိတော့ဘူးလား”

ဝူယွီလန်က သူဘာကိုဆိုလိုနေသည်ကို သဘာဝကျကျပင် နားလည်သဘောပေါက်ထား၏။

သူမက ‘ဆေးဘုရင်တောင်ကြားမှ မဟုတ်ဘူး’ဟုသာ ပြောခဲ့ခြင်းဖြစ်သည်။

‘သူ့ကို မကုသပေးနိုင်ဘူး’ ဟု တစ်ခွန်းမှ မပြောခဲ့ပေ။

“မထိတ်လန့်ပါနဲ့၊ မင်း မသေပါဘူး”

သခင်လေးမုချန်ကျွင်း၏ကိုယ်ဟန်က ရုတ်တရက် တုံ့ဆိုင်းသွားသည်။

သူ နောက်သို့လှည့်ကာ အတင်းအကျပ်ပြုံးပြရင်း ဝူယွီလန်အား အရိုအသေပေးလိုက်၏။

“အဒေါ်ဝူ၊ ကျေးဇူးအများကြီးတင်ပါတယ်”

“ဆေးကုသစရိတ်ကို နောက်မှ လူလွှတ်ပြီး ပို့ခိုင်းလိုက်ပါ့မယ်၊ ဒီအထိ လာရတာ အဒေါ့်ကို ဒုက္ခပေးသလို ဖြစ်သွားပြီ”

ဆေးဘုရင်တောင်ကြားမှ လူများမှလွဲ၍ သူခံစားနေရသောအဆိပ်ကို မည်သူကမျှမကုသနိုင်ကြောင်း သူ့ရင်ထဲတွင် အလွန်ရှင်းလင်းစွာ သိရှိထားသည်။

သခင်လေးမုချန်ကျွင်းက ခေါင်းမော့ကာ ကောင်းကင်ကြီးကို ကူကယ်ရာမဲ့နေဟန်ဖြင့် ငေးမောကြည့်လိုက်၏။

“ကောင်းကင်ဘုံ၊ ကျွန်တော့်ကို မျှော်လင့်ချက်ပေးပြီးမှ ဘာလို့များ ပြန်ပြီးရိုက်ချိုးပစ်ရက်ရတာလဲ”

ဝူယွီလန်မှာ ဆွံ့အသွားရသည်။

သူမ အချိန်များကုန်လွန်သွားသဖြင့် ညည်းတွားနေသော သူ့အား တိတ်ဆိတ်စွာပင် စောင့်ကြည့်နေလိုက်သည်။

သခင်လေးမုချန်ကျွင်း၏ စိတ်ခံစားမှုများ တည်ငြိမ်သွားသောအခါမှသာ သူမက ပြောလိုက်သည်။

“ငါက ဆေးဘုရင်တောင်ကြားက မဟုတ်ဘူးလို့ပဲ ပြောတာလေ၊ မင်းရဲ့အဆိပ်ကို မကုနိုင်ဘူးလို့ ဘယ်တုန်းက ပြောဖူးလို့လဲ”

သေမင်းကို ရင်ဆိုင်ရန် မိမိကိုယ်ကို အနိုင်နိုင်ဖြောင်းဖျထားရသော သခင်လေးမုချန်ကျွင်းမှာ ထိုစကားကိုကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် လန်းဆန်းတက်ကြွသွားတော့သည်။

“အဒေါ်၀ူ၊ အဒေါ်က ကျွန်တော်အဆိပ်မိနေတာကို သိတယ်ပေါ့”

ဝူယွီလန် လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သည်။

“အင်း၊ မိခင်ဝမ်းဗိုက်ထဲကတည်းက အဆိပ်ခတ်ခံခဲ့ရတာ မဟုတ်လား၊ မင်းရဲ့ ဒီအဆိပ်ကိုသာ သေချာမကုသဘူးဆိုရင် လဝက်ထက်ပိုပြီး အသက်ရှင်နိုင်မှာမဟုတ်ဘူး”

သူတို့နောက်သို့ လိုက်ပါလာရန် ဆုံးဖြတ်ခဲ့ကတည်းက ဤလူငယ်လေး၏အသက်ကို ကယ်တင်ရန် သူမ ဆုံးဖြတ်ထားပြီးဖြစ်သည်။

ငွေအပ်များ ရှာဖွေပြီးနောက် ပြန်လည်ရောက်ရှိလာသော ချင်းဖုန်းမှာ ဝူယွီလန်၏စကားကို ကြားလိုက်ရသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားကြည်နူးသွားတော့၏။

“အဒေါ်ဝူ၊ ကျွန်တော်တို့သခင်လေးရဲ့ အဆိပ်ကို ကုသဖို့နည်းလမ်းရှိလို့လား”

ဝူယွီလန် ချင်းဖုန်း၏လက်ထဲမှ ငွေအပ်များကို လှမ်းယူလိုက်သည်။

“သဘာဝကျကျပဲ နည်းလမ်းတော့ ရှိတာပေါ့၊ ဒါပေမဲ့ မင်း နည်းနည်းတော့ နာကျင်ခံစားရလိမ့်မယ်”

သခင်လေးမုချန်ကျွင်း၏မျက်လုံးများထဲရှိ ညှိုးငယ်မှုများမှာ ချက်ချင်း လွင့်စင်ပျောက်ကွယ်သွားတော့၏။

“အသက်ရှင်နိုင်သရွေ့တော့ ဘယ်လိုနာကျင်မှုမျိုးကိုမဆို ကျွန်တော် မကြောက်ပါဘူး”

All Chapters