← Chapters

အခန်း ၁၄၃

Vol. 15 Ch. 143

အခန်း ၁၄၃

Vol. 15 Ch. 143

🍅 Chapter 143

ငယ်စဉ်ကလေးဘဝမှစ၍ အရွယ်ရောက်သည်အထိ သူ ခံစားခဲ့ရသော ဆင်းရဲဒုက္ခများ မနည်းပေ။

သို့သော် အသက်ရှင်သန်နိုင်ရန်အတွက် သူ အံ့ကြိတ်ကာ သည်းခံဖြတ်သန်းခဲ့ရသည်။

အတိတ်က သူခံစားခဲ့ရသော နာကျင်မှုများနှင့် နှိုင်းယှဉ်ပါက ယခုခံစားရမည့် နာကျင်မှုဆိုသည်မှာ အလွန်ဆုံး မိုးဖွဲဖွဲလေးတစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။

“ကျွန်တော့်ရဲ့အဆိပ်ကို ကုသပေးဖို့ အဒေါ်ဝူကို တောင်းပန်ပါတယ်”

သခင်လေးမုချန်ကျွင်းက ခါးကိုင်းကာ လက်နှစ်ဖက်ကို ဆုပ်ကိုင်လျက် အရိုအသေပေးလိုက်သည်။

ချင်းဖုန်းလည်း နောက်မှလိုက်၍ မြေကြီးပေါ်တွင် ဒူးထောက်ချလိုက်လေ၏။

“ကျွန်တော်တို့သခင်လေးရဲ့ အဆိပ်ကို ကုသပေးဖို့ အဒေါ်ဝူကို တောင်းပန်ပါတယ်”

ဝူယွီလန် လက်လှမ်းကာ သခင်လေးမုချန်ကျွင်းအား ထူမပေးသည့်ဟန်အမူအရာ ပြုလုပ်လိုက်သည်။

“ငါ မင်းရဲ့အဆိပ်ကို ကုသပေးနိုင်တယ်၊ ဒါပေမဲ့ မင်းကို ကုသပေးပြီးတဲ့နောက် ငါ့ရဲ့ ပုံမှန်ဘဝကို ဘယ်သူမှလာမနှောင့် ယှက်စေရဘူးလို့ မင်း ကတိပေးရမယ်”

“ဒီကိစ္စအတွက်စိတ်ချပါ၊ ကျွန်တော် ဒီကိစ္စတွေကို သေချာ ပေါက် ကောင်းကောင်းဖြေရှင်းပေးပါ့မယ်”

သခင်လေးမုချန်ကျွင်း လေးနက်တည်ကြည်စွာဖြင့် ကတိပြုလိုက်သည်။

“အင်း၊ လောလောဆယ်တော့၊ ထမင်းစားကြရအောင်”

သူမမှာ တစ်မနက်ခင်းလုံး အလုပ်ရှုပ်နေခဲ့သဖြင့် ထမင်းပင် မစားရသေးပေ။

ထိုစကားကို ကြားသောအခါ သခင်လေးမုချန်ကျွင်းက လက်အောက်ငယ်သားများအား အလျင်အမြန် ထမင်းဟင်း ပြင်ဆင်ခိုင်းလေ၏။

“ဒါ ကျွန်တော့်ရဲ့ ပေါ့ဆမှုပါ၊ ချင်းဖုန်း၊ ထမင်းဟင်းနည်းနည်းလောက် သွားပြင်ခိုင်းလိုက်ပါ”

“ဒါနဲ့ အဒေါ်ဝူ၊ ရှောင်ရမယ့်အစားအစာတွေများ ရှိလား”

ဝူယွီလန် ခေါင်းခါပြလိုက်သည်။ အစားအသောက်နှင့် ပတ်သက်၍ သူမတွင် အထူးတလည်တောင်းဆိုမှုမျိုးမရှိပေ။

အရသာရှိလျှင် ပိုစားမည်ဖြစ်ပြီး အရသာမရှိလျှင် နည်းနည်းသာ စားမည်ဖြစ်သည်။

“ရှောင်ရမယ့်ဟင်းတွေ မရှိပါဘူး၊ ဗိုက်ဝနိုင်မယ့် ဟင်းတစ်ပွဲလောက် ပြင်ပေးရင်ရပါပြီ”

သခင်လေးမုချန်ကျွင်းက ခေါင်းညိတ်ပြလိုက်ပြီး ချင်းဖုန်းကို သွားရောက်စီစဉ်ရန် အချက်ပြလိုက်သည်။

မကြာမီမှာပင် အစေခံမိန်းကလေးများက အမြင်လှသကဲ့သို့ အရသာလည်းရှိလှသော ဟင်းလျာများကို သယ်ဆောင်လာကြသည်။

ဝူယွီလန် ထမင်းစားပြီးနောက် ခေတ္တမျှအနားယူပြီးသည်နှင့် ပြင်ဆင်ပေးထားသော ငွေအပ်များကို ထုတ်ယူလိုက်၏။

“မင်းရဲ့ခြေထောက်က မြွေဆိပ်ကို အရင်ကုပေးမယ်”

သခင်လေးမုချန်ကျွင်းမှာ သူ့ခြေထောက်မှ မြွေဆိပ်ကိုပင် မေ့လျော့နေခဲ့လေပြီ။

“အဒေါ်ဝူကို ဒီလိုပုံစံပြရတာ ရှက်စရာကောင်းလွန်းပါတယ်၊ ကျွန်တော် တကယ်ကို တခြားရွေးချယ်စရာမရှိတော့လို့ ဒီလို အကြံအစည်မျိုးကို သုံးခဲ့ရတာပါ”

ဝူယွီလန် ငွေအပ်များ ထုတ်ယူကာ ချင်းဖုန်းထံမှ ဓားမြှောင်တစ်လက် တောင်းယူလိုက်ပြီးနောက် သခင်လေးမုချန်ကျွင်း၏ခြေထောက်မှ မြွေဆိပ်ကို ဖယ်ရှားပေးလိုက်သည်။

သူ့ခြေကျင်းဝတ်ပေါ်ရှိ မည်းနက်နေသော အရောင်များ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ဝူယွီလန်၏ ပြောင်မြောက်လှသော ဆေးပညာရပ်အပေါ် သခင်လေးမုချန်ကျွင်းမှာ ရင်ထဲမှနေ၍ တိတ်တဆိတ် အံ့သြချီးကျူးနေမိတော့သည်။

“အဒေါ်ဝူ၊ ကျွန်တော့်ရဲ့ဒီအဆိပ်ကို ဘယ်လိုကုသရမလဲ”

ဝူယွီလန် အဆိပ်ဖြေရန် အစီအစဉ်များစွာကို တွေးတောထားပြီးဖြစ်သော်လည်း သူမ သဘောသာဆိုပါက သဘာဝကျစွာပင် အမြန်ဆန်ဆုံးနည်းလမ်းကိုသာ အကြံပြုမည်ဖြစ်၏။

“မင်းရဲ့ အဆိပ်အတွက် အကောင်းဆုံးနည်းလမ်းကတော့ အဆိပ်ကို အဆိပ်နဲ့ ပြန်တိုက်ခိုက်တာပဲ၊ ဒါ အမြန်ဆုံး အဆိပ်ဖြေနည်းပဲ၊ တစ်လလောက်ဆိုရင် မင်းခန္ဓာကိုယ်ထဲက အဆိပ်တွေကို ရှင်းလင်းပစ်နိုင်မယ်”

သခင်လေးမုချန်ကျွင်း၏ ပါးလွှာသောနှုတ်ခမ်းများ အနည်း ငယ် ပွင့်ဟသွားပြီး သူ့မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေလေသည်။

“တစ်လတည်းနဲ့ လုံလောက်ပြီလား”

သူ့ခန္ဓာကိုယ်တွင်းရှိ အဆိပ်မှာ အနှစ်နှစ်ဆယ်ကျော်တိုင် အောင် တည်ရှိနေခဲ့ခြင်းဖြစ်သည်။

တစ်နေ့နေ့တွင် ကုသနိုင်ခဲ့လျှင်ပင် နှစ်ပေါင်းများစွာ ကြာမြင့်မည်ဟု သူ ထင်မှတ်ထားခဲ့၏။

တစ်လတည်းနှင့် လုံလောက်လိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မမျှော်လင့်ထားခဲ့ပေ။

“အင်း၊ ဒါ အမြန်ဆုံးပဲ၊ တကယ်လို့ မင်းက ပိုနှေးတဲ့နည်းကို လိုချင်ရင်လည်း ရပါတယ်၊ နှေးမယ်ဆိုရင်တော့ နှစ်ဝက်လောက် ကြာလိမ့်မယ်”

သခင်လေးမုချန်ကျွင်းမှာ သူ့ခန္ဓာကိုယ်တွင်းရှိ အဆိပ်များကို ဖယ်ရှားနိုင်ရန် အမြဲတမ်း အိပ်မက်မက်ခဲ့သူဖြစ်ရာ သဘာဝ ကျစွာပင် ထပ်မံစောင့်ဆိုင်းလိုခြင်း မရှိတော့ပေ။

“မလုပ်ပါနဲ့ ကျွန်တော် အမြန်ဆုံးနည်းကိုပဲ လိုချင်ပါတယ်၊ ပိုမြန်လေ ပိုကောင်းလေပါပဲ”

“အင်း၊ ဒါဆိုရင် အဆိပ်ကို အဆိပ်နဲ့ ပြန်တိုက်ခိုက်တဲ့နည်းကို သုံးကြတာပေါ့၊ ဒီနည်းလမ်းက မြန်ဆန်ပေမဲ့ အဲဒီလိုမြန်ဆန်တာနဲ့အတူ မင်းခံစားရမယ့် နာကျင်မှုကလည်း ပိုကြီးမားလာလိမ့်မယ်”

ထိုအဆိပ်ဖြေနည်းကို တွေးမိသောအခါ ဝူယွီလန်မှာ မနေနိုင်ဘဲ တုန်ယင်သွားသည်။

အဘယ်ကြောင့်ဆိုသော် ဤနည်းလမ်းမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလွန်းသောကြောင့်ပင်။

သို့သော်လည်း...

ဝူယွီလန် သခင်လေးမုချန်ကျွင်း၏ ခြေကျင်းဝတ်ကို တစ်ချက်ကြည့်လိုက်သည်။ ဤလူငယ်လေးကတော့ သေချာပေါက် သည်းခံနိုင်ပေလိမ့်မည်။

“ကျွန်တော် မကြောက်ပါဘူး၊ ဘယ်လောက်ပဲနာကျင်ပါစေ ကျွန်တော် ချန်ကျွင်းက အသံတစ်သံတောင် ထွက်မှာမဟုတ်ပါဘူး”

သခင်လေးမုချန်ကျွင်းက ပြတ်သားစွာ ပြောဆိုလိုက်သည်။

ယခင်က သူ့ခန္ဓာကိုယ်မှာ ရေတွက်၍မရနိုင်သော ငွေအပ်များဖြင့် အကြိမ်ကြိမ် စိုက်ခံခဲ့ရပြီး အလွန်ခါးသက်လှသော ဆေးဝါးများစွာကို သောက်သုံးခဲ့ရသော်လည်း သူက အသံတစ်ချက်မျှ မထွက်ခဲ့ဖူးပေ။

သူ၏အဖို့ ထိုအရာများက ထုံကျဉ်နေပြီဖြစ်ကာ ကြောက်ရွံ့စရာ တစ်ခုမျှမရှိတော့ပေ။

သို့သော် ဝူယွီလန်ပြောသော အဆိပ်ကို အဆိပ်ဖြင့် ပြန်တိုက်ခိုက်ခြင်းဆိုသည့် နည်းလမ်းမှာ လူတစ်ယောက်အနေဖြင့် သည်းခံနိုင်စွမ်းရှိသောအရာမျိုး လုံးဝ မဟုတ်ကြောင်းကိုမူ သူ မသိရှိခဲ့ပေ။

သူ ဤမျှလောက်အထိ ပြတ်သားနေသည်ကို မြင်သောအခါ ဝူယွီလန် မည်သည့်စကားမျှ ထပ်မပြောတော့ပေ။

မည်သို့ပင်ဖြစ်စေ ဤလူငယ်လေးမှာ လက်တွေ့ဘဝ၏ ပြင်းထန်သော မျက်နှာဖြတ်ရိုက်မှုကို မကြာမီ ခံစားရတော့မည်မဟုတ်ပါလား။

“ဒါဆိုရင်လည်း အခုပဲ ပြင်ဆင်လိုက်ကြရအောင်၊ ကုသမှုကို ဒီနေ့ တစ်ခါတည်း စတင်လိုက်မယ်”

ချင်းဖုန်း လက်နှစ်ဖက်ကိုဆုပ်ကိုင်လျက် အရိုအသေပေး လိုက်သည်။

“အဒေါ်ဝူ ဘာတွေလိုအပ်တယ်ဆိုတာကိုသာ ပြောပါ၊ ကျွန်တော် အခုချက်ချင်းပြင်ဆင်ပေးပါ့မယ်”

ဝူယွီလန်က သခင်လေးမုချန်ကျွင်းကို တစ်ချက်ကြည့်လိုက်ပြီး ချင်းဖုန်းအား အနီးသို့လာရန် လက်ယပ်ခေါ်လိုက်၏။

“ဒါတွေကို သေချာပြင်ဆင်ထားလိုက်...”

ချင်းဖုန်းမှာ နားထောင်ရင်း သွားများပင် ခိုက်ခိုက်တုန်လာတော့သည်။

“ဒီ... ဒီအရာတွေကို တကယ်ပြင်ထားရမှာလား”

“ဟုတ်တယ်၊ မင်းရဲ့သခင်လေးကို မြန်မြန်သက်သာစေချင်ရင် များများသာပြင်ထားလိုက်”

ချင်းဖုန်းက သခင်လေးမုချန်ကျွင်းအား သနားဂရုဏာသက်စွာဖြင့် ကြည့်လိုက်သည်။

‘သခင်လေး၊ ကျွန်တော် တောင်းပန်ပါတယ်'

နာရီဝက်ခန့်အကြာတွင်

အရာအားလုံး အဆင်သင့် ဖြစ်နေလေပြီ။

ဝူယွီလန်က သခင်လေးမုချန်ကျွင်းကို ကြင်နာစွာဖြင့် သတိပေးလိုက်သည်။

“နောက်တစ်ဆင့်မှာ မင်း နည်းနည်းတော့ ဒုက္ခခံရလိမ့်မယ်၊ စိတ်ကို ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးပဲ”

သခင်လေးမုချန်ကျွင်းက အရေးမစိုက်သည့်ဟန်ဖြင့် တုံ့ပြန်လိုက်လေ၏။

“ကိစ္စမရှိပါဘူး၊ ဘယ်လောက်ပဲကြီးမားတဲ့ ဆင်းရဲဒုက္ခဖြစ်ပါစေ ကျွန်တော့်ကို အရှုံးပေးအောင် မလုပ်နိုင်ပါဘူး”

All Chapters