← Chapters

အခန်း ၁၄၇

Vol. 15 Ch. 147

အခန်း ၁၄၇

Vol. 15 Ch. 147

🍅 Chapter 147

တစ်လှမ်းချင်း တိုးကပ်လာနေသော ရွာသားများကို ကြည့်ရင်း စုန့်ကျစ်ရှုမှာ နောက်သို့သာ ဆုတ်နေရသည်။

“ဒီဆေးပင်တွေကို ခင်ဗျားတို့ဘာသာ ခူးလာတာလေ၊ ကျွန်တော့်အမေ သင်ပေးလိုက်တာမှ မဟုတ်တာ၊ တကယ်လို့ ကျွန်တော်တို့ လက်ခံလိုက်ပြီး တစ်ယောက်ယောက်စားမိလို့ ရောဂါရသွားရင် ဘယ်သူက တာဝန်ယူမှာလဲ”

“မင်းအမေ သင်မပေးတော့ရော ဘာဖြစ်လဲ၊ ဒီဆေးပင်တွေကို ကြည့်ပါဦး၊ သူတို့ဟာတွေနဲ့ ဘာများကွာခြားနေလို့လဲ”

“ဟုတ်တယ်၊ သိသိသာသာကို အတူတူပဲဟာကို၊ မင်းက ငါတို့ကို အထင်သေးပြီး တမင်သက်သက်ရစ်နေတာပဲ”

ရွာသားများမှာ ပိုမိုရန်လိုလာကြသည်။

ဟောင်ချန်က အချိန်တန်ပြီဟု ယူဆသဖြင့် ကြားဝင်စေ့စပ်ပေးမည့်သူအဖြစ် အချိန်ကိုက်ရှေ့ထွက်လာခဲ့သည်။

“အိုကွယ်၊ အားလုံးပဲ သေချာညှိနှိုင်းကြရအောင်၊ စကားပုံတောင် ရှိတယ်မလား၊ သင့်မြတ်ခြင်းက ချမ်းသာမှုကို ဆောင်ကြဉ်းတယ်တဲ့”

“ကျစ်ရှု၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့မိသားစုက ဆေးပင်တွေဝယ်မှာပဲဟာ၊ အားလုံးဆီကနေ တစ်ခါတည်း ဝယ်လိုက်ရင် မကောင်းဘူးလား”

“ကြည့်ပါဦး၊ အားလုံးက မနက်စောစောထပြီး ဆေးပင်တွေ သွားရှာကြတာ၊ တစ်နေ့လုံး ပင်ပန်းထားပြီး ထမင်းပူပူလေး တစ်နပ်တောင် မစားရသေးဘူး၊ အားလုံးရဲ့ ဆေးပင်တွေကိုသာ မင်း လက်မခံဘူးဆိုရင် သူတို့တွေ ဆာလောင်ပြီး ရောဂါရသွားရင် ဘယ်လိုလုပ်မလဲ”

စုန့်ကျစ်ရှု မျက်မှောင်ကြုတ်လိုက်သည်။ သူ ဟောင်ချန်ကို သိလေ၏။

ယခင်က သူမနှင့် သူ့မိခင်မှာ အမြဲတမ်း ဆက်ဆံရေး ကောင်းမွန်ခဲ့သည်။

သို့သော် ယခုအခါတွင် သူမက မိခင်ဖြစ်သူနှင့် မသင့်မမြတ် ဖြစ်နေလေပြီ။

သူမက သူ့အား သဘောရိုးနှင့် ကူညီဖျောင်းဖျပေးလိမ့်မည်ဟု သူ မထင်ပေ။

‘ဒီရွာသားတွေကို ဟောင်ချန် သွေးထိုးပေးလိုက်တာလည်း ဖြစ်နိုင်တယ်'

စုန့်ကျစ်ရှု၏သံသယများကိုသာ ဝူယွီလန် သိရှိခဲ့မည်ဆိုပါက သူမက သူ့ကို သေချာပေါက် အထင်ကြီးလေးစားစွာ ကြည့်မိမည်ဖြစ်သည်။

“အဒေါ်ဟောင်၊ အဲဒီလိုပြောလို့ မရဘူးလေ၊ သူတို့ဘာသာ သူတို့ ဆေးပင်သွားရှာတာ၊ ကျွန်တော် ခိုင်းတာမှ မဟုတ်တာ၊

သူတို့ ဗိုက်ဆာလို့ ရောဂါရရင် အဲဒါ ကျွန်တော်နဲ့ဘာဆိုင်လို့လဲ”

“ပြီးတော့၊ တခြားသူတွေဆီကနေ ကျွန်တော်တို့မိသားစုက ဆေးပင်တွေ လက်ခံရတဲ့အကြောင်းရင်းက သူတို့ကို ကျွန်တော့်အမေ ကိုယ်တိုင် သင်ပေးထားပြီး ကျွန်တော်တို့နဲ့ စာချုပ်ချုပ်ထားလို့ပဲ၊ ခင်ဗျားတို့က ကိုယ့်ဘာသာ ကိုယ် ခူးလာတာဆိုတော့ ဆေးပင်အမှားတွေ ခူးမိနိုင်တာပေါ့၊ တစ် ယောက်ယောက်စားမိလို့ သေသွားရင် ဘယ်သူက တာဝန်ယူမှာလဲ”

ဟောင်ချန်မှာ စုန့်ကျစ်ရှုတစ်ယောက် ခေါင်းမာပြီး ပြောမရသည်ကို မြင်သောအခါ သူမ မျက်နှာမှာ အနည်းငယ်ရှုံ့မဲ့သွားလေသည်။

“မင်း….. ဒီကလေး၊ ဘာလို့ ဒီလောက်တောင် အကြောင်းအကျိုး နားမလည်ရတာလဲ၊ အားလုံးကို လမ်းပိတ်သွားအောင်လုပ်ရမှ ကျေနပ်မှာလား”

“ဟုတ်တယ်၊ မင်းက ငါတို့ကို အသက်ရှင်ဖို့လမ်းစလေးတောင် မပေးချင်ဘူး၊ မင်း အရမ်းလွန်လွန်းတယ်”

“ဟုတ်တယ်၊ အရမ်းလွန်လွန်းတယ်”

ရွာသားများမှာ ဒေါသထွက်လာကြသည်။

တစ်ယောက်ယောက်က စုန့်ကျစ်ရှုကို တွန်းလိုက်ပြီး လူပိုမိုများပြားလာကာ သူ့ကို စတင်တွန်းထိုးကြတော့၏။

ထိုအခြေအနေကို မြင်သောအခါ သူ ထွက်ပြေး၍ မလွတ်နိုင်တော့ကြောင်း စုန့်ကျစ်ရှု သိလိုက်သဖြင့် အောက်သို့ငုံ့ထိုင်ကာ ခေါင်းကိုကာကွယ်ထားပြီး အရိုက်ခံရန် ပြင်ဆင်ထားလိုက်သည်။

သို့သော် သူမျှော်လင့်ထားသော နာကျင်မှုက ရောက်ရှိမလာခဲ့ပေ။

သူ့နားထဲသို့ ရောက်ရှိလာသည်မှာ စုန့်ကျစ်ချုံး၏ အေးစက် စက်အသံပင် ဖြစ်သည်။

“ငါတို့မိသားစုရဲ့ စတုတ္ထသားကို ဘယ်သူက လက်ပါရဲလဲဆိုတာ ကြည့်ကြသေးတာပေါ့”

စုန့်ကျစ်ရှု မော့ကြည့်လိုက်ရာ စုန့်ကျစ်ချုံး၏ ကြည့်ကောင်းပြီး ပြတ်သားသောကျောပြင်ကို မြင်တွေ့လိုက်ရသည်။

သူ ထမ်းပိုးတစ်ချောင်းကို ကိုင်ဆောင်ကာ ကာကွယ်ပေးထားလေ၏။

ဤအချိန်တွင် စုန့်ကျစ်ရှုမှာ မည်သို့ခံစားနေရသည်ကို သူကိုယ်တိုင်ပင် ဖော်ပြ၍ မတတ်နိုင်အောင် ဖြစ်နေတော့သည်။

ယခင်ကဆိုလျှင် သူက ဤဒုတိယအစ်ကိုကို အမြဲတမ်း အထက်စီးမှနေ၍ အမိန့်ပေးခိုင်းစေခဲ့သည်။

သူ့အပေါ်တွင် မကျေနပ်မှုများ ရှိခဲ့လျှင်ပင် မိခင်ဖြစ်သူ၏ ဖိအားပေးမှုကြောင့် သူက နာခံခဲ့ရရုံသာရှိသည်။

ယုတ္တိကျကျ တွေးကြည့်မည်ဆိုပါက ဤဒုတိယအစ်ကိုမှာ ဤသို့ဆက်ဆံခံခဲ့ရသည့်အတွက် သူ့အပေါ် အငြိုးထားသင့်သော်လည်း ယခုလို ပြဿနာကြုံလာချိန်တွင် သူ့ရှေ့မှနေ၍ ပထမဆုံးကာကွယ်ပေးသူမှာ သူပင် ဖြစ်နေလေသည်။

“ဒုတိယအစ်ကို...”

စုန့်ကျစ်ချုံး စုန့်ကျစ်ရှုကို ဆွဲထူလိုက်သည်။

“ထ၊ ဒီနေ့ ငါ ဒီမှာရှိနေသရွေ့ ဘယ်သူက မင်းကို ထိရဲလဲဆိုတာ ကြည့်ကြသေးတာပေါ့”

စုန့်ကျစ်ယုံ၊ ဝမ်ကွေ့ချင်၊ ကျောက်လီကျွမ်နှင့် လီရှို့ယွင်တို့ကလည်း ထမ်းပိုးများကိုကိုင်ဆောင်ကာ လျှောက်လာကြ၏။

ဝမ်ကွေ့ချင်ကမူ ခါးထောက်ကာ ရပ်လိုက်သည်။

“ကျွန်မ အမှန်တိုင်းပြောလိုက်မယ်၊ ရှင်တို့ ဘယ်လိုပဲပြောပြော ကျွန်မတို့ မိသားစုက ရှင်တို့ရဲ့ ဆေးပင်တွေကို ဝယ်မှာမဟုတ်ဘူး၊ တကယ်လို့ ရန်ဖြစ်ချင်တယ်ဆိုရင်လည်း ရတယ်လေ”

“ရှင်တို့က နည်းနည်းလေးမှ အရှုံးမခံချင်ဘဲနဲ့ အကျိုးအမြတ်အားလုံးကိုကျတော့ လိုချင်နေတယ်၊ ဒီလောကကြီးမှာ ဒီလိုကောင်းတဲ့ကိစ္စမျိုးက ဘယ်မှာရှိလို့လဲ”

စုန့်ကျစ်ယုံကမူ ထမ်းပိုးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း ရွာသားများကို စောင့်ကြည့်နေလိုက်သည်။

ထိုအခြေအနေကို မြင်သောအခါ ရွာသားများ၏မောက်မာမှုများမှာ ချက်ချင်းလွင့်စင်ပျောက်ကွယ်သွားတော့၏။

အင်အားသုံး၍ မရနိုင်ကြောင်း သိသွားသောအခါ သူတို့က သနားစရာကောင်းအောင် ဟန်ဆောင်လာကြတော့သည်။

“ကျစ်ယုံရယ်၊ သနားပါဦး၊ အဒေါ်တို့မိသားစုက ထမင်းမချက်ရတာ သုံးရက်တောင်ရှိနေပြီ”

“ဟုတ်ပါတယ်၊ ကလေးတွေအတွက် အစားအသောက်ဝယ်ဖို့ ငွေနည်းနည်းပါးပါး ရမလားဆိုပြီး ဆေးပင်တွေ သွားရှာလာတာပါ၊ မင်းတို့ကသာ ဒီဆေးပင်တွေကို မဝယ်ဘူးဆိုရင် အိမ်ကကလေးတွေ တကယ်ပဲ ငတ်သေကုန်တော့မှာ”

“ရွာသားအချင်းချင်းမို့လို့ အားနာပါးနာနဲ့ပဲဖြစ်ဖြစ် ငါတို့ရဲ့ဆေးပင်တွေကို ဝယ်ပေးလိုက်ပါ”

ဝူယွီလန် ၀င်လာကာ မျက်နှာပြောင်တိုက်လွန်းသော ဤရွာသားများကို ဆဲဆိုရန်ပြင်လိုက်စဉ်မှာပင် လီရှို့ယွင်က

အရှေ့သို့ ထွက်လာခဲ့သည်။

“အားလုံးပဲ ပြန်ကြပါတော့၊ ကျွန်မ ယောက္ခမက အရင်က အခွင့်အရေးနှစ်ကြိမ်တောင် ပေးခဲ့ပြီးပါပြီ၊ အဲဒါကို အမိအရ မဆုပ်ကိုင်နိုင်ခဲ့ကြတာက ရှင်တို့ ကိုယ်တိုင်ပဲ”

“ကျွန်မတို့အိမ်မှာ ဆေးပင်တွေလာရောင်းဖို့ ရှင်တို့ကို ဘယ်သူက သွေးထိုးပေးလိုက်တာလဲ၊ အဲ့ဒီလူဆီသာ သွားရှာကြပါ၊ ကျွန်မတို့က ဆေးဆိုင်နဲ့ စာချုပ်ချုပ်ထားပြီးပြီဆိုတော့ ဘယ်လိုအခြေအနေမျိုးမှာမှ ရှင်တို့ရဲ့ဆေးပင်တွေကို ဝယ်မှာ မဟုတ်ပါဘူး”

ထိုစကားကို ကြားလိုက်ရသောအခါ ရွာသားများ၏မျက်နှာ များမှာ ပိုမိုရှုံ့မဲ့သွားတော့သည်။

“ငါ့ရဲ့ တတိာချွေးမပြောတာမှန်တယ်၊ အားလုံးပြန်ကြတော့”

စုန့်ကျစ်ရှုက ပြန်လည်ရောက်ရှိလာသူမှာ ဝူယွီလန်ဖြစ် ကြောင်း မြင်သောအခါ ဝမ်းသာအားရခေါ်လိုက်လေ၏။

“အမေ”

ဝူယွီလန်ကမူ မျက်လုံးများနီရဲနေသော စုန့်ကျစ်ရှုကိုကြည့်ကာ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

‘ဒီအငယ်ဆုံးကောင်က တကယ်ကို အသုံးမကျတာပဲ'

‘မဟုတ်သေးဘူး၊ အိမ်ထဲက သားသုံးယောက်လုံးက ချွေးမတွေလောက်တောင် အစွမ်းအစမရှိဘူးလို့ ပြောရမယ်'

သူမ စုန့်ကျစ်ရှုကို တော်တော်လေးအသုံးမကျသူအဖြစ် ခံစားနေရသော်လည်း အပေါ်ယံတွင်မူ နှစ်သိမ့်စကားပြောလိုက်သည်။

“ကျစ်ရှု၊ နင် တော်တော်လေး ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်၊ ပင်ပန်းသွားပြီ၊ ဘေးမှာ သွားနားနေလိုက်တော့

All Chapters