← Chapters

အခန်း ၁၄၈

Vol. 15 Ch. 148

အခန်း ၁၄၈

Vol. 15 Ch. 148

🍅 Chapter 148

မိခင်ဖြစ်သူ၏အသိအမှတ်ပြုမှုကို ရရှိလိုက်သောအခါ စုန့်ကျစ်ရှုမှာ အရင်ကလောက် နာကြည်းခံစားနေရခြင်း မရှိတော့ပေ။

သူ့ ကျောပြင်ကို မတ်မတ်ထားကာ ဝူယွီလန်၏အနောက်တွင် ဝင်ရပ်လိုက်သည်။

“ငါ့အမေ ပြောတာကို မကြားဘူးလား၊ အိမ်ပြန်ကြတော့”

ရွာသားများက မျက်နှာသုန်မှုန်နေသော ဝူယွီလန်ကိုကြည့်ကာ တစ်ယောက်ပြီးတစ်ယောက် စကားပြောချင်နေသော် လည်း တုံ့ဆိုင်းနေကြသည်။

ဟောင်ချန် အတင်းအကျပ် ပြုံးပြလိုက်သည်။

“ယွီလန်၊ အဲဒီ ကြေးပြားငါးဆယ်ကိစ္စလေးပဲ မဟုတ်လား၊ အဲဒီငွေကို ငါတို့ပေးပါ့မယ်”

ရွာသားများမှာ တွန့်ဆုတ်နေကြသော်လည်း ဝူယွီလန်နှင့်အတူ ဆေးဘက်ဝင်အပင်များ သွားရှာကြသူများမှာ ရက်အနည်းငယ်အတွင်း ကြေးပြားရာဂဏန်းခန့် ရှာဖွေနိုင်ခဲ့သည်ကို တွေးမိကာ သူတို့ အံကြိတ်၍ သဘောတူလိုက်ကြသည်။

“ဟုတ်တယ်၊ အဲဒီငွေကို ငါတို့ပေးပါ့မယ်”

ဝူယွီလန် မျက်ခုံးပင့်ကာ စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။

ထိုသူများက ယခု အကျိုးအမြတ်ကို မြင်သွားမှသာ ထိုငွေအနည်းငယ်ကို ပေးရန် ဆန္ဒရှိလာကြသည်။

‘ဟက်၊ အစောပိုင်းတုန်းက ဘာတွေများ လုပ်နေခဲ့ကြလို့လဲ'

“ကောင်းပြီလေ၊ ငါ့အိမ်မှာ ဆေးပင်လာရောင်းချင်တယ်ဆိုရင် ရပါတယ်၊ ဒါပေမဲ့ တစ်ယောက်ကို ငွေတစ်ချောင်းပေးရမယ်”

“ဘာ”

“ငွေတစ်ချောင်း၊ နင်ရူးနေပြီလား”

ဟောင်ချန်၏မျက်နှာမှာ ရှုံ့မဲ့သွားပြီး ဝူယွီလန်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

ရွာသားများမှာ မှင်တက်သွားကြပြီး ဝူယွီလန်ပြောလိုက်သော စကားကို သဘောပေါက်သွားသောအခါ အားလုံးမကျေမနပ်ဖြစ်သွားကြသည်။

“ဒီမယ် အဒေါ်ဝူ၊ ခင်ဗျားက အရမ်းကိုရက်စက်လွန်းနေပြီမဟုတ်လား၊ ချက်ချင်းကြီး ဈေးတင်ပစ်လိုက်တယ်”

“ဟုတ်တယ်၊ ငါတို့အားလုံးက ရွာသားအချင်းချင်းတွေပဲ၊ နင် အရမ်းလွန်လွန်းတယ်”

ဝူယွီလန် ဤလူများနှင့် ဆက်လက်ငြင်းခုံမနေချင်တော့ပေ။

“မပေးဘူးလား၊ ဒါဆိုရင် ထွက်သွားကြတော့”

သူမ ထိုသို့ပြောပြီးနောက် ဝမ်ကွေ့ချင်ကို အချက်ပြလိုက်၏။

ဝမ်ကွေ့ချင် သူမ လက်ထဲရှိ တံမြက်စည်းကို ဝှေ့ယမ်းလိုက်သည်။

“ဖယ်ကြ၊ ဖယ်ကြ၊ ငါတို့အိမ်ထဲမှာ လာမရပ်နေကြနဲ့”

ရွာသားများ၏မျက်နှာများမှာ ရှုံ့မဲ့နေလေသည်။

သူတို့ မကျေနပ်သော်လည်း တစ်ယောက်ပြီးတစ်ယောက် နောက်သို့ ဆုတ်ပေးလိုက်ရသည်။

ဝူယွီလန် ဟောင်ချန်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

“နင်တို့ ဆေးပင်တွေ တကယ်ရောင်းချင်တယ်ဆိုရင် နင်တို့ကို ဒီလာဖို့ သွေးထိုးပေးလိုက်တဲ့လူဆီကိုပဲ သွားရောင်းကြ၊ သူက နင်တို့ကို ဆေးပင်တွေသွားရှာဖို့ ခေါ်သွားမှတော့ သူ့ဆီမှာ ရောင်းလို့ရမယ့်နေရာ ရှိနေလို့ပဲဖြစ်ရမယ်”

ထိုသို့ပြောပြီးနောက် သူမ ဤရွာသားများကို လျစ်လျူရှုကာ တံခါးကို ဝုန်းခနဲ ပိတ်ချလိုက်တော့သည်။

ထိုစကားကို ကြားလိုက်ရသောအခါ ရွာသားများ၏မျက်လုံးများ တောက်ပသွားပြီး ဟောင်ချန်ကို စိုက်ကြည့်လိုက်ကြသည်။

ဝူယွီလန်မှာ ၎င်းတို့၏ဆေးပင်များကို လက်ခံမည်မဟုတ်ကြောင်း ရှင်းလင်းသွားပြီဖြစ်ရာ သူတို့ ဟောင်ချန်ထံတွင်သာ ရောင်းချနိုင်တော့သည်။

‘ငအတွေကို ဆေးပင် ဘယ်လိုရှာရမလဲဆိုတာ သင်ပေးခဲ့တာ ဟောင်ချန်ပဲလေ၊ သူမ တာဝန်ယူရမှာပေါ့'

ဟောင်ချန် ရွာသားများ၏ အကြည့်များကို မြင်သောအခါ အလျင်အမြန် ပြောလိုက်သည်။

“ငါ့ကို လာမကြည့်ကြနဲ့၊ ပြီးခဲ့တဲ့တစ်ခေါက်က ငါ ဆေးပင်တစ်တောင်း အပြည့်တူးပြီး မြို့ပေါ်သွားတာတောင် ဘယ်ဆေးဆိုင်ကမှ မဝယ်ကြဘူး”

“နင်တို့အတွက် ရွေးချယ်စရာတစ်ခုပဲရှိတယ်၊ အဲဒါကတော့ ဝူယွီလန်ဆီ ရောင်းဖို့ပဲ”

ထိုစကားကို ကြားသောအခါ ရွာသားများမှာ ဒေါသထွက်သွားကြတော့သည်။

“အဒေါ်ဟောင်၊ ခင်ဗျား တကယ်ကိုတာဝန်မဲ့တာပဲ၊ ကျွန် တော်တို့ဆီက ငွေတွေတော့ ယူထားပြီး ကျွန်တော်တို့ရဲ့ဆေးပင်တွေကိုကျတော့ မဝယ်ပေးဘူး”

“ဟုတ်တယ်၊ ကျွန်မတို့က အဒေါ့်ဆီကနေ ဆေးပင်တွေ ဘယ်လိုတူးရမလဲဆိုတာကို သင်ယူဖို့ ကြေးပြားနှစ်ဆယ်တောင် ပေးထားရတာလေ”

ဟောင်ချန် သူမ ပိုက်ဆံအိတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

“ကြေးပြားနှစ်ဆယ်ဆိုတာ နင်တို့ကို ဆေးပင်တွေ ဘယ်လိုတူးရမလဲဆိုတာ သင်ပေးတဲ့အတွက်ပဲလေ၊ နင်တို့ရဲ့ ဆေးပင်တွေကို ဝယ်ပေးရမယ်လို့ ငါ တစ်ခွန်းမှမပြောခဲ့ဘူး”

“ဘယ်လိုပဲဖြစ်ဖြစ် ငါတော့ တာဝန်မယူနိုင်ဘူး၊ နင်တို့ဘာသာ နင်တို့ ရှင်းကြ”

သူမ ထိုသို့ပြောပြီးနောက် အိမ်သို့ခိုးပြန်ရန် ဟန်ပြင်လိုက်၏။

ရွာသားတစ်ဦးက လက်သွက်လှသဖြင့် ဟောင်ချန်၏အင်္ကျီလက်ကို ဖမ်းဆွဲလိုက်သည်။

“အဒေါ်ဟောင်၊ အဒေါ်က ကျွန်တော်တို့ရဲ့ဆေးပင်တွေကို မဝယ်ပေးဘူးဆိုရင် ကျွန်တော်တို့ရဲ့ကြေးပြားတွေကို ပြန်ပေးရမယ်”

“ဟုတ်တယ်၊ ပြန်ပေး”

ဟောင်ချန် သူမ လက်ထဲသို့ ရောက်ရှိပြီးဖြစ်သော ကြေးပြားများကို မည်သို့ပြန်ထုတ်ပေးနိုင်မည်နည်း။

သူမ လူအုပ်ကြီးကို အလျင်အမြန် နှစ်သိမ့်လိုက်သည်။

“အို၊ မလောကြပါနဲ့၊ မလောကြပါနဲ့”

“ဆေးဘက်ဝင်အပင်တွေပဲလေ၊ ဝူယွီလန်တောင် ဝယ်နိုင်သေးတာ ငါလည်း ဝယ်နိုင်တာပေါ့”

ဟောင်ချန် တွေးကြည့်လေလေ ပိုမှန်ကန်သည်ဟု ခံစားရလေလေ ဖြစ်သည်။

ဝူယွီလန် ဤဆေးဘက်ဝင်အပင်များကို ဝယ်ယူနိုင်သည်ဆိုပါက သူမကရော အဘယ်ကြောင့် မဝယ်ယူနိုင်ရမည်နည်း။

သူမ ဤဆေးဘက်ဝင်အပင်များကို ဈေးပေါပေါဖြင့်ဝယ်ယူကာ ဈေးပေါပေါဖြင့် ပြန်ရောင်းချမည်ဆိုလျှင် အမြတ် အစွန်းများစွာရရှိနိုင်မည်မဟုတ်ပါလား။

သို့သော် ဤတစ်ကြိမ်တွင်မူ ဟော်ချန်မှာ သူမတစ်ယောက် တည်း ဇွတ်လုပ်ရန် မရဲတော့ပေ။

သူမက လူအုပ်ကြီးကို နှစ်သိမ့်ပြီးနောက် သူမ၏သားများနှင့် တိုင်ပင်ရန် အိမ်သို့ပြန်သွားလေသည်။

စုန့်ချန်မှာ သူ့ညီဖြစ်သူနှင့်အတူ နှစ်ပေါင်းများစွာ ခရီးသွားလာနေခဲ့ရပြီး လမ်းဘေးတွင်အိပ်စက်ကာ ဤဘဝကို ငြီးငွေ့နေပြီဖြစ်သည်။

မိခင်ဖြစ်သူ၏အကြံပြုချက်ကို ကြားလိုက်ရသောအခါ သူက ချက်ချင်းသဘောတူလိုက်သည်။

“အမေ၊ ဒီအကြံက ကောင်းမယ်လို့ထင်တယ်၊ ဆေးပင်တွေဝယ်မယ့် ဆေးဆိုင်တစ်ခုကို ရှာတွေ့သရွေ့တော့ ကျွန်တော်တို့လည်း စုဆောင်းလို့ရတာပဲ”

စုန့်ကန် ထိုစကားကို ကြားသောအခါ ၀င်ပါချင်သွားသော် လည်း သူ့ဇနီးက သူ့နားရွက်ကို ဆွဲလိမ်ကာ အခန်းထဲသို့ ဆွဲသွင်းသွားလေသည်။

“ရှင် ဘာလုပ်နေတာလဲ၊ ဒီကိစ္စမှာ ဝင်ပါချင်သေးတာလား၊ ပြီးခဲ့တဲ့တစ်ခေါက်က အရိုက်ခံရတာ မလုံလောက်သေးလို့လား”

လျိုမေ့ဖန်က အခြေအနေကို ရှင်းလင်းစွာမြင်ထားပြီးဖြစ်သည်။

ဝူယွီလန်မှာ လွယ်လွယ်နှင့် ပြဿနာရှာ၍ရသူမဟုတ်သကဲ့သို့ ဤဆေးဘက်ဝင်အပင်လုပ်ငန်းမှာလည်း လုပ်ကိုင်ရန် ထိုမျှမလွယ်ကူလှပေ။

စကားပုံတစ်ခု ရှိလေ၏။

‘လူတွေက ကိုယ့်ရဲ့ အသိဉာဏ်အပြင်ဘက်က ငွေကိုရှာလို့မရဘူးတဲ့'

သူတို့က ဆေးဘက်ဝင်အပင်များအကြောင်း လုံးဝနားမလည်ကြပေ။

အကယ်၍ သူတို့က တစ်ခုခုအမှားအယွင်းလုပ်မိပြီး တစ်ယောက်ယောက် ရောဂါရသွားပါက သူတို့ ထောင်ကျရမည်မဟုတ်ပါလား။

“မိန်းမ၊ ငါစုံစမ်းကြည့်ပြီးပြီ၊ သူတို့က ဆေးပင်တွေသွားရှာတာ တစ်နေ့ကို ငွေအများကြီးရတယ်တဲ့၊ ငါ စဉ်းစားကြည့်တာက ဝူမိသားစုက နေ့တိုင်း ဒီလောက်ဆေးပင်တွေအများကြီး စုဆောင်းနေတယ်ဆိုတော့ သူတို့လည်း ငွေအများကြီးမြတ်မှာသေချာတယ်”

“ငါတို့သာ သူတို့ဆီကနေ သင်ယူပြီး ဆေးပင်တွေစုဆောင်းမယ်ဆိုရင် သေချာပေါက် ငွေအများကြီးရှာနိုင်မှာပဲ”

စုန့်ကန်တွေးကြည့်လေလေ ပိုဝမ်းသာလေလေဖြစ်ကာ ငွေပုံကြီးက သူ့ကိုလက်ယပ်ခေါ်နေသကဲ့သို့ ခံစားနေရသည်။

ဖြန်း

သို့သော် သူ ဝမ်းသာ၍ မဆုံးမီမှာပင် လျိုမေ့ဖန် သူ့အား ပါးချလိုက်သည်။

All Chapters