← Chapters

အခန်း ၃၄၂၃

Vol. 151 Ch. 3423

အခန်း ၃၄၂၃

Vol. 151 Ch. 3423

အပိုင်း (၃၄၂၃)

ဘာသာပြန်သူ_တိမ်တိုက်

ကောင်းကင်ကံကြမ္မာတောင်ကြားမှ ကျားဟိန်းသံမြို့ဆီသို့ ပြန်လာပြီးသည့် နောက်တွင် ရန်ကိုင်သည် လီ‌ကျောက်ကို ခေါ်ကာ ပြောလိုက်လေသည်။ "ရောင်းရင်းလီ၊ ငါ ခဏလောက် တံခါးပိတ်ကျင့်စဉ် ဝင်လိုက်ဦးမယ်၊ အဲဒီအချိန်အတောအတွင်း မင်း ကျားဟိန်းသံမြို့ထဲက ကိစ္စတွေကို စီမံကိုင်တွယ်ထားလိုက်"

လီ‌ကျောက်က အံ့ဩတကြီးဖြင့် ပြန်မေးလိုက်သည်။ "တံခါးပိတ်ကျင့်စဉ် ဝင်ဖို့၊ အခုအချိန်ကြီးလား"

ကမ္ဘာနှစ်ခုအကြား စစ်ပွဲသည် တောမီးတောက်လောင်သည့်ပမာ နေရာအနှံ့ ပျံ့နှံ့နေခဲ့သည်။ လွန်ခဲ့သည့် ခြောက်လ အတောအတွင်း ကျားဟိန်းသံမြို့သည် ငြိမ်းချမ်းနေခဲ့ပါသော်ငြား နတ်ဆိုးမျိုးနွယ်သည် ကျားဟိန်းသံမြို့အား နောက်တစ်ကြိမ် မတိုက်ခိုက်လာပါဟု မည်သူမျှ အာမ မခံနိုင်ပေ။ ယခုအချိန်သည် တံခါးပိတ်ကျင့်စဉ်ဝင်ရမည့် အချိန်ကောင်း မဟုတ်သေး။ အခပ်မသင့် နတ်ဆိုးမျိုးနွယ်စုသည်သာ တကယ်ကြီး တိုက်ခိုက်လာခဲ့၍ ရန်ကိုင်သာ စစ်ပွဲအတွင်း ရှိမနေပါက ကျားဟိန်းသံမြို့၏ တိုက်ပွဲစွမ်းရည်မှာ အကြီးအကျယ် လျော့ကျသွားရပေလိမ့်မည်။

"မကြာသေးခင်တုန်းက ဉာဏ်အလင်း ပွင့်သွားတာဆိုတော့ ရွေးချယ်စရာ မရှိတော့လို့"

လီ‌ကျောက်က နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ကျင့်ကြံဖို့ရာမှာ လွယ်ကူလှသည့် အရာမဟုတ်။ ဉာဏ်အလင်းပွင့်သည့် အရာမျိုးသည် ရှားမှ ရှားလှသည့် အခွင့်အလမ်းတစ်ရပ် ဖြစ်သည်။ ထိုကဲ့သို့သော အခွင့်အရေးမျိုးကို ရတုန်းရခိုက် အမိအရ ဖမ်းဆုပ်ရပေမည်။ မဖမ်းဆုပ်နိုင်ခဲ့ဘဲ လွဲချော်သွားခဲ့မည်ဆိုပါက နှစ်ပေါင်း မရေမတွက်နိုင်အောင် ပြန်လည် ကြိုးစားအားထုတ်သည့်တိုင် ထိုကဲ့သို့သော အခွင့်အရေးမျိုးကို ပြန်ကြုံဖို့ရာ မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် လီ‌ကျောက်မှာလည်း ပြန်၍သာ ပြောလိုက်ရတော့လေ၏။ "အဲဒါဆိုရင် ဒီလီ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ကျားဟိန်းသံမြို့ကို စီမံပေးထားမယ်၊ ဒါပေမဲ့ ရောင်းရင်းရန် နဂါးတစ်ပိုင်းမြို့က လူတွေနဲ့ စီနီယာဖုလင်ကရော"

"စိတ်မပူနဲ့၊ သူတို့ကို ခင်ဗျားပြောတာ နားထောင်ဖို့ ပြောထားလိုက်မယ်"

လီ‌ကျောက်၏ ကျင့်ကြံခြင်းနှင့် ဂုဏ်ပုဒ်ကြောင့် သူ့အနေဖြင့် ကျားဟိန်းသံမြို့ကို ကွပ်ကဲဖို့ရာ ကိစ္စမရှိပေ။ သို့ပါသော်ငြား ပြဿနာမှာ ဖုလင် ဖြစ်ပေသည်။ သူမသည် အဆင့်ခြောက် သွေးသန့်နဂါးတစ်ကောင် ဖြစ်သည့်အလျောက် လီ‌ကျောက်အနေဖြင့် သူမအား သွားအမိန့်ပေးနိုင်လိမ့်မည် မဟုတ်။ ထိုအပြင် ဖုလင်မှာ အားကိုးရသည့် လူစားမျိုးလည်း မဟုတ်။ ရန်ကိုင် ရှိနေစဉ် ဖုလင်မှာ နာနာခံခံနှင့် ရှိနေပါသော်ငြား ရန်ကိုင် မရှိသည့်အခါတွင် သူမသည် အလွန်ကို ဇောင်းကြွလှသည့် နဂါးတစ်ကောင် ဖြစ်သည်။ ထို့ကြောင့် လီ‌ကျောက်အား အနည်းငယ်မျှပင် မျက်နှာသာပေးလိမ့်မည် မဟုတ်။ သို့ပါသော်ငြား ရန်ကိုင်မှာ ကျားဟိန်းသံမြို့အား လီ‌ကျောက် လက်ထဲသို့ အပ်ထားချင်သည့်အတွက်ကြောင့် ကိစ္စအဝဝကို ကြိုတင်စီစဉ်ထားရပေလိမ့်မည်။

တစ်ခဏအကြာတွင် ရန်ကိုင်သည် ဖုလင်ကို ခေါ်၍ နောက်ပိုင်း၌ လီ‌ကျောက်၏ အမိန့်များကို နာခံရန်နှင့် ထိုသို့မဟုတ်ပါက နဂါးကျွန်းဆီသို့ ပြန်ပို့မည်ဖြစ်ကြောင်း ပြောလိုက်လေသည်။

ဖုလင်မှာတော့ မနာခံဘဲ မနေရဲခဲ့ဘဲ ကြက်အစာကောက်နေသည့်ပမာ ခေါင်းကို အဆက်မပြတ် ညိတ်ပြနေခဲ့သည်။ နဂါးကျွန်းမှ ထွက်လာဖို့ရာ မလွယ်လှပေ။ ထိုအတွက်ကြောင့် တစ်ခဏလေးနှင့် နဂါးကျွန်းဆီသို့ မပြန်လိုပေ။

ထို့နောက်တွင် ရန်ကိုင်သည် မြို့ထဲရှိ ဧကရာဇ်အဆင့်ပညာရှင်များနှင့် သွားတွေ့ကာ သူတံခါးပိတ်ကျင့်စဉ် ဝင်တော့မည် ဖြစ်သည့်အတွက်ကြောင့် မလိုအပ်လျှင် သူ့အား လာမနှောင့်ယှက်ရန် ပြောခဲ့သည်။ ထို့နောက်တွင် လူတိုင်း၏ ရှေ့မှောက်၌ပင် မြို့သခင်စံအိမ်ထဲသို့ ဝင်သွားခဲ့လေ၏။

ရန်ကိုင် တံခါးပိတ်ကျင့်စဉ် ဝင်သည်မှာ ဟန်ပြသက်သက်သာ ဖြစ်လေသည်။ ကောင်းကင်ကံကြမ္မာမဟာဧကရာဇ်နှင့် သားရဲသခင်မဟာဧကရာဇ်အား နတ်ဆိုးနယ်မြေဆီသို့ သွားပေးပါမည်ဟု ကတိပေးထားခဲ့သည့်အတွက်ကြောင့် ကျားဟိန်းသံမြို့အတွက် ကြိုတင်စီစဉ်ပေးခဲ့ရပေလိမ့်မည်။ ထိုသို့သာ မဟုတ်ပါက သူနတ်ဆိုးနယ်မြေသို့ ထွက်သွားသည့် တစ်နေ့ ကျားဟိန်းသံမြို့တွင် ခေါင်းဆောင်မရှိ ဖြစ်နေပေလိမ့်မည်။ ထိုအကြောင်းကြောင့်ပင်လျှင် သူထွက်သွားသည့်တစ်နေ့ လီ‌ကျောက်အနေဖြင့် ကျားဟိန်းသံမြို့အား ကောင်းကောင်း စီမံကိုင်တွယ်နိုင်စေရန်အတွက် ရန်ကိုင်မှာ လီ‌ကျောက်အား ခေါင်းဆောင်ရာထူးနှင့် အသားကျနေဖို့ရာ ကြိုတင်လေ့ကျင့်ပေးထားခြင်း ဖြစ်လေသည်။

လျှို့ဝှက်ခန်းထဲသို့ ရောက်သည်နှင့် ရန်ကိုင်သည် လေဟာနယ်မှတ်တိုင်ကို အသက်သွင်းကာ အခန်းထဲမှ ထွက်လာခဲ့လေသည်။

ထို့နောက် ရန်ကိုင် ပြန်ပေါ်လာသည့်အခါတွင် အမျိုးသမီးတစ်ဦး၏ အိပ်ခန်းဆောင်ထဲသို့ ရောက်နေလေ၏။

"ဘယ်သူလဲ" အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး အေးစက်စက် အလင်းတစ်ချက် လက်သွားကာ ဓားတစ်ချောင်းသည် ရန်ကိုင်၏ မျက်နှာတည့်တည့်ဆီသို့ တိုးဝင်လာခဲ့လေသည်။

သို့ပါသော်ငြား ရန်ကိုင်သည် ဓားသွားထိပ်ကို လက်ညှိုးဖြင့် တောက်ချ၍ ဖြူလွလွ လက်ကောက်ဝတ်အား လှမ်းဖမ်းဆွဲလိုက်ရာ ဓားကိုင်ထားသည့် အမျိုးသမီးမှာ ရန်ကိုင်၏ ရင်ခွင်ထဲသို့ ပုံကျလာခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် ထိုအမျိုးသမီး၏ မျက်နှာအနားသို့ ကပ်၍ ယဲ့ယဲ့လေး ပြုံးရင်းမှ ပြောလိုက်လေ၏။ "ယောင်အာ၊ ဒါ နင်လူတွေကို ကြိုဆိုတဲ့ ပုံစံလား"

ကျိယောင် ကြောင်သွားလေသည်။ "နင် ဒီကို ဘာလာလုပ်တာလဲ"

"ငါနင့်ကို လာတွေ့တာလေ" ရန်ကိုင်သည် ကျိယောင်ကို စိုက်ကြည့်နေရင်းမှ သူမ၏ ဆံပင်လေးကို သပ်ပေးလိုက်လေ၏။

ရန်ကိုင်၏ ထိုကဲ့သို့ စိုက်ကြည့်ခြင်း ခံလိုက်ရသော် ကျိယောင် ရှက်သွားခဲ့သည်။ သို့ပါသော်ငြား လက်ရှိ ရန်ကိုင်၏ မျက်လုံးထဲ အလွန်ကိုမှ သိမ်မွေ့လှသည့် အရိပ်အယောင်တို့ဖြင့် ပြည့်နေခဲ့ပြီး သူမနှင့် မခွဲချင်သည့် အရိပ်အယောင်တို့ကို မြင်တွေ့နေရသည်။ ထိုအကြောင်းကြောင့် ကျိယောင်မှာလည်း ရန်ကိုင်ဆီမှ အကြည့်လွှဲရင်းမှ ရန်ကိုင်၏ ရင်ခွင်ထဲ အေးအေးဆေးဆေးလေး မှီနေလိုက်လေသည်။

ထို့နောက်တွင် ရန်ကိုင်သည် ကျိယောင်၏ မေးစေ့လေးကို လှမ်းကိုင်၍ သူမ၏ ခေါင်းကို မော့လိုက်သည်။

ကျိယောင် မတုံ့ပြန်နိုင်သေးခင်မှာပင် လေပူများ သူမ၏ မျက်နှာအား လာရောက်ပွတ်သပ်သွားခဲ့လေသည်။ သူမ မသိလိုက်ခင်မှာပင် သူမ၏ နှုတ်ခမ်းသည် ရန်ကိုင်၏ နှုတ်ခမ်းနှင့် ထိကပ်သွားခဲ့လေ၏။ ကျိယောင်လည်း မျက်လုံးကို ဖြည်းဖြည်းချင်းပိတ်၍ သူမ လက်ထဲရှိ ဓားကို လွှတ်ချလိုက်သည်။ ထို့နောက် ရန်ကိုင်၏ လည်ပင်းကို သူမလက်ဖြင့် တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်လေ၏။

အတန်ကြာအောင် တစ်ဦးနှင့်တစ်ဦး တရှိုက်မက်မက် နမ်းရှုံ့နေပြီးသည့်နောက် ရန်ကိုင်သည် ကျိယောင်အား ခါးမှ ပွေ့ချီကာ ကုတင်ပေါ်တွင် ချပေးလိုက်သည်။ ထို့နောက် သူမ ကိုယ်ပေါ်သို့ ကိုင်း၍ ကျိယောင်အား စိတ်ရှိလက်ရှိ ထပ်မံ မြည်းစမ်းတော့လေသည်။

သူတို့နှစ်ဦးသား အကြားရှိ ဆက်ဆံရေးမှာ ရေခဲနှလုံးသားတောင်ကြားထဲရှိ သိုင်းကျမ်းဆောင်ကိစ္စ ပြီးသွားသည့်နောက် အတော်လေးကိုမှ တိုးတက်လာခဲ့လေသည်။ သို့ပါသော်ငြား နှစ်ဦးသားကြားတွင် ကန့်သတ်ထားသော နံရံလှိုင်းများကိုမူ အပြည့်အဝ ကျော်လွန်ရခြင်း မရှိသေးပေ။ ကျိယောင်မှာမူ ထိုကဲ့သို့သော ရံဖန်ရံခါ ရင်ဖိုဖွယ်ကောင်းလှသည့် အခိုက်အတန့်များကို နှစ်ခြိုက်သည့်ပုံပင်။ ထို့ထက်ပို၍ ရန်ကိုင်အား ဘာကိုမျှ မတောင်းဆိုခဲ့ပေ။ သူမတို့၏ ဆက်ဆံရေးကို ရန်ကိုင်မှ လူသိရှင်ကြား ထုတ်ပြောမည်ကိုလည်း မလိုလားပေ။

ထိုအကြောင်းကြောင့် ရန်ကိုင်မှာလည်း ကျိယောင်အား သွား၍ တွန်းအားပေးမနေခဲ့ဘဲ ကျိယောင် လက်သင့်ခံသလောက် နေပေးလေ၏။

အလျှံမီးမီး တောက်လောင်နေသော မီးတောက်ထဲ ရောယှက်နေသော မီးသွေးတုံးပမာ ကာမအပူချိန်တို့ မြင့်တက်နေသည့် ခန္ဓာကိုယ်နှစ်ခုသည် ကုတင်အထက် လူးလိမ့်နေခဲ့လေသည်။ အတန်ကြာသွားသည့်အခါမှသာ ရန်ကိုင်သည် ကျိယောင်အား လွှတ်ပေးလိုက်တော့သည်။ ကျိယောင်သည် ရန်ကိုင်၏ ကိုယ်အထက် အားနွဲ့စွာ လဲလျောင်းနေရင်းမှ အမောတကော အသက်ကို ရှူရှိုက်နေခဲ့လေ၏။

ရုတ်တရက် ရန်ကိုင်က ပြောလိုက်သည်။ "ယောင်အာ၊ နောက်ရက်တွေ နင် ဘာတွေကိုပဲ ကြားကြား လုံးဝ မယုံနဲ့နော်၊ ဘယ်သူ့ကိုမှလည်း အငြိုးမထားနဲ့နော်"

ရန်ကိုင် ပြောသည့် စကားမှာ အမှန်တကယ်ကိုမှ နားရှုပ်ဖွယ်ကောင်းလှသည်။ ထိုအကြောင်းကြောင့် ကျိယောင်မှာ ခေါင်းမော့၍ ရန်ကိုင်အား ကြည့်ရင်းမှ ပြန်မေးလိုက်လေ၏။ "နောက်ရက်တွေမှာ ဘာဖြစ်မှာမလို့လဲ"

ရန်ကိုင်ကမူ ကျိယောင်၏ နှာခေါင်းလေးကို ညှစ်လိုက်ရင်းမှ... "ထပ်မေးမနေတော့နဲ့ အချိန်တန်ရင် သိလိမ့်မယ်၊ ငါပြောတာကိုသာ သေချာမှတ်ထား"

ကျိယောင်မှာ ဘာမျှ ပြန်မပြောခဲ့ဘဲ ရန်ကိုင်ကိုသာ ကြည့်နေခဲ့သည်။

ရန်ကိုင်က ထပ်၍ ပြောလိုက်၏။ "အဆင်ပြေလား"

ကျိယောင်က ခေါင်းညိတ်ပြလိုက်သည်။ "ပြေတယ်"

ထိုအခါမှသာလျှင် ရန်ကိုင်မှာ စိတ်သက်သာရာရသွားဟန်ဖြင့် ကျိယောင်အား တစ်ခဏမျှ စိုက်ကြည့်နေပြီးသည့်နောက် နောက်တစ်ကြိမ် ကာမဇာတ်ပွဲကို စပြန်လေ၏။

ရန်ကိုင်သည် ကျိယောင်နှင့် တစ်ညလုံးလုံး အချိန်ဖြုန်းနေခဲ့လိုက်ပြီးမှသာလျှင် ထွက်လာခဲ့လေသည်။

ထက်ကောင်းကင်နန်းတော်၏ ဆေးလုံးတောင်ထက်ဝယ် ရန်ကိုင်မှာ ဝိုင်အိုး တစ်အိုးကို ကိုင်ရင်း အထဲသို့ ဝင်လာခဲ့သည်။

ရန်ကိုင် ဝင်လာနေသည်ကို မြင်သည့်အခါ တံခါးအပေါက်ဝတွင် ရှိနေကြသော ပညာရှင်များက တလေးတစားဖြင့် ဦးညွှတ်၍ နှုတ်ဆက်လိုက်ကြသည်။ သို့ပါသော်ငြား ထိုလူများအနက် စီနီယာအကျဆုံး လူသည် ရန်ကိုင် လမ်းကို ရဲရဲတင်းတင်း ပိတ်ရပ်၍ အကျပ်ရိုက်နေသည့် အမူအရာဖြင့် ပြောလိုက်လေသည်။ "နန်းတော်သခင် အခုလောလောဆယ် နန်းတော်ကျိနဲ့ မဒမ်ရှတို့ ဆေးဖော်စပ်နေလို့ ဘယ်သူ့ကိုမှ လာမနှောင့်ယှက်ခိုင်းဖို့ ဆေးဝိဇ္ဇာကြီးက အမိန့်ပေးထားတယ်"

"လမ်းဖယ် လမ်းဖယ်" ရန်ကိုင်ကမူ ထိုလူ ပြောသည်ကို ဂရုစိုက်မနေခဲ့ဘဲ ထိုလူကို တွန်းဖယ်၍ အထဲသို့ ဝင်သွားလိုက်သည်။ တစ်ချိန်တည်း၌လည်း အော်ခေါ်လိုက်လေ၏။ "စီနီယာမမလေး၊ စီနီယာမမလေး"

ရန်ကိုင်မှာ မြေအောက်ထဲတွင် ရှိနေသော ဆေးဖော်စပ်ခန်းထဲသို့ ရောက်သည်အထိ စီနီယာမမလေးဟု အော်ခေါ်ရင်း လျှောက်လာခဲ့သည်။ နောက်ဆုံးတွင် ထိုနေရာသို့ ရောက်လာသည့်အခိုက် ဆေးဖော်စပ်ခန်း၏ အခန်းတံခါး ရုတ်တရက် ပွင့်ထွက်သွားခဲ့ပြီး ဖွာကြဲလန်နေသည့် ကျိယင် ပြေးထွက်လာသည်ကို တွေ့လိုက်ရသည်။ ကျိယင်၏ မျက်နှာမှာ ဒယ်အိုးဖင်ပမာ မည်းနက်နေခဲ့လေသည်။ အပြင်သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်အား အင်္ကျီကော်လာမှ ဆွဲကိုင်၍ အော်ပြောလိုက်လေ၏။ "ငါ ဆေးဖော်စပ်နေတဲ့အချိန် လာမနှောင့်ယှက်ဖို့ မင်းကို ငါ ဘယ်နှကြိမ် ပြောထားရမလဲ၊ နန်းတော်သခင် ဖြစ်နေတာနဲ့ ငါမင်းကို မရိုက်ရဲဘူးလို့ ထင်နေတာလား"

ရန်ကိုင်က ပြုံးရင်းမှ ပြန်ပြောလိုက်လေ၏။ "ရောင်းရင်းကျိရယ် ဒေါသမထွက်စမ်းပါနဲ့ကွာ၊ ဆေးမီးဖိုလေး တစ်ခုပဲဟာကို၊ နောက်တစ်ကြိမ် ထပ်ဖော်စပ်လို့ ရနေတာပဲ"

ကျိယင်၏ ပုံစံကို ကြည့်ရသလောက် ဆေးမီးဖို ပေါက်ကွဲသွားသည့်ပုံပင်။ ထိုသို့သာ မဟုတ်ပါက ကျိယင် မျက်နှာ မည်းနက်နေစရာ အကြောင်းမရှိပေ။ ရန်ကိုင် အထဲသို့ စီနီယာမမလေးဟု အော်ခေါ်ရင်း ဝင်လာသည့်အချိန်တွင် ကျိယင်သည် ဆေးဖော်စပ်ရာ၌ အရေးကြီးသည့် အခိုက်အတန့်သို့ ရောက်နေရပေလိမ့်မည်။ သို့ပါသော်ငြား ရန်ကိုင်၏ အဆက်မပြတ် အော်ခေါ်သံကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားပြီး အာရုံမစိုက်နိုင်တော့ဘဲ ဆေးမီးဖို ပေါက်ကွဲသွားခဲ့ရခြင်း ဖြစ်သည်။

ကျိယင်က ဒေါမာန်တကြီးဖြင့် ပြန်ပြောလိုက်လေသည်။ "ထပ်ပြီး ဖော်စပ်ရမယ်၊ ဒီတော့ ငါက အပင်ပန်းခံပြီး နောက်တစ်ကြိမ် ထပ်ဖော်စပ်ရမယ်ပေါ့၊ ဟုတ်လား၊ ဒါက ငါ့လို ဆေးပညာရှင်တစ်ယောက်အတွက် လုံးဝကို မဖြစ်သင့်တာကွ၊ ငါလခွမ်းကွာ၊ ဒီနေရာမှာ ဆေးပညာရှင် လုပ်ဖို့ ဘာဖြစ်လို့ သဘောတူမိလိုက်ရတာလဲ မသိဘူး"

ထိုအခိုက်အတန့်ဝယ် ရှနင်းချန်မှာ ရယ်ချင်စိတ်ကို မနည်း အောင့်အည်းထားရင်းမှ ဆေးဖော်စပ်ခန်းထဲမှ ထွက်လာခဲ့လေသည်။ သူမ၏ မျက်နှာမှာ မျက်နှာလွှာစအောက် ကွယ်နေခဲ့ပါသော်ငြား လခြမ်းကွေးပမာ ကွေးတက်နေသော သူမ၏ မျက်ဝန်းလေးများသည် သူမ ဘယ်လောက် ရယ်ချင်နေကြောင်းကို အတိုင်းသား ဖော်ပြနေခဲ့လေသည်။

"ကဲ ကဲ ကဲ၊ စိတ်ဆိုးမနေတော့နဲ့၊ ဒီမှာ ငါ အရက်တစ်အိုး ယူလာတယ်၊ ကြည့်ကြည့်လိုက်" ရန်ကိုင်သည် အရက်အိုးကို လှုပ်ပြရင်းမှ ပြောလိုက်သည်။

"မင်းအရက်အိုးက ဘာလုပ်ရမှာလဲ၊ ငါ မသောက်ချင်ဘူး၊ ငါ့ဆေးလုံးတွေပဲ ပြန်ပေး" ကျိယင်မှာ အရက်အိုးကို တွန်းဖယ်ရင်းမှ ပြောလိုက်သည်။

ရန်ကိုင်က ပြန်ပြောလိုက်သည်။ "ဒီအရက်အိုးက ရိုးရိုးအရက်အိုး မဟုတ်ဘူး၊ အနောက်ဘက်နယ်မြေက ဓားဝိုင်နော်၊ ဓားဝိုင်ထဲမှာမှ အဆင့်အမြင့်ဆုံး၊ ရောင်းရင်းကျိ၊ မင်း တကယ် မသောက်ချင်တာ သေချာလား၊ ဒီလို အဆင့်အမြင့်ဆုံး ဓားအရက်ကို အခုခေတ်မှာ တွေ့ရဖို့ဆိုတာ လွယ်တော့တာ မဟုတ်ဘူးနော်"

အနောက်ဘက်နယ်မြေ၏ ဓားအရက်မှာ အလွန်ကိုမှ နာမည်ကျော်ကြားပေသည်။ ရန်ကိုင်နှင့် ကျုချင်းတို့ ပထမဦးဆုံးအကြိမ် စတွေ့စဉ်က ကျုချင်းအနေဖြင့် သူမအား ဓားအရက်တို့ ယူလာပေးမှသာလျှင် သူမနှင့် မိတ်ဆွေဖွဲ့မည်ဟု ရန်ကိုင်မှ ပြောခဲ့သည်။ သို့ပါသော်ငြား ကျုချင်းသည် ရန်ကိုင် ပြောသည့်အတိုင်း ဓားအရက် တစ်အိုးကို အမှန်တကယ် ရအောင် ယူလာပေးခဲ့လေသည်။ မည်ကဲ့သို့ ရအောင် ယူလာခဲ့သလဲဆိုသည်မှာတော့ မေးခွန်းထုတ်စရာပင်။

ယခု အနောက်ဘက်နယ်မြေမှာ နတ်ဆိုးနယ်မြေ၏ တိုက်ခိုက်ခြင်းခံနေရသည့်အလျောက် ဓားအရက်ကို ထုတ်လုပ်သော စံအိမ်မှာလည်း ဖျက်ဆီးခံလိုက်ရလေပြီ။ ထိုအကြောင်းကြောင့် ဤဓားအရက်မှာ ယနေ့ခေတ်၌ ပို၍ပင် ရှားပါးလာတော့သည်။

ထိုစကားကို ကြားပြီးသည့်နောက် ကျိယင် ကြောင်သွားခဲ့ပြီး အရက်အိုးကို အလျင်စလို လှမ်းဆွဲယူလိုက်သည်။ ထို့နောက် အရက်အိုးကို ဖွင့်ကြည့်ရင်းမှ ပြောလိုက်လေ၏။ "ငါ အရက်တွေအမျိုးမျိုး မြည်းစမ်းကြည့်ပြီးသွားပြီ၊ မင်းငါ့ကို လိမ်ရဲတယ်ဆိုရင်တော့ ငါနဲ့တွေ့မယ်"

ရန်ကိုင်က ပြန်ပြောလိုက်၏။ "ငါ ရောင်းရင်းကျိကို ဘယ်လိုလုပ်ပြီး လိမ်ရမှာလဲ၊ ရောင်းရင်းကျိ ငါ စီနီယာမမလေးကို တစ်ချက်ခေါ်သွားလိုက်ဦးမယ်၊ ဘယ်အချိန် ပြန်လာမလဲတော့ ငါလည်း သေချာမပြောတတ်ဘူး၊ အဲဒီအချိန်အတောအတွင်း ဆေးကိစ္စနဲ့ ပတ်သက်တာတွေကို ရောင်းရင်းကျိပဲ ဂရုစိုက်ထားလိုက်နော်"

"မင်းတို့ ဘယ်ကိုသွားမလို့လဲ" ကျိယင် ခေါင်းမော့၍ လှမ်းမေးလိုက်ပါသော်ငြား ရန်ကိုင်နှင့် ရှနင်းချန်ကို မည်သည့်နေရာတွင်မျှ မတွေ့ရတော့ကြောင်း တွေ့လိုက်ရသည်။ ကျိယင် အရက်ပုလင်းအပေါ် တစ်ခဏမျှ အာရုံစိုက်နေစဉ် ရန်ကိုင်မှာ ရှနင်းချန်ကို ခေါ်သွားခဲ့လေပြီ။ ထိုအကြောင်းကြောင့် ကျိယင်မှာ အံတကြိတ်ကြိတ်ဖြင့် အော်ဆဲရင်းဖြင့်သာ ကျန်ရစ်ခဲ့ရတော့သည်။

ဟင်းလင်းပြင်အစီအရင် အထက်ဝယ် ရန်ကိုင်နှင့် ရှနင်းချန်တို့ ပေါ်လာခဲ့လေသည်။ ရှနင်းချန်က ရန်ကိုင်ကို ကြည့်ရင်းမှ မေးလိုက်လေ၏။ "အနောက်ဘက်နယ်မြေက အခြေအနေ ဘယ်လိုနေလဲ၊ နင်ရော ဘာလို့ ပြန်လာတာလဲ"

ရန်ကိုင်က ပြုံးရင်းမှ... "အနောက်ဘက်နယ်မြေက ကိစ္စတွေကိုတော့ အဲဒီကလူတွေပဲ စိတ်ပူပါစေ၊ ငါကတော့ အခု စီနီယာမမလေးနဲ့ တွေ့ဖို့ ပြန်လာခဲ့တာ"

"အစ်မတွေဆီ သွားပြီးသွားပြီလား"

"မသွားရသေးဘူး" ရန်ကိုင် ခေါင်းခါပြလိုက်သည်။

ရုတ်တရက် ရှနင်းချန်၏ အကြည့် ယာယီမျှ ရပ်တန့်သွားခဲ့သည်။ ရန်ကိုင်၏ လည်တိုင်ကို သေသေချာချာ စိုက်ကြည့်နေရင်းမှ ရန်ကိုင်၏ လည်ပင်း၌ ကပ်ငြိနေသော ဆံပင်စ အချို့ကို ဖယ်၍ ပြောလိုက်လေ၏။ "သွား၊ အစ်မတွေကို အရင်သွားတွေ့လိုက်၊ ငါနင့်ကို ဒီမှာ စောင့်နေမယ်၊ သူတို့တွေက နတ်ဆိုးမျိုးနွယ်နဲ့ တိုက်ခိုက်နေရတာဆိုတော့ ငါ့လောက် သက်တောင့်သက်သာ နေရတာ မဟုတ်ဘူး"

ရှနင်းချန်၏ လက်ထဲတွင် ရှိနေသော ဆံပင်မွေးများကို ကြည့်ရင်း ရန်ကိုင်၏ မျက်နှာကြီး မဲ့သွားလေသည်။ ထို့နောက်တွင် ရှနင်းချန်ကို သူ့ရင်ခွင်ထဲသို့ ဆွဲဖက်၍ သူမ၏ နဖူးလေးကို နမ်းကာ ပြောလိုက်လေ၏။ "စီနီယာမမလေးက ဂရုအစိုက်တတ်ဆုံးပဲ"

ရှနင်းချန်က ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ပြန်ပြောလိုက်၏။ "မလုပ်နဲ့" ရှနင်းချန်သည် ရန်ကိုင် ရင်ဘတ်ကို သူမ၏ လက်သီးလေးများဖြင့် ထုရိုက်ရင်းမှ ပြောလိုက်လေသည်။ "လူတွေ ကြည့်နေတယ်"

ဟင်းလင်းပြင်အစီအရင်ကို စောင့်ကြပ်နေသည့် တပည့်များမှာ ထိုမြင်ကွင်းကို အတိုင်းသား မြင်နေရလေသည်။ သို့ပါသော်ငြား နန်းတော်သခင်နှင့် သူ့မိန်းမတို့ လူရှေ့သူရှေ့၌ တစ်ဦးနှင့်တစ်ဦး ချစ်ကြည်နူးနေလေရာ ထိုမြင်ကွင်းကို မည်သူကများ ပေါ်တင်ကြီး သွားကြည့်ရဲပါမည်နည်း။ ထိုအကြောင်းကြောင့် လက်ရှိအချိန်တွင် ဟင်းလင်းပြင်အစီအရင်အား စောင့်ကြပ်နေသော တပည့်များမှာ မသိကျိုးကျွန်ပြုလျက် မြေကြီးကို ငုံ့ကြည့်သူကကြည့် ကောင်းကင်ကို မော့ကြည့်သူကကြည့် လုပ်နေကြလေသည်။ ထိုအခိုက်အတန့်ဝယ် လေဟာနယ်နိယာမတို့ ဖြာထွက်လာခဲ့ပြီး ဟင်းလင်းပြင်အစီအရင်ထက် လူသုံးဦး ရုတ်တရက် ပေါ်လာခဲ့သည်။

ရန်ကိုင်တို့ကို မြင်လိုက်သည့်နောက် မနာလိုနေသည့် အသံတစ်သံ ထွက်လာခဲ့လေသည်။ "ဟော၊ နင်ငါတို့ကို ခေါ်လိုက်တာ ဒီလိုမြင်ကွင်းမျိုး ပြဖို့ပေါ့၊ ဟုတ်လား"

ရှနင်းချန်၏ မျက်နှာလေး ရဲတက်သွားခဲ့ပြီး ရန်ကိုင်၏ လက်ထဲမှ အလျင်စလို ရုန်းထွက်လိုက်သည်။ ထို့နောက်တွင် ယခုလေးတင် ပေါ်လာသည့် လူသုံးဦးဆီသို့ သွားကာ နှုတ်ဆက်လိုက်လေသည်။

ရန်ကိုင်သည် ထိုလူများကို ပြန်ကြည့်ရင်းမှ ပြောလိုက်လေ၏။ "လော့အာ၊ နင့်အစ်မကို နင် မနာလိုနေတာလား"

ရှန်ချင်း‌လော့သည် ရန်ကိုင်အား အထင်အမြင်တသေးဖြင့် ကြည့်ရင်းမှ... "ဒါပေမဲ့ ငါ့ညီအစ်မတွေဆိုရင်‌တော့ ကိစ္စမရှိပါဘူး၊ အဲဒီလိုမှ မဟုတ်ဘဲ အပြင်ဘက်က မြေခွေးမတွေနဲ့ နင်သွားပြီး မပျော်ပါးနေပါဘူးလို့ ဘယ်သူက အာမခံပေးနိုင်မှာလဲ"

"ငါက ဘယ်လိုလုပ်ပြီး အဲဒီလိုမျိုး လုပ်ရမှာလဲ" ရန်ကိုင်က အလျင်စလို ပြန်လည်ငြင်းဆိုလိုက်လေသည်။

ရှန်ချင်း‌လော့က နှာခေါင်းရှုံ့လျက်... "တကယ်ကြီးလား၊ အဲဒါဆို ဟိုလီရှီချင်းက ဘယ်သူလဲ ငါတို့ကို တစ်ချက်လောက် ရှင်းပြပေးလို့ရမလား"

ရန်ကိုင် ဇောချွေးပြန်သွားခဲ့ပြီး ချက်ချင်းပဲ စုယန်အား တောင်းပန်တိုးလျှိုးသည့် အမူအရာဖြင့် လှမ်း၍ ကြည့်လိုက်လေသည်။

စုယန်မှာတော့ အခြေအနေကို ပို၍ သိတတ်နားလည်သူတစ်ဦးပီပီ ချက်ချင်းပဲ ခေါင်းစဉ်ပြောင်းလိုက်လေ၏။ "နင်ဘာလို့ ငါတို့ကို ပြန်ခေါ်တာလဲ"

သူတို့ သုံးဦးမှာ ထက်ကောင်းကင်နန်းတော်မှ ပထမဦးဆုံးအသုတ်အဖြစ် စေလွှတ်လိုက်သော တပည့်များနှင့်တကွ ရေခဲနှလုံးသားတောင်ကြားမှ တပည့်များနှင့်အတူ တစ်မြို့တည်း၌ တာဝန်ကျနေခြင်း ဖြစ်လေသည်။ ထိုစဥ် ကျိယောင်ဆီမှ ရုတ်တရက် သတင်းတစ်ခု ရလာခဲ့သည်။ ထို့နောက်တွင် သုံးဦးစလုံး ထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်လာခဲ့ကြလေ၏။

ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ "ဘာမှမဟုတ်ပါဘူး၊ ဒီအတိုင်းပဲ ဒီပတ်ဝန်းကျင်ကြီးရဲ့ အလှတရားကို အတူတူ ခံစားချင်လို့ ခေါ်လိုက်တာ"

အထွဋ်အထိပ်သိုင်းဧကရာဇ်

All Chapters