← Chapters

အခန်း ၃၄၃၂

Vol. 151 Ch. 3432

အခန်း ၃၄၃၂

Vol. 151 Ch. 3432

အပိုင်း (၃၄၃၂)

ဘာသာပြန်သူ_တိမ်တိုက်

အန်ဟဲမြို့သည် တောင်ဘက်နှင့် အနောက်ဘက်နယ်မြေ နယ်စပ်ပေါ်တွင် တည်ရှိနေသော လူဦးရေ သိန်းဂဏန်းလောက်သာ ရှိသည့် မြို့ငယ်လေး တစ်မြို့ ဖြစ်သည်။ မြို့ထဲဝယ် အားကောင်းလှသည့် ပညာရှင်များ မရှိကြဘဲ မြို့၏ မြို့သခင်သည်ပင်လျှင် တာအိုသခင်ပထမအဆင့်သို့သာ ရောက်ပေသေးသည်။

ဤကဲ့သို့သော မြို့လေး တစ်မြို့သည် ကြယ်တာရာအစုအဝေးထဲဝယ် အလွန်ကိုမှ သေးနုပ်လှပေသည်။

မူလက အန်ဟဲမြို့ထဲရှိ နေထိုင်သူ ဦးရေမှာ အတော်လေးကိုမှ များလှပါသော်ငြား ကမ္ဘာနှစ်ခု စစ်စဖြစ်သည်နှင့် တစ်ပြိုင်နက် အန်ဟဲမြို့ထဲရှိ ကျင့်ကြံသူများမှာ ကြောက်ကြောက်လန့်လန့်နှင့် တောင်ဘက်နယ်မြေ အတွင်းပိုင်းထဲသို့ ထွက်ပြေးကုန်ကြလေရာ မြို့ထဲရှိ နေထိုင်သူဦးရေ အရေအတွက်မှာ တစ်ဝက်ကျော်မက လျော့ကျသွားခဲ့လေသည်။

သို့ပါသော်ငြား ခေတ်မကောင်းစဉ် ကာလဖြစ်စေ ခေတ်ကောင်းစဉ် ကာလဖြစ်စေ လူပြတ်သွားလေ့ မရှိသည့် နေရာတစ်ခုတော့ ရှိပေသည်။ အခြားမဟုတ် ဆောင်ကြာမြိုင်များပင် ဖြစ်ကြသည်။

အန်ဟဲမြို့မှာ မကြီးလှပါသော်ငြား မြို့ထဲတွင် ဆောင်ကြာမြိုင် အတော်များများ ရှိကြပေသည်။

ဆောင်ကြာမြိုင်များအနက် အကြီးဆုံးမှာတော့ နွေဦးလေညင်းစံအိမ် ဖြစ်ပေသည်။ ခေတ်ကာလ မကောင်း၍ မည်သည့်မည်ချိန် သေရမည်ကို ကြိုမသိသည့်အတွက်ကြောင့် လူတိုင်းမှာ အချိန်ရှိတုန်းရှိခိုက် စိတ်ပျော်အောင်နေရန်သာ ဆုံးဖြတ်ထားကြတော့သည်။ ထိုအကြောင်းကြောင့် ဆောင်ကြာမြိုင်များမှာ အမြဲလူများဖြင့် ပြည့်နေလေ၏။ အန်ဟဲမြို့ လူဦးရေမှာ တစ်ဝက်မက လျော့သွားသည့်တိုင် နွေဦးလေညင်းစံအိမ် စီးပွားရေးမှာတော့ ယခင်ပုံမှန်ထက်ပင် ပိုမို ကောင်းမွန်နေပေသေးသည်။

စံအိမ် တစ်ခုလုံးကို ခမ်းနားစွာ ဆောက်လုပ်ထားခဲ့ပြီး နံရံဆေးရေး ပန်းချီများမှာလည်း စွဲမက်ဖွယ်ရာ အငွေ့အသက်တို့ဖြင့် ပြည့်နေလေသည်။ ခန်းမထဲဝယ် စားပွဲခုံများ နေရာအနှံ့တွင် ရှိနေကြပြီး ဧည့်သည်ပေါင်းများစွာမှာမူ ထိုစားပွဲခုံများအထက် ထိုင်ရင်း အရက်သောက်ကာ မပေါ်တပေါ် ဝတ်စားထားကြသော ကောင်မလေးများနှင့် ပျော်ပါးနေကြလေသည်။ မကြာမကြာဆိုသလို ထိုလူများ၏ လက်များသည် ကောင်မလေးများ၏ ခန္ဓာကိုယ်တစ်လျှောက် ရွေ့လျားသွားတတ်သည်။ ထိုလူများ၏ အော်ဟစ် ရယ်မောသံများသာလျှင် မဟုတ်။ ကောင်မလေးများ၏ ရယ်သွမ်းသွေးသံများဟာလည်း ခန်းမအနှံ့ ပျံ့နှံ့နေခဲ့လေသည်။ ထိုအချိန်အတောအတွင်း မကြာမကြာဆိုသလို အော်ဟစ်ညည်းတွားသံများ သက်ပြင်းရှိုက်သံများဟာ တံခါးပိတ်ထားသော အခန်းများဆီမှ ထွက်ပေါ်လာနေတတ်လေသည်။

ရုတ်တရက် ဝုန်းခနဲမြည်သံနှင့်အတူ လူတစ်ဦး ဒုတိယအလွှာရှိ အခန်းထဲမှ လွင့်ထွက်လာခဲ့သည်။ ထို့နောက် မြေပြင်အထက် လိမ့်သွားပြီးသည့်နောက် မလှုပ်မယှက် ဖြစ်သွားခဲ့လေ၏။

ဆူညံနေသော ပတ်ဝန်းကျင် တစ်ခုလုံးမှာ ထိုအဖြစ်အပျက်ကြောင့် ရုတ်ချည်း တိတ်ကျသွားခဲ့ပြီး လူတိုင်းမှာ အသံဗလံများ ထွက်ပေါ်လာရာဆီသို့ လှမ်း၍ ကြည့်လိုက်ကြလေသည်။

မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေသည်မှာတော့ ညစ်ပတ်ပေရေကာ အရက်မူးနေသော လူငယ်လေးတစ်ဦး ဖြစ်ပေသည်။ လူငယ်လေးမှာ အသက်ပင်ရှင်သေးရဲ့လား မသေချာလှပေ။ ဆောင်ကြာမြိုင်ထဲဝယ် ယခုကဲ့သို့သော ရန်ပွဲများ ဖြစ်လေ့ဖြစ်ထ ရှိသည့်အတွက်ကြောင့် ဧည့်သည်များမှာ အံ့အားသင့်နေခြင်း မရှိကြပေ။ ထိုအပြင် အကုန်လုံးလိုလိုမှာ မြေပြင်ပေါ်တွင် လှဲနေသည့် လူငယ်လေးအား ရွံရှာစက်ဆုပ်သည့် အကြည့်များဖြင့်ပင် ကြည့်နေကြပေသေးသည်။

ဤလူငယ်လေး ယခုကဲ့သို့ အရိုက်ခံလိုက်ရသည့် အကြောင်းရင်းနှစ်ချက် ရှိပေသည်။ တစ်ချက်မှာ တစ်စုံတစ်ဦးနှင့် အချင်းများကာ အရိုက်ခံလိုက်ရခြင်း ဖြစ်ပြီး အခြားတစ်ခုမှာတော့ ဆောင်ကြာမြိုင်သို့ ပိုက်ဆံမပေးဘဲ လာသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။

ထိုအဖြစ်အပျက်ကြောင့် တံခါးအပေါက်ဝတွင် ဧည့်သည်များကို ကြိုဆိုနေသည့် မမစုန့်ဆိုသည်မှာ ဒေါသူပုန်ထသွားခဲ့ပြီး ဒုတိယအလွှာပေါ်တွင် ရှိနေသော အနက်ရောင်ဝတ်ရုံကို ဝတ်ထားသည့် လူအား လှမ်းအော်လိုက်လေသည်။ "အမှိုက်ကောင်၊ ပျက်စီးသွားတဲ့ စားပွဲခုံတွေနဲ့ ထိုင်ခုံတွေကို နင် လျော်ပေးမှာလား"

မမစုန့်သည် နွေဦးလေညင်းစံအိမ် ဆောင်ကြာမြိုင်၏ ပြည့်တန်ဆာတစ်ဦး ဖြစ်ခဲ့ဖူးသည်။ သူမ၏ ကျင့်ကြံခြင်းမှာ ထိုမျှ မမြင့်လှ။ သူမ ငယ်ရွယ်စဉ်က လှပကောင်း လှပခဲ့ပေလောက်မည်။ သို့ပါသော်ငြား အသက်အရွယ် ရလာသည့်အလျောက် ရုပ်ရည်မှာ စတင်၍ ကျလာတော့လေ၏။ သူမနည်းသူမဟန်နှင့် စွဲမက်ဖွယ်ကောင်းနေသေးပါသော်ငြား ဧည့်သည်များကို လက်ခံခြင်းကား မစွမ်းနိုင်တော့ပေ။ ထိုအကြောင်းကြောင့် ဧည့်သည်များကို အကြိုအပို့ လုပ်ပေးရသည့် ဧည့်ကြိုတစ်ဦး အဖြစ်သာ အလုပ်လုပ်နေရတော့သည်။

မမစုန့် စိတ်ပျက်သွားသည်ကို မြင်သော် လူငယ်လေးအား ဒုတိယအလွှာမှ ကန်ချခဲ့သည့် အနက်ရောင်ဝတ်ရုံ ဝတ်ထားသည့် လူက ပြုံး၍ ပြန်ပြောလိုက်သည်။ "စိတ်ထိန်းဦး မမ၊ ကျုပ်လုပ်တာ နည်းနည်းလေးမှ မလွန်ဘူး"

"ဘာဖြစ်လို့လဲ" မမစုန့် ခါးထောက်ရင်းမှ ထိုလူငယ်လေးဆီ လျှောက်သွားကာ ကန်ကျောက်လိုက်သည်။ သို့ပါသော်ငြား ထိုလူငယ်လေးမှာ တုတ်တုတ်မျှ မလှုပ်။ ထိုအခါ အလန့်တကြားဖြင့် အော်ပြောလိုက်လေ၏။ "သူ သေသွားပြီလို့တော့ ငါ့ကို လာမပြောနဲ့နော်"

အနက်ရောင်ဝတ်ရုံ ဝတ်ထားသည့် လူက ပြန်၍ ပြောလိုက်လေ၏။ "သူ သေပြီလို့တော့ မထင်ဘူး၊ သူလည်း ကျင့်ကြံထားတဲ့လူပဲ၊ ပြီးတော့ သူ့ကို တိုက်ခိုက်လိုက်တုန်းက ဒီလောက် ခွန်အားသုံးလိုက်တာ မဟုတ်ဘူး၊ ဘယ်လိုလုပ်ပြီး သေရမှာလဲ"

ထိုအခိုက်အတန့်ဝယ် ဖျင်စ တစ်စကိုသာ ဝတ်ဆင်ထားသော မိန်းမငယ်လေးတစ်ဦး အခန်းထဲမှ ထွက်လာခဲ့သည်။ မပေါ်တပေါ် ဖြစ်နေသော ပုံစံဖြင့် သူမ၏ အမို့အမောက် အချိုင့်အဝှမ်းများကို အပြည့်အဝ ဖုံးကွယ်နိုင်စွမ်းကား မရှိလေရာ အောက်ဘက်တွင် ရှိနေသော လူများမှာ သူမအား လှမ်း၍ ကြည့်မိလိုက်ကြလေသည်။

ထိုအမျိုးသမီးသည် လက်ရန်းကို မှီရင်းမှ အောက်သို့ ငုံ့ကြည့်ကာ ပြောလိုက်လေ၏။ "တကယ်ဆိုရင် အဲဒီကောင်က သေသင့်တဲ့ကောင်"

ထို့နောက် မမစုန့်ဘက်သို့ လှည့်၍ အထွန့်တက်လိုက်လေ၏။ "မမ၊ ကျွန်မဘက်က ကူပြီး ရပ်တည်ပေးရမှာနော်၊ ဒီကောင် ကျွန်မနဲ့အတူ အရက်လာသောက်နေတာ ရက်တွေ နည်းတော့တာ မဟုတ်ဘူး၊ ဒါပေမဲ့ သူ့မှာ ပိုက်ဆံတစ်ပြားမှ မပါဘူး"

"ပိုက်ဆံမပါဘူး" မမစုန့် မျက်ခုံးပင့်သွားခဲ့ပြီး ဒေါမာန်တကြီး အမူအရာဖြင့် ပြန်ပြောလေသည်။ "ပိုက်ဆံမပါဘဲနဲ့ ဆောင်ကြာမြိုင်ကို လာရဲတယ်၊ ဟုတ်လား၊ ဒီခွေးသူတောင်းစားက ဘယ်သူလဲ"

"ဟုတ်တယ်" ဒုတိယအလွှာတွင် ရှိနေသော အမျိုးသမီးက ရွံရှာစက်ဆုပ်ဟန်ဖြင့်... "သူ့ကြည့်ရတာ ပုံမှန် မဟုတ်၊ ရုပ်ကလည်း ချောချော၊ ခန့်ကလည်း ခန့်တော့ ချမ်းသာတဲ့ သခင်လေးတစ်ယောက်လို့ ထင်တာ၊ ဒါပေမဲ့ အဲဒီလောက်တောင် ဆင်းရဲစုတ်ပဲ့နေတဲ့ အနုပ်စုတ်ကုပ်စုတ်တစ်ယောက် ဖြစ်မယ်လို့ ဘယ်လိုလုပ်ပြီး သိမှာလဲ၊ သူကြောင့် ကျွန်မ အများကြီး နစ်နာသွားရတယ်"

မမစုန့်က နှာခေါင်းရှုံ့လျက် အေးစက်စက် အမူအရာဖြင့် လက်ဝှေ့ယမ်းကာ ပြောလိုက်လေ၏။ "သူ့ကိုယ်ပေါ်မှာ အဖိုးတန်တာ ရှိမရှိ ရှာကြည့်လိုက်စမ်း"

မမစုန့်မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အမျိုးသားနှစ်ဦး ထွက်လာပြီး ထိုလူငယ်လေး၏ ကိုယ်ကို လိုက်စမ်းကာ ရှာဖွေကြည့်လေသည်။

တစ်ခဏအကြာ၌ နှစ်ဦးစလုံး ပြန်ထလာ၍ ခေါင်းခါပြလိုက်ကြသည်။ "ဘာမှမရှိဘူး"

"ဒီခွေးကောင်ကတော့" မမစုန့်သည် အံကို တင်းတင်းကြိတ်ရင်းမှ "အဲဒီကောင်ကို ခေါ်သွားပြီး အပိုင်းပိုင်းအစစ လုပ်ပစ်လိုက်တော့"

အမျိုးသား နှစ်ဦးသည်လည်း တုံ့ဆိုင်းမနေတော့ဘဲ ထိုလူငယ်လေးအား တရွတ်တိုက် ဆွဲခေါ်သွားရန် လုပ်လိုက်ကြသည်။

ထိုစဉ် အနီးနား၌ ရှိနေသော ဧည့်သည်တစ်ဦးက ရယ်မော၍ ပြောလိုက်လေ၏။ "မမစုန့် ဘာဖြစ်လို့ ဒီလောက်တောင် ရက်စက်ချင်ရတာလဲ၊ ရက်နည်းနည်းလောက် အရက်လေး သောက်မိတာပဲကို သူ့ကို အဲဒီလို ကိစ္စလေးအတွက်နဲ့ အပိုင်းအပိုင်း ခုတ်ထစ်ပစ်တော့မလို့လား"

မမစုန့်က အေးစက်စက် မျက်နှာထားဖြင့်... "ဘာလဲ၊ ရှင်က သူ့အတွက် ပေးချင်လို့လား၊ ရှင် သူ့ကိုယ်စား ပေးမယ်ဆိုရင် ကျွန်မ သူ့ကို လွှတ်ပေးမယ်"

ထိုလူက ရယ်သွမ်းသွေးလျက်... "ကျုပ် ဘာမှ မပြောဘူးလို့ဘဲ ထားလိုက်တော့"

မမစုန့်သည် ထိုလူအား စူးရဲစွာ စိုက်ကြည့်လိုက်သည်။ ထို့နောက် လူငယ်လေးဘက်သို့ တစ်ဖန် လှည့်ကြည့်လိုက်၏။ တစ်ခဏမျှ စိုက်ကြည့်နေပြီးသည့်နောက် အံ့အားသင့်သွားဟန်ဖြင့် လက်မြှောက်ကာ လှမ်းတားလိုက်လေသည်။ "နေဦး"

ထိုလူနှစ်ဦး ရပ်လိုက်ကြပြီး မမစုန့်ဘက်သို့ နားမလည်နိုင်ဟန်ဖြင့် ပြန်၍ လှည့်ကြည့်လာကြသည်။

မမစုန့်သည် လူငယ်လေးဆီသို့ လျှောက်သွားလိုက်လေသည်။ ထို့နောက် အရက်နံ့ကို မခံနိုင်သည့်အလား သူမ နှာခေါင်းဝဝယ် ယပ်တောင်လေးကို ဖြန့်၍ ကာလိုက်သည်။ ထို့နောက် မေးလိုက်လေ၏။ "သူ အသက်ရှင်နေသေးလား"

ထိုလူနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်နေပြီးသည့်နောက် တစ်ဦးသည် လူငယ်လေး၏ ရင်ဘတ်ကို စမ်းကြည့်လိုက်သည်။ ထို့နောက်တွင် လူငယ်လေး အသက်ရှူသေး မရှူသေး နှာခေါင်းပေါက်ဝ၌ လက်ညှိုး တေ့ကြည့်လိုက်လေ၏။ ထို့နောက် နှစ်ဦးစလုံး ခေါင်းညိတ်ပြလိုက်သည်။ "အသက်ရှင်သေးတယ်"

မမစုန့် မျက်ခုံးပင့်သွားခဲ့ပြီး လူငယ်လေးအား ဝိုင်းကြီးပတ်ပတ် လှည့်ပတ်ကြည့်နေပြီးသည့်နောက် လူငယ်လေး၏ အရှေ့တွင် ရပ်လိုက်သည်။ ထို့နောက် လက်ကိုင်ပဝါ တစ်ခုကို ထုတ်၍ လူငယ်လေး၏ မေးစေ့ကို ကိုင်ကာ သူမနှင့် မျက်နှာချင်းဆိုင်စေလိုက်၏။ ထိုအခါတွင် မမစုန့်၏ မျက်လုံးများ တောက်ပသွားခဲ့လေသည်။ "သူ့ကို ခေါ်သွားပြီး ရေကောင်းကောင်း ချိုးပေးလိုက်၊ ပြီးရင် ငါ့အခန်းထဲ ပို့လိုက်တော့"

အမျိုးသားနှစ်ဦး ကြောင်သွားလေ၏။ "မြန်မြန်လုပ်လေ" မမစုန့်သည် ထိုလူနှစ်ဦးအား စူးရဲစွာ စိုက်ကြည့်လိုက်သည်။

ထိုလူနှစ်ဦးမှာလည်း တုံ့ဆိုင်းမနေရဲတော့ဘဲ သူမ အမိန့်အတိုင်း ချက်ချင်းလုပ်လိုက်ကြလေ၏။

အစောပိုင်းက ကြားဖြတ်ပြောခဲ့သည့် ဧည့်သည်က ရယ်မော၍ မေးလိုက်လေ၏။ "မမ၊ အဲဒီကောင်လေးကို မျက်စိကျသွားတာတော့ မဟုတ်ပါဘူးနော်"

မမစုန့်က ပြန်ပြောလိုက်သည်။ "အဲဒီတော့ ဘာဖြစ်လဲ"

လူအုပ်ကြီးတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားခဲ့လေသည်။ ထိုလူများမှာ မမစုန့် ယခုကဲ့သို့ ဝန်ခံလာလိမ့်မည်ဟု မထင်ထားကြပေ။ အချို့မှာတော့ အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး အခြားသူများမှာတော့ စည်းမျဉ်းများ မရှိရလေသလားဟု မမစုန့်အား အပြစ်တင်ကြတော့လေသည်။

မမစုန့်မှာတော့ ဤကဲ့သို့သော အကြည့်မျိုး မြင်ကွင်းမျိုးဖြင့် အသားကျနေခဲ့လေပြီ။ ထိုအကြောင်းကြောင့် အလုပ်ရှုပ်ခံကာ ရှင်းပြနေရန် ကြိုးစားမနေခဲ့။ ဧည့်သည်များနှင့် အားတက်သရော ပလူးပလဲ လုပ်နေခဲ့ပါသော်ငြား သူမ စိတ်ထဲတွင်တော့ သိပ်၍ အဆင်ပြေမနေခဲ့ပေ။ သူမ ဤဆောင်ကြာမြိုင်သို့ ရောက်နေသည်မှာ နှစ်ပေါင်း တစ်ရာကျော် မကတော့ပေ။ ထိုအချိန် အတောအတွင်း နေ့စဉ်နေ့တိုင်း ဧည့်သည်များကို ကြိုဆိုကာ လိုက်ပို့ပေးရသည်။ ထိုအကြောင်းကြောင့် လူများနှင့် ပတ်သက်လာသော် မမစုန့်မှာ အတော်လေးကိုမှ အမြင်စူးရှသည်ဟု ပြော၍ ရသည်။ ဤလူငယ်လေးမှာ ယခုအချိန်တွင် ညစ်ပေစုတ်ပြတ်နေပါသော်ငြား ဤလူငယ်လေး၏ ရုပ်ရည်မှာ အတော်လေးကိုမှ မဆိုးလှမှန်း သူမ ပြောနိုင်ပေသည်။ သူမ ငယ်ရွယ်စဉ်က ဧည့်သည်များကို ရွေးချယ်ခွင့် မရခဲ့ပေ။

သူမ၏ ဧည့်သည်များမှာ ရုပ်ဆိုးဆိုးလူများ အိုကြီးအိုမများ ဖြစ်နေလျှင်ပင် ငြင်းဆန်ခွင့် မရခဲ့။ ယခု မမ ဖြစ်လာသည့်အလျောက် သူမ စိတ်ရှိတိုင်း လုပ်နိုင်လေသည်။

ယနေ့ညသည် သူမအတွက် ကံကောင်းသည့် ညတစ်ည ဖြစ်၏။

ဧည့်သည်များကို ဧည့်ခံပြီးသည့်နောက်တွင် မမစုန့်သည် သူမ၏ တင်ပါးကို လှုပ်ယမ်း၍ လေးလွှာမြောက်သို့ တက်သွားလေ၏။

လေးလွှာမြောက်သည် လေညင်းစံအိမ်၏ အမြင့်ဆုံးအလွှာ ဖြစ်ကာ ထိုအလွှာတွင် အခန်း အနည်းငယ်သာ ရှိပေသည်။ ထိုအခန်းများအနက် တစ်ခန်းမှာ သူမ၏ အခန်း ဖြစ်၏။

အခန်းတံခါးကို တွန်းဖွင့်လိုက်ပြီးသည့်နောက်တွင် မမစုန့်သည် မျှော်လင့်တကြီး ပြုံးရင်းမှ နှုတ်ခမ်းလေးကို ကိုက်လျက် ရမ္မက်သွေးကြွနေသည့် အမူအရာဖြင့် ကုတင်ဆီသို့ လျှောက်လာခဲ့သည်။

ကုတင်ပေါ်တွင်မူ လူငယ်လေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေ၏။

မှိန်ဖျဖျ အလင်းရောင်အောက်ဝယ် သေသေချာချာ အနီးကပ် ကြည့်ကြည့်လိုက်သည့်နောက် မမစုန့် ပြုံးသွားလေ၏။

မမစုန့်သည် အမှန်တကယ်ကို အမြင်စူးရှလှပေသည်။ ရေမိုးချိုး သန့်စင်ပေးပြီး၍ ဝတ်စား ဆင်ယင်ပေးလိုက်ပြီးသည့်နောက်တွင် ဤလူငယ်လေးမှာ အမှန်တကယ်ကို ချောမောလှသည့် လူတစ်ဦးအသွင်သို့ ပြောင်းလဲသွားခဲ့သည်။ လူငယ်လေး၏ ရုပ်ရည်ကို လွန်မဆန်နိုင်တော့သည့်အလျောက် မမစုန့်မှာ သူမ၏ လက်ကို ဆန့်ထုတ်၍ လူငယ်လေး၏ ရင်ဘတ်ကို အသာအယာ ပွတ်သပ်လိုက်သည်။ ကျစ်လစ်လှသည့် ရင်အုပ်သားကို ခံစားမိလိုက်သော် မမစုန့် ရင်တုန်လာခဲ့ပြီး ခြေထောက်များသည်ပင်လျှင် ရွစိရွစိ ဖြစ်လာခဲ့လေသည်။

ထို့နောက် ယဲ့ယဲ့လေး ပြုံးရင်းမှ မတ်တတ်ရပ်၍ စားပွဲခုံဆီသို့ သွားကာ အမူးပြေဆေးတစ်ခွက်ကို ဖျော်လိုက်လေသည်။ ထို့နောက် ထိုခွက်ကို ကိုင်၍ ကုတင်ဘေးဆီသို့ ပြန်လာခဲ့သည်။ ပြီးသည့်နောက်တွင် လူငယ်လေးအား မကာ သူမအပေါ် လှဲစေလျက် လူငယ်လေး၏ ပါးစပ်ထဲသို့ အမူးပြေဆေးကို မော့ချပေးလိုက်လေသည်။

ထို့နောက်တွင် ကုတင်ဘေးနား၌ ထိုင်ကာ ငြိမ်ငြိမ်လေး ထိုင်စောင့်နေလေ၏။

အတန်ကြာအောင် စောင့်နေပါသော်ငြား ဘာမျှ ဖြစ်မလာခဲ့ပေ။

မမစုန့် မျက်မှောင်ကြုတ်သွားတော့လေသည်။ တစ်ခုခု မှားယွင်းနေမှန်း သူမ သတိထားမိလိုက်လေသည်။ ဤအရက်ပြေဆေးသည် အလွန်ကိုမှ အားကောင်းလှလေရာ ယခုအချိန်လောက်ဆိုလျှင် အာနိသင်ပြသင့်နေလေပြီ။

[ဒီကောင် ဘာဖြစ်လို့ မနိုးသေးတာလဲ၊ ဒီကောင် အရက်သောက်တာ များသွားလို့လား]

ထိုသို့ တွေးမိလိုက်သည့်နောက် မမစုန့် အမူးပြေဆေး နောက်တစ်ခွက် ထပ်ဖျော်ကာ လူငယ်လေးအား ထပ်တိုက်လေ၏။

အတန်ကြာအောင် စောင့်နေခဲ့ပါသော်ငြား ဘာမျှ ထပ်မဖြစ်လာခဲ့ပေ။

မမစုန့် မျက်နှာပျက်သွားခဲ့ပြီး ပျော်နေသည့် စိတ်ကလေးမှာလည်း ပျောက်ခြင်းမလှ ပျောက်ကွယ်သွားတော့သည်။ ဒေါသထွက်ထွက်နှင့် လက်ကျန် အမူးပြေဆေး အားလုံးကို ဖျော်ကာ လူငယ်လေးအား တိုက်ပစ်လိုက်တော့သည်။

တစ်နာရီခန့် ကြာအောင် ထပ်စောင့်နေသည့်တိုင် လူငယ်လေးဆီမှ မည်သည့်တုံ့ပြန်သံမျှ ထွက်မလာသေး။ လူငယ်လေးမှာ လူသေကောင်ပမာ ကုတင်ပေါ်၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။

မမစုန့်မှာ ထိုအခါတွင် အံကို တင်းတင်းကြိတ်၍ ကုတင်ပေါ်သို့ တက်လိုက်လေ၏။ ဤလူငယ်လေး အိပ်နေနေ မအိပ်နေနေ သူမ ဂရုမစိုက်နိုင်တော့ပေ။ သူမအနေဖြင့် ယခုကဲ့သို့သော အရာများကို သူမ လက်ထဲသို့ မထည့်ခဲ့ဖူးသည်မှ မဟုတ်လေဘဲ။

မမစုန့်သည် သူမ အဝတ်များကို ချွတ်ချလိုက်ရာ ဖြူစင်ဝင်းပနေသည့် ခန္ဓာကိုယ်လေး ထွက်လာခဲ့လေသည်။ အသက်အရွယ် ရလာသည့်အလျောက် သူမ၏ ခန္ဓာကိုယ်လေးမှာ အနည်းငယ် လျော့ရိလျော့ရဲ ဖြစ်လာပါသော်ငြား ငယ်ရွယ်စဉ်က အတော်လေးကိုမှ လှပသည့် မိန်းကလေးတစ်ဦး ဖြစ်ခဲ့ရပေလိမ့်မည်။ ယခုအချိန်ထိတိုင် မမစုန့်၏ အသားအရေမှာ နှင်းဖြူရောင်ပမာ ဖွေးစွတ်နေခဲ့ပြီး မို့မောက်မောက် ရင်အစုံမှာလည်း မို့တက်နေခဲ့သည်။ ခြေတံလေးများမှာ သေးသွယ်လှပြီး ပေါင်တံမှာလည်း စွင့်စွင့်ကားကားပင်။ ပြောစရာအချက်ဆို၍ ဗိုက်နေရာ၌ အနည်းငယ် အဆီထူနေခြင်းသာ ရှိပေသည်။

သူမ အဝတ်များကို ချွတ်ပြီးသည့်နောက် လူငယ်လေး၏ အဝတ်များကို စချွတ်လေ၏။ လူငယ်လေး ကိုယ်ပေါ်တွင် ချွတ်စရာအဝတ် သိပ်မရှိပါသော်ငြား လူငယ်လေးမှာ သူမနှင့်အတူ မပူးပေါင်းဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့်အတွက်ကြောင့် မမစုန့်မှာ လူငယ်လေး၏ အဝတ်ကို ချွတ်ရ ခက်နေခဲ့သည်။ ရံဖန်ရံခါ ခြေထောက်များ လက်များကို မူးမူးရမ်းရမ်းနှင့် ဝှေ့ယမ်းတတ်သေးသည့်အတွက်ကြောင့် မမစုန့်မှာ လူငယ်လေး၏ အဝတ်ကို ချွတ်ရန်အတွက် အတော်လေး အချိန်ယူလိုက်ရသည်။

မမစုန့်မှာတော့ အံကို တင်းတင်းကြိတ်၍ ရှိသမျှ အဝတ် အကုန်အစင်ကို ချွတ်ရန် ကြိုးစားတော့လေသည်။

ကုတင်ပေါ်တွင် ရှိနေသည့် ရန်ကိုင်မှာ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မည်ကဲ့သို့များ ထင်ထားပါမည်နည်း။ တစ်နေ့နေ့ တစ်ချိန်ချိန်ဝယ် သူသည် ဆောင်ကြာမြိုင်မှ အမျိုးသမီးတစ်ဦး၏ အသုံးတော်ခံခြင်း ခံရလိမ့်မည်ဟု မည်ကဲ့သို့များ တွေးမိပါမည်နည်း။ ယခုကဲ့သို့ ဖြစ်မည်မှန်းသာ ကြိုသိခဲ့လျှင် ဤနေရာသို့ မလာခဲ့ပေ။

ယခုကဲ့သို့သော အခြေအနေမျိုးတွင် ရန်ကိုင်အနေဖြင့် ရုတ်တရက်ကြီး ကောက်နိုးသွားခဲ့လျှင် မကောင်း။ ထိုအကြောင်းကြောင့် အခြေအနေအရသာ လှုပ်ရှားရုံရှိပေတော့သည်။

အပြန်အလှန် ရုန်းကန်နေပြီးသည့်နောက် အဆုံးတွင် မမစုန့်မှာ ရန်ကိုင်၏ အဝတ်အစားများကို ချွတ်ပစ်နိုင်ခဲ့လေသည်။ "နောက်ဆုံးတော့ ပြီးသွားပြီပေါ့"

မမစုန့်မှာ ချွေးထွက်နေခဲ့ပါသော်ငြား ကောင်းသည့် အရာများ လာတော့မည်မှန်း ကြိုသိနေသည့်အလျောက် သက်ပြင်းချလိုက်လေသည်။ ထို့နောက်တွင် ရန်ကိုင်အပေါ်သို့ တက်၍ မျှော်လင့်တကြီး အမူအရာဖြင့် သူမ၏ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။

သို့ပါသော်ငြား ထိုအခိုက်အတန့်မှာပင်လျှင် သေးသွယ်သွယ် အေးစက်စက် လက်တစ်ဖက်သည် သူမ အနောက်မှ သူမ လည်ပင်းကို ရုတ်တရက် ဆွဲညှစ်လိုက်လေ၏။

မမစုန့် ထိတ်လန့်သွားခဲ့ပြီး ဒေါမာန်တကြီးဖြင့် ထအော်လေသည်။ "ဘယ်သူလဲ”

အထွဋ်အထိပ်သိုင်းဧကရာဇ်

All Chapters