← Chapters

အခန်း ၃၄၃၃

Vol. 151 Ch. 3433

အခန်း ၃၄၃၃

Vol. 151 Ch. 3433

အပိုင်း (၃၄၃၃)

ဘာသာပြန်သူ_တိမ်တိုက်

သူမ အနောက်တွင် ရပ်နေသည့် လူမှာ မည်သူမှန်း မမစုန့် မသိပေ။ သို့ပါသော်ငြား ထိုလက်ကလေးမှ အနည်းငယ် အားစိုက်လိုက်သည့်အတွက်ကြောင့် သူမ၏ လည်ပင်းရိုး ကျိုးသွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကြမ်းပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားခဲ့လေသည်။

ကုတင်ဘေးတွင် ရပ်ရင်းမှ ယုရုမန်သည် ပဝါစ တစ်စကို ထုတ်၍ သူမ၏ လက်များကို သုတ်ကာ မြေပြင်ပေါ်တွင် လှဲနေသည့် ခန္ဓာကိုယ်ကို ရွံရှာစက်ဆုပ်ဟန်ဖြင့် ကြည့်လျက် ပြောလိုက်လေ၏။ "ဒီဘုရင်မရဲ့ လူကို နင်က ဘယ်လိုများ လာထိရဲတာလဲ"

ထို့နောက်တွင် အဝတ်စကို လွှင့်ပစ်၍ ယုရုမန်သည် ရန်ကိုင်ဆီသို့ လျှောက်သွားကာ မှုန်ကုပ်ကုပ် အမူအရာဖြင့် ရန်ကိုင်အား ငုံ့ကြည့်လိုက်သည်။

သူမ အချိန်မီ ရောက်လာခဲ့သည်မှာ ကံကောင်းသွားခဲ့သည်။ ထိုသို့သာ မဟုတ်ပါက ဤအရှက်မရှိ နှစ်ယောက်မှာ သူတို့၏ လုပ်ငန်းကို စကြပေတော့မည်။ ရန်ကိုင်တွင် မိန်းမများစွာ ရှိမှန်း ယုရုမန် သိသည်။ သို့ပါသော်ငြား ရန်ကိုင်သည် သူမနှင့် မတွေ့ခင်ကတည်းက ထိုမိန်းမများကို ရထားခြင်း ဖြစ်လေရာ သူမအနေဖြင့် ဘာမျှ မတတ်နိုင်ပေ။ သို့ပါသော်ငြား ဤဆောင်ကြာမြိုင်မှ ပြည့်တန်ဆာမသည် သူမ၏ လူကို မည်ကဲ့သို့များ အသားယူချင်နေလေသနည်း။ ဤကောင်မသည် အသက်အရွယ်ရလာပြီ ဖြစ်ကာ ငယ်စဉ်ကကဲ့သို့ လှပနုပျိုတော့သော လူတစ်ဦး မဟုတ်တော့။ ယုရုမန် ကိုယ်တိုင်သည်လည်း နှလုံးသားစည်းတံဆိပ်ကို ရန်ကိုင်အပေါ် အသုံးပြုထားသည့်အတွက်ကြောင့် သူမ တစ်ဘဝလုံးကို ရန်ကိုင်နှင့် ခွဲခွာ၍ ရတော့လိမ့်မည် မဟုတ်ပေ။ ထိုကြောင်းကြောင့် ရန်ကိုင်အား ဤညစ်ပတ်သည့် အမျိုးသမီးမှ သူမ၏ ကာမထွက်ပေါက်အဖြစ် အသုံးပြုမည်ကို ယုရုမန်အနေဖြင့် လုံးဝ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

ထိုအကြောင်းကို စဉ်းစားမိလိုက်တိုင်း ယုရုမန်မှာ ဒေါသူပုန်ထလာရသည်။ ထို့နောက်တွင် ရန်ကိုင်အား စိုက်ကြည့်၍ ထအော်လိုက်လေသည်။ "ထပေတော့"

သူမ၏ အသံထဲဝယ် စိတ်စွမ်းအင်ကိုပင် ထည့်သွင်းထားခဲ့လေရာ အခန့်မသင့်လျှင် ထိုအသံလှိုင်းသည် လူတစ်ဦး၏ ဝိညာဉ်ကိုပင်လျှင် ထိခိုက်သွားစေနိုင်ပေသည်။

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး မျက်ခမ်းစပ်များ တုန်တုန်ယင်ယင် ဖြစ်လာကာ မျက်လုံးဖွင့်လာခဲ့သည်။

အကြည့်ချင်းဆုံသွားသည့်အခိုက် ယုရုမန်၏ ဆူပွက်နေသော ဒေါသများ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့ရလေသည်။

အကြောင်းမှာ သူမ အရှေ့ရှိ လူနှင့် ပတ်သက်၍ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည့်အတွက်ကြောင့်ပင်။ ရန်ကိုင်၏ မှုန်မှုန်ရီရီ ဖြစ်နေသော မျက်လုံးများမှာ မျှော်လင့်ချက် အလင်းရောင်ကို လုံးဝ မြင်တွေ့ရခြင်း မရှိတော့သည့်အလား အဆုံးစွန်သော စိတ်ဓာတ်ကျမှုတို့ဖြင့် ပြည့်နေခဲ့လေသည်။

သူမ ရန်ကိုင်ကို သိသည်မှာ မကြာသေးပါသော်ငြား ရန်ကိုင်သည် အမြဲလိုလို တက်တက်ကြွကြွ ရှိနေသူတစ်ဦး ဖြစ်ပေသည်။ သူ မည်သည့် နေရာတွင် ရှိနေစေကာမူ အနည်းငယ်မျှပင် စိတ်ဓာတ်အားလျော့ခြင်း မရှိပေ။ သို့ပါသော်ငြား လက်ရှိ အခိုက်အတန့်တွင်မူ ရန်ကိုင်မှာ အလွန်ကိုမှ ပင်ပန်းနွမ်းနယ်နေကာ ကောင်းကင်ပေါ်မှ ပြုတ်ကျလာသော ငှက်စုတ်တစ်ကောင်ပမာ ဖြစ်နေလေသည်။

ထိုသို့ဖြစ်သည်မှာလည်း အဆန်းတော့ မဟုတ်။ မနေ့က ရန်ကိုင်သည် ကြယ်တာရာအစုအဝေး၏ အထွန်းတောက်ပဆုံး တက်သစ်စကြယ်ပွင့် တစ်ပွင့် ဖြစ်ခဲ့ပါသော်ငြား ယခုမူ နာမည်ဆိုးနှင့် ကျော်ကြားသော နတ်ဆိုးတစ်ကောင်အဖြစ် လူတိုင်း၏ မှတ်ယူခြင်း ခံရပြီး မဟာဧကရာဇ်ဆယ်ပါးအနက် တစ်ပါးသည်လည်း သူ့အား မြင်သည်နှင့် သတ်ပစ်ရန် အမိန့်ပေးထားခဲ့လေသည်။

ယုရုမန်က သက်ပြင်းချလိုက်လေ၏။ "ဘာလို့လဲ"

ရန်ကိုင်မှာ ဘာမျှ ပြန်မပြောခဲ့ဘဲ ယုရုမန်ကိုသာ စိတ်ဓာတ်ကျနေသည့် အကြည့်ဖြင့် ပြန်ကြည့်နေခဲ့သည်။

ယုရုမန်သည် ရန်ကိုင်၏ ဘေးနားတွင် သွားထိုင်လျက် ရန်ကိုင်၏ ပါးကို သူမ လက်ဖြင့် ပွတ်သပ်ပေးလိုက်ရင်းမှ ပြောလိုက်လေ၏။ "အကုန်လုံး နင့်ကို စွန့်ပစ်သွားရင်တောင် နင့်ဘေးနားမှာ ငါ ရှိနေသေးတယ်လေ"

ရန်ကိုင်၏ ဗလာကျင်းနေသော မျက်လုံးထဲဝယ် မှုန်ရီဝိုးတဝါး အရိပ်အယောင်အချို့ လက်ခနဲ ဖြတ်ပြေးသွားခဲ့သည်။

ယုရုမန် ယဲ့ယဲ့လေး ပြုံးလိုက်လေ၏။ ရန်ကိုင်အား မည်ကဲ့သို့သော အခက်အခဲနှင့် ကြုံနေရပါစေ အတတ်နိုင်ဆုံး အားတင်းထားရန် ခွန်အားပေးနေသည့်ပမာ သူမ၏ အပြုံးကို ရန်ကိုင် စိတ်ထဲ မှတ်ကျောက်တင်သွားရလေအောင် အတတ်နိုင်ဆုံးကို သေသေချာချာ ပြုံးပြနေလေ၏။

ထို့နောက်တွင် ရန်ကိုင် ထကာ သောင်းကျန်းတော့လေသည်။ ယုရုမန်အား ဆွဲကိုင်ကာ ကုတင်ပေါ်လှဲချလိုက်သည်။ ထို့နောက်တွင် ယုရုမန်၏ အပေါ်မှ တက်၍ သူမ၏ ရင်အစုံကို အကြမ်းပတမ်း ဆုပ်နယ်တော့လေသည်။ ရန်ကိုင်မှာ သူ့အပြုအမူနှင့် ပတ်သက်၍ အနည်းငယ်မျှပင်လျှင် သိမ်သိမ်မွေ့မွေ့ လုပ်ရန် မကြိုးစားခဲ့။ လက်တစ်ဖက်ဖြင့် သူမ ရင်အစုံကို ဆုပ်နယ်နေရင်းမှ ကျန်လက်တစ်ဖက်ဖြင့် သူမ၏ ခါးစည်းကို ဖိချလိုက်သည်။ တစ်ချိန်တည်းတွင်လည်း အရက်နံ့ ထွက်နေသည့် သူ့ပါးစပ်ဖြင့် ယုရုမန်၏ နှုတ်ခမ်းများကို အငမ်းမရ နမ်းရှိုက်နေခဲ့လေသည်။

"အင်း" ယုရုမန်မှာ အဆက်မပြတ် ရုန်းကန်ရင်း ညည်းတွားလိုက်သည်။ သို့ပါသော်ငြား ရန်ကိုင်အား မည်ကဲ့သို့များ တွန်းထုတ်နိုင်ပါမည်နည်း။ ရန်ကိုင်မှာ သူ့ခန္ဓာကိုယ် တစ်ခုလုံးဖြင့် သူမ ကိုယ်ပေါ်သို့ အပြည့်အဝ ဖိချထားလေရာ ယုရုမန်မှာ လှုပ်ဖို့ရာပင် ခက်နေရသည်။

သူမ၏ အဝတ်အစားများ တစ်စတစ်စ ကျွတ်ကျနေသည်ကို သတိထားမိလိုက်သော် ယုရုမန် ချက်ချင်း ထိတ်လန့်သွားခဲ့ပြီး ခေါင်းကို အတင်းရုန်းထွက်ရင်းမှ ပြောလိုက်လေ၏။ "ရပ်လိုက်တော့၊ ငါ နာတယ်"

ရန်ကိုင်ကမူ ယုရုမန်၏ အော်သံများကို မကြားသည့်အလား သူ၏ အပြုအမူမှာ ပိုပို၍ ကြမ်းတမ်း ကြောက်မက်ဖွယ် ကောင်းလာခဲ့လေသည်။ နှာငွေ့တို့သည်လည်း သူ့နှာခေါင်းမှ တထောင်းထောင်း ထွက်နေလေ၏။ မသိလျှင် သူ့အောက်၌ ရောက်နေသော ယုရုမန်မှာ ရန်ကိုင် တစ်ဘဝလုံး၏ အကြီးမားဆုံး ရန်သူတစ်ဦး ဖြစ်ပြီး သူမ၏ အသွေးအသား အားလုံးကို တစ်စစီ ဝါးမျိုပစ်ချင်နေသည့်ပမာ။

ယုရုမန်ကလည်း ဤပုံစံအတိုင်း မည်ကဲ့သို့များ ရှေ့ဆက်သွားနိုင်ပါမည်နည်း။ နှစ်ဦးသား အပြန်အလှန် ချစ်ကြိုက်ကြသည့်အခါ နှစ်ဦးသဘောတူညီချက်ဖြင့် အမျိုးသားနှင့် အမျိုးသမီးတို့ ကုတင်ပေါ်တွင် ချစ်ကြိုးသွယ်ကြသည်မှာ သဘာဝသာ ဖြစ်ကြပါသော်ငြား ယခုကဲ့သို့သော အခြေအနေမျိုးတွင် ယုရုမန်မှာ သူမ၏ ခန္ဓာကိုယ်ကို ရန်ကိုင် လက်ထဲသို့ မည်ကဲ့သို့များ လိုလိုလားလားနှင့် ထည့်ပေးနိုင်ပါမည်နည်း။

ရန်ကိုင် လက်မှ ရုန်းထွက်မရသည့်အဆုံး ယုရုမန်သည် သူမ လက်ကို အတင်းရုန်းထွက်၍ ရန်ကိုင်၏ ပါးကို ရိုက်ချလိုက်သည်။

ဖြန်းခနဲ မြည်သံနှင့်အတူ ရန်ကိုင်၏ ခေါင်း ဘေးဘက်သို့ ချာခနဲ လည်ထွက်သွားခဲ့လေ၏။ သူ့အပြုအမူများသည်လည်း ချက်ချင်းဆိုသလို ရပ်တန့်သွားခဲ့သည်။

ယုရုမန်သည် ရန်ကိုင်အား ကြည့်ရင်းမှ အေးစက်စက် အမူအရာဖြင့် ပြောလိုက်လေ၏။ "နင်ငါ့ကို ဒီလိုမျိုးလုပ်အောင် တွန်းအားပေးလာတာ"

ရန်ကိုင်မှာမူ ညှို့ဓာတ်မိသွားသည့်အလား တောင့်တောင့်ကြီး ဖြစ်နေခဲ့လေသည်။

ယုရုမန် မျက်မှောင်ကြုတ်သွားခဲ့ပြီး အရိုက်ခံလိုက်ရသည့် ရန်ကိုင်၏ ပါးကို လက်ဖြင့် သွားထိလိုက်ရင်းမှ အတတ်နိုင်ဆုံး ကြင်နာသိမ်မွေ့သည့် လေသံဖြင့် ပြောလိုက်လေ၏။ "ငါနင့်ကို မရိုက်ချင်ဘူး၊ ဒါပေမဲ့ ကျေးဇူးပြုပြီးတော့ ထပါတော့၊ နင် အခု ဘာလုပ်နေလဲ နင် သိရဲ့လား"

ရန်ကိုင်ကမူ ပြန်ဖြေရန် စိတ်မဝင်စားခဲ့။ ယုရုမန်၏ ပြောစကားကို လုံးဝ လျစ်လျူရှုလျက် သူမ အပေါ်မှ ထကာ စောင်တစ်ထည်ကို ယူ၍ သူ့ကိုယ်သူ ရစ်ပတ်လျက် စားပွဲခုံဆီသို့ လျှောက်သွားလိုက်သည်။ ထို့နောက်တွင် ထိုင်ခုံပေါ်ထိုင်၍ စားပွဲခုံပေါ်၌ ကျန်နေသေးသော အရက်အိုးကို ကိုင်ကာ တစ်ကျိုက်တည်း မော့ချလိုက်လေသည်။

ရန်ကိုင်၏ အနောက်တွင် ရှိနေသော ယုရုမန်မှာ အဝတ်အစားအသစ် တစ်စုံကို အလျင်အမြန် လဲဝတ်လေသည်။ အဝတ်ဝတ်ပြီးသည့်နောက်တွင် အရက် တစ်အိုးပြီးတစ်အိုး သောက်နေသော ရန်ကိုင်ဆီသို့ လျှောက်သွားလေ၏။

ယုရုမန်သည် ထိုင်ခုံပေါ်တွင် ထိုင်ချ၍ တိုးတိုးလေး ပြောလိုက်လေသည်။ "ရပ်လိုက်တော့"

ရန်ကိုင်ကမူ ဘာမျှ ပြန်မပြောခဲ့ပေ။ ထပ်တလဲလဲ ဖျောင်းဖျနေသည့်တိုင် ရန်ကိုင်မှ နားမထောင်သည်ကို မြင်သော် ယုရုမန်မှာ ရန်ကိုင် လက်ထဲမှ အရက်အိုးကို လုယူ၍ အံကြိတ်ကာ ပြောလိုက်လေ၏။ "ငါနင့်ကို ရပ်လိုက်တော့လို့ ပြောနေတယ်လေ"

"ငါ့ကိုပြန်ပေး" ရန်ကိုင်ကမူ သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် မျက်နှာကြီး မှုန်ကုပ်လျက် ယုရုမန်ဘက်သို့ လှည့်ကြည့်လာခဲ့သည်။

ယုရုမန်က မေးငေါ့၍... "ဘာလဲ နင်ငါ့ကို သတ်ချင်နေတာလား၊ သတ်ချင်ရင် သတ်လိုက်လေ"

ပြောပြီးသည့်နောက် သတ်လျှင် သတ်နိုင်သည်ဟု ပြောနေသည့်အလား သူမ၏ လည်ပင်းလေးကို ထိုးပေးလိုက်သည်။

ရန်ကိုင်၏ မျက်လုံးထဲ တုံ့ဆိုင်းနေသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့သည်။ သို့ပါသော်ငြား အဆုံးတွင်မူ လက်သာလျှော့လိုက်လေ၏။ ခေါင်းကို လက်ဖြင့် ကိုင်ရင်းမှ ပြန်ပြောလိုက်လေ၏။ "ဒီအတိုင်းပဲ မူးအောင်သောက်ချင်ရုံပဲကို နင် ဘာဖြစ်လို့ ငါ့ကို လာတားနေတာလဲ"

"နင် အခုလိုမျိုး ဆက်မသွားချင်မှန်း ငါသိပြီးသား" ယုရုမန်က ပြုံးလိုက်သည်။ ဘာကြောင့်မှန်းတော့မသိ သူမ စိတ်ထဲ ရန်ကိုင် ယခုကဲ့သို့ ပြောင်းလဲသွားသည့်အပေါ် အနည်းငယ် ပျော်မိသွား၏။

"သွားပေတော့၊ ငါ့အနား ကပ်မလာနဲ့တော့၊ ငါ ဘယ်အချိန် နတ်ဆိုးတစ်ကောင် ပြန်ဖြစ်မလဲ မပြောတတ်ဘူး" ရန်ကိုင်က လက်ဝှေ့ယမ်းကာ ပြောလိုက်၏။

သို့ပါသော်ငြား ယုရုမန်ကမူ ထွက်မသွားခဲ့ဘဲ ရန်ကိုင် အနားသို့ ပို၍ပင် တိုးကပ်ကာ သူမ၏ ရင်အစုံကို ရန်ကိုင်၏ လက်မောင်းပေါ် ဖိကပ်ရင်းမှ ပြောလိုက်လေ၏။ "ငါ ထွက်သွားမှာ မဟုတ်ဘူး၊ နင်က ငါ့လူလေ၊ ဒီတော့ နင်ဘယ်သွားသွား ငါ နင့်အနောက် လိုက်မှာပဲ"

ရန်ကိုင်မှာ ယုရုမန်အား တွန်းဖယ်ရင်းမှ ခါးသက်သက် အမူအရာဖြင့် ပြောလိုက်လေ၏။ "ကျားဟိန်းသံမြို့ထဲမှာ ဘာဖြစ်သွားလဲ နင် မြင်ပြီးသွားပြီမလား၊ ငါ့အနား ကပ်မနေနဲ့တော့၊ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး နေပြီးတော့ အခြားတစ်ယောက် သွားရှာလိုက်တော့"

ယုရုမန်သည် ရန်ကိုင်အား ပြုံးဖြီးကာ ကြည့်ရင်းမှ ပြောလိုက်လေသည်။ "ဒါဆို နင်ငါ့ကို ဘယ်လိုလူမျိုးကို လက်ထပ်စေချင်တာလဲ"

"ငါ့လို မဟုတ်တဲ့ လူပေါ့" ရန်ကိုင်က ပြန်ပြောလိုက်သည်။

ယုရုမန်သည် ရန်ကိုင်ကို ကြည့်၍... "ဒါပေမဲ့ ငါချစ်တာက နင်တစ်ယောက်တည်းလေ၊ အဲတော့ ငါက ဘာလုပ်ရမှာလဲ"

ရန်ကိုင်သည် ယုရုမန်အား ကြည့်လျက် ပြန်ပြောလိုက်သည်။ "အဲဒါဆိုရင်တော့ နင် ကန်းနေတာပဲ နေမှာပေါ့"

ယုရုမန် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ ထို့နောက် သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်၍ ပြုံးလိုက်လေ၏။

ရုတ်တရက် ယုရုမန်သည် ထရပ်ကာ ရန်ကိုင်၏ လက်ကို ကောက်ကိုင်လိုက်သည်။

"နင် ဘာလုပ်နေတာလဲ" ရန်ကိုင်က အားနည်းဖျော့တော့သည့် လေသံဖြင့် မေးခွန်းထုတ်လိုက်လေ၏။

"နင် သောက်ချင်တယ် မဟုတ်ဘူးလား၊ ဒီတော့ ငါနင့်ကို အဖော်ပြုပေးမှာပေါ့" ယုရုမန်သည် ဧကရာဇ်ချီကို လှည့်ပတ်၍ ရန်ကိုင်ကိုပါ ဧကရာဇ်ချီဖြင့် လွှမ်းခြုံလျက် အပြင်ဘက်သို့ ပြေးထွက်သွားလေသည်။

လေညင်းစံအိမ်၏ ပထမအလွှာမှာ ယခင်ကကဲ့သို့ပင် သက်ဝင်မြူးကြွနေဆဲ။ ရန်ကိုင်မှာ ရုတ်တရက်ဆိုသလို ခန်းမအလယ်၌ ပေါ်လာခဲ့သည်။ ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက်တွင် ယုရုမန်သည် အကြီးဆုံး စားပွဲခုံ တစ်လုံးဆီသို့ ဆင်းသွားလိုက်ပြီး ထိုနေရာတွင် ရှိနေသည့် ဧည့်သည်များကို အော်ပြောလိုက်လေ၏။ "ထွက်သွားလိုက်ကြပေတော့"

ထိုစားပွဲခုံတွင် ထိုင်နေသည့် ဧည့်သည်ခုနစ်ဦးနှင့် ကောင်မလေးခုနစ်ဦး ရှိကြပေသည်။ အကုန်လုံးမှာ သောက်စားကာ ပျော်ပါးနေကြခြင်း ဖြစ်သည်။ ထိုအတွက်ကြောင့် ယုရုမန်မှ ဤစားပွဲခုံဆီ ရောက်လာပြီး သူတို့အား ယခုကဲ့သို့ အော်ငေါက်လိုက်သည့်အခါတွင် အကုန်လုံး ကြောင်သွားကုန်ကြလေ၏။

သို့ပါသော်ငြား ယုရုမန်အား မော့ကြည့်လိုက်ကြချိန် ဧည့်သည်ခု နစ်ဦးစလုံးမှာ လုံးဝကို ကြောင်အမ်းအမ်း ဖြစ်သွားကြပြီး သူတို့၏ မျက်လုံးထဲ တဏှာရမ္မက်မီးတောက်များ ရုတ်ချည်းဆိုသလို တောက်လောင်လာခဲ့လေသည်။ အန်ဟဲမြို့သည် ချောင်ကြိုချောင်ကြား နေရာတွင် ရှိနေသော မြို့ငယ်လေး တစ်မြို့သာ ဖြစ်ပေသည်။ လေညင်းစံအိမ်သည် အန်ဟဲမြို့ထဲရှိ အကြီးဆုံး ဆောင်ကြာမြိုင်တစ်ခု ဖြစ်သည့်တိုင် ဤနေရာတွင် ရှိနေသော ကောင်မလေးများ၏ အရည်အသွေးနှင့် အလှတရားမှာ အလယ်အလတ်ထက် ကျော်ရုံလောက်သာ ရှိကြပေသည်။ ထိုကောင်မလေးများမှာ ယုရုမန်ကဲ့သို့သော အလှပဂေးတစ်ဦးနှင့် မည်ကဲ့သို့များ ယှဉ်နိုင်ပါမည်နည်း။ ယုရုမန်၏ ရုပ်ရည်မှာ ပြောမှတ်ထင် ချောမောလှပလှသလို ကိုယ်လုံးကိုယ်ပေါက်မှာလည်း အပြစ်ဆိုရက်စရာ မရှိအောင် ပြည့်စုံလှပေသည်။ ကြယ်တာရာအစုအဝေးထဲဝယ် ယုရုမန်နှင့် ယှဉ်နိုင်သည့် အမျိုးသမီးဆို၍ အနည်းငယ်လောက်သာ ရှိကြသည်။

ဗိုက်ပူပူနှင့် လူကြီးသည် ယုရုမန်အား စိုက်ကြည့်ရင်းမှ ပြန်ပြောလိုက်လေ၏။ "ဒီမှာ ဒီလောက်လှတဲ့ ကောင်မလေးတစ်ဦး ရှိနေတာကို ငါဘယ်လိုလုပ်ပြီး မသိရတာလဲ" ပြောပြီးသည့်နောက် ယုရုမန်အား လှမ်းကိုင်ရန် လုပ်လိုက်သည်။

သို့သော်ငြား သူ့လက်အား သေသေချာချာ မမြှောက်ရသေးခင်မှာပင် သူ့လက်မောင်း တစ်ခုလုံး ဘုန်းခနဲ ပေါက်ကွဲထွက်သွားခဲ့လေသည်။

ထိုလူမှာ တစ်ခဏမျှ ကြောင်အမ်းအမ်း ဖြစ်နေပြီးသည့်နောက် နာကျင်မှုကြောင့် သွေးရူးသွေးတန်းနှင့် ထအော်တော့လေ၏။

ရုတ်တရက် သူ့အော်သံ ရပ်တန့်သွားခဲ့ပြီး သူ့တစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားခဲ့လေသည်။

တခြားသူများ၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားကုန်ကြလေသည်။ အကုန်လုံးပါ မူးယစ်နေရာမှ ချက်ချင်း လန့်နိုးလာခဲ့ကြပြီး အတူတကွ ထရပ်၍ ယုရုမန်အား စူးရဲစွာ စိုက်ကြည့်လိုက်ကြသည်။ ထိုလူများနှင့် အတူရှိနေကြသော ကောင်မလေးများသည်လည်း ဖြူဖတ်ဖြူရော် မျက်နှာများဖြင့် ကြောက်လန့်တကြား ထအော်ကြလေ၏။

"ဒီမှာ နင် လူသတ်ရဲတယ်လား" ထိုလူက ဒေါသတကြီးဖြင့် ထအော်လိုက်သည်။ သူတို့အဖော် မည်ကဲ့သို့ သေသွားသလဲဆိုသည်ကို မသိပါသော်ငြား သူတို့ အရှေ့တွင် ရှိနေသည့် အမျိုးသမီးမှ လုပ်လိုက်သည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။ ထိုသို့ အော်ပြောလိုက်ပြီးသည့်နောက် ဓားတစ်ချောင်းကို ထုတ်ယူ၍ ယုရုမန်အား ခုတ်ရန် လုပ်လိုက်သည်။

ယုရုမန်ကမူ ထိုလူအား အေးစက်စက် အကြည့်ဖြင့်သာ ကြည့်နေခဲ့ပြီးနောက် သူမ၏ စိတ်စွမ်းအင်ကို လှည့်ပတ်လိုက်လေ၏။

ထိုလူ တစ်ခဏမျှ တောင့်တောင့်ကြီး ဖြစ်သွားခဲ့သည်။ ထို့နောက်တွင် ယုရုမန်အား ခုတ်ရန် ကြံနေသော သူ့ဓားကို သူ့ရင်ဘတ်ထဲသို့ ပြန်ထိုးစိုက်လိုက်လေ၏။

စွက်။

သွေးများ ဖြာခနဲ ပန်းထွက်လာခဲ့ပြီး ထိုလူမှာ မြေပြင်ပေါ်သို့ ခွေခွေလေး ကျသွားခဲ့သည်။ သို့ပါသော်ငြား သေသွားသည့်တိုင် ထိုလူ၏ မျက်နှာအထက် ကျေနပ်ပီတိ ဖြစ်နေသည့် အပြုံးတစ်ပွင့် ရှိနေပေသေးသည်။

ဤကဲ့သို့သော မြင်ကွင်းမျိုးမှာ အမှန်တကယ်ကိုမှ မယုံကြည်နိုင်စရာ ကောင်းလှသလို ကြောက်မက်ဖွယ်လည်း ကောင်းလှပေသည်။

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြီး ကျန်သည့် လူအားလုံး တံတွေးတစ်လုတ်စီ မျိုချမိလိုက်ကြသည်။ ယခုမှသာလျှင် သူတို့ အရှေ့တွင် ရှိနေသည့် အမျိုးသမီးမှာ အလွန်ကိုမှ ကျင့်ကြံခြင်း မြင့်မားလှသည့် လူတစ်ဦး ဖြစ်မည်မှန်း သဘောပေါက်သွားကြတော့သည်။ ထိုသို့သာ မဟုတ်ပါက တစ်ဖက်ရန်သူအား တစ်ဖက်သူပင်လျှင် သဘောမပေါက်ဘဲ သတ်နိုင်ဖို့ရာ မဖြစ်နိုင်လှပေ။

"ထွက်သွားကြပေတော့" ယုရုမန်သည် သူမ၏ နှုတ်ခမ်းလေးကို အသာအယာလေး လှုပ်၍ ပြောလိုက်လေသည်။ သို့ပါသော်ငြား သူမ ပြောလာသည့် စကားလုံးများမှာတော့ ရေခဲတမျှ အေးစက်နေခဲ့လေ၏။

အကုန်လုံးမှာ ...များမှ လွတ်သွားသည့်ပမာ ချက်ချင်းဆိုသလို ကမူးရှူးထိုးနှင့် ထွက်ပြေးကုန်ကြလေသည်။ ယုရုမန် ရပ်နေသည့် စားပွဲဝိုင်းတွင် ရှိနေသည့် လူများသာလျှင် မဟုတ်။ အခြားသော စားပွဲဝိုင်းများတွင် ရှိနေသည့် လူများသည်လည်း ထွက်ပြေးကုန်ကြလေ၏။

ယုရုမန်က ဆက်၍ ပြောလိုက်၏။ "နင်တို့မှာရှိတဲ့ အရက်တွေအကုန် ယူလာခဲ့"

ထိုသို့ အမိန့်ပေးပြီးသည့်နောက် သူမ လက်ကို ဝှေ့ယမ်း၍ စားပွဲခုံအား သန့်ရှင်းလိုက်ကာ ရန်ကိုင်နှင့်အတူ ထိုင်ချလိုက်လေသည်။

ယခုဆိုလျှင် လေညင်းစံအိမ် တစ်ခုလုံးထဲ မည်သည့် ဧည့်သည်မျှ ရှိမနေတော့ဘဲ ရန်ကိုင်နှင့် ယုရုမန်တို့သာ ရှိနေကြသည်။ စားပွဲဝိုင်း တစ်ခုလုံး အရက်အိုးများဖြင့် ပြည့်နေခဲ့ပြီး လေညင်းစံအိမ်တွင် အလုပ်လုပ်နေကြသော ယောက်ျားသားမှာလည်း ဝိုင်အိုးများ၏ အဖုံးများကို သေသေချာချာ လိုက်ဖွင့်ပေးနေကြလေသည်။

ရန်ကိုင်သည် အရက်အိုး တစ်အိုးကို ကိုင်၍ တစ်ကျိုက်တည်း မော့ချလိုက်သည်။ သူ့ဝမ်းဗိုက် တစ်ခုလုံးမှာ လုံးဝကို မပြည့်နှက်နိုင်သော တွင်းနက်ကြီး တစ်ခုပမာ စီးဝင်လာသမျှ အရက်အားလုံးကို လက်ခံယူနေခဲ့သည်။

ယုရုမန်သည် ရန်ကိုင်နှင့် ဆန့်ကျင်ဘက်တွင် ထိုင်၍ ရန်ကိုင်အား ငြိမ်သက်စွာ ရပ်ကြည့်နေခဲ့သည်။ ရန်ကိုင် အရက်တစ်အိုးကို ကုန်စင်အောင် သောက်ပြီးသည့်နောက် ယုရုမန်သည် အရက်တစ်အိုးကို ယူကာ ရန်ကိုင်ဆီသို့ ပေးလေသည်။

ဆယ်အိုး၊ အိုးငါးဆယ်၊ အိုးတစ်ရာ၊ အိုးနှစ်ရာ။

အတန်ကြာသွားပြီးသည့်နောက်တွင် ရန်ကိုင်သည် ရုတ်တရက် အသံအကျယ်ကြီး ဟိန်းဟောက်၍ သူ့လက်ထဲတွင် ရှိနေသော နောက်ဆုံး ဝိုင်အိုးကို လွှင့်ပစ်လိုက်သည်။

ရန်ကိုင်၏ ဟိန်းသံသည် မိုးခြိမ်းသံပမာ အန်ဟဲမြို့ တစ်ခုလုံးကို တသိမ့်သိမ့် တုန်ခါသွားစေခဲ့လေသည်။

ဟိန်းသံမှာ အတန်ကြာသွားပြီးသည့် နောက်မှသာလျှင် ပြန်လည် တိတ်ကျသွားခဲ့လေ၏။ ထို့နောက်တွင် ရန်ကိုင်သည် ယုရုမန်ကို ကြည့်၍ မှုန်ကုပ်ကုပ် အမူအရာဖြင့် ပြောလိုက်လေသည်။ "ငါမမူးဘူး"

အထွဋ်အထိပ်သိုင်းဧကရာဇ်

All Chapters