← Chapters

အခန်း ၁၅၄

Vol. 16 Ch. 154

အခန်း ၁၅၄

Vol. 16 Ch. 154

အခန်း (၁၅၄) ဆေးရုံတွင် တစ်ယောက်ယောက်က အမှုလာဖွင့်သွားသလား...

လျူအာကျူးက လျူဟိုင်အား ချက်ချင်းပင် ပြောလိုက်သည်။

"နောက်တစ်ဆင့် ပြန်စဉ်းစားကြည့်ရအောင်... တစ်ယောက်ယောက်က ကျွန်တော်နဲ့ ဆက်သွယ်ပြီး မကောင်းတာတွေ လုပ်ချင်တယ်ဆိုရင်တောင် သူတို့က ခုလိုနည်းပညာမျိုးကို ကျွန်တော့်ဆီ ပေးနိုင်မှာ မဟုတ်ဘူးမလား... ဒါက သာမန်ပြည်သူတွေအတွက် အကျိုးရှိစေမယ့် ကောင်းမွန်တဲ့ ကိစ္စတစ်ခုပဲလေ..."

လျူဟိုင်သည် သေချာစွာ တွေးတောကြည့်လိုက်ရာ သူပြောသည်မှာ မှန်ကန်ကြောင်း သိလိုက်ရသည်။

ထိုမြေရှင်ကြီးများနှင့် ချမ်းသာသော သူဌေးများ သို့မဟုတ် အရင်းရှင်များ၏ မူလရည်ရွယ်ချက်မှာ အရင်းအမြစ်များကို လက်ဝါးကြီးအုပ်ကာ တစ်ယောက်တည်း ခံစားရန်သာ ဖြစ်သည်။

သူတို့သည် ဤမျှကောင်းမွန်သော အရာများကို မျှဝေရန် မည်သို့မျှ ထုတ်ပေးလာမည် မဟုတ်ပေ။

ယခုအခါ လျူဟိုင်သည် စိတ်သက်သာရာရသွားပြီး ပြန်လည်ပျော်ရွှင်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် လျူအာကျူး တွေးထားသော နည်းလမ်းသာ တကယ်အလုပ်ဖြစ်ခဲ့ပါက ကျေးရွာ၏ ရိက္ခာရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ရုံသာမက ဝင်ငွေပင် ရှာဖွေနိုင်မည်ဖြစ်ရာ ထိုအချိန်ရောက်လျှင် ရွာသားများသည် ဆာလောင်မွတ်သိပ်မှုနှင့် ဆင်းရဲမွဲတေမှုတို့မှ ဒုက္ခရောက်ရတော့မည် မဟုတ်သောကြောင့်ဖြစ်သည်။

"ကောင်းပြီလေ... ငါ ပြည်သူ့ကွန်မြူနစ်အဖွဲ့ကို သွားပြီး ဒီကိစ္စတွေကို ဆွေးနွေးကြည့်လိုက်မယ်..."

လျူဟိုင်က ဝမ်းသာအားရဖြင့် ပြောလိုက်သည်။

လျူအာကျူးသည် သဘောတူကြောင်း စကားတစ်ခွန်းဆိုလိုက်ပြီးနောက် လုကျီယွင်အား ပြောလေသည်။

"ပညာရှင်လု... နောက်ရက်အနည်းငယ်လောက် ရွာမှာ ဆက်နေပါလား... ကျွန်တော်တို့ ရေတွင်းတူးတဲ့အခါ ခင်ဗျားလည်း လမ်းညွှန်မှုတချို့ ပေးလို့ရတာပေါ့..."

လုကျီယွင်သည် လျူအာကျူးကို နက်ရှိုင်းသော ကျေးဇူးတင်စိတ်ဖြင့် ကြည့်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် လျူအာကျူးသည် သူမအား ကာကွယ်ပေးရန်အတွက် ဤသို့လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သူမ နားလည်ထားသောကြောင့် ဖြစ်၏။

သူမခင်ပွန်းဖြစ်သူမှာ ယခုလေးတင် ပညာပေးခံထားရသဖြင့် သူမသာ ယခုပြန်သွားပါက မလွဲမသွေ သူ၏ အထိုးအကြိတ်ခံရမည့်သူ ဖြစ်လာပေလိမ့်မည်။

"ကျေးဇူးတင်ပါတယ် ကျေးဇူးရှင်..."

လုကျီယွင်သည် စိတ်လှုပ်ရှားစွာဖြင့် သူ့အား ကျေးဇူးတင်စကား ဆိုလိုက်သည်။

လျူအာကျူးသည် စကားများများမပြောတော့ဘဲ လုကျီယွင်ကို ရွာထဲသို့ ဦးစွာ ခေါ်ဆောင်သွားခဲ့သည်။

ဤအချိန်တွင် ရွာနှစ်ရွာကြားမှ အော်ဟစ်ဆဲဆိုပွဲမှာ ပြီးဆုံးလုနီးပါး ဖြစ်နေလေသည်။

လီမိသားစုကျေးရွာမှ လူများသည် မည်သည့်အသံမျှ မထွက်နိုင်ကြတော့ဘဲ လျူကျေးရွာမှ လူများသာ ဆက်လက်၍ ဆဲဆိုနေကြသည်။

လျူကျေးရွာမှ လူများအတွက်မူ ရေနွေးပူပူ ထောက်ပံ့ပေးသူရှိနေသဖြင့် သူတို့၏ လည်ချောင်းများကို စိုစွတ်စေကာ အဆက်မပြတ် အော်ဟစ်နိုင်ကြသော်လည်း အခြားတစ်ဖက်မှ လူများမှာမူ လည်ချောင်းများ ပူထူလာသည်အထိ အော်ဟစ်ထားခဲ့ရ၏။

လီမိသားစုကျေးရွာမှ လူများသည်လည်း ရေများထောက်ပံ့ပေးနေသော်လည်း တစ်ပြိုင်နက်တည်း ဓာတ်ဘူးများစွာဖြင့် ထောက်ပံ့ပေးနေသော လျူကျေးရွာကို မယှဉ်နိုင်ကြသလို သူတို့၏ စိတ်ဓာတ်များသည်လည်း လျူကျေးရွာမှ လူများကဲ့သို့ စည်းလုံးညီညွတ်မှု မရှိကြပေ။

အော်ဟစ်မှုများ ပြီးဆုံးလုနီးပါး ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ လျူဟိုင်သည် ရှေ့သို့ထွက်လာပြီး လီမိသားစုကျေးရွာမှ လူများကို အောင်ပွဲခံသည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ဘယ်လိုလဲ... အဖွဲ့ခေါင်းဆောင်လီက အရှုံးပေးသွားပြီလား..."

အဖွဲ့ခေါင်းဆောင်လီသည် သူ၏လူများ အော်ဟစ်ဆဲဆိုပွဲတွင် တကယ်ရှုံးနိမ့်သွားသည်ကို မြင်လိုက်ရသောအခါ သူ၏ရွာမှ အမျိုးသမီးများကို ဦးစွာ ဒေါသတကြီး စိုက်ကြည့်လိုက်ပြီးနောက် စိတ်မရှည်စွာဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။

"ရှုံးတယ်ဆိုတာ ဘာကိုပြောတာလဲ... မင်းတို့ကောင်တွေ အလှည့်စားခံရတာကို ကြည့်ဖို့ ငါတို့က စောင့်နေရုံပဲ... ဘယ်လိုလဲ တပ်မဟာခေါင်းဆောင်လျူ ရေတူးလို့ရပြီလား..."

"ပညာမတတ်တဲ့အကြောင်း ပြောနေတာပါ... မြေတိုင်းတာတယ်ဆိုတာ ဘာလဲဆိုတာကိုရော မင်းသိရဲ့လား... ငါတို့က စူးစမ်းလေ့လာဖို့ လာရုံပဲလေ..."

လျူဟိုင်က ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။

အဖွဲ့ခေါင်းဆောင်လီသည် လျူအာကျူးနှင့် လုကျီယွင်တို့ကို မည်သို့မျှ မယုံကြည်ဘဲ ဤနှစ်ယောက်မှာ လိမ်လည်သူများသာဖြစ်သည်ဟု ထင်မြင်ကာ ချက်ချင်းပင် ပြောလိုက်၏။

"ကောင်းပြီလေ... ဒါဆို မင်းတို့ တစ်ခုခု စစ်ဆေးတွေ့ရှိခဲ့လား..."

"ငါက မင်းကို ဘာလို့ပြောပြရမှာလဲ..."

လျူဟိုင်သည် တုံးအသူတစ်ယောက် မဟုတ်ပေ။ အောင်မြင်မှုမရမီ မည်သည့်အရာကိုမျှ လုံးဝပြောပြမည်မဟုတ်ဘဲ ထိုသို့မဟုတ်ပါက ဤလူများက ပြဿနာရှာလာနိုင်သည်။

ရေတွင်းတူးပြီးပါက အနီးအနားတွင် တဲငယ်တစ်လုံးဆောက်ကာ ထိုလူများ ရေခိုးယူခြင်းမှ တားဆီးရန်အတွက် တစ်စုံတစ်ယောက်ကို အထူးတလည် စောင့်ကြပ်ခိုင်းရန်ပင် သူစီစဉ်ထားသည်။

အရင်းအမြစ်များကို မျှဝေမည်ဟု အော်ဟစ်နေကြသော်လည်း ရွာတစ်ရွာတည်းအတွင်း မျှဝေခြင်းမှာ ပြဿနာမရှိသော်လည်း အခြားရွာတစ်ရွာနှင့် မျှဝေရန်မှာမူ မည်သူကမျှ လိုလားကြမည် မဟုတ်ပေ။

လျူဟိုင် စကားမပြောရဲသည်ကို ကြားလိုက်ရသောအခါ အဖွဲ့ခေါင်းဆောင်လီသည် ရေအရင်းအမြစ် ရှာမတွေ့ခဲ့ကြောင်းကို ပို၍ပင် သေချာသွားသည်။

သို့သော် လျူဟိုင်အား စကားအချေအတင် ပြောရာတွင် မနိုင်နိုင်မှန်း သူသိထားသဖြင့် လျူအာကျူးဘက်သို့ လှည့်ကာ တိုက်ခိုက်လိုက်သည်။

"ကျူးဇီ... မင်းက အလယ်တန်းကျောင်းသားဆို... ဘယ်လိုလုပ်ပြီး ခုလိုမိန်းမတစ်ယောက်ရဲ့ လှည့်စားတာကို ခံရလောက်အောင် တုံးအနေရတာလဲ... သူ့ကို ပညာရှင်ဟိုဟာ ပညာရှင်ဒီဟာဆိုပြီး ခေါ်နေသေးတယ်..."

"အဲဒါတော့ ဘာဖြစ်လဲ... ခင်ဗျားကို ပညာရှင်လို့ ခေါ်ရမှာလား... မြေအောက်ရေရှာဖို့ဆိုတာ ထားလိုက်ပါဦး ခင်ဗျားက မြေကြီးပေါ်တောင် သေးပေါက်နိုင်တော့မှာ မဟုတ်ဘူးမလား..."

လျူအာကျူးက ပြန်လည်ပက်လိုက်သည်။

အဖွဲ့ခေါင်းဆောင်လီမှာ မှင်သက်သွားပြီး မြေကြီးပေါ်သို့ သေးမပေါက်နိုင်ဘူးဟူသည်မှာ မည်သည့်အဓိပ္ပာယ်မှန်း နားမလည်နိုင်ဖြစ်သွားသည်။

သူ့ဘေးမှ လီမိသားစုကျေးရွာမှ အမျိုးသမီးတစ်ဦးက ချက်ချင်းပင် ရှင်းပြလိုက်သည်။

"တပ်မဟာခေါင်းဆောင်... သူက ရှင်အသက်ကြီးလို့ ဆီးမထိန်းနိုင်တော့ဘဲ တစ်နေကုန် ဘောင်းဘီထဲ သေးပေါက်ချနေလို့ မြေကြီးပေါ်မကျတာလို့ ပြောနေတာ..."

ဤရှင်းပြချက်က အခြေအနေကို ပိုဆိုးသွားစေပြီး ထိုစကားထွက်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်းမှာ အသံကျယ်လောင်စွာဖြင့် ရယ်မောလိုက်ကြသည်။

လျူကျေးရွာမှ လူများပင်လျှင် လျူအာကျူးအား လက်မထောင်ပြလိုက်ကြသည်။

ပညာတတ်တစ်ယောက်ပီပီ သူ၏ ဆဲဆိုမှုများပင်လျှင် အလွန်ရယ်စရာကောင်းနေသည်။

တပ်မဟာခေါင်းဆောင်လီသည်လည်း ဒေါသထွက်သွားပြီး လျူအာကျူးကို စိုက်ကြည့်ကာ ကျိန်ဆဲလိုက်၏။

"မင်းလိုကောင်က မိဘသွန်သင်ဆုံးမမှုရော ရှိရဲ့လား... လူကြီးတစ်ယောက်ကို ဘယ်လိုများ စကားပြောနေတာလဲ..."

"ကျွန်တော့် ဦးလေးဟိုင်ကလည်း လူကြီးပဲ... ခင်ဗျားလည်း လူကြီးပဲလေ... ဘာလို့ သူက လျူကျေးရွာကို စည်းကမ်းတကျ စီမံအုပ်ချုပ်နိုင်ပြီး ခင်ဗျားကျတော့ လီမိသားစုကျေးရွာကို အုပ်ချုပ်တာ ညံ့ဖျင်းနေရတာလဲ..."

"အမျိုးတို့ရေ ပြောပြကြပါဦး... ကျွန်တော်တို့က လူကြီးတွေကို တကယ်လေးစားရမယ်ဆိုရင် ဦးလေးဟိုင်ကို လေးစားရမလား... ဒီအဖွဲ့ခေါင်းဆောင်လီကို လေးစားရမလား..."

လျူအာကျူးက လူအုပ်ကြီးအား အော်ပြောလိုက်သည်။

လျူကျေးရွာမှ လူများသည် သဘာဝကျစွာပင် လျူဟိုင်ကို မျက်နှာသာပေးကာ တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်လိုက်ကြ၏။

"သေချာပေါက် ငါတို့ရဲ့ တပ်မဟာခေါင်းဆောင်လျူကို လေးစားရမှာပေါ့..."

"အဖွဲ့ခေါင်းဆောင်လီ... ကလေးတစ်ယောက်နဲ့ အသေးအဖွဲ စကားများနေရတာ ခင်ဗျား တကယ်မရှက်ဘူးလား... အဓိကအချက်က ခင်ဗျား ရှုံးတောင်ရှုံးသွားသေးတယ်..."

"ဟုတ်တယ်... ငါသာ မင်းဆိုရင် မျက်နှာပြရမှာကို ရှက်လွန်းလို့ နေမှာမဟုတ်ဘူး..."

"အဖွဲ့ခေါင်းဆောင်လီ... အိမ်ပြန်ပြီး မင်းမိန်းမကို ဘောင်းဘီလျှော်ခိုင်းလိုက်တော့... မင်း ဒေါသထွက်ပြီး သေးမထိန်းနိုင်ပြန်ဘူး ထင်တယ်..."

"ဘာလို့ သည်လောက်တောင် နံစော်နေရတာလဲလို့ တွေးနေတာ... တကယ့်ကို ရွံစရာကောင်းတာပဲ..."

လူအုပ်ကြီး၏ လှောင်ပြောင်မှုများကြောင့် အဖွဲ့ခေါင်းဆောင်လီ၏ မျက်နှာမှာ နီမြန်းလာပြီး လည်ပင်းများပင် ဖောင်းကားလာကာ မည်သည့်စကားတစ်ခွန်းမျှ မပြောနိုင်တော့ပေ။

သူသည် တကယ်ပင် ဘောင်းဘီထဲ သေးပေါက်ချမိသလားဟု သေချာစေရန်အတွက် သူ၏ ပေါင်ကြားသို့ ငုံ့ကြည့်ခြင်းကိုပင် မထိန်းချုပ်နိုင်တော့ပေ။

ဤလုပ်ရပ်ကြောင့် လီမိသားစုကျေးရွာမှ လူများမှာ သံသယဝင်သည့် အမူအရာများ ပြသလာကြသည်။

သူတို့၏ တပ်မဟာခေါင်းဆောင်သည် မည်သည့်အရာကို ကြည့်နေခြင်းနည်း.။ လျူအာကျူး ပြောသည်မှာ မှန်ကန်နေပြီး သူသည် တကယ်ပင် အသက်ကြီးလွန်း၍ ဆီးမထိန်းနိုင်တော့ခြင်းများ ဖြစ်နေမည်လား။

လျူအာကျူးသည် လီမိသားစုကျေးရွာမှ လူများကို ဆက်လက်ရင်ဆိုင်ရန် အချိန်မဆွဲတော့ဘဲ သူ၏ ရွာသူရွာသားများအား အော်ပြောလိုက်သည်။

"အားလုံးပဲ ပင်ပန်းသွားကြပြီ... အိမ်ပြန်ကြစို့..."

လူများသည် ယခုအခါ လျူအာကျူးကို အလွန်သဘောကျနေကြပြီး အလွန်လေးစားနေကြသဖြင့် သူ့စကားကို နားထောင်ကာ ပျော်ရွှင်စွာ စကားပြောဆိုရင်း အိမ်ပြန်သွားကြသည်။

ယခုလေးတင် ဖြစ်ပွားခဲ့သော အော်ဟစ်ဆဲဆိုပွဲမှာ လျူကျေးရွာမှ လူများအတွက် လဝက်ခန့် အတင်းပြောရန် လုံလောက်ပေလိမ့်မည်။

လျူအာကျူးသည်လည်း လုကျီယွင်ကို သူ့အိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။ သူတို့ရောက်ရှိသွားချိန်တွင် အရှေ့ဂိတ်ရဲစခန်းမှ ဝမ်ကျန့်ကျွင်းနှင့် သူ့ဖခင်တို့ စကားပြောနေကြသည်ကို တွေ့လိုက်ရသည်။

ဝမ်ကျန့်ကျွင်းသည် သူ၏ ရဲဝတ်စုံကို ဝတ်ဆင်ထားခြင်း မရှိပေ။ သူသည် လက်ဖက်ရည်သောက်ရင်း လျူဖူရှန့်နှင့်အတူ ရယ်မောပြောဆိုနေကာ အလွန်ရင်းနှီးကျွမ်းဝင်ပုံ ရလေသည်။

နျူဟုန်ဟွာနှင့် မရီးတို့မှာ အနီးအနားတွင် လုကျီယွင်၏ ကလေးကို စနေကြသည်။

ကလေးမှာ ရှက်ရွံ့ခြင်းမရှိပေ။ သူသည် ဆာလောင်မှုကြောင့် ပိန်လှီနေသဖြင့် သူ၏ မျက်လုံးများမှာ အလွန်ကြီးမားနေသယောင် ထင်ရပြီး လူများပြည့်နှက်နေသော အခန်းကို ကြည့်ကာ မျက်တောင်များ ပုတ်ခတ်ပုတ်ခတ် လုပ်နေလေသည်။ သူ၏ ချစ်စရာကောင်းသော အမူအရာကြောင့် နျူဟုန်ဟွာနှင့် မရီးတို့မှာ အဆက်မပြတ် ရယ်မောနေကြသည်။

လျူအာကျူးက စူးစမ်းချင်စိတ်ဖြင့် ကန်း၏ အစွန်းသို့ ချဉ်းကပ်သွားလေသည်။

"အစ်ကိုဝမ်... ဘာလို့ ဒီကို ရောက်နေတာလဲ..."

ဝမ်ကျန့်ကျွင်းသည် သူ့အား တစ်ချက်ကြည့်လိုက်ပြီးနောက် ချက်ချင်းမတ်တတ်ရပ်ကာ လျူဖူရှန့်အား ပြောလိုက်သည်။

"ဒါဆို ကျွန်တော် ကျူးဇီနဲ့ အလုပ်ကိစ္စ အရင်သွားပြောလိုက်ဦးမယ်... ပြီးရင် တိုက်ရိုက် ပြန်တော့မှာဆိုတော့ ဦးလေး အနားယူလိုက်ပါတော့..."

"ကောင်းပြီလေ... လမ်းမှာ ဖြည်းဖြည်းသွားဦး..."

လျူဖူရှန့်က နွေးထွေးစွာ ပြောလိုက်၏။

ဝမ်ကျန့်ကျွင်းသည် သဘောတူကြောင်း စကားတစ်ခွန်းဆိုလိုက်ပြီးနောက် လျူအာကျူးကို ခြံဝင်းထဲသို့ ခေါ်သွားကာ တိုးညှင်းသော အသံဖြင့် ညည်းတွားလိုက်သည်။

"ငါ ဘာလို့ ဒီကို‌ရောက်နေတာလဲ ဟုတ်လား... မင်းကောင်လေး တော်တော်သတ္တိကောင်းနေပါလား... ဆေးရုံလို နေရာမျိုးမှာ မင်းက သေနတ်ပစ်ဖောက်ရဲတယ်ပေါ့..."

လျူအာကျူးက မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။

"အဲဒီခွေးကောင်က တကယ်ပဲ ရဲကို တိုင်ရဲတယ်ပေါ့..."

"မဟုတ်ပါဘူး... မင်းက ဆေးရုံက တခြားလူနာတွေကို စော်ကားခဲ့သေးလို့လား... လူနာတစ်ယောက်က သည်းမခံနိုင်တော့လို့ ရဲစခန်းကို သွားတိုင်တာ..."

"ကံကောင်းလို့ သူတို့က အရှေ့ဂိတ်ရဲစခန်းကို သွားတိုင်ကြတာ... လျူအာကျူးဆိုတဲ့ နာမည်နဲ့ လူတစ်ယောက်ကို ဖမ်းဖို့ တစ်ယောက်ယောက်က လာတိုင်တယ်ဆိုတာ ကြားတာနဲ့ ရုပ်လက္ခဏာကလည်း မင်းနဲ့ နည်းနည်းတူနေတော့ ငါတို့က အဲဒီကိစ္စကို ဖုံးဖိထားလိုက်တာ..."

"ဒါကြောင့် ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို မင်းကို အမြန်သွားမေးဖို့ ညွှန်ကြားရေးမှူးက ငါ့ကို လွှတ်လိုက်တာ... မင်းရဲ့ကိစ္စက ပွင့်ပွင့်လင်းလင်း ပြောရရင် အကြီးအသေး ဖြစ်နိုင်တယ်... ငါတို့ဘက်ကသာ မှန်နေမယ်ဆိုရင် ဖြေရှင်းရတာ လွယ်ကူသွားမှာပဲ..."

ဝမ်ကျန့်ကျွင်းက စကားပြောရင်း မှတ်တမ်းတင်ရန်အတွက် သူ၏ မှတ်စုစာအုပ်ကို ထုတ်ယူလိုက်ကာ လျူအာကျူးဘက်မှ မှန်ကန်သည့် ရှုထောင့်မှနေ၍ ဇာတ်လမ်းကို ပြောပြရန် သတိပေးရန်လည်း မမေ့လျော့ခဲ့ပေ။

လျူအာကျူးက ရှင်းပြလိုက်သည်။

"ဒီကိစ္စမှာ ကျွန်တော်က တကယ့်ကို မှန်နေတာပါ... အဲဒီကောင်က ကျွန်တော့်ကို သတ်ချင်နေတာလေ..."

ချက်ချင်းပင် သူက ဇာတ်လမ်းတစ်ခုလုံးကို အစမှအဆုံးတိုင် ပြန်လည်ပြောပြလေတော့သည်။

All Chapters