အခန်း ၂
Vol. 1 Ch. 2
အခန်း(၂)-အပိုင်း(၆)
အိမ်တော်ကို ပြန်လာပြီးတဲ့နောက် အချိန်နှစ်နာရီ ကုန်လွန်သွားပြီ ဖြစ်သည်။
မင်္ဂလာဦးညတွင် မင်္ဂလာအချိန်ကို လက်မလွှတ်စေရန် ကြင်စဦးမောင်နှံကို တိုက်တွန်းထားသကဲ့သို့ မင်္ဂလာဖယောင်းတိုင်မီးသည် တစ်ဝက်ကျော်တွင် လောင်ကျွမ်းသွားခဲ့သည်။
ကျွန်မရဲ့မိတ်ကပ်ကို ဖယ်ရှားပြီး လေးလံတဲ့ မင်္ဂလာဝတ်စုံကို ချွတ်ကာ ကျွန်မရဲ့ အတွင်းဝတ်တွေကိုသာ ဝတ်ဆင်ထားပြီး ကုတင်ဘေးတွင် စိတ်လှုပ်ရှားစွာ ထိုင်နေလိုက်တယ်။
ကျွန်မ အံ့ဩသွားတာကတော့ လုလင်းက ရေချိုး၊သန့်ရှင်းရေး လုပ်ပြီးတဲ့နောက် သူက ညောင်စောင်းဆီကို တိုက်ရိုက်သွားပြီး မင်္ဂလာကုတင်တစ်ခုလုံးကို ကျွန်မအတွက် ထားခဲ့တယ်။
သူ ဒါဘာကိုဆိုလိုတာလဲ?သူက ကျွန်မကို မင်္ဂလာဦးညကို တစ်ယောက်တည်း ကုန်ဆုံးစေဖို့ စီစဉ်နေတာလား?
သတို့သမီးအိပ်ခန်းထဲမှာ သူ ချိတ်ဆွဲထားတဲ့ ပန်းချီအကြောင်းကို စဉ်းစားမိတော့ ကျွန်မ မတတ်နိုင်ဘဲ သူ့ကို မာဆတ်ဆတ် ပြောမိသွားတယ်။
"လုလင်း ရှင်က လင်ရှီးကို သစ္စာရှိဖို့ ဆုံးဖြတ်ထားမှတော့ ဘာလို့ အစကတည်းက ကျွန်မနဲ့လက်ထပ်ဖို့ သဘောတူခဲ့တာလဲ"
သူက ရပ်တန့်သွားပြီး ထိတ်လန့်သွားကာ အလျင်အမြန် ရှင်းပြလာခဲ့သည်။
"ငါ ဒါကို သူ(မ)အတွက် လုပ်တာ မဟုတ်ဘူး!ငါက.....မင်း....မင်း မလုပ်ချင်မှာ စိုးရိမ်လို့ပါ"
ကျွန်မ သူ့ကို တိုက်ရိုက်ကြည့်ပြီး လေးလေးနက်နက် ပြောလိုက်တယ်။
"ကျွန်မ စိတ်ထဲမထားဘူး"
ဒီစကားတွေ ကျွန်မပါးစပ်ကနေ ထွက်ကျသွားတာနဲ့ အခန်းက ရုတ်တရက် မှောင်သွားပြီး လုလင်းက ဖယောင်းတိုင်အနီတွေထဲက တစ်ခုကို ငြိမ်းသတ်လိုက်တယ်။
ဂရုတစိုက်ဖြင့် သူက ကျွန်မကို သူ့လက်မောင်းတွေထဲ ပွေ့ချီပြီး မီးရောင်ဖျော့ဖျော့အောက်တွင် သူ့အကြည့်ရဲ့ ပြင်းထန်တဲ့ တောက်လောင်မှုကို ကျွန်မ ခံစားနိုင်တယ်။
မင်္ဂလာဖယောင်းတိုင်တွေ လောင်ကျွမ်းသွားတဲ့အထိ စိတ်အားထက်သန်တဲ့ညတာဟာ ကြာမြှင့်ခဲ့သည်။
အပိုင်း(၇)
ကျွန်မတို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲပြီးတဲ့နောက် မင်းသမီးအိမ်တော်က ပန်းရှုစားပွဲတော် ကျင်းပပြီး ဖိတ်စာက လုလင်း၏ စားပွဲခုံပေါ်သို့ ရောက်ရှိလာသည်။
လုလင်းက ကျွန်မ အရမ်းပင်ပန်းမှာ စိုးရိမ်တာကြောင့် ကြင်နာစွာ အကြုံပြုခဲ့တယ်။
"မင်း မသွားချင်ဘူးဆိုရင် ကိုယ် မင်းအတွက် အဲ့ဒါကို ငြင်းပေးမယ်"
ကျွန်မက ဖိတ်စာကိုယူ၍ ပြန်ပြောလိုက်တယ်။
"ကျွန်မသွားမယ်။ဒါက မင်းသမီးရဲ့မြင့်မြတ်တဲ့ ဖိတ်စာဆိုမှတော့ ကျွန်မ ငြင်းလိုက်ရင် မယဉ်ကျေးရာ ရောက်သွားမယ်"
ပန်းရှုစားပွဲက အကြောင်းပြချက်တစ်ခုသာဖြစ်ပြီး သူတို့ရဲ့ အစစ်အမှန် ရည်ရွယ်ချက်က ကျွန်မကို အရှက်ခွဲဖို့ဖြစ်နေမှာ စိုးရိမ်မိတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်မလည်း ပျင်းနေတာဆိုတော့ ဒီအလားအလာရှိတဲ့ ထောင်ချောက်ကို တက်ဖို့ ဆုံးဖြတ်လိုက်တယ်။
မင်းသမီးအိမ်တော်က ဇိမ်ခံပစ္စည်းများနှင့် ပြည့်စုံပြီး ခမ်းနားကြီးကျယ်က မြို့တော်က မြင့်မြတ်တဲ့ မိန်းမပျိုတွေနဲ့ အဆင့်အတန်းကြီးမားတဲ့ အမျိုးသမီးတွေ အတူတကွ စုဝေးနေကြသည်။
တစ်ဖန် မင်းသမီးဘေးနားမှာ ထိုင်နေတဲ့ လင်ရှီးကို ကျွန်မ မြင်လိုက်ရတယ်။
အခု လင်ရှီးရဲ့ဆံပင်ပုံစံက အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦး၏ ဝတ်စားဆင်ယင်ပုံဖြင့် ထုံးဖွဲ့ထားပြီး သူမရဲ့ အသွင်အပြင်က လှပကြော့ရှင်းပြီး ကျက်သရေရှိနေကာ နူးညံ့သိမ်မွေ့မှုက ထပ်ပေါင်းထည့်ထားသည်။
လင်ရှီးသည် မင်းသမီးကျိုးဟွာ၏ စာသင်ဖော်ဖြစ်ခဲ့တာကြောင့် သူမကို မင်းသမီးရဲ့ပွဲတွင် တွေ့ရတာ မထူးဆန်းပေ။
ခုံအလွတ်တစ်ခုကို တွေ့တဲ့အချိန်မှာပဲ ကျွန်မ ထိုင်ချလိုက်ပြီး ကျွန်မအပေါ်ကို တောက်လောင်ပြီး အဆိပ်ပြင်းတဲ့အကြည့်နဲ့ ကြည့်နေတာကို ကျွန်မ ခံစားမိလိုက်တယ်။
အဲ့ဒါက ကျွန်မနဲ့ ထောင့်ဖြတ်နေရာမှာ ထိုင်နေတဲ့ စုန့်ယွီထုန်ဖြစ်ပြီး သူမက ကျွန်မကို အပေါက်ဖောက်ပစ်ချင်တဲ့အတိုင်း စိုက်ကြည့်နေတာပင်။
အရင်တုန်းက စုန့်ယွီထုန်က ကျွန်မနဲ့လုလင်း လှေအတူတူစီးနေတာကို မတော်တဆ တွေ့ခဲ့တယ်။
သူက ကျွန်မကို ပြောင်းလဲလွယ်ပြီး အရှက်မရှိတဲ့လူတစ်ယောက်လို့ သရော်ခဲ့တာကြောင့် ကျွန်မ သူမကို ထိုးလိုက်ပြီးတဲ့နောက် မျက်ကွင်းတစ်ခုလုံး ညိုမည်းပြီး ဒဏ်ရာရနေတဲ့မျက်နှာဖြင့် အဆုံးသတ်သွားခဲ့တယ်။
ကျွန်မလည်း သူမကို ပြန်ပြီး မျက်စောင်းထိုးလိုက်တယ်။
စုန့်ယွီထုန်က အေးစက်စက် နှာခေါင်းရှုံ့ကာ မောက်မာစွာဖြင့် သူမခေါင်းကို လှည့်သွားပြီး မင်းသမီးနဲ့ တီးတိုးပြောနေသည်။
မင်းသမီးကျိုးဟွာသည် ရဲရင့်ပြီး ပူပင်ကြောင့်ကြမဲ့သော အမျိုးသမီးတစ်ဦးဖြစ်၏။
သူမက ဒီနှစ်တွင် ဆယ့်ငါးနှစ်ရှိပြီဖြစ်ပြီး သူမရဲ့အိမ်တော်ထဲတွင် ဆယ်ယောက်ထက်ပိုတဲ့ အမျိုးသားကိုယ်လုပ်တော်များကို ရဲရဲတင်းတင်း ထားထားသည်[1] ဒီလို ထိတ်လန့်စရာကောင်းပြီး သမာရိုးကျမဟုတ်တဲ့ လုပ်ရပ်က သူမကို အမျိုးသမီးတွေကြားမှာ သရဖူဆောင်းစေခဲ့သည်။
ကျွန်မက သူမကို စိတ်ရင်းအမှန်နဲ့ သဘောကျပေမယ့် သူမရဲ့ လူတွေကို အမြင်က နည်းနည်းဆိုးဝါးတယ်။
သူမက စုန့်ယွီထုန်လိုမျိုး သာမန်လူတစ်ယောက်ကို အနီးကပ်လူယုံအဖြစ် လုပ်ထားတယ်။
ကျွန်မ တူကိုကိုင်ပြီး အစားအသောက်တွေကို ပါးစပ်ထဲ ထည့်တော့မယ့်အချိန်မှာပဲ စုန့်ယွီထုန်က ကျွန်မကို ဆန့်ကျင်တိုက်ခိုက်ဖို့ လှုပ်ရှားလာခဲ့တယ်။
"ချင်နျန့်ချင်း နင်က စစ်သူကြီးကုကို အရမ်းစွဲလန်းနေခဲ့တာ မဟုတ်ဘူးလား?ဘယ်လိုလုပ် အမတ်မင်းငယ်လုကို လွယ်လွယ်လေး လက်ထပ်နိုင်သွားတာလဲ?ဧကန္တ နင်က အမတ်မင်းငယ်လုကို အစားထိုးအနေနဲ့ နှစ်သိမ့်ဖို့အတွက် ကြိုးစားနေတာလား?"
စုန့်ယွီထုန်က အမှန်တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်။သူမ တိတ်တိတ်လေးနေရင် အဆင်ပြေပေမယ့် သူမ စကားပြောလိုက်တာနဲ့ သူမ လူလေးယောက်ကို တစ်ပြိုင်နက်တည်း စော်ကားလိုက်သည်။
လင်ရှီးက သူမရဲ့ လှပတဲ့မျက်ခုံးများကို အနည်းငယ် တွန့်ချိုး၍ ကျွန်မကို အဓိပ္ပာယ်မရှင်းလင်းတဲ့ အကြည့်ဖြင့် ကြည့်လာတယ်။
ဒါပေါ့ လင်ရှီးက အရင်တုန်းက ကျွန်မရဲ့ ကုစစ်ယွမ်အတွက် ခံစားချက်တွေကို အမြဲတမ်း သိနေခဲ့တယ်။
ကျွန်မက ရှက်ရွံ့ခြင်းမရှိဘဲ သူမကို ပွင့်ပွင့်လင်းလင်း ပြန်ကြည့်လိုက်တယ်။
"ငါ့ကို ပြောပါဦး။မြို့တော်က ဘယ်မိန်းကလေးက စစ်သူကြီးကုလိုမျိုး ရဲရင့်ပြီး မျိုးချစ်သူရဲကောင်းကို သဘောမကျဘဲ နေလို့လဲ"
"သူက စစ်ပွဲထဲမှာ သတ္တိရှိပြီး ရဲရင့်တယ်။ထီးနန်းကို သစ္စာရှိတယ် ပြီးတော့ သူ့တိုင်းပြည်ကို ချစ်တယ်။ဒီလိုမျိုး ရှားပါးထူးချွန်တဲ့ယောကျာ်းကို နန်လင်က အမျိုးသမီးတွေ သဘောကျတာ သဘာဝမကျဘူးလား"
စုန့်ယွီထုန်က ကျွန်မ ပွင့်ပွင့်လင်းလင်း ဝန်ခံလိမ့်မယ်လို့ မထင်ထားခဲ့ပေ။
ပြီးတော့ အဲ့ဒါအပေါ်ကနေ ကျွန်မက လင်ရှီးရဲ့ခင်ပွန်းကို သူမရှေ့မှာပဲ ရဲရဲတင်းတင်း ချီးကျူးခဲ့တယ်။စုန့်ယွီထုန်ရဲ့မျက်နှာက ဒေါသကြောင့် နီရဲလာခဲ့တယ်။
"နင်က စကားချိုချိုလေးတွေ လျှောက်ပြောနေတာ!နင်က စစ်သူကြီးကု မိန်းကလေးလင်နဲ့ လက်ထပ်ပြီးသွားမှ အမတ်မင်းငယ်လုကို အာရုံစိုက်ခဲ့တာ။နင်က တမင် သူ့ကို အရက်မူးအောင်တိုက်၊သူ့ကိုစွပ်စွဲပြီး သူ့သိက္ခာကို ဖျက်ဆီးခဲ့တာ။အဲ့ဒါကြောင့် သူက ရွေးချယ်စရာမရှိဘဲ နင့်လို ကြွက်စုတ်လို မိန်းမမျိုးကို လက်ထပ်ခဲ့ရတာလေ!"
ကျွန်မက သူမရဲ့စကားတွေကို ခေါင်းလေးစောင်းကာ နားထောင်နေလိုက်ပြီး ဘာမှနားမလည်တဲ့ပုံ ဟန်ဆောင်နေလိုက်တယ်
"မိန်းကလေးစုန့် နင်က ငါ့ခင်ပွန်း အမတ်မင်းငယ်လုကို ဆက်တိုက်ဆွဲထည့်ပြီး ပြောနေတာ ပြီးတော့ နင်က အရမ်းမြှင့်တင်ပြီးပြောနေတာဆိုတော့ နင်က ငါ သူ့ကို လက်ထပ်လိုက်တာကို မနာလိုဖြစ်နေတာလား"
ကျွန်မတို့အနားက အထက်တန်းလွှာအမျိုးသမီးတွေက စတင်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် တီးတိုးပြောနေကြပြီ။
နောက်ဆုံးမှာတော့ စုန့်ယွီထုန်သည် လွန်ခဲ့တဲ့လကမှ ရိုးရာဓလေ့ထုံးတမ်းအမတ်၏ ဒုတိယသားဖြင့် စေ့စပ်ထားခဲ့တာ ဖြစ်သည်။
သူမရဲ့ ယခု အပြုအမူက အသာစီးရခြင်း မဟုတ်ဘဲ မနာလိုမှုကို ဖုံးအုပ်ထားတာ ဖြစ်သည်။
စုန့်ယွီထုန်ရဲ့လေသံက တုန်လှုပ်သွားပြီး
" နင် အဓိပ္ပာယ်မရှိတာတွေ ပြောနေတယ်!ဘယ်သူ......ဘယ်သူက မနာလို ဖြစ်နေလို့လဲ! လူတိုင်းက နင့်လိုမျိုး ပြောင်းလဲလွယ်ပြီး အရှက်မရှိတဲ့လူလို့ ထင်နေတာလား?!"
သူမက နောက်ထပ်အရိုက်ခံဖို့ လိုအပ်နေတာလား?ကျွန်မက သတိပေးတဲ့အကြည့်ဖြင့် သူမကို ကြည့်လိုက်တယ်။
စုန့်ယွီထုန်က သူမရဲ့ပါးပြင်ကို အလိုလိုထိကာ နောက်ဆုတ်သွား၏။သူမ ပေါင်ဒါမှုန့်အထူကြီး လိမ်းထားပေမယ့်လည်း ၎င်းက သူမရဲ့ ပါးရိုးပေါ်မှာရှိတဲ့ ဒဏ်ရာအနည်းငယ်ကိုသာ ဖုံးအုပ်ပေးထားနိုင်သည်။
ကျွန်မက ခေါင်းရမ်းလိုက်ပြီး တည်ငြိမ်စွာဖြင့် နောက်ထပ် အစားအစာကို ယူကာ စားနေလိုက်ပြီး ဒီခွေးရူးကို လျစ်လျှူရှုဖို့ ဆုံးဖြတ်ထားလိုက်သည်။
[1] ရှေးခေတ်တရုတ်ပြည်တွင် အသက်၁၅နှစ်အရွယ် မိန်းကလေးတစ်ဦးကို အရွယ်ရောက်ပြီးသူအဖြစ် သတ်မှတ်ခံရပြီး အရွယ်ရောက်သည့်အခမ်းအနား ကျင်းပပြီးတဲ့နောက် လက်ထပ်နိုင်သည့်အရွယ်ကို ရောက်ရှိပြီဖြစ်သည်။
အပိုင်း(၈)
ကံကောင်းစွာဖြင့် မင်းသမီးကျိုးဟွာသည် စုန့်ယွီထုန်ရဲ့ ထိချက်ကို မြင်ပြီးတဲ့နောက် သူမအတွက် မရပ်တည်ပေးခဲ့ဘဲ အဲ့ဒီအစား လင်ရှီးကို နွေးထွေးစွာ ပြုံးပြလိုက်သည်။
"လင်ရှီး ငါ နင့်ကို တောင်းပန်ရတော့မှာပဲ။ငါက နင် ကိုယ်ဝန်ရှိနေတာကို မသိဘဲနဲ့ နင့်ကို ဒီလိုမျိုး လှည့်ပတ်သွားနေစေခဲ့တယ်။အဲ့ဒါက တကယ့်ကို မသင့်တော်တာပဲ"
လင်ရှီးက နူးညံ့ညင်သာတဲ့အပြုံးဖြင့် တုံ့ပြန်လိုက်ပြီး
"ကျွန်မက မင်းသမီးကို ကျေးဇူးတင်ရမှာပါ။ကျွန်မက အိမ်တော်ထဲမှာ မွန်းကြပ်နေသလို ခံစားရပြီး ကျွန်မရဲ့စိတ်တွေ တက်ကြွအောင် လုပ်ပေးနိုင်မယ့် နေရာတစ်ခုရှာဖို့ စဉ်းစားနေခဲ့တာ။မင်းသမီးအိမ်တော်က ဖိတ်စာက အချိန်ကိုက် ရောက်လာခဲ့တာ အချိန်မှန် မိုးရွာလိုက်သလိုပါပဲ"
လင်ရှီးက တကယ့်ကို သဘောကျစရာကောင်းသည်။သူမရဲ့စကားတွေက ရိုးသားပြီး သူမရဲ့ အပြုအမူက အရမ်းမောက်မာခြင်းမရှိသလို နှိမ့်ချခြင်းလည်း မရှိပေ။
ကျွန်မက တူတွေကို ချထားပြီး လင်ရှီးကို ကြည့်နေတာကို သတိထားမိတဲ့ စုန့်ယွီထုန်က ဒီအခွင့်အရေးကို ဖမ်းဆုပ်ပြီး နောက်တစ်ကြိမ် ပြဿနာရှာပြန်တယ်။
"ငါတို့ထဲမှာ လင်ရှီးက ကံအကောင်းဆုံးပဲ" သူမက ပြောလိုက်၏။
"သူ(မ)က သူ(မ) ချစ်တဲ့ ယောကျာ်းကို လက်ထပ်နိုင်ခဲ့ရုံတင်မကဘူး အခု သူ(မ)က ကလေးတောင် မွေးတော့မယ်။တကယ့်ကို အားကျစရာကောင်းတယ်!"
သူမက ပြောပြီးတာနဲ့ ကျွန်မရှိတဲ့ဘက်ကို မလိုလားတဲ့အကြည့်ဖြင့် ကြည့်လိုက်ပြီး
"တစ်ချို့လူတွေလို မဟုတ်ဘူး။အမတ်မင်းငယ်လုကိုရဖို့ နည်းလမ်းပေါင်းစုံ အသုံးပြုခဲ့ပေမယ့် သူ(မ)ကို မချစ်တဲ့ ယောကျာ်းနဲ့ လက်ထပ်သွားရတယ်။သူ(မ)ရဲ့ ကျန်တဲ့တစ်ဘဝလုံး တစ်ယောက်တည်း အထီးကျန်၊အိပ်ရေးတွေပျက်ပြီး စိတ်ဆင်းရဲစရာတွေနဲ့ ကုန်ဆုံးသွားရလိမ့်မယ်"
ကျွန်မက ယဉ်ကျေးတဲ့အပြုံးနဲ့ တုံ့ပြန်လိုက်ပြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။
"သေချာတာပေါ့ မိန်းကလေးစုန့်က ဒါကို နက်နက်ရှိုင်းရှိုင်း နားလည်မှာပဲ။ဘာပဲဖြစ်ဖြစ် နင် တစ်ခါမှ မတွေ့ဖူးတဲ့ လူတစ်ယောက်နဲ့ စေ့စပ်လိုက်ရတာက နင့်တစ်ဘဝလုံး ပိုပြီးတော့ ခက်ခဲမှုတွေကို သည်းခံရတော့မှာလေ"
စုန့်ယွီထုန်နဲ့ ရိုးရာဓလေ့ထုံးတမ်းအမတ်ရဲ့ ဒုတိယသားက ဖုန့်ယွင်က မိဘတွေရဲ့ စီစဉ်ပေးမှုနှင့် အောင်သွယ်တော်ရဲ့ စကားများဖြင့် စေ့စပ်ခဲ့ကြတာ ဖြစ်သည်။
ဒီဖုန့်ယွင်က မိန်းမလိုက်စားသူတစ်ဦးဖြစ်ပြီး သူက မကြာခဏဆိုသလို ပြည့်တန်ဆာအိမ်တွေမှာ ညလုံးပေါက်နေလေ့ရှိတယ်ဟု ပြောနိုင်တယ်။အဲ့ဒါကို သူမက ကျွန်မကိုလာပြီး လှောင်ချင်နေသေးတယ်။
စုန့်ယွီထုန်ရဲ့ မျက်နှာက အသည်းကဲ့သို့ နီရဲလာပြီး သူမ ပြန်မပြောနိုင်ခင်မှာပဲ ကျွန်မက တမင်တကာ အသံမြှင့်ပြီး ပြောလိုက်တယ်။
"ငါ့ခင်ပွန်း အမတ်မင်းငယ်လုက ကျောက်စိမ်းပင်လိုမျိုး ကျက်သရေရှိတယ်၊ဖြောင့်မတ်ပြီးတော့ နူးညံ့ညင်သာတဲ့ သဘာဝရှိတယ်။ပြီးတော့ အမြဲတမ်း ငါ့ကို ပထမနေရာမှာ ထားတယ်"
"လူကြီးလူကောင်းတစ်ယောက်ဆိုတာ သူ့လုပ်ရပ်တွေကနေ ဆုံးဖြတ်ရတယ်။သူ့နှလုံးသားနဲ့ မဆိုင်ဘူး။ငါတို့က ငါတို့နှစ်ယောက်ကြားမှာ ရင်ခုန်စရာကောင်းတဲ့အချစ်အကြောင်း မပြောရင်တောင်မှ ငါတို့က တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ပြီး အချင်းချင်း မှီခိုကြတယ်။ဒါက ခဏတာ ချစ်ခြင်းမေတ္တာထက် ပိုပြီး တန်ဖိုးရှိတဲ့ နှောင်ကြိုးတစ်ခုပဲ။ငါ သူ့ကို လက်ထပ်ရတဲ့အတွက် နောင်တမရဘူး"
စုန့်ယွီထုန်က လုံးလုံးအထင်သေးနေတဲ့ပုံဖြင့် ရှင်းလင်းစွာပင် ကျွန်မက စိတ်ထဲမှာ ခံစားနေရတဲ့ ဝေဒနာကို လျစ်လျှူရှုပြီး မာနကို ဆုပ်ကိုင်ထားတယ်လို့ သူမက ထင်နေတာဖြစ်တယ်။
အခြားတစ်ဖက်မှာတော့ မင်းသမီးကျိုးဟွာက ကျွန်မကို စိတ်ဝင်စားစွာကြည့်ပြီး သူမရဲ့ အမူအရာက သဘောကျနေတယ်။
"ချင်နျန့်ချင်း မင်းက အမတ်မင်းငယ်လုနဲ့ အတော်လေး စိတ်ကျေနပ်နေတဲ့ပုံပဲ"
"ကျွန်မက အမှန်ပါပဲ"
ကျွန်မက သူတို့ရဲ့ မနာလိုတဲ့အတင်းအဖျင်းတွေကို ချေမှုန်းဖို့အတွက် ဒီအခွင့်အရေးကို အသုံးချပြီး ပြန်ဖြေလိုက်တယ်။
ကျွန်မက အခြားလူတွေရဲ့ အမြင်ကို အများကြီး ဂရုမစိုက်ပေမယ့် လုလင်းကိုတော့ အထင်မလွဲစေချင်ဘူး။
"ကျွန်မ ချင်နျန့်ချင်းက ဘယ်တုန်းကမှ အဆုံးထိ။ခေါင်းမာမာနဲ့ တွယ်ကပ်နေတတ်တဲ့လူ မဟုတ်ပါဘူး။အချစ်ရေးကိစ္စတွေမှာ ကျွန်မ အဲ့ဒါကို ရရင် ဝမ်းသာစွာနဲ့ လက်ခံလိုက်တယ်။အကယ်၍ ကျွန်မ အဲ့ဒါကို ဆုံးရှုံးသွားရင် ကျွန်မက ဘာလို့ အဲ့ဒီထဲကို နစ်မြှုပ်နေရမှာလဲ?ဒီလောကကြီးထဲမှာ ယောကျာ်းကောင်းတွေ အများကြီးရှိတယ်။ကျွန်မက ရိုးရိုးရှင်းရှင်းပဲ ကျွန်မကို စိတ်ကျေနပ်စေတဲ့ နောက်ထပ်ယောကျာ်းတစ်ယောက်ကို ရွေးချယ်လိုက်မှာပေါ့။အမတ်မင်းငယ်လုလိုမျိုး လူကြီးလူကောင်းတစ်ယောက်က ကျွန်မက ဝမ်းမြောက်ဝမ်းသာနဲ့ လိုက်ပိုးပန်းမယ့်လူမျိုးပါ"
မင်းသမီးကျိုးဟွာက တောက်ပစွာပြုံးပြီး သူမရဲ့ ဝိုင်ခွက်ကို ကျွန်မဆီမြှောက်ကာ
"ပြောသွားတာကောင်းတယ် ချင်နျန့်ချင်း။မင်းက တကယ့်ကို ထက်မြက်ပြီး နားလည်တတ်တဲ့လူပဲ။မိန်းမတစ်ယောက်က ကိစ္စတွေကို လက်ခံနိုင်သလို သူတို့ကို ဖယ်ထုတ်ပစ်လို့လည်းရတယ်။သူတို့ ပြောကြသလိုပဲ ပန်းပွင့်နေတုန်းမှာ ပန်းတွေကို ခူးပြီး စီးဆင်းနေတဲ့အချိန်မှာ ဝိုင်ကို နှစ်ခြိုက်ရတယ်"
ကျွန်မက ရယ်လိုက်ပြီး ကျွန်မရဲ့ အသီးဝိုင်ကို သောက်လိုက်တယ်။မင်းသမီးကျိုးဟွာက ရက်စက်ကြမ်းကြုတ်ပြီး ဒုက္ခပေးဖို့ နှိုးဆော်ရတာကို နှစ်သက်ပေမယ့် သူမက သေချာပေါက် အရူးမဟုတ်ပေ။
သေချာတာပေါ့ သူမရဲ့ဝိုင်ခွက်ကို အောက်ချပြီးတဲ့နောက် မင်းသမီးကျိုးဟွာက စုန့်ယွီထုန်ကို ရည်ရွယ်ချက်ရှိရှိ စိုက်ကြည့်၍ မှတ်ချက်ပြုလိုက်သည်။
"ရှားပါးပြီး ထူးခြားတဲ့ပန်းတွေနဲ့ ပြည့်နှက်နေတဲ့ ဒီဉယျာဉ်ကို ကြည့်ပါဦး။သူတို့က ရာသီအလိုက် ပွင့်ကြပြီး တစ်ခုချင်းဆီက သူတို့ရဲ့ ထူးခြားတဲ့အလှကို ဖော်ပြနေကြတယ်။သူတို့ ဒီလိုလုပ်တာက ကြည့်ရှုသူတွေရဲ့ ခဏတာ သဘောကျမှုကို ရဖို့အတွက် မဟုတ်ဘူး"
"ငါတို့ အမျိုးသမီးတွေအနေနဲ့ အတူတူပဲ ဖြစ်သင့်တယ်။ငါတို့ကိုယ်ငါတို့ အတွင်းခန်းထဲမှာပဲ မချုပ်နှောင်ထားရဘူး။အလှအပမှာပဲ ပြိုင်ဆိုင်နေကြပြီး တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေကြရင်း အမျိုးသမီးတွေမှာ ရှိသင့်တဲ့ ခွန်အားနဲ့ဂုဏ်ကျက်သရေကို မေ့နေကြတယ်။"
မင်းသမီးကျိုးဟွာရဲ့ လူသိရှင်ကြား ပြစ်တင်ဆုံးမမှုနှင့် ရင်ဆိုင်ရတော့ စုန့်ယွီထုန်က ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားပြီး စကားမပြောရဲပေ။
နောက်ပိုင်း ပန်းရှုစားခြင်း ပွဲတော်ဟာ ရယ်မောပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပြီး တက်ကြွရွှင်လန်းကာ သဟဇာတရှိတဲ့ လေထုဖြင့် ပြည့်နှက်နေခဲ့သည်။