Mirror Novel MyanmarMIRRORNOVEL← All Novels
အချစ်ရူးနှစ်ယောက် လက်ထပ်ကြရာဝယ်

အချစ်ရူးနှစ်ယောက် လက်ထပ်ကြရာဝယ်

两个舔狗结连理

5 chapters· Completed· ★ 8.8
ComedyFreeHistoricalRomance

ငါ့ရဲ့သူငယ်ချင်း "ကုစစ်ယွမ်"က မြို့တော်မှာ အရည်အချင်းအရှိဆုံး မိန်းကလေး "လင်ရှီး" နဲ့ လက်ထပ်သွားခဲ့တယ်။ သူတို့ မင်္ဂလာပွဲရဲ့ ညစာစားပွဲမှာ အမတ်မင်းငယ်လုနဲ့ငါ.....နှစ်‌ယောက်လုံး ဝမ်းနည်းခြင်းတွေကို အရက်ထဲ နစ်မြှုပ်လိုက်ကြတယ်။ ဘာကြောင့်လဲဆိုတော့ ငါ့မှာ ကုစစ်ယွမ်အတွက် ခံစားချက်တွေ ရှိနေပြီး သူက လင်ရှီးကို သဘောကျနေတာလေ။ ငါတို့တွေ လုံးဝ အလဟဿဖြစ်တဲ့အထိ သောက်နေခဲ့ကြပြီး လူတိုင်းရှေ့မှာ ငါ သူ့ကို ဖက်ထားပြီး ရှိုက်ကြီးတငင် ငိုကြွေးခဲ့တယ်။ အဲ့လိုနဲ့ပဲ ငါတို့မိသားစုတွေက ငါတို့ကို အတင်းလက်ထပ်ခိုင်းတော့တာပဲ။ ငါတို့ရဲ့ မင်္ဂလာဦးညမှာ သတို့သမီးအိပ်ခန်းနံရံထက်မှာ ချိတ်ဆွဲထားတဲ့ လင်ရှီးရဲ့ပုံတူကို သတိထားမိလိုက်တယ်။ တရားမျှတချင်တဲ့စိတ်နဲ့ ငါ့အင်္ကျီလက်ထဲက ကုစစ်ယွမ်ရဲ့ပုံတူကို ထုတ်ပြီး သူမပုံဘေးနားမှာ ချိတ်လိုက်တယ်။ ထိုအခိုက်အတန့်မှာပဲ အမတ်မင်းငယ်လုက အခန်းထဲ ဝင်လာခဲ့ပြီး မှတ်ချက်ပြုလိုက်တယ်။ "သူတို့ကို ဒီလိုမျိုးမြင်ရတော့ သူတို့က တကယ့်ကို လိုက်ဖက်တဲ့အတွဲနဲ့တူတယ်!" [ဒီဇာတ်လမ်းလေးကတော့ တစ်ယောက်နဲ့တစ်ယောက် တိတ်တိတ်လေး ချစ်နေခဲ့ကြပေမဲ့ တစ်ဖက်လူက တခြားတစ်ယောက်ကို ကြိုက်နေတယ်လို့ ထင်ပြီး အထင်လွဲနေခဲ့ကြတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ရဲ့ ချစ်ခြင်းမေတ္တာအကြောင်းပဲ ဖြစ်ပါတယ်။]

Chapters (5)