← Chapters

အခန်း ၃

Vol. 1 Ch. 3

အခန်း ၃

Vol. 1 Ch. 3

အခန်း(၃)- အပိုင်း(၉)

ကျွန်မ မင်းသမီးအိမ်တော်ထဲကနေ ထွက်လာတဲ့အချိန် လှမ်းကြည့်လိုက်တော့ ရထားလုံးနှစ်စီးက ဘေးချင်းကပ်ရပ် ရပ်ထားတာကို တွေ့လိုက်ရတယ်။

ရထားလုံးတစ်စီးရဲ့ရှေ့မှာ မတ်တပ်ရပ်နေတဲ့ အရပ်ရှည်ရှည် ခန့်ညားတဲ့ပုံစံနဲ့လူက ကုစစ်ယွမ် ဖြစ်သည်။

စစ်သူကြီးတစ်ဦး ဖြစ်တာကလွဲလို့ ကုစစ်ယွမ်က မကြာခဏဆိုသလို လရောင်ကဲ့သို့ အဖြူဖျော့ဖျော့ အဝတ်အစားတွေ ဝတ်ဆင်လေ့ရှိပြီး နူးညံ့သိမ်မွေ့တဲ့ လူကြီးလူကောင်းတစ်ဦးနှင့် ဆင်တူသည်။

သူ့ကို နောက်တစ်ကြိမ် ပြန်ပြီး မြင်ရတဲ့အခါ ကျွန်မရဲ့စိတ်ထဲမှာ လှိုင်းဂယက်ထနေတာမျိုး မရှိတော့ပေ။

ကျွန်မရဲ့ အကြည့်ကို ဘေးရွှေ့လိုက်တယ်။အဲ့ဒီနေရာမှာ လုလင်းက လက်ပိုက်ကာ မတ်တပ်ရပ်နေပြီး ရထားလုံးကို မှီထားကာ သူ့ရဲ့ အနက်ရောင်ဝတ်စုံဖြင့် အားစိုက်မထုတ်ရဘဲ ကြော့ကြော့မော့မော့ဖြင့် ဆွဲဆောင်မှုရှိနေသည်။

သူနဲ့ကုစစ်ယွမ်ကြားထဲတွင် မမြင်နိုင်တဲ့ နယ်နမိတ်ကဲ့သို့ ကန့်သတ်ချက် ရှိနေပြီး ကျော်ဖြတ်လို့မရတဲ့ မျဉ်းပင်။

သူတို့နှစ်ဦးကြားမှာ ရထားလုံးတစ်ခုသာ ခြားထားသော်လည်း သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် လုံးဝ လျစ်လျှူရှုထားကြသည်။

ကျွန်မ မတတ်နိုင်ဘဲ အဲ့ဒါကို ရယ်ရတယ်လို့ ခံစားမိတယ်။

ကုစစ်ယွမ်က ကျွန်မ သူ့ကို နှုတ်ဆက်နေတယ်လို့ အထင်မှားသွားပြီး ယဉ်ကျေးတဲ့အပြုံးဖြင့် ခေါင်းညိတ်ပြလာတယ်။

အဲ့ဒီအချိန်မှာပဲ လုလင်းက တစ်ခုခုကို ခံစားမိပြီး ခေါင်းမော့ကြည့်လိုက်တယ်။သူက အနည်းငယ် မျက်မှောင်ကြုတ်၍ ကုစစ်ယွမ်ကို ရှင်းရှင်းလင်းလင်း မကျေနပ်စွာဖြင့် သူ့အသက်ရှုသံအောက်တွင် တစ်စုံတစ်ခုကို တီးတိုးရေရွတ်လိုက်သည်။

"စစ်ယွမ် ရှင် ရောက်နေပြီလား?"

နူးညံ့သိမ်မွေ့ပြီး သာယာနာပျော်ဖွယ်ရှိတဲ့အသံက ကျွန်မနောက်ကနေ ထွက်ပေါ်လာတယ်။

ကျွန်မ လှည့်ကြည့်လိုက်တော့ လင်ရှီးက အစေခံတစ်ယောက်ကို တွဲထားပြီး ကြော့ကြော့မော့မော့ လျှောက်လှမ်းလာတယ်။

လုလင်းက စောနတုန်းက ကုစစ်ယွမ်ကို မြိုချတော့မယ့်အတိုင်း ဖြစ်နေတာ မထူးဆန်းတော့ဘူး ။ အဲ့ဒါက ဘာကြောင့်လဲဆိုတော့ သူ လင်ရှီးကို မြင်လိုက်ရလို့လေ။

ကျွန်မ ဒါကို တွေးနေတဲ့အချိန်မှာပဲ လုလင်းက ကျွန်မတို့ဆီကို ခြေလှမ်းကျဲကြီးနဲ့ ရောက်လာတယ်။

ကျွန်မရဲ့ နှုတ်ခမ်းကို ကိုက်ထားပြီးတော့ သူ သူ့ရဲ့သမာဓိကို ဆုံးရှုံးပြီး ကုစစ်ယွမ်ရှေ့မှာတင် လင်ရှီးကို အနှောင့်အယှက် ‌ပေးတော့မှာလားဆိုတာ သိချင်မိတယ်။

ဒါပေမဲ့ ကျွန်မ အံ့ဩသွားရတာ‌ကတော့ လုလင်းက လင်ရှီးကို ဖြတ်ကျော်ပြီးတော့ ကျွန်မဆီ တိုက်ရိုက် ရောက်လာတာပဲ။ပြင်းထန်တဲ့အမူအရာဖြင့် သူက ကျွန်မရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး ခေါက်တုံ့ခေါက်ပြန် စစ်ဆေးတော့တယ် ။

"မင်းအင်္ကျီတွေက ဘာလို့ ညစ်ပတ်နေတာလဲ? မင်းသမီးအိမ်တော်ထဲမှာ တစ်ယောက်ယောက်က မင်းကို ဒုက္ခပေးလို့လား?အဲ့ဒါ မင်းသမီးကျိုးဟွာလား?"

သူ့အကြည့်နောက်ကို လိုက်ပြီးတော့ ကျွန်မရဲ့အင်္ကျီလက်မှာ ဆီကွက်ကြီးတစ်ခု ပေစွန်းနေတာကို သတိထားမိပြီး ရှက်ရှက်နဲ့ အမြန်ခေါင်းရမ်းပြလိုက်တယ်။

"မဟုတ်ဘူး.......မဟုတ်ဘူး....အဲ့လို မဟုတ်ဘူး။ဒါက ကျွန်မဘာသာ မတော်တဆဖြစ်တာ"

သိုင်းပညာလေ့ကျင့်ရင် ပိုမိုလွယ်ကူစေဖို့အတွက် ကျွန်မက အမြဲတမ်း အင်္ကျီလက် ကျဉ်းမြောင်းတဲ့ ဝတ်စုံတွေကိုပဲ ဝတ်လေ့ရှိတယ်။ဒါပေမဲ့ ဒီနေ့ရဲ့ပွဲအတွက် ကျွန်မက အင်္ကျီလက်ဝကျယ်တဲ့ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ခဲ့ပြီး အဲ့ဒါက ကျွန်မ အစားအသောက်ယူတဲ့အချိန် မတော်တဆ ပေသွားတာပဲ ဖြစ်ရမယ်။

သူ ဘယ်လောက်တောင် လွန်လွန်ကဲကဲ စိုးရိမ်သွားလဲဆိုတာ သတိထားမိတော့ လုလင်းက သူ ဆုပ်ကိုင်ထားတာကို အမြန်လွှတ်ပေးလိုက်ပြီး နေရခက်စွာဖြင့် လည်ချောင်းရှင်းလိုက်သည်။

"အဟမ်း.....အဲ့ဒါက ဘာမှမဟုတ်ဘူးဆိုလည်း ပြီးတာပါပဲ"

နွေးထွေးမှုက ကျွန်မရဲ့ နှလုံးသားထဲကို စီးဆင်းသွားပြီး သူ့လက်ကို အလိုလို ဆုပ်ကိုင်လိုက်တယ်။

"ကျွန်မ မင်းသမီးအိမ်တော်မှာ ဝအောင်မစားခဲ့ရဘူး။ကျွေ့ရှန်းစားသောက်ဆိုင်ကိုသွားပြီး နောက်ထပ်သွားစားရအောင်"

"အဲ့ဒါဆိုလည်း သွားကြမယ်!"

လုလင်းကပြုံးလိုက်ပြီး သူ့နှုတ်ခမ်းထောင့်တွေက ကွေးတက်နေသည်။

ကျွန်မတို့ မထွက်သွားခင် ကျွန်မက ယဉ်ကျေးမှုအရ ကုစစ်ယွမ်နဲ့လင်ရှီးကို နှုတ်ဆက်လိုက်သည်။

လုလင်းက ကျွန်မကို ရထားလုံးပေါ်တက်ဖို့ ကူညီပေးတဲ့အချိန် သူက ကျွန်မကို အသိရခက်တဲ့ မှတ်ချက်တစ်ခု ပြောလာတယ်။

"အခု ကိုယ်တို့က လက်ထပ်ပြီးနေပြီ။ မင်း အရင်ကလို ပြုမူလို့ မဖြစ်တော့ဘူး။မင်း ကုစစ်ယွမ်နဲ့ အကွာအဝေးတစ်ခု ထားရမယ်"

‌ကျွန်မ ခေါင်းညိတ်လိုက်တယ်။

"ကောင်းပြီလေ ရှင်ရော အတူတူပဲ"

အပိုင်း(၁၀)

ရထားလုံးထဲတွင် လုလင်းက ကျွန်မကို မုန့်ဘူးတစ်ဘူး ပေးလာတယ်။

"တစ်ခုခု အရင်ဆုံး စားထားလိုက်"

ကျွန်မက အဲ့ဒါကို အမြန်ယူပြီးတော့ ဖွင့်ကြည့်လိုက်တယ်။

"ဒါက တောင်ဘက်လမ်းက ပင်လုံးကြိုင်ကိတ်မုန့်ပဲ။ပြီးတော့ အခုထိ နွေးနေသေးတယ်။ရှင် ဒါကို မင်းသမီးအိမ်တော် မလာခင် ဝယ်ခဲ့တာလား?"

လုလင်းက အလိုအလျောက် လက်သီးဆုပ်သွားပြီး ပြန်ပြောလိုက်တယ်

"မင်းသမီးအိမ်တော်က စည်းကမ်းတွေ အများကြီးရှိတယ်။ကိုယ်က မင်း အဲ့ဒီမှာ မသက်မသာခံစားရပြီး ဝအောင် မစားခဲ့မှာ စိုးရိမ်တာကြောင့်......ပြီးတော့ မင်းက အဲ့ဒီအဘိုးအိုလင်မယားလုပ်တဲ့ ပင်လုံးကြိုင်ကိတ်မုန့်ကို စားရတာ ကြိုက်တယ်ဆိုတာ ကိုယ် မှတ်မိတယ်"

ပြတင်းပေါက်မှတစ်ဆင့် ဖောက်ဝင်လာတဲ့ အလင်းရောင်က လုလင်းရဲ့ စူးရှတဲ့ ဘေးတိုက်မျက်နှာပေါ်မှာ နူးညံ့စွာ တောက်ပနေပြီး သူ့ရဲ့ ချောမောတဲ့ မျက်နှာအစိတ်အပိုင်းတွေကို ပိုပြီးတော့တောင် သိသာထင်ရှားစေသည်။

ကျွန်မရဲ့နှလုံးသားက ဗုံတစ်လုံးလိုမျိုး ခုန်ပေါက်လာပြီး ထိန်းချုပ်မှု လွတ်ထွက်တော့မယ့်အတိုင်းပင်။

ဒီပင်လုံးကြိုင်ကိတ်မုန့်က ဒီနှစ်မီးပုံးပွဲတော်တုန်းက လုလင်းနဲ့ကျွန်မ ဝင်တိုက်မိခဲ့တဲ့ လမ်းဘေးဆိုင်က ဖြစ်တယ်။

အဲ့ဒီအချိန်တုန်းက တောင်ဘက်လမ်းမှာ ဘုရားပွဲနဲ့ မီးပုံးတွေ ထွန်းညှိပြသထားပြီး နေရာတစ်ခုလုံး လူ‌တွေ ပြည့်ကျပ်နေခဲ့တယ်။

သိပ်မကြာခင်မှာ ကျွန်မတို့ ကုစစ်ယွမ်နဲ့လင်ရှီးကို လူအုပ်ကြားထဲမှာ ခြေရာပျောက်သွားခဲ့တယ်။

အခြားရွေးချယ်စရာမရှိတော့ဘဲ လုလင်းနဲ့ကျွန်မကလည်း အဲ့ဒီနေရာကို ရောက်နေပြီဖြစ်တာကြောင့် အတူတူ လျှောက်ပတ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

ကျွန်မတို့က ခြေဦးတည့်ရာ လျှောက်သွားကြပြီး ဟိုနား ဒီနားရပ်ကာ တဖြည်းဖြည်းနဲ့ ကျွန်မတို့ ခဏအနားယူဖို့ လမ်းဘေးဆိုင်တစ်ဆိုင်ကို တွေ့သွားခဲ့ကြတယ်။

ဒါပေမဲ့ ကျွန်မတို့ ထိုင်လိုက်တဲ့အချိန်မှာပဲ အနိုင်ကျင့်နေမှုတစ်ခုကို မြင်လိုက်ရတယ်။

အသီးချိုချဉ်တွေနဲ့ကိတ်မုန့်တွေ ရောင်းတဲ့ ‌ယောကျာ်းတစ်‌‌ယောက်က သူ့ဆီကနေ စီးပွားရေးလုသွားလို့ဆိုပြီး သူနဲ့ ထောင့်ဘက်မှာရှိတဲ့ လူအိုလင်မယားကို စိတ်တိုနေတယ်။

သူက သူတို့ကို ကျိန်ဆဲနေပြီး တမင်တကာ ပြဿနာရှာကာ လူအိုလင်မယားရဲ့ မုန့်ဗန်းကို မှောက်ချပစ်သည်။

ကျွန်မ ဝင်ပါတော့မယ့်အချိန်မှာပဲ လုလင်းက လက်ဦးမှုရယူခဲ့ပြီး ထိုယောကျာ်းကို မြေကြီးပေါ်မှာ ကန်ကျောက်ကာ လူအိုလင်မယားရဲ့ ဆုံးရှူံးမှုအတွက် နစ်နာကြေး ပေးစေခဲ့သည်။

ထိုလူက အားနည်းတဲ့သူတွေကို အနိုင်ကျင့်ပြီး အားကြီးတဲ့သူကို ကြောက်တဲ့လူမျိုးဖြစ်ကာ ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ပိုက်ဆံပစ်ချပေးခဲ့ပြီး သူ့မုန့်ဗန်းကိုတောင် မသိမ်းဆည်းတော့ဘဲ ထွက်ပြေးသွားခဲ့သည်။

ထိုအချိန်တုန်းက လုလင်းက ခပ်ဖျော့ဖျော့ အရှိန်အဝါဖြင့် တောက်ပနေပုံပေါက်ပြီး ကျွန်မကိုယ်တိုင်တောင် မသိလိုက်ဘဲ သူ့ကို ငေးကြည့်နေခဲ့တယ်။

လူအိုလင်မယားက မျက်ရည်ကျကာ ကျွန်မတို့ကို ပင်လုံးကြိုင်ကိတ်မုန့်ဘူးကြီးနှစ်ဘူး ပေးခဲ့၏။

"ကျွန်တော်တို့ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး။သခင်မလေး မင်းက ခင်ပွန်းကောင်းတစ်ယောက် ရှာတွေ့ထားတာပဲ"

"မဟုတ်ဘူး........ကျွန်မတို့က မဟုတ်ဘူး"

ကျွန်မ အလောတကြီး ရှင်းပြခဲ့တယ်။

လုလင်းက ဘာမှမပြောခဲ့ဘဲ ကိတ်မုန့်ဘူးကြီးနှစ်ဘူးကိုယူကာ ကျွန်မလက်ထဲ ထည့်လာခဲ့တယ်။

သူ့ရဲ့ နွေးထွေးတဲ့ ထိတွေ့မှုက ကျွန်မရဲ့ လက်ဖဝါးတွေကို တစ်ဆက်တည်း ပူလောင်သွားစေခဲ့ပြီး ကျွန်မရဲ့မျက်နှာက ချက်ချင်း နီရဲလာခဲ့တယ်။

အဲ့ဒီအချိန်တုန်းက ၎င်းက ဘာခံစားချက်လဲဆိုတာ ကျွန်မ မသိခဲ့ဘူး။

ဒါပေမဲ့ အိမ်ပြန်တဲ့လမ်းမှာ ကျွန်မက ပင်လုံးကြိုင်ကိတ်မုန့်နှစ်ဘူးလုံးကို မရည်ရွယ်ဘဲ ကုန်အောင် စားခဲ့တယ်။

ကျွန်မ အိမ်ပြန်ရောက်တဲ့အချိန် တစ်ညလုံး လူးလှိမ့်နေပြီး အိပ်မပျော််နိုင်ခဲ့ဘူး။

အသက်ရှစ်နှစ်အရွယ်တုန်းက ကုစစ်ယွမ် ကျွန်မကို အစွယ်တွေနဲ့ ကြောက်စရာကောင်းတဲ့ ခွေးဆီကနေ ကယ်တင်ပေးခဲ့တဲ့ အချိန်ကနေစပြီး သူ့နောက်ကို လိုက်တာက ကျွန်မအကျင့် ဖြစ်လာခဲ့တယ်။

ကျွန်မရဲ့စိတ်ထဲမှာ ကျွန်မ ဂရုစိုက်ရမယ့်လူက ကုစစ်ယွမ် ဖြစ်နေသင့်တယ်။ဒါပေမဲ့ လုလင်းက ဘာလို့ ကျွန်မအတွေးတွေထဲမှာ ပေါ်လာနေရတာလဲ?

ကျွန်မ တကယ့်ကို ဒုက္ခရောက်ခဲ့ရပြီး ကျွန်မက စိတ်ကွဲပြားတဲ့မိန်းမတစ်ယောက်ဆိုတာ သဘောပေါက်သွားတယ်။

အပိုင်း(၁၁)

အဲ့ဒီနောက် လုလင်းနဲ့ကျွန်မက ဆက်ပြီးတော့ ကုစစ်ယွမ်နဲ့လင်ရှီးနောက်ကို အနီးကပ် လိုက်ခဲ့ကြတယ်။

ဒါပေမဲ့ သူတို့တွေ တစ်ယောက်နဲ့တစ်‌‌ယောက် အရမ်းချစ်ခင်ပြနေတာကို ကြည့်ပြီး ကျွန်မ အရင်တုန်းကလိုမျိုး ဒေါသမထွက်တော့ဘူး။

အဲ့ဒီအချိန်မှသာလျှင် ကျွန်မ အမှန်တရားတစ်ခုကို သဘောပေါက်သွားခဲ့တယ်

[ကျွန်မ လုလင်းကို ကြိုက်တယ်]

အဲ့ဒီခံစားချက်က ကျွန်မ ကုစစ်ယွမ်အတွက် ခံစားခဲ့ရတာထက်ပိုပြီး ခိုင်မာပြင်းထန်တယ်။ကျွန်မ လုလင်းနဲ့ အကြည့်ချင်းဆုံတဲ့အခါတိုင်း ‌ကျွန်မရဲ့ နှလုံးသားက အထိန်းအကွပ်မရှိ မြန်လာခဲ့တယ်။

လုလင်းရဲ့ သံသယကို နှိုးဆော်မိခြင်းမှ ရှောင်ရှားဖို့အတွက် ကျွန်မက ဆက်ပြီးတော့ မနာလို သဘောထားသေးတဲ့ပုံစံ သရုပ်ဆောင်နေခဲ့တယ်။

ကုစစ်ယွမ် လက်ထပ်သွားတဲ့အချိန်မှာ ကျွန်မ စိတ်သက်သာရာရတာရော စိတ်အေးလက်‌အေးဖြစ်သွားတာရော နှစ်ခုလုံး ခံစားခဲ့ရဝာယ်။

ကုစစ်ယွမ်က ကောင်းကင်အမြင့်ပေါ်မှာ ချိတ်ဆွဲနေတဲ့ လနဲ့တူတယ်။

သူ့အတွက် ကျွန်မရဲ့ ခံစားချက်တွေက အသက်ကယ်ပေးခဲ့တဲ့သူကို သဘောကျတာကလွဲပြီး အခြားဘာမှမရှိခဲ့ဘူး။

ဒါပေမဲ့ လုလင်းကတော့ လက်လှမ်းမှီတဲ့ မီးပုံးနဲ့တူတယ်။

၎င်းရဲ့အလင်းရောင်က မှိန်ဖျော့ပေမယ့် လုံခြုံမှု အပြည့်အဝ ပေးနိုင်တယ်။

နောက်ဆုံးမှာတော့ လက လူတိုင်းကို အလင်းရောင်ပေးတယ်။

ဒါပေမဲ့ မီးပုံးကတော့ ကျွန်မတစ်ယောက်တည်းအတွက် တောက်ပပြီး ကျွန်မတစ်ယောက်တည်းကိုပဲ အလင်းရောင်ပေးတယ်။

ကျွန်မက အရင်တုန်းက အကြောင်းတွေ စဉ်းစားနေတာ ရပ်လိုက်ပြီး ကိတ်မုန့်တစ်ဖဲ့ကို ထုတ်ယူကာ လုလင်းရဲ့ ပါးစပ်နားထားလိုက်ပြီး ပြောလိုက်တယ်။

"လုလင်း အိမ်တော်ကိုပဲ ပြန်ကြရအောင်"

လုလင်းက ကိတ်မုန့်ကို အကုန်လုံး မြိုချလိုက်ပြီး နားမလည်နိုင်စွာ မေးလာသည်။

"ကိုယ်တို့ ကျွေ့ရှန်းစားသောက်ဆိုင်ကိုသွားပြီး ဝက်လက်မစားတော့ဘူးလား?"

ကျွန်မက ပင်လုံးကြိုင်ကိတ်မုန့်ဘူးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး စိတ်ကျေနပ်မှုအပြည့်ဖြင့် ပြောလိုက်တယ်။

"နောက်တစ်ခေါက်မှပေါ့။အခုတော့ ကျွန်မ ဒီပင်လုံးကြိုင်ကိတ်တွေကိုပဲ စားချင်တယ်"

အပိုင်း(၁၂)

ကျွန်မရဲ့ မိဘအိမ်ကို ပြန်တဲ့နေ့မှာ ကျွန်မရဲ့အဖေက အလွန်ပျော်ရွှင်နေပြီး သူ့အပြုံးက နားရွက်ရောက်လုနီးပါးပင်။

ကျွန်မရဲ့အမေက လုလင်းက ကျွန်မ ရထားလုံးပေါ်ကနေ ဆင်းဖို့အတွက် ကိုယ်တိုင်ကူညီပေးနေတာကို မြင်ရတဲ့အချိန် သူမက မတတ်နိုင်ဘဲ နှစ်သက်တဲ့အပြုံးတစ်ခု ဖော်ပြလာခဲ့သည်။

စစ်မြေပြင်မှာ တိုက်ပွဲဝင်ပြီး သေခြင်းတရားနဲ့ ရင်ဆိုင်နေရတဲ့ ကုစစ်ယွမ်က သူမရဲ့ သမက်စံနှုန်းနဲ့ မကိုက်ညီဘူးလို့ ကျွန်မအမေက ပြောခဲ့ဖူးတယ်။

သူမရဲ့ အခုပုံစံကို ကြည့်ခြင်းအားဖြင့် သူမက လုလင်းကို အတော်လေး စိတ်ကျေနပ်တယ်ဆိုတာ တွေ့နိုင်တယ်။

လုလင်းက အားလုံးကို လေးလေးစားစား နှုတ်ဆက်ပြီးတော့ အစေခံတွေကို ညွန်ကြားကာ သူ ယူလာတဲ့လက်ဆောင်တွေကို မြို့စားမင်းသုန်နင်းအိမ်တော်ထဲသို့ ပို့ခိုင်းလိုက်သည်။

ဒါပေမဲ့ ချင်နျန့်လန်ကတော့ နာကျည်းမှုအပြည့် အမူအရာ ရှိနေတယ်။သူ့မျက်လုံးတွေက ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ မည်းနက်နေပြီး သူ့ပုံစံတစ်ခုလုံးက သရဲပြုစားခံထားရတဲ့သူနဲ့တောင် ဆင်တူနေတယ်။

ကျွန်မ ထိန်းမထားနိုင်ဘဲ သူ့ကို စလိုက်တယ်။

"ချင်နျန့်လန် နင်က နာမည်ကြီးပန်းချီဆရာတွေရဲ့ လက်ရာတွေ စုဆောင်းတာကို စွန့်လွှတ်ပြီးတော့ အဲ့ဒီအစား ဘိန်းသောက်နေတာလား?"

ချင်နျန့်လန်၏ တစ်ခုတည်းသော ဝါသနာက လက်ရေးလှနှင့် ပန်းချီများ စုဆောင်းခြင်း ဖြစ်တယ်။သူက အကြိမ်အနည်းငယ် အလိမ်ခံရပေမယ့် ဘယ်တော့မှ အမှတ်မရှိဘူး။

သနားစရာကောင်းတဲ့ အမူအရာဖြင့် ချင်နျန့်လျန်က ပြောလာသည်။

"ညီမလေး ငါက နင့်ကို အရမ်းစိတ်ပူလွန်းလို့ မစားနိုင်၊မအိပ်နိုင် ဖြစ်နေခဲ့တာ....အဲ့ဒါတောင် မင်းက မင်းကတော့ ဒီလိုလုပ်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ............."

သူက စကားကို ဆုံးအောင်မပြောဘဲ အဲ့ဒီအစား ကျွန်မဘေးမှာ ရပ်နေတဲ့ လုလင်းကို ဒေါသတကြီး စိုက်ကြည့်လိုက်တယ်။

ချင်နျန့်လန်က အမြဲတမ်း အားကိုးလို့မရနိုင်ပေမယ့် သူက အရည်အချင်းရှိတဲ့အစ်ကိုတစ်ယောက်ဆိုတာ ကျွန်မသိတယ်။

သူက ကျွန်မနဲ့လုလင်းရဲ့ ဆက်ဆံရေးက အဆင်မပြေဘဲနဲ့ ကျွန်မ ခံစားနေရမှာကို စိတ်ပူနေတာ။

"ညီမလေး နင် အဖေနဲ့အမေနဲ့အတူ အိမ်ထဲအရင်ဝင်နှင့်။ငါ့ရဲ့ယောက်ဖနဲ့ ငါ ဆွေးနွေးစရာရှိတယ်"

ချင်နျန့်လန်က ဒါကို ‌ပြောပြီးတဲ့နောက် သူက လုလင်းကို ဘေးဆွဲခေါ်သွားပြီး သူတို့နှစ်ယောက်ဟာ လျှို့ဝှက်တဲ့အရာတစ်ခုခုကို တိုးတိုးလေး ပြောနေကြသည်။

ကျွန်မက အိမ်ထဲကို ကျွန်မရဲ့မိဘတွေနဲ့ အရင်ဝင်သွားလိုက်ပြီး နာရီဝက်လောက်ကြာပြီးတဲ့နောက် ချင်နျန့်လန်နဲ့လုလင်းက နောက်ဆုံးတော့ အထဲဝင်လာကြ၏။

စောနတုန်းက တွေဝေအုံ့မှိုင်းနေတဲ့ ချင်နျန့်လန်က အခု သိသိသာသာ အားအင်တက်ကြွလာတာကို သတိထားမိနိုင်တယ်။

ချင်နျန့်လန်က အကျိုးအမြတ်တချို့ ရရှိသွားတယ်ဆိုတာ ကျွန်မ အလွယ်လေး ခန့်မှန်းနိုင်တယ်။ဒါပေမဲ့ သူက အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခွန်းမှ မပြောဘူး။

လုလင်းကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေတယ်။

အဲ့ဒါက အရေးကြီးတဲ့ကိစ္စမဟုတ်ဘူးဆိုတာ ကျွန်မ သိတာ‌ကြောင့် သူတို့ကို ဆက်ပြီးတော့ ဖိအားမပေးတော့ဘူး။

အပိုင်း(၁၃)

ပူပြင်းတဲ့နွေရာသီရောက်လာတဲ့အခါ အပူဒဏ်ကို ကျွန်မ အ‌ကြောက်ဆုံးပဲ။

အခန်းထဲမှာ ရေခဲပုံးနှစ်ပုံးရှိပေမယ့်လည်း ညတွေဆိုရင် သည်းမခံနိုင်လောက်အောင် ပူတာကြောင့် ကျွန်မကို အိပ်နေရင်း ချွေးထွက်စေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ခက်ခဲစေတယ်။

ဒီနေ့ လုလင်းက ကျွန်မကို နွေရာသီအပန်းဖြေစခန်းဆီ ခေါ်သွားပြီး အပူရှောင်ဖို့ စီစဉ်ထားတာကြောင့် ကျွန်မအတွက် ပေါ့ပေါးသစ်လွင်တဲ့အဝတ်တွေ ထုပ်ပိုးဖို့ အစေခံတွေကို ညွှန်ကြားရင်း အလုပ်များနေတယ်။

မထင်မှတ်ထားစွာဖြင့် အစေခံငယ်လေးတစ်ဦးက ရုတ်တရက် ဝင်လာပြီးတော့ ကုစစ်ယွမ်က စကားပြောဖို့အတွက် ကျွန်မကို သူ့အိမ်တော်ဆီ ဖိတ်ကြားတဲ့အကြောင်း တင်ပြလာတယ်။

ကျွန်မက သဘောတူလိုက်ပြီးတော့ ကြေးမုံရှေ့မှာ အလှပြင်နေဆဲဖြစ်တာကို ကြည့်ပြီး လုလင်းက ကျွန်မဘေးနားမှာ မှုန်ကုပ်ပြီးတော့ ထိုင်နေတယ်။

သူက ခပ်တိုးတိုး ရေရွတ်လိုက်တယ်

"ကုစစ်ယွမ်က ဘာဖြစ်နေတာလဲ?မင်းတို့နှစ်ယောက်လုံးက လက်ထပ်ပြီးပြီကို သူက အခုထိ အကွာအဝေး ဘယ်လိုထားရမလဲဆိုတာ မသိသေးဘူး!"

ကျွန်မက မှန်ထဲကို ကြည့်ပြီးတော့ ပေါင်ဒါမှုန့်လိမ်းရင်း ပြန်ပြောလိုက်တယ်

"ကုစစ်ယွမ်က ကျင့်ဝတ်သိက္ခာမရှိတဲ့သူ မဟုတ်ဘူး။အရေးကြီးတဲ့ကိစ္စတစ်ခုခု ရှိကောင်းရှိနိုင်တယ်"

"အော်.......မင်းက သူ့ကို အသိဆုံးပဲ!!!!"

လုလင်းက မျက်ခုံးမွှေးဆွဲတံကို ယူလိုက်ပြီး လက်တစ်ဖက်ဖြင့် ကျွန်မမေးစေ့ကို မော့ကာ မျက်ခုံးမွှေးတွေကို သေချာပုံဖော်ပေး၏။

သူ့လေသံထဲမှာ မနာလိုမှုပါနေတာကို ကြားရတော့ ကျွန်မက ‌တုံ့ဆိုင်းစွာနဲ့

"ရှင် ဘာလို့ ကျွန်မနဲ့အတူတူ မလိုက်ခဲ့တာလဲ?" လို့ မေးလိုက်တယ်။

အဲ့ဒီအခါမှသာ လုလင်းရဲ့မျက်နှာက အပြုံးနဲ့ တောက်ပသွားပြီး

"မင်းက ရိုးရိုးသားသားနဲ့ ဖိတ်တာဆိုတော့ ငါလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ပါမယ်”

All Chapters