← Chapters

အခန်း ၇၂

Vol. 8 Ch. 72

အခန်း ၇၂

Vol. 8 Ch. 72

အခန်း (၇၂)

သာမန်စကားလုံးတစ်လုံးသာ ဖြစ်သော်လည်း နဉ်ရွှီ၏ လေသံထဲတွင် လျစ်လျူရှု၍မရသော လူသတ်လိုသည့် အငွေ့အသက်များ ပါဝင်နေသည်။

ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူက သူမကို သတ်ချင်နေခြင်း ဖြစ်သော်လည်း သူမတွင် 'ပေါင်းစည်းခြင်းအဆင့်' ဆရာတစ်ယောက် ရှိနေသေးရာ သူမကို မည်သို့သတ်ရမည်ဆိုသည်မှာ ပြဿနာတစ်ခု ဖြစ်နေသည်။

သူတို့အနေနှင့် ဤကိစ္စမှ အလုံးစုံဖုံးကွယ်ထားရန်နှင့် အနာဂတ် ပြဿနာများကို ဖယ်ရှားပစ်ရန် လိုအပ်သည်။

ကံကောင်းထောက်မစွာဖြင့် နဉ်ရွှီသည် ဝူမိသားစုခေါင်းဆောင်၏ ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲမှ ပစ္စည်းကောင်းများစွာ ရရှိထားခဲ့ရာ ထိုပစ္စည်းများသည် ယခုအချိန်တွင် အသုံးဝင်လာပြီဖြစ်သည်။

ဖရဲသီးစားခြင်းစနစ်က ဆဲဆိုနေပြီး [ငါ အခုလေးတင် ရှာကြည့်လိုက်တာ သူမက အဆင့်နိမ့် အမျိုးသားကျင့်ကြံသူ အများကြီးကို ဖမ်းခေါ်သွားခဲ့ဖူးတယ်တဲ့။ ]

[အဲ့ဒီ အမျိုးသားကျင့်ကြံသူတွေက သနားစရာပဲ၊ ကျွန်တွေ ဖြစ်သွားတာ၊ လုံးဝကို ကျွန်တွေဖြစ်သွားတာလို့။]

[အကြိမ်ပေါင်းများစွာ အောင်မြင်ခဲ့တော့ သူမကိုယ်သူမ အရေးပါတယ် ထင်နေတာ။]

[တကယ်တော့ သူမက ဘာမှမဟုတ်တဲ့သူပဲ။]

[ဒီနေ့တော့ သံပြားကို ကန်မိတာက ဘယ်လိုမျိုးလဲဆိုတာ သူမကို သိအောင်လုပ်ပေးလိုက်မယ်။]

နဉ်ရွှီသည် ဖြစ်ပေါ်လာနိုင်သော အခြေအနေအမျိုးမျိုးကို သူမစိတ်ထဲတွင် ပုံဖော်ကြည့်လိုက်သည်။

သူတို့၏ အားနည်းချက်မှာ ထင်ရှားသည်။ ၎င်းမှာ သူတို့၏ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးလွန်းခြင်းပင် ဖြစ်သည်။

သူမသည် ချီသန့်စင်ခြင်းအဆင့် အထွတ်အထိပ်ဖြစ်ပြီး ဖြူစင်သော ကျင့်ကြံသူမှာမူ ချီသန့်စင်ခြင်းအဆင့် (၈) ဖြစ်သည်။

ကျင့်ကြံခြင်းလောကတွင် ဆိုရိုးတစ်ခုရှိသည်။ ၎င်းမှာ "ကျင့်ကြံခြင်း အဆင့်အတန်းတစ်ခု ကွာခြားခြင်းသည် တောင်ကြီးတစ်လုံး ကာဆီးထားသကဲ့သို့" ဟူ၍ဖြစ်သည်။

အကယ်၍ အဆင့်မြင့်ကျင့်ကြံသူတစ်ဦးနှင့် အဆင့်နိမ့်ကျင့်ကြံသူတစ်ဦးကြား မတော်တဆမှုမျိုး မရှိပါက အလွယ်တကူ ချေမှုန်းခံရမည်မှာ အသေအချာပင်။

ဤအမျိုးသမီးကျင့်ကြံသူ၏ ကျင့်ကြံခြင်းမှာ မည်မျှပင်အားနည်းနေပါစေ သူမသည် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အစောပိုင်းအဆင့်တွင် ရှိနေသေးသည်။

သူမတွင် ပေါင်းစည်းခြင်းအဆင့် ဆရာတစ်ယောက် ရှိနေသည်ကို ပြောစရာပင်မလိုပေ၊ သူမလက်ထဲတွင် သူမအသက်ကို ကာကွယ်နိုင်မည့် ပစ္စည်းတစ်ခုခုလည်း ရှိနိုင်ခြေမှာ အလွန်များသည်။ ထိုသို့မဟုတ်ပါက သူမသည် ဤမျှကြာအောင် ထောင်လွှားပြီး လူများကို အရှက်မရှိ ပြန်ပေးဆွဲနေမည် မဟုတ်ပေ။

သို့သော် သူတို့တွင်လည်း အားသာချက်တစ်ခု ရှိနေသည်။

၎င်းမှာ တစ်ဖက်လူ သတိလက်လွတ်ဖြစ်နေချိန်တွင် ဖမ်းဆီးတိုက်ခိုက်နိုင်ခြင်းပင် ဖြစ်သည်။

ထို့ကြောင့် အချိန်ကိုက်လုပ်ဆောင်ရန်မှာ အလွန်အရေးကြီးသည်။

အကယ်၍ တစ်ချက်တည်းဖြင့် သတ်နိုင်ပါက နောက်ဆက်တွဲ ပြဿနာ ရှိတော့မည်မဟုတ်ပေ။ အကယ်၍ တစ်ကွက်တည်းနှင့် မအောင်မြင်ပါက ဤတိုက်ပွဲသည် အလွန်အင်မတန် ခက်ခဲသွားမည်ဖြစ်ပြီး အချိန်ကြာလာလေလေ သူတို့အတွက် အခွင့်မသာလေလေ ဖြစ်ပေလိမ့်မည်။

ဤအချိန်တွင် ဟယ်ဟွမ်းဂိုဏ်း၏ အမျိုးသမီးကျင့်ကြံသူသည် သူတို့နေထိုင်ရာ နေရာသို့ စတင်သွားနေပြီ ဖြစ်သည်။

ဖရဲသီးစားခြင်းစနစ်က တောက်လျှောက် ဆဲရေးနေဆဲပင်

[ဖြူစင်တဲ့ ကျင့်ကြံသူက ဘယ်သူလဲဆိုတာ မစုံစမ်းထားဘူးပဲ]

[သူက ငါ့Hostရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိတဲ့သူပဲ]

[ဒီနေ့တော့ ငါ ဒီခွေးမကို အစွမ်းနည်းနည်း ပြရလိမ့်မယ်]

နဉ်ရွှီသည် နောက်လှည့်မကြည့်ဘဲ ဟယ်ဟွမ်းဂိုဏ်း၏ အမျိုးသမီးကျင့်ကြံသူ ထွက်ခွာသွားသော ဦးတည်ရာကိုသာ စိုက်ကြည့်နေပြီး သူမနောက်မှ ဖြူစင်သော ကျင့်ကြံသူအား အချက်ပြလိုက်ကာ သူအနားသို့ ရောက်လာချိန်တွင် သူမက လေသံတိုးတိုးဖြင့် "သူမ တိုက်ခိုက်လာမယ့်အချိန်ကို ငါတို့ စောင့်ကြမယ်" ဟု ပြောလိုက်သည်။

ဖြူစင်သော ကျင့်ကြံသူက "ကောင်းပါပြီ"

သူက အရမ်းလွယ်လွယ်ကူကူ သဘောတူလိုက်သဖြင့် နဉ်ရွှီက အံ့အားသင့်သွားသည်။

သူမ နောက်လှည့်ကြည့်လိုက်ပြီး "ဘာလို့လဲဆိုတာ ရှင်မမေးတော့ဘူးလား" ဟု မေးလိုက်သည်။

ဖြူစင်သော ကျင့်ကြံသူက ခေါင်းခါပြကာ "မင်းမှာ ကိုယ်ပိုင်ရည်ရွယ်ချက် ရှိမှာပါ"

သူလုပ်ရန်လိုအပ်သည်မှာ အမြဲတမ်း ပူးပေါင်းဆောင်ရွက်ရန်သာ ဖြစ်သည်။

ဖရဲသီးစားခြင်းစနစ်က တောက်တစ်ချက်ခေါက်လိုက်ပြီး [မျှော်လင့်ထားတဲ့အတိုင်းပဲ ဖြူစင်တဲ့ ကျင့်ကြံသူပီသပါပေတယ်၊ စိတ်ဝင်စားဖို့ကောင်းသားပဲ။]

[Host စကားအများကြီး ပြောမနေတော့နဲ့၊ အခုက စတင်လှုပ်ရှားရမယ့်အချိန်ပဲ]

နဉ်ရွှီ၏ မျက်ခုံးများ တင်းမာသွားပြီး "ငါ တစ်ချက်တည်းနဲ့ သတ်နိုင်အောင် ကြိုးစားမယ်" ဟု ကျယ်ကျယ် ပြောလိုက်သည်။

ဖြူစင်သော ကျင့်ကြံသူက "ကောင်းပါပြီ"

‘ညတာရှည်၍ အိပ်မက်များလာမည်ကို’ ရှောင်ကြဉ်ရန် သူတို့နှစ်ဦးသည် အမျိုးသမီးကျင့်ကြံသူရှိရာဘက်သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားကြသည်။

[T/N: ‘ညတာရှည်၍ အိပ်မက်များလာမည်’ဆိုတာ အချိန်ဆွဲလေ ပြဿနာများလေလို့ ဆိုလိုပါတယ်]

သူမကိုယ်တိုင်လည်း သူမလုပ်နေသည့်အရာမှာ မကောင်းမှန်းသိသဖြင့် ဟယ်ဟွမ်းဂိုဏ်း၏ အမျိုးသမီးကျင့်ကြံသူသည် လူသူမရှိသော လမ်းကြောင်းမှသာ သွားနေခဲ့သည်။ လမ်းတစ်လျှောက်တွင် သူတို့ လူတစ်ဦးတစ်ယောက်နှင့်မျှ မဆုံခဲ့ပေ။

ဤသည်က နဉ်ရွှီအတွက် ပိုပြီးအဆင်ပြေစေသည်။

ထောင့်ချိုးတစ်ခုကို ကွေ့လိုက်ပြီးနောက် သူတို့နေထိုင်ရာ ဝင်းထဲကို ရောက်ရှိနိုင်တော့မည့်အချိန်တွင် နဉ်ရွှီက လက်ကို ဝေ့ယမ်းလိုက်ပြီး ချက်ချင်းပင် "လုပ်တော့" ဟု ဆိုလိုက်သည်။

"နားလည်ပါပြီ"

နောက်တစ်စက္ကန့်တွင် အလွန်ပြင်းထန်သော ဓားအလင်းတန်းသည် သူတို့အား ကျောခိုင်းထားသော အမျိုးသမီးကျင့်ကြံသူထံသို့ ပြေးဝင်သွားသည်။

ဓားအလင်းတန်းတွင် အဆုံးမဲ့ သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများ ဖုံးလွှမ်းနေသည်။

သူတို့ မလှုပ်ရှားမီအထိ အမျိုးသမီးကျင့်ကြံသူ၏ မျက်နှာတွင် အပြုံးတစ်ခု ရှိနေဆဲဖြစ်သည်။

သူမ၏ နောက်တွင် တစ်စုံတစ်ယောက်ရှိနေပြီး သူမကို အမြစ်ပြတ်ဖယ်ရှားပစ်ချင်နေလိမ့်မည်ဟု သူမ တွေးပင်တွေးဖူးမည်မဟုတ်ပေ။

ဖြူစင်သော ကျင့်ကြံသူ၏ "ကြယ်စင်လှန်ခြင်း"က အမျိုးသမီးကျင့်ကြံသူကို ပိတ်လှောင်လိုက်ချိန်တွင် နဉ်ရွှီ၏ "ကြယ်စင်လှန်ခြင်း" က အမျိုးသမီးကျင့်ကြံသူ၏ ဒန်ထျန်ဆီသို့ တိုက်ရိုက် ထိုးဖောက်သွားသည်။

သူမက ထိတ်လန့်သွားပြီး " နင်တို့ ငါ့ဆရာက ဘယ်သူလဲဆိုတာ သိကြလား......"

ထိုအချိန်တွင် ဖရဲသီးစားခြင်းစနစ်က ထူးထူးဆန်းဆန်း ပြောလိုက်သည်။ [နင့်ဆရာက အမှိုက်မဟုတ်ဘူးလား။ နင်ကလည်း အမှိုက်ပဲ။ နင်တို့အားလုံးက အမှိုက်တွေချည်းပဲ။]

အမျိုးသမီးကျင့်ကြံသူ: !!

သူမ၏ မျက်နှာသည် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေပြီး သူမ၏ မျက်လုံးများက မယုံနိုင်သလိုဖြစ်နေကာ တစ်ခုခုကို ထပ်မေးချင်နေသော်လည်း ကံဆိုးစွာဖြင့် နောက်စကားလုံးများကို ပြောဆိုရန် အခွင့်အရေး မရှိတော့ပေ။

နဉ်ရွှီသည် အမျိုးသမီးကျင့်ကြံသူ၏ ဒန်ထျန်ထဲမှ "မင်ယွဲ့"ဓားကို အသာအယာ ဆွဲထုတ်လိုက်ရာ သွေးများက တောက်ပသော မိုးစက်များကဲ့သို့ တစ်စက်ပြီးတစ်စက် ကျဆင်းလာသည်။ အမျိုးသမီးကျင့်ကြံသူသည် သူမ၏မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ထားရင်း ခန္ဓာကိုယ်ကို ဆက်၍ မထိန်းထားနိုင်တော့ဘဲ မြေပြင်ပေါ်သို့ တိုက်ရိုက် လဲကျသွားသည်။

ဖရဲသီးစားခြင်းစနစ်က စိတ်လှုပ်ရှားစွာဖြင့် [အရမ်းမိုက်တယ်၊ Host] ဟု ပြောသည်။

နဉ်ရွှီက အလောင်းနှင့် သဲလွန်စများကို ဖျက်ဆီးရန် အဆောင်တစ်ခုကို အမှတ်မထင် ပစ်လွှင့်လိုက်သည်။ ဖူရှန့်၏ အဆောင်စာရွက်တွင် နယ်ပယ်အစုံ ပါဝင်သည်ဟုသာ ဆိုရမည်။

တစ်ခုချင်းစီတိုင်းက အလွန်ပင် သုံးရလွယ်ကူပြီး သူမအတွက် အလွန်အဆင်ပြေလှသည်။

နဉ်ရွှီက "သူမရဲ့ဆရာက ငါတို့ကို ရှာမတွေ့နိုင်ဘူးမလား" ဟု ဖရဲသီးစားခြင်းစနစ်ကို မေးလိုက်သည်။

ဖရဲသီးစားခြင်းစနစ်က [မတွေ့နိုင်ပါဘူး၊ နင် ခုနက ဖွင့်လိုက်တဲ့ မှော်လက်နက်က ဒီနေရာကို သီးခြားနယ်မြေတစ်ခုအဖြစ် ပြောင်းလဲပေးလိုက်တာလေ။ ဒီပစ္စည်းက ဝူမိသားစုခေါင်းဆောင်ရဲ့ ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲမှာရှိတဲ့ အိုးမည်းကလွဲရင် အကောင်းဆုံးပစ္စည်းပဲ။ လူသတ်ပြီး မီးရှို့ဖျက်ဆီးဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့အရာလို့ ပြောလို့ရတယ်။ ကံမကောင်းတာက ဒါကို အရင်က အကြိမ်အနည်းငယ် သုံးထားပြီးသားဖြစ်နေတာပဲ။ ဒီတစ်ခါ သုံးပြီးသွားရင်တော့ ဒါက တိုက်ရိုက်ပျက်စီးသွားပြီပဲ။ နှမြောစရာကြီး။]

နဉ်ရွှီက အရမ်းကြီး နှမြောနေခြင်း မရှိပေ။

ပေးရတဲ့တန်ဖိုးနှင့် ထိုက်တန်သည်။

ဆန့်ကျင်ဘက်အားဖြင့် ဖရဲသီးစားခြင်းစနစ်က ပိုပိုပြီး ကပ်စေးနှဲလာသည်။

နဉ်ရွှီနှင့် ဖြူစင်သော ကျင့်ကြံသူတို့ သူတို့၏ ထိုင်ခုံသို့ ပြန်ရောက်လာချိန်တွင် သူတို့၏ လှုပ်ရှားမှုများက ဒုတိယဝူသခင်လေးမှလွဲ၍ မည်သူ၏ အာရုံစိုက်မှုကိုမျှ မခံခဲ့ရပေ။

ဤမိသားစု စားပွဲမှာ တိုက်တိုက်ဆိုင်ဆိုင်ပင် အထွက်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။

တက်ရောက်လာသည့် ပရိသတ်အများစုမှာ ယနေ့၏ အဓိကဇာတ်လိုက်ဖြစ်သော ဝူလုချန်ကိုသာ အာရုံစိုက်နေကြသည်။

ဒုတိယဝူသခင်လေး တစ်ယောက်သာလျှင် ရှုပ်ထွေးသော မျက်နှာထားရှိနေသည်။

သူတို့၏ မျက်နှာများက အလွန်ပင် တည်ငြိမ်အေးဆေးနေပြီး အေးအေးဆေးဆေးပင် ပြန်ရောက်လာကြသဖြင့် ထိုအမျိုးသမီးကျင့်ကြံသူ အသတ်ခံလိုက်ရပြီ ဖြစ်ရမည်။

ပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူ၏ တပည့်ကိုပင် သူတို့က တိုက်ခိုက်ရဲလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ထို့ပြင် အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတ္တိရှိခြင်းနှင့် ပတ်သက်လာလျှင် သူတို့သာ ဖြစ်ပေလိမ့်မည်။

အစေခံများ ဤကိစ္စတွင် သတိလက်လွတ်ဖြင့် ပါဝင်ပတ်သက်မိခြင်းမှ တားဆီးရန် သူက အစေခံများကို ဤအချိန်အတွင်း အရှေ့ခြံဝင်းထဲတွင်သာ လှုပ်ရှားကြရန် တမင်တကာပင် အမိန့်ပေးထားသည်။

ယနေ့တွင် ဧည့်သည်များရှိနေသဖြင့် အစေခံများ ဟိုဟိုဒီဒီ သွားလာနေပါက ယနေ့၏ ဂုဏ်သရေရှိဧည့်သည်များနှင့် တိုက်မိခိုက်မိဖြစ်ရန် အခွင့်အလမ်း အလွန်များသဖြင့် သူ၏အဆိုပြုချက်မှာ ရုတ်တရက်ဆန်မနေပေ။

ဤကိစ္စနှင့် ပတ်သက်ပြီး သူ ဘာကိုများ ထပ်ပြောနိုင်ဦးမည်နည်း။

"နယ်မြေသုံးထောင် ကျင့်ကြံသူများ သတင်းဖလှယ်ရာနေရာ" ကို ပြောင်းပြန်လှန်ခဲ့သော "ဖရဲသီးရွှေ့ပြောင်းသူ" ပီသသည်ဟု ဆိုရပေမည်၊ ထိပ်တန်းပါပေ။

ပြောရမည်ဆိုလျှင် သူတို့က မက်မွန်နတ်ဘုရားမနဲ့ သူမ၏ ပိုးပန်းသူများအကြောင်း တစ်စက္ကန့်တွင် ပြောခဲ့ကြပြီး၊ နောက်တစ်စက္ကန့်တွင် ဖိုရမ်ပေါ်၌ ဖရဲသီးသတင်း တင်လိုက်ခြင်းမရှိခဲ့လျှင် "ဖရဲသီးရွှေ့ပြောင်းသူ" မှာ နဉ်ရွှီဖြစ်ကြောင်း သူ ဤမျှမြန်မြန် သိလိုက်မည်မဟုတ်ပေ။

အမှန်တကယ်ပင် လူကို အပြင်ပန်းကြည့်ရုံနှင့် ဆုံးဖြတ်၍မရပေ။

ဤလျှို့ဝှက်ချက်ကို လူသိရှင်ကြား ထုတ်ဖော်မည်လားဟု မေးလာပါက သူက မဝံ့ရဲပါဘူး ဟုသာ ပြောရပေလိမ့်မည်။

ဒုတိယဝူသခင်လေး: ကျွန်တော် တကယ် မလုပ်ရဲတာပါနော်

ဟွာကျိုင်းဂိုဏ်းတောင်မှ "ဖရဲသီးရွှေ့ပြောင်းသူ" ကို ဘာမှမလုပ်နိုင်တာ၊ ကျွန်တော့်လို အရေးမပါတဲ့သူဆို ပြောစရာမလိုတော့ဘူးမလား

သူလုပ်နိုင်သည်မှာ တစ်လျှောက်လုံး ကြက်ကလေးတစ်ကောင်လို ငြိမ်နေဖို့သာဖြစ်သည်။ ဤကဲ့သို့သော ကိစ္စမျိုးသည် သူကြားဝင်နိုင်သော အရာမဟုတ်ပေ။

ဒုတိယဝူသခင်လေး၏ စိတ်ထဲ အတွေးများနေစဉ် သူ၏ဝမ်းကွဲအစ်ကိုက လက်ထဲတွင် ခေါက်ယပ်တောင်ကို ကိုင်လျက် သူတို့ဆီသို့ လျှောက်လာခဲ့သည်။

"ရှောင်အာ မတွေ့ရတာ ကြာပြီနော်။"

ဒုတိယဝူသခင်လေးက "ကျွန်တော့်ကို ရှောင်အာလို့ မခေါ်နဲ့၊ ခင်ဗျား မမှတ်မိလို့မလား"

ဝမ်းကွဲအစ်ကိုဖြစ်သူက ယပ်တောင်ကို သိမ်းဆည်းလိုက်ပြီး ယပ်တောင်လက်ကိုင်ဖြင့် သူ၏ ခေါင်းကို အသာအယာ ထိလိုက်ကာ "ငါ့ကို ဘယ်လိုပြောလိုက်တာလဲ။ ရိုသေမှုကို မရှိဘူး။"

ဒုတိယဝူသခင်လေးကို နှုတ်ဆက်ပြီးနောက် သူက နဉ်ရွှီနှင့် အခြားသူများဆီသို့ အကြည့်ပို့လိုက်သည်။

"သူတို့တွေက......"

ဒုတိယဝူသခင်လေးက "သူတို့အားလုံးက အားချန်ရဲ့ အသင်းဖော်တွေပါ၊ ဒီကတာအိုမိတ်ဆွေနဉ်ကတော့ အားချန်ရဲ့ ခေါင်းဆောင်ပေါ့" ဟု မိတ်ဆက်ပေးလိုက်သည်။

ဝမ်းကွဲဖြစ်သူက သိမ်မွေ့စွာ ပြုံးလိုက်ပြီး ယပ်တောင်ကို လက်ထဲတွင်ကိုင်ထားရင်း နဉ်ရွှီကို ဂါရဝပြုပြီး "တာအိုမိတ်ဆွေနဉ် တွေ့ရတာ ဝမ်းသာပါတယ်၊ အားလုံးပဲ တွေ့ရတာ ဝမ်းသာပါတယ်" ဟုဆိုသည်။

နဉ်ရွှီလည်း ပြန်လည်ဂါရဝပြုလိုက်သည် " တွေ့ရတာ ဝမ်းသာပါတယ်"

သူမ ဒုတိယဝူသခင်လေး၏ ဝမ်းကွဲအစ်ကိုကို နှုတ်ဆက်ပြီးသည်နှင့် ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ဆဆဖြင့် [ဒုတိယဝူသခင်လေးကြောင့် ဝတ်ရုံလက်ပြတ် ကောလဟာလထဲကို တစ်ခါ ရောက်ခဲ့ဖူးတဲ့ ဒီဝမ်းကွဲအစ်ကိုက ထူးခြားတဲ့သူပဲ] ဟု ပြောလိုက်သည်။

နဉ်ရွှီသည် နတ်ဘုရားချင်ကျို့နှင့် ဤဝမ်းကွဲတို့ အပြန်အလှန် နှုတ်ဆက်စကားဆိုနေကြသည်ကို နားထောင်ရင်း ဖရဲသီးစားခြင်းစနစ်ကို "နင် ဘာကို ပြောနေတာလဲ" ဟု မေးလိုက်သည်။

စနစ်က [ဒီဝမ်းကွဲအစ်ကိုက ဒုတိယဝူသခင်လေးထက် နှစ်အနည်းငယ် ပိုကြီးတယ်လေ။ မိသားစုက လူကြီးတွေရဲ့ အိမ်ထောင်ချပေးတာကို သူတို့ ဘယ်လိုလုပ်ပြီး မကြုံရဘဲ နေမလဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကျော်လောက်က မိသားစုအကြီးအကဲတစ်ယောက်က သူ့ကို အမျိုးသမီးကျင့်ကြံသူတစ်ယောက်နဲ့ မိတ်ဆက်ပေးဖူးတယ်။ အဲ့ဒီအချိန်တုန်းက သူက အသက်ခုနစ်ဆယ်၊ ရှစ်ဆယ်လောက်ပဲ ရှိသေးတော့ စိတ်က သိပ်မရင့်ကျက်သေးဘူး။ ပြီးတော့ သူက အမျိုးသမီးကျင့်ကြံသူတွေရဲ့ ပစ်မှတ်ထားခံရမှာ ကြောက်လို့ ညစာစားပွဲကို မသွားခင် ကြက်သွန်ဖြူ တစ်တောင်းလုံးကို တမင်တကာ စားသွားတယ်တဲ့လေ။]

နဉ်ရွှီ: ......

ကာယကံရှင်ဖြစ်သူ ဝမ်းကွဲအစ်ကို: ......

ဒုတိယဝူသခင်လေး: !!

သူတောင် ဒီအကြောင်းကို မသိခဲ့ဘူး။ သူ့ဝမ်းကွဲအစ်ကိုက တကယ်ကြီး သူ့ကို ဖုံးကွယ်ထားခဲ့တာပဲ။

နတ်ဘုရားချင်ကျို့: ...... သူ တစ်ဖက်လူနဲ့ ဘယ်လိုဆက်ပြီး စကားပြောရတော့မှာလဲ

[ကျင့်ကြံသူက ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်လိုက်ရင် အညစ်အကြေးတွေကို အလိုအလျောက် ဖယ်ရှားနိုင်တယ်။ ဒါက ကျင့်ကြံသူကို သာမန်လူတွေနဲ့ ကွာခြားစေတဲ့ အချက်ပဲ။ ဒီဝမ်းကွဲအစ်ကိုကတော့ ကြက်သွန်ဖြူနံ့ ပျောက်သွားမှာစိုးလို့ စားသောက်ပွဲကိုသွားတဲ့လမ်းမှာ တမင်တကာကို ဝိညာဉ်စွမ်းအင် တစ်စက်လေးတောင် မသုံးခဲ့ဘူးလေ။ သူစားသောက်ပွဲကို ရောက်တဲ့အချိန်လည်းကျရော တစ်ကိုယ်လုံးက ကြက်သွန်ဖြူနံ့တွေ နံနေတာ၊ အထူးသဖြင့် သူ စကားပြောတဲ့အခါ အဲ့ဒီအနံ့က အမျိုးသမီးကျင့်ကြံသူတွေကို တိုက်ရိုက်မှင်တက်သွားစေတယ်။]

နဉ်ရွှီက စကားတစ်ခွန်း ပြောလိုက်သည်။ "...... သူက နှစ်ပေါင်းသောင်းချီတဲ့ လူပျိုကြီးဖြစ်နေတာက အကြောင်းမဲ့ မဟုတ်ဘူးပဲ။"

[ဟုတ်တယ်။]

နဉ်ရွှီက "အဲ့ဒီနောက် ဘာဆက်ဖြစ်လဲ" ဟု မေးသည်။

ဖရဲသီးစားခြင်းစနစ်က [နောက်ပိုင်းကျတော့ ဘယ်အကြီးအကဲကမှ သူ့ကို အမျိုးသမီးကျင့်ကြံသူနဲ့ မိတ်မဆက်ပေးတော့ဘူးလေ။ ဒါကြောင့် သူ့ရဲ့ ချစ်ရသူလေးက သူ့ကို အထင်မကြီးတာက တကယ်ကို ပုံမှန်ပါပဲ။ သူ့လိုလူမျိုးကတော့ တစ်ယောက်တည်းပဲ ဆက်နေသွားလိုက်တော့။] ဟု ပြောလိုက်သည်။

ဝမ်းကွဲအစ်ကို: ......

"အမှန်ပဲ"

ဤမိသားစု ညစာစားပွဲပြီးနောက် နဉ်ရွှီနှင့် အခြားသူများသည်လည်း ဤဝမ်းကွဲအစ်ကိုနှင့် လုံးဝ ရင်းနှီးသွားကြသည်။

သူသည် ကျောက်စိမ်းကဲ့သို့ နွေးထွေးဟန် ပေါ်သော်လည်း အမှန်တကယ်တွင်မူ ရင်းနှီးလွယ်သော သူတစ်ဦးဖြစ်သည်။

ပွဲပြီးသွားသောအခါ နဉ်ရွှီက သူမ၏ အသင်းဖော်များနှင့်အတူ ယာယီနေထိုင်ရာ ဝင်းထဲသို့ ပြန်သွားတော့မည့်အချိန်တွင် လူအုပ်ထဲ သတင်းတစ်ခု ရုတ်တရက် ပျံ့နှံ့လာသည်။

"နင်တို့ ကြားပြီးပြီလား။ လန်ချွင်ကျွင်းရဲ့ တပည့်အဖြစ် လက်ခံထားတာ တစ်နှစ်ကျော်လောက်ပဲ ရှိသေးတဲ့ တပည့်လေး ပျောက်နေတယ်တဲ့။"

"လန်ချွင်ကျွင်းဆိုတာ ဟယ်ဟွမ်းဂိုဏ်းက အဲ့ဒီ…..မဟုတ်ဘူးလား?"

"ဟုတ်တယ်လေ။"

"သူမတပည့်က ဘာဖြစ်လို့လဲ။"

"မသိဘူး၊ ရုတ်တရက်ကြီး ပျောက်သွားတာတဲ့။ လန်ချွင်ကျွင်း က 'နယ်မြေသုံးထောင် ကျင့်ကြံသူများ သတင်းဖလှယ်ရာနေရာ' မှာ ပို့စ်တင်ထားတယ်၊ သက်ဆိုင်ရာ သဲလွန်စပေးနိုင်မယ်ဆိုရင် ဆုလာဘ် အမြောက်အမြား ပေးမယ်တဲ့။"

"သဲလွန်စ ပေးတဲ့သူ ရှိလား"

"တကယ်ကြီး ရှိတယ်ဟ။ တစ်ယောက်ယောက်က သူမကို ငါတို့ရှင်းထောင်မြို့မှာ မြင်လိုက်တယ်တဲ့။"

ဤသည်ကို ကြားလိုက်သဖြင့် ထိုလူမှာ ထိတ်လန့်သွားသည်။

"ဘာကို ဆိုလိုတာလဲ။ ဒီကိစ္စက ငါတို့ ရှင်းထောင်မြို့နဲ့ ပတ်သက်နေသေးတာလား။ သူမက ထွက်သွားတာ ကြာပြီ ဖြစ်နိုင်တာပဲ မဟုတ်လား။"

သတင်းစတင်ဖော်ထုတ်လိုက်သူက ခေါင်းခါလိုက်ကာ "ပြောရခက်တယ်၊ အဲ့ဒီလူက ပြောတာတော့ သူက အဲ့ဒီတပည့်ကို ရှင်းထောင်မြို့မှာ နေ့လယ်ကတင် မြင်လိုက်တာတဲ့၊ အဲ့ဒီလောက် အချိန်တိုအတွင်းမှာ သူမက ရှင်းထောင်မြို့ထဲမှာပဲ ရှိနေတယ်ဆိုတာ ဖြစ်နိုင်တယ်။ ငါ ထင်တာမှန်မယ်ဆိုရင် သူမက ရှင်းထောင်မြို့ထဲမှာပဲ အသတ်ခံလိုက်ရတာ ဖြစ်မယ်။"

အတွင်းလူဖြစ်သော ဒုတိယဝူသခင်လေး၏ မျက်နှာမှာ ကြောင်အမ်းအမ်းဖြစ်နေပြီး "ဘာထပ်ဖြစ်ဦးမှာလဲ။ လူက ငါတို့အိမ်ထဲမှာတင် အသတ်ခံလိုက်ရတာလေ။"

ထိုလူက ဆက်ပြောသည် "ငါ ကြားတာတော့ လန်ချွင်ကျွင်းက ငါတို့ရှင်းထောင်မြို့ကို အခုပဲ အမြန် လာနေပြီတဲ့။"

"ဘာ"

လူများက တစ်ပြိုင်နက်တည်း အော်လိုက်ကြသည်။

ဤသတင်းကို ကြားလိုက်ရသည်နှင့် နဉ်ရွှီ မျက်ခုံးများလှုပ်လာသည်။ သူမက အကြီးအကဲ ဝူချီချွမ်ကို ရှင်းထောင်မြို့သို့ လာရန် ဖိတ်ခေါ်ထားရုံ ရှိသေးသော်လည်း လန်ချွင်ပါ ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဤသည်မှာ ကံဆိုးမိုးမှောင်ကျခြင်းပေလား။

ဖရဲသီးစားခြင်းစနစ်ကမူ ကောက်ကျစ်စွာဖြင့် [ဒီလိုဆိုမှတော့ လန်ချွင်ကိုလည်း ရှင်းထောင်မြို့မှာပဲ တစ်ခါတည်း ထာဝရ အိပ်ပျော်သွားခိုင်းလိုက်တာ ပိုကောင်းမယ်။]

ဒုတိယဝူသခင်လေး: !!

ဝမ်းကွဲအစ်ကို: !!

ပေါင်းစည်းခြင်းအဆင့် တစ်ယောက်ကို ဒီမှာ ထာဝရ အိပ်ပျော်သွားအောင် လုပ်မယ်တဲ့လား။ တကယ်ကို ပြောရဲ၊ တွေးရဲလွန်းတယ်!!

နောက်တစ်စက္ကန့်တွင် ၎င်းက ဆက်ပြောလာသည်ကို နားထောင်လိုက်သည်။ [အဲ့ဒါကတော့ အကြီးအကဲဝူ ရဲ့ 'ခေါင်းအုံးနားကလေညှင်း'က အားကောင်းလား မကောင်းဘူးလားပေါ်မှာ မူတည်တာပေါ့။]

[T/N: ခေါင်းအုံးနားကလေညှင်း 'ဆိုတာ အိပ်ရာထဲက သွေးထိုးစကား/ဇနီး သို့မဟုတ် ကိုယ်လုပ်တော်က ခင်ပွန်းဖြစ်သူအား တစ်စုံတစ်ဦးကို အပြစ်ပေးဖို့ (သို့မဟုတ်) ဆုလာဘ်ပေးဖို့ အိပ်ရာထဲမှာ တိုးတိုးတိတ်တိတ် နားချပြောဆိုတဲ့ အခါမျိုးမှာ သုံးပါတယ်။]

လူတိုင်း: ......

(ခေါင်းအုံးနားကလေညှင်းတဲ့လား...... အကြီးအကဲဝူ နဲ့ မက်မွန်နတ်ဘုရားမတို့ကိစ္စက ဘာမှမဖြစ်သေးဘူးမလား။ ဒီဟာက အစီအစဉ်ဆွဲထားတာပဲလား။

All Chapters