← Chapters

အခန်း ၇၆

Vol. 8 Ch. 76

အခန်း ၇၆

Vol. 8 Ch. 76

အခန်း ၇၆ ။

‘မိစ္ဆာကောင်...’

ဖရဲသီးစားခြင်းစနစ်မှ ဖော်ပြလာသည့် နာမ်စားကြောင့် နဥ်ရွှီသည် မိမိကိုယ်ကို ‘အနောက်ဘက်သို့ ခရီးသွားခြင်း ဇာတ်လမ်း’ ထဲမှ ထန်စန်း ဖြစ်သွားသည်ဟုပင် ထင်မှတ်လုနီးပါး ဖြစ်သွားခဲ့ရပါ၏။ ထန်စန်းကို အမျိုးသမီးမိစ္ဆာများစွာက ဝန်းရံထားသော်လည်း သူမကတော့ ချီသန့်စင်ခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦးသာသာပင်။‌ေ

နဥ်ရွှီသည် သူမရှေ့ရှိ ဇီးသီးပွင့်ကိတ်မုန့်ကို မထိတော့ဘဲ သိုလှောင်အိတ်ထဲမှ မုန့်ဝိုင်းတစ်ချပ်ကိုသာ ထုတ်ယူလိုက်၏။ ဤမုန့်သည် စိတ်နှလုံးဖြူစင်သော ကျင့်ကြံသူက သူမအတွက် အထူးဖုတ်ပေးထားသည့်မုန့်ပင်။

သူမသည် အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်ကို ယဉ်ကျေးစွာဖြင့် ပြုံးပြပြီး ဆိုလိုက်သည်။

“ကျွန်မက ဒါကို ကြိုက်တာ။”

ဤသည်က လိမ္မာပါးနပ်သော ငြင်းဆန်မှုတစ်မျိုး ဖြစ်ပေ၏။ အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်က ပြုံးပြသော်လည်း ဘာမှ ထပ်မပြောလာခဲ့။

[ကျစ်ကျစ်ကျစ်! ဖြူစင်တဲ့ ကျင့်ကြံသူက နည်းနည်း ပျော်နေသလိုပဲ။]

[ဖြူစင်တဲ့ကျင့်ကြံသူရဲ့ အပြုံးက အရမ်းဖြူစင်တယ်။ နှိုင်းယှဉ်ကြည့်ရင် အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်ရဲ့ အပြုံးကတော့ စိတ်ကူးယဉ်ဆန်လွန်းတယ်လေ။]

နဥ်ရွှီ : ‘...ဒါက မလိုမုန်းထားတာလားဟေ။ ဒါ သေချာပေါက် မလိုမုန်းထားနေတာပဲဖြစ်ရမယ်။’

ဖရဲသီးစားခြင်းစနစ်သည် မူလကတည်းက အဆင့်မြင့်အဂ္ဂိရတ် ပညာရှင်ကို အကြံအစည်ကြီးသူအဖြစ် ဖော်ပြခဲ့ဖူးပြီး ယခုလည်း ဤဖော်ပြချက်ကို ထပ်မံ၍အသုံးပြုနေပြန်၏။ နဥ်ရွှီ လက်ဖက်ရည်သောက်ရင်း အကြီးအကဲဝူနှင့် နတ်ဘုရားမတို့၏ စကားဝိုင်းကို နားထောင်နေခဲ့သည်။ ထို့နောက် ဖရဲသီးစားခြင်း စနစ်ကို လှမ်းမေးလိုက်လေ၏။

“ဘယ်လိုပြောရမလဲ။”

[သူ့ရဲ့ စိတ်နေစိတ်ထားက အရမ်းထူးခြားတယ်။ သူ့လျှို့ဝှက်ချက်ကို ဘယ်သူကမှ မသိအောင်လို့ နှစ်တွေအကြာကြီး သူ့ကိုယ်သူ ကာကွယ်လာတာလေ။ သူ့လက်ထဲမှာ လှည့်ကွက်တချို့ ရှိကိုရှိရမယ်!]

[သူက မင်းကို မျက်နှာသာပေးချင်လို့ နတ်ဘုရားမနဲ့ ပရောပရည် လုပ်နေတာ။ မင်းရဲ့ အလားအလာကို သူ မြင်ဖူးတာ ဖြစ်နိုင်လောက်တယ်။]

[ဘာပဲဖြစ်ဖြစ် သူက လူကောင်းတော့ မဟုတ်ဘူး။]

နဥ်ရွှီ : “...”

မူလကတော့ နတ်ဘုရားမသည် သူတို့နှင့် ခဏမျှသာ စကားပြောရန် စီစဉ်ထားသည်ဟု သူမ ထင်ခဲ့သော်လည်း ယခုတွင်တော့ နှစ်နာရီတောင် ကြာသွားခဲ့ချေပြီပင်။ နှစ်နာရီသည် သူမ၏ယခင်ကမ္ဘာတွင် လေးနာရီနှင့် ညီမျှပါ၏။ ဝူမိသားစု၏ မိသားစုခေါင်းဆောင်ကသာ သူတို့အား ဖိတ်ကြားရန် တစ်ယောက်ယောက်ကို မပို့လိုက်ပါက ဤစကားဝိုင်းတွင် ဆက်ထိုင်နေရလိမ့်မည်။

နဥ်ရွှီသည် ဖရဲသီးစားခြင်းစနစ်နှင့် စကားဆက်ပြောနေခဲ့သည်။

“အကြီးအကဲဝူမှာ မျှော်လင့်ချက်တွေရှိနေသေးတဲ့ပုံပဲနော်။"

မဟုတ်လျှင် နတ်ဘုရားမက အဘယ့်ကြောင့် သူနှင့် ဤမျှကြာသည်အထိ စကားပြောနေမည်နည်း။ လူအများအပြား ရှိသော်လည်း နတ်ဘုရားမနှင့် အကြီးအကဲဝူတို့သည် ၎င်းတို့၏ အချိန်အများစုကို တိတ်တဆိတ် စကားစမြည်ပြောဆိုရင်း အချိန်ဖြုန်းနေကြလေ၏။

သို့သော် ဖရဲသီးစားခြင်း စနစ်မှာတော့ အကောင်းမြင်စိတ် မရှိခဲ့ပေ။

[အခု နောက်ထပ် အမြွှာတစ်တွဲ ရောက်လာပြီ။]

[အဲဒီအမြွှာတွေက ခွဲလို့မရဘူး။ နှစ်ယောက်လုံးစီမှာ တမူထူးခြားတဲ့ ဆွဲဆောင်မှုတွေ ကိုယ်စီရှိတယ်။ သူတို့က နတ်ဘုရားမကို အတူတူ စောင့်ရှောက်ကြမှာလေ။]

[ဟီးဟီး နတ်ဘုရားမကတော့ တကယ် ကံကောင်းတာပဲ။]

[အဲဒါနဲ့ နှိုင်းယှဥ်လိုက်ရင် အသက်ကြီးတဲ့ အကြီးအကဲဝူကတော့ သူတို့ကို ယှဉ်နိုင်မှာတောင် မဟုတ်ဘူးလေ။]

နဥ်ရွှီ၏ ယခင်အလုပ်ဖြစ်သော “ချမ်းသာသော အမျိုးသမီး၏ နှလုံးသားကို အချိန်တိုအတွင်း အနိုင်ယူနည်း” မှာ အသုံးမဝင်ပေ။ လက်စွဲစာအုပ်က ထိရောက်မှု မရှိခဲ့ခြင်းမဟုတ်ဘဲ အကြီးအကဲဝူ၏ ပြိုင်ဘက်က အင်မတန် ပြင်းထန်လွန်းနေခြင်းကြောင့်သာ။ အကြီးအကဲဝူနှင့် အထက်တန်းအဆင့် အဂ္ဂိရတ်ပညာရှင်နှစ်ဦးစလုံးသည် နတ်ဘုရားမ၏ မျက်နှာသာရရေးကိုသာ အကြိတ်အနယ်ရှာဖွေနေကြလေ၏။

သူတို့အသီးသီးတွင် အခက်အခဲကိုယ်စီ ရှိကြသည်က မှန်သော်လည်း နတ်ဘုရားမကတော့ တစ်ယောက်တည်းသာ။

ဤကျင့်ကြံခြင်းလောကထဲရှိ မိသားစုကြီးများပင်လျှင် တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးကြပါ၏။ အကြီးအကဲဝူ၏ မာနကိုကြည့်လျှင် သူသည် သူတို့၏ဆက်ဆံရေးတွင် တတိယလူအဖြစ် တည်ရှိနေရမှုကို လက်ခံလိမ့်မည်မဟုတ်ပေ။

ထိုသို့ တွေးရင်း နဥ်ရွှီမှာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

“ဟယ်ဟွမ်းဂိုဏ်းက အမျိုးသမီးကျင့်ကြံသူကြောင့် အကြီးအကဲဝူ နောက်တစ်ခါ ပြန်ပေးဆွဲခံရတာမျိုး ခွင့်မပြုနိုင်တော့ဘူး။ သူ့ကို ခဏလောက် ရှောင်ခိုင်းထားလို့ရပေမဲ့ မလိုအပ်ဘူးလေ”

[ဟုတ်တယ် မလိုအပ်ဘူး။ အဘွားကြီးက ငါတို့ကိုတော့ ကြောက်နေသလိုလိုပဲ။ ပြီးတော့ အနီးနားမှာက လူတွေအများကြီးပဲလေ။ ဟယ်ဟွမ်းဂိုဏ်းက အဲ့အမျိုးသမီး ကျင့်ကြံသူကလည်း အဝေးကြီးကို မသွားရဲလောက်ပါဘူး။]

[ဘာပဲဖြစ်ဖြစ် အဆုံးသတ်ကို မရောက်သေးဘူးလေ။]

[အကြီးအကဲဝူက သူ့ရဲ့လှည့်ကွက်အားလုံးကို ထုတ်သုံးထားပြီးသားဆိုပေမဲ့ ငါတို့ကတော့ အကုန်မရှင်းရသေးဘူးလေ။ ဟီးဟီး။]

အကြီးအကဲဝူ : “…”

နဥ်ရွှီသည် အတင်းအဖျင်းပြောသည့်စနစ်၏ “အကုန်လုံးရှင်းခြင်း” ဟူသော ဆိုလိုရင်းကို သဘာဝကျကျပင် နားလည်သဘောပေါက်လိုက်ပါ၏။

သူမနှင့် သူမ၏အသင်းဖော်များသည် ပင်မခန်းမသို့ ရောက်သောအခါ၌ ဝူမိသားစု၏ မိသားစုခေါင်းဆောင်မှ ဖိတ်ကြားထားသော ဧည့်သည်များက ထိုနေရာတွင် ရှိနေနှင့်ပြီးသားပင်။ အနှီဆူပူအုံကြွမှုထဲ သူမ ပါဝင်ခါနီးဆဲဆဲတွင် အကြီးအကဲဝူက သူမ၏လက်ကို လှမ်းဆွဲလိုက်လေ၏။

အကြီးအကဲဝူမှာ ပေါ့ပေါ့ပါးပါး ချောင်းဆိုးလျက် ဆိုလာခဲ့သည်။

“ဒီဘက်မှာ လူကြီးတွေ မင်းကို လိုအပ်နေသေးတယ်။”

အမှန်မှာ အကြီးအကဲဝူသည် နဥ်ရွှီနှင့် ဖရဲသီးစားခြင်း စနစ်၏ အတွေးများကို အခြားလူများအား မကြားစေသောကြောင့်ပင်။ သို့ပေသိ ယင်းစကားလုံးများမှယ နဥ်ရွှီနှင့် ဖရဲသီးစားခြင်း စနစ်၏ နားထဲတွင်တော့ ကွဲပြားစွာ အဓိပ္ပာယ်သက်ရောက်သွား၏။

နဥ်ရွှီ ။ ”ကောင်းပါပြီ။”

ထိုအခိုက် ဖရဲသီးစားခြင်း စနစ်သည် ၎င်း၏လျှာကို နှစ်ကြိမ် ကိုက်ကာ ဆိုလာလေသည်။

[ကြည့်ရတာ အကြီးအကဲဝူက နတ်ဘုရားမကို တကယ်ကြီး လေးလေးနက်နက်ကို ချစ်နေမိတဲ့ပုံပဲ။ ကံဆိုးချင်တော့ နှစ်နာရီအတွင်း သူ့နှလုံးသားကို အနိုင်မယူနိုင်ခဲ့ရှာဘူးလေ။ သူ့အရည်အချင်းတွေက အားနည်းနေသေးတာကို]

အကြီးအကဲဝူနှင့် နတ်ဘုရားမ : ”...”

ထို့နောက်၌ ထိုင်ခုံအလွတ်များ တွေ့၍ ဝင်ထိုင်လိုက်ကြသည်။ ထိုင်ပြီး သိပ်မကြာခင်မှာပင် နတ်ဘုရားမနှင့် အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်တို့ကလည်း အတူထိုင်လိုက်ကြ၏။ ယင်းက ပွင့်ပွင့်လင်းလင်းနှင့် လျှို့ဝှက်စွာ ဆွေးနွေးနေသည့် မရေမတွက်နိုင်သော လူများ၏ အာရုံကို ချက်ချင်းပင် ဆွဲဆောင်သွားခဲ့လေသည်။

နတ်ဘုရားမမှာ တောက်ပပြီး စွဲမက်ဖွယ်ကောင်းသော နွေဦးပန်းလေးကဲ့သို့နှယ် ညင်သာစွာဖြင့် ပြုံးပြနေလေ၏။

“ကျွန်မတို့ ဒီမှာထိုင်ရင် ရှင် စိတ်မရှိဘူးမလား။”

အကြီးအကဲဝူနှင့် အခြားလူများမှာ မည်သို့ စိတ်ရှိနိုင်မည်နည်း။

ဧည့်သည်များ နေရာယူပြီးနောက်တွင်တော့ ဝူမိသားစုခေါင်းဆောင်သည် ဝူလုချန်အား စင်မြင့်ပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်။ ဝူလုချန်သည် ယခုအချိန်တွင် မိသားစုခေါင်းဆောင်၏ဩဇာအာဏာကို အပြည့်အဝဖော်ညွှန်းသော ၀တ်စုံကို ၀တ်ဆင်ထားသဖြင့် အတော်လေးကို တောက်ပလို့နေလေ၏။ တကယ်တမ်းတော့ ရက်အနည်းငယ် ကြာပြီးလျှင် မျက်လုံးများစွာအောက် စောင့်ကြည့်ရခံမည့်လူ ဖြစ်တော့မှာပင်။

ဝူမိသားစု၏ မိသားစုခေါင်းဆောင်သည် ဝူလုချန်ကို စင်ပေါ်မှ ဧည့်သည်များနှင့် အားတက်သရော မိတ်ဆက်ပေးနေချိန် တစ်ဖက်ရှိ ဖရဲသီးစားခြင်း စနစ်သည်ကလည်း နဥ်ရွှီနှင့် စကားပြောနေခဲ့လေ၏။

[ညာဘက် 30 ဒီဂရီလောက်မှာ။]

[အဲဒီယောက်ျားလေးနှစ်ယောက်ကို တွေ့လား။]

နဥ်ရွှီ ။ “အင်း။ သူတို့ကို ငါ တွေ့တယ်လေ။ သူတို့က နင် ပြောခဲ့တဲ့ အမြွှာတွေဆိုတာလား။”

[ဟုတ်တယ်။ သူတို့ရဲ့ ကိုယ်ခံပညာက အရမ်းကောင်းတယ်။ အဲဒီအဆင့်နဲ့သာဆို ယွဲ့ကွေ့ဂေဟာမှာ ထိပ်တန်းတွေတောင် ဖြစ်လာနိုင်တယ်လေ။]

ယွဲ့ကွေ့ဂေဟာဟူသည်မှာ ကျင့်ကြံခြင်းလောကတွင် အကျော်ကြားဆုံး ပြည့်တန်ဆာအိမ် ဖြစ်ပေသည်။

လူတိုင်း : “...”

[မင်းရဲ့အကြည့်ကို ဘယ်ဘက်ကို ရွှေ့လိုက်။ ပရုတ်ပင်ဘေးက စားပွဲမှာ ငါတို့ကို မျက်နှာမူထားတဲ့ ကျင့်ကြံသူ အမျိုးသမီးကို တွေ့လား။]

နဥ်ရွှီ ။ ”အင်း။”

သူမ တစ်ခုခုကို မြန်မြန် သဘောပေါက်လိုက်ကာ သူမ၏နှုတ်ခမ်းများကို ပွတ်သပ်လိုက်သည်။

“အဲဒါက လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက အကြီးအကဲဝူကို ပြန်ပေးဆွဲခဲ့တဲ့ လူလား။”

[ဟုတ်တယ်။ သူ ဒီနေ့လည်း ခိုးဝင်လာနိုင်အောင်လို့ နည်းနည်း အသွင်ပြောင်းထားတာလေ။]

နဥ်ရွှီသည် တစ်ဖက်၌ ရေသောက်နေသည့် အမျိုးသမီးအား ကြည့်လိုက်သည်။

“သူ ငါတို့ဘက်ကို ကြည့်နေသလိုပဲ။”

[အဟုတ်ပဲ။]

ဖရဲသီးစားခြင်း စနစ်၏ လေသံလည်း အနည်းငယ် လေးနက်လာသည်။

[အကြီးအကဲဝူကို သူ တွေ့သွားပြီ။]

[အဲဒီသူရဲဘောကြောင်တဲ့ အကြီးအကဲဝူရဲ့ မျက်နှာက သိသိသာသာကို ဖြူဖျော့နေပြီဟေ့။]

ထို့အပြင် နဥ်ရွှီ၏အမူအရာမှာလည်း ထပ်တူထပ်မျှ တင်းမာနေလေ၏။

“လူမည်းကျွန်အဖြစ် နှစ်တစ်ရာတောင် နေခဲ့ရတာလေ။ သူဘယ်လိုလုပ် စိတ်မဖိစီးသလိုကြီး တုံ့ပြန်နိုင်မှာလဲ”

ယနေ့တွင်တော့ သူမမှာ အကြီးအကဲဝူကို ဆင့်ခေါ်ခဲ့သူ ဖြစ်၏။ သို့ဖြစ်၍ မည်သည့်အခြေအနေဖြစ်နေပါစေ၊ အကြီးအကဲဝူအား ဘာမျှဖြစ်ခွင့်မပြုနိုင်ချေ။ သူမ အကြီးအကဲဝူကို ဆင့်ခေါ်ဝံ့ရခြင်း အကြောင်းရင်းမှာ ဤကိစ္စကို လုံးလုံးလျားလျား ဖြေရှင်းပစ်ရန် ရည်ရွယ်ချက်ရှိထားသောကြောင့်ပင်ဖြစ်၏။

ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီး ကျင့်ကြံသူ၏ တည်ရှိမှုသည် အကြီးအကဲဝူ၏ နံဘေး၌ အမြဲတစေ ဆူးပင်သဖွယ် ဖြစ်ခဲ့သည်။ မဟုတ်လျှင် ယခင်က သူမကို လုပ်ကြံရန် တွေးဖူးခဲ့မည်မဟုတ်ချေ။

ကံမကောင်းစွာဖြင့် သူ၏ကျင့်ကြံမှုက မလုံလောက်သဖြင့် ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူ၏ ပြိုင်ဘက် မဖြစ်နိုင်ခဲ့ဘဲ ကူကယ်ရာမဲ့ ဖြစ်ခဲ့ရသည်။ ဂိုဏ်းခေါင်းဆောင်၏ အကူအညီကြောင့်သာမဟုတ်လျှင် သူတော့ ပြန်ပြီး အန္တရာယ်ထဲ ပြန်ဝင်ရောက်မိနိုင်၏။

သူတို့အားလုံး ပေါင်းထားလျှင်ပင် ဤအမျိုးသမီး ကျင့်ကြံသူကို မယှဉ်နိုင်လောက်ပေ။ သို့သော် သူတို့သည် သူမကို ဆန့်ကျင်ရန် ပြင်ပအင်အားများကို အသုံးချနိုင်သေးသည်ပင်။

နတ်ဘုရားမကို ဖရဲသီးစားခြင်း စနစ်ဖြင့် မျက်နှာသာပေးခဲ့သည်။ သူတို့သာ နတ်ဘုရားမနှင့် ကောင်းမွန်သော ဆက်ဆံရေးကို မွေးမြူနိုင်လျှင် ဤကိစ္စကို လုံး၀ ဖြေရှင်းနိုင်ပေလိမ့်မည်။

နဥ်ရွှီသည် သူမ၏ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ဖရဲသီးစားခြင်း စနစ်အား လှမ်းပြောလိုက်သည်။

“ဟယ်ဟွမ်းဂိုဏ်းက အမျိုးသမီးကျင့်ကြံသူ သေရမယ်”

[ဟုတ်တယ်! သူ သေရမယ်!]

[နတ်ဘုရားမရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆို အဲဒီအမျိုးသမီးကို အသာလေး ထိန်းချုပ်နိုင်တယ်။ တကယ်လို့ သူ အကြီးအကဲဝူကို မကြိုက်ရင် ငါတို့ကို ကြိုက်ရုံပဲ ရှိတော့တယ်။]

အကြီးအကဲဝူ : ‘??? မင်းတို့ကို ဘယ်လိုကြီး ကြိုက်ရမှာလဲဟ။’

နတ်ဘုရားမ : “ ...”

သူမရှေ့တွင် ပွင့်ပွင့်လင်းလင်း ကြံစည်နေသူကို ကြည့်ရင်း သာယာငြိမ့်ညောင်းပြီး ကြည်နူးမှုအပြည့်ဖြင့် ဆိုလိုက်လေသည်။

“ဒီအငယ်တန်းက ဘာလို့ စကားမပြောတာလဲ။”

(TN - အငယ်တန်းက ဂျူနီယာကို ဆိုလိုတာပါ။)

နဥ်ရွှီသည် အစပိုင်း၌ ထိတ်လန့်သွားမိသော်လည်း နတ်ဘုရားမက သူမအား ရည်ညွှန်းနေမှန်း သိလိုက်သည်နှင့် လက်ဖက်ရည်ခွက်ကို ကိုင်ရင်း ပြုံးလိုက်သည်။

“ဘာပြောရမယ်မှန်းမသိလို့ပါရှင့်။”

နတ်ဘုရားမ : “ကောင်းပြီလေ။ ဒါက စကားစမြည်ပြောရုံလေးပဲဟာ။ မင်း အားလပ်ချိန်မှာ ဘာလုပ်တတ်လဲ။”

နဥ်ရွှီ : “ကျင့်ကြံပါတယ်”

‘မင်းက အတင်းပြောရတာကို ကြိုက်တာမဟုတ်ဘူးလား။’

“တခြားရှိသေးလား။”

“စားရတာ ကြိုက်ပါတယ်။”

နတ်ဘုရားမက ခေါင်းညိတ်လိုက်သည်။

ဤအခိုက်အတန့်တွင် အကြီးအကဲဝူသည် စိတ်ပြောင်းသွားကာ စကားစမြည် စပြောလိုက်သဖြင့် နောက်ဆုံးတွင်တော့ နဥ်ရွှီလည်း ဖရဲသီးစားခြင်း စနစ်နှင့် စကားစမြည်ပြောဆိုရန် အားလပ်သွားခဲ့လေပြီပင်။

“နတ်ဘုရားမက အခုတလော အဆင့် ၈ အဂ္ဂိရတ်ပညာရှင်ကို ရှာနေတယ်လို့ နင် ပြောဖူးတယ်နော်။”

“မကြာသေးခင်က သူနဲ့ အချိန်အကြာကြီး တွဲလုပ်ခဲ့တဲ့ အဆင့် ၈ အဂ္ဂိရတ်ပညာရှင်က အခြေအနေ မကောင်းတော့ဘူးလေ။ အဆင့် ၈ အဂ္ဂိရတ်ပညာရှင်အသစ်နဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ထားဖို့ လိုနေပြီ။ ဒါပေမဲ့ အဆင့် ၈ အဂ္ဂိရတ်ပညာရှင်အများစုက သူတို့နောက်ကွယ်မှာ မိသားစုကြီးတွေ ဒါမှမဟုတ် ဂိုဏ်းတွေ ရှိနေတတ်တယ်။ သင့်တော်တဲ့ တွဲဖက်ကို အလွယ်တကူ မရှာနိုင်လောက်ဘူး။”

“နင် သင့်တော်တဲ့ ကိုယ်စားလှယ်တွေရွေးပြီးပြီလား”

ထိုအခါ ဖရဲသီးစားခြင်း စနစ်က အပြုံးမပျက် ပြန်ဖြေလာလေ၏။

[ဒါပေါ့၊ ငါ့မှာရှိတယ်လေ]

[ကိုယ်စားလှယ်လောင်းကို ငါ ရွေးချယ်ထားခဲ့ရုံတင်မကဘူးနော်၊ တစ်ဖက်လူရဲ့ အားနည်းချက်ကိုပါ ငါ သိထားတယ် ဟဲဟဲ။]

[ဒီကိစ္စနဲ့ပတ်သက်ပြီး ငါတို့သာ နတ်ဘုရားမကို အကြောင်းကြားလိုက်လို့ရှိရင် နတ်ဘုရားမကလည်း သူ့အားနည်းချက်ကို ဖြည့်ဖို့ အဲဒီကိုယ်စားလှယ်လောင်းကို ပူးပေါင်းဆောင်ရွက်နေသမျှတော့ တစ်ဖက်ကလည်း ငြင်းမှာ မဟုတ်ဘူးလေ။]

[သူ့ဆီမှာ အဆင့် ၈ အဂ္ဂိရတ်ပညာရှင် မရှိဘူးဆိုတာက ရှင်းထောင်မြို့မှာ လျှို့ဝှက်ချက် မဟုတ်နိုင်တော့ဘူး။]

[သူ့ကိုသာ ဒီကိစ္စကို ကူညီဖြေရှင်းပေးမယ်ဆိုရင် သူ အဲဒီအမျိုးသမီးကျင့်ကြံသူတစ်ယောက်ကို သတ်ပစ်ရမယ့် အသေးအဖွဲ့ကိစ္စလေးတစ်ခုလောက်ကိုတော့ ကူညီပေးနိုင်လောက်ပါတယ်။]

လူတိုင်း : ‘...ဒါဆို ဒါက “မင်းတို့ကို ကြိုက်မယ်” လို့ ပြောချင်တဲ့ အဓိပ္ပာယ်လား’

‘အမျိုးသမီးကျင့်ကြံသူကို သတ်ဖြတ်တာမျိုးက အသေးအဖွဲ့ ကိစ္စလား။’

တစ်ဖက်လူမှာ ခန္ဓာပေါင်းစည်းနယ်ပယ်က ကျင့်ကြံသူ ဖြစ်လေသည်။

ဤသည်ကို အသေးအဖွဲ့ ကိစ္စဟု ယူဆလေသလော။

နတ်ဘုရားမ : ‘...မင်းတို့က ငါ့အတွက် အရာအားလုံးကို ပြီးပြည့်စုံအောင် စီစဉ်ပေးထားတာပဲ။’

...

All Chapters