← Chapters

အခန်း ၇၉

Vol. 8 Ch. 79

အခန်း ၇၉

Vol. 8 Ch. 79

အခန်း ၇၉

ထိုစကားကို ကြားသောအခါ ဝူမိသားစု၏ မိသားစုခေါင်းဆောင်မှာ စိတ်ထဲမှ ဆွံ့အသွားရသည်အထိ အံ့အားသင့်သွားရှာသည်။ ယွီထောင်၏မိခင်ဘက်မှ အဘိုးမိသားစု ပိုင်ဆိုင်သော စည်းစိမ်ဥစ္စာကြီးများသည် မျိုးဆက်ပေါင်း ဒါဇင်နှင့်ချီ၍ စုဆောင်းထားခဲ့ကြောင်း သိထားရမည်။

၎င်းသည် လီမိသားစု၏ မျိုးဆက်ပေါင်းများစွာ ကြိုးစားအားထုတ်မှုနှင့် ရုန်းကန်မှုရလဒ်၊ နှစ်ရာနှင့်ချီသော စုဆောင်းမှုများနှင့် ညီမျှကာ လီမိသားစု၏ အခြေခံအုတ်မြစ်ကြီးပင် ဖြစ်သည်။ လီမိသားစု မည်မျှ ချမ်းသာသည်ကို မည်သူမျှ အတိအကျ မသိကြသော်ငြားလည်း ၎င်းတို့ ပိုင်ဆိုင်သော ဝိညာဉ်ကျောက်တုံး အရေအတွက်မှာ ကြောက်ခမန်းလိလိ ဖြစ်၏။ ကျင့်ကြံခြင်း လောကတွင် ၎င်းတို့၏ အဆင့်အတန်းသည် မရေမတွက်နိုင်သော ကျင့်ကြံသူများ ဘဝတစ်လျှောက်လုံး မမျှော်လင့်နိုင်သောအရာ ဖြစ်လေသည်။

ယွီထောင်၏ မိခင်ဘက်က အဘိုးကို ကျော်လွန်ပြီး ကျင့်ကြံခြင်း လောကတွင် အချမ်းသာဆုံးလူသစ် ဖြစ်လာရန်မှာ စိတ်ကူးယဉ်အိပ်မက်မျှသာ ဖြစ်ကာ ထိုအိပ်မက်ကို မြင်ရသည်ကလည်း အလွန်ပင် တိုတောင်းလှလေ၏။

သို့သော်လည်း သူတို့စကားပြောနေသည့် လေသံကို နားထောင်ကြည့်လျှင် ထိုတာအိုကျင့်ကြံသူနှင့် ဖရဲသီးမှာ အတော်လေးကို ယုံကြည်မှုရှိနေပုံပေါ်လှသည်။ ယုံကြည်မှုရှိခြင်းက ကောင်းသည်ဆိုသော်လည်း မျက်ကန်းယုံကြည်မှုမှာတော့ မတူချေ။ လီမိသားစု၏ မျိုးဆက် ဒါဇင်ပေါင်းများစွာကို စုဆောင်းခြင်းထားသည့် စည်းစိမ်ဟူသည်မှာ ၎င်းတို့ထဲမှ တစ်ယောက်အတွက် လေထဲက အိမ်မက်ဆိုလျှင် ပိုမှန်လိမ့်မည်။

ဝူမိသားစု၏ မိသားစုခေါင်းဆောင်သည် ယဉ်ကျေးသော အပြုံးကို ဆင်မြန်းထားသည့်တိုင် အတွင်းစိတ်ထဲ၌ အော်ဟစ်နေ၏။ ထိုအချိန်တွင် ဖရဲသီးစားခြင်းစနစ်မှ ရုတ်တရက် အော်ဟစ်လိုက်သည်။

[Host!]

‘ဘာလဲ’

[နောက်ဖေးခြံမှာတော့ တိုက်ပွဲကြီးက အထွတ်အထိပ်ကို ရောက်နေပြီ။]

[အခုသွားကြည့်ရင်တော့ ဒီတိုက်ပွဲရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးအပိုင်းကို တွေ့ရမှာနော်။ တိုက်ပွဲကို ကြည့်နိုင်ရင် နင့်ရဲ့ ကျင့်ကြံမှုအပေါ်လည်း အကျိုးပြုလိမ့်မယ်။]

[အဆင့်မြင့် ကျင့်ကြံသူတွေကြားက တိုက်ပွဲကနေ ထိုးထွင်းသိမြင်မှု နည်းနည်းပါးပါးတောင် ရနိုင်လောက်တယ်။ အဆင့်မြင့်သူတွေရဲ့ ဒီလို ရန်ပွဲမျိုးကို လက်လွှတ်လိုက်ရတာကတော့ သနားစရာပဲ။]

နဥ်ရွှီသည် ဤအချက်ကိုတော့ သဘာဝကျကျ နားလည်လေသည်။ သို့သော် ချီသန့်စင်ခြင်းနယ်ပယ်မှ ကျင့်ကြံသူ အနေဖြင့် အဆင့်မြင့် ကျင့်ကြံသူများ တိုက်ခိုက်နေသည့် နေရာကို အရူးအမူး ဝင်ရောက်သွားခြင်းက သူမအတွက် အလွန်အန္တရာယ်များလိမ့်မည် မဟုတ်ပေလော။ ထို့အပြင် ၎င်းတို့သည် လက်ရှိ ဝူမိသားစုပိုင်နက်တွင် ရှိနေသောကြောင့် ဥယျာဉ်နောက်ဘက်မှ သွားလာလှုပ်ရှားခြင်းမျိုး မရှိသင့်ချေ။ နတ်ဘုရားမသည် အတားအဆီး တစ်ခုကို ဖွင့်ကာ ထိုဧရိယာကို ချိတ်ပိတ်ထားသောကြောင့် သာမန်ကျင့်ကြံသူများ ဝင်ရောက်ရန် မဖြစ်နိုင်ကြောင်း ညွှန်ပြနေပေသည်။

ဤသည်မှာ သူတို့ကြားက တိုက်ပွဲဖြစ်လေ၏။ အခြားသူများတွင် စွက်ဖက်ပိုင်ခွင့် မရှိပေ။ ယနေ့လာလည်သည့် ဧည့်သည်များအနက် သူမကလွဲ၍ အိမ်နောက်ဖေး ပန်းခြံထဲ၌ မည်သည့်ပဋိပက္ခ ဖြစ်နေသလဲ မည်သူမျှ မသိနေချေ။ ဤကဲ့သို့သော အခြေအနေမျိုးတွင် သူမအနေဖြင့် စောင့်ကြည့်ချင်နေလျှင်ပင် လွယ်ကူသည့် အလုပ်တစ်ခုတော့ မဟုတ်။

ထိုအခိုက် နဥ်ရွှီသည် တစ်စုံတစ်ခုကို တွေးမိသွားသွားသည်။

‘ဝူမိသားစု မိသားစုခေါင်းဆောင်ရဲ့ လက်ရှိ ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲ။’

ထိုမေးခွန်းကို ကြားသောအခါ ဖရဲသီးစားခြင်းစနစ်က ရယ်မောလိုက်လေသည်။

[နတ်ပြောင်းလဲခြင်းအဆင့်ရဲ့ ပြီးပြည့်စုံမှုကာလပေါ့။]

(TN - အရှေ့မှာ ဟွရှန် သို့မဟုတ် ဟွာရှန်ဟု ပြန်ခဲ့နိုင်ပါတယ်။ ဝေါ်က C to M ဖြစ်လို့ နတ်ပြောင်းလဲခြင်း လို့ ပြောင်းလဲဘာသာပြန်လိုက်ပါတယ်။)

‘ငါ သူ့ကို နောက်ဖေးခြံထဲ မျှားခေါ်သွားနိုင်ရင် နတ်ဘုရားမရဲ့ အတားအဆီးကို ဖြတ်ကျော်နိုင်လောက်လား။’

ဖရဲသီးစားခြင်းစနစ်က လျင်မြန်စွာပင် ပြန်ဖြေလာသည်။

[မဖြစ်နိုင်လောက်ဘူး။ ဒါပေမဲ့ ဝူမိသားစုက သူ့နယ်မြေ၊ ဝူမိသားစုရဲ့ နေရာတိုင်းမှာ အစီအရင် အရိပ်အယောင်တွေ ရှိတယ်။ သူ့ဘက်က အထူးနည်းလမ်းတွေကို သုံးနိုင်ရင် အစီအရင် အတားအဆီးထဲမှာ ဖြစ်ပျက်နေတာတွေကို မြင်နိုင်လောက်တယ်။]

သို့ဖြင့် နဥ်ရွှီ အကြံတစ်ခု ရသွားလေတော့သည်။

‘ဟုတ်ပြီ။ ဒါဆို ငါ သူ့ကို မျှားခေါ်သွားလိုက်မယ်!’

လူနှစ်ယောက်၏ တီးတိုးသံကို ပွင့်ပွင့်လင်းလင်း နားထောင်နေခဲ့သော ဝူမိသားစု၏ မိသားစုခေါင်းဆောင်ခင်ဗျာ ဘာပြောရမှန်းမသိဘဲ ဆွံ့အသွားရှာ၏။ ထိုနှစ်ယောက် သူ့ကို မျက်စိကျနေချေပြီ။ သို့သော် အဆင့်မြင့် ကျင့်ကြံသူများအကြားမှ တိုက်ပွဲတစ်ခုကို သူလည်းပဲ အလွန်စိတ်ဝင်စားနေမိသည်ပင်။

စကားပြောပြီးနောက် နဥ်ရွှီသည် သူမရှေ့မှ ဝူမိသားစုခေါင်းဆောင်ကို ကြည့်ကာ ဆိုလိုက်တော့သည်။

“မိသားစုခေါင်းဆောင် အခု အားလားဟင်။ အဆင်ပြေရင် ကျွန်မတို့က ဘာလို့ နောက်ဖေးပန်းခြံကို သွားပြီး စကားစမြည် မပြောကြတာလဲ။”

ဝူမိသားစုခေါင်းဆောင် ;”ဟုတ်တာပေါ့။ အခု ငါလည်း ဘာမှလုပ်စရာ မရှိဘူးဆိုတော့ မင်းဆီကနေ ထျန်းယာဂိုဏ်းမှာနေခဲ့တဲ့ အားချန်ရဲ့ အတွေ့အကြုံတွေကိုလည်း ထပ်ကြားချင်သေးတယ်။”

နှစ်ယောက်သား ချက်ချင်း လှုပ်ရှားကာ နောက်ဖေးပန်းခြံဆီသို့ ဦးတည်သွားကြသည်။ သူတို့ လှုပ်ရှားလိုက်သည်နှင့် အခြားသူများသည် တိုင်ပင်စရာ မလိုပါဘဲ သဘာဝအတိုင်း တညီတညွတ်တည်း လိုက်ပါလာခဲ့ကြ၏။ နင်ရွှီ ပေါ့ပေါ့ပါးပါး ဝေ့ကြည့်လိုက်ရာ ထိပ်တန်းအဆင့် အဂ္ဂိရတ်ပညာရှင်လည်း သူတို့အဖွဲ့နှင့် တွဲလျက် ပါလာနေကြောင်း တွေ့လိုက်ရသည်။

ဖရဲသီးစားခြင်း စနစ် ;[အဲဒီမိစ္ဆာကောင်က နင့်ကို တကယ်တွယ်ကပ်နေတာ ဖြစ်နိုင်တယ်နော်။ မဟုတ်ရင် သူဘာလို့ ဒီလူတွေနောက်က လိုက်လာမှာလဲ။]

နဥ်ရွှီသည် အပြင်ပန်းက ဝူမိသားစုခေါင်းဆောင်နှင့် ဆက်သွယ် ပြောဆိုနေသော်လည်း အတွင်းစိတ်ထဲတွင်တော့ ဖရဲသီးစားခြင်းစနစ်ကို လှမ်းပြောနေခဲ့သည်။

‘မဖြစ်နိုင်ပါဘူး။ သူ အပျော်သဘောနဲ့ လိုက်လာတာလည်း ဖြစ်နိုင်တာပဲလေ။ ဒါမှမဟုတ် ငါတို့နောက်ကို လိုက်ရင် နတ်ဘုရားမကို ရှာတွေ့နိုင်မယ်လို့ ထင်နေတာ ဖြစ်မယ်။’

အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်သည် နဥ်ရွှီအပေါ် စိတ်ကူးယဉ် အကြံအစည်များ ရှိနေသေးကြောင်း အတင်းအဖျင်းစနစ်ကတော့ ယုံကြည်ဆဲ ဖြစ်လေသည်။

[ငါအရင် သူ့ရဲ့ အခြေတည်ဝိညာဥ်ကြောင့် အရမ်း သွေးဆောင်ခံခဲ့ရပေမဲ့ ဒီအကြံကို စွန့်လွှတ်သင့်တယ်။ စိတ်ထားဖြူစင်သူကမှ အယုံကြည်ရဆုံးသူပဲ။]

ဝူမိသားစုခေါင်းဆောင် ;”...”

လူတိုင်း ;”...”

နဥ်ရွှီ မကြားချင်ယောင် ဆောင်ထားလိုက်သည်။ ပန်းခြံအနောက်ဘက်သို့ ချဉ်းကပ်လာသည်နှင့်အမျှ ဝူမိသားစုခေါင်းဆောင်သည် လွဲမှားနေသည့် အရိပ်အယောင်တစ်ခုကို သတိပြုမိလိုက်လေတော့၏။

သူသည် လက်ဝှေ့ယမ်းကာ အခြားသူများကို ဆက်မလှမ်းနိုင်ရန် တားလိုက်သည်။

“တစ်ခုခုမှားနေပြီ။”

နဥ်ရွှီ ခေတ္တရပ်လိုက်ပြီး သူမ၏ မျက်နှာပေါ်၌ အံသြသွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။

“ဝူမိသားစုခေါင်းဆောင် ဘာဖြစ်လို့လဲ။”

ဝူမိသားစု မိသားစုခေါင်းဆောင်၏ မျက်နှာမှာ အနည်းငယ် နီရဲနေပြီး သူ၏အသံမှာလည်း လေးလံနေသည်။

“ဒီနေရာက စွမ်းအင်ရောင်ဝါက အဆင့်မြင့် ကျင့်ကြံသူတစ်ယောက် အထူးအတားအဆီး တစ်ခုကို ချထားတဲ့ပုံစံမျိုးပဲ။ တခြားဘယ်သူမှ ဝင်လို့မရဘူး။ ငါခန့်မှန်းတာသာ မမှားရင် အတားအဆီးထဲမှာ ထိပ်တိုက်ရင်ဆိုင်နေကြတဲ့ အဆင့်မြင့် ကျင့်ကြံသူတွေ ရှိနေလောက်တယ်!”

ထိုစကားကို ကြားသောအခါ ဝူမိသားစုခေါင်းဆောင် ခေါ်လာသည့် ဝူမိသားစုဝင်များအပါအဝင် နဥ်ရွှီ၏တပည့်ဖော်များ အားလုံးလည်း အံ့အားသင့်သွားကြသည်။ သို့သော် အချို့က အမှန်တကယ် အံ့အားသင့်သွားကြခြင်း ဖြစ်ကာ အချို့မှာမူ အံ့သြဟန်ဆောင်နေကြခြင်းပင်။

ဝူလုချန်သည်လည်း စိတ်ဆက်သွယ်ရေး စကားဝိုင်း၏ အကွာအဝေးအတွင်းတွင် ရှိခဲ့ပါသည်။ သို့သော် သူက ခေါင်းကုတ်ပြီး မေးလိုက်သည်။

“အဲဒီအဆင့်မြင့် ကျင့်ကြံသူတွေက အဘိုးရဲ့ ကျင့်ကြံမှု အဆင့်ထက် ပိုမြင့်လား။”

ဝူမိသားစု၏ ဒုတိယသခင်ငယ်သည် နောက်ဆုံးတွင်တော့ နဥ်ရွှီအနား ကပ်နိုင်ခဲ့၍ ထိုဖရဲသီးစားခြင်း စနစ်နှင့် သူမ၏ စိတ်ဆက်သွယ်ရေး စကားပြောဆိုမှုကို သဘာဝအတိုင်း ကြားလိုက်ရပါသည်။ သို့သော် သူသည် အမှန်တကယ် မသိသူအလားနှယ် ဟန်ဆောင်နေ၏။

“အဘိုးရဲ့ ထင်မြင်ချက် အရဆို အဲဒီကျင့်ကြံသူတွေက နယ်ပယ်ဘယ်လောက်အထိ ရှိနေကြတာလဲ။”

ထိုအခိုက် ဝူမိသားစု၏ မိသားစုဝင်တစ်ယောက်က စိုးရိမ်ပူပန်စွာဖြင့် ဆိုလာ၏။

“ငါတို့ ဝူမိသားစုရဲ့ နောက်ဖေးပန်းခြံမှာ တိုက်ဖို့ ဘာလို့ ရွေးလိုက်ကြတာလဲ။ ဒါက ငါတို့ဝူမိသားစုကို အဆင့်မြင့် ကျင့်ကြံသူ နှစ်ယောက်ကြားက ရန်ပွဲထဲ ဆွဲသွင်းမိမှာ မဟုတ်ဘူးလား။”

စိတ်ဆက်သွယ်ရေး စကားသံများကို မကြားနိုင်ခဲ့သော ဝူမိသားစုမှ ကျန်မိသားစုဝင်များခင်မျာ စိုးရိမ်ထိတ်လန့်လာကြတော့သည်။

“ဟုတ်တယ်။ သူတို့က ငါတို့ကို ဆွဲသွင်းနေသလိုပဲ။”

“မိသားစုခေါင်းဆောင် အဆင့်မြင့် ကျင့်ကြံသူတွေကြားက တိုက်ပွဲက အသေးအမွှားကိစ္စ မဟုတ်ဘူး။ ကျုပ်တို့ အခု ဘာလုပ်သင့်လဲ။”

အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်သည် အဝေးမှကြည့်လျှင်တော့ ငြိမ်းချမ်းသယောင် ထင်ရသည့် နောက်ဖေးဥယျာဉ်ကို စိုက်ကြည့်ရင်း တစ်ကိုယ်တည်း တွေးတောနေခဲ့သည်။

‘ဒီကျင့်ကြံခြင်းလောကမှာ ထူးခြားတဲ့ လူပုဂ္ဂိုလ်တွေ မနည်းပါလား’

ဝူမိသားစုဝင်များသည် လက်ရှိသတင်းကြောင့် အံ့ဩတုန်လှုပ်သွားကြသဖြင့် ဝူမိသားစု၏ မိသားစုခေါင်းဆောင်မှာ အဖြေကို သိနေသော်ငြား ဟန်ဆောင်ပန်ဆောင်ဖြင့် ပြောလိုက်တော့သည်။

“ငါ့နောက်ဘက် ပန်းခြံမှာ အစီအရင်တစ်ခုကို ချခဲ့တဲ့ ဒီကျင့်ကြံသူကက ဘယ်သူလဲ ကြည့်ရသေးတာပေါ့!”

ထို့နောက် ဝူမိသားစု၏ မိသားစုခေါင်းဆောင်သည် အတားအဆီးအတွင်းက မြင်ကွင်းကို ဖော်ထုတ်ရန် အထူးအစီအရင် တစ်ခုကို ထုတ်သုံးလိုက်လေသည်။ အစီအရင်ကို အသက်သွင်းလိုက်ပုံမှာ လေထဲက မြူခိုးများ လွင့်စင်သွားသကဲ့သို့ သို့မဟုတ် ကန့်လန့်ကာကို ရုတ်သိမ်းလိုက်သကဲ့သို့ပင်။ နောက်ဖေးပန်းခြံကို ဝူမိသားစုဝင်များနှင့် နဥ်ရွှီတို့ အုပ်စုအတွက် လုံးလုံးလျားလျား ထုတ်ဖော်ပြသလိုက်၏။

ယွီထောင်သည် အဆင့်မြင့်မား အတားအဆီးတစ်ခုကို ထူထောင်ထားသောကြောင့် သူမ၊ အကြီးအကဲဝူနှင့် လန်ချန်တို့သည် အတားအဆီးအတွင်း၌ အညှာအတာမဲ့ အပြင်းအထန် တိုက်ခိုက်နေခဲ့ကြသည်။

ဤသည်မှာ နဥ်ရွှီအတွက်တော့ နတ်ပြောင်းလဲခြင်း နယ်ပယ်နှင့် ခန္ဓာပေါင်းစည်းနယ်ပယ်များကြားက တိုက်ပွဲကို ပထမဆုံး တွေ့မြင်ခြင်း ဖြစ်လေသည်။

ရိုးရိုးသားသား ပြောရလျှင် သူမသည် ယင်းတိုက်ပွဲမှာ ရယူနိုင်သော ထိုးထွင်းသိမြင်မှုများကို ကောင်းမွန်စွာ နားမလည်ခဲ့ချေ။ အမှန်ဆိုရပါက ဤကဲ့သို့ အဆင့်မြင့် ကျင့်ကြံသူတို့၏ လှုပ်ရှားမှုများကိုတောင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့။ သို့သော် နယ်ပယ်အလွှာတစ်ခုမှတစ်ဆင့် ကြောက်မက်ဖွယ်ကောင်းသော သို့မဟုတ် ကမ္ဘာပျက်စေနိုင်သည့် ဝိညာဉ်စွမ်းအင်၏ ဖိအားကိုတော့ ခံစားနိုင်ပါသေးသည်။

ဝူမိသားစုဝင်များ အားလုံး အံ့အားသင့်သွားကြသည်။

လူတစ်ယောက်; “တကယ် နတ်ဘုရားမပဲ...”

စိတ်ထားဖြူစင်သည့် ကျင့်ကြံသူနှင့် အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်တို့ပင် သူတို့အရှေ့မှ မြင်ကွင်းထဲ၌ နက်နက်ရှိုင်းရှိုင်း စွဲနေခဲ့ကြသည်။

အရည်အချင်း ပြည့်မီသော တင်ဆက်သူအဖြစ် သရုပ်ဆောင်နေသည့် ဖရဲသီးစားခြင်းစနစ်သည် တိုက်ပွဲအခြေအနေအား တင်ဆက်လေတော့၏။

[ယွီထောင်က ဂီတသံ တစ်စိတ်တစ်ပိုင်းကို လန်ချန်ကို တိုက်ခိုက်ဖို့ သုံးပြီး နောက်တစ်ပိုင်းကိုကျတော့ အကြီးအကဲဝူကို ကူညီကာကွယ်ပေးထားဖို့ သုံးခဲ့တာ။ လက်နက်ကျင့်ကြံသူ အကြီးအကဲဝူကလည်း လန်ချန်ကို ခဏလောက် ထိန်းချုပ်ထားနိုင်ဖို့ အဆင့်၆ ဝိညာဉ်လက်နက်ကို သုံးခဲ့တာ။]

[သူ့ကို စက္ကန့်နည်းနည်းလောက်ပဲ ထိန်းချုပ်နိုင်ပေမဲ့ အဆင့်မြင့် ကျင့်ကြံသူတွေကြားက တိုက်ပွဲမှာ တစ်စက္ကန့်ကတောင် အရမ်း အရေးကြီးတယ်။ အဲဒီတစ်စက္ကန့်က တိုက်ပွဲရဲ့ရေစီးကြောင်းကို ပြောင်းလဲသွားစေနိုင်တယ်။]

[လန်ချန်ရဲ့ လှုပ်ရှားမှုတွေကို အာရုံစိုက်... နေဦး! ငါအခု ဘာတွေ့လိုက်တာလဲ။]

[ပန်းပွင့်အတွင်းခံကြီးဟ။ တောက်ပလွန်းတယ်! အရမ်း တောက်ပလွန်းတယ်။]

နဥ်ရွှီ ; ‘ဘယ်သူလဲ’

မည်သူက ပန်းရောင်အတွင်းခံကြီးကို ဝတ်ထားလေသနည်း။

အတင်းအဖျင်းစားတဲ့စနစ်က တခစ်ခစ်ရယ်တယ်။

[လန်ချန်လေ! ဟားဟားဟား! သူ့မှာ ဒီလိုအကြိုက်မျိုးလည်း ရှိနေတာကိုး... စကားမစပ် ငါမေးတာကို မပြီးသေးဘူး။ မင်းဘာတွေ့ထားလဲ။]

ဤသည်ကို ကြားသောအခါ ဝူမိသားစု၏ မိသားစုခေါင်းဆောင်က အခြားအရာများကို တွေးတောင် မတွေးနိုင်တော့ဘဲ ထိုအသံက အကြောင်းအရာများကို အသေးစိတ် အများကြီးရှင်းပြလာရန် မျှော်လင့်နေမိ၏။ သို့သော် ယနေ့ လန်ချန် ဝတ်ထားသည့် အတွင်းခံ အမျိုးအစားကို သိချင်နေခြင်းတော့ မဟုတ်ပေ။

တကယ်တမ်း၌ သူသည်လည်း လန်ချန်ဟာ ထိုကြီးမားသော ပန်းပုံစံ အတွင်းခံများကို နှစ်သက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

နဥ်ရွှီ ခဏမျှ စောင့်ကြည့်ပြီးနောက် ငြင်းလိုက်သည်။

‘ဘာမှ မတွေ့ဘူး။ သူ ဓားလွှဲသွားတဲ့ ပုံရိပ်ကိုပဲ မြင်လိုက်ရတယ်’

[သူ့ရဲ့ ဓားက အရမ်းမြန်ပြီး အစွမ်းထက်ပေမဲ့ အကြီးအကဲဝူ ဝိညာဥ်လက်နက် သုံးလိုက်တဲ့ အချိန်တိုအတွင်းမှာ နတ်ဘုရားမ ယွီထောင်က ဗျတ်စောင်းသံနဲ့ ပိုက်ကွန် ချထားပြီးပြီ။ ယွီထောင်ရဲ့ ဗျတ်စောင်းတိုက်ခိုက်မှုကို သူ မဖြတ်ကျော်နိုင်ဘူး။]

[လန်ချန်ရဲ့ အားနည်းချက်က ထင်ရှားနေပြီ။]

ထိုအခိုက် တစ်ဖက်ရှိ တိုက်ပွဲအခြေအနေမှာလည်း လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ အဆင့်မြင့် ကျင့်ကြံသူများကြားက တိုက်ပွဲတွင် သေးငယ်သည့် လှုပ်ရှားမှုကိုပင် လျှော့တွက်၍ မရချေ။ ဝူမိသားစု မိသားစုခေါင်းဆောင်၏ အမူအရာမှာလည်း ရှုပ်ထွေးလွန်းလှပေသည်။ သူသည် နတ်ပြောင်းလဲခြင်းနယ်ပယ် ဖြစ်နေပြီဖြစ်သော်လည်း မငြူစူနိုင်ပေ။

ဤကဲ့သို့ အသေးစိတ်အထိ စိတ်ရှည်ရှည် ရှင်းပြသည်များကို သူတစ်ခါမျှ မကြုံဖူးသည့် အရာတစ်ခုပင်တည်း။

နဥ်ရွှီသည် တိုက်ခိုက်သူ သုံးဦး၏ တုန်လှုပ်ချောက်ချားဖွယ်ရာ လှုပ်ရှားမှုများနှင့် မြေကြီးကို ဖြိုခွင်းပစ်နိုင်သည့် စွမ်းအားများကို ငေးကြည့်နေမိသည်။ ဤအခိုက်အတန့်တွင် သူမပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များ တဟုန်ထိုး ဆူပွက်လာသည်။ သူမတင်မက ပတ်ဝန်းကျင်က လူများအားလုံး အပြောင်းအလဲကို ချက်ချင်း သတိထားမိလေ၏။

ထိုအချိန်တွင် ဖရဲသီးစားခြင်း စနစ်က ဆိုလာခဲ့သည်။

[host! နင် အခြေခံအုတ်မြစ် တည်ဆောက်ရတော့မယ်!”]

All Chapters