← Chapters

အခန်း ၈၀

Vol. 8 Ch. 80

အခန်း ၈၀

Vol. 8 Ch. 80

အခန်း ၈၀

နဥ်ရွှီသည် ချီသန့်စင်ခြင်းနယ်ပယ်၏ ပြီးပြည့်စုံမှုအဆင့်တွင် လအတော်ကြာ ရပ်တန့်နေခဲ့သည်။ ရှင်းထောင်မြို့သို့ ရောက်ကတည်းက သူမသည် ကျင့်ကြံမှုကို ဘယ်သောအခါမှ လျစ်လျူမရှုထားခဲ့ပေ။

ဤတစ်ကြိမ်တွင် အဆင့်မြင့် ကျင့်ကြံသူများကြားက တိုက်ပွဲဆီမှ သိသာသော ထိုးထွင်းသိမြင်မှုများ ရရှိခဲ့သည်။ သို့ပါသောကြောင့် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းသည် တစ်နည်းအားဖြင့် သဘာဝအတိုင်း တိုးတက်မှုတစ်ခု အဖြစ် ယူဆရမည်ပင်။

လက်ရှိအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များက သူမ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာလေရာ သူမ၏ ရောင်ဝါသည်လည်း တဖြည်းဖြည်း မြင့်တက်လာခဲ့ချေပြီ။ နဥ်ရွှီ တုံ့ဆိုင်းမနေတော့ဘဲနှင့် မြေကြီးပေါ် တိုက်ရိုက် ထိုင်ချလိုက်ကာ မျက်လုံးစုံမှိတ်၍ သူမ၏ အခြေခံအုတ်မြစ်ကို စတင်တည်ဆောက်တော့သည်။

ထိုအခါ စိတ်ထားဖြူစင်သည့် ကျင့်ကြံသူက သူမကို ကာကွယ်ရန် ချက်ချင်း ခြေလှမ်းပြင်လိုက်သည်။ ဤလုပ်ရပ်ကို မြင်သည်နှင့် ဝူလုချန်ဟာလည်း သူ၏ညာဘက်မှာ နာခံစွာ ရပ်လိုက်၏။ ချင်းကျိုရှန်းနှင့် ချင်ရစ်လော့တို့သည် မည်သူမျှ အနားမကပ်လာစေရန် ကျန်နေရာများကို အလျင်အမြန် ရှာဖွေခဲ့ကြသည်။

ဤနည်းအားဖြင့် နဥ်ရွှီ ပတ်၀န်းကျင်ရှိ လမ်းကြောင်းလေးခုစလုံးကို ယခုအခါ ကာကွယ်ထားနိုင်ပြီ ဖြစ်သည်။

ဝူမိသားစုခေါင်းဆောင်သည်လည်း သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး နဥ်ရွှီကို မနှောင့်ယှက်ရန်နှင့် အနည်းငယ် နောက်ပြန်ဆုတ်ရန် အချက်ပြလိုက်သည်။ ဤသည်ကို မြင်သောအခါ ဝူမိသားစုမှ မိသားစုဝင်တစ်ဦးမှ ငြူစူစွာ ဆိုလာ၏။

“ငါလည်း အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ရောက်ချင်လိုက်တာ။”

ဝူမိသားစုမှ နောက်တစ်ယောက်ကလည်း ထိုခံစားချက်ကို သံယောင်လိုက်ပေးလေသည်။

“အဲဒါကို မလိုချင်တဲ့လူ ဘယ်သူ ရှိလို့လဲ။”

နဥ်ရွှီသည် လွန်ခဲ့သည့် နှစ်ဝက်ကမှစ၍ ကျင့်ကြံခြင်း လမ်းကြောင်းပေါ် စတင်လျှောက်လှမ်းခဲ့သည်ကို သိလျှင် သူတို့အားလုံး မနာလိုစိတ်ဖြင့် နားထင်မီးတောက်နေပေလိမ့်မည်။

ယခုအချိန်တွင် အတားအဆီးအတွင်း တိုက်ပွဲသည်လည်း အရေးကြီးဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ လန်ချန်သည် မိမိကိုယ်မိမိ ကာကွယ်ရန် ရုန်းကန်နေရပြီ ဖြစ်ကာ အလွန်အမင်း ပုံပျက်ပန်းပျက် ဖြစ်နေလေသည်။ အစောက မှားယွင်းသော လုပ်ရပ်တစ်ခုကြောင့် သူမ ယနေ့ ဤနေရာတွင် အသက်ဆုံးရှုံးနိုင်သည့် အခြေအနေကို ရောက်နေပေပြီ။

ဝူချီချွမ်မှာ သူမကို အမှန်တကယ် သေစေလိုခြင်း ဖြစ်ကြောင်း တွေ့လိုက်ရသောအခါ လန်ချန်သည် ဝူချီချွမ်ကို စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရင်း သူမဆီသို့ ရောက်လာသော တိုက်ခိုက်မှုများကို အသဲအသန် ရှောင်တိမ်းနေခဲ့သည်။

“ဝူလန် ငါတို့နှစ်တစ်ရာလောက် ချစ်ခဲ့ကြတာလေ။ ဘာလို့ဒီလို လုပ်နေတာလဲ။”

ထိုစကားကို ကြားသောအခါ ဝူချီချွမ်၏ အေးစက်သော အမူအရာသည် ပို၍ပင် အေးစက်လာကာ သူ့မျက်နှာထားသည်လည်း ရေခဲတုံးပမာ တင်းမာလာသည်။ စကားတစ်ခွန်းမျှ ပြန်မပြောဘဲ သူ သန့်စင်ထားသမျှ ဝိညာဥ်လက်နက် မျိုးစုံကို ထုတ်ကာ လန်ချန်ကို အသေသတ်ပစ်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း သရုပ်ပြနေခဲ့၏။

ဤရက်စက်ကြမ်းကြုတ်သော တုံ့ပြန်မှုသည် လန်ချန်အား တဖြည်းဖြည်း ထိတ်လန့်လာစေသည်။

“ဝူလန် နင် ဘယ်လိုများ ဒီလောက်တောင် ရက်စက်နိုင်ရတာလဲ!”

ဝူချီချွမ် ; “ငါ ရက်စက်တာက မင်းလောက်တော့ မဟုတ်သေးဘူး။”

ဤကိစ္စကို ငြိမ်းချမ်းစွာ မဖြေရှင်းနိုင်မှန်း သဘောပေါက်သွားသူ လန်ချန်သည် သူမ၏ ရက်စက် ကြမ်းကြုတ်မှုများကို ပိုမိုပြင်းထန်စွာ ပြသလာ၏။ ဗျတ်စောင်း၏ သံစဥ်လှိုင်းကို ရှောင်ရင် သူမ ခေါင်းကို လှည့်လိုက်သော်လည်း သူမ၏ပါးကို လှီးဖြတ်မိသွားဆဲပင်။ သူမ၏မျက်နှာပေါ်သို့ သွေးများ စီးကျလာရာ ရက်စက်ကြမ်းကြုတ်မှုနှင့် နာကျင်မှုက သူမ၏အသွင်အပြင်ကို ပို၍ ခက်ထန်လာစေတော့သည်။

“နင်နဲ့ ငါကြားမှာ ချစ်ခင်တွယ်တာစရာ နည်းနည်းလေးမှတောင် မရှိခဲ့ဘူးလား။”

ဝူချီချွမ် လှောင်ရယ်လိုက်သည်။

“ငါတို့ကြားမှာ ဘယ်လိုလုပ် ချစ်ခင်တွယ်တာစရာတွေ ရှိနိုင်မှာလဲ။”

လန်ချန်၏ မျက်လုံးများထဲတွင် စိတ်ပျက်လက်ပျက် ဖြစ်သွားသော အရိပ်အယောင်တစ်ခု ပေါ်လာ၏။

“ကောင်းပြီလေ။ ဒီလိုဆိုမှတော့ ငါလည်း သက်ညှာမနေတော့ဘူး။ ဒါပေမဲ့ နင့်ကို ငါတစ်ယောက်တည်း နေခဲ့ခွင့် မပေးနိုင်ဘူး။ နင်နဲ့ငါ မြစ်ဝါမြစ်ထဲကို သွားနိုင်ခဲ့ရင်တော့ ဒီဘဝမှာ နောင်တရစရာ မရှိတော့ဘူး။”

“နောက်ပြီးတော့ ဝူလန် ငါနင့်ရဲ့ခန္ဓာကိုယ်ကို တကယ် သဘောကျတယ်။”

“နင့်ရဲ့ညှပ်ရိုးပေါ်က မှဲ့လေးကို ငါသဘောကျတယ်။ နင့်ကိုချစ်...”

ဝူချီချွမ်၏မျက်နှာ မည်းမှောင်သွားသည်။

“ပါးစပ်ပိတ်ထား!”

သို့သော် လန်ချန်သည် သူမတို့၏ ရာစုနှစ်တစ်ခုကြာ ရင်းနှီးမှု အသေးစိတ် အချက်အလက်များကို နှစ်၊ လ၊ နေ့နှင့် နေရာအတိအကျအထိ ဆက်လက် ပြောပြနေခဲ့သည်။ ဘေးပတ်ဝန်းကျင်မှ ကြည့်ရှုသူများ အားလုံး အံသြသွားကြ၏။

ဟယ်ဟွမ်းဂိုဏ်း၏ အမျိုးသမီး ကျင့်ကြံသူများသည် အမှန်တကယ်ပင် အရှက်မရှိကြချေ။

ဝူမိသားစုဝင်များသည် ဤအရည်ရွှမ်းသော အတင်းအဖျင်း စကားကြောင့် လူသိရှင်ကြား ဗုံးကြဲခံခဲ့ရသည်။ အတင်းအဖျင်းမှာ အလွန် ကြီးမားပြီး စိတ်လှုပ်ရှားဖွယ် ကောင်းနေသောကြောင့် သူတို့အားလုံး တစ်ခဏအတွင်း၌ ဘာမျှ မပြောနိုင်ကြတော့ပေ။

ယင်းအနက် စိတ်အလှုပ်ရှားဆုံးလူမှာ ဖရဲသီးစားခြင်းစနစ်သာ ဖြစ်နိုင်သည်။ ၎င်းက အသံကျယ်ကျယ်ဖြင့်ပင် အော်နေသေး၏။

[များများပြော၊ များများပြော၊ ငါ နားထောင်ရတာ သဘောကျတယ်လို့။]

[ဟယ်ဟွမ်းဂိုဏ်းလို့ကို မပြောရဘူး။ စုံတွဲကျင့်ကြံတာနဲ့ ပတ်သက်လာရင် အသေးစိတ်ကအစ တော်တော် သိထားကြတာပဲ။ တချို့ဆို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့တာတွေ။ တစ်ချို့အရာတွေကို ငါတောင် မသိဘူး။]

[အရမ်းပါးနပ်တယ်။ အရမ်းပါးနပ်တယ်။ host အတွက် သူပြောခဲ့တဲ့ အသေးစိတ်အချက်အလက် အားလုံးကို ငါ မှတ်ထားရမယ်။ နောက်ပိုင်း လိုချင်လိုလာမှာ။]

[စိတ်ထားဖြူစင်တဲ့ ကျင့်ကြံသူနဲ့လေ]

[ဟီးဟီးဟီးဟီး....]

ချင်းကျိုရှန်းနှင့် ကြားနေရသော အခြားသူများ ;”....”

နှစ်မီတာအကွာမှာ ရပ်နေသည့် ဝူမိသားစုခေါင်းဆောင် ;”.....”

ဒီအမည်မသိ သတ္တဝါက တကယ်ကို သိမ်ဖျင်းလွန်းတာပဲ။ ဘာလို့ ဒီလိုမျိုးဟာကို အလွတ်ကျက်နေမှာလဲ။ အရည်အချင်းတွေကို ဖြုန်းတီးနေတာပဲ။’

ဝူမိသားစုခေါင်းဆောင်၏ အကြည့်များသည် နဥ်ရွှီကို ကာကွယ်ပေးနေသော အမျိုးသားကျင့်ကြံသူ လေးဦး၏ မျက်နှာများကြား သိမ်မွေ့စွာ ဖြတ်ကျော်သွားသည်။ ထိုအမည်မသိ သတ္တဝါ တစ်ကြိမ်ထက်မက ဖော်ပြခဲ့သော “စိတ်ဖြူစင်သော ကျင့်ကြံသူ” သည် မည်သူမည်ဝါဖြစ်သည်ကို သူ သိချင်နေချေပြီ။

နောက်ဆုံး၌ စစ်ယန်အပေါ်၌ သူ၏အကြည့်တို့ ခေတ္တ ရပ်သွားခဲ့သည်။ အချိန်အတော်ကြာအောင် စိုက်ကြည့်ပြီးနောက် သူ့အကြည့်ကို သဘာဝအတိုင်း နေရာပြောင်းသွားသည်။

အမည်မသိ သတ္တဝါဆီမှ မျက်နှာသာပေး ခံရသော ကျင့်ကြံသူကောင်လေးမှာ မျှော်လင့်ထားသည့်အတိုင်း အမှန်တကယ်ပင် ထူးကဲသော စွမ်းရည်များ ပိုင်ဆိုင်ထားပေ၏။ အသွင်အပြင် တစ်ခုတည်းကတောင် သူ ချစ်ရသည့် အားချန်ထက် သာလွန်နေသည်ပင်။ ဤသည်မှာ သူထုတ်လွှတ်ထားသည့် ထူးခြားသော ရောင်ဝါ မပါသေးချေ။

မိသားစုခေါင်းဆောင်သည် အတိအကျ ရှင်းမပြနိုင်သော်ငြားလည်း သူ၏ ပင်ကိုယ်အသိစိတ်သည် အနှီလူငယ်ဟာ သာမန်လူငယ် မဟုတ်ကြောင်း အသိပေးနေခဲ့သည်။

ရာစုနှစ်တစ်ခုစာ၏ ရှုပ်ထွေးမှုများကို တစ်ရက်တည်းနှင့် မဖြေရှင်းနိုင်ပေ ဟူသော ဆိုရိုးစကား ရှိသည် မဟုတ်လော။

တစ်ဖက်တွင်တော့ တိုက်ပွဲက ပြီးလုနီးနေပြီ။ လန်ချန်သည် နောက်ဆုံးအထိ ယွီထောင်ကို မယှဉ်နိုင်ခဲ့ပေ။ ယွီထောင်၏ တိုက်ပွဲအတွေ့အကြုံ နည်းပါးမှုအကြောင်း ထည့်မပြောဘဲတောင် လန်ချန်၏ ကျင့်ကြံမှုအဆင့် နိမ့်ခြင်းကြောင့်သာမက ပြိုင်ဘက်များ၏ စိတ်ဓာတ်ကြောင့်လည်း ပါဝင်လေသည်။

အဆင့်မြင့်မားသော စွမ်းအားဖြည့်ဆေးလုံး အမျိုးမျိုးသည် ယွီထောင်နှင့် ဝူချီချွမ်တို့ ဆုံးရှုံးသွားသော ဝိညာဉ်စွမ်းအင်များကို အဆက်မပြတ် ဖြည့်ပေးနေခဲ့ခြင်းပင်။ အဆင့်မြင့် ဝိညာဥ်လက်နက် ရတနာအမျိုးမျိုးတို့သည် ယွီထောင်အတွက်မူ သူမအပေါ် မိုးရွာချနေသည်နှင့်ပင် တူနေပေပြီ။

ယခုအချိန်၌ ယွီထောင်၏ သိုလှောင်အိတ်ထဲ၌ ရတနာများ ကုန်ခန်းသွားပုံရသည်။

လန်ချန်သည်လည်း သူမ၏ နောက်ဆုံးသော အသက်ရှူသံကို မောဟိုက်နေသည့် အကြားမှ ခံစားနေမိသည်။ လက်ငါးချောင်းဖြင့် ဒဏ်ရာကို ဆုပ်ကိုင်ထားရင်း အားနည်းလှသည့် ဒေါသအသံဖြင့် ဆိုလိုက်လေ၏။

“ယွီထောင် ငါနင့်ကို မရှုံးဘူး။ နင့်ရဲ့ မိသားစု နောက်ခံကိုပဲ ရှုံးသွားတာ!”

သူမတွင် ယွီထောင်ကဲ့သို့ အင်အားကြီးမားသော မိသားစုနောက်ခံရှိလျှင် အစောကတည်းက အတိဒုက္ခကို ဖြတ်ကျော်နိုင်သော ကျင့်ကြံသူတစ်ယောက် ဖြစ်လာပေလိမ့်မည်။ သို့သော် ကံမကောင်းစွာပဲ ထိုသို့သော အခွင့်ထူးခံ နောက်ခံသည် ယွီထောင်၌သာ ရှိနေခဲ့သည်။

သူမ၏ မိသားစုနောက်ခံ ပံ့ပိုးမှုမရှိလျှင် ယွီထောင် ဟူသည်မှာ ခန္ဓာပေါင်းစည်းခြင်း နယ်ပယ်တွင် ရှိသည့် ကျင့်ကြံသူသာ ဖြစ်နေလိမ့်မည်။ ကျင့်ကြံခြင်း လောကရှိ ကျင့်ကြံသူများ၏ ချစ်ခင်မြတ်နိုးဖွယ် နတ်ဘုရားမအဖြစ် မည်သို့ ခေါ်ဝေါ်နိုင်မည်နည်း။

ကျင့်ကြံခြင်းလောကတွင် ယွီထောင်ထက် ပိုမိုလှပပြီး ကျင့်ကြံမှုအဆင့်မြင့်မားသော အမျိုးသမီး ကျင့်ကြံသူများ အမှန်တကယ်ပင် နည်းပါးလှပေသည်။ သို့တင်မက ယွီထောင်၌ ဤလောကတွင် အချမ်းသာဆုံးသော အဘိုးတစ်ယောက်လည်း ရှိနေသေး၏။

သို့ရာတွင် ယွီထောင်မှာ ထိုစကားများကို ဂရုမစိုက်နေချေ။ မိသားစုနောက်ခံသည်လည်း သူမခွန်အား၏ တစ်စိတ်တစ်ပိုင်း ဖြစ်လေသည်။ သူမကို ယခုကဲ့သို့ အခြေအနေကောင်းများ ပေးထားသည့်အတွက် သူမအဘိုးကို ကျေးဇူးတင်မိပါသည်။ အခြားသူများ အသုံးမပြုသော မှော်ရတနာများသည် သူမအတွက် တန်ဖိုးမရှိသလို အဆင့်မြင့် ဆေးလုံးများသည် သူမအတွက် သကြားလုံးကဲ့သို့ပင် လွယ်ကူလွန်းလှ၏။

နတ်ဘုရားမ ယွီထောင်သည် လန်ချန်အတွက် သူမ၏နောက်ဆုံးတေးကို တီးခတ်လိုက်သည်။ တစ်ဆက်တည်း၌ပင် သူမ၏လေသံက ဘာမှမထူးခြားသည့်အလား ထွက်ပေါ်လာ၏။

“နောက်ဘဝကျရင် အတင်းအကျပ် မလုပ်ယူနဲ့”

လန်ချန်တွင် ရှောင်တိမ်းနိုင်သည့် အင်အားမရှိတော့ချေ။ နောက်ဆုံးသော သံစဥ်လှိုင်း သူမခန္ဓာကိုယ်ကို ထိမှန်သွားချိန်မှာတော့ သူမ အားကိုးရာမဲ့စွာ ကြည့်နေခဲ့ရပြီး အစွမ်းမဲ့စွာ ပြိုလဲသွားခဲ့သည်။ မည်မျှပင် ကြိုးစားအားထုတ်နေပါစေ ယနေ့၌ သေချာပေါက် သူမ သေဆုံးရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

အနီးနားတွင် စောင့်ကြည့်နေသော ဝူမိသားစု တပည့်များနှင့် ချင်ရစ်လော့တို့သည် ၎င်းတို့ရှေ့မှ မြင်ကွင်းကြောင့် အံ့အားသင့်နေကြပြီး အချိန်အတော်ကြာသည်အထိ သတိမဝင်လာတော့ချေ။

ထိုကဲ့သို့ ခန္ဓာပေါင်းစည်းနယ်ပယ်မှ ကျင့်ကြံသူ တစ်ဦးသည် ဝူမိသားစု၏ နောက်ဖေးပန်းခြံထဲတွင် ဆုံးပါးသွားခဲ့သည်။ ဝူချီချွမ်နှင့် နတ်ဘုရားမတို့၏ ပေါင်းစပ်တိုက်ခိုက်မှုအောက်တွင် လန်ချန်ကိုယ်တိုင်ပင် မတားဆီးနိုင်ခဲ့ပေ။

အဆင့်မြင့် ကျင့်ကြံသူများကြားမှ ရန်ပွဲဟာ မည်သို့နည်း။

အမှန်တကယ် ရင်သပ်ရှုမောဖွယ် ကောင်းလေခြင်းပင်။

သူတို့အားလုံး စကားမပြောနိုင်ဘဲ ဆွံ့အနေကြစဥ် ထူးဆန်းသော အမည်မသိ သတ္တဝါထံမှ စကားသံတို့ ပဲ့တင်ထပ်လာပြန်သည်။

[ဒီအဘွားကြီး.. သူတကယ် သေသွားပြီလား။】

[အားအားအား! ငါ့ကို မမျှဝေရသေးတဲ့ အသေးစိတ် အချက်အလက်တွေ အများကြီး ရှိသေးတယ်လေ။ သောက်ကျိုးနည်းပဲ! သောက်ကျိုးနည်း!】

[သူ ဒူးထောက်လိုက်တာလည်း မြန်ချက်ပဲ။ သေချာတယ်။ နတ်ဘုရားမရဲ့ပေါင်က တကယ်ထူတယ်ဟ။ အကြီးအကဲဝူ နတ်ဘုရားမကို ဆွဲထားဖို့ ဒီအခွင့်အရေးကို ဆုပ်ကိုင်နိုင်မလား ကြည့်ရအောင်။】

[ဘာပဲဖြစ်ဖြစ် လူတော်တော်များများက နတ်ဘုရားမနဲ့အတူ အသက်မွေးချင်ကြတာပဲ။ ဆိုတော့ ဝူချီချွမ်ကို လုပ်ခွင့်ပေးလိုက်တာလည်း ကောင်းတာပဲ။ ဟီးဟီး။】

လူတိုင်း; “…”

နဥ်ရွှီသည် လန်ချန် ကျဆုံးပြီး သိပ်မကြာခင်မှာပင် သူမ၏ အခြေခံအုတ်မြစ်ကို အောင်မြင်စွာ တည်ဆောက်ပြီးချေပြီ။ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းမှာ အမြုတေ ဖွဲ့စည်းခြင်းနှင့် ကွဲပြားလေသည်။ ၎င်းက အတိဒုက္ခမိုးကြိုးကို ခံယူရန် မလိုအပ်ပေ။ ယခုဆိုလျှင် သူမ၏ သွေးကြောနှင့် ချီပင်လယ်သည် အရွယ်အစား နှစ်ဆတိုးလာပြီ ဖြစ်၍ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းမှာလည်း သဘာဝကျကျ အောင်မြင်သွားခဲ့တော့သည်။

ဘေးမှကြည့်နေသည့် ဝူမိသားစုခေါင်းဆောင်သည် နဥ်ရွှီတစ်ယောက် သူမ၏ အခြေခံအုတ်မြစ်ကို လွယ်လွယ်ကူကူဖြင့် တည်ဆောက်နိုင်သွားသည်ကို မြင်လိုက်သဖြင့် သူ့မျက်နှာက နားလည်မှုနှင့်အတူ တောက်ပသွားခဲ့၏။ သူမဘေးမှာ ထိုသို့ ထူးကဲသော သတ္တဝါတစ်ကောင် ရှိနေခြင်းကပင် သူမ၏ ထူးကဲသော သဘာဝကို သက်သေပြပြီးသား ဖြစ်နေပြီပင်။

ထို့အတူ သူမ၏ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း လုပ်ငန်းစဉ်က ဤအချက်ကို အတိအကျ သက်သေပြခဲ့လေသည်။ သူကျင့်ကြံခဲ့သော နှစ်များအတွင်း၌ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းကို လွယ်ကူစွာ အောင်မြင်မှု ရရှိသည့် ကျင့်ကြံသူ တစ်ဦးကို ယခု ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်သည်။

နဥ်ရွှီ မျက်လုံးဖွင့်လိုက်သည်နှင့် အခြားလူများက ဂုဏ်ပြုစကားများဖြင့် ချက်ချင်း ဝန်းရံလာ၏။

စိတ်ထားဖြူစင်သော ကျင့်ကြံသူက အနည်းငယ်ပြုံးကာ ဦးစွာ ဆိုလေသည်။

“ခေါင်းဆောင် ဂုဏ်ပြုပါတယ်။”

ချင်းကျိုရှန်း၊ ဝူလုချန်နှင့် ချင်ရစ်လော့တို့သည်လည်း ဝန်းရံလာသည်။

“ခေါင်းဆောင် ဂုဏ်ပြုပါတယ်။ ခေါင်းဆောင်က အရမ်းတော်တာပဲ!”

ဝူမိသားစုဝင်များသည် အရည်ရွှမ်းသော အတင်းအဖျင်းစကားမှ ရာစုနှစ်ကြာအောင် ချုပ်နှောင်ထားသော စုံတွဲကျင့်ကြံခြင်း အထိ၊ ထိုအရည်ရွှမ်းသော အတင်းအဖျင်းမှ ပြန်လည်ကောင်းမွန်လာပြီးနောက် လက်တွေ့ကျကျ ဂုဏ်ပြုစကားများ ပြောလာသေးသည်ပင်။

“ဂုဏ်ပြုပါတယ် တာအိုနဥ်!”

“မဆိုးဘူး။”

ဂုဏ်ပြုသံများကြားတွင် နဥ်ရွှီ ရင်းနှီးနေသော အသံကို ကြားလိုက်ရသည်။ ထို့ကြောင့် ရောက်ရှိလာသော လူကို သူမ အလိုလို လှည့်ကြည့်လိုက်မျသည်။

“အကြီးအကဲဝူ!”

အကြီးအကဲဝူ သူမကို ညင်သာစွာ ပြုံးပြလာသည်။ သူသည် သွေးနှင့် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီး သူ၏ ဝိညာဉ်စွမ်းအင်များ သိသိသာသာ ကုန်ခမ်းနေပေပြီ။ သူ၏ ဒဏ်ရာများမှာ ပြင်းထန်သော်လည်း သူ၏ အမူအရာမှာ အတားအဆီးအချို့မှ ကင်းလွတ်သွားသကဲ့သို့ ပြေလျော့သွားခဲ့လေသည်။

နဥ်ရွှီသည် သူ၏ဒဏ်ရာများအကြောင်း အကြီးအကဲဝူကို မေးရန် ခြေလှမ်းအနည်းငယ် လှမ်းလိုက်စဥ်အခိုက် ဖရဲသီးစားခြင်း စနစ်သည် သူမအား စိတ်အားထက်သန်စွာ အော်ပြောလာခဲ့၏။

[host ငါနင့်အတွက် ပစ္စည်းကောင်းတွေ အများကြီး ချန်ထားသေးတယ်၊ နင်သေချာပေါက် သဘောကျလိမ့်မယ်!]”

သိထားသူများ ;”...”

‘တော်တော်ကောင်းတဲ့ ပစ္စည်းကောင်း။’

နဥ်ရွှီ ;’ဘာပစ္စည်းကောင်းလဲ။ ကျင့်ကြံခြင်းလောကမှာ အချမ်းသာဆုံးလူသစ်တွေ ဖြစ်လာစေမယ့် အရာတွေလား။’

ဤသည်ကို ကြားသောအခါ အတင်းအဖျင်းစနစ်ခင်မျာ ခေတ္တ တိတ်ဆိတ်သွားလေတော့သည်။

[အဲဒါတော့ မဟုတ်ဘူး။]

ထိုအခါ နဥ်ရွှီသည် “အိုး” ဟူသော အသံတစ်ချက် ပြုပြီးနောက် နောက်ထပ် မမေးတော့ချေ။

ဤကောင်းသော အရာများကို မျှဝေလိုသော စနစ်သည်လည်း တိတ်ဆိတ်သွားခဲ့သည်။ စုံတွဲကျင့်ကြံခြင်းသည် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာရခြင်းနှင့် မည်သို့နှိုင်းယှဉ်နိုင်မည်နည်း။ အနည်းဆုံးတော့ ယခု မဟုတ်သေးချေ။ ထို့ကြောင့် ၎င်း၏အာရုံမှာ အခြားနေရာကို ပြောင်းသွားတော့သည်။

[host! နတ်ဘုရားမ ယွီထောင်နဲ့ လန်ချန်ရဲ့ရန်ပွဲက တကယ့်ကို ကြီးကျယ်ခမ်းနားလွန်းတယ်။ အဲဒီမှော်ဆန်တဲ့ ရတနာတွေနဲ့ ဆေးလုံးတွေဆို မကုန်မခန်းပဲ။]

[ငါ စားချင်တယ်! ငါ မနာလိုဘူး! ငါငြူစူတယ်။ ငါအားကျတယ်!]

[ငါ့hostကို ဒီလောက် ဆင်းရဲနေတာမျိုး ငါခွင့်မပြုဘူး။]

[နင့်ကို အရမ်းချမ်းသာစေချင်တယ်။]

[host ဒီငါးနှစ်အတွင်းမှာ နတ်ဘုရားမရဲ့အဘိုးကို ကျိန်းသေအနိုင်ယူပြီး အချမ်းသာဆုံးလူသစ် ဖြစ်လာမယ်လို့ ငါ ယုံကြည်တယ်။ နင်ရော ဘယ်လိုထင်လဲ။]

ဟွားကျိုင်းနှင့် ရှင်းထောင်မြို့သခင်၏ သားကို နှိုးဆော်ခဲ့သူ နဥ်ရွှီမှ ပြန်ဖြေလေသည်။

“ငါလည်း ဖြစ်နိုင်မယ်လို့ထင်တယ်။”

သူမ၏ ခွန်အားကို မြှင့်တင်ရန် ဝိညာဉ်ကျောက်တုံးများ အရေးတကြီး လိုအပ်နေပြီး ဝိညာဉ်ကျောက်များ များလေလေ၊ ပိုကောင်းလေဖြစ်သည်။

နတ်ဘုရားမ : “???”

သူမရှေ့တွင် ဤစကားများကို ပြောနေကြခြင်းမှာ အမှန်တကယ် အဆင်ပြေပါရဲ့လား။

All Chapters