← Chapters

အခန်း ၈၂

Vol. 9 Ch. 82

အခန်း ၈၂

Vol. 9 Ch. 82

အခန်း ၈၂

ခဏကြာသောအခါ ဖရဲသီးစားခြင်း စနစ်ထံမှ ရှိုးကြည့်ရ၍ ကျေနပ်နေသည့် အသံလေး ထွက်ပေါ်လာလေသည်။

[ဟီးဟီး၊ အရမ်းကျွမ်းကျင်တယ်၊ တကယ်ကျွမ်းကျင်တယ်။ သူ အဆင့်မြင့် အဂ္ဂိရတ်ပညာရှင် ဖြစ်နေတာ မဆန်းပါဘူး။]

[တကယ်ဝတ်တာ...]

[ဟားဟားဟား သူပြောတာက...]

[နတ်ဘုရားမ ရှက်သွားပြီ။ နတ်ဘုရားမကတော့ သူ့အသက်အရွယ်နဲ့တောင် ဒီကောင်လေးကြောင့် တကယ်ကြီး မျက်နှာလေးနီသွားတာပဲ။ အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်ကတော့ လက်ဖဝါးမှာ ချွေးစေးတွေထွက်နေပေမဲ့ ပရောပရည်လုပ်နေတုန်းပဲ။]

[ဒါက အဆင်မပြေတဲ့ ပရောပရည်လုပ်ရပ် မဟုတ်ဘူး။ တကယ့်ကို အတည်ပေါက်ကြီး ပရောပရည် လုပ်နေတာ။ စိတ်လှုပ်ရှားစရာ ကောင်းနေပြီ။ တကယ် စိတ်လှုပ်ရှားစရာ ကောင်းနေပြီ!]

[ဒီကောင်လေး အရည်အချင်း ရှိသားပဲ။]

[သူ့စကားတွေ တအားကြီး ချိုမြိန်နေတာမျိုးတော့ မရှိဘူး။ ဒါပေမဲ့ သူ့ရဲ့ အဂ္ဂိရတ်ပညာရှင် ဆိုတဲ့ နောက်ခံနဲ့ နူးညံ့သိမ်မွေ့တဲ့ မျက်နှာကို ပေါင်းစပ်လိုက်တော့ သူ့ရဲ့ကျက်သရေက တကယ် အထင်ကြီးစရာ ကောင်းသွားတယ်။]

[host နင် နားလည်လား။ ဒီအဆင့်မြင့် အဂ္ဂိရတ်ပညာရှင်က ဟယ်ဟွမ်းဂိုဏ်းက အမျိုးသမီး ကျင့်ကြံသူတွေထက်တောင် ပိုကောင်းသေးတယ်]

[အကြီးအကဲဝူရဲ့ ဆုံးရှုံးမှုက မတရားလိုက်တာနော်။]

နဥ်ရွှီ၏ စူးစမ်းလိုစိတ်တို့ အပြည့်အ၀ နိုးထလာကာ အလျင်စလိုဖြင့် မေးလိုက်သည်။

‘သူဘာပြောလဲ’

အနီးနားတွင် ရပ်နေသော တပည့်ဖော်များကလည်း နားစွင့်နေကြသည်။ သူတို့သည်လည်း အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်နှင့် နတ်ဘုရားမတို့ကြားရှိ အတင်းအဖျင်း ပြောစကားများကို သိချင်နေကြခြင်းပင်။ သို့သော် ဖရဲသီးစားခြင်းစနစ်မှာ တခစ်ခစ် ရယ်နေ၏။

[မပြောနိုင်ဘူး၊ မပြောနိုင်ဘူး။]

‘ဘာလို့ မပြောနိုင်တာလဲ။’

[“ငါ မပြောချင်တာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ငါလုပ်လိုက်ရင် အမှောင်ခန်းထဲမှာ သော့ခတ်ခံထားရလိမ့်မယ်။ အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်ရဲ့ ရှင်းလင်းပြတ်သားမှု အဆင့်လေ။ host ငါ ဘာကိုဆိုလိုလဲ နင်သိပါတယ်။]

အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်သည် ဖရဲသီးစားခြင်းစနစ်ကိုပင်လျှင် ထိုမြင်ကွင်းထဲမှ ပြန်မထွက်လာနိုင်လောက်အောင် ခံစားချက်တို့အား ပြတ်သားစွာဖြင့် ဖွင့်ပြလိုက်ပုံပင်။

[အိုး ဟို ဟို ဟို အဆင့်မြင့် အဂ္ဂိရတ်ပညာရှင် ဆိုတာ တကယ်တော့...]

[အား ယောက်ျားလေး တစ်ယောက်ရဲ့ အလှကလည်း စွဲဆောင်မှုရှိတာပဲ။ သူ....]

ကျန်စကားလုံးများမှာ လုံးဝ အသံမထွက်လာတော့ဘဲ ကတ်ကြေးနှင့် ဖြတ်တောက်ပစ်လိုက်သကဲ့သို့ ရပ်တန့်သွားလေတော့သည်။

“...”

နဥ်ရွှီခင်မျာလည်း ဆွံ့အသွား၏။

‘ဖရဲသီးစနစ်? ဖရဲသီး?’

နဥ်ရွှီ အကြိမ်ကြိမ် အော်ခေါ်ကြည့်သော်လည်း ဖရဲသီးစားခြင်း စနစ်ထံမှ မည်သည့်အကြောင်းမှ ပြန်မလာခဲ့ချေ။ ရှင်းနေပေပြီ။ ဤသည်မှာ ယခင်ကကဲ့သို့ပင် ဝိညာဉ်စွမ်းအင်များ ချို့တဲ့သွားခြင်း ဖြစ်ပေလိမ့်မည်။

ဤတစ်ကြိမ်တွင် ဝိညာဉ်စွမ်းအင် နည်းပါးသောကြောင့် ဖရဲသီးစားသည့် အတင်းအဖျင်း စနစ်သည်လည်း ခဏတာမျှ အော့ဖ်လိုင်း ဖြစ်သွားခဲ့ရလေ၏။

အရည်ရွှမ်းသော ဖရဲသီးကို မြည်းစမ်းကြည့်ဖူးသူတိုင်း အကြီးအကဲဝူတစ်ယောက် အိပ်ခန်းအပြင်သို့ ရောက်သွားပြီ ဖြစ်ကြောင်း သိကြလိမ့်မည်။

ယနေ့ည၏ နတ်ဘုရားမသည် အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်နှင့် အတူရှိနေပြီပင်။

အကြီးအကဲဝူ ။”....”

လက်ရှိအခိုက်၌ သူ၏ ခံစားချက်တို့သည်လည်း အလွန်ပင် ရှုပ်ထွေးနေ၏။

သူ ဤနေရာကို လာရသည်မှာ အချမ်းသာဆုံး သူဌေးအတွက် လက်ဆောင်ပေးမည့် လူငယ်တစ်စု၏ အဆုံးအဖြတ်ကို သိလို၍ ဖြစ်ပေသည်။ ထိုကလေးများက ဆုံးဖြတ်ထားပြီးသား ဖြစ်သဖြင့် ရိုးရိုးကလေးပင် လှည့်ပြန်လာခဲ့တော့၏။

နဥ်ရွှီသည် အကြီးအကဲဝူ ရောက်လာပြီးမှ ပြန်ထွက်သွားကြောင်း သိလေသည်။ အတင်းအဖျင်းစနစ်မှ အရည်ရွှမ်းသော အတင်းအဖျင်းတစ်ခုကို ရလိုက်သဖြင့် အကြီးအကဲဝူ ဘာအတွက်ကြောင့် ထွက်သွားကြောင်း မမေးခဲ့ပေ။ သူမသည် သူမ၏တပည့်ဖော်များနှင့်သာ အချိန်အတော်ကြာ စကားစမြည် ပြောဆိုခဲ့သည်။

ဤသို့ဖြင့် ညနေပိုင်း ရောက်မှသာ ၎င်းတို့၏ ဆွေးနွေးမှုမှာလည်း တရားဝင် ပြီးဆုံးသွားခဲ့သည်။ နဥ်ရွှီ သူမ၏ တပည့်ဖော်များကို ကြည့်ကာ ဆိုလိုက်၏။

“လက်ဆောင်ကိစ္စကို ငါပဲ ဖြေရှင်းလိုက်မယ်။ နင်တို့ အခု ပြန်သွားလို့ရပြီ။”

ဝူလုချန်မှာ ခေါင်းကုတ်ပြီး ။”ခေါင်းဆောင် အခုက စောနေသေးတယ်လေ။ မနက်ဖြန် ဘယ်အချိန်ထွက်မလဲ။”

နဥ်ရွှီသည် တစ်ဖက်လူဆီသို့ ‘ထူးဆန်းလိုက်တာ’ ဟူသော အဓိပ္ပာယ်ဖြင့် အကြည့်တစ်ချက် ပို့လိုက်သည်။ အဘယ့်ကြောင့် ဤမျှလောက် အဓိပ္ပာယ်မဲ့သော မေးခွန်းကို မေးနေရသလဲ နားမလည်ချေ။

“အကြီးအကဲဝူ ထွက်တဲ့အချိန် ငါတို့လည်း ထွက်ရမှာပေါ့။”

ချင်ရစ်လော့က ထပ်မေးပြန်သည်။

“ခေါင်းဆောင် ဘာပေးချင်တာလဲ။”

“လောလောဆယ်တော့ ငါ့မှာ ဘာအကြံကောင်းမှ မရှိသေးဘူး။ ငါ စဉ်းစားဖို့ နောက်ထပ် နာရီနည်းနည်းလောက် အချိန် ယူရဦးမယ်။”

နဥ်ရွှီသည် အချမ်းသာဆုံးပုဂ္ဂိုလ်တွင် အဘယ်ကဲ့သို့ အကြိုက်များ ရှိသလဲ ဖရဲသီးစားခြင်း စနစ်အား မေးရန် စီစဉ်ထားခဲ့သည်။ အမှန်တကယ်တမ်းမူ တစ်ဖက်လူ၏ အကြိုက်များထဲ၌ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများ ပါနေလျှင် သူမဘက်က လက်လျှော့ရလိမ့်မည်။

သို့သော် ဖရဲသီးစားခြင်း စနစ်သည် ယခု အော့ဖ်လိုင်း ဖြစ်နေသောကြောင့် သူမ မည်သို့မျှ မမေးနိုင်တော့ချေ။ သူမအခန်းထဲ၌ အချိန်အတော်ကြာအောင် စကားပြောနေခဲ့ကြကာ နောက်ဆုံးမှာတော့ သူမ၏ တပည့်ဖော်များ ပြန်ထွက်သွားခဲ့ကြလေ၏။

ဖရဲသီးစားခြင်းစနစ် ခဏတာမျှ အွန်လိုင်းပေါ်၌ ရှိဦးမည် မဟုတ်သည်ကို မြင်လိုက်ရသဖြင့် နဥ်ရွှီသည် သူမ၏ ကျင့်ကြံမှုကို စုစည်းရန် အချိန်ယူလိုက်သည်။ နာရီအနည်းငယ် ကြာသောအခါ ကောင်းကင်ကြီးပင် လင်းစပြုလာချေပြီ။

အေးမြသော ညအလင်းကို နွေးထွေးသော နံနက်ခင်း အလင်းရောင်က အစားထိုးခဲ့သည်။

နဥ်ရွှီတစ်ယောက် ကျင့်ကြံမှုကို စုစည်းပြီးပြီ ဖြစ်၍ မျက်လုံးဖွင့်လိုက်သောအခါ ဖရဲသီးစားခြင်း စနစ်၏ အားရကျေနပ်စွာ ရယ်မောသံအား ကြားလိုက်ရလေ၏။

[ဟီးဟီးဟီး!]

နဥ်ရွှီ ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

“ပြန်လာပြီလား”

[လာပြီ လုံးလုံးဆင်ဆာဖြတ်ထားတဲ့ အတင်းအဖျင်း ဇာတ်လမ်းတစ်ခုလုံးကို ငါစားခဲ့တယ်။]

[အားလုံး ဆင်ဆာဖြတ်ထားပေမဲ့!]

[ငါ ဖရဲသီးစားပြီးသွားပြီ။ အခုလေးတင် စားပြီးတာ! ဖရဲသီးစားပြီးတာနဲ့ နင့်ဆီ ချက်ချင်းပြေးလာတာပဲ။]

“...”

ယမန်နေ့ညက ဖရဲသီးစားခြင်း စနစ် ပျောက်သွားချိန်က သုံးနာရီကျော်နေပြီ မဟုတ်ပါလား။ သို့ဖြစ်လျှင် ဤဖရဲသီးက ဤမျှလောက် အချိန်ကုန်လေသလော။

[ကျစ်ကျစ်ကျစ်! နတ်ဘုရားမရဲ့ ကျင့်ကြံမှုက နေ့ချင်းညချင်း သိသိသာသာ တိုးတက်သွားပြီဟ! အတိဒုက္ခကို ကျော်လွှားဖို့ နောက်ထပ် ခြေတစ်လှမ်းပဲ လိုတော့တယ်။]

[ထောင်စုနှစ်တစ်ခုအတွင်း တစ်ကြိမ်ပဲ ရှာတွေ့နိုင်တဲ့ ထိပ်တန်းအဆင့် အဂ္ဂိရတ်ပညာရှင်က နောက်ဆုံးတော့ နတ်ဘုရားမလက်ထဲ ရောက်သွားပြီ။]

ဖရဲသီးစားခြင်း စနစ်သည် ထိုစကားလုံး အနည်းငယ်ကို ဆိုပြီးနောက် မနာလိုနေသည့် အငွေ့အသက်များပင် ပြသလာ၏။ သို့သော်လည်း ၎င်းက သူ့ကိုယ်သူ ပြန်လည် အားပေးနေခဲ့လေသည်။

[အဲ့တော့ရော ဘာဖြစ်လဲ။ host အတိဒုက္ခကျော်ဖြတ်ခြင်း အဆင့်ကို ကျော်လွှားဖို့ စုံတွဲကျင့်ကြံဖို့ မလိုဘူး။ အဲ့ကျင့်ကြံနည်းက မကောင်းတဲ့ကျင့်စဥ်မျိုး ငါတို့နဲ့ မတန်ဘူး!]

[အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်က ကောင်းပေမဲ့ လုံလုံလောက်လောက် မသန့်ရှင်းတော့ဘူးဟ။ နတ်ဘုရားမကို သူပြခဲ့တဲ့ နည်းအမျိုးမျိုးနဲ့ အကဲဖြတ်ကြည့်ရင် သူ့နေ့စဉ်ဘ၀မှာ အများကြီး သင်ယူထားခဲ့တာပဲ ဖြစ်ရမယ်]

[စိတ်ထားကောင်းတဲ့ ကျင့်ကြံသူကမှ ပိုကောင်းသေးတယ်]

ထိုသို့ပြောပြီးနောက် ဖရဲသီးစားခြင်း စနစ်မှာ ထပ်လောင်း ပြောကြားလိုက်သေးသည်။

[ရွှေအမြုတေအဆင့် ရောက်တာနဲ့ အဆုံးမဲ့ပင်လယ်ရဲ့ အပြင်ဘက်အစွန်ဆုံးမှာ ရတနာအမဲလိုက်ကြမယ်!]

နဥ်ရွှီသည် ရတနာအမဲလိုက်ခြင်း အကြောင်း ကြားသည်နှင့် စိတ်ပါဝင်စားလာသည်။

‘အဆုံးမဲ့ပင်လယ်ထဲမှာ ရတနာတွေ အများကြီးရှိတာလား။’

ယခင်က သူတို့ကြားခဲ့ရသော အတင်းအဖျင်းစကားမှာ အကြီးအကဲတစ်ယောက်၏ သမီးသည် ထိုအဆုံးမဲ့ပင်လယ်ထဲ၌ ဆုံးပါးသွားခဲ့လေသည်။ ဖရဲသီးစားခြင်း စနစ်သည်လည်း ချက်ချင်းပင် တက်ကြွသည့် ကြက်ဖအလားနှယ် စိတ်ကြွလာ၏။ ရတနာအမဲလိုက်ခြင်း ဟူသည် ၎င်းအနှစ်သက်ဆုံး အချိန်အခါပင်။

[ဟုတ်တယ်! ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေက အပြင်ဘက် အစွန်အဖျားကို စူးစမ်းလေ့လာနိုင်တယ်။ အခြေတည်ဝိညာဥ် သန့်စင်ထားသူတွေကျ နည်းနည်းပိုပြီး စွန့်စားနိုင်ကြတယ်။ မဟာယာနအဆင့်ကမှ အဆုံးမဲ့ပင်လယ်ရဲ့ အတွင်းထဲကို ဝင်ရောက်နိုင်တာ။]

[အဆုံးမဲ့ပင်လယ်က အရမ်း အန္တရာယ်များပေမဲ့ အဲဒီမှာ အရင်းအမြစ်တွေ ကြွယ်ဝတယ်။ ကျင့်ကြံခြင်းလောကမှာ ရှာမတွေ့နိုင်တဲ့ ရတနာတွေ အများကြီးရှိတယ်။]

[အပြင်ဘက် အစွန်အဖျားမှာ ရတနာတွေကို လိုက်ရှာမယ် ဆိုရင်တောင် နည်းနည်းပါးပါး ရှာတွေ့နိုင်တယ်။]

ရတနာအကြောင်း ကြားလိုက်သောအခါ နဥ်ရွှီ၏ မျက်လုံးအရောင်တို့ အနည်းငယ် တောက်ပလာခဲ့သည်။

‘အဲဒါဆို မဆိုးဘူး။’

သူတို့စကားပြောနေစဉ် အခိုက်ဝယ် တပည့်ဖော်များ၏ နှုတ်ဆက်သံများ တံခါးအပြင်ဘက်မှ ထွက်ပေါ်လာချေ၏။ နဥ်ရွှီသည် ပေါ့ပေါ့ပါးပါးနှင့် ပုံမှန်အတိုင်းလေးပင် တံခါးဖွင့်ကာ ထွက်သွားလိုက်ပေသည်။

“မင်္ဂလာနံနက်ခင်းပါ အကြီးအကဲဝူ”

ဝူချီချွမ်သည်လည်း သူမအား ခေါင်းပြန်ညိတ်ပြလိုက်သည်။

“မင်္ဂလာနံနက်ခင်းပါ။”

နှုတ်ဆက်ပြီးနောက် ဖရဲသီးစားခြင်း စနစ်မှာ ဖြည်းဖြည်းမှန်မှန် လေသံဖြင့် မှတ်ချက်ပေးလာခဲ့သည်။

[အကြီးအကဲဝူရဲ့ အချစ်ပြိုင်ဘက်ဟောင်းက သန်မာလွန်းတယ်ဟ။ နတ်ဘုရားမရဲ့ ထမင်းပျော့ပျော့လေးကိုတော့ သူ မစားနိုင်လောက်တော့ဘူး ထင်တယ်။]

[အချမ်းသာဆုံးလူရဲ့ မွေးနေ့ပွဲရောက်အောင်တော့ သူ့ကို ပေါင်အသစ်အကြီးကြီး ရှာဖို့ ငါတို့ ကူညီပေးလို့ရပါပြီ]

‘လန်ချန်မှ မရှိတော့တာ။ အဲ့တော့ အကြီးအကဲဝူ ရွှေပေါင်ကို မဖက်ထားဘူး ဆိုရင်တောင် အဆင်ပြေသွားမှာပဲမလား။ ပြီးတော့ အကြီးအကဲဝူက သူ့ထက်ငယ်တဲ့လူကို ပိုကြိုက်တာများ ဖြစ်နိုင်မလား မသိဘူး’

[အဲဒီလိုမဖြစ်ဘူး။ သူ့မှာ ဒီလိုချောမောတဲ့ မျက်နှာမျိုးရှိပေမဲ့ ကျင့်ကြံမှုက အားနည်းနေတယ်လေ။ လန်ချန်က သွားပြီဆိုရင်တောင် လန်ချန်နှစ် ဒါမှမဟုတ် လန်ချန်သုံးတွေ ရောက်လာရင် ဘယ်လိုလုပ်မလဲ။ အသက်ငယ်ပြီး ကျင့်ကြံမှု အားနည်းတဲ့လူတွေက သူ့ကို ကာကွယ်ဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှုမရှိဘူး။ ဒီလိုယောကျာ်းလေးတွေက အပြင်ထွက်တဲ့အခါ သတိထားရတယ်နော်။]”

အကြီးအကဲဝူ။ “....”

‘သူ့ကို ဒီလိုကျိန်ဆဲနေစရာ မလိုဘူးမလား။’

လန်ချန် သေသွားပြီဖြစ်၍ နတ်ဘုရားမသည် အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်ကို ရွေးချယ်ပြီးလျှင်ပင် သူသည် တာအိုအဖော်ကို ရှာဖွေရန် အစီအစဉ် မရှိသေးပေ။ ထို့အပြင် သူဟာ တာအိုအဖော် ရှာရန် မသင့်တော်ချေ။

တစ်ဖက်ရှိ နဥ်ရွှီမှာတော့ ခေတ္တစဉ်းစားပြီးနောက် ပြောလိုက်လေ၏။

‘အဲ့အချိန်ကျ ကြည့်ကြည့်တာပေါ့’

ဖရဲသီးစားခြင်း စနစ်နှင့် သူမသည် နတ်ဘုရားမအပေါ် အကောင်းမြင်ဆုံး ဖြစ်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်က ဝင်ရောက်စွက်ဖက်သွားခဲ့သည်။ ဤကဲ့သို့ လိုက်လံပိုးပန်းရသည့် သတ်ဖြတ်ခြင်း လမ်းမပေါ်၌ ပြိုင်ဘက်များကို တွန်းလှန်နိုင်သည့် အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်မှာ မရိုးရှင်းကြောင်း သက်သေထူသွားပေပြီ။

[ဒီလိုထူးခြားတဲ့ နောက်ခံနဲ့ဆို သူလည်း မရိုးရှင်းဘူး]

နဥ်ရွှီ၏ အတွေးအတိုင်း ဖရဲသီးစားခြင်း စနစ်သည်လည်း ကြွေးကြော်ခဲ့သည်။

[သူတကယ်သာ နုံအနေတယ်ဆိုရင် ဒီလောက်ထိ အသက်ရှင်နေမှာ မဟုတ်ဘူး။]

ဆန့်ကျင်ဘက်အားဖြင့် စစ်ယန်သည် အမှန်တကယ် ဖြူစင်ပြီး ရိုးရှင်းသူ ဖြစ်ပေ၏။ သူသည် အမြဲတမ်း စကားအနည်းငယ်သာ ပြောတတ်သော်လည်း အံ့သြစရာကောင်းလောက်အောင် ယုံကြည်စိတ်ချရသူပင်။

.......

ဝူမိသားစုမှ ကျွေးမွေးသော နံနက်စာကို စားသောက်ပြီးသည့်နောက် ဝမ့်ရှင်းဂိုဏ်းသားတို့ ထွက်ခွာလာခဲ့ကြလေသည်။

ဦးတည်ရာမှာတော့ လီကျွန်းပင် ဖြစ်ပေတော့သည်။

လီကျွန်းသည် ရှင်းထောင်မြို့ အတွင်းရှိ ရှင်းဟိုင်အထက်တွင် တည်ရှိသည်။ ထိုကျွန်းသည် မြူခိုးများ ဖုံးလွှမ်းနေသဖြင့် ၎င်း၏အရွယ်အစား အတိအကျကို ပထမတစ်ချက်တွင် ပိုင်းခြားသိမြင်ရန် ခက်ခဲလှ၏။ သို့သော် လျင်မြန်သော အကြည့်ပို့မိလျှင်ပင် မြူခိုးများ ပြန့်ကျဲနေပြီး အဆုံးမရှိဟုထင်ရသော အကျယ်အဝန်းကို ထင်ရှားစွာ မြင်ရမည်ဖြစ်ကာ လီမိသားစု၏ ကျယ်ပြန့်သော နယ်မြေကိုလည်း သိနိုင်ပေလိမ့်မည်။

လီမိသားစုဝင်များသည် ကြီးမားသော အစီအရင်ကြီးဖြင့် ကျွန်းကို ကာကွယ်ထားသည်။ ဧည့်သည်များကို ဧည့်ခံနှုတ်ဆက်သည့် အနေဖြင့် အပြင်ဘက်တွင် တစ်နေရာ ပြင်ဆင်ထားလေ၏။ အထောက်အထား စိစစ်ခြင်းကို ဖြတ်ကျော်သူများသည်သာ အစီအရင်ကို ဖြတ်သန်းပြီး လီကျွန်းပေါ်သို့ အမှန်တကယ် ဆင်းသက်နိုင်လိမ့်မည် ဖြစ်သည်။

နဥ်ရွှီနှင့် အခြားသူများကို နတ်ဘုရားမမှ ပုဂ္ဂိုလ်ရေးအရ ဖိတ်ခေါ်ထားသောကြောင့် ၎င်းတို့၏ အထောက်အထားများကို သဘာဝအတိုင်း အတည်ပြုနိုင်ခဲ့၏။

ဝူလုချန် ။ “ဒီနေရာက အချမ်းသာဆုံး သူဌေးကြီး နေထိုင်တဲ့ နေရာပဲ။ အဲဒါကြောင့် ဝင်ပေါက်က မယုံနိုင်လောက်အောင် တင်းကျပ်နေတာ။”

ထိုအခိုက် နဥ်ရွှီတစ်ယောက် ရုတ်တရက် အတွေးတစ်ချက် ဝင်လာခဲ့လေသည်။

‘စိတ်ထားဖြူစင်တဲ့ ကျင့်ကြံသူရဲ့ အတိတ်က ရန်သူတွေ ဒီနေ့ ဒီကိုရောက်လာကြမှာတော့ မဟုတ်ဘူးမလား’

နဥ်ရွှီသည် စိတ်ထားဖြူစင်တဲ့ ကျင့်ကြံသူသည် အစွမ်းထက်သော အကောင်ဖြစ်ကြောင်း သိခဲ့ပြီးသားပင်။ ထို့ကြောင့် သူမသည် တစ်ဖက်လူ၏ လျှို့ဝှက်ချက်များကို ‘နယ်မြေသုံးထောင် ကျင့်ကြ‌သူများ သတင်းဖလှယ်ရာနေရာ’ တွင် တိုက်ရိုက် ဖော်ထုတ်ပြသခဲ့ခြင်းပင်။ ဤသည်မှာ စိတ်ထားဖြူစင်တဲ့ ကျင့်ကြံသူကို အသက်ရှူခွင့် အနည်းငယ် ပေးလို၍ ဖြစ်ပေ၏။

အနှီတန်ခိုးကြီးသော အကောင်များသည် ယခုအချိန်တွင် သူတို့ဘက်က ဘာမျှ မလုပ်နိုင်သော်ငြားလည်း အနည်းအကျဥ်း စိတ်အနှောင့်အယှက် ပေးကောင်းပေးနိုင်လိမ့်မည်။ ကံမကောင်းစွာဖြင့် သူတို့သည် မတိုင်ခင် အချိန်တစ်ခု၌ ကောချန်ကိုသာ စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ခဲ့မိကြသည်။

သူသည် လေးယောက်အနက် အလွယ်ကူဆုံး ပစ်မှတ်ဖြစ်သောကြောင့် ဖရဲသီးစားခြင်း စနစ်နှင့် နဥ်ရွှီသည်လည်း ပထမဆုံးပစ်မှတ် ဖြစ်လာနိုင်သည်ပင်။

နဥ်ရွှီ၏ အတွေးထဲက စကားသံကို ကြားသောအခါ စိတ်ထားဖြူစင်တဲ့ ကျင့်ကြံသူခင်မျာ အနည်းငယ် ထိတ်လန့်သွားလေတော့၏။ နဥ်ရွှီသည် အမြဲလိုလို ဤကဲ့သို့ပင်။ သူမသည် များသောအားဖြင့် ဘာမျှ ထုတ်မပြတတ်သော်လည်း သူ့ကိစ္စများကို အမြဲသတိရနေသူ ဖြစ်သည်။

အခြားတပည့်ဖော်များကမူ အထူးတလည် တုံ့ပြန်လာခြင်း မရှိပေ။ သူတို့ခေါင်းဆောင်၏ ဤကိစ္စအပေါ် ကာကွယ်ပေးထားသည်အား သိထားပြီးသားပင်။ ယင်းအကာအကွယ် ဆိုသည်မှာလည်း လူတစ်ဦးနှင့်တစ်ဦး မတူညီကြချေ။ အနည်းဆုံးတော့ သူတို့ခေါင်းဆောင် အကာကွယ်ပေးဆုံးသူမှာ စိတ်ထားဖြူစင်သည့် ကျင့်ကြံသူကိုပင်။

ထိုအခိုက် ဖရဲသီးစားခြင်း စနစ်က ဆိုလာသည်။

[အဲဒီလူတွေထဲမှာ အတိဒုက္ခဖြတ်ကျော်ခြင်း အဆင့်မှာရှိတဲ့ ကောချန်ကလွဲရင် ကျန်တဲ့ ၃ ယောက်က မဟာယာနအဆင့်မှာ ရှိတယ်။]

[အတိဒုက္ခဖြတ်ကျော်ခြင်း အဆင့်ပြီးရင် မဟာယာနအဆင့်ပဲ]

[သူတို့က လောကီရေးရာတွေမှာ ပါဝင်တာ ရှားရှားပါးပါးပဲ သူတို့ရဲ့ အချိန်အများစုကို တံခါးပိတ်ကျင့်ကြံရင်းပဲ ကုန်ဆုံးကြတာ။]

[ကျင့်ကြံခြင်း လောကရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်က ဒီနေ့ သူ့မွေးနေ့ပွဲကို ကျင်းပနေတယ်ဆိုရင်တောင် သူတို့ဘက်က ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ပြီး ဂုဏ်ပြုလွှာတွေ ပေးနေဖို့အထိ မထိုက်တန်ဘူးလေ။]

‘ဒါဆို တော်သေးတယ်’

သို့မဟုတ်ပါက ရန်သူဘက်မှ အဆိုးကို သိရုံသာသိကာ ဘာမှမတတ်နိုင်ဘဲ ဖြစ်နေလိမ့်မည်။ ၎င်းတို့ ပေါ်ထွက်လာခြင်းမှာ ကျင့်ကြံသူများ၏ စိတ်စွမ်းအင်ကို စမ်းသပ်လွန်းရာ ကျနေပေပြီ။ ကံကောင်းထောက်မစွာဖြင့် အနှီလူများထဲမှ တစ်ဦးတစ်ယောက်မျှ ယနေ့ ပေါ်လာမည်မဟုတ်ချေ။

ဖရဲသီးစားခြင်းစနစ်နှင့် စကားပြောပြီးသွားသည့်အခိုက် စိတ်ထားဖြူစင်သည့် ကျင့်ကြံသူက သူမအား စိုက်ကြည့်နေမှန်း သတိပြုမိလိုက်၏။ ထို့ကြောင့် သူမ သူ့ကို ပြန်ကြည့်ကာ မေးလိုက်တော့သည်။

“ဘာဖြစ်လို့လဲ”

တစ်ဖက်လူ၏ မျက်လုံးများသည် အနည်းငယ် ကွေးညွတ်သွားကာ သူ၏ နက်မှောင်သော သူငယ်အိမ်တို့မှာ ပိုမို မည်းနက်လာသယောင်ပင်။

“ဘာမှမဖြစ်ပါဘူး။”

သူသည် သူမကို ကြည့်ချင်ရုံလေးပင်။

တစ်ဖက်က ဤသို့ ပြောလာသဖြင့် နဥ်ရွှီလည်း သိပ်ပြီး မစဉ်းစားနေတော့ချေ။

သူတို့ လီကျွန်းကို ရောက်သွားသောအခါ ဧည့်သည်ပေါင်းများစွာ ရောက်နှင့်နေပေပြီ။ တစ်ချက်ကြည့်လိုက်လျှင်ပင် သူတို့အားလုံးသည် ဤနေရာကို ရောင်ဝါဖြင့် လွှမ်းခြုံထားနိုင်သော အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်ကြောင်း သိနိုင်၏။ နဥ်ရွှီနှင့် သူမ၏အဖွဲ့သည် ကျင့်ကြံမှု အနိမ့်ဆုံးများထဲတွင် ပါဝင်နေခဲ့သည်။

ဝူလုချန်ကဲ့သို့ ဂရုမစိုက်သူတစ်ယောက်ပင် ဤမျှကြီးကျယ်ခမ်းနားသော မြင်ကွင်းကို မြင်လိုက်ရပြီးနောက် အနည်းငယ် စိတ်ရှုပ်သွားလေ၏။

ဤနေရာတွင် မည်သည့်ဧည့်သည်မဆို အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူ ဖြစ်နိုင်သည်။ ကျင့်ကြမှုအဆင့် နိမ့်လွန်းသူများကို အချမ်းသာဆုံးပုဂ္ဂိုလ်က ဖိတ်ကြားရန်အတွက် ထည့်သွင်းစဥ်းစားဟန် မရှိချေ။

အဖွဲ့ထဲရှိ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်တွင် ရှိနေသည့် နဥ်ရွှီနှင့် ရွှေအမြုတေအဆင့်တွင် ရှိနေသည့် ချင်းကျိုရှန်းမှလွဲ၍ ကျန်သည့် လူအားလုံးသည် ချီသန့်စင်ခြင်းအဆင့် ဖြစ်လေ၏။ သူတို့ ကျွန်းပေါ် ဆင်းသက်ပြီးသည့် အခိုက်၌ပင် အခြားသူများက သူတို့ကို တစ်ချက်တောင် မကြည့်ခဲ့ကြပေ။ ယင်းမှာ သူတို့ကို ရှုတ်ချလိုက်ခြင်းသာ ဖြစ်လေသည်။

အဆင့်နိမ့် ကျင့်ကြဲသူများနှင့် ရင်ဆိုင်ရသောအခါတွင် အဆင့်မြင့်သော ကျင့်ကြံသူများသည် ၎င်းတို့၏ သာလွန်မှုကို ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲ ထုတ်ဖော်ကြလိမ့်မည်။

ဝူလုချန်တစ်ယောက် ဤအခြေအနေကြောင့် စိတ်မသက်မသာဖြစ်ရုံသာမက ချင်ရစ်လော့လည်း အနည်းငယ် စိတ်မသက်မသာ ဖြစ်လာ၏။ တစ်ဖက်တွင်မူ နဥ်ရွှီ၊ စိတ်ထားဖြူစင်သည့် ကျင့်ကြံသူနှင့် ချင်းကျိုရှန်းတို့သည် မည်သည့်တုံ့ပြန်မှုကိုမျှ မပြသခဲ့ပေ။

ချင်ရစ်လော့နှင့် ဝူလုချန်တို့နှစ်ယောက် အံသြပြီး စိတ်မသက်မသာ ခံစားနေရသည့်အခိုက် ဖရဲသီးစားခြင်းစနစ်၏ လူမိုက်တစ်ယောက်ကဲ့သို့ ရယ်မောသံများအား ကြားလိုက်ရတော့သည်။

[host! ဟီးဟီး ဖရဲသီးတွေ အများကြီးပဲ။ ဖရဲသီးတွေ အများကြီးပဲ။]

ချင်ရစ်လော့နှင့် ဝူလုချန် ။”...”

ရုတ်တရက်ဆိုသလို သူတို့နှစ်ယောက်စလုံး စိတ်မသက်မသာ မဖြစ်ကြတော့ဘဲ ဖရဲသီးစိတ်သာ ဝင်လာလေတော့သည်။

All Chapters