← Chapters

အခန်း ၈၆

Vol. 9 Ch. 86

အခန်း ၈၆

Vol. 9 Ch. 86

အခန်း ၈၆

အကျပ်အတည်းတစ်ခု ကျရောက်တော့မည် ဖြစ်လေသောကြောင့် အဖွဲ့ဝင်တိုင်း၏ မျက်နှာများမှာ မည်းမှောင်၍နေ၏။

ရှန်ချီမောင်နှမများပင်လျှင် မျက်နှာပေါ်၌ လေးနက်သော အမူအရာများကို ချိတ်ဆွဲထားကြသည်။

လက်ရှိပြဿနာမှာ အသေးအမွှားကိစ္စ မဟုတ်ချေ။ သူတို့သည် တိုက်ကွက်အကြီးကြီးအောက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း နဥ်ရွှီ၏ မျက်နှာမှာတော့ တင်းမာမှုလက္ခဏာ တစ်စုံတစ်ရာမှ မပြသလာချေ။

ဤရတနာများသည် ထိုတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမှာ သေချာပါသည်။ မဟုတ်ပါက ဖရဲသီးစားခြင်း စနစ်သည် အမှုမဲ့အမှတ်မဲ့ ပြုမူခိုင်းမည် မဟုတ်ပေ။

ထိုအချိန်တွင် ဖရဲသီးစားခြင်းစနစ်၏ အော်ဟစ်သံအား ကြားလိုက်ရလေသည်။

[host လာပြီ။]

လူတိုင်း၏ အမူအရာများ ရုတ်ခြည်း တင်းမာလာကုန်၏။

ရက်စက်ကြမ်းကြုတ်သော မိစ္ဆာ မျိုးနွယ်၏ ဤတိုက်ခိုက်မှုသည် ကမ္ဘာကြီးကို ဖျက်စီးပစ်နိုင်သော စွမ်းအားများကို သယ်ဆောင်လာရာ ၎င်းတို့၏ ခွန်အားအပြည့်နှင့်

တိုက်ခိုက်လာပါက အားကုန်သုံး၍ တားဆီးရလိမ့်မည်။

ထိုအခိုက် လေထုကြီး ရုတ်ခြည်းဆိုသလို ရပ်တန့်သွားသည်။

အချိန်ပင် အေးခဲသွားသည့်အလားနှယ်။

လက်ရှိအချိန်တွင် နဥ်ရွှီပင် သူမ၏ ကိုယ်ပိုင်နှလုံးခုန်သံက နှေးကွေးသွားခဲ့ကြောင်း ခံစားနေရ၏။

ထိုသို့သော ဖိအားအောက်တွင် သူမ၏ လှုပ်ရှားမှုများပင် အနည်းငယ် နှေးကွေးလာသည်။

ခံစစ်ဝိညာဥ်လက်နက် အသက်ဝင်လာချိန်တွင် အကာအကွယ် ဒိုင်းလွှာများသည် မိစ္ဆာစွမ်းအင်ကြောင့် ချက်ချင်း ပျက်စီးသွားကြတော့၏။

ကံကောင်းထောက်မစွာဖြင့် နဥ်ရွှီတွင် ခုခံကာကွယ်နိုင်သော ဝိညာဥ်လက်နက်မှာ တစ်ခုထက်မက၏ ရှိနေခဲ့သည်။

တိုက်ခိုက်လာသည့်စွမ်းအင် မရောက်ခင် ခဏလေးမှာပင် သူမ ၎င်းတို့အားလုံးကို အသက်သွင်းခဲ့ပြီးချေပြီ။

ရှန်ချီမောင်နှမများသည်လည်း မတ်တတ်ရပ်ကြည့်မနေဘဲ သူတို့၏ အဖိုးတန်ဆုံးသော ဥစ္စာများကို ဝိညာဥ်လက်နက်များကို အသက်သွင်းလိုက်ကြပေ၏။

အကာအကွယ် အလွှာတစ်ခု ပျက်စီးပြီးနောက် နောက်တစ်ခု ကွဲအက်သွားသည်။ နောက်ဆုံးတစ်ခု အသုံးပြုပြီးမှသာ ယင်းဖိအားလည်း ရပ်တန့်သွားတော့သည်။

နဥ်ရွှီသည် ဤပြင်းထန်သော တိုက်ခိုက်မှုက သူမကိုသတ်နိုင်မည် မဟုတ်ကြောင်း သိထားပြီးသား ဖြစ်သော်လည်း သူမ အံ့အားသင့်နေဆဲ ဖြစ်၏။

လက်ရှိအခိုက်က အစွမ်းထက် သတ္တဝါများ၏ တိုက်ခိုက်မှုလှိုင်းကို ပထမဆုံးအကြိမ် တိုက်ရိုက် ရင်ဆိုင်ရခြင်းပင်။ အကယ်၍ ဤတိုက်ခိုက်မှုသည် အခြားသူများကို အဓိက မရည်ရွယ်ပါက

သို့မဟုတ် စွမ်းအင်ရောက်ရှိလာသည့် အချိန်၌ ၎င်း၏စွမ်းအား သိသိသာသာ လျော့မသွားပါက သူမတို့အားလုံး ထိုတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။

ဤတိုက်ပွဲသည် ယခင်တိုက်ပွဲ အသေးစားများနှင့် လုံးဝ နှိုင်းယှဉ်၍ မရချေ။

ပြင်းထန်သော ထိုးစစ်အောက်တွင် အဆင့်နိမ့် ကျင့်ကြံသူများအဖို့ လက်တုံ့ပြန်ရန် လုံးလုံးလျားလျား စွမ်းအားမရှိကြပေ။

အဆင့်မြင့် ကျင့်ကြံသူများအမြင်တွင် အဆင့်နိမ့် ကျင့်ကြံသူများသည် ပုရွက်ဆိတ်များကဲ့သို့နှယ် အရေးမပါလှပေ။

လက်ရှိအချိန်အထိ နဥ်ရွှီ၏ ယုံကြည်ချက်မှာ မယိမ်းမယိုင်ပင် ဖြစ်၏။

လေထုထဲက တင်းမာမှုကြီး အထွတ်အထိပ်သို့ ရောက်ရှိသွားသည်နှင့်အမျှ ဖရဲသီးစားသည့် စနစ်၏ ကြွားဝါလိုသော အသံသည် လူတိုင်း၏ နားထဲ ပဲ့တင်ထပ်လာချေသည်။

[စိတ်လှုပ်ရှားစရာ ကောင်းတယ်! အရမ်းစိတ်လှုပ်ရှားစရာ ကောင်းတယ်!]

နဥ်ရွှီ။ ‘ဒါက တကယ် စိတ်လှုပ်ရှားစရာကောင်းတယ်။’

လူတိုင်း။ ‘....’

[ဟေးဟေးဟေး host မြူတွေက အရမ်းထူတော့ နင် အဝေးကြီးကို မမြင်ရလောက်ဘူး။ အခုနတုန်းကလေ ခုခံကာကွယ်တဲ့ ဝိညာဥ်လက်နက်မျိုးစုံကို

မီးရှူးမီးပန်းတွေလိုမျိုး ရူးရူးမိုက်မိုက် ပစ်လွှတ်လိုက်တာဟ။】

[လီမိသားစုက အဘိုးကြီးကို အချမ်းသာဆုံးပုဂ္ဂိုလ်လို့ ခေါ်ကြတာ မဆန်းပါဘူး။ သူ့လက်ထဲမှာ ပစ္စည်းကောင်းတွေ အများကြီးရှိတာပဲ။]

[မိစ္ဆာမျိုးနွယ်ရဲ့ တိုက်ခိုက်မှုကို ခုခံဖို့ ဝိညာဥ်လက်နက်တွေ အများကြီး သုံးလိုက်တာတောင် အဲဒါကသူ့အတွက် နည်းနည်းလေးပဲ ရှိသေးတယ်။

ရှန်ချီမိသားစုရဲ့ ဘဏ္ဍာတွေကတော့ နင့်ကိုတောင် မယှဥ်နိုင်ဘူး။]

ရုတ်တရက် ထည့်ပြောခံလိုက်ရသည့် ရှန်ချီ မောင်နှမများ။ “....”

ရှန်ချီမိသားစုသာ အထွတ်အထိပ်တွင် ရှိနေပါက ထိုဆရာတပည့်သည် ရှန်ချီသန်းကိုသတ်ရန် ပွင့်ပွင့်လင်းလင်း ကြိုးစားဝံ့မည် မဟုတ်ပေ။

ရှန်ချီမိသားစု၏ မိသားစုခေါင်းဆောင်မှာ တံခါးပိတ်ကျင့်ကြံနေသည့် အကြောင်း တွေးတောမိလိုက်သောအခါ မောင်နှမနှစ်ယောက် မှုန်ကုပ်ကုပ်လေး ဖြစ်နေကြတော့သည်။

သို့သော် ဤအခြေအနေကြောင့် သူတို့၏ အမူအရာမှာ ထူးခြားမှုမရှိနေချေ။ ဖရဲသီးစားသည့် စနစ်နှင့် ၎င်း၏ ဂရုမစိုက်သော hostသာလျှင်

ဤအင်အားပြင်းသော တိုက်ခိုက်မှုနှစ်ခုပြီးနောက် ရယ်မောနိုင်သေးပေ၏။

[host နောက်ဆို နင်လည်း လုပ်နိုင်ပါပြီ။]

‘ဟုတ်တယ်!’

ဒုတိယတိုက်ခိုက်မှု အပြီးတွင် ကျွန်းပေါ်တွင် မြူများ ပို၍ထူထပ်လာသည်။

ထူထပ်သော မြူခိုးများကို အခွင့်ကောင်းယူ၍ နဥ်ရွှီနှင့် သူမ၏အဖွဲ့မှာ အသည်းအသန် ထွက်ပြေးခဲ့ကြသည်။

ပြင်းထန်သော တိုက်ခိုက်မှု၏ ဖိအားနှင့်အတူ လေထုသည်လည်း လေးလံနေ၏။

၎င်းတို့သည် ကျင့်ကြံမှုအဆင့် နိမ့်လွန်းလှသဖြင့် ထွက်ပြေးရာတွင်လည်း အလွန် နှေးကွေးနေကြသည်။

သူတို့ အရှိန်မြှင့်ချင်လျှင်ပင် အနှီဖိနှိပ်ထားသည့် အင်အားမှာ ကျွန်းတစ်ခုလုံးအပေါ် ဖုံးအုပ်ထားပြီး သူတို့၏ လွတ်မြောက်ချင်သည့် စွမ်းဆောင်ရည်ကို

သိသိသာသာ ဟန့်တားနေလေသည်။ ထို့ကြောင့် လေးလေးနက်နက် သတိကြီးကြီးထားနေကြကာ ခေတ္တအနားယူရန်ပင် မဝံ့မရဲ ဖြစ်နေကြ၏။

ထိုအချိန်တွင်ပင် ဖရဲသီးစားသည့် စနစ်သည် နဥ်ရွှီနှင့် အရည်ရွှမ်းသောဖရဲသီးများကို ရက်ရက်ရောရော မျှဝေနေသေးသည်။

[host ဖရဲသီးကြီးဟ ဖရဲသီးကြီး ကြားချင်လား။]

‘အင်း’

ထွက်ပြေးခြင်းသည်ပင် အတင်းအဖျင်း ခံစားချင်သည့် သူမ၏ဆန္ဒအား တားဆီးနိုင်မည် မဟုတ်ပေ။

လူတိုင်း။ “...”

[လီမိသားစု ဒီတစ်ခါတော့ ထိုးနှက်ချက်အကြီးကြီး ခံစားလိုက်ရပြီ။ အငယ်တန်း တော်တော်များများ ဆုံးသွားကြတယ်။]

[လီမိသားစုရဲ့ အချစ်ရူးက ဒီတစ်ခါ အိမ်ထဲကို ဝံပုလွေတစ်ကောင် ခေါ်သွင်းမိလိုက်တာလို့ ပြောရတော့မှာပဲ။]

[စကားမစပ် စောစောတုန်းက လီရှန့် ဒဏ်ရာအပြင်းအထန် ရသွားခဲ့တယ်မလား။

အခု ဒုတိယတိုက်ခိုက်မှုကြီး ပေါ်လာတော့ သူ့ရဲ့ချစ်လှစွာသော ဒုတိယဦးလေးက သူ့အသက်သူ ကယ်တင်ဖို့ပဲ စိတ်ပူခဲ့တာ

သူ့ကို တစ်ချက်ကလေးတောင်မှ မကြည့်သွားခဲ့ဘူး!]

နဥ်ရွှီသည် စိတ်အားထက်သန်စွာဖြင့် ပြေးလွှားနေရာမှ မေးလိုက်သည်။

‘ဒါဆို သူ...’

ဖရဲသီးစားခြင်း စနစ်သည် အမှုမဲ့အမှတ်မဲ့ ပြန်ဖြေလိုက်သည့်အလားနှယ် ဆတ်ခနဲ ပြန်ဖြေလာသည်။

[မရှိတော့ဘူး။]

လူတိုင်း။ “???”

‘မရှိတော့ဘူးလား။’

‘လီမိသားစုရဲ့ နောက်တက်မယ့် ခေါင်းဆောင်နေရာအတွက် အားကောင်းတဲ့ ပြိုင်ဘက်က ဒီလိုပဲ သေသွားပြီလား။’

‘ဒီအတိုင်း သေသွားပြီလား။’

ရှန်ချီမောင်နှမများခမျာ မထိန်းနိုင်ဘဲ အနည်းငယ် ထိတ်လန့်သွားကြလေတော့သည်။

ဤသတင်းကို အနည်းငယ် မျှော်လင့်ထားပြီးသား ဖြစ်ရုံမက လီရှန့်အတွက်လည်း ဤသည်မှာ အကောင်းဆုံးအဆုံးသတ် ဖြစ်သွားခဲ့၏။

သူမ လက်ရှိအခြေအနေမှ မတော်တဆ လွတ်မြောက်ခဲ့လျှင်ပင် သူမ၏ လုပ်ရပ်များအတွက် စိစစ်ခံရဦးမည်ပင်။

သို့ဖြစ်လာလျှင် တောက်ပသည့် အနာဂတ်မှာ သူမကို စောင့်ကြိုနေတော့မည် မဟုတ်ချေ။

ဤသွေးချင်း ဆက်နွယ်နေသော ဇနီးမောင်နှံအကြောင်း ပြောရသောအခါ အတင်းအဖျင်းစနစ်သည် အလွန် စိတ်လှုပ်ရှားစွာ ဆက်လက်ဆိုလေ၏။

“လီရှန့်နဲ့ သူ့ရဲ့လက်တွဲဖော်တို့ ဘဝကတော့ SE လေး ဖြစ်သွားပြီ။]

[အဲဒီဒုတိယဦးလေးက ယောက်ျား မဟုတ်ဘူး။ အန္တရာယ်နဲ့ကြုံရတော့ သူက လီရှန့် သေသေရှင်ရှင် လုံးဝ ဂရုမစိုက်ဘဲ သူ့အသက်ရှင်ဖို့ အရေးကိုပဲ အာရုံစိုက်တာ။]

[နှိုင်းယှဉ်ကြည့်လိုက်ရင် လီယွိကမှ တော်သေးတယ် သူက စေ့စပ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ အဲဒီဒုတိယဦးလေးနဲ့ ယှဥ်ရင် အများကြီး သာတယ်။]

[ဒုတိယလှိုင်း တိုက်ခိုက်လာတော့လည်း သူ့ညီမကို တစ်ချိန်လုံး ကာကွယ်ခဲ့တာ။ နောက်ထပ် ဒဏ်ရာမရအောင်ပါ ကာကွယ်ပေးခဲ့တာ။]

[သူ့ရဲ့ စေ့စပ်ထားသူကကျ ဘယ်သူမှမကာကွယ်ပေးခဲ့ဘူး။ ဝိညာဥ်လက်နက် တစ်ခုကြောင့် အသက်ရှင်ခဲ့ပေမဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားရှာပြီ။]

[သူက သူ့ညီမအရင်းကိုပဲ ဂရုစိုက်တာ။ သူ့အနာဂတ် ဇနီးလောင်းကို လုံးဝ ဂရုမစိုက်ဘူး။]

[ဒီစေ့စပ်ပွဲက ဆက်မဖြစ်နိုင်လောက်တော့ဘူး။]

အတင်းအဖျင်းစနစ်၏ လေသံသည် အဆုံးသတ်ကို ပြောပြပြီးသောအခါ အနည်းငယ် ရွှင်မြူးသွားခဲ့သည်။ အတင်းအဖျင်း ပြောရချိန်က ၎င်းအနှစ်သက်ဆုံး အချိန်ပင်။

နဥ်ရွှီ။ “...”

လီမိသားစုတွင် ဖြစ်ပွားခဲ့သော ဤအကျပ်အတည်းသည် ပြဿနာအနည်းငယ်ကိုပါ ဖော်ထုတ်နိုင်ခဲ့၏။

ထို့အပြင် အရည်ရွှမ်းသော ဖရဲသီး၏ အသေးစိတ်အချက် အချို့ကိုလည်း ကြားလိုက်သည်။

သွေးရင်းသားရင်း ဆက်ဆံရေး အတွဲနှစ်တွဲအကြောင်း အတင်းအဖျင်း ပြောပြီးသောအခါ နဥ်ရွှီတစ်ယောက် ဝူမိသားစုခေါင်းဆောင်နှင့် နတ်ဘုရားမအကြောင်းကို မေးမြန်းရန် မစောင့်နိုင်တော့ပေ။

[ဝူမိသားစုခေါင်းဆောင်နဲ့ နတ်ဘုရားမတို့ နှစ်ယောက်လုံး အသက်ရှင်ကြပါတယ်။]

[ဝူမိသားစုရဲ့ မျိုးဆက်သစ်တွေကတော့...]

[သေဆုံးသူတချို့ ရှိတယ်။]

ဤသတင်းကို ကြားလိုက်ရသောအခါ ဝူလုချန် မျက်လုံးများ နီရဲလာတော့သည်။

ဖရဲသီးစားသည့် စနစ်နှင့် နဥ်ရွှီတို့ရှေ့တွင် သူကြားနေရကြောင်း ထုတ်မပြမိစေရန် သတိထားနေရ၏။

မဟုတ်လျှင်တော့ သူ မျက်ရည်ကျမိလိမ့်မည်။ သူသည် ဝူမိသားစု၏ မျိုးဆက်သစ် လူငယ်အများစုနှင့် အတော်လေး ရင်းနှီးခဲ့သည်။

လီမိသားစုသည် ဤခရီးစဉ်တွင် အဖြစ်ဆိုးကြီးနှင့် ကြုံတွေ့ရမည်ဟု မည်သူထင်ထားလိမ့်မည်နည်း။

ထိုသို့ပြောပြီးနောက် ဖရဲသီးစားသည့်စနစ်သည် စိတ်သက်သာရာ ရသွားစေရန် နောက်စကားတစ်ခွန်အား အမြန် ထပ်ထည့်ခဲ့သည်။

[ဒါပေမဲ့ လီမိသားစုနဲ့ နှိုင်းယှဉ်ရင် ဝူမိသားစုရဲ့ ဆုံးရှုံးမှုက သိပ်မပြင်းထန်ပါဘူး။]

ယနေ့တွင် လီမိသားစုသည် အလွန် ကြီးမားသော ထိုးနှက်ချက်ကြီးကြောင့် ကြီးကြီးမားမား ဆုံးရှုံးခဲ့ရသည်။

မတိုင်ခင်က အခြေအနေအထိ ပြန်ကောင်းလာရန် အနည်းဆုံး နှစ်တစ်ရာလောက် အချိန်ယူရလိမ့်မည်။

ဝူမိသားစုမှာ ဆုံးရှုံးခဲ့ရသော်ငြား ၎င်းတို့က နှစ်အနည်းငယ်အတွင်း ပြန်လည် ကောင်းမွန်လာနိုင်သည်။

နဥ်ရွှီမှာတော့ ဝူမိသားစုခေါင်းဆောင်နှင့် နတ်ဘုရားမအကြောင်းကို ပိုမိုမေးမြန်းချင်သေးသည်။

အတင်းအဖျင်းစနစ်မှာ သူတို့ “အသက်ရှင်” ကြောင်းသာ ဖော်ပြခဲ့၏။

သူတို့၏ လက်ရှိအခြေအနေမှာ ထင်ထားသလောက် သိပ်မကောင်းသေးချေ။

နဥ်ရွှီ ထပ်မေးတော့မည်အပြု ဖရဲသီးစားခြင်း စနစ်က စိတ်လှုပ်ရှားစွာဖြင့် ကြေငြာလိုက်ပါတော့သည်။

[hostရေ ငါတို့ နောက်ထပ် သူသေကိုယ်သေ ရန်သူတွေ ထပ်ရပြီ!]”

နဥ်ရွှီ။ “???”

သူမသည် “ကျင့်ကြံသူသုံးထောင် သတင်းဖလှယ်ရာ ဧရိယာ” တွင် မည်သည့် အတင်းအဖျင်းကိုမျှ မထုတ်ပြန်ခဲ့သဖြင့် နောက်ထပ်ရန်သူ အနည်းငယ်ကို ထပ်ရရန် မဖြစ်နိုင်ချေ။

ကျင့်ကြံခြင်းလောကမှ အချမ်းသာဆုံးသူ၏ မွေးနေ့ပွဲတွင် သူမ ဘာအမှားမှ မလုပ်ခဲ့ဘူး မဟုတ်ပါလား။

သူမ ဘယ်သူ့ကို ဘာဒုက္ခမှလည်း မပေးခဲ့ပေ။

သူမ ထိုသို့တွေးနေချိန်မှာပင် မိစ္ဆာမျိုးနွယ်၏ ဒုတိယတိုက်ခိုက်မှုကို နှိုးဆွပေးခဲ့သည့် တရားခံ အစ်ကိုဝက်သည် လျှပ်စီးကြောင်းကဲ့သို့ အလျင်ဖြင့် ပြေးလာကာ

သူမ၏ ဝိညာဉ်သားရဲအိတ်ထဲသို့ လျစ်ခနဲ ပြန်ဝင်သွားလေ၏။

ဝိညာဥ်သားရဲအိတ်ထဲသို့ ဝင်ပြီးသည်နှင့်တစ်ပြိုင်နက် ထိုဝက်သည် ပြန့်ကျဲထွက်လာပြီး အခြားသူများ၏ သေရေးရှင်ရေးကို လုံးဝ သတိမမူဘဲ

ကျယ်လောင်စွာ ဟောက်လိုက်တော့သည်။

သခင်သည် ၎င်းတို့၏ဝိညာဉ်သားရဲကို အဝေးမှတစ်ဆင့် ပြန်သိမ်းယူနိုင်သည်။ အလားတူပင် ဝိညာဥ်သားရဲသည်လည်း အချိန်မရွေး ဝိညာဥ်သားရဲအိတ်ထဲသို့ ပြန်သွားနိုင်၏။

မိစ္ဆာအုပ်စုသည် ၎င်းတို့ရှေ့မှ ဝက်တစ်ကောင်လုံး ရုတ်တရက် ပျောက်ကွယ်သွားသောအခါမှသာ ဤဝက်တွင် ပိုင်ရှင်ရှိကြောင်း သိလိုက်ကြလေ၏။

ပိုင်ရှင်ဘက်သို့ ပြန်သွားနိုင်သည့် စွမ်းရည်ကိုကြည့်လျှင် ထိုပိုင်ရှင်သည် လုံခြုံပြီး အသက်ဘေးကင်းကြောင်း ဆိုလိုနေခြင်းပင်။

‘ဘယ်သူလဲ’

‘ဘယ်သူက အိမ်မွေးတိရစ္ဆာန်က သူတို့ရဲ့ မိစ္ဆာအမြုတေ အပိုင်းအစကို ခိုးသွားတာလဲ။’

‘သူတို့ရှေ့မှာ ဘယ်သူက ဒီလောက် ဂုဏ်တက်ရဲတာလဲ။’

နဥ်ရွှီခင်မျာတော့ မည်သည့်ရှု့ထောင့်မှ မပါဝင်လိုက်ပါဘဲနှင့် မိစ္ဆာတစ်စု၏ ပစ်မှတ်ထားခြင်းကို ခံနေရပေပြီ။

မည်သို့ပင်ဆိုစေကာမူ အကြွေးများလေလေ စိုးရိမ်မှုနည်းလေလေ ဖြစ်သည်။ သူမသည် ကျင့်ကြံသူ မြောက်များစွာကို စော်ကားပြီးနေပြီ ဖြစ်ရာ

နောက်ထပ် မိစ္ဆာအနည်းငယ်ကို ရန်စမိ၍လည်း ဘာမှမထူးတော့ချေ။

ထိုအခိုက်၌ ဖရဲသီးစားခြင်း စနစ်သည်လည်း အလွန်အမင်း စိတ်အားထက်သန်နေပါသည်။

[host! သူတို့ကိုနောက်မှ ဗျင်းကြမယ်။]

‘ဟုတ်ပြီ၊ သူတို့ကို ဗျင်းကြမယ်!’

လူတိုင်း။ “...”

All Chapters