အခန်း ၇
Vol. 1 Ch. 7
အပိုင်း(၇)
သွေးမှို မြို့တော်...
သွေးမှိုမြို့တော်ကို အလွန် ဂုဏ်သတင်းကြီးမားလှသော ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် သွေးမှို ကုမ္ပဏီအတွင်း၌ ချုပ်နှောင်ထားသော အစွမ်းအထက်ဆုံး စပက်တာ ‘သွေးမှို’ ၏ အမည်ကို အစွဲပြု၍ မှည့်ခေါ်ထားခြင်း ဖြစ်လေသည်။
အစွမ်းထက်သော စပက်တာ အားလုံးနီးပါးနှင့် ခြားနားစွာပင် သွေးမှို မှာမူ ဉာဏ်ရည်မြင့်မားခြင်း မရှိပေ။ အမည်နှင့် လိုက်ဖက်စွာပင် သွေးမှိုသည် ချောင်ပိတ်လှောင်ရုံ တစ်ခုအတွင်း၌ နေထိုင်သော ဧရာမ မှိုကြီးတစ်ပွင့်သာ ဖြစ်လေသည်။
သွေးခြင် နည်းတူ သွေးမှို သည်လည်း လူသားများ၏ သွေးကို စုပ်ယူခြင်းဖြင့် စွမ်းအားများကို ရရှိလေသည်။ သို့သော် အပြန်အလှန်အားဖြင့် သွေးမှိုသည် လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်ပေးသည်။ ပို၍ အရေးကြီးသည်မှာ ဇီဖစ်စွမ်းအင်များကို ဖန်တီးပေးခြင်းပင် ဖြစ်လေသည်။
ဇီဖစ်စွမ်းအင်...
ဇီဖစ်စွမ်းအင်ကို အခြေခံအားဖြင့် အရာအားလုံးအတွက် အသုံးပြုနိုင်ပေသည်။ ၎င်းကို လျှပ်စစ်စွမ်းအင်၊ အပူစွမ်းအင်၊ ရွေ့လျားမှု စသည်တို့အဖြစ် ပြောင်းလဲနိုင်ပြီး ထိုသို့ ပြောင်းလဲရာတွင်လည်း အလွန်အမင်း ထိရောက်မှု ရှိလေသည်။
ပို၍ အရေးကြီးသည်မှာ ဇီဖစ်စွမ်းအင်သည် ဇီဖစ်စွမ်းအင် ထုတ်ယူသူ များ၏ စွမ်းအားများကို တိုးမြှင့်ရန် အသုံးပြုနိုင်သည်။ ထို့ပြင် စပက်တာများကို ရင်ဆိုင်နိုင်စွမ်းရှိသည့် အစွမ်းထက်သော လက်နက်များကို ဖန်တီးရာတွင်လည်း အသုံးပြုနိုင်လေသည်။
ထိုသွေးမှိုပင်လျှင် သွေးခြင်က ဤမြို့တော်ကို ရွေးချယ်ရခြင်း၏ အကြောင်းရင်း ဖြစ်လေသည်။
သွေးခြင်သည် ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီအား သွေးများ စုဆောင်းရာတွင် ကူညီပေးမည် ဖြစ်သည်။ အပြန်အလှန်အားဖြင့် ထိုသွေးများထဲမှ အချို့ကို ၎င်းက ရယူမည် ဖြစ်လေသည်။ ကျန်ရှိနေသော သွေးများကို သွေးမှို အပေါ်သို့ ဖြန်းပက်ပေးမည် ဖြစ်ပြီး ထိုမှတစ်ဆင့် ဇီဖစ်စွမ်းအင် များကို ထုတ်လုပ်ပေးမည် ဖြစ်လေသည်။
ဇီဖစ်စွမ်းအင် ထုတ်ယူသူများကတော့ ဇီဖစ်စွမ်းအင်များကို စုဆောင်းကြရသည်။ ထို့နောက် လုပ်အားခအဖြစ် ထိုစွမ်းအင် အနည်းငယ်ကို သိမ်းဆည်းခွင့် ရရှိကြမည် ဖြစ်လေသည်။ ထို့နောက် ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီသည် စုဆောင်းရရှိလာသော ဇီဖစ်စွမ်းအင် များကို သူတို့ ကုမ္ပဏီ၏ အင်အားကို တိုးမြှင့်ရန် သို့မဟုတ် အခြားမြို့များသို့ ရောင်းချရန် အသုံးပြုကြမည် ဖြစ်လေသည်။
သို့သော် ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီအနေဖြင့် ပို၍ ကြီးထွားလာရန်နှင့် ငွေကြေးများစွာ ပိုမိုရှာဖွေနိုင်ရန်အတွက် ပို၍ အစွမ်းထက်သော စပက်တာ များ လိုအပ်လေသည်။ ထိုကဲ့သို့ ပို၍ အစွမ်းထက်သော စပက်တာ များကို ရရှိရန်အတွက် ပို၍ အစွမ်းထက်သော ဇီဖစ်စွမ်းအင် ထုတ်ယူသူ များ လိုအပ်လေသည်။
ဇီဖစ်စွမ်းအင် ထုတ်ယူသူ...
ဤအရာသည် နစ် ဖြစ်ချင်သော အရာပင် ဖြစ်လေသည်။
ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ဦး ဖြစ်လာခြင်းဟူသည်မှာ စွမ်းအားကြီးမားလာပြီး ပိုမိုကောင်းမွန်သော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ခြင်းပင် ဖြစ်လေသည်။
နစ်သည် ဆင်ခြေဖုံးရပ်ကွက်ကြီး အတွင်းမှ လွတ်မြောက်ကာ ပိုမိုကောင်းမွန်သော ဘဝတစ်ခု၌ ရှင်သန်ချင်ခဲ့ခြင်း ဖြစ်လေသည်။
အခွန်ကောက်ခံသူများ ထွက်ခွာသွားပြီးနောက်တွင် ဈေးအတွင်း၌ အခြေအနေများမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့လေသည်။
လူအများစု၏ စိုးရိမ်ပူပန်မှုများသည် သက်သာရာရခြင်း သို့မဟုတ် လက်ခံလိုက်ခြင်းများဖြင့် အစားထိုးသွားခဲ့လေသည်။
ဝမ်းနည်းစရာ ကောင်းသည်မှာ ယနေ့တွင် လူအများအပြားသည် သွေး နှစ်လီတာခန့် ဆုံးရှုံးခဲ့ရသော်လည်း သူတို့သည် အိမ်သို့ပြန်၍ အနားမယူနိုင်ခဲ့ကြပေ။
သူတို့သည် အလုပ်လုပ်ပြီး ငွေရှာရန် လိုအပ်လေသည်။ သို့မဟုတ်ပါက နောက်ထပ် တစ်လအကြာတွင် သူတို့၏ သွေးများဖြင့် ထပ်မံ ပေးဆောင်ကြရမည် ဖြစ်လေသည်။
နစ်သည် သူ၏ ပုံမှန်နေရာသို့ ပြန်သွားပြီး ဆိုင်းဘုတ်ကို ဆက်လက် ကိုင်ဆောင်ထားလိုက်လေသည်။
သူ အဲဘတ်ကို ယုံကြည်လေသည်။ ထို့ပြင် အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ လူအများ မြင်သာအောင် နေရန် အဲဘတ်က သူ့ကို ပြောခဲ့မည် မဟုတ်ကြောင်း သူ သေချာပေါက် သိရှိထားလေသည်။
ဝမ်းနည်းစရာ ကောင်းသည်မှာ ထင်ရှားသော သူ မည်သူကမျှ နစ်ကို လာရောက် စကားမပြောခဲ့ကြချေ။ အတန်ကြာသောအခါတွင် ဗိုက်ဆာလာသောကြောင့် သူ အိမ်သို့ ပြန်ခဲ့ရလေသည်။
ယခုအချိန်တွင် နစ်သည် သတ္တုဖြင့် ပြုလုပ်ထားသော လေးထောင့်တုံး အခန်းငယ်လေးထဲတွင် နေထိုင်ခြင်း မရှိတော့ပေ။ အိမ်အစစ် တစ်လုံးတွင် နေထိုင်နေပြီ ဖြစ်သည်။ သို့သော် ထိုအိမ်မှာလည်း သံချေးတက်နေသော သတ္တုများဖြင့် ပြုလုပ်ထားခြင်းပင် ဖြစ်လေသည်။
မကြာသေးမီက ချမ်းသာသော သူတစ်ယောက် သေဆုံးသွားခဲ့သည်။ ထို့ကြောင့် သူ၏ အိမ်မှာ လွတ်လပ်သွားခဲ့ခြင်း ဖြစ်လေသည်။
ဆိုရလျှင် လွတ်လပ်သွားသည်ဟူသော စကားလုံးမှာ မှန်ကန်ချင်မှ မှန်ကန်မည် ဖြစ်လေသည်။
ထိုအမျိုးသား သေဆုံးသွားပြီးနောက် သူ၏ သားဖြစ်သူက ထိုအိမ်၏ ပိုင်ရှင် ဖြစ်လာခဲ့လေသည်။
ပြဿနာမှာ ထိုသားဖြစ်သူသည် အသက် ဆယ့်တစ်နှစ် အရွယ် ကလေးသာ ရှိသေးခြင်း ဖြစ်လေသည်။
ထို့ကြောင့်ပင် ဂိုဏ်းများသည် ထိုကလေးထံမှ အိမ်ကို လုယူချင်ခဲ့ကြသည်။ သို့သော် နစ်သည် နှစ်ဖက်ကြားတွင် ဝင်ရောက်ကာ ထိုကလေးကို ကာကွယ်ပေးခဲ့လေသည်။
နစ်သည် ကလေးနှင့် သူ၏ အမွေအနှစ်များကို ကာကွယ်ပေးမည် ဖြစ်သည်။ သို့သော် အပြန်အလှန်အားဖြင့် နစ်သည် သူတို့၏ ငွေကြေးများကို အစားအသောက်နှင့် အခွန်ပေးဆောင်ရန်အတွက် အသုံးပြုခွင့် ရရှိခဲ့လေသည်။
သေချာပါသည်။ ထိုကလေးသည် အခြား ရွေးချယ်စရာ မရှိသောကြောင့် လက်ခံခဲ့ရခြင်း ဖြစ်လေသည်။
တိုက်ပွဲ အနည်းငယ် ဖြစ်ပွားပြီးနောက်တွင် ဂိုဏ်းများသည် ထိုကိစ္စအတွက် ပြဿနာရှာရန် မတန်ကြောင်း ဆုံးဖြတ်လိုက်ကြလေသည်။
အကယ်၍ နစ်ကသာ သာမန်လူ တစ်ယောက် ဖြစ်နေပါက သူ့ကို ရိုက်နှက်ရန်အတွက် သူတို့သည် လူဆယ်ယောက်ခန့်ကို စေလွှတ်လိုက်မည်သာ ဖြစ်သည်။ သို့သော် တကယ်တမ်းတွင် နစ်သည် အသက်ဝင်နေသော ဇီဖစ်စွမ်းအင် ချိတ်ဆက် တစ်ခုကို ပိုင်ဆိုင်ထားလေသည်။
မည်သူကမျှ ပြင်းထန်စွာ ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်း မရှိသေးပေ။ သို့သော် သူတို့ကသာ အခြေအနေများကို ပိုမို ဆိုးရွားလာစေရန် ဖန်တီးပါက အရာအားလုံးသည် လျင်မြန်စွာ ပြောင်းလဲသွားနိုင်လေသည်။
သူတို့၏ အင်အားဖြင့် နစ်ကို အနိုင်ယူနိုင်ပါသည်။ သို့သော် သူတို့သည် ထိုအတွက် ပေးဆပ်ရမည့် တန်ဖိုးကို မပေးချင်ကြပေ။ ထိုအိမ်မှာ ပျမ်းမျှထက် အနည်းငယ်မျှသာ သာလွန်သောကြောင့် အလွန်အမင်း တန်ဖိုးရှိလှသည်တော့ မဟုတ်ချေ။ ထို့ပြင် ကလေးတွင်လည်း ထိုအိမ်ကို ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောဆိုနိုင်ခွင့် ရှိနေသောကြောင့် ဂိုဏ်းများ အနေဖြင့် အလွန်အကျွံ အနိုင်ကျင့်၍ မရနိုင်ပေ။
ဉာဏ်ရည်ထက်မြက်ပြီး စနစ်တကျ ဖွဲ့စည်းထားသော ရာဇဝတ်ကောင်များသည် ပျော်ရွှင်နေသော သိုးအုပ်တစ်အုပ်ကို ဦးဆောင်ရသည်မှာ ထိတ်လန့်နေသော သိုးအုပ်တစ်အုပ်ကို ဦးဆောင်ရသည်ထက် ပို၍ လွယ်ကူကြောင်း သိရှိထားကြလေသည်။
ထို့ကြောင့်ပင် အာမခံဂိုဏ်း၏ ခေါင်းဆောင်သည် အခွန်ငွေ ကွာဟချက်ကိုပင် သူ၏ အိတ်ကပ်ထဲမှ စိုက်ထုတ်ပေးရန် ဆန္ဒရှိခဲ့ခြင်း ဖြစ်လေသည်။
သူ၏ တပည့်အချို့သည် ကောက်ခံရရှိထားသော အခွန်ငွေများထဲမှ ရန်ပုံငွေ အချို့ကို ခိုးယူထားသည်မှာ သိသာထင်ရှားလှသည်။ ထို့ကြောင့် သူတို့သည် အတွင်းပိုင်း စုံစမ်းစစ်ဆေးမှု တစ်ခုကို ပြုလုပ်ကြမည် ဖြစ်လေသည်။
အကယ်၍ ခေါင်းဆောင်ဖြစ်သူကသာ ပျောက်ဆုံးသွားသော ငွေကြေးများနှင့်အတူ လူရှစ်ယောက်ကို ရိုးရှင်းစွာ လွှဲပြောင်းပေးရန် ဆုံးဖြတ်ခဲ့ပါက သူ၏ အာမခံဂိုဏ်းသည် ယခင်ကလောက် ယုံကြည်စိတ်ချရတော့မည် မဟုတ်ပေ။ နောက်လတွင် သူတို့၏ ယခင် ဖောက်သည်များထဲမှ ရာခိုင်နှုန်း ၇၀ ခန့်ကိုသာ ပြန်လည် ရရှိနိုင်တော့မည် ဖြစ်လေသည်။
အာမခံဂိုဏ်းသည် ကာကွယ်စောင့်ရှောက်ခနှင့် ဝန်ဆောင်ခ အဖြစ် အခွန်ငွေ၏ ၁၀ ရာခိုင်နှုန်းကို တောင်းခံလေ့ရှိသည်။ ဆိုလိုသည်မှာ လူကြီးများသည် သူတို့၏ ငွေကြေး ၁၀၀ ကို ကာကွယ်ရန်အတွက် ဆယ်ကျပ်ကို အာမခံဂိုဏ်းသို့ ပေးဆောင်ရမည် ဖြစ်လေသည်။ ထိုနည်းဖြင့် သူတို့သည် လမ်းမပေါ်၌ လုယက်ခြင်း၊ ဓားပြတိုက်ခြင်းများမှ အာမခံဂိုဏ်း၏ ကာကွယ်ပေးမှုကို ခံရမည် ဖြစ်သည်။
ဖောက်သည် ၄၈၀ ခန့် ရှိသောကြောင့် စုစုပေါင်း ငွေကြေး ၄,၈၀၀ ရရှိမည် ဖြစ်သည်။ ခေါင်းဆောင်ဖြစ်သူက သူ၏ အိတ်ကပ်ထဲမှ ၈၀၀ ကို စိုက်ထုတ်ပေးလိုက်ရလျှင်ပင် သူတို့သည် အမြတ်ငွေ ၄,၀၀၀ ကို ရရှိနေဆဲ ဖြစ်လေသည်။
အကယ်၍ သူကသာ ငွေ ၈၀၀ ကို လွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့ပါက ယနေ့တွင် သူတို့ ငွေ ၈၀၀ ကို စုဆောင်းမိမည် ဖြစ်သည်။ သို့သော် လာမည့် လများစွာ တစ်လျှောက်လုံးတွင် လစဉ် အမြတ်ငွေ ၁,၅၀၀ ခန့် ဆုံးရှုံးသွားနိုင်ချေ ရှိလေသည်။
မှန်ပါသည်။ သူတို့သည် ရာဇဝတ်ကောင်များ ဖြစ်ကြပါသည်။ ဤနေရာသည်လည်း ဆင်ခြေဖုံးရပ်ကွက်ကြီး ဖြစ်သည်။ သို့သော်လည်း... လူများသည် သူတို့ ပေးဆောင်သော ဝန်ဆောင်မှုများကို ကျေနပ်အားရမှု ရှိစေရန်မှာ အရေးကြီးလှပေသည်။
ထို့ပြင် အားကိုးရာမဲ့နေသော ကလေးတစ်ယောက်ကို ကာကွယ်ပေးနေသူ တစ်ဦးနှင့် စစ်ခင်းရခြင်းမှာ ဆိုးရွားလှပေသည်။
ထိုကိစ္စမှာ လုံးဝ မတန်ချေ။
အရာအားလုံးတွင် ကောင်းကျိုးနှင့် ဆိုးကျိုးများ ရှိစမြဲပင် ဖြစ်လေသည်။
နစ်သည် ကောင်းမွန်သော အိမ်တစ်လုံးကို ရရှိခဲ့ပြီး ငွေကြေးပြဿနာများလည်း မရှိတော့သော်လည်း မည်သည့်ဂိုဏ်းအတွက်မဆို အလုပ်လုပ်ခွင့် ရရှိနိုင်မည့် အခွင့်အရေးကိုမူ အမြဲတမ်းအတွက် ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်လေသည်။
***