← Chapters

အခန်း ၃၄

Vol. 3 Ch. 34

အခန်း ၃၄

Vol. 3 Ch. 34

အပိုင်း(၃၄)

မြို့စောင့်တပ်သားများထဲမှ တစ်ယောက်က လျှောက်လာပြီး ဧည့်ကြိုမလေးထံသို့ ကတ်ပြားတစ်ခုကို ကမ်းပေးလိုက်သည်။

ဧည့်ကြိုမလေးက သူ့ကို ကျေးဇူးတင်စကား ဆိုလိုက်ပြီး ကတ်ပြားကို စတီးလ်ပြား တစ်ခုပေါ်သို့ တင်လိုက်သည်။

ထို့နောက် သူမသည် ရွှံ့စေးနှင့် တူသော အပိုင်းအစငယ်လေး တစ်ခုကို ယူကာ ၎င်းပေါ်၌ ၄,၈၀၀ ဟူသော ဂဏန်းကို ရေးမှတ်လိုက်သည်။

နောက်တစ်ခဏတွင် သူမသည် ဂဏန်း၏ အောက်ဘက်၌ လက်မှတ်ငယ်လေး တစ်ခု ထိုးလိုက်ပြီး ရွှံ့စေး အပိုင်းအစကို မြို့စောင့်တပ်သားထံသို့ ကမ်းပေးလိုက်သည်။

မြို့စောင့်တပ်သားသည် တုန်ယင်သော သက်ပြင်းတစ်ချက်ကို ချလိုက်ပြီး ၎င်းပေါ်၌ လက်မှတ်ထိုးလိုက်သည်။

"ကျေးဇူးတင်ပါတယ်ရှင်..."

ဧည့်ကြိုမလေးက ပြောလိုက်ရင်း ကတ်ပြားကို ရွှံ့စေး အပိုင်းအစပေါ်သို့ တင်ကာ အရာအားလုံးကို သတ္တုသေတ္တာ တစ်ခုထဲသို့ ထည့်လိုက်သည်။

သေတ္တာထဲမှ အစိမ်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

အခိုက်အတန့်အကြာတွင် ဧည့်ကြိုမလေးသည် ကတ်ပြားကို ထုတ်ယူကာ မြို့စောင့်တပ်သားထံသို့ ကမ်းပေးလိုက်သည်။

တစ်ချိန်တည်းမှာပင် သူမသည် ယခုအခါ မာကျောသွားပြီဖြစ်သော ရွှံ့စေး အပိုင်းအစကို ထုတ်ယူကာ သူမ၏ စားပွဲအောက်၌ ထည့်သွင်းလိုက်သည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ ဘဏ်နှင့် တိုက်ရိုက် ဆက်သွယ်ရန် လွယ်ကူသော နည်းလမ်း မရှိခဲ့ပေ။

အပတ်စဉ်တိုင်း၌ လုပ်ငန်းရှင်များသည် ထိုရွှံ့စေး အပိုင်းအစငယ်များကို ဘဏ်များသို့ ပို့ဆောင်ကာ ငွေထုတ်ယူကြရလေသည်။

ဧည့်ကြိုမလေးသည် ရှုပ်ထွေးသော အမည်းရောင် မျဉ်းကြောင်းများစွာ ပါရှိသည့် အစိမ်းရောင် လက်မှတ်တစ်ခုကို ဝင်တာ့ထံ ကမ်းပေးလိုက်သည်။

ဝင်တာသည် မြို့စောင့်တပ်သား နှစ်ဦးကို ကြည့်လိုက်သည်။

"ငါတို့ ကိစ္စပြီးပြီ... မင်းတို့ သွားလို့ရပြီ..."

"ကျေးဇူးတင်ပါတယ် သခင်လေး..."

မြို့စောင့်တပ်သားများထဲမှ တစ်ဦးက ပြောလိုက်သည်။ ထို့နောက် မြို့စောင့်တပ်သား နှစ်ဦးသည် ဆေးရုံထဲမှ ထွက်ခွာသွားကြလေသည်။

နောက်တစ်ခဏတွင် ဝင်တာသည် တစ်ကိုယ်လုံး ပြန်လည်ကုသရေး ရေချိုးကန်အတွက် လက်မှတ်ကို နစ်ထံသို့ ကမ်းပေးလိုက်သည်။

"ပျော်ရွှင်ပါစေကွာ…”

နစ်သည် ဝင်တာကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ဝင်တာက သူ၏ လက်မှတ်ကို သူ့အား ပေးကောင်း ပေးလိမ့်မည်ဟု သူ ထင်ထားခဲ့သော်လည်း အမှန်တကယ် ဖြစ်လာသောအခါတွင်တော့ နစ် အံ့အားသင့်နေဆဲ ဖြစ်သည်။ ဤမျှ စျေးကြီးသော အရာတစ်ခုကို လက်ခံရခြင်းအတွက် နစ် စိတ်မကောင်း ဖြစ်မိသည်။

"မင်းက ငါတို့အတွက် ပိုက်ဆံတွေ အများကြီး ရှာပေးခဲ့တာပဲ..."

ဝင်တာက နစ်ကို မကြည့်ဘဲ ပြောလိုက်သည်။

"ယူသာ ယူထားလိုက်ပါ..."

နစ် တုံ့ဆိုင်းနေခဲ့သော်လည်း အဆုံး၌ သူ လက်ခံလိုက်သည်။ မည်သို့ပင်ဆိုစေ သူသည်လည်း ဒဏ်ရာများကြောင့် တကယ် မသေချင်သေးပေ။ ထို့အပြင် သူ၏ လက်ရှိ အမူအရာက ပုံမှန်လို ဖြစ်နေသော်လည်း သူသည် အတော်လေး နာကျင်နေခဲ့ရသည်။

နစ်က လက်မှတ်ကို ယူလိုက်သောအခါ ဝင်တာ ခေါင်းညိတ်လိုက်သည်။

"ဆိုင်းဘုတ်တွေအတိုင်းသာ သွားလိုက်... ၃ နာရီနေရင် ငါ မင်းကို စောင့်နေမယ်... ပုံမှန်ဆိုရင် ဒီရေချိုးကန်တွေက အဲဒီလောက် အချိန်ယူရတယ်... အရင်တုန်းက ငါလည်း အကြိမ်တော်တော်များများ ချိုးခဲ့ဖူးတယ်..."

'သူလည်း အကြိမ်တော်တော်များများ ချိုးခဲ့ဖူးတယ်ပေါ့...'

နစ် တွေးလိုက်သည်။ ဝင်တာသည် သူရရှိခဲ့ဖူးသမျှ အသေးအဖွဲ ဒဏ်ရာတိုင်းအတွက် သုံးနာရီကြာ ရေချိုးကန်၌ ဝင်စိမ်ခဲ့မည်ဟု နစ် မထင်ပေ။ ဆိုလိုသည်မှာ ဝင်တာသည် ယခင်က အကြိမ်များစွာ ပြင်းထန်စွာ ဒဏ်ရာရခဲ့ဖူးခြင်း ဖြစ်ပေလိမ့်မည်။

"ကောင်းပါပြီ... ကျေးဇူးပဲ ဝင်တာ..."

နစ်က ပြောလိုက်သည်။ နောက်တစ်ခဏတွင် ဝင်တာ၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ပျော်ရွှင်ပါစေကွာ..."

သူက ထပ်ပြောလိုက်ပြီး တံခါးများထဲမှ တစ်ခုအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

နစ်သည် သူ၏ လက်ထဲရှိ လက်မှတ်ကို စိုးရိမ်တကြီးဖြင့် ကြည့်လိုက်သည်။

၄,၈၀၀ ခရက်ဒစ်...

လက်ရှိအချိန်၌ သူသည် သူ၏ လက်ထဲတွင် ၄,၈၀၀ ခရက်ဒစ်ကို ကိုင်ဆောင်ထားခြင်း ဖြစ်သည်။ နစ် သူ၏ လက်ထဲ၌ ကိုင်ဖူးသမျှ အများဆုံး ငွေပမာဏမှာ အတော်လေး မနှစ်မြို့ဖွယ်ကောင်းသော အလုပ်တစ်ခုကို ပြီးစီးပြီးနောက် ရရှိခဲ့သည့် ၅၀၀ သာ ဖြစ်လေသည်။

၄,၈၀၀ ခရက်ဒစ် ဆိုသည်မှာ အလွန် များပြားလှပေသည်။

အဆုံး၌ နစ်သည် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ပြီး မျက်နှာကြက်မှ တွဲလောင်းကျနေသော ဆိုင်းဘုတ်အချို့ကို ရှာတွေ့ခဲ့သည်။

နစ်၏ စာဖတ်စွမ်းရည်မှာ အားနည်းနေဆဲ ဖြစ်သည်။ သို့သော် အချိန်လုံလောက်စွာ ရပါက သူ ဖတ်နေသည့်အရာကို သူ နားလည်နိုင်ပေသည်။

သုံးမိနစ်ခန့် လှည့်လည်သွားလာပြီးနောက် နစ်သည် တစ်ကိုယ်လုံး ပြန်လည်ကုသရေး ရေချိုးကန်များဆီသို့ သွားရာ ဝင်ပေါက်ကို နောက်ဆုံး၌ ရှာတွေ့သွားခဲ့သည်။

နစ်သည် တံခါးကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး အခန်းထဲသို့ ကြည့်လိုက်သည်။ ၎င်းထဲ၌ လော့ကာ အချို့နှင့် အဝတ်အစားများ ထားရန် စင်အချို့ ရှိနေခဲ့သည်။

"ဝင်ခဲ့ပါရှင်..."

အမျိုးသမီး တစ်ဦးက ဖော်ရွေသော လေသံဖြင့် အော်ပြောလိုက်သည်။ နစ်သည် အခန်းထဲသို့ ကိုးရိုးကားယားဖြင့် ဝင်ရောက်သွားခဲ့သည်။ ထိုကဲ့သို့သော နေရာမျိုးသို့ သူ တစ်ခါမျှ မရောက်ဖူးခဲ့ချေ။

အခန်းထဲရှိ အမျိုးသမီးက နစ်၏ ပုံပန်းသဏ္ဌာန်ကို သတိပြုမိသွားသောအခါ သူမ၏ မျက်နှာပေါ်၌ နာကျင်ပြီး စိုးရိမ်နေသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

နစ်သည် သူ၏ လက်မှတ်ကိုသာ သူမအား ပြသလိုက်သည်။

"ဒီဘက်ကို ကြွပါရှင်..."

သူမသည် အတင်းပြုံးထားရင်း တံခါးများထဲမှ တစ်ခုကို လက်ဟန်ပြကာ ပြောလိုက်သည်။

"လူကြီးမင်းအနေနဲ့ သန့်စင်ရေး ရေချိုးကန်ကို အဝတ်အစားနဲ့ ချိုးမှာလား... ဒါမှမဟုတ် အဝတ်အစား မပါဘဲ ချိုးမှာလားရှင်..."

"သန့်စင်ရေး ရေချိုးကန်..."

နစ်က မေးလိုက်သည်။

"ဒါက တစ်ကိုယ်လုံး ပြန်လည်ကုသရေး ရေချိုးကန်လို့ ကျွန်တော် ထင်နေတာ..."

အမျိုးသမီးသည် ကိုးရိုးကားယားဖြင့်သာ ပြုံးလိုက်သည်။

"လူကြီးမင်း... ပြန်လည်ကုသရေး ရေချိုးကန် မချိုးခင်မှာ သန့်စင်ရေး ရေချိုးကန် အရင်ချိုးရတာက ထုံးစံပါပဲရှင်... ပြန်လည်ကုသရေး ရေချိုးကန်က ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့အတွက် လူကြီးမင်း သန့်ရှင်းနေဖို့ လိုအပ်ပါတယ်..."

"ဪ..."

နစ်က ပြောလိုက်သည်။

"ဒါဆိုရင် ကျွန်တော် အဝတ်အစားနဲ့ပဲ ချိုးပါရစေ..."

"ဟုတ်ကဲ့ပါရှင်..."

အမျိုးသမီးသည် ဘေးဘက်ရှိ တံခါးများထဲမှ တစ်ခုကို ဖွင့်ပေးရင်း ပြောလိုက်သည်။

"ကျေးဇူးပြုပြီး အထဲကို ဝင်ပါရှင်..."

နစ်သည် နေရာမှား ရောက်နေသကဲ့သို့ ခံစားရသော်လည်း အမျိုးသမီး၏ ညွှန်ကြားချက်များအတိုင်း လိုက်နာခဲ့သည်။

နစ် ဝင်ရောက်သွားသော အခန်းမှာ အတော်လေး သေးငယ်ပြီး အပြာနုရောင် ရေချိုးကန် ငါးခုကို သူ မြင်တွေ့နိုင်လေသည်။

"ကျေးဇူးပြုပြီး..."

အမျိုးသမီးက ရေချိုးကန်များထဲမှ တစ်ခုဆီသို့ လက်ဟန်ပြရင်း ပြောလိုက်သည်။

နစ်သည် ကိုးရိုးကားယားဖြင့် ရှေ့သို့ တက်သွားပြီး ရေချိုးကန်ထဲသို့ သူ၏ ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ နှိမ့်ချလိုက်သည်။

ရေနှင့် မတူသော အပြာရောင် အရည်များသည် ရေချိုးကန်ထဲမှ လျှံကျလာခဲ့သော်လည်း အလျင်အမြန်ပင် စီးဆင်း ပျောက်ကွယ်သွားခဲ့သည်။

ရွှီ...

နောက်တစ်ခဏတွင် နစ်၏ ပတ်လည်ရှိ ရေများမှာ ပူဖောင်းများ ထလာပြီး ဆူပွက်နေသော ရေနှင့်တူသည့် အသံများကို ထုတ်လွှတ်လာခဲ့သည်။ ၎င်းမှာ အတော်လေး ဆူညံလှပေသည်။

ဘေးဘက်၌ရှိသော အမျိုးသမီး၏ မျက်လုံးများမှာ အံ့သြတုန်လှုပ်မှုကြောင့် ပြူးကျယ်သွားခဲ့သည်။

"ဝါး..."

သူမက မရည်ရွယ်ဘဲ ရေရွတ်လိုက်မိသည်။

"အမ်..."

နစ်က အသံထွက်လိုက်သည်။

"တောင်းပန်ပါတယ်... ကျွန်မက အံ့သြသွားလို့ပါ... သန့်စင်ဆေးကြောရေးရေချိုးကန်က ဒီလောက်အသံကျယ်တာကို တစ်ခါမှ မကြားဖူးလို့ပါ..."

အမျိုးသမီးက ပြောသည်။

"ဒါက ပုံမှန်မဟုတ်ဘူးလား..."

နစ်က မေးမြန်းလိုက်သည်။

"ဟုတ်တယ် ပုံမှန်မဟုတ်ပါဘူး... သန့်စင်ဆေးကြောရေးရေချိုးကန်ထဲမှာ အန္တရာယ်ရှိတဲ့ အညစ်အကြေးတွေနဲ့ ထိတွေ့ရင် ကုန်ခန်းသွားတတ်တဲ့ အရည်တွေ ဖြည့်ထားတာပါ... အညစ်အကြေးတွေနဲ့ ပိုထိတွေ့လေ အရည်တွေ ပိုကုန်ခန်းလေပါပဲ... အရည်တွေ ကုန်ခန်းသွားတဲ့အခါ အခုလို တရှည်ရှည်မြည်တဲ့အသံ ထွက်လာတာပါ..."

အမျိုးသမီးက ရှင်းပြသည်။

"ဒါပေမဲ့ အရင်က ဒီလောက်အထိ အသံမကျယ်ဖူးပါဘူး..."

"ဘာတွေဖြစ်ခဲ့တာလဲလို့ ကျွန်မ မေးလို့ရမလား..."

သူမက မေးသည်။

"ကျွန်တော် ရေဆိုးမြောင်းထဲ ပြုတ်ကျသွားတာ..."

နစ်က ဖြေလိုက်လေသည်။

***

All Chapters