← Chapters

အခန်း ၃၇

Vol. 3 Ch. 37

အခန်း ၃၇

Vol. 3 Ch. 37

အပိုင်း(၃၇)

'တစ်ယောက်ယောက်က ငါ့ကို ဒီအကြောင်းတွေ ပြောပြမယ်...'

နစ်က မျက်ခုံးပင့်ကာ တွေးလိုက်သည်။ အချိန်အနည်းငယ်မျှ လျှောက်လာပြီးနောက် နစ်သည် ဂိုဒေါင်ရှေ့သို့ ရောက်ရှိလာခဲ့သည်။

ဂိုဒေါင်ကို မြင်တွေ့ရသည့် အချိန်တိုင်း နစ်သည် ၎င်းကို ကြည့်ရှုရန် အချိန်ခဏတာမျှ ယူလေ့ရှိသည်။ ထိုအဆောက်အအုံသည် ကြီးမားခမ်းနားလွန်းလှသည်တော့ မဟုတ်ပေ။ သို့သော်လည်း ၎င်းက သူ၏ အနာဂတ်ကို ကိုယ်စားပြုနေခဲ့သည်။ နစ်သည် ၎င်းအား ကြည့်နေရခြင်းကိုပင် သဘောကျနေခဲ့သည်။

နောက်ဆုံးတွင်တော့ နစ်သည် ပေတာကိုခေါ်ကာ ဂိုဒေါင်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

ဂိုဒေါင်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် နစ်သည် ချက်ချင်းပင် သတိဝီရိယ ရှိသွားခဲ့သည်။

ထိုအချိန်တွင် ဝတ်ရုံခြုံထားသော လူတစ်ယောက်က ဒရီမာ ၏ ထိန်းချုပ်ခန်း ဘေးရှိ ထိန်းချုပ်ခလုတ်ခုံကို သေချာစွာ စစ်ဆေးနေခဲ့သည်။

သို့သော်လည်း ဝင်တာ က သူ့ကို စောင့်နေမည့်သူ ရှိသည်ဟု ပြောထားခဲ့သည်။ ထို့ကြောင့် သူ ချက်ချင်း ဝင်ရောက်မတိုက်ခိုက်ခဲ့ပေ။

"ပေတာ... အပြင်မှာ ခဏစောင့်နေပေးပါ..."

ဝတ်ရုံခြုံထားသောသူက အနောက်သို့ လှည့်မကြည့်ဘဲ ပြောလိုက်သည်။ အသံကို ကြားလိုက်ရသောအခါ မည်သူဖြစ်ကြောင်းကို ပေတာ သိရှိသွားခဲ့သည်။ ထို့ကြောင့် သူက အလျင်အမြန်ပင် ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့ပါ ဆရာ..."

နောက်တစ်ခဏတွင် ပေတာသည် ဂိုဒေါင်ထဲမှ ထွက်ခွာသွားခဲ့သည်။

ထိုအချိန်၌ နစ်က ဝတ်ရုံခြုံထားသောသူကို မျက်မှောင်ကြုတ်ကာ ကြည့်နေခဲ့သည်။ ထိုအသံသည် ရင်းနှီးနေသော်လည်း သူ သေချာ မမှတ်မိနိုင်ခဲ့ပေ။ ဝတ်ရုံခြုံထားသူက နစ်ဘက်သို့ လှည့်လာခဲ့သည်။

"စာဖတ်လေ့ကျင့်ရတာ ဘယ်လိုနေလဲ..."

ထိုသူက မေးလိုက်သည်။ ထိုအခါမှသာ ထိုအသံကို မည်သည့်နေရာ၌ ကြားဖူးခဲ့ကြောင်း နစ် ရုတ်တရက် မှတ်မိသွားခဲ့သည်။

"အဲဘတ်..."

နစ်က အံ့သြတကြီးဖြင့် မေးလိုက်သည်။

ဝတ်ရုံခြုံထားသောသူဖြစ်သည့် အဲဘတ်က ရယ်မောလိုက်သည်။ ထို့နောက် ဝတ်ရုံကို ဖယ်ရှားလိုက်ရာ သူ၏ မီးခိုးရောင်နှင့် အမည်းရောင် ရောယှက်နေသော ဆံပင်များကို မြင်တွေ့လိုက်ရသည်။ အဲဘတ်၏ မျက်နှာကို မြင်လိုက်ရသောအခါ နစ်သည် တောက်ပစွာ ပြုံးလိုက်သည်။

"ဒီမှာ ဘာလုပ်နေတာလဲ..."

အနီးသို့ လျှောက်သွားရင်း နစ်က မေးလိုက်သည်။

"ဘာတွေဖြစ်ခဲ့လဲဆိုတာကို ဝင်တာ က ငါ့ကို ပြောပြတယ်..."

အဲဘတ်က ပြောသည်။

"ဒါက မင်းရဲ့ ပထမဆုံး စပက်တာ ဆိုတော့ လမ်းညွှန်မှု နည်းနည်းပါးပါး လိုအပ်မယ်လို့ သူက ထင်နေခဲ့တာလေ..."

ထိုစကားကို ကြားသောအခါ နစ်သည် စိတ်အေးသွားသလို သက်ပြင်းချလိုက်မိသည်။ သဘာဝကျစွာပင် နစ်သည် ဒရီမာ နှင့် ပတ်သက်၍ အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။ ဒရီမာ ထံမှ ဇီဖစ်စွမ်းအင် ကို သူ မည်သို့ ထုတ်ယူရမည်နည်း။ နစ် လုံးဝ မသိရှိခဲ့ပေ။

ကံကောင်းထောက်မစွာဖြင့် အဲဘတ် ရောက်ရှိနေပြီ ဖြစ်သည်။ ဤအချက်က အရာရာကို များစွာ ပိုမိုလွယ်ကူသွားစေခဲ့သည်။

"ဟုတ်တယ်... ကျွန်တော် အကူအညီ လိုအပ်မယ် ထင်တယ်..."

နစ်က ပြောသည်။ အဲဘတ်က အနည်းငယ် ရယ်မောလိုက်ပြီး ထိန်းချုပ်ခလုတ်ခုံဘက်သို့ လှည့်သွားခဲ့သည်။

"အရာအားလုံးက ကောင်းမွန်နေပါတယ်..."

သူက ပြောသည်။

"ပရီဖစ် စွမ်းအင် ပမာဏက မြင့်တက်နေတယ်... ဒါပေမဲ့ အခုက ပြန်လည်သက်သာလာအောင် လုပ်နေတဲ့အချိန်ဆိုတော့ ဒါက မျှော်လင့်ထားပြီးသားပါပဲ... ဇီဖစ်စွမ်းအင် ပမာဏက သုည ဖြစ်နေတယ်... ဒါလည်း ဖြစ်သင့်တာပါပဲ... ဒရီမာ ဆိုတာက ဇီဖစ်စွမ်းအင် ကို အလိုအလျောက် ထုတ်လွှတ်ပေးနေတဲ့ စပက်တာ မျိုးမှ မဟုတ်တာ..."

"ငါ စောစောကတည်းက သေချာ ကြည့်ပြီးပြီ... မင်းကတော့ ဒီကောင့်ကို အတော်လေး ပညာပြထားတာပဲလို့ ပြောရမယ်..."

အဲဘတ်က ရယ်မောရင်း ပြောသည်။

"ဒီသနားစရာကောင်လေးက အတော်လေး အရိုက်ခံထားရလို့ အခုတောင် မလှုပ်ချင်တော့ဘူး... ငါ အပြင်ကနေ ဆွကြည့်တာတောင် သူက လုံးဝ မလှုပ်ဘူး..."

နစ်က အဲဘတ်ကို စိုးရိမ်တကြီးဖြင့် ကြည့်လိုက်သည်။

"သူ သေမသွားပါဘူးနော်..."

"မသေပါဘူး... အဲဒီအတွက် မင်း စိတ်ပူစရာ မလိုပါဘူး... စပက်တာ တစ်ကောင်ကို သတ်ဖို့ဆိုတာ အတော်လေး ခက်ခဲတယ်... သူ့ကို သတ်ချင်ရင် သူ့ခေါင်းထဲက အမြုတေကို ဖျက်ဆီးပစ်ရမယ်... ဒါမှမဟုတ် သူ့ရဲ့ ကိုယ်လုံးကို အပိုင်းပိုင်းအစစ ဖြစ်အောင် လုပ်ပစ်ရမယ်... လူတွေကို သေစေနိုင်တဲ့ ဒဏ်ရာမျိုးလောက်က စပက်တာ တွေကို ခေတ္တ ငြိမ်သက်သွားတာမျိုး၊ ဆောင်းခိုသွားတာမျိုးပဲ ဖြစ်စေနိုင်တယ်... ပရီဖစ် စွမ်းအင် နဲ့ အဆက်အသွယ် မပြတ်သရွေ့ သူတို့က မြန်မြန်ဆန်ဆန် ပြန်လည်သက်သာလာလိမ့်မယ်..."

အဲဘတ်က ရှင်းပြသည်။ နစ်သည် စိတ်အေးသွားကာ ခေါင်းညိတ်လိုက်သည်။ ဤမျှလောက် အဖြစ်အပျက်တွေ ကြုံတွေ့ခဲ့ရပြီးနောက်တွင် ဒရီမာ သာ သေဆုံးသွားခဲ့မည်ဆိုလျှင် သူ ဘာလုပ်ရမည်ကိုပင် မသိနိုင်တော့ပေ။

"အရာအားလုံးက ကောင်းမွန်နေပါတယ်..."

အဲဘတ်က ထိန်းချုပ်ခလုတ်ခုံကို ဖွဖွလေး ပုတ်ရင်း နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။ ထို့နောက် သူက နစ်ဘက်သို့ လှည့်လာခဲ့သည်။

"မင်းက အခုချက်ချင်းပဲ သူ့ဆီကနေ ဇီဖစ်စွမ်းအင် ကို သွားထုတ်ယူချင်လား..."

နစ်က မျက်ခုံးပင့်လိုက်သည်။

"ဒရီမာ က ဒဏ်ရာအတော်လေး ပြင်းထန်နေလို့ အလုပ်လုပ်လို့ မရသေးဘူး၊ ရက်ပိုင်းလောက် ကြာလိမ့်မယ်လို့ ဝင်တာ က ပြောခဲ့တယ်..."

အဲဘတ်၏ အပြုံးက ပိုမိုကျယ်ပြန့်သွားခဲ့သည်။

"သူ ပြောတာ မှန်တယ်…”

ထို့နောက် အဲဘတ် သည် သူ၏ အိတ်ကပ်တစ်ခုထဲမှ ပုလင်းငယ်တစ်လုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် ၎င်းကို ဟိုဟိုဒီဒီ အနည်းငယ် ဝှေ့ယမ်းပြလိုက်သည်။

"ဒါပေမဲ့ ငါ့ဆီမှာ ဒါပါလာတယ်ဆိုတာ သူ မသိဘူးလေ..."

"အဲဒါက ဘာလဲ..."

နစ်က ထိုပုလင်းကို စိတ်ဝင်တစား ကြည့်ရှုရင်း မေးလိုက်သည်။

"မင်း ရေချိုးခဲ့တဲ့ အရည်တွေလေ..."

အဲဘတ် က ပြောလိုက်သည်။

"ဒါပေမဲ့ ပိုပြီး ပြင်းအားကောင်းတာပေါ့..."

အစိမ်းရောင် အရည်များကို ကြည့်ရင်း အစိမ်းရောင် ရေချိုးကန်ကို နစ် ပြန်လည်သတိရသွားသည်။

"နေပါဦး... အဲဒါကို ဒရီမာ အပေါ်မှာ သုံးမလို့လား..."

နစ် က မေးလိုက်သည်။

"ဘာလို့ မသုံးရမှာလဲ..."

အဲဘတ် က ပြုံးစစဖြင့် မေးလိုက်သည်။

"အင်း... တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ..."

နစ် က မေးလိုက်သည်။

အဲဘတ် က နှာမှုတ်လိုက်သည်။

"ဘာဖြစ်ရမှာလဲ နစ် ရဲ့... ငါက အဆင့်လေး ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက်လေ... ဒရီမာ ကို သာမန် ခြေကန်ချက်လေးတစ်ခုနဲ့တင် ငါ သတ်ပစ်နိုင်တယ်..."

နစ်သည် သူ၏ နောက်စေ့ကို ကုတ်လိုက်သည်။ အဲဘတ် အစွမ်းထက်သည်မှာ သေချာပါသည်။ သို့သော်လည်း စပက်တာ တစ်ကောင်ကို တန်ဖိုးကြီးသော ဆေးဝါးဖြင့် ကုသပေးရမည်မှာ အနည်းငယ် ထူးဆန်းနေသည်ဟု နစ် ခံစားနေရဆဲဖြစ်သည်။

"ပြောချင်တာက ခင်ဗျား သုံးချင်တယ်ဆိုရင်လည်း ရပါတယ်လေ..."

နစ် က ပခုံးတွန့်ကာ ပြောလိုက်သည်။

အဲဘတ် ၏ အပြုံးက ပိုမိုကျယ်ပြန့်သွားခဲ့သည်။ ထို့နောက် သူသည် မျက်ခုံးများကို အထက်အောက် လှုပ်ကာ နောက်ပြောင်လိုက်သည်။

ထို့နောက် အဲဘတ် သည် ထိန်းချုပ်ခလုတ်ခုံပေါ်ရှိ ခလုတ်တစ်ခုကို နှိပ်လိုက်သည်။ နောက်တစ်ခဏတွင် ထိန်းချုပ်ခန်း ၏ ဝန်ထမ်းအဝင်အထွက်တံခါး ပွင့်သွားခဲ့သည်။

အဲဘတ် သည် တုံ့ဆိုင်းခြင်းမရှိဘဲ ဝင်ရောက်သွားခဲ့သည်။ နစ် သူ၏နောက်မှ စိုးရိမ်တကြီးဖြင့် လိုက်ပါသွားခဲ့လေတော့သည်။

ထိန်းချုပ်ခန်း အတွင်းရှိ မီးရောင်များကို ဖွင့်ထားပြီးဖြစ်သည်။

မီးဖွင့်ထားရသော စက္ကန့်တိုင်းအတွက် ကုန်ကျစရိတ်မှာ ကြီးမားလှသည်။ သို့သော်လည်း ၎င်းသည် မဖြစ်မနေ သုံးစွဲရမည့် အသုံးစရိတ်တစ်ခု ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် အမှောင်ထဲ၌ စပက်တာ နှင့်အတူ အလုပ်မလုပ်နိုင်ပေ။

နစ်သည် ထိန်းချုပ်ခန်း ထဲသို့ ဝင်ရောက်သွားသောအခါ အခန်း၏ ထောင့်တစ်နေရာ၌ အမည်းရောင် အရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။

ဒရီမာသည် အဝေးဆုံးထောင့်၌ မလှုပ်မယှက် လဲလျောင်းနေခဲ့သည်။

"ကဲ... မင်းသမီးလေး..."

အဲဘတ်က ဒရီမာ ရှိရာသို့ လျှောက်သွားရင်း အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"မှိုင်နေတာ တော်လောက်ပြီ..."

ဒရီမာက လုံးဝ မလှုပ်ရှားခဲ့ပေ။

အဲဘတ်သည် ပုလင်းငယ်ကို ဖွင့်လိုက်သည်။ ထို့နောက် သူ၏ လက်ချောင်းဖြင့် အရည်တစ်စက်ကို အလွန်သတိထားကာ ယူလိုက်သည်။ ထို့နောက် သူက သူ၏လက်ချောင်းကို ဒရီမာ ၏ ခေါင်းပေါ်သို့ သုတ်လိမ်းလိုက်ပြီး အနောက်သို့ အနည်းငယ် ဆုတ်လိုက်သည်။

နောက်တစ်ခဏတွင် ဒရီမာ၏ ခန္ဓာကိုယ်မှာ တွန့်လိမ်သွားခဲ့သည်။ ထို့နောက် ၎င်း၏ ခန္ဓာကိုယ်မှ အခိုးအငွေ့များ စတင်ထွက်ပေါ်လာခဲ့တော့သည်။

***

All Chapters