← Chapters

အခန်း ၄၀

Vol. 3 Ch. 40

အခန်း ၄၀

Vol. 3 Ch. 40

အပိုင်း(၄၀)

"ဒရီမာကလည်း အဲဒီအထဲက တစ်ကောင်ပဲ..."

အဲဘတ်က ဆက်ပြောသည်။

"ဒရီမာ က ငါတို့နဲ့ အလုပ်တွဲလုပ်ဖို့ သဘောတူလိမ့်မယ်ဆိုတာ ငါ အတော်လေး သေချာတယ်... ဒါပေမဲ့ မင်းသာ တစ်ခုခု ပေါ့ဆသွားခဲ့မယ်ဆိုရင် အပြင်ထွက်နိုင်ဖို့အတွက် ဘယ်သူ့ကိုမဆို သတ်ပစ်ဖို့ သူ ဝန်လေးနေမှာ မဟုတ်ဘူး..."

"နစ်... ငါ့ရဲ့ ဆရာဟောင်း ပြောပြခဲ့ဖူးတဲ့ အကြောင်းတစ်ခုကို ငါ မင်းကို ပြောပြမယ်... အဲဒီတုန်းက ငါ သူ့ကို မယုံခဲ့ဘူး... ဒါပေမဲ့ စပက်တာ တွေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးတဲ့နောက်မှာတော့ သူပြောခဲ့တာ အမှန်တရားဆိုတာကို ငါ မင်းကို ပြောပြနိုင်ပြီ..."

အဲဘတ်သည် နစ်၏ ပခုံးများပေါ်သို့ လက်တင်လိုက်သည်။ ထို့နောက် သူ၏ မျက်လုံးများထဲသို့ စူးစိုက်ကြည့်လိုက်သည်။

"စပက်တာ တွေက ပျော်ရွှင်မှု၊ အဖော်အပေါင်း ဒါမှမဟုတ် သနားကြင်နာမှုဆိုတာတွေကို မခံစားတတ်ဘူး..."

အဲဘတ်က တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

"ဇီဖစ်စွမ်းအင် ထုတ်ယူသူ ထောင်ပေါင်းများစွာ လုပ်ဆောင်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာ သုတေသနတွေအပြီးမှာ ဒီလိုအရာတွေကို ခံစားနိုင်တဲ့ စပက်တာ တစ်ကောင်တစ်လေကိုတောင် ငါတို့ မတွေ့ခဲ့ရဘူး..."

"သူတို့ နာကျင်နေတာ ဒါမှမဟုတ် ကူညီထောက်ပံ့ပေးနေတာကို မင်း မြင်ရတဲ့အချိန်တိုင်း အဲဒါက ဟန်ဆောင်မှုတစ်ခု သက်သက်ပဲ... သူတို့က အကျိုးအမြတ် တစ်ခုခုအတွက် မင်းနဲ့ ပိုရင်းနှီးအောင် တစ်နည်းနည်းနဲ့ လုပ်နေတာ..."

"သူတို့ကို ဘယ်တော့မှ မယုံနဲ့... သူတို့ရဲ့ သူငယ်ချင်း ဘယ်တော့မှ မဖြစ်စေနဲ့..."

"စပက်တာ တွေက သူတို့အတွက် အကျိုးအရှိဆုံး အရာကိုပဲ အမြဲတမ်း လုပ်ကြလိမ့်မယ်... အဲဒီလို ဖြစ်နေရင်တောင်မှ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားနဲ့ ဆန့်ကျင်ပြီး ဖရိုဖရဲ ပြုမူတတ်တဲ့ စပက်တာ တွေ ရှိသေးတယ်..."

"စပက်တာ တိုင်းက ထူးခြားတယ်... ပြီးတော့ စပက်တာ တိုင်းကို ကွဲပြားခြားနားစွာ ဆက်ဆံဖို့ လိုအပ်တယ်... သွေးခြင် ကိုတောင်မှ အထူး ထိန်းချုပ်ခန်း တစ်ခုထဲမှာ ထည့်သွင်းထားရတယ်... သူက သွေးမှိုမြို့တော် နဲ့ ဆယ်စုနှစ်ပေါင်းများစွာ အတူပူးပေါင်း အလုပ်လုပ်ခဲ့တယ်... ဒါပေမဲ့ သူတို့က သွေးခြင်ရဲ့ ပင်မခန္ဓာကိုယ်ကို သူတို့ မျက်စိအောက်က အပျောက်ခံဖို့ အခုထိ မဝံ့ရဲကြသေးဘူး..."

"ကူဂယ်ဘလစ် ကုမ္ပဏီက သွေးခြင် နဲ့ ပတ်သက်ပြီး ဆယ်စုနှစ်နဲ့ချီ ထိန်းချုပ်နိုင်ခဲ့တယ် ဆိုပေမဲ့ သွေးခြင် ရဲ့ အနီးနားမှာ အဆင့်လေး ဇီဖစ်စွမ်းအင် ထုတ်ယူသူ အနည်းဆုံး နှစ်ယောက် ဒါမှမဟုတ် အဆင့်ငါး ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက် အမြဲတမ်း တပ်စွဲထားရတယ်..."

"အဲဒါက သူတို့ကို ဘယ်လောက်အထိ သတိထားရမလဲ ဆိုတာပဲ..."

"မင်း နားလည်လား..."

အဲဘတ်က လေးနက်သော လေသံဖြင့် မေးလိုက်သည်။ နစ်သည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ ထို့နောက် သူက ယုံကြည်ချက်အပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။

"စပက်တာ တစ်ကောင်အပေါ်မှာ ကျွန်တော် ဘယ်တော့မှ စာနာစိတ် ထားမှာ မဟုတ်ဘူး..."

"ကောင်းပြီ..."

အဲဘတ်က သက်ပြင်းချကာ ပြောသည်။

"ဒါနဲ တခြား စပက်တာ တွေနဲ့ အလုပ်လုပ်တဲ့အခါ သိထားသင့်တဲ့ ယေဘုယျအချက်တချို့ကို ငါ မင်းကို ပြောပြရင် ကောင်းမလား..."

"ကောင်းတာပေါ့..."

နစ်က ပြောသည်။ နောက်တစ်ခဏတွင် နစ်နှင့် အဲဘတ်တို့သည် ဂိုဒေါင်၏ ဘေးဘက်သို့ လျှောက်သွားကြသည်။ ထို့နောက် ထိုနေရာရှိ ကုလားထိုင်အချို့တွင် ထိုင်လိုက်ကြသည်။

နောက်ထပ် သုံးနာရီခန့်ကြာသည်အထိ အဲဘတ်သည် နစ်ကို ကွဲပြားခြားနားသော စပက်တာ များနှင့် အလုပ်လုပ်ရာတွင် အသုံးပြုရသည့် ယေဘုယျ နည်းလမ်းများကို သင်ကြားပေးခဲ့သည်။

နစ်သည် ပို၍ ကြားသိရလေလေ သူ၏ စိတ်ထဲ၌ ပို၍ ညှိုးနွမ်းလာလေလေ ဖြစ်သည်။ သိသာထင်ရှားစွာပင် လူများကို သတ်ဖြတ်ခြင်းဖြင့် စွမ်းအားရယူသော စပက်တာ အရေအတွက်မှာ အတော်လေး များပြားလှသည်။ ထိုနည်းလမ်းဖြင့်သာ ၎င်းတို့က ဇီဖစ်စွမ်းအင် ကို ထုတ်လုပ်ပေးကြခြင်း ဖြစ်သည်။

ဤသို့သော စပက်တာ အမျိုးအစားများသည် အလွန်အံ့သြဖွယ်ကောင်းလောက်အောင် အသုံးဝင်တတ်သလို၊ တန်ဖိုးမရှိသလောက် အသုံးမဝင်သည်မျိုးလည်း ဖြစ်နိုင်ပေသည်။

ထိုအရာအားလုံးက ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီ၏ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ဖြေလျော့နိုင်မှုနှင့် အသိုင်းအဝိုင်းအတွင်း ၎င်းတို့၏ ရပ်တည်ချက်အပေါ်တွင်သာ မူတည်နေခဲ့သည်။

မြို့တော်၏ ခေါင်းဆောင် ကူဂယ်ဘလစ်သည် ဤကဲ့သို့သော ရွံရှာဖွယ်ကောင်းသည့် နည်းလမ်းများကို အသုံးမပြုခဲ့ပေ။ သို့သော်... ထိုသို့ပြုလုပ်သော ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီ အနည်းငယ်တော့ ရှိနေခဲ့သည်။

သဘာဝကျစွာပင်... ကူဂယ်ဘလစ်သည် တရားမျှတသော အာဏာပိုင်တစ်ဦးသဖွယ် ပြုမူကာ အခြား ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီ များ၏ သိသာထင်ရှားသော လုပ်ရပ်များကို ဖော်ထုတ်ရန် ကြိုးစားလေ့ရှိသည်။ သို့သော်လည်း ကန့်လန့်ကာနောက်ကွယ်၌မူ မသိချင်ယောင်ဆောင်နေပေးရန်အတွက် သူတို့ထံသို့ လာဘ်ထိုးထားကြသည်က ပို၍ ဖြစ်နိုင်ချေများပေသည်။

ထို အခြား ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီ များသည် သူတို့၏ ဇီဖစ်စွမ်းအင် အများစုကို သေလုဆဲဆဲ လူများထံမှ ရယူကြခြင်း ဖြစ်သည်။

အဘိုးအိုတစ်ဦးတွင် သေဆုံးသည်အထိ ဖြစ်စေနိုင်သော ဆိုးရွားသည့် ရောဂါတစ်ခု ရှိနေသည်ဆိုပါစို့။

‘ဟေ့... ခင်ဗျား ချန်ထားရစ်ခဲ့မယ့် မိသားစုအတွက် ငွေကြေး အများကြီး ရှာပေးချင်သလား။ ခင်ဗျားနည်းနည်းလောက် စောပြီး သေပေးလိုက်ရုံပါပဲ...’

အတွင်းပိုင်း မြို့တော်၏ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် စင်ကြယ်မှုမှာ အလွန်တရာ မြင့်မားသည်ဟု အဲဘတ်က ပြောခဲ့သော်လည်း ဖျားနာသူ အရေအတွက်မှာ အမြဲတမ်း လုံလောက်စွာ ရှိနေခဲ့ပုံရသည်။

အတွင်းပိုင်း မြို့တော်၌ ပြင်ပပယောဂမပါဘဲ ဖျားနာရန်ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်ဟု အဲဘတ်က ဆိုထားသေးသည်။

အဲဘတ်က တိုက်ရိုက် မပြောခဲ့သော်လည်း ထိုရောဂါများကို ဖြန့်ဖြူးရန်အတွက် ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီများသည် မသမာသောနည်းလမ်းများကို အသုံးပြုနေကြောင်း သူက သံသယရှိနေခဲ့သည်။ သို့သော် မည်သည့်အရာကမျှ သက်သေမပြနိုင်သေးပေ။

နစ်သည် ထိုအရာအားလုံးအတွက် တကယ်တမ်း စိုးရိမ်နေခြင်း မဟုတ်ပေ။ အကယ်၍ သူသာ ထိုကဲ့သို့သော စပက်တာ မျိုးကို ဖမ်းဆီးမိခဲ့ပါက မည်သို့လုပ်ဆောင်ရမည်ကိုသာ စိုးရိမ်နေခြင်းဖြစ်သည်။

ငွေကြေး အနည်းငယ်ရရန်အတွက် လူတစ်ယောက်ကို သတ်ဖြတ်ရမည်တဲ့လား။

ထိုအရာက သူ၏စိတ်ထဲတွင် လက်ခံနိုင်စရာမရှိဟု ခံစားနေရသည်။

ဝမ်းနည်းစရာကောင်းသည်မှာ ထိုကဲ့သို့သော စပက်တာ များထံမှ ဇီဖစ်စွမ်းအင် ကို ရယူရန်အတွက် တစ်ခုတည်းသော အခြားရွေးချယ်စရာမှာ အကြွင်းအကျန်နည်းလမ်း ကို အသုံးပြုရန်သာ ဖြစ်သည်။

သို့သော်လည်း... အဲဘတ်က ရှက်ရွံ့စွာဖြင့် ရယ်မောရင်း အကြွင်းအကျန်နည်းလမ်း အကြောင်းကို နောက်တစ်ကြိမ် ပြောပြလာခဲ့သည်။

ထိန်းချုပ်ခန်း အတွင်း၌ အဲဘတ် ဒရီမာကို ပြသခဲ့သော ကြိတ်စက်မျိုး ဝင်တာ တွင် တကယ်တမ်း မရှိကြောင်းကို အဲဘတ်က ဖွင့်ဟပြောဆိုလိုက်သည်။

စပက်တာ များ၏ အစိတ်အပိုင်းများကို ကြိတ်ခြေရန် အသက်သာဆုံး နည်းလမ်းမှာ လည်ပတ်ရန်အတွက် ဇီဖစ်စွမ်းအင် ကို အသုံးပြုရသော ကြိတ်စက်ကြီးတစ်လုံးကို ဝယ်ယူခြင်းပင် ဖြစ်ပုံရသည်။

၎င်း၏ တန်ဖိုးမှာ ငွေကြေး နှစ်သန်း ဖြစ်ပြီး လက်ရှိ ဒရီမာ ကို ထည့်သွင်းထားသော ထိန်းချုပ်ခန်းထက် လေးဆကျော်မျှ ပိုမိုများပြားလေသည်။

ဝင်တာတွင် ထိုကဲ့သို့သောအရာကို ဝယ်ယူရန်အတွက် ငွေကြေးအင်အား မရှိခဲ့ပေ။ ဒရီမာကို ကြိတ်ခြေပစ်လိုက်မည်ဟု အဲဘတ် ပြောခဲ့ခြင်းမှာ လိမ်ညာခဲ့ခြင်းသာ ဖြစ်သည်။

"ဒါဆို ဒရီမာ ကသာ ငြင်းဆန်ခဲ့ရင် ကျွန်တော်တို့က အခက်တွေ့သွားပြီပေါ့..."

နစ်က မေးလိုက်သည်။

"အင်း..."

အဲဘတ်က သူ၏ မေးစေ့ကို ကုတ်ရင်း ပြောသည်။

"အဲဒီလိုတော့လည်း မဟုတ်ပါဘူး..."

"အကြောင်းတစ်ခုခုကြောင့် ဒရီမာ က မင်းနဲ့ အလုပ်အတူလုပ်ဖို့ လုံးဝငြင်းဆန်နေတယ်ဆိုရင်တောင်မှ မင်း အဲဒါကို ရောင်းစားလို့ ရသေးတယ်..."

"ဒရီမာ က အသစ်မွေးဖွားလာတဲ့ စပက်တာ တစ်ကောင် မဟုတ်ဘူး... ငါထင်တာတော့ သူက နှောင်းပိုင်းအဆင့် မဟုတ်ရင်တောင် အလယ်အလတ် သားပေါက်အဆင့် လောက်မှာ ရှိနေလောက်တယ်... အဲဒါက တော်တော်လေး တန်ဖိုးရှိတယ်..."

"သားပေါက်အဆင့် ဟုတ်လား..."

နစ်က မျက်ခုံးပင့်ကာ မေးလိုက်သည်။

"ဟုတ်တယ်..."

အဲဘတ်က ပြောသည်။

"အဲဒါက ငါတို့ ဇီဖစ်စွမ်းအင် ထုတ်ယူသူ တွေက စပက်တာ တွေရဲ့ မတူညီတဲ့ အဆင့်တွေကို ခေါ်ဝေါ်တဲ့ အခေါ်အဝေါ်ပဲ... တရားဝင်သတ်မှတ်ချက်ကတော့ ရိုးရိုးရှင်းရှင်း အဆင့်တွေနဲ့ပဲ ခွဲခြားတာပါ... အဆင့်တစ်၊ အဆင့်နှစ်၊ အဆင့်သုံး စသဖြင့်ပေါ့... ဒါပေမဲ့ ငါတို့ ဇီဖစ်စွမ်းအင် ထုတ်ယူသူ တွေက တရားမဝင် အခေါ်အဝေါ်တစ်ခု သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့ကြတာ..."

"သားပေါက်တွေက အဆင့်တစ် စပက်တာ တွေပေါ့..."

"လူပျိုပေါက်တွေက အဆင့်နှစ် စပက်တာ တွေ..."

"လူကြီးတွေက အဆင့်သုံး စပက်တာ တွေ..."

"အကြီးပိုင်းတွေက အဆင့်လေး စပက်တာ တွေ..."

"အစွန်းရောက်တွေက အဆင့်ငါး စပက်တာ တွေပဲ..."

"ဝါး... နေပါဦး..."

နစ်က အံ့ဩတကြီး ပြောသည်။

"ဘာဖြစ်လို့ သူတို့ကို ရုတ်တရက်ကြီး အစွန်းရောက်တွေလို့ ခေါ်လိုက်တာလဲ... အကြီးပိုင်း အဆင့် အထိ အရာအားလုံးက အသက်အရွယ်ကြီးရင့်မှု အဆင့်ဆင့်ကို လိုက်ပြီး ခေါ်ထားတာ မဟုတ်ဘူးလား..."

အဲဘတ်က အနည်းငယ် ရယ်မောလိုက်သည်။

"အဓိကကတော့ အဆင့်ငါးနဲ့ အဲဒီထက်ပိုပြီး အစွမ်းထက်တဲ့ စပက်တာ တွေမှာ သူတို့ရဲ့ စွမ်းအားနဲ့ ဩဇာလွှမ်းမိုးမှုတွေကြောင့် လူတချို့က စတင်ကိုးကွယ်လာကြတာမျိုး ရှိလို့ပဲ... ဥပမာအနေနဲ့ ပါရာဆိုက် ဆိုရင် သူ့မှာ လျှို့ဝှက်ကိုးကွယ်သူ ဂိုဏ်းတစ်ခုရှိတယ်... အဲဒီဂိုဏ်းက လူတွေကိုသတ်ပြီး ပါရာဆိုက် ဆီကို အလောင်းတွေ သွားပို့ပေးနေလို့ ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီ တွေအားလုံးက အဲဒီဂိုဏ်းကို အမြစ်ဖြတ်ဖို့ အစွမ်းကုန် ကြိုးစားနေကြတယ်..."

"ဘယ်လိုပဲဖြစ်ဖြစ်... အဆင့်ခြောက် စပက်တာ တွေက နတ်ဆိုးတွေပဲ... သူတို့ရဲ့ အလွန်အမင်း အစွမ်းထက်မှုနဲ့ အန္တရာယ်ရှိမှုတွေကြောင့် ငါတို့က သူတို့ကို ဒီလိုခေါ်ကြတာ..."

"အဆင့်ခုနစ် စပက်တာ တွေကတော့ ကျဆုံးသူတွေ ပေါ့..."

"အဆင့်ရှစ် စပက်တာ တွေကိုတော့ ရန်သူတော်တွေ လို့ ခေါ်ကြတယ်... အဓိကကတော့ သူတို့က လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် အကြီးမားဆုံး ပြဿနာကို ဖြစ်စေနိုင်လို့ပဲ..."

***

All Chapters