← Chapters

အခန်း ၄၁

Vol. 3 Ch. 41

အခန်း ၄၁

Vol. 3 Ch. 41

အပိုင်း(၄၁)

"အကြီးမားဆုံး ပြဿနာ ဟုတ်လား..."

နစ်က အနည်းငယ် အံ့ဩဟန်ဖြင့် မေးလိုက်သည်။

"ဒါဆို အဆင့်ကိုး စပက်တာ တွေကရော..."

"ပထမအချက်အနေနဲ့ အဆင့်ကိုး စပက်တာ တွေက အဆင့်ရှစ် စပက်တာ တွေထက် အရေအတွက် ပိုနည်းတယ်..."

"ဒုတိယအချက်ကတော့ အဆင့်ကိုး စပက်တာ ငါးကောင်က ငါတို့ဘဝတွေရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီ... သူတို့ တည်ရှိနေမှုက လူသားမျိုးနွယ် တစ်ရပ်လုံးရဲ့ အခြေခံအုတ်မြစ်ကို ဆုံးဖြတ်ပေးနေတယ်..."

"ဒါကြောင့် ထူးထူးဆန်းဆန်း ပြောရရင်တော့ အဆင့်ကိုး စပက်တာ တွေဟာ လူသားမျိုးနွယ်ရဲ့ ရန်သူတွေ မဟုတ်ဘဲ လူသားမျိုးနွယ် ကြီးပွားတိုးတက်မှုရဲ့ တရားသူကြီးတွေပဲ..."

"ဆန့်ကျင်ဘက်အနေနဲ့ ငါတို့က အဆင့်ရှစ် စပက်တာ တွေကို အတိုင်းအတာတစ်ခုအထိတော့ ခုခံနိုင်စွမ်း ရှိသေးတယ်... ပြီးတော့ အဆင့်ရှစ် စပက်တာ တွေက လူသားမျိုးနွယ်ကို ဖိနှိပ်ဖို့အတွက် အစွမ်းကုန် ကြိုးစားနေကြတယ်..."

"မင်းက လူသားမျိုးနွယ်ကို ကုမ္ပဏီကြီးတစ်ခုလို့ မြင်ကြည့်မယ်ဆိုရင် အဆင့်ရှစ် စပက်တာ တွေကို အမှုဆောင်အရာရှိချုပ်တွေအဖြစ် မြင်နိုင်ပြီး အဆင့်ကိုး စပက်တာ တွေကိုတော့ ပိုင်ရှင်တွေအဖြစ် မြင်နိုင်တယ်... ပိုင်ရှင်တွေက ဝန်ထမ်းတွေနဲ့ ထိတွေ့ဆက်ဆံရတာ အလွန်ရှားတယ်... ပြီးတော့ ဝန်ထမ်းတွေကလည်း သူတို့ကို သတိထားမိတာ ရှားတယ်... ဒါပေမဲ့ သူတို့ရောက်လာပြီဆိုရင် အမှုဆောင်အရာရှိချုပ်တွေတောင်မှ လွန်လွန်ကျူးကျူးကို အရိုအသေပေးရတယ်..."

"နှိုင်းယှဉ်ကြည့်ရရင်တော့ အမှုဆောင်အရာရှိချုပ်တွေက ဆုံးဖြတ်ချက်တွေအားလုံးကို ချမှတ်ပြီး လူတိုင်း ဘယ်လိုခံစားရမလဲ ဆိုတာကို ညွှန်ကြားတဲ့သူတွေပဲ... ဒါကြောင့် အဆင့်ကိုး စပက်တာ တွေက ပိုပြီး အစွမ်းထက်ပေမဲ့ သူတို့က သူတို့လုပ်ချင်တာကိုပဲ လုပ်ကြတယ်... ဆိုလိုတာက တစ်နည်းအားဖြင့် သူတို့ဟာ လူသားမျိုးနွယ် တစ်ရပ်လုံးရဲ့ ဘုံရန်သူ မဟုတ်ဘူးဆိုတာပဲ..."

"ဒါကို ရှင်းပြရတာက နည်းနည်းတော့ ထူးဆန်းတယ်..."

"ဘယ်လိုမျိုးလဲဆိုတော့ တစ်ကောင်က ဧရာမဘီလူးကြီးဆိုရင် နောက်တစ်ကောင်က သဘာဝဘေးအန္တရာယ်ကြီး တစ်ခုလိုမျိုးပဲ... မင်းအနေနဲ့ သဘာဝဘေးအန္တရာယ် တစ်ခုကို ရန်သူတစ်ယောက်လို သဘောထားပြီး တိုက်ခိုက်လို့မှ မရနိုင်တာလေ... သဘောပေါက်လား..."

နစ်သည် သူ၏ မေးစေ့ကို ကုတ်လိုက်သည်။

"ဒါနဲ့စကားမစပ် အဆင့်ကိုး စပက်တာ တွေကိုကျတော့ ဘယ်လိုခေါ်လဲ..."

"ထာဝရတည်ရှိသူ..."

အဲဘတ်က ပြန်ဖြေသည်။

"သူတို့ကို ထာဝရတည်ရှိသူတွေလို့ပဲ ခေါ်ကြတယ်..."

နစ်က ခေါင်းညိတ်လိုက်သည်။

"ဇီဖစ်စွမ်းအင် ထုတ်ယူသူ တွေအတွက်ရော အဲဒီလိုမျိုး အခေါ်အဝေါ်တွေ ရှိလား..."

အဲဘတ်က ခေါင်းညိတ်လိုက်သည်။

"အဆင့်တစ် ဇီဖစ်စွမ်းအင် ထုတ်ယူသူ တွေကို လူသစ် တွေလို့ ခေါ်ကြတယ်..."

"အဆင့်နှစ် တွေကိုကျတော့ ဂျွန်တွေလို့ ခေါ်တယ်..."

"ဂျွန် ဟုတ်လား..."

ထိုအသုံးအနှုန်းက ထူးဆန်းလှသဖြင့် နစ်က မျက်ခုံးပင့်ကာ မေးလိုက်သည်။

အဲဘတ်က ရယ်မောလိုက်သည်။

"ဟုတ်တယ် ဂျွန် ပဲ... အဆင့်နှစ် ဇီဖစ်စွမ်းအင် ထုတ်ယူသူ တွေက အရေအတွက် အများဆုံးနဲ့ အများစုက ပုံမှန်အဆင့်ပဲ ရှိကြတာ... အရင်တုန်းက သူတို့ကို ဂျွန်ဒိုး လို့ ခေါ်ခဲ့ကြပေမဲ့ နောက်ပိုင်းတော့ ဂျွန် လို့ပဲ အတိုချုံးခေါ်ကြတော့တယ်... အများဆုံးနဲ့ သာမန်အဖြစ်ဆုံး ဇီဖစ်စွမ်းအင် ထုတ်ယူသူ တွေက အများဆုံးနဲ့ သာမန်အဖြစ်ဆုံး နာမည်ကို ရတာပေါ့..."

"ဂျွန်..."

နစ်က ထပ်မံရွတ်ဆိုလိုက်သည်။

"ခင်ဗျား အတည်ပြောနေတာလား..."

"ငါ အသေအချာကို အတည်ပြောနေတာပါ..."

အဲဘတ်က အောင့်အည်းရယ်မောကာ ပြောသည်။

"အရာအားလုံးသာ အဆင်ပြေခဲ့မယ်ဆိုရင် တစ်နေ့ကျရင် မင်းလည်း ဂျွန် တစ်ယောက် ဖြစ်လာလိမ့်မယ်..."

နစ်သည် မျက်တောင်တစ်ချက်သာ ခတ်လိုက်လေတော့သည်။ အချိန်အနည်းငယ် ကြာပြီးနောက်တွင် နစ်သည် သက်ပြင်းချလိုက်သည်။ ဇီဖစ်စွမ်းအင် ထုတ်ယူသူများသည် အတော်လေး ပေါ့ပေါ့ပါးပါး နေတတ်ကြပုံရပေသည်။

"အဆင့်သုံး ဇီဖစ်စွမ်းအင် ထုတ်ယူသူတွေကိုရော ဘယ်လိုခေါ်လဲ..."

နစ်က မေးလိုက်သည်။

"ဝါရင့်တွေပေါ့..."

အဲဘတ်က ဖြေသည်။

"သူတို့က စပက်တာတွေနဲ့ အလုပ်တွဲလုပ်လာတာ အတော်လေး များနေပြီလေ... ဒါကြောင့် သူတို့ကို ဝါရင့်တွေလို့ ခေါ်ကြတာပဲ..."

"အဆင့်လေး ဇီဖစ်စွမ်းအင် ထုတ်ယူသူတွေကိုတော့ ကျွမ်းကျင်သူတွေလို့ ခေါ်တယ်... ငါက ကျွမ်းကျင်သူ တစ်ယောက်ပဲ..."

အဲဘတ်က ပြုံးလျက် ပြောလိုက်သည်။

"အဆင့်ငါး ဇီဖစ်စွမ်းအင် ထုတ်ယူသူတွေကိုတော့ အထူးကျွမ်းကျင်သူတွေလို့ ခေါ်ကြတယ်... သွေးမှိုမြို့တော်မှာ အဲဒီလိုလူမျိုး ၃၀ အောက်ပဲ ရှိတာ..."

"အဆင့်ခြောက် ဇီဖစ်စွမ်းအင် ထုတ်ယူသူတွေကိုကျတော့ သူရဲကောင်းတွေလို့ ခေါ်တယ်..."

"သူရဲကောင်းတွေ ဟုတ်လား..."

နစ်က မေးလိုက်သည်။

"ဟုတ်တယ်... မြို့တော်ကို ခြိမ်းခြောက်လာတဲ့ အရာတစ်ခုခုရှိရင် သူတို့ကပဲ ငါတို့ကို ကယ်တင်ပေးကြတာလေ... သူတို့သာမရှိရင် ဒီမြို့တော်ဆိုတာ ရှိလာမှာတောင် မဟုတ်ဘူး..."

အဲဘတ်က ရှင်းပြသည်။

"သူရဲကောင်းတွေသာ မရှိရင် ငါတို့အားလုံး အခုအချိန်မှာ သက်ရှိထင်ရှား ရှိနေမှာ မဟုတ်ဘူး... ငါတို့ လက်လှမ်းမီနိုင်တဲ့ အစွမ်းအထက်ဆုံး တည်ရှိမှုတွေကို သူရဲကောင်းတွေက ကိုယ်စားပြုနေတယ်..."

နစ်သည် မျက်ခုံးပင့်လိုက်သည်။

"ဒါဆို အဆင့်ခုနစ်နဲ့ အဆင့်ရှစ် ဇီဖစ်စွမ်းအင် ထုတ်ယူသူတွေကရော..."

"သူတို့က အထူး ပုဂ္ဂိုလ်တွေပဲလေ..."

အဲဘတ်က ပြောသည်။

"သာမန်မြို့တော်တွေမှာက အဆင့်ခြောက်အထိ ဇီဖစ်စွမ်းအင် ထုတ်ယူသူတွေပဲ ရှိကြတာ..."

"အဆင့်ခုနစ် ဇီဖစ်စွမ်းအင် ထုတ်ယူသူတွေကိုတော့ ဂန္တဝင်တွေလို့တောင် သတ်မှတ်ကြတယ်... ပြီးတော့ သူတို့က စပက်တာတွေကို ဆန့်ကျင်ပြီး လူသားမျိုးနွယ်ကို ကူညီဖို့အတွက် သူတို့ဘဝတွေကို မြှုပ်နှံထားကြတာ..."

"အဆင့်ခုနစ် ဇီဖစ်စွမ်းအင် ထုတ်ယူသူတွေက အဆင့်ခုနစ် စပက်တာတွေဖြစ်တဲ့ ‘ကျဆုံးသူ’ တွေဆီကနေ လူသားမျိုးနွယ်ကို ဘေးကင်းအောင် ကာကွယ်ပေးနေတဲ့ သူတွေပဲ..."

"အဆင့်ခုနစ် ဇီဖစ်စွမ်းအင် ထုတ်ယူသူက အယောက်တစ်ရာတောင် မပြည့်ဘူး... သူတို့ကိုကျတော့ ကာကွယ်စောင့်ရှောက်သူတွေလို့ ခေါ်ကြတယ်..."

"အဆင့်ရှစ် ဇီဖစ်စွမ်းအင် ထုတ်ယူသူတွေနဲ့ ပတ်သက်ပြီးတော့က..."

အဲဘတ်က စကားစပြတ်သွားခဲ့သည်။ ထို့နောက် သူသည် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်သည်။

"ငါတို့က သူတို့ ခုနစ်ယောက်တည်းနဲ့ပဲ ထာဝရ ပိတ်မိနေတာ... ခုနစ်ယောက်ထက် ပိုပြီး ဘယ်တော့မှ ရှိလာနိုင်မှာ မဟုတ်ဘူး..."

"ဘာလို့လဲ..."

နစ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"မောလို့ခေါ်တဲ့ အရာကြောင့်ပဲ... ခံတွင်းကြီးလို့လည်း သိကြတယ်"

အဲဘတ်က ဖြေသည်။

"မောက အစွမ်းအစချင်း တူညီတဲ့ ဇီဖစ်စွမ်းအင် ထုတ်ယူသူတွေကို အချင်းချင်း ပြန်တိုက်ခိုက်ခိုင်းရတာကို သဘောကျတယ်... ပြီးတော့ သူက အမြဲတမ်း ရှစ်ယောက်ကို ခေါ်သွားလေ့ရှိတယ်... တစ်ခေါက် ခေါ်သွားရင် ရှစ်ယောက်... ရှစ်ယောက်ပြည့်မှ ခေါ်တယ်..."

"ဒါကြောင့် ရှစ်ယောက်မြောက် အဆင့်ရှစ် ဇီဖစ်စွမ်းအင် ထုတ်ယူသူသာ ပေါ်လာခဲ့ရင် သူတို့အားလုံးကို မော က ခေါ်သွားလိမ့်မယ်..."

"နောက်ဆုံးမှာ တစ်ယောက်ပဲ အသက်ရှင်လျက် ပြန်ထွက်လာလိမ့်မယ်..."

“ကမ္ဘာပေါ်မှာ အဆင့်ရှစ် စပက်တာ အရေအတွက်က ၄၀ ကျော်တောင် ရှိနေတယ်..."

ထိုစကားကို ကြားသောအခါ နစ်သည် တိတ်ဆိတ်သွားခဲ့သည်။

ခုနစ်ယောက်နှင့် လေးဆယ်ကျော်...

အဆင့်ရှစ် ဇီဖစ်စွမ်းအင် ထုတ်ယူသူများသည် မျှော်လင့်ချက်မဲ့နေသော တိုက်ပွဲတစ်ခုကို ဆင်နွှဲနေကြရခြင်း ဖြစ်သည်။

"ပြီးတော့ သူတို့ကိုကျတော့ ဘယ်လိုခေါ်လဲ..."

နစ်က မေးလိုက်သည်။

"ပြောရမယ်ဆိုရင်တော့ သူတို့ကို သူရဲကောင်းတွေလို့ ခေါ်သင့်တာပေါ့... ဒါပေမဲ့ သာမန်လူတွေက အဆင့်ခြောက် ဇီဖစ်စွမ်းအင် ထုတ်ယူသူတွေကို သူရဲကောင်းတွေလို့ ခေါ်နေကြတော့ ငါတို့က တခြားနာမည်တစ်ခုကို ရွေးချယ်ခဲ့ရတာ..."

"ဒါကြောင့် သူတို့လုပ်ဆောင်နေတဲ့ အရာကို အစွဲပြုပြီး နာမည်ပေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်..."

"သူတို့က ငါတို့ရဲ့ ရန်သူတွေကို ဒဏ်ရာမရစေနိုင်ဘူး... ဒါပေမဲ့ အနည်းဆုံးတော့ ရန်သူတွေလုပ်နိုင်တဲ့ အဆိုးရွားဆုံး ဘေးအန္တရာယ်တွေကနေ ငါတို့ကို အကာအကွယ်ပေးနိုင်တယ်လေ..."

"အဲဒါကြောင့် သူတို့ကို ဒိုင်းကာတွေလို့ ငါတို့ ခေါ်ကြတာပဲ..."

***

All Chapters