← Chapters

အခန်း ၅၂

Vol. 4 Ch. 52

အခန်း ၅၂

Vol. 4 Ch. 52

အပိုင်း(၅၂)

"မိုက်တယ်မလား..."

နစ်က မေးလိုက်သည်။ ဟိုရူဝါသည် ကြီးမားလှသော ဂိုဒေါင်ကြီး၏ အရှေ့တွင် အံ့ဩမင်သက်နေသော မျက်လုံးများဖြင့် မတ်တပ်ရပ်နေခဲ့သည်။

ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီ တဲ့လော...။

သူသည် ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခု၏ အရှေ့တွင် ရောက်ရှိနေပြီဖြစ်သည်။ ထို့အပြင် ထိုကုမ္ပဏီကြီး၏ ဝန်ထမ်းတစ်ယောက် ဖြစ်လာတော့မည် ဖြစ်သည်။

"အထဲဝင်ကြရအောင်..."

နစ်က အားပေးသော အပြုံးဖြင့် ပြောလိုက်သည်။ ယခုအချိန်သည် နံနက်စောစောပိုင်း ဖြစ်သည်။ ဟိုရူဝါအတွက် ညအချိန်တွင် အိပ်စက်ခြင်းက ပိုကောင်းမွန်လေရာ နေ့လည်ပိုင်းတွင် အလုပ်လုပ်စေဖို့ နစ်ရည်ရွယ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ဤမျှလောက် စောစီးစွာ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ဒရီမာနှင့်အတူ အလုပ်လုပ်ခြင်းမှာ အနားယူနေရခြင်းနှင့် တူပုံရသော်လည်း အမှန်တကယ် အနားယူခြင်းတော့ မဟုတ်ပေ။

ထိုအကြောင်းကြောင့် အိမ်ပြန်၍ မအိပ်စက်မီ အလုပ်တစ်ချိန် ပြီးစီးသွားစေရန် နစ်က လိုလားခဲ့ခြင်း ဖြစ်သည်။

သူတို့နှစ်ဦးသည် ဂိုဒေါင်ထဲသို့ ဝင်ရောက်လာခဲ့ကြသည်။ ထိုအခါ ဟိုရူဝါသည် သူ၏ အရှေ့ရှိ ကြီးမားလှသော သတ္တုနံရံကြီးကို ကြည့်လိုက်သည်။

"အဲဒါ သူရှိတဲ့နေရာလား..."

သူက မေးလိုက်သည်။

နစ်က ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်... ဝမ်းနည်းစရာကောင်းတာက ဝင်တာမရှိရင် မင်းကို ဘာအသေးစိတ်အချက်အလက်ကိုမှ ငါ ပြောပြလို့ မရဘူးဖြစ်နေတာပဲ..."

ဟိုရူဝါက နားလည်ကြောင်း ပြသသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

နောက်တစ်ခဏတွင် ဟိုရူဝါသည် အညိုဖျော့ရောင် ဆံပင်နှင့် အရပ်ရှည်ရှည် လူတစ်ယောက် စားပွဲတစ်ခု၏ အရှေ့၌ ထိုင်နေသည်ကို သတိပြုမိသွားသည်။ လက်ရှိအချိန်၌ စားပွဲပေါ်တွင် စာရွက်များစွာ ပြန့်ကျဲနေပြီး ထိုလူက သူတို့ကို မျက်မှောင်ကြုတ်ကာ ကြည့်ရှုနေခဲ့သည်။

"မင်း နည်းနည်း စောနေတယ်..."

ဝင်တာက စာရွက်များပေါ်မှ အကြည့်မခွာဘဲ ပြုံးလျက် ပြောလိုက်သည်။

"ဟုတ်တယ်..."

နစ်က ရယ်မောရင်း ပြန်ဖြေသည်။

"ပြီးတော့ ကျွန်တော့်ရဲ့ ဇီဖစ်စွမ်းအင် ထုတ်ယူသူ တွေထဲက တစ်ယောက်အဖြစ် ခန့်အပ်ချင်တဲ့ လူတစ်ယောက်ကိုလည်း ခေါ်လာတယ်..."

"အိုး..."

ဝင်တာက စာရွက်များပေါ်မှ အကြည့်ကို ခွာကာ ပြောလိုက်သည်။

သို့သော်လည်း ထိုကောင်လေးကို မြင်လိုက်ရသောအခါ သူ မျက်မှောင်များ ကြုတ်သွားခဲ့သည်။

"မင်းက သူ့အကြောင်း ပြောနေတာလား..."

"ဟုတ်တယ်..."

နစ်က ခေါင်းညိတ်ကာ ဖြေလိုက်သည်။ ထို့နောက်... ဟိုရူဝါကို အရှေ့သို့ အနည်းငယ် တွန်းပို့လိုက်သည်။ ဟိုရူဝါသည် ဝင်တာကို လေးစားမှု၊ ကြောက်ရွံ့မှုတို့ဖြင့် ကြည့်လိုက်သည်။

"မင်္ဂလာပါ ဆရာ... ကျွန်တော် ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက် ဖြစ်ချင်လို့ပါ..."

ဟိုရူဝါက စကားမထစ်မိစေရန် ကြိုးစားရင်း ပြောလိုက်သည်။ ဝင်တာသည် ဟိုရူဝါကို မကျေနပ်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

"မင်း အသက်ဘယ်လောက်လဲ..."

"ဆယ့်တစ်နှစ်ပါ ဆရာ..."

ဟိုရူဝါက ယဉ်ကျေးစွာ ပြန်ဖြေသည်။

"မင်းမှာ မိသားစု ရှိလား..."

ထိုမေးခွန်းကြောင့် ဟိုရူဝါအနည်းငယ် အံ့သြသွားခဲ့သည်။ နစ်ပင်လျှင် ဇဝေဇဝါဖြင့် မျက်ခုံးပင့်လိုက်မိသည်။

"မ... မရှိပါဘူး ဆရာ..."

ဟိုရူဝါက ဖြေလိုက်သည်။

"မင်းက ဆင်ခြေဖုံးရပ်ကွက်ကြီး ကလို့ ငါ ယူဆတယ်..."

ဝင်တာက မေးလိုက်သည်။

ဟိုရူဝါက ခေါင်းညိတ်သည်။

"ဟုတ်ပါတယ် ဆရာ..."

"မင်းက အဖွဲ့အစည်း ဒါမှမဟုတ် ဂိုဏ်းတစ်ခုခုရဲ့ အဖွဲ့ဝင်လား..."

"မဟုတ်ပါဘူး ဆရာ..."

ဟိုရူဝါက ပြောသည်။

"ဒါတွေက ဘာသဘောလဲ..."

နစ်က မေးလိုက်သည်။

"ခင်ဗျားက ဘာလို့ ဒီမေးခွန်းတွေ အားလုံးကို မေးနေရတာလဲ..."

"ဒီမေးခွန်းတွေမှာ ရည်ရွယ်ချက် ရှိတယ် နစ်..."

ဝင်တာက သူ့ကို မကြည့်ဘဲ ပြောလိုက်သည်။

"မင်းသာ ဒီထဲမှာ သေသွားခဲ့ရင် မင်းကို လာရှာမယ့်သူ တစ်ယောက်ယောက် ရှိလား..."

ဝင်တာက မေးလိုက်သည်။

ထိုမေးခွန်းက ဟိုရူဝါကို အတော်လေး စိုးရိမ်ထိတ်လန့်သွားစေခဲ့ပြီး နစ်ကိုပင် မျက်မှောင်ကြုတ်သွားစေခဲ့သည်။ သို့သော်လည်း နစ်သည် တိတ်ဆိတ်နေခဲ့သည်။

"မရှိပါဘူး ဆရာ..."

ဟိုရူဝါက အနည်းငယ် ကြောက်ရွံ့မှု၊ ဝမ်းနည်းမှုတို့ဖြင့် ပြောလိုက်သည်။ ဝင်တာသည် ဟိုရူဝါကို မကျေနပ်သော မျက်နှာအမူအရာဖြင့် ဆက်လက်စိုက်ကြည့်နေခဲ့သည်။

"နစ်... မင်းနဲ့ သီးသန့်စကားပြောဖို့ လိုတယ်..."

မတ်တပ်ရပ်ကာ ထိန်းသိမ်းရေးအခန်း ၏ အနောက်ဘက်သို့ လျှောက်သွားရင်း ဝင်တာက ပြောလိုက်သည်။

နစ်သည် သံသယဖြစ်မှု၊ မကျေနပ်မှုတို့ဖြင့် လိုက်ပါသွားခဲ့သည်။

ဟိုရူဝါသည် ထိန်းသိမ်းရေးအခန်း ၏ အရှေ့၌ တစ်ယောက်တည်း ကျန်ရစ်ခဲ့လေသည်။

"နစ်... မင်း ဘာလုပ်နေလဲဆိုတာ မင်း တကယ် သိရဲ့လား..."

ဝင်တာက မျက်ခုံးပင့်ကာ မေးလိုက်သည်။

"ကျေးဇူးပြုပြီး သေချာရှင်းပြပါဦး..."

နစ်က ပြောလိုက်သည်။

"သူက ကလေးပဲ ရှိသေးတယ် နစ်..."

ဝင်တာက ရှင်းပြသည်။

"မင်းက ဒရီမာကို ခံနိုင်ရည်ရှိခဲ့ရုံနဲ့ လူတိုင်း ခံနိုင်ရည်ရှိလိမ့်မယ်လို့ မဆိုလိုဘူးလေ... စိတ်ပိုင်းဆိုင်ရာ စွမ်းအင်ကို စားသုံးတဲ့ စပက်တာ တစ်ကောင်နဲ့ အလုပ်လုပ်နေရင်း ဇီဖစ်စွမ်းအင် ထုတ်ယူသူ တွေ သေဆုံးသွားခဲ့ရတဲ့ ဖြစ်ရပ်တွေ အများကြီး ရှိတယ်... တကယ်တမ်းတော့ သူတို့ အဲဒီလို မဖြစ်သင့်ခဲ့ဘူး..."

"ဖိစီးမှု အရမ်းများလွန်းတာက မင်းရဲ့ နှလုံးကို ရပ်တန့်သွားစေနိုင်သလို မင်းရဲ့ ဦးနှောက်ကိုလည်း ပိတ်ပစ်လိုက်နိုင်တယ်..."

"တကယ်လို့ ဒရီမာက သူ့ကို သတ်လိုက်ခဲ့ရင်တောင် ငါတို့ကို လာရှာမယ့်သူ မရှိဘူးဆိုတာ သေချာချင်လို့ ငါ စောစောက မေးခွန်းတွေ အားလုံးကို မေးခဲ့တာ..."

နစ်သည် မျက်မှောင်ကြုတ်လိုက်သည်။

"ဒါဆို ကျွန်တော်တို့ သူ့ကို အလုပ်ခန့်လို့ မရဘူးပေါ့..."

သူက မေးလိုက်သည်။

"နည်းစနစ်ကျကျ ပြောရရင်တော့ အဲဒါက ငါ့ရဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူး..."

ဝင်တာက ပြောသည်။

"ခင်ဗျားရဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူး..."

နစ်က မျက်ခုံးပင့်ကာ မေးလိုက်သည်။

"ငါက ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ်လေ... ငါနဲ့ တိုက်ရိုက် မပတ်သက်ဘူးဆိုရင် ဝန်ထမ်းရေးရာ ပြဿနာတွေကို ငါ မဖြေရှင်းဘူး..."

ဝင်တာက ပြောသည်။

"မင်းက ဇီဖစ်စွမ်းအင် ထုတ်ယူသူ အကြီးအကဲ ပဲ... အရည်အချင်းရှိတဲ့ ဇီဖစ်စွမ်းအင် ထုတ်ယူသူ တွေပါဝင်တဲ့ အဖွဲ့တစ်ခုကို တည်ဆောက်ဖို့နဲ့ သူတို့ကို စပက်တာဆီ နေရာ ချထားပေးဖို့က မင်းရဲ့ တာဝန်ပဲ..."

"မင်းက ဒီကောင်လေးကို အလုပ်ခန့်ချင်တယ်ဆိုရင် မင်း လွတ်လွတ်လပ်လပ် လုပ်နိုင်ခွင့် ရှိတယ်..."

"ဒါပေမဲ့ တစ်ခုခု ဖြစ်လာခဲ့ရင်တော့ အဲဒါ မင်းရဲ့ တာဝန်ပဲ..."

"ဒရီမာက မတော်တဆ သူ့ကို သတ်လိုက်မိခဲ့ရင် အဲဒါ မင်းရဲ့ အမှားပဲ... ပြီးတော့ မင်းက တာဝန်ယူပြီး နောက်ဆက်တွဲ ပြဿနာတွေကို ဖြေရှင်းရလိမ့်မယ်..."

***

All Chapters