← Chapters

အခန်း ၅၅

Vol. 4 Ch. 55

အခန်း ၅၅

Vol. 4 Ch. 55

အပိုင်း(၅၅)

အရာရာက တိတ်ဆိတ်နေသည်။

စက္ကန့်များ ကုန်လွန်သွားသည်နှင့်အမျှ ဟိုရူဝါ၏ အသက်ရှူနှုန်းမှာ မြန်ဆန်လာပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ထပ်မံ၍ တုန်ရီလာခဲ့သည်။

"ဟင့်အင်း..."

ဟိုရူဝါသည် နစ်၏ မျက်လုံးများကို စိုက်ကြည့်ရင်း ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

"ကျွန်တော် အဲဒီထဲကို ပြန်မဝင်ဘူး..."

နစ်သည် ဟိုရူဝါကို စိုးရိမ်မကင်းသော မျက်နှာအမူအရာဖြင့် ကြည့်လိုက်သည်။

"မင်း သေချာလို့လား..."

"ဟုတ်တယ်... ကျွန်တော် သေချာတယ်..."

ဟိုရူဝါက အော်ပြောလိုက်သည်။ နောက်တစ်ခဏတွင် ဟိုရူဝါသည် မြေပြင်ကို ပြန်ကြည့်လိုက်သည်။

"ကျွန်တော်တို့ အိမ်ပဲ ပြန်လို့မရဘူးလား နစ်..."

နစ်သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။

"ငါ ဝင်တာနဲ့ စကားပြောဖို့ လိုတယ်..."

နစ်က ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်..."

ဟိုရူဝါသည် ကြောက်ရွံ့မှု၊ ရှက်ရွံ့မှုတို့ဖြင့် မြေပြင်ကိုသာ ကြည့်ရင်း တိုးတိုးလေး ပြောလိုက်သည်။ ဟိုရူဝါသည် ကြောက်ရွံ့နေသော်လည်း သူသည် နစ်ကို စိတ်ပျက်အောင် လုပ်မိပြီဟုလည်း ခံစားနေရသည်။

ဟိုရူဝါသည် ဒရီမာကို ရင်ဆိုင်ချင်ခဲ့သည်။ သို့သော် ဒရီမာ၏ မျက်လုံးများကို သူ တွေးမိလိုက်တိုင်း သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့က ၎င်းနှင့် မည်သည့်နည်းဖြင့်မျှ ပတ်သက်ရန် ငြင်းဆန်နေခဲ့ကြသည်။

နစ်သည် ဝင်တာရှိရာသို့ လျှောက်သွားကာ သက်ပြင်းချလိုက်သည်။

"တောင်းပန်ပါတယ်... ဒါပေမဲ့ ဟိုရူဝါက အလုပ်ထွက်ချင်တယ်တဲ့..."

ဝင်တာသည် စာရွက်များကို အောက်ချကာ နစ်ကို လေးနက်သော မျက်နှာအမူအရာဖြင့် ကြည့်လိုက်သည်။

"ဒီကလေးကတော့ ပြဿနာပဲ..."

ဝင်တာက ပြောသည်။

နစ်သည် သက်ပြင်းချလိုက်သည်။

"ကျွန်တော် သိပါတယ်... ခင်ဗျားရဲ့ အချိန်တွေကို ဖြုန်းတီးမိတဲ့အတွက် တောင်းပန်ပါတယ်... သူ ဘယ်လောက် သတ္တိရှိလဲဆိုတာကို ကျွန်တော် အမြဲတမ်း မြင်တွေ့ခဲ့ရတယ်... ပြီးတော့ သူ ဒရီမာနဲ့ အလုပ်လုပ်နိုင်မယ်လို့လည်း ထင်ခဲ့တယ်... ဘာပဲဖြစ်ဖြစ် ဒရီမာဆိုတာက အခြေခံအားဖြင့်တော့ ဇီးကွက်ကြီး တစ်ကောင်ပါပဲ..."

ဝင်တာသည် ခံစားချက်ကင်းမဲ့သော မျက်နှာအမူအရာဖြင့် နစ်၏ မျက်လုံးများထဲသို့ စကားတစ်ခွန်းမျှမဆိုဘဲ ကြည့်နေခဲ့သည်။

"သူ ဒါကို ကိုင်တွယ်နိုင်မယ်လို့ ကျွန်တော် ထင်ခဲ့တာ..."

နစ်က ဖြည့်စွက်ပြောလိုက်သည်။

"ဒါပေမဲ့ နောက်ဆုံးတော့လည်း သူက ကလေးတစ်ယောက်ပါပဲလေ..."

နစ်သည် သက်ပြင်းချလိုက်သည်။

"ကျွန်တော် သိထားသင့်တာ... ဒါ ကျွန်တော့်အမှားပါ... တောင်းပန်ပါတယ်..."

ဝင်တာသည် နစ်ကိုသာ ဆက်လက်ကြည့်ရှုနေခဲ့သည်။

တိတ်ဆိတ်သော စက္ကန့်အနည်းငယ် ကုန်လွန်သွားပြီးနောက် ဝင်တာ၏ ခံစားချက်ကင်းမဲ့သော အကြည့်အောက်၌ နစ်သည် အနည်းငယ် သက်သောင့်သက်သာ မရှိဖြစ်လာခဲ့သည်။

"ငါ ဆိုလိုတာကို မင်း နားမလည်ဘူးလို့ ထင်တယ် နစ်..."

ဝင်တာက ပြောလိုက်သည်။ နစ်သည် ဝင်တာကို အနည်းငယ် ဇဝေဇဝါဖြစ်မှု၊ စိုးရိမ်မှုတို့ဖြင့် ကြည့်လိုက်သည်။

"ခင်ဗျား ဘာကို ဆိုလိုတာလဲ..."

သူက မေးလိုက်သည်။

"နစ်... ဒီကောင်လေးရဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ သူ့ရဲ့ ပတ်ဝန်းကျင်အကြောင်းကို ငါ ဘာလို့ မေးခဲ့တယ်လို့ မင်း ထင်လဲ..."

ဝင်တာက မေးလိုက်သည်။ နစ်၏ နှလုံးခုန်နှုန်း မြန်လာခဲ့သော်လည်း သူ ဘာမှမပြောခဲ့ပေ။

"မင်းကြောင့်လေ..."

ဝင်တာက ရှင်းပြသည်။

"အခြေအနေတွေ ဆိုးရွားသွားခဲ့ရင် နောက်ဆက်တွဲ ပြဿနာတွေက တတ်နိုင်သမျှ အနည်းဆုံးနဲ့ အရေးမပါဆုံး ဖြစ်နေတာကို ငါ လိုချင်တယ်..."

"အတွေ့အကြုံရှိတဲ့ ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက်ကို အလုပ်ထွက်ခွင့်ပေးဖို့အတွက် ငါ့မှာ ပြဿနာမရှိဘူး... သူတို့မှာ အတွေ့အကြုံရှိတယ် ပြီးတော့ သူတို့က လူကြီးတွေလေ... လျှို့ဝှက်ချက်ထိန်းသိမ်းရေး သဘောတူစာချုပ်ကို ဖောက်ဖျက်တယ်ဆိုတာ ဘာကိုဆိုလိုလဲ သူတို့ သိကြတယ်..."

"ဒါပေမဲ့ သူက ကလေးပဲ ရှိသေးတာ... သူ ဒရီမာကို မြင်လိုက်ရတဲ့အချိန်မှာ ဘာဖြစ်သွားလဲဆိုတာ မင်း မြင်ခဲ့တယ်မလား..."

"ကလေးတွေက အချိန်တော်တော်များများမှာ သူတို့ ဘာခံစားရတယ်၊ ဘာတွေးနေတယ်ဆိုတာကို သူတို့ကိုယ်တိုင်တောင် မသိကြဘူး... ကိုယ့်ကိုယ်ကိုယ် ဓမ္မဓိဋ္ဌာန်ကျကျ အကဲဖြတ်နိုင်လောက်တဲ့ အတွေ့အကြုံမျိုး သူတို့ဆီမှာ မရှိသေးဘူး..."

"သူ့ဘဝကို ပြောင်းလဲပစ်မယ်၊ ဒရီမာနဲ့ အလုပ်လုပ်မယ်လို့ မင်းကို ပြောတုန်းက သူ ဘယ်လောက်တောင် စိတ်အားထက်သန်ပြီး တက်ကြွနေခဲ့သလဲဆိုတာ မင်း မြင်ခဲ့တယ်မလား... ဒါပေမဲ့ ဒရီမာနဲ့ တွေ့လိုက်ရတာနဲ့ သူက ကြောက်လန့်ပြီး ထွက်ပြေးတာပဲ..."

"လျှို့ဝှက်ချက်ထိန်းသိမ်းရေး သဘောတူစာချုပ်နဲ့ ပတ်သက်ပြီးတော့လည်း ဒီလိုပဲ ဖြစ်လာနိုင်တယ်..."

"သေချာတာပေါ့... လျှို့ဝှက်ချက်ထိန်းသိမ်းရေး သဘောတူစာချုပ်ကို ဖောက်ဖျက်ရင် သေဒဏ်ပေးခံရမယ်ဆိုပေမဲ့ ဒီကောင်လေးက လူကြီး မဖြစ်သေးဘူးလေ... သူက တခြားလူတစ်ယောက်ကို ဘယ်သူ့ကိုမှ မပြောပါဘူးလို့ ကတိပေးခိုင်းလိုက်ရင် သူ လွတ်မြောက်သွားလိမ့်မယ်လို့ ယုံကြည်နေနိုင်တယ်..."

"အဲဒီအချိန်ရောက်ရင်တော့ ပျက်စီးဆုံးရှုံးမှုတွေက ဖြစ်သွားခဲ့ပြီပဲ..."

နစ်၏ ရင်ဘတ်မှာ စိုးရိမ်ပူပန်မှုကြောင့် တင်းကျပ်သွားခဲ့သော်လည်း သူ တည်ငြိမ်နေသယောင်ဟန်ဆောင်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။

"ဒါဆို ခင်ဗျားရဲ့ အစီအစဉ်က ဘာလဲ..."

နစ်က မေးလိုက်သည်။

"ဒီပြဿနာကို ကျွန်တော်တို့ ဘယ်လို ဖြေရှင်းနိုင်မလဲ..."

ဝင်တာသည် နစ်၏ မျက်လုံးများထဲသို့ စကားတစ်ခွန်းမျှမဆိုဘဲ ခေတ္တမျှ ထပ်မံကြည့်ရှုနေခဲ့သည်။

နစ်၏ နှလုံးခုန်နှုန်းမှာ ပို၍ပင် မြန်လာခဲ့သည်။

"သူ့ကို နောက်ထပ် စာချုပ်တစ်ခု ထပ်ချုပ်ခိုင်းရင်ကော ဘယ်လိုလဲ..."

နစ်က မေးလိုက်သည်။

"လျှို့ဝှက်ချက်ထိန်းသိမ်းရေး သဘောတူစာချုပ်ကို ဖောက်ဖျက်ဖို့ ပိုပြီးခက်ခဲသွားစေမယ့် စာချုပ်မျိုးပေါ့..."

"ဟိုရူဝါကို စောင့်ကြည့်နေဖို့ ပေတာ ကို လွှတ်လိုက်ရင်ကော... ကျွန်တော့်ရဲ့ ကိုယ်ပိုင်ငွေနဲ့ ကျွန်တော် ပေးပါ့မယ်..."

"သူ တကယ်တမ်း ဒရီမာကို ရင်ဆိုင်နိုင်ဖို့ အဆင်သင့်ဖြစ်တဲ့အချိန်အထိ သူ့အိမ်မှာ ကျွန်တော် သွားနေပေးရင်ကော..."

ဝင်တာသည် အဖြေမပေးခဲ့ပေ။ သူသည် နစ်ကို ခံစားချက်ကင်းမဲ့စွာဖြင့်သာ ဆက်လက်ကြည့်ရှုနေခဲ့သည်။

"နစ်... ဒီကောင်လေးက ပြဿနာတစ်ခုပဲ... သူ ဆက်ပြီး အသက်ရှင်နေတာက ကုမ္ပဏီအတွက် အန္တရာယ်တစ်ခုပဲ..."

"ဒီကိစ္စအတွက် နည်းလမ်းနှစ်ခုပဲ ရှိတယ်... ပထမတစ်ခုက သူ ဒီဂိုဒေါင်ထဲကနေ ထွက်မသွားဘဲ ဒရီမာနဲ့ အလုပ်လုပ်ပြီး တရားဝင် ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက် ဖြစ်လာဖို့ပဲ... ဒုတိယတစ်ခုကတော့ သူ့ကို အိမ်ပြန်ပို့ဖို့ ပေတာ ကို ငါ တာဝန်ပေးလိုက်မယ်... ပြီးတော့ အိမ်အပြန်လမ်းမှာ..."

ဝင်တာက ခဏမျှ တွန့်ဆုတ်သွားပြီးနောက်မှ ဆက်ပြောလိုက်သည်။

"ဒီကောင်လေးက ဆင်ခြေဖုံးရပ်ကွက်ကြီး ထဲက သံပန်းဇကာတွေ ကြားထဲကို မတော်တဆ ပြုတ်ကျသွားလိမ့်မယ်... ဒါပေမဲ့ သူက ရေနဲ့မထိခင်မှာကတည်းက သေနေလိမ့်မယ်..."

"ဆယ့်တစ်နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ လျှို့ဝှက်ချက် ထိန်းသိမ်းနိုင်စွမ်းအပေါ်မှာ ငါ့ရဲ့ ကုမ္ပဏီကို ငါ ပုံအပ်မထားနိုင်ဘူး…”

နစ်၏ စိတ်အာရုံတို့ ရပ်တန့်သွားမတတ် ဖြစ်သွားသည်။

ဟိုရူဝါသတ်ခံရတော့မည်လော။

"မင်း နောက်နေတာလို့ ပြောစမ်းပါ..."

နစ်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"ငါ နောက်နေတာ မဟုတ်ဘူး..."

ဝင်တာက ဆိုသည်။

"မင်း ရူးနေပြီလား..."

နစ်က အော်ဟစ်လိုက်သည်။

အဝေးတစ်နေရာမှ ဟိုရူဝါသည် နစ်၏ အသံကို ကြားလိုက်ရသဖြင့် တစ်ဖန် ပြန်လည်စိုးရိမ်ပူပန်လာခဲ့သည်။

"ငါ မရူးဘူး..."

ဝင်တာက တည်ငြိမ်သော်လည်း ပြတ်သားသော လေသံဖြင့် ဆိုသည်။

"ကုမ္ပဏီအတွက် အကောင်းဆုံးဖြစ်မယ့် အရာကို ငါ လုပ်နေတာ... ဒီကုမ္ပဏီကို တိုးတက်အောင်လုပ်ဖို့နဲ့ အကျိုးအမြတ်ရအောင်လုပ်ဖို့က ငါ့အလုပ်ပဲ... တကယ်တော့ ဒီကိစ္စတွေကို ဖြေရှင်းဖို့ဆိုတာ ငါ့ရဲ့ တိုက်ရိုက်တာဝန်တောင် မဟုတ်ဘူး... မင်းရဲ့ တာဝန်ပဲ..."

"ဒီကိစ္စကို ဖြေရှင်းဖို့ ပေတာကို ငါ လွှတ်ပေးမယ်ဆိုတာက မင်းကို မျက်နှာသာပေးလိုက်တာပဲ..."

"ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီတွေနဲ့ စီးပွားရေးလောကက ဘယ်လိုလည်ပတ်နေလဲဆိုတာကို မင်းနားမလည်သေးလို့ ငါက သက်ညှာပေးနေတာ..."

နစ်သည် အံကိုတင်းတင်းကြိတ်လိုက်သည်။

"မင်းက ကလေးတစ်ယောက်ကို ဒီအတိုင်း သတ်တော့မလို့လား..."

"အခုကျတော့ သူက ကလေးဖြစ်သွားပြီပေါ့လေ..."

ဝင်တာက စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် မေးလိုက်သည်။

"စောစောကကျတော့ မင်းပဲ သူ့ကို လူကြီးတစ်ယောက်လို သဘောထားပြီး အလုပ်ခန့်ခဲ့တာမဟုတ်ဘူးလား..."

"မင်းက သူ့ကို လူကြီးတစ်ယောက်လို ဆက်ဆံခဲ့တာလေ... ဒါကြောင့် သူကလည်း သူ့လုပ်ရပ်တွေအတွက် လူကြီးတစ်ယောက်လို တာဝန်ယူရမှာပေါ့..."

"သူ့ရဲ့ စာချုပ်ပါအချက်တွေကို သူ ဖြည့်ဆည်းပေးရမယ်၊ ဒါမှမဟုတ်ရင်လည်း အကျိုးဆက်တွေကို သူ ခံယူရလိမ့်မယ်..."

ဝင်တာက ဆိုသည်။

"သူက ဆယ့်တစ်နှစ်ပဲ ရှိသေးတယ်ကွ ဝင်တာ..."

နစ်က အော်မတတ် ပြောလိုက်သည်။

"မင်းရဲ့ စီးပွားရေးအတွက် ဆယ့်တစ်နှစ်အရွယ် ကလေးတစ်ယောက်ကို သတ်မှာလား..."

"ငါတို့ရဲ့ စီးပွားရေးပါ နစ်..."

ဝင်တာက ဆိုသည်။

"ပြီးတော့ မင်းကလည်း ငါ့ထက် သိပ်မသာပါဘူး... မင်းက ကလေးတစ်ယောက်ကို လူသားတွေရဲ့ သဘာဝရန်သူဖြစ်ပြီး ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး ဖြစ်တည်မှုဖြစ်တဲ့ စပက်တာ တစ်ကောင်နဲ့ အလုပ်လုပ်ခိုင်းခဲ့တာပဲလေ..."

"ငါ မင်းကို သတိပေးခဲ့သားပဲ..."

ဝင်တာက အနည်းငယ် အသံကျယ်သွားသည်။

"ဒါက မင်းရဲ့ တာဝန်လို့ ငါ ပြောခဲ့တယ်လေ။ ဒါပေမဲ့ တစ်ခုခု လွဲချော်သွားတာနဲ့ မင်းမှာ အဲဒါကို ဖြေရှင်းနိုင်လောက်တဲ့ ရင့်ကျက်မှုမျိုး မရှိဘူး... အခု ဒီကိစ္စကို ဖြေရှင်းရမယ့်သူက ငါ ဖြစ်နေပြီ... မင်းအလုပ်ကို မင်း သေချာမလုပ်နိုင်ခဲ့တဲ့အတွက် အခုတော့ ကလေးတစ်ယောက်ကို သတ်ဖို့ ငါက အမိန့်ပေးနေရပြီလေ..."

"ဒီကိစ္စက ငါ့အတွက် လွယ်ကူမယ်လို့ မင်း ထင်နေသလား... ငါက ဘာခံစားချက်မှ မရှိတဲ့ အေးစက်စက် စက်ရုပ်တစ်ရုပ်လို့ မင်းက ထင်နေတာလား... ငါလည်း အဲဒီကလေးကို မသေစေချင်ပါဘူး၊ ဒါပေမဲ့ ငါ လုပ်ကိုလုပ်ရတော့မယ်... ငါသာ မလုပ်ဘူးဆိုရင် ဒီစီးပွားရေးအတွက် ငါ စွန့်လွှတ်အနစ်နာခံခဲ့ရတာတွေ အကုန်လုံး သဲထဲရေသွန် ဖြစ်သွားလိမ့်မယ်..."

"ပိုဆိုးတာက ပေတာ ဘယ်လိုခံစားရမလဲဆိုတာကိုရော မင်း တွေးမိရဲ့လား... ဒီလိုကိစ္စတွေကို ဖြေရှင်းဖို့ ပေတာကို လေ့ကျင့်ပေးထားတယ်ဆိုပေမဲ့ သူက ကလေးတစ်ယောက်ကိုတော့ တစ်ခါမှ မသတ်ဖူးဘူး... ဒီကိစ္စက သူ့ရဲ့ စိတ်ကိုလည်း အချိန်အကြာကြီး ဒဏ်ရာရသွားစေလိမ့်မယ်... မင်းရဲ့ ကိုယ်ပိုင်အမှားတွေကို မင်း မဖြေရှင်းနိုင်လို့ အခြားလူနှစ်ယောက်ပါ နာကျင်ခံစားရတော့မယ်... မင်းရဲ့ မိုက်မဲမှု၊ ပြတ်သားမှုမရှိတာနဲ့ စိတ်ဓာတ်ပျော့ညံ့မှုတွေကြောင့်ပဲ အခု ငါနဲ့ ပေတာက ဒီလိုဆိုးရွားတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတာပဲ... ငါ သတိပေးပြီးတဲ့အချိန်မှာ မင်းက သူ့ကို အလုပ်မခန့်ဖို့ ဆုံးဖြတ်လိုက်ရုံနဲ့ သူလည်း သေစရာအကြောင်း မရှိဘူး..."

ဝင်တာက အော်ပြောလိုက်သည်။

"ဒါဆိုရင် မင်းက ဘာလို့ ငါ့ကို မတားခဲ့တာလဲ..."

နစ်က ပြန်အော်လိုက်သည်။

"ဘာလို့လဲဆိုတော့ ဒါက မင်းရဲ့ တာဝန်ဖြစ်နေလို့လေ..."

ဝင်တာက ဒေါသတကြီး လေသံဖြင့် ဆိုသည်။

"မင်းက ငါ့ရဲ့ ဇီဖစ်စွမ်းအင် ထုတ်ယူသူ အကြီးအကဲလေ... မင်းက ခေါင်းဆောင်တစ်ယောက်... မင်းက မန်နေဂျာတစ်ယောက်ပဲ..."

“တာဝန်ယူမှု... ဒါက သာမန် ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက်နဲ့ ဇီဖစ်စွမ်းအင် ထုတ်ယူသူ အကြီးအကဲတို့ကြားက ကွာခြားချက်ပဲ..."

"ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက်ယောက် သေသွားခဲ့ရင် အဲဒါ မင်းရဲ့ အပြစ်ပဲ..."

"မင်းရဲ့ လုပ်ငန်းစဉ်တွေက လုံလောက်အောင် မကောင်းမွန်ခဲ့လို့၊ ဒါမှမဟုတ် မင်းက လူရွေးမှားခဲ့လို့၊ ဒါမှမဟုတ် မင်းက အချိန်အခါမဟုတ်ဘဲ တစ်ယောက်ယောက်ကို အတင်းအကျပ် အလုပ်လုပ်ခိုင်းခဲ့လို့ ဖြစ်ရတာပဲ..."

"ဇီဖစ်စွမ်းအင် ထုတ်ယူသူ ဆီမှာဖြစ်ဖြစ်၊ စပက်တာ ဆီမှာဖြစ်ဖြစ် တစ်ခုခုဖြစ်ခဲ့ရင် အနည်းဆုံးတော့ မင်းဆီမှာ အမြဲတမ်း တစိတ်တပိုင်း တာဝန်ရှိတယ်..."

"မင်းက ဆုံးဖြတ်ချက်တွေ ချရတာလေ... မင်းမှာ လွတ်လပ်ခွင့် အပြည့်အဝ ရှိတယ်... ဒါပေမဲ့ တစ်ခုခုလွဲချော်သွားရင်တော့ မင်းရဲ့ ခေါင်းပေါ်ကို ကျမှာပဲ..."

***

All Chapters