← Chapters

အခန်း ၅၇

Vol. 4 Ch. 57

အခန်း ၅၇

Vol. 4 Ch. 57

အပိုင်း(၅၇)

ဟိုရူဝါသည် ထိန်းသိမ်းရေးအခန်း ၏ အလယ်သို့ လိမ့်သွားခဲ့သည်။ သူသည် နစ်ကို အံ့အားသင့် တုန်လှုပ်စွာဖြင့် ကြည့်နေခဲ့သည်။

နစ်သည် သူ တစ်ခါမှ မမြင်ဖူးခဲ့သော လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ရှိနေသည်။

'ဒါက သူ့ရဲ့ အစစ်အမှန်ပုံစံလား'

ဟိုရူဝါသည် အကြောက်တရား၊ တုန်လှုပ်မှု၊ သစ္စာဖောက်ခံရမှုတို့ဖြင့် တွေးလိုက်သည်။

'အရင်က အရာအားလုံးက ဟန်ဆောင်နေခဲ့တာတွေချည်းပဲလား... ငါ့ကို အတင်းအကျပ် ခိုင်းစေလို့ရအောင် စာချုပ်ကို လက်မှတ်ထိုးစေချင်ရုံ သက်သက်ပဲလား... ဒါက ခင်ဗျားရဲ့ အစစ်အမှန်ပုံစံပဲလား'

သို့သော် ဟိုရူဝါ၏ နှုတ်မှ ဘာမျှ ထွက်မလာခဲ့ပေ။

"ဒရီမာနဲ့ သွားအလုပ်လုပ်တော့..."

နစ်က အေးစက်စွာ ပြောလိုက်သည်။

"မင်း ပြီးတဲ့အထိ ငါ ဒီမှာ နေပေးမယ်..."

ထိုအခိုက်အတန့်တွင် ဟိုရူဝါသည် သူ ဒရီမာ၏ ထိန်းသိမ်းရေးအခန်း ထဲတွင် ရောက်နေကြောင်းကို သတိရသွားပြီး ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သည်။

ဟိုရူဝါ၏ အနောက်ဘက် နှစ်မီတာ အကွာတွင်တော့ ဒရီမာရှိနေခဲ့သည်။ ယခုအချိန်အထိ ၎င်းက နေရာမှ မရွေ့သေးဘဲ ဟိုရူဝါကို ၎င်း၏ အသက်မဲ့နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေဆဲပင် ဖြစ်သည်။ ဟိုရူဝါ၏ စိတ်အာရုံများ အေးခဲသွားတော့သည်။

သူ၏ နှလုံးခုန်နှုန်းမှာ တစ်မိနစ်လျှင် အချက် ၂၀၀ ကျော်အထိ မြန်ဆန်လာခဲ့ပြီး သူ၏ ကမ္ဘာကြီးသည် ချာချာလည်လာတော့သည်။

ဟိုရူဝါသည် အသက်ကို အလွန်လျင်မြန်စွာ ရှူသွင်းလာခဲ့သည်။ ထိုအရာက သူ၏ မူးဝေမှုကို ပိုမို ဆိုးရွားလာစေခဲ့သည်။

ထို့နောက် သူ လဲကျသွားတော့သည်။

အလွန်အမင်း တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုတို့ကြောင့် ဟိုရူဝါသတိလစ်သွားခဲ့ခြင်း ဖြစ်သည်။ ဒရီမာက ထိုအရာကို မြင်သောအခါ နစ်ရှိရာသို့ ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သည်။

"အခုကစပြီး သူ ငါတို့နဲ့ အလုပ်လုပ်လိမ့်မယ်..."

နစ်က ဖြည်းညင်းစွာ ပြောလိုက်သည်။

"နောက် ရှစ်နာရီကြာတဲ့အထိ မင်း သူ့ဆီကနေ စားသုံးခွင့်ရှိတယ်။ သူသာ ရှင်ကျန်ရစ်ခဲ့ရင် မင်းနဲ့ ဆက်ပြီး အလုပ်လုပ်လိမ့်မယ်..."

"သူသာ အသက်မရှင်ဘူးဆိုရင်တော့ အခုကစပြီး ငါ တစ်ယောက်တည်းပဲ မင်းနဲ့ အလုပ်လုပ်တော့မယ်... အရာအားလုံးသာ အဆင်ပြေခဲ့ရင် မင်းနဲ့ အလုပ်လုပ်ဖို့ တတိယလူ တစ်ယောက်ကိုလည်း ငါ ထပ်ရှာပေးမယ်..."

"မိုက်မဲတဲ့ အလုပ်တစ်ခုမှ မလုပ်နဲ့..."

နစ်က အေးစက်စွာ ပြောလိုက်သည်။ ဒရီမာသည် ဟိုရူဝါရှိရာသို့ နောက်တစ်ကြိမ် ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သည်။ ထို့နောက် ဟိုရူဝါ၏ ဦးခေါင်းရှိရာသို့ ဖြည်းညင်းစွာ လျှောက်သွားလေသည်။

ထို့နောက် ၎င်း ရပ်တန့်သွားသည်။

ဒရီမာသည် ဟိုရူဝါ၏ ဦးခေါင်းဘေးတွင် ရပ်နေရုံမျှသာ ရပ်နေပြီး သူ၏ မှိတ်ထားသော မျက်လုံးများကိုသာ စိုက်ကြည့်နေတော့သည်။

ခဏအကြာတွင် ဟိုရူဝါ၏ မျက်ခွံများ တွန့်လိမ်သွားသည်။ သို့သော် ထိုအချိန်မှာပင် ထိန်းသိမ်းရေးအခန်း အတွင်းရှိ ပရီဖစ် စွမ်းအင် များ တိုးပွားလာကြောင်းကို နစ်သတိပြုမိလိုက်သည်။

ယခုလို တိုးပွားလာခြင်းက ဒရီမာတိုက်ခိုက်ချင်နေသည်ဟူသော အဓိပ္ပာယ်မျိုး မဖြစ်စေရန်သာ နစ်မျှော်လင့်နိုင်တော့သည်။

ကံကောင်းထောက်မစွာဖြင့် ပရီဖစ် စွမ်းအင် များ တိုးပွားလာမှုက အချက်ပေးသံကို မမြည်စေခဲ့ပေ။ နှစ်စက္ကန့်အကြာတွင် ဟိုရူဝါ၏ မျက်ခွံများလည်း ပြန်လည် ငြိမ်သက်သွားခဲ့သည်။

ဟိုရူဝါ၏ အသက်ရှူနှုန်း ပြောင်းလဲသွားကာ သူ၏ ခန္ဓာကိုယ်သည် ပိုမို သက်တောင့်သက်သာရှိသော အနေအထားသို့ အလိုအလျောက် ပြောင်းလဲသွားသည်။ သူ အိပ်ပျော်သွားခြင်း ဖြစ်သည်။

နစ်က ထိုအရာကို မြင်သောအခါ သက်ပြင်းချလိုက်ပြီး တံခါးအရှေ့တွင် ထိုင်ချလိုက်သည်။

အချိန်အတော်ကြာသည်အထိ နစ်သည် တုန်ယင်နေသော အသက်ရှူခြင်းများဖြင့်သာ ဆက်လက် အသက်ရှူ နေခဲ့သည်။ သူ လက်နှစ်ဖက်ကို ခေါင်းနောက်ဖက်သို့ ပို့၍ မှီထားလိုက်သည်။

ဒရီမာသည် စတင်၍ စားသုံးနေပြီ ဖြစ်သည်။ ဇီဖစ်စွမ်းအင် သိုလှောင်ကန်မှာလည်း ပြည့်လာနေပြီ ဖြစ်သည်။

သို့တိုင်အောင် နစ်သည် မပျော်ရွှင်နိုင်ခဲ့ပေ။ တစ်စက်ကလေးမှကို မပျော်ရွှင်နိုင်ခဲ့ခြင်း ဖြစ်သည်။

'ငါ တကယ် တောင်းပန်ပါတယ် ဟိုရူဝါရာ... ငါ တောင်းပန်ပါတယ်။'

'ကိစ္စတွေက ဒီလောက် မလွယ်ကူဘူးဆိုတာ ငါ သိခဲ့သင့်တာ...'

'ဒရီမာက စပက်တာ တစ်ကောင်အနေနဲ့ သိပ်မကြောက်စရာ မကောင်းဘူး ဆိုရင်တောင်မှ သူက စပက်တာ ပဲလေ...'

'ပြီးတော့ မင်းက ကလေးတစ်ယောက်ပဲ ရှိသေးတာ... ကလေးတစ်ယောက်က စပက်တာ နဲ့ အလုပ်လုပ်နိုင်မယ်လို့ ငါ ဘယ်လိုလုပ် တွေးမိခဲ့တာပါလိမ့်... ငါ တကယ် တုံးအလွန်းပါတယ်။'

'ငါ တကယ့်ကို အရူးတစ်ယောက်ပါပဲ...'

'ငါ တကယ် တောင်းပန်ပါတယ်...'

'ငါကိုယ်တိုင်က အမှားလုပ်ခဲ့တာ၊ အခုတော့ မင်းက တန်ဖိုးပေးဆပ်နေရပြီ...'

'ဒါတွေအကုန်လုံးက ငါ့အမှားတွေချည်းပါပဲ ဟိုရူဝါရာ...'

နစ်၏ ခြေလက်များသည် စိတ်ပျက်အားငယ်မှု၊ အပြစ်ရှိသလို ခံစားရမှုနှင့် ဒေါသတို့ကြောင့် တဆတ်ဆတ် တုန်ယင်နေခဲ့သည်။

'ငါ တကယ့်ကို ဆိုးဆိုးရွားရွား ခံစားနေရတယ်... ကျေးဇူးပြုပြီး ဟိုရူဝါ၊ မင်း နိုးလာတဲ့အခါ မိုက်မဲတဲ့ အလုပ်တစ်ခုမှ မလုပ်ပါနဲ့...'

'မင်း ငါ့ကို မုန်းနိုင်ပါတယ်... ငါ့ကို လျစ်လျူရှုထားနိုင်ပါတယ်... ငါ့ကို ဖျက်ဆီးပစ်ဖို့ ကြိုးစားလို့လည်း ရပါတယ်... ငါ အရာအားလုံးကို ကျေကျေနပ်နပ်ကြီး လက်ခံပါတယ်... ဒါပေမဲ့ ကျေးဇူးပြုပြီးတော့ စီးပွားရေးလုပ်ငန်း ဒါမှမဟုတ် ဝင်တာကို ဖျက်ဆီးဖို့တော့ မကြိုးစားပါနဲ့...'

'ဘာလို့လဲဆိုတော့ မင်းသာ အဲဒီလိုလုပ်ခဲ့ရင် မင်း သေသွားလိမ့်မယ်...'

နစ်သည် အရာအားလုံးကို ဆက်လက် တွေးတောနေစဉ်မှာပင်၊ သူ၏ ကိုယ်ပိုင် အဖြစ်မှန်ကိုလည်း ပြန်လည် သတိပြုမိလာတော့သည်။

'တကယ်တော့ ငါကလည်း ဟိုရူဝါနဲ့ အခြေအနေချင်း တူတူလောက်ပဲလို့ ထင်တယ်... ဝင်တာက ငါ့ကို သူ့ရဲ့ ဇီဖစ်စွမ်းအင် ထုတ်ယူသူ အကြီးအကဲ အဖြစ် ခန့်အပ်ခဲ့တယ်... ငါသာ သူ့ကို သစ္စာဖောက်ခဲ့ရင် ငါလည်း အသတ်ခံရမှာပဲ'

နစ်သည် လက်သီးများ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလျက်သား ဖြစ်သွားသည်။

'ဝင်တာက အေးစက်စက်နိုင်ပြီး တွက်ချက်ရေးကျွမ်းကျင်တဲ့ စီးပွားရေးသမား တစ်ယောက်ပဲ... သူ့ကို ဆန့်ကျင်တဲ့ သူတိုင်းကို သူ ဖယ်ရှားပစ်လိမ့်မယ်...'

'ငါသာ လျှို့ဝှက်ချက် တစ်ခုခုကို တစ်ယောက်ယောက်ကို ပြောပြလိုက်မယ်ဆိုရင် တစ်နေ့တည်းနဲ့တင် ငါ သေသွားလိမ့်မယ်...'

ဖြည်းညင်းစွာဖြင့်ပင် နစ်၏ ခံစားချက်များထဲသို့ ဒေါသနှင့် ကြောက်ရွံ့မှုတို့ကလည်း ရောနှောဝင်ရောက်လာခဲ့သည်။

'ဝင်တာ... ဒါက ငါ့တာဝန်မှန်း ငါသိပါတယ်၊ ဒါပေမဲ့ ဒီလိုဖြစ်လာမယ်ဆိုတာကို မင်း သိနေခဲ့တာပဲ... မင်းက ဒီလိုဖြစ်လာဖို့ကိုတောင် ဆန္ဒရှိနေခဲ့တာ ဖြစ်နိုင်တယ်...'

'ဘာပဲဖြစ်ဖြစ်၊ မင်းက ငါ့ကို သင်ခန်းစာရစေချင်တယ်လို့ ပြောခဲ့တာပဲလေ...'

နစ်သည် ဒေါသတကြီးဖြင့် အံကို တင်းတင်းကြိတ်ထားလိုက်သည်။

သို့သော် ထိုအချိန်တွင် နစ်၏ စိတ်အာရုံထဲ၌ မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။

ထိုမြင်ကွင်းမှာ နစ်က ဒရီမာကို မျက်လုံးကန်းသွားအောင် လုပ်နေစဉ် ဝင်တာက နစ်၏ အနောက်တွင် ရပ်နေခဲ့သည့် မြင်ကွင်းပင် ဖြစ်သည်။

ထိုမြင်ကွင်းထဲတွင် ဝင်တာသည် မိလ္လာရေများဖြင့် ရွှဲရွှဲစိုနေခဲ့သည်။ ဝင်တာအနေဖြင့် အထဲသို့ ခုန်ချရန် မည်မျှ ခက်ခဲခဲ့ကြောင်းကို နစ်မှတ်မိနေသည်။ ထို့အပြင် ဝင်တာသည် မိလ္လာမြောင်းထဲမှ ပြန်ထွက်လာပြီးနောက် မည်မျှ ဆင်းရဲဒုက္ခ ရောက်ခဲ့ရကြောင်းကိုလည်း သူ မှတ်မိနေခဲ့သည်။

'သူက ဒရီမာကို ဖမ်းချင်လို့သာ အဲဒီလို လုပ်ခဲ့တာပဲ'

နစ်သည် မုန်းတီးစွာဖြင့် တွေးလိုက်သည်။ သို့သော် အချိန်တွေ ပိုကြာလာလေလေ၊ နစ်က ထိုအချက်ကို မယုံကြည်ကြောင်း ပို၍ ခံစားလာရလေလေ ဖြစ်သည်။

ဝင်တာသည် ဒရီမာကြောင့်သာ ဤသို့ တကယ်လုပ်ခဲ့ခြင်း ဖြစ်ပါသလား။

'တကယ်တော့ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်... ငါ သေသွားမယ်ဆိုတာ မသေချာဘူးလေ... ဝင်တာရပ်နေခဲ့တဲ့ မိလ္လာမြောင်း ဝင်ပေါက်ဆီကို ငါ ရေကူးပြီး ရောက်သွားနိုင်မယ့် အခွင့်အရေး ကောင်းကောင်း ရှိခဲ့တာပဲ...'

'အဲဒီအချိန်ကျရင် ဝင်တာက မိလ္လာမြောင်းထဲကို ခုန်ဆင်းစရာမလိုဘဲ ငါ့ကို ကူညီပေးနိုင်မှာပဲလေ...’

နစ်ရှိနေခဲ့သော နေရာနှင့် မိလ္လာမြောင်း ဝင်ပေါက်ကြားတွင် အနည်းဆုံး မီတာ သုံးဆယ်ခန့် ကွာဝေးပေသည်။ ထိုမျှဝေးသော ခရီးကို ဝင်တာရေကူးလာရန်အတွက်၊ သူသည် နစ်အနီးသို့ မရောက်လာမီ စက္ကန့်သုံးဆယ်ခန့် အလိုကတည်းက မိလ္လာမြောင်းထဲသို့ ခုန်ချခဲ့ခြင်း ဖြစ်ရပေမည်။

နစ်သည် သူ၏ လက်များကို ဒူးပေါ်တင်ကာ စိတ်ပျက်အားငယ်စွာဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။

'သူက အေးစက်စက်နိုင်တဲ့သူ မဟုတ်ဘူး’

နစ်က တွေးလိုက်သည်။

‘အခု အေးစက်စက်နိုင်တဲ့ပုံ ပေါက်နေပေမဲ့ လူတွေက ဖိအားတွေ၊ အန္တရာယ်တွေကြားမှာပဲ သူတို့ရဲ့ မျက်နှာ အစစ်ကို ပြတတ်ကြတာ... တကယ် အရေးကြီးလာတဲ့ အခါ ဝင်တာက ငါ့ကို ကယ်ဖို့ မိလ္လာမြောင်းထဲ အထိ ခုန်ဆင်းခဲ့တာပဲ... အဲ့တာက သူ့ကိုယ်ကြိုး အတွက်လည်း ဖြစ်နိုင်ပေမဲ့ တကယ်ကို ခက်ခဲခဲ့တဲ့ လုပ်ရပ် တစ်ခုပဲလေ...’

'အခု သူက အေးစက်စက် နေဖို့ လိုအပ်လို့ နေနေရတာ နေမှာပါ... ဒါက သူ့ရဲ့ အလုပ်ပဲလေ...’

‘သူ ပြောခဲ့သလိုမျိုး ဟိုရူဝါကို သတ်ဖို့ ဆုံးဖြတ်လိုက်မယ် ဆိုရင် သူ့စိတ်ထဲမှာလည်း လေးလံနေမှာ သေချာတယ်... ဒါပေမဲ့ သူက ငါ့ကို ပုံမှန်အတိုင်းပဲ စကားပြောခဲ့တာ... စည်းကျော်တဲ့ စကား တစ်ခွန်းမှ မပါဘူး... တကယ်တော့ အကြီးအကျယ် အမှားလုပ်ခဲ့တာက ငါပဲ...’

‘ဒါပေမဲ့ သူက ငါ့ကို အပြစ်တင်ရုံပဲ တင်ခဲ့တယ်... ဟိုရူဝါလည်း ငါ့ကြောင့် ဆင်းရဲဒုက္ခရောက်ရတယ်... ဝင်တာလည်း ငါ့ကြောင့်ပဲ ပြဿနာတွေ တွေ့ခဲ့ရတယ်...”

'အခြေအနေတွေသာ ပိုဆိုးသွားခဲ့လျှင် ပေတာ တောင်မှ ငါ့ကြောင့် ဆင်းရဲဒုက္ခ ရောက်ရဦးမယ်...”

'ဟိုရူဝါကို ခေါ်လာဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့သူကလည်း ငါပဲ...”

“ဝင်တာက ငါ့ကို သတိပေးခဲ့ပေမဲ့ ငါ နားမထောင်ခဲ့ဘူး... ဒါတွေအားလုံး ငါ့ကြောင့်ပဲ...”

ထိုအခိုက်အတန့်တွင် နစ်၏ ခံစားချက် အများစုမှာ ပျောက်ကွယ်သွားခဲ့ပြီး၊ ခံစားချက် နှစ်ခုတည်းကသာ နေရာယူလာခဲ့တော့သည်။

အပြစ်ရှိသလို ခံစားရမှုနှင့် ပြတ်သားသော ဆုံးဖြတ်ချက်တို့ပင် ဖြစ်သည်။

'ဒါက ငါ့အမှားပဲ...'

'ပြီးတော့ ဒီပြဿနာတွေကို ပြန်လည်ဖြေရှင်းဖို့က ငါ့တာဝန်ပဲ...'

'ငါ ဘာပဲလုပ်ရလုပ်ရ၊ ဘယ်လောက်ပဲ ပေးဆပ်ရပါစေ...'

နစ်သည် ရှေ့သို့ ထပ်မံ ကြည့်လိုက်ပြန်သည်။ ဒရီမာသည် အိပ်ပျော်နေသော ဟိုရူဝါ၏ ဘေးတွင် ရပ်နေဆဲပင် ဖြစ်သည်။ ယခုအချိန်တွင် ဟိုရူဝါသည် အေးချမ်းစွာ အိပ်မောကျနေသည့်ပုံ ပေါက်နေသည်။

'ဒီလောက်လည်း မဆိုးရွားလှပါဘူး ဟိုရူဝါရာ... မင်း အိပ်မက်ဆိုး တချို့ မက်ပြီးရင် ပြန်နိုးလာမှာပါ...'

'မင်း စိတ်ကူးထားသလောက်လည်း ဆိုးရွားမှာ မဟုတ်ပါဘူး...'

'ပြီးတော့ မင်း နိုးလာတဲ့အခါ တရားဝင် ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက် ဖြစ်လာလိမ့်မယ်...'

'မင်းမှာ တကယ့် အနာဂတ်တစ်ခု ရှိလာပြီး စွမ်းအားကြီးတဲ့ စွမ်းရည်တွေကိုလည်း ရရှိလာလိမ့်မယ်...'

'မင်းအတွက် အခြေအနေတွေ ပိုကောင်းလာဖို့ပဲ ရှိတယ်ဆိုတာ ငါ သိပါတယ်...'

'ဝမ်းနည်းစရာကောင်းတာက အဲဒီ အနာဂတ်မှာ ငါ ပါဝင်ခွင့်ရမှာ မဟုတ်တော့ဘူး...'

'မင်း ငါ့ကို မုန်းနေမယ်ဆိုတာ ငါ သိပါတယ်...'

နစ်သည် တုန်ယင်စွာဖြင့် အသက်တစ်ချက် ရှူလိုက်သည်။

'ငါ ကျေကျေနပ်နပ်ကြီး လက်ခံပါတယ်... ဒါက ငါ ပေးဆပ်ရမယ့် တန်ဖိုးတစ်ခုပဲလေ။'

'ငါ လုပ်ခဲ့တဲ့ အမှားတွေအတွက် ခွင့်လွှတ်ခံရဖို့ မထိုက်တန်ပါဘူး...'

***

All Chapters