← Chapters

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း (၂၃၁) - ထျန်းကျီးအစိတ်စိတ်အမြွှာမြွှာကွဲခြင်း (၁)

"ဘယ်လိုလုပ် မရှိတော့တာလဲ... ဘယ်သူလုပ်လိုက်တာလဲ..."

ဝမ်ဖူစန်းက ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်ပြီး အသားစားဘုန်းကြီးထံသို့ လက်ညှိုးထိုးပြလိုက်သည်။

"သူလုပ်တာလေ..."

အသားစားဘုန်းကြီးက အူကြောင်ကြောင်ဖြစ်သွား၏။

"ဘာလဲ..."

ချူချင်း၏မျက်နှာမှာ ဖြူဖျော့သွားပြီး စိတ်ထဲမှနေ၍ စနစ်ကိုခေါ်ယူကြည့်ရှုလိုက်ရာ သူ၏မျက်နှာထားမှာ ပို၍ပင် ဆိုးရွားသွားလေသည်။

ဆုလာဘ်ပြသသည့် မျက်နှာပြင်တွင် ထိုရတနာသေတ္တာသုံးလုံးကိုသာ ပြသနေဆဲဖြစ်သည်။ စတုတ္ထမြောက်သေတ္တာထွက်မလာရခြင်းမှာ သူ၏ရှေ့ရှိတွင်းထဲမှ သင်္ချိုင်းမင်းသား မသေသေးသောကြောင့် ဖြစ်နိုင်ပေသည်။

သို့သော် ပြဿနာက... ထိုဘုန်းကြီးအိုကြီးသာ ကြားဝင်မစွက်ဖက်ခဲ့ပါက သူသည် ရတနာသေတ္တာများကို ပို၍ရရှိနိုင်မည်ဖြစ်သည်။

ဘုန်းကြီးအိုကြီးကို ပြန်ကြည့်လိုက်သောအခါ ချူချင်း၏မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များပင် ပြည့်လျှံလာတော့၏။

အသားစားဘုန်းကြီးမှာ ရင်ထဲတွင် တင်းကျပ်သွားသည်ဟု ခံစားလိုက်ရပြီး ဤကောင်လေးကို မည်သို့စိတ်အနှောင့်အယှက်ပေးမိမှန်း နားမလည်နိုင်ဖြစ်နေလေသည်။

မိမိက သူ့အတွက် နောက်ဆံတင်းစရာများကို ရှင်းလင်းပေးခဲ့ပါလျက် ကျေးဇူးမတင်လျှင်ပင် နေပါစေ၊ ယခုလို မည်သို့ကြောင့် မိမိကိုပါ မုန်းတီးနေရသနည်းဟု တွေးတောမိသွား၏။

ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ သင်္ချိုင်းမင်းသားမှာ ခန္ဓာကိုယ်က ခွင့်မပြုမှန်းသိနေသည့်တိုင်အောင် အံကြိတ်ကာ ရယ်မောလိုက်မိသည်။ ဤသို့ရယ်မောလိုက်ခြင်းက သူ့ကို ပို၍ပင်သနားစရာကောင်းသွားစေ၏။

သူက အသက်ကိုပြင်းပြင်းရှူသွင်းရန် အတင်းအကျပ်ကြိုးစားလိုက်ပြီး ချူချင်းကိုကြည့်လိုက်သည်။

"နောက်တစ်ကြိမ်ပြန်တွေ့ရင်... မင်းနဲ့ငါ... သေချာစကားပြောကြတာပေါ့..."

ထိုစကားအဆုံးတွင် သူ၏အသက်ရှူသံ ချက်ချင်းရပ်တန့်သွားလေတော့၏။

ချူချင်းသည် မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး စနစ်၏မျက်နှာပြင်ကို ကြည့်လိုက်ရာ ရတနာသေတ္တာတစ်လုံး ထပ်တိုးလာသည်ကို မြင်လိုက်ရသည်။

[အကာအကွယ်ရတနာသေတ္တာ]

'ခန္ဓာကိုယ်ကာကွယ်တဲ့ ထိပ်တန်းသိုင်းပညာမျိုး ထွက်လာလောက်မလား...'

ထိုသို့တွေးတောလိုက်ပြီးနောက် သူက အသားစားဘုန်းကြီးကို နောက်တစ်ကြိမ် စိုက်ကြည့်လိုက်ပြန်၏။ ထို့နောက် ထျန်းကျီးတောင်ကြားအတွင်းရှိ အနည်းငယ်မျှသာ ကျန်ရှိတော့သော ကောင်းကင်မိစ္ဆာဂိုဏ်းမှတပည့်များကို ကြည့်လိုက်သည်။

"ခင်များတို့အားလုံး ဘာစောင့်နေကြတာလဲ... အကုန်လုံးကိုသတ်ပစ်..."

ဤစကားကိုကြားလိုက်ရသည်နှင့် လူအားလုံးမှာ အိပ်မက်မှနိုးထလာသည့်အလား ဖြစ်သွားကြသည်။

ဟုတ်ပေသည်၊ သူတို့ မည်သည့်အရာကို စောင့်နေကြမည်နည်း။ ပြဇာတ်ကြည့်နေကြခြင်းလော။ ထို့ကြောင့် ချက်ချင်းပင် လှုပ်ရှားလိုက်ကြပြီး ကောင်းကင်မိစ္ဆာဂိုဏ်းသားများထံသို့ ပြေးဝင်တိုက်ခိုက်ကြတော့၏။

ဤတစ်ကြိမ်တွင်မူ ကောင်းကင်မိစ္ဆာဂိုဏ်း၏တပည့်များမှာ လုံးဝ ပရမ်းပတာဖြစ်သွားကြချေပြီ။ သင်္ချိုင်းမင်းသားမှာ ချူချင်း၏လက်ထဲတွင် သုံးကြိမ်တိုင်တိုင်သေဆုံးခဲ့ပြီးဖြစ်ကာ ယခုအခါ စတုတ္ထမြောက်ဆိုသည်မှာလည်း မရှိတော့ချေ။ ချူချင်းကိုယ်တိုင်ကလည်း လူသတ်ရန်အသင့်ဖြစ်နေပြီဖြစ်ရာ... သူတို့ မည်သို့တောင့်ခံနိုင်ကြမည်နည်း။

ချူချင်းက ဦးဆောင်နေသည့်အတွက် ဤလူများမှာ အသက်ရှင်ရန်လမ်းစ ပို၍ပင်မရှိတော့ပေ။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကောင်းကင်မိစ္ဆာဂိုဏ်း၏တပည့်များအားလုံး အသတ်ခံလိုက်ရလေသည်။

ကောင်းကင်မိစ္ဆာဂိုဏ်း၏ နောက်ဆုံးကျန်ရစ်သော တပည့်တစ်ဦးမှာ ချူချင်း၏လက်သီးတစ်ချက်တည်းဖြင့် ရေခဲတုံးများအဖြစ် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားသောအခါမှသာ ထျန်းကျီးတောင်ကြားအတွင်းရှိ ဤတိုက်ပွဲကြီးသည် အဆုံးသတ်သွားတော့၏။

ကွင်းပြင်အတွင်း အသက်ရှင်ကျန်ရစ်နေသူများအားလုံး တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်နေကြသည်။ ဤမျှပြင်းထန်သော တိုက်ပွဲကြီးအပြီးတွင် နောက်ထပ်ဘာဆက်လုပ်ရမည်ကို မည်သူမျှ မသိတော့ချေ။

ထျန်းကျီးမျှော်စင်သည် သူတို့၏မျက်မှောက်တွင် ရှိနေသော်လည်း... ထျန်းကျီးရသေ့၏ရတနာများမှာမူ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

အစောပိုင်းက ဝမ်ဖူစန်းပြောခဲ့သည်များကို သူတို့သံသယဖြစ်ခဲ့ကြသော်လည်း ယခုအခါတွင်မူ အပြည့်အဝ ယုံကြည်သွားကြပြီဖြစ်သည်။ သို့သော် ထျန်းကျီးမျှော်စင်ဆီသို့ သွားရောက်လေ့လာသင့်သလော။

မည်သို့ပင်ဆိုစေကာမူ ၎င်းမှာ နှစ်ပေါင်းရာနှင့်ချီ၍ တည်ရှိခဲ့သော သမိုင်းဝင်နေရာတစ်ခုပင် မဟုတ်ပါလော။ ဤနေရာအထိ ရောက်နေပြီဖြစ်ရာ တစ်ချက်လေးမျှပင် ဝင်မကြည့်ဘဲ လှည့်ပြန်သွားရန်မှာလည်း မဖြစ်သေးပေ။

သို့သော် ယခုအချိန်၌ မည်သူကမျှ မိမိသဘောအတိုင်း မလှုပ်ရှားဝံ့ကြချေ။ လူတိုင်းက ချူချင်းကို မသိမသာခိုးကြည့်နေကြပြီး ဤပြိုင်ဘက်ကင်းသော လူငယ်သိုင်းပညာရှင်က သူတို့ကို ထျန်းကျီးမျှော်စင်အတွင်းသို့ ဝင်ခွင့်ပြုမည်လားဆိုသည်ကို သိလိုနေကြသည်။

ချူချင်းက သူတို့၏အကြည့်များကို သတိပြုမိသဖြင့် စကားပြောရန်ပြင်လိုက်သော်လည်း ရုတ်တရက် မျက်မှောင်အနည်းငယ်ကြုတ်သွားသည်။ သူက မြေပြင်ပေါ်သို့ လက်ကိုဖိချလိုက်ရာ မြေကြီးများတုန်ခါနေသည်ကို ခံစားလိုက်ရ၏။

ထိုတုန်ခါမှုသည် အားနည်းသောနေရာမှ စတင်ကာ တဖြည်းဖြည်းနှင့် ပေါင်းစပ်သွားပြီး မြေနဂါးတစ်ကောင် လူးလှိမ့်နေသည့်အလား ကျယ်ပြန့်သော နယ်မြေတစ်ခုလုံးကိုပါ ရိုက်ခတ်သွားလေသည်။

ထိုစဉ်မှာပင် ထျန်းကျီးမျှော်စင်အတွင်းမှ လူတစ်ယောက်ထွက်ပေါ်လာပြီး ဆွန်ရှောင်ရှန်းက အော်ဟစ်လိုက်သည်။

"ယိုဆိုတဲ့ကောင်... မင်း ဘာကို သွားထိလိုက်တာလဲ... လျှို့ဝှက်လမ်းကြောင်းတွေပြိုကျပြီး အမှောင်ခန်းတွေလည်း ပြိုကျကုန်ပြီ... ငါတောင် အထဲမှာ ပိတ်မိတော့မလို့... ဒီနေရာကြီးပြိုကျတော့မယ်... မြန်မြန်မပြေးကြသေးဘူးလား..."

လူအုပ်ထဲတွင် ယိုမျိုးရိုးနာမည်ရှိသူအချို့ ပါဝင်နေသော်လည်း သူတို့၏မျက်နှာများမှာ လုံးဝအပြစ်ကင်းစင်နေသည့်ပုံစံ ပေါက်နေကြသည်။ ကောင်းကင်ဘုံက သက်သေပင်။ သူတို့မှာ အပြင်ဘက်တွင် ကောင်းကင်မိစ္ဆာဂိုဏ်းနှင့် တိုက်ခိုက်နေရသဖြင့် ထျန်းကျီးမျှော်စင်၏တံခါးကိုပင် မထိရသေးချေ။ သို့ဖြစ်ရာ သူတို့က အဘယ်ကို သွားထိနိုင်မည်နည်း။

သို့သော် ဆွန်ရှောင်ရှန်း၏စကားများမှာ အထင်အရှားပင် ဒေါသထွက်လွန်း၍ ရမ်းသမ်းအော်ဟစ်နေခြင်းသာဖြစ်ပြီး မည်သူ့ကိုမျှ ဖြေရှင်းခွင့်မပေးဘဲ ထျန်းကျီးတောင်ကြားအပြင်ဘက်သို့ ချက်ချင်းခုန်ထွက်သွားတော့၏။

ထိုအချိန်တွင် တုန်ခါမှုများမှာ ပိုမိုသိသာလာပြီး အခြားသူများကလည်း အခြေအနေမကောင်းမှန်း သတိပြုမိသွားကြသည်။ ချူချင်းက ဆွန်ရှောင်ရှန်းကို တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးများ အနည်းငယ်မှေးကျဉ်းသွားကာ သူ၏ဝတ်ရုံလက်စကို ခါယမ်းလိုက်သည်။

"သွားကြစို့..."

လူအားလုံးမှာ တုံ့ဆိုင်းနေခြင်းမရှိတော့ဘဲ ချူချင်း၏နောက်မှလိုက်ကာ ထျန်းကျီးတောင်ကြားအပြင်ဘက်သို့ အပြေးအလွှား ထွက်ပြေးကြတော့သည်။

သူတို့၏အနောက်ဘက်မှ ကျယ်လောင်သော ဟိန်းဟောက်သံကြီးများကို ကြားနေရပြီး လူအချို့က ပြေးလွှားနေရင်းမှ နောက်သို့လှည့်ကြည့်လိုက်ရာ ထျန်းကျီးမျှော်စင်ကြီးမှာ တဖြည်းဖြည်းနိမ့်ဆင်းသွားပြီး မြေအောက်သို့ကျွံကျသွားသည်ကို မြင်လိုက်ရ၏။

ပတ်ဝန်းကျင်ရှိ တောင်နံရံများမှာလည်း တစ်ခုပြီးတစ်ခုပြိုကျလာပြီး သူတို့ရပ်နေသည့် မြေပြင်တွင်ပင် အလွန်ကြောက်မက်ဖွယ်ကောင်းသော အက်ကွဲကြောင်းကြီးများ ပေါ်ပေါက်လာတော့သည်။

အက်ကွဲကြောင်းများကြောင့် အဆောက်အအုံများ ပြိုကွဲသွားခဲ့ရပြီး အကြွင်းမဲ့ဖွဲ့စည်းထားသော ထျန်းကျီးတောင်ကြားကြီးမှာလည်း တဖြည်းဖြည်း ပြိုလဲပျက်စီးသွားလေသည်။

ဤသို့ပြိုကျပျက်စီးသွားခြင်းကြောင့်ပင် လူတိုင်းသည် အစီအရင်များအတွင်းမှ ဖြတ်သန်းသွားရန် မလိုအပ်တော့ဘဲ တောက်လျှောက်ပျံသန်းထွက်ပြေးနိုင်ခဲ့သည်။ မြေပြိုကျမှုကြောင့် ပွင့်ထွက်လာသော စက်ယန္တရားထောင်ချောက်များကြောင့် ကံမကောင်းသူအချို့ ဒဏ်ရာရခဲ့သော်လည်း ပြဿနာကြီးကြီးမားမား မဟုတ်ပေ။

တစ်ခဏအတွင်းမှာပင် သူတို့အဖွဲ့သည် ထျန်းကျီးတောင်ကြား၏ဂိတ်တံခါးဝကို ဖြတ်ကျော်သွားနိုင်ခဲ့သည်။ ထိုနေရာသို့ရောက်သောအခါ တုန်ခါမှုများရပ်တန့်သွား၏။

လူတိုင်းက နောက်သို့လှည့်ကြည့်လိုက်ရာ ထျန်းကျီးတောင်ကြား၏တံခါးကို နယ်နိမိတ်အဖြစ်သတ်မှတ်လျက် တောင်ကြားတစ်ခုလုံး မြေအောက်သို့ကျွံကျသွားပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။

ဤမြင်ကွင်းက တက်ရောက်လာသူအားလုံးကို ကြောက်ရွံ့တုန်လှုပ်သွားစေသည်။ ဝမ်ဖူစန်းက မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး သူ၏အကြည့်ကို ရုပ်သိမ်းလိုက်၏။ သူ့စိတ်ထဲတွင် အနည်းငယ်ရှုပ်ထွေးနေသော်လည်း အဆင်ပြေနေဆဲပင်ဖြစ်သည်။

ထျန်းကျီးတောင်ကြားနှင့်ပတ်သက်၍ သူ၏တစ်ခုတည်းသော လိုအပ်ချက်မှာ မြေကမ္ဘာစာလိပ်ပင်ဖြစ်သည်။ မြေကမ္ဘာစာလိပ်ကို ရှောင်ဟန်တောင်ကြားသို့ပို့လိုက်ပြီဖြစ်ကြောင်း သူသိထားပြီးဖြစ်ရာ ထျန်းကျီးတောင်ကြား ဆက်လက်တည်ရှိနေခြင်း၊ မရှိခြင်းက သူ့အတွက် အဓိပ္ပာယ်မရှိတော့ပေ။

ထို့ပြင် ဤတိုက်ပွဲအပြီးတွင် ထျန်းကျီးအမိန့်တော်ပြားနှင့် ထျန်းကျီးတောင်ကြား၏ လျှို့ဝှက်ကြံစည်မှုကြီးမှာ သိုင်းလောကရှိ သူရဲကောင်းများစွာ၏ရှေ့မှောက်တွင် ပေါ်လွင်ထင်ရှားသွားခဲ့ပြီဖြစ်သည်။

ဤသတင်းပျံ့နှံ့သွားသည်နှင့်တပြိုင်နက် ထျန်းကျီးအမိန့်တော်ပြားကြောင့် မည်သူကမျှ လော့ချန်အိမ်တော်ကို ထပ်မံ၍လာရောက်စွက်ဖက်ကြတော့မည် မဟုတ်ပေ။

အန္တရာယ်အားလုံး ပြေလည်သွားခဲ့ပြီဖြစ်သည်။ ဤသည်မှာ အကောင်းဆုံးသော ဇာတ်သိမ်းတစ်ခုပင်။

ထိုအချက်ကိုတွေးမိသောအခါ သူက ချူချင်းကိုကြည့်လိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်။

"သွားကြစို့..."

ချူချင်းက ခေါင်းညိတ်ပြလိုက်၏။

"သွားကြစို့..."

အပြန်လမ်းမှာ သဘာဝကျစွာပင် မူလလမ်းကြောင်းအတိုင်း ပြန်လှည့်ရမည်ဖြစ်ပြီး ဝမ်မိသားစု၏တားမြစ်နယ်မြေမှတစ်ဆင့် ဖြတ်သန်းရမည်ဖြစ်သည်။

သို့သော် သူတို့အဖွဲ့သည် ဆယ်ပေကျော်မြင့်သောလမ်းတစ်ဝက်ကို ခက်ခဲစွာတက်ပြီး ဂူထဲသို့ဝင်ရောက်သွားသောအခါ ရှေ့ဆက်သွားရန် လမ်းမရှိတော့ကြောင်း တွေ့လိုက်ရ၏။

"ခုနက တုန်ခါမှုကြောင့် တောင်ပေါ်က မြေပြင်အနေအထားတွေ ပျက်စီးသွားပြီ... အရင်လမ်းကြောင်း ပျောက်သွားပြီ..."

All Chapters