← Chapters

အခန်း ၃၄၂

Vol. 23 Ch. 342

အခန်း ၃၄၂

Vol. 23 Ch. 342

အခန်း (၃၄၂) - တိုက်ခိုက်ခြင်း

သူသည် နွား၏ ဝမ်းဗိုက်ကို ဆွဲဖြဲလိုက်သည်။ သွေးများနှင့် အူတွင်းကလီစာများ ပန်းထွက်လာသည်။ သူသည် အတွင်းသို့ လက်လှမ်းပြီး အသည်းတစ်ပိုင်းကို ဆွဲထုတ်ကာ စားပွဲပေါ်သို့ သွေးများဖြင့် လွှင့်ပစ်လိုက်သည်။

'ဖျတ်' ခနဲ။

သတို့သမီး၏ အဖြူရောင် ပိုးသား ဝတ်စုံပေါ်သို့ သွေးများ စင်ကျလာသည်။

"မြည်းကြည့် ဒါအအရသာဆုံး အစိတ်အပိုင်းပဲ" သူသည် ကြောက်မက်ဖွယ် ပြုံးပြသည်။ လူသားမဟုတ်သော သူ၏အစွယ်များတွင် သွေးများပေကျံနေသော အသားစိမ်းများ ကပ်နေဆဲ ဖြစ်သည်။

စားပွဲရှိ လူများသည် တိတ်ဆိတ်နေကြသည်။ ထိတ်လန့်နေကြပြီး ဘယ်သူမှ မလှုပ်ဝံ့ကြပေ။

ပိုင်ယို့ဝေသည် အနည်းငယ် မျက်မှောင်ကြုတ်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။ သူမ၏ မျက်နှာတွင် ထုတ်ဖော်မပြနိုင်သော စက်ဆုပ်ရွံရှာမှုများဖြင့် ပြည့်နေသည်။

"ဘာလို့ မစားကြတာလဲ" မြို့စား၏ လှောင်ပြောင်မှု ပျောက်ကွယ်သွားသည်။ သူ၏ သားရဲနှင့်တူသော ရွှေရောင် မျက်လုံးများ မှေးကျဉ်းသွားသည်။ "မင်းတို့ ငါ့ကို မချစ်ကြဘူးလား။ မင်းတို့ မိန်းမတွေ။ လူလိမ်တွေ"

သူသည် စားပွဲကို ဒေါသတကြီး လက်သီးဖြင့် ထိုးလိုက်ရာ စားပွဲသည် အပြင်းအထန် တုန်ခါမှုကြောင့် ဓား၊ ခက်ရင်းများ ကျယ်လောင်စွာ ပြုတ်ကျသွားသည်။ သွေးများ စိုရွှဲနေသော နွားပင်လျှင် အသက်ပြန်ရှင်လာတော့မည့်အလား တုန်ခါသွားသည်။

ကျောက်လန်ဖန်သည် ပထမဆုံး စိတ်မထိန်းနိုင်ဘဲ အော်ဟစ်လိုက်ပြီး လှည့်ပြေးလိုက်သည်။

"ပြန်လာ" ယွီယာချင်က အော်သည်။

မြို့စားသည် ပို၍ပင် ဒေါသထွက်လာပြီး သူမကို လိုက်ရင်း အော်ဟစ်သည်။

ကျောက်လန်ဖန်သည် လုံးဝ စိတ်ထိန်းမနိုင် ဖြစ်နေပြီ။ သူမသည် အော်ဟစ် ငိုယိုရင်း ပြေးသွားသည်။ "မကောင်းဆိုးဝါးး အားး မကောင်းဆိုးဝါး"

ကြောက်ရွံ့မှုက ပျံ့နှံ့သည်။

ကျောက်လန်ဖန် ထွက်ပြေးသွားသည်နှင့် ချန်ချန်သည်လည်း ထပ်မံ ထိုင်မနေနိုင်တော့ပေ။ သူမသည် ယွီယာချင်၏ ဘေးသို့ တုန်ယင်စွာ လျှောက်သွားပြီး မျက်နှာဖြူဖျော့စွာ ပြောသည်။ "သွားကြစို့... အမြန် သွားကြစို့..."

"အာ...အာ...အား"

ရင်ကွဲမတတ် အော်ဟစ်သံသည် ထမင်းစားခန်း တစ်ခုလုံးတွင် ရုတ်တရက် ပဲ့တင်ထပ်သွားသည်။

ကျောက်လန်ဖန်သည် သူမ၏ ရှည်လျားသော မင်္ဂလာဝတ်စုံနှင့်ချော်လဲသွားသည်။ အပြာရောင်မုတ်ဆိတ်သည် ရှေ့သို့ အလျင်အမြန် ပြေးလာပြီး သူမ၏ ဆံပင်ကို ဆွဲလိုက်သည်။

သူမသည် သူမ၏ နီးကပ်လာသော သေခြင်းတရားကို ကြိုမြင်နေပုံရသည်။ ဖမ်းမိပြီးနောက်တောင်မှ သူမ အော်ဟစ်ခြင်းကို မရပ်နိုင်ခဲ့ပေ။ သူမသည် အားကုန် ရုန်းကန်သည်။ သူမ၏ ဦးရေပြားသည် စုတ်ပြဲပြီး သွေးထွက်နေသည်။ သူမ၏ ငိုသံများက မရပ်မနားထွက်နေသော်လည်း အချည်းနှီး ဖြစ်သည်။

သူမသည် အဖြူရောင် ငါးဖမ်းပိုက်ကွန်ထဲတွင် ရစ်ပတ်နေသော ငါးတစ်ကောင်ကဲ့သို့ ဖြစ်သည်။ အသည်းအသန်နှင့် ဝမ်းနည်းဖွယ် ဖြစ်သည်။

အပြာရောင်မုတ်ဆိတ်သည် ကျောက်လန်ဖန်၏ ဆံပင်ကို ဆွဲပြီး ထမင်းစားခန်းထဲမှ ဆွဲထုတ်သွားသည်။

ဆူးမန်သည် ကိုင်းညွှတ်လိုက်သည်။ စားပွဲအောက်မှ ဓားကို ကောက်ယူပြီး သူတို့ နောက်သို့ လိုက်သွားသည်။

ယွီယာချင် မြင်သောအခါ သူ၏ ဓားကို ကောက်ယူပြီး ဆူးမန်နောက်သို့ လိုက်သွားသည်။

ဟူယာနှင့် ကျူရှူးတို့သည် စက္ကန့်အနည်းငယ် တွေဝေသွားပြီးနောက် သူတို့၏ လက်နက်များကို ကောက်ယူပြီး လိုက်သွားကြသည်။

ချန်ချန် တစ်ယောက်တည်း ကျန်ခဲ့သည်။ သူမ၏ အဖော်များသည် သူတို့၏ သံဓားများကို အပြာရောင်မုတ်ဆိတ်ထံသို့ မြှောက်ရွယ်လိုက်သည်ကို ကြည့်လျက် သူမကြောက်လန့်တကြား ဖြူဖျော့သွားကာ ထစ်အစွာဖြင့် ပြောသည်။ "ရှင်တို့... ရှင်တို့ အားလုံး ရူးနေကြတာပဲ။ရှင်တို့ သူ့ကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး..."

သူမ ပြောနေစဉ် ပိုင်ယို့ဝေသည်လည်း ဘီးတပ်ကုလားထိုင်ဖြင့် ရောက်လာသည်ကို သူမ မြင်လိုက်သည်။သူမ ချက်ချင်း အံ့အားသင့်စွာ မေးသည်။ "ရှင်လည်းသွားမှာလား။ ရှင်တို့ အားလုံး ရူးနေကြတာလား။ မြို့စား ဒေါသ ထွက်နေပြီ။ ရှင်တို့ သွားရင် သေလိမ့်မယ်။ သူ ရှင်တို့ကို သတ်လိမ့်မယ်"

ပိုင်ယို့ဝေသည် မျက်မှောင်ကြုတ်လိုက်သည်။ သူမကို တစ်ချက် ကြည့်လိုက်ပြီးနောက် စိတ်မပါ့တပါဖြင့် အကြည့်လွှဲကာ ရှေ့သို့ ဆက်သွားသည်။

ချန်ချန်သည် ထိတ်လန့်သွားသော်လည်း သူမ တစ်ယောက်တည်း ကျန်ခဲ့ရမည်ကို ပို၍ ကြောက်သည်။ ထမင်းစားခန်းတွင် သူမ တစ်ယောက်တည်းသာ ကျန်ခဲ့သည်။ စစ်ဆေးရေးမှူးကိုပင်ဘယ်မှာမှမတွေ့ရတော့ပေ။ စားပွဲပေါ်က နွားထီးဆီကနေ သွေးတွေ အများကြီး ထွက်ကျပြီး ကြမ်းပြင်ပေါ်တွင် စုပုံနေသည်။ စေးကပ်နေကာ ငန်ကျိကျိ ဖြစ်နေပြီး အနံ့ဆိုး ထွက်နေသည်။ နွား၏ နီရဲသော မျက်လုံးများက သူမကို စိုက်ကြည့်နေသည်...

သူမ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာသည်။ သူမသည် နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမ၏ အားနည်းသော ခြေထောက်များကို ထောက်ကာ ပိုင်ယို့ဝေနောက်သို့ လိုက်သွားသည်။

ရှေ့က အမျိုးသမီးများသည် ဧည့်ခန်းရှိ ခရုပတ် လှေကားသို့ ရောက်နေပြီ။

ဆူးမန်နှင့် ယွီယာချင်တို့သည် ဘယ်ညာမှ တိုက်ခိုက်သည်။ သူတို့၏ တောက်ပြောင်နေသော သံဓားများသည် အပြာရောင်မုတ်ဆိတ်၏ ကျောကို ထိုးဖောက်သည်။ သို့သော် သူ၏ ကျောသည် ကျောက်တုံးကဲ့သို့ မာကျောသည်။ ဓားသွားများသည် လက်မ၏ ဆယ်ပုံ သုံးပုံခန့်သာ ထိုးဖောက်နိုင်ပြီး ဆက်မဝင်နိုင်တော့ပေ။

အပြာရောင်မုတ်ဆိတ်ကအော်ဟစ်သည်။ လှည့်ကြည့်သည်။ ဓားကို ဆုပ်ကိုင်ပြီး အားကုန် ဆွဲထုတ်လိုက်သည်။

မူလက မကြီးမားသော ဒဏ်ရာသည် သူ၏ အားကြောင့် ပိုမို နက်ရှိုင်းပြီး ပိုမို ကြီးမားလာသည်။

တောက်ပြောင်သော အနီရောင် သွေးများသည် သူ၏ ထူထဲသော အမွေးရှည်များကို စိုစွတ်စေသည်။ သူသည် သွေးကြောင့် ပို၍ပင် ကြမ်းတမ်းလာသည်။ သူသည် ကျယ်လောင်စွာ အော်ဟစ်ပြီး အခြားတစ်ဖက်မှ ဓားဖြင့်တိုက်ခိုက်နေသော ယွီယာချင်ကို နံရံဆီသို့ ရိုက်ချလိုက်သည်။

ယွီယာချင် ပါးစပ်မှ သွေးများ အန်လိုက်သည်။

ဆူးမန်သည် သူမ၏ ဓားကို ဆုံးရှုံးသွားသည်။ သူမ၏ ခါးမှ သားရေ ကြာပွတ်ကို ယူလိုက်သည်။

ကျူရှူးကနောက်ကနေ သူမကို ဆွဲလိုက်သည်။ ပုတီးလုံး နှစ်လုံးကို ထုတ်ယူပြီး အပြာရောင်မုတ်ဆိတ်ဆီသို့ အားကုန် ပစ်လိုက်သည်။

ဗုံး

ပုတီးလုံး တစ်လုံးသည် အပြာရောင်မုတ်ဆိတ်၏ နားအနီးတွင် ပေါက်ကွဲသွားသည်။

All Chapters