← Chapters

အခန်း ၃၄၇

Vol. 24 Ch. 347

အခန်း ၃၄၇

Vol. 24 Ch. 347

အခန်း (၃၄၇) - မြေအောက်ခန်း

ယွီယာချင်သည် ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်သည်။ "ကောင်းပြီ ဒါဆို မြေအောက်ခန်းကို ထပ်သွားကြစို့"

အမျိုးသမီး ခြောက်ဦး နေ့လယ်စာ စားပြီးနောက် သပ်ရပ်အောင် ပြင်ဆင်ပြီး မြေအောက်ခန်းသို့ အတူတူ သွားကြသည်။

အိမ်ကြီး၏ မြေအောက်ခန်းတွင် မီးများ မရှိပေ။

သူတို့ တစ်ဦးစီသည် အလင်းရောင်အတွက် ဖယောင်းတိုင်တစ်ချောင်းစီ ယူဆောင်သွားပြီး အောက်သို့ ရောက်သောအခါ ဖယောင်းတိုင်မီးကို အသုံးပြု၍ နံရံပေါ်တွင် ချိတ်ဆွဲထားသော မီးတိုင်များကို မီးညှိကြသည်။

မြေအောက်ခန်းသည် အေးစက်ပြီး မှောင်မိုက်နေသည်။ တစ်ဖက်တွင် စိုစွတ်ပြီး အေးသော ကျောက်နံရံ ရှိသည်။ အခြားတစ်ဖက်တွင် သံလှောင်အိမ်များ ရှိသည်။

လှောင်အိမ်ကို တစ်စုံတစ်ရာအား ထောင်ထားရန် အသုံးပြုခဲ့သည်။ လူများ ဖြစ်နိုင်သည်။ သို့မဟုတ် ကျွဲနွားများ ဖြစ်နိုင်သည်။ အတွင်းတွင် ခြောက်သွေ့သော ကောက်ရိုးအချို့ ပြန့်ကျဲနေသော်လည်း အခြား ဘာမှ မရှိပေ။

လှောင်အိမ်သံတံခါးများ၏ အပြင်ဘက်တွင် ပစ္စည်းအတော်များများ ထားရှိထားသည်။ ယွီယာချင် ပြောသည့်အတိုင်း ပုလင်းခွံများ၊ ကျိုးပဲ့နေသော သံဘူးများ၊ ဆွေးမြေ့နေသော သစ်သားသေတ္တာများ ရှိသည်။ ၎င်းတို့ကို ဖွင့်လိုက်သည်နှင့် မှိုနံ့နှင့် ဖုန်နံ့ ပြင်းပြင်း ထွက်ပေါ်လာပြီး နှာခေါင်းကို စပ်ဖျဉ်းဖျဉ်း ဖြစ်စေသည်။

လှောင်အိမ် တန်းရှည်အတိုင်း ဆက်လက် လျှောက်သွားကြသည်။

အဆုံးသို့ ရောက်သောအခါ။

ပိုင်ယို့ဝေသည် နောက်ဆုံး အကျဉ်းခန်းရှေ့တွင် ရပ်ပြီး ပြောသည်။ "တစ်ယောက်ယောက် ဒါကို ဖွင့်ကြည့်ပါ"

ဆူးမန်သည် ရှေ့သို့ တိုးလာပြီး တံခါးပေါ်ရှိ သော့ကို ဆွဲကြည့်သည်။ ထို့နောက် သူတို့ကို မော့ကြည့်သည်။ "သော့ခတ်ထားတယ်"

ရှေ့က လှောင်အိမ်များသည်လည်း ပိတ်ထားသော်လည်း သော့ခတ်ထားခြင်း မရှိပေ။ ၎င်းသည် သံကြိုးနှင့်အတူ တံခါးပေါ်တွင် ချောင်ချောင်ချိချိ ချိတ်ထားပြီး တွန်းလိုက်ရုံဖြင့် ဖွင့်နိုင်သည်။

အံ့သြစရာကောင်းသည်မှာ နောက်ဆုံး အခန်းသည် သော့ခတ်ထားသည်။

ယွီယာချင်၏ မျက်လုံးများ အံ့သြစွာ ပြူးကျယ်သွားပြီး သူမ၏ ဘေးရှိ ဟူယာနှင့် ချန်ချန်ကို အလိုလို ကြည့်လိုက်သည်။

ဟူယာနှင့် ချန်ချန်တို့လည်း အံ့အားသင့်သွားပြီး တီးတိုးရေရွတ်ကြသည်။ "ကျွန်မတို့ အကုန် စစ်ဆေးပြီးပြီ..."

ယွီယာချင်သည် သူ၏ လူများကို ခေါ်ဆောင်လာသောအခါ ပထမတွင် အခန်းတစ်ခုစီကို စေ့စေ့စပ်စပ် ရှာဖွေခဲ့ကြသည်မှာ မှန်ပါသည်။ သို့သော် ရှာဖွေမှု ဆက်လက် လုပ်ဆောင်လာသည်နှင့်အမျှ အချို့ အခန်းများကို လှမ်းကြည့်ရုံဖြင့် အတွင်းမှ အခြေအနေကို သံတံခါးများ အပြင်ဘက်မှ ရှင်းရှင်းလင်းလင်း မြင်နိုင်သောကြောင့် ဖြစ်သည်။

မှိန်သော အလင်းရောင်နှင့် ထူးဆန်းသော ပတ်ဝန်းကျင်သည် လှောင်အိမ် တစ်ရာကျော် ရှိနေခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ သူတို့၏ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုနှင့် တင်းမာမှုကို ပိုမို ဆိုးရွားစေသည်။

အကြောင်းအမျိုးမျိုးကြောင့် သူတို့သည် နောက်ဆုံး အကျဉ်းခန်းရှိ ပုံမှန် မဟုတ်သည့် အရာကို သတိမထားမိခဲ့ကြပေ။

ယွီယာချင်သည် ပိုင်ယို့ဝေကို မမေးဘဲမနေနိုင်တော့ပေ။ "ဒီအကျဉ်းခန်းမှာ တစ်ခုခု မှားယွင်းနေတယ်လို့ ရှင်ဘယ်လို သေချာတာလဲ"

ပိုင်ယို့ဝေသည် ဘီးတပ်ကုလားထိုင်တွင် တစ်ချိန်လုံး ထိုင်နေခဲ့ပြီး လှောင်အိမ်ကိုပင် မထိခဲ့ပါ။ သို့သော် အဘယ်ကြောင့် သူတို့ထက် ပိုလျင်မြန်စွာ ပုံမှန် မဟုတ်သည့် အရာကို သတိပြုမိနိုင်ခဲ့သနည်း။

"ဒါက ၁၂၉ ခုမြောက် အကျဉ်းခန်းဖြစ်လို့ပဲ" ပိုင်ယို့ဝေသည် စိတ်ငြိမ်စွာ ရှင်းပြသည်။ "ကျွန်မတို့ ဝင်လာကတည်းက ရေတွက်နေခဲ့တာ။ ပိုနေတဲ့ အကျဉ်းခန်း တစ်ခုခုက ပြဿနာ ရှိမှာ သေချာတယ်။ ဒါပေမဲ့ ဒါက နောက်ဆုံး အခန်း မဟုတ်နိုင်ဘူး။ အခု တွေ့တာ ကံကောင်းတယ်"

ကံလား။

ယွီယာချင်သည် ကံကို လုံးဝ မယုံကြည်ပေ။ သူမသည် စွမ်းရည်ကိုသာ ယုံကြည်သည်။

သူမသည် မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်ပြီး ဘီးတပ်ကုလားထိုင်ရှိ ပိုင်ယို့ဝေကို ကြည့်ကာ ပြောသည်။ "ရှင်ဂိမ်းတွေ အများကြီး ကစားခဲ့ဖူးတယ်"

သူမ၏ လေသံသည် တိကျသည်။

ပိုင်ယို့ဝေသည် သူမကို တစ်ချက် ကြည့်လိုက်ပြီး ငြင်းဆိုခြင်း မရှိပေ။ "ဟုတ်တယ် ကျွန်မ အများကြီး ကစားခဲ့ဖူးတယ်။ ဒါကြောင့် ဂိမ်းထဲက လှည့်ကွက်တွေကို ရှင်တို့ထက် ပိုသိတယ်"

မာန်မတက်ခြင်း၊ ကြွားဝါခြင်း မရှိပေ။ အမှန်တရားကို ပြောနေခြင်းသာ ဖြစ်သည်။

ဘယ်သူမှ ဘာပြောရမှန်း မသိတော့ပေ။

ခဏတာ တိတ်ဆိတ်ပြီးနောက် ယွီယာချင်က ပြောသည်။ "ရှင် မှန်ကန်အရာတဲ့တစ်ခုကို ရှာတွေ့မယ်လို့ မျှော်လင့်ပါတယ်"

သူမသည် ထွက်သွားရန် လှည့်လိုက်ပြီး အော်ခေါ်သည်။ "ဟူယာ တံခါးဖွင့်ဖို့ တစ်ခုခု သွားရှာရအောင် ငါနဲ့ လိုက်ခဲ့"

ဟူယာသည် ဖယောင်းတိုင်ကို ကိုင်ဆောင်ပြီး ယွီယာချင်နောက်သို့ အလျင်အမြန် လိုက်သွားသည်။

အပေါ်ထပ်တွင် လက်နက်ပစ္စည်း အမျိုးမျိုး ပြသထားသော အခန်းတစ်ခန်း ရှိသည်။ ကုန်းနှီးများ၊ သံချပ်ကာများ၊ ဓားများ၊ လေးများ၊ လက်ပစ်စက်များအရာရာ ရှိသည်။

နှစ်ဦးစလုံး ဓားကြီးများနှင့် ပုဆိန်များကို ရှာတွေ့သည်။ မြေအောက်ခန်းသို့ ပြန်သွားပြီး တံခါးကို ဖွင့်လိုက်သည်။

အမျိုးသမီး ခြောက်ဦး ဝင်သွားကြသည်။

...

နောက်ဆုံး အကျဉ်းခန်းသည် အခြား အခန်းများကဲ့သို့ပင်။

မြေပြင်ပေါ်ရှိ ကောက်ရိုးများမှလွဲ၍ ဘာမှ မရှိပေ။

"ဘယ်လို မောက်မာတဲ့ ရုပ်‌တွေလဲ... သူတို့ အားလုံး အထက်စီးဆန်ဆန်ပြုမူကြတယ်။ ဒါပေမဲ့ သူတို့ မှားပြီးတော့ ကျွန်မတို့ အလကားအလုပ်လုပ်လိုက်ရတာပဲ" ဟူယာသည် တိုးတိုးလေး ညည်းညူသည်။

သူမသည် ပိုင်ယို့ဝေကို မကြိုက်ပေ။ သူများအပေါ် မှီခိုနေရသော မသန်စွမ်းသူ ဖြစ်သော်လည်း ပိုင်ယို့ဝေသည် လူမှုဆက်ဆံရေးကို လုံးဝ မသိနားလည်ဘဲ မာနကြီးစွာ ပြုမူပြီး လူတိုင်းကို လျစ်လျူရှုသည်။

သူမသည် ချန်ချန်ထက် မသာပါ။

အနည်းဆုံး ချန်ချန်သည် အခြေအနေ ပြောင်းလဲသွားပြီကို သိကာယခု ပိုပြီး ရိုးသားစွာ စကားပြော၊ ပြုမူနေသည်။

All Chapters