← Chapters

အခန်း ၃၃၀

Vol. 17 Ch. 330

အခန်း ၃၃၀

Vol. 17 Ch. 330

အပိုင်း(၃၃၀) အားလုံး အလုပ်များနေကြသည်

"မှတ်ထားနော်... ဒါ ဆရာချန်း ခိုင်းလိုက်တဲ့ ကိစ္စပဲ... ရှင်တို့ အစွမ်းကုန် ကြိုးစားတာ အကောင်းဆုံး ဖြစ်မယ်"

ရွှီလီနာက အေ-၁၃ သို့ ပြန်မသွားဘဲ အစ်ကိုကောက်ဆီသို့ တိုက်ရိုက် သွားရှာလိုက်၏။

ယခင်က သတင်းစုံစမ်းရန် ချန်းရီ ခိုင်းစေခဲ့သော ကိစ္စကို အစ်ကိုကောက်အား ပြောပြလိုက်သည်။

အစ်ကိုကောက်က ချန်းရီ၏ တာဝန်ကို ကြားလိုက်ရချိန်တွင် မျက်နှာပျက်မသွားသည့်အပြင် အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့သည်။

အစွမ်းပိုင်ရှင်များသည်လည်း အရာအားလုံးကို တတ်စွမ်းနိုင်သည် မဟုတ်ပေ။ သတင်းစုံစမ်းခြင်းကဲ့သို့သော ကိစ္စရပ်များတွင် သူတို့လို လူမျိုးကသာ အကျွမ်းကျင်ဆုံး ဖြစ်သည်။

အစ်ကိုကောက်က ချန်းရီ သူ့ကို လာရှာမည်ကို မကြောက်ပေ။ ချန်းရီ သူ့ကို လာမရှာမည်ကိုသာ ကြောက်ရွံ့ခြင်း ဖြစ်သည်။

သူ့အနေဖြင့် အသုံးဝင်နေသေးသရွေ့ ချန်းရီ၏ စိတ်ထဲတွင် သူ၏ အရေးပါမှုက အနည်းငယ် ပိုမို ကြီးမားလာမည်ဟု ယုံကြည်ထား၏။

"စိတ်ချပါ... ဆရာချန်းရဲ့ ကိစ္စက ငါ့ရဲ့ ကိစ္စပါပဲ... ငါ့ကို သုံးရက် အချိန်ပေး... အာ မဟုတ်ဘူး... တစ်ရက်ပဲ အချိန်ပေး... တစ်ရက်ကြာရင် သတင်းတစ်ခုခုတော့ သေချာပေါက် ရလာစေရမယ်"

"ဟုတ်ပြီ... အစ်ကိုကောက်... ဒီတစ်ကြိမ်က ရှင့်အတွက် အခွင့်အရေးပဲ... ရှင် သေချာ ဆုပ်ကိုင်ဖို့လိုတယ်... အဟွတ်... အဟွတ်..."

စကားပြောပြီးနောက် ရွှီလီနာက ဖွဖွလေး နှစ်ချက်မျှ ချောင်းဆိုးလိုက်သော်လည်း ခုနကနှင့် စာလျှင်တော့ အများကြီး ပိုကောင်းနေပြီ ဖြစ်သည်။

အစ်ကိုကောက်က ရွှီလီနာမှာ အအေးမိနေပုံရသည်ကို ကြည့်လိုက်သော်လည်း သူ၏ မျက်နှာပေါ်ရှိ အမူအရာကမူ အလွန် စိတ်လှုပ်ရှားနေပုံ ပေါ်သည်။

အနည်းငယ် စဉ်းစားကြည့်လိုက်သည်နှင့် အစ်ကိုကောက်၏ ခေါင်းထဲတွင် ဇာတ်လမ်းပေါင်းများစွာ ထွက်ပေါ်လာပြီး ရယ်မောကာ ဂုဏ်ပြုစကား ဆိုလိုက်သည်။

"ညီမရွှီ... မကြာခင် မင်္ဂလာသတင်း ကြားရတော့မယ် ထင်တယ်... ကြိုပြီး ဂုဏ်ပြုပါတယ်ဗျာ"

ရွှီလီနာသည်လည်း လူရည်နပ်သူ တစ်ယောက်ဖြစ်သဖြင့် အစ်ကိုကောက်၏ နောက်ပြောင်မှုကို သဘာဝကျကျပင် နားလည်လိုက်ရာ မျက်နှာလေး အနည်းငယ် ပိုနီရဲသွားပြီးနောက် တည်တည်ငြိမ်ငြိမ် ဟန်ဆောင်ကာ ပြောလိုက်သည်။

"လျှောက်မတွေးနဲ့... အလုပ်ကို သေချာသွားလုပ်"

အစ်ကိုကောက်က မျက်နှာပေါ်မှ ရယ်ရွှင်နေသော အမူအရာကို အလျင်အမြန် ရုပ်သိမ်းလိုက်ပြီး လှည့်ထွက်ကာ အနောက်ရှိ တပည့်များကို ခေါ်ဆောင်လျက် အမှောင်ထုထဲသို့ လူစုခွဲ ဝင်ရောက်သွားလေသည်။

အစ်ကိုကောက်၏ စိတ်နေသဘောထား ပြင်ဆင်နိုင်စွမ်းက အလွန် ကောင်းမွန်သည်ဟု ဆိုရပေမည်။

ကမ္ဘာပျက်ကပ် မတိုင်မီက အဆင့်အတန်းဖြစ်စေ၊ ကမ္ဘာပျက်ကပ်ပြီးနောက်ပိုင်း အသုံးပြုသော နည်းလမ်းများဖြစ်စေ။

အစ်ကိုကောက် ကိုယ်တိုင်က သူနှင့် ရွှီလီနာမှာ တစ်ဆင့်တည်း မဟုတ်ကြောင်း ကောင်းကောင်း သိထားသည်။

သို့သော် ရွှီလီနာက ချန်းရီနှင့် အမှန်တကယ် ပတ်သက်နေနိုင်ကြောင်း သိလိုက်ရချိန်တွင်မူ အစ်ကိုကောက်သည် ရွှီလီနာအား မျက်နှာချိုသွေးရန် အနည်းငယ်မျှပင် ဝန်လေးနေခြင်း မရှိပေ။

ရွှီလီနာ၏ ချုပ်ကိုင်မှုများကို ရင်ဆိုင်ရလျှင်ပင် အစ်ကိုကောက်မှာ ကြည်ဖြူစွာ လက်ခံချင်စိတ်မျိုး ဖြစ်ပေါ်နေသည်။

ဤကဲ့သို့ လိုအပ်လျှင် ခေါင်းငုံ့တတ်ပြီး လိုအပ်လျှင် ခေါင်းမော့တတ်သော စရိုက်မျိုးကြောင့် ကမ္ဘာပျက်ကပ် မတိုင်မီက ထိုကဲ့သို့သော အဆင့်အတန်းမျိုးထိ ရောက်ရှိခဲ့ခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။

သေချာသည်မှာ ဤကဲ့သို့သော စရိုက်လက္ခဏာသည် အစ်ကိုကောက်၏ များပြားလှသော အားသာချက်များထဲမှ အသေးအဖွဲလေး တစ်ခုမျှသာ ဖြစ်သည်။

အစ်ကိုကောက် အနောက်ရှိ တပည့်များမှာ ကားနံပါတ် ခြောက်မှ အသက်ရှင်ကျန်ရစ်သူများ ဖြစ်ကြသည်။

အိုအေစစ်သို့ ရောက်လာပြီးသည့်တိုင် အစ်ကိုကောက်က ဤလူများကို ခိုင်ခိုင်မာမာ ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ရာ အစ်ကိုကောက်တွင် တကယ့်ကို အရည်အချင်း အတန်အသင့် ရှိနေသည်ဟု ဆိုရမည်သာ။

အစ်ကိုကောက် မထွက်ခွာမီ ရွှီလီနာက လီကျွမ်းထံ စကားပါးခိုင်းလိုက်ပြီး လီကျွမ်းကို သူမထံ လာရောက်ရှာဖွေရန် မှာကြားခဲ့သည်။

မကြာမီမှာပင် လီကျွမ်းက အတွင်းမြို့တော်သို့ ရောက်ရှိလာခဲ့သည်။

အတွင်းမြို့တော်၏ စည်ကားသိုက်မြိုက်မှုအပေါ် လီကျွမ်းကလည်း အလွန် အားကျနေမိသည်။

ရွှီလီနာက ချန်းရီ၏ တာဝန်ကို လီကျွမ်းအား ပြောပြလိုက်ရာ လီကျွမ်းက ရင်ဘတ်ကိုပုတ်ကာ တာဝန်ကျေပွန်စေရမည်ဟု အာမခံလိုက်၏။

ရွှီလီနာက စိတ်ထဲမှနေ၍ သက်ပြင်းတစ်ချက် ဖွဖွချလိုက်သည်။ လီကျွမ်းနှင့် အစ်ကိုကောက်တို့မှာ လုံးဝ နှိုင်းယှဉ်၍ ရနိုင်မည် မဟုတ်ပေ။

သူတို့နှစ်ဦး၏ စွမ်းဆောင်ရည်မှာ မိုးနှင့်မြေ ကွာခြားသည်ဟု ဆိုလျှင်ပင် လွန်မည် မဟုတ်ချေ။

နှမြောစရာကောင်းသည်မှာ သူမ ကိုယ်တိုင်လည်း အပြင်မြို့တော်သို့ ပြန်သွားရန် နည်းလမ်း မရှိပေ။ ထိုနေရာသည် သူမ ကျွမ်းကျင်သော ပတ်ဝန်းကျင်နှင့် အခြေအနေမျိုး မဟုတ်တော့ချေ။

ထို့အပြင် ချန်းရီဘက်တွင်လည်း သူမ ခွာသွား၍ မရနိုင်ပေ။

မနည်းကြိုးစားပြီးမှ ဤအဆင့်ထိ ရောက်လာခဲ့ရသဖြင့် ရွှီလီနာတွင် ယခုအချိန်၌ အတွေးတစ်ခုတည်းသာ ရှိတော့သည်။ ထိုအရာကတော့ ချန်းရီ၏ ခြေသလုံးကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားရန်ပင် ဖြစ်သည်။

ချန်းရီ အပြည့်အဝ အာမခံထားခြင်း မရှိသော ထိုကတိစကားတစ်ခုအတွက် ရွှီလီနာက အစွမ်းကုန် ကြိုးစားရန် ဆုံးဖြတ်လိုက်သည်။

အစ်ကိုကောက်သည်လည်း ထိုနည်းတူပင် ဖြစ်သည်။ မသေချာ မရေရာသော အခြေအနေ တစ်ခုအတွက်နှင့်ပင် သူ၏ အစွမ်းအစ အပြည့်အဝကို ထုတ်သုံးခဲ့လေသည်။

"အမလီနာ... အမ ထွက်သွားပြီးတဲ့နောက်ပိုင်း ဟူထိုတို့က ကျွန်မစကားကို နားမထောင်ကြတော့ဘူး... ဒီနေ့ ကျွန်မ သူတို့ကို ပြောတော့ သူတို့က ပြန်တောင်ခံပြောရဲကြသေးတယ်"

လီကျွမ်းက တိုင်တောသည့်ဟန်ဖြင့် ပြောလိုက်သည်။

ဟူထို ဆိုသူကို ရွှီလီနာ သဘာဝကျကျပင် သိထားသည်။ ဤအချိန်အတောအတွင်း လေ့လာစောင့်ကြည့်မှုများအရ ရွှီလီနာက ဟူထိုအား ကားနံပါတ် ခုနစ်၏ မန်နေဂျာ လက်ထောက် ရာထူးသို့ တိုးမြှင့်ပေးရန် စဉ်းစားထားခဲ့ဖူးသည်။

ထိုသို့လုပ်လိုက်ပါက လီကျွမ်းအား အပြန်အလှန် ထိန်းချုပ်မှု တစ်ခုလည်း ဖြစ်သွားစေနိုင်မည် ဖြစ်သည်။

လီကျွမ်းက အလွန် သစ္စာရှိသော်လည်း တစ်ခါတစ်ရံတွင်မူ တကယ့်ကို ဆိုးရွားလွန်းလှအောင် တုံးအလွန်းနေသည်။

"ကဲပါ... နင် ခဏနေ ပြန်သွားရင် ငါ ဆရာချန်းရဲ့ ခြံဝင်းလေးထဲမှာ နေနေတဲ့ ကိစ္စကို နည်းနည်းပါးပါး ထည့်ပြောလိုက်... အတွင်းမြို့တော်က ကိစ္စတွေကိုလည်း နည်းနည်း ပြောပြလိုက်"

လီကျွမ်းက အနည်းငယ် သံသယဝင်သွားကာ "အမလီနာ... ဒါတွေကို ပြောပြီး ဘာလုပ်မလို့လဲ"

"နင် ဝင်မပါနဲ့... ငါ ပြောတဲ့အတိုင်းသာ လုပ်"

"သိပါပြီ"

လီကျွမ်းက လှည့်ထွက်သွားလေသည်။

တိုက်တန် လမ်းစဉ်က လမ်းစဉ် အဆင့် မြင့်တက်လာသည်နှင့်အမျှ ဦးနှောက်က ပိုပိုပြီး တုံးအလာတတ်သည်ဟု အားလုံး ကြားဖူးကြသည်။

သို့သော် ဤ လီကျွမ်းက ကမ္ဘာပျက်ကပ် မတိုင်မီက တက္ကသိုလ်ကျောင်းသူ တစ်ယောက် ဖြစ်ခဲ့သည်ဟု ကြားဖူးသော်လည်း။

ဤမျှလောက် တုံးအလွန်းသည်ကတော့ တကယ့်ကို ရှားပါးလှသည်။

တက္ကသိုလ်ကျောင်းသားများဆိုသည်မှာ ရိုးအခြင်းသာဖြစ်ပြီး မိုက်မဲခြင်း မဟုတ်ပေ။ ကိစ္စတစ်ခုခု ကြုံလာရချိန်တွင် အနည်းငယ် ထောက်ပြလိုက်ရုံဖြင့် သူတို့အားလုံးက အလျင်အမြန် သဘောပေါက် နားလည်သွားတတ်ကြသည်။

သို့သော် ဤ လီကျွမ်းကတော့။

ထားလိုက်ပါတော့... တုံးအသူများတွင်လည်း တုံးအသူများအလျောက် အသုံးဝင်မှု ရှိပေသည်။ အနည်းဆုံးတော့ သူမတွင် လှည့်စားတတ်သော စိတ်ကောက်ကျစ်မှုများ သိပ်မရှိလှပေ။

လီကျွမ်း အဝေးသို့ ထွက်သွားသည်ကို ကြည့်ပြီးနောက် ရွှီလီနာက ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို ဆွဲကာ အေ-၁၃ သို့ ပြန်သွားလေသည်။

ခုနက သူမသည် နောက်ဆုံးကျန်ရှိနေသော ခွန်အားကို အတင်း ညှစ်ထုတ်ပြီးမှသာ ကိစ္စရပ်များကို မှာကြားနိုင်ခဲ့ခြင်း ဖြစ်သည်။

လီကျွမ်းက အတွင်းမြို့တော်တွင် မြင်တွေ့ခဲ့ရသော အတွေ့အကြုံများနှင့်အတူ အပြင်မြို့တော်သို့ ပြန်လာခဲ့သည်။

ထို့အပြင် ရွှီလီနာက ချန်းရီ၏ ခြံဝင်းငယ်လေးထဲသို့ ဝင်ရောက် နေထိုင်နေပြီ ဖြစ်ကြောင်းကိုပါ ပြောပြလိုက်လေသည်။

ယခင်က စိတ်ထဲတွင် ကြံစည်မှုလေးများကို ထိန်းချုပ်မရ ဖြစ်နေခဲ့ကြသူများပင် အလျင်အမြန် ငြိမ်ကျသွားကြတော့သည်။

လီကျွမ်း၏ မှာကြားချက်အရ ထိုလူများကလည်း အပြင်ထွက်ကာ သတင်းများ စတင် စုံစမ်းကြတော့သည်။

သေချာသည်မှာ သတင်းစုံစမ်းသူများသည် ယာဉ်တန်းဘက်မှ လူများသာမကပေ။

အခြားသူများသည်လည်း မိမိတို့ နောက်ကွယ်ရှိ အရှင်သခင်များအတွက် အလုပ်များနေကြသည်။

အပြင်မြို့တော်တွင် ဤရက်ပိုင်းအတွင်း လူဦးရေ သိသိသာသာ တိုးလာပုံရသည်။

ယနေ့မှာပင် ယာဉ်တန်း နှစ်ခု ထပ်ရောက်လာခဲ့သေးသည်။

တစ်တန်းတွင် လူဆယ်ဂဏန်းကျော်သာ ရှိသော်လည်း အစွမ်းပိုင်ရှင်ကတော့ သုံးယောက်ပါဝင်သည်။

အခြား ယာဉ်တန်းတစ်ခုတွင်မူ လူဦးရေ အနည်းငယ် ပိုများကာ လူတစ်ရာကျော်ခန့် ရှိပြီး အစွမ်းပိုင်ရှင်ကတော့ ခုနစ်ယောက်တိတိ ပါဝင်လေသည်။

ခေါင်းဆောင်ဖြစ်သူမှာ လမ်းစဉ် အဆင့် (၂) လမ်းပြသူ တစ်ဦး ဖြစ်သည်။

မနက်ဖြန်တွင်လည်း ယာဉ်တန်းများ ထပ်မံ ရောက်ရှိလာဦးမည်ဟု ကြားရသည်။

အမှန်လား အမှားလား ဆိုသည်ကိုတော့ မသိရပေ။

ချန်းရီ အေ-၁၃ သို့ ပြန်ရောက်လာချိန်တွင် ရွှီလီနာက ခြံဝင်းထဲရှိ တဲလေးထဲတွင် အိပ်ပျော်နေပြီ ဖြစ်သည်။

ရွှီလီနာ ထွက်သွားပြီးနောက် ချန်းရီက ပစ္စည်းတစ်ခုကိုပင် လဲလှယ်နိုင်ခဲ့ခြင်း မရှိပေ။

မည်သည့်နေရာတွင်ဖြစ်စေ အလှပန်းလေးများ၏ အစွမ်းက သူကိုယ်တိုင်ထက် အများကြီး ပိုကောင်းနေသည်မှာတော့ ငြင်းမရပေ။

လူအများစုက ရွှီလီနာကဲ့သို့သော အလှပန်းလေးကို မြင်လိုက်ရချိန်တွင် ဈေးဆိုင်ပေါ်ရှိ ပစ္စည်းများကိုပါ အကြည့် နှစ်ချက်လောက် ပိုကြည့်သွားတတ်ကြသည်။

ချန်းရီက နောက်ပိုင်းတွင် ဈေးရောင်းသည့် အလုပ်ကို ရွှီလီနာထံ လွှဲအပ်ထားလိုက်ရန် စဉ်းစားလိုက်ပြီး သူကိုယ်တိုင်ကတော့ တစ်ခါတရံမှသာ မျက်နှာ သွားပြရုံဖြင့် လုံလောက်ပြီဟု ဆုံးဖြတ်လိုက်သည်။

ချန်းရီက ကောင်းကင်ယံမှ သွေးရောင်လမင်းကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်တွင်းရှိ သဘာဝလွန် အစွမ်းများ၏ သွက်လက်တက်ကြွမှုကို ခံစားလိုက်ရသည်။

တစ်ခဏမျှ သူ အနည်းငယ် စိတ်လေးလံသွားမိသည်။

သွေးလမင်း သခင် လမ်းစဉ် ၏ ဘေးထွက်ဆိုးကျိုးကလည်း သွေးရောင်လမင်းနှင့် ဆက်စပ်မှု ရှိနေသည်။

အဲဒါကတော့ အိပ်မပျော်ခြင်းပင် ဖြစ်သည်။

အိပ်မပျော်ခြင်း ဟူသည်က သိပ်ပြီး သက်ရောက်မှု မရှိလှပုံပေါ်သည့် ဤဘေးထွက်ဆိုးကျိုးက တကယ့်လက်တွေ့တွင် အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

ထို့အပြင် အချိန်များ ကုန်လွန်လာပြီး လမ်းစဉ် အဆင့် မြင့်တက်လာသည်နှင့်အမျှ။

အိပ်မပျော်ခြင်း ဝေဒနာကလည်း ပိုပိုပြီး ဆိုးရွားလာပေလိမ့်မည်။

ထိုနည်းတူပင် သွေးရောင်လမင်း၏ စွမ်းအင်များ ပိုမို သွက်လက်လာလေလေ ချန်းရီ၏ အိပ်မပျော်ခြင်း ဝေဒနာက ပိုမို ဆိုးရွားလာလေလေ ဖြစ်သည်။

ဥပမာအားဖြင့် မကြာသေးမီ ရက်ပိုင်းအတွင်း ချန်းရီက နေ့စဉ် အိပ်ရာမဝင်မီ သူ့ကိုယ်သူ ဘာမှမတွေးရန် အတင်းအကျပ် ဖိအားပေးပြီး စိတ်ကို လုံးဝ အလွတ်ချထားနိုင်မှသာ အိပ်ပျော်နိုင်တော့သည်။

သို့သော် ဤရက်ပိုင်းတွင်မူ ထိုနည်းလမ်းကလည်း သိပ်ပြီး အသုံးမဝင်ချင်တော့ပေ။

အချိန်ကြာမြင့်စွာ အိပ်မပျော်ခြင်းက လူတစ်ယောက်အပေါ် သက်ရောက်မှု အလွန် ကြီးမားလှသည်။

ဒီတိုင်း ဆက်သွားနေ၍တော့ အဆင်မပြေနိုင်ပေ။

သဘာဝလွန် လမ်းစဉ်၏ ဘေးထွက်ဆိုးကျိုးများက ဤမျှ ရိုးရှင်းလွယ်ကူစွာဖြင့် ပြေပျောက်သွားရန် မဖြစ်နိုင်ချေ။

အကောင်းဆုံးကတော့ ဆန့်ကျင်ဘက် ဘေးထွက်ဆိုးကျိုးရှိသော ထူးဆန်းသည့် အရာတစ်ခုခုကို ရှာဖွေပြီး သွေးလမင်း သားတော် လမ်းစဉ်၏ ဘေးထွက်ဆိုးကျိုးကို ချေဖျက်ပစ်နိုင်လျှင် အကောင်းဆုံး ဖြစ်လိမ့်မည်။

သို့သော် ဆန့်ကျင်ဘက် ဘေးထွက်ဆိုးကျိုးရှိသော ထူးဆန်းသည့် အရာကို ချက်ချင်းလက်ငင်း ရှာဖွေတွေ့ရှိရန်မှာလည်း မလွယ်ကူလှပေ။

လောလောဆယ်တော့ ဒီအတိုင်းပဲ နေရတော့မည်။

ချန်းရီတို့ တစ်နေကုန် ဈေးရောင်းခဲ့သော်လည်း ရရှိလိုက်သည်က သိပ်မများလှပေ။

အခြားတစ်ဖက်တွင်မူ ချူချယ်၏ ယနေ့တစ်နေ့တာက အလွန် ပြည့်ဝနေခဲ့သည်။

ပထမဆုံး ကိစ္စကတော့ ခေါင်းဆောင်၏ မှတ်စုကို ရှာဖွေခြင်း ဖြစ်သည်။

ဒါက ခေါင်းဆောင်တစ်ယောက်အနေဖြင့် လုပ်ဆောင်ရမည့် အလုပ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

ချူချယ်က ခေါင်းဆောင် အတော်များများကို ရှာဖွေတွေ့ရှိခဲ့ပြီး တစ်ဖက်လူ၏ ခေါင်းဆောင် မှတ်စုများနှင့် လဲလှယ်ရန် ရည်ရွယ်ထားခဲ့သည်။

သို့သော် တဖြည်းဖြည်းနှင့် ချူချယ်က ခေါင်းဆောင် မှတ်စု အားလုံးမှာ ကိုးကားရန် တန်ဖိုးရှိနေသည် မဟုတ်ကြောင်း တွေ့ရှိလာရသည်။

အချို့သော ခေါင်းဆောင် မှတ်စုများမှာ လုံးဝကို ပေါက်ကရတွေ ရေးထားခြင်းဖြစ်ပြီး ရှေ့နောက် မညီသော စကားများသာ ဖြစ်နေသည်။

ထိုကဲ့သို့သော အခြေအနေမျိုး ကြုံလာရတိုင်း ချူချယ်မှာ အစီအစဉ်တကျ ပြန်လည် စီစဉ်ရန်အတွက် ခွန်အားများကို အမြောက်အမြား အသုံးပြုလိုက်ရသည်။

ထို့အပြင် အချို့သော ငတုံးများက ခေါင်းဆောင် မှတ်စုဆိုသည်မှာ ဘာမှန်းပင် မသိကြပေ။

ချူချယ်က သူတို့ကို ရှင်းပြလိုက်သောအခါ တစ်ဖက်လူများက စိတ်ဝင်စားသွားကြပြီး ချူချယ်၏ ခေါင်းဆောင် မှတ်စုကိုပါ ငှားဖတ်ရန် ကြံစည်ကြသေးသည်။

သေချာသည်မှာ ယုံကြည်စိတ်ချရသော ခေါင်းဆောင် မှတ်စုများကို လဲလှယ်ရရှိလာချိန်တွင်။

ခေါင်းဆောင်ချူမှာ ထိုမှတ်စုများကို စတင် ကူးယူရပြန်သည်။

မူလက ရှောင်ဖူကို ကူညီကူးယူခိုင်းရန် ရည်ရွယ်ထားခဲ့သော်လည်း ရှောင်ဖူမှာ ကူးရင်းကူးရင်းဖြင့် အော့အန်လာတော့သည်။

ရွှီနန်ကို ဤအလုပ်အား လုပ်ခိုင်းပြန်တော့လည်း ရွှီနန်သည်လည်း အချိန်အကြာကြီး တောင့်မခံနိုင်ခဲ့ပေ။

ဤခေါင်းဆောင် မှတ်စုများတွင် ရှင်းပြ၍ မရနိုင်သော သဘာဝလွန် စွမ်းအင်များ အနည်းနှင့်အများ ပါဝင်နေကြောင်း ချူချယ် သတိထားမိလိုက်သည်။

အစွမ်းပိုင်ရှင်များသာလျှင် မည်သည့် သက်ရောက်မှုမျှ မခံရဘဲ အချိန်ကြာမြင့်စွာ ဖတ်ရှုကြည့်ရှုနိုင်မည်ဟု ထင်ရသည်။

ထို့ကြောင့် ချူချယ် ကိုယ်တိုင်သာ ကူးယူရတော့သည်။

ချူချယ်တွင် အခြားကိစ္စ တစ်ခုလည်း ရှိသေးသည်။

အိုအေစစ်၏ ကောင်စီဝင် ရာထူးကို လက်ခံထားခြင်း ဖြစ်သည်။

လစဉ်လတိုင်း အိုအေစစ်က ချူချယ်အား လစာအဖြစ် ရိက္ခာပစ္စည်း အများအပြား ပေးအပ်လေသည်။

ထိုသို့ ပေးအပ်သည်ကလည်း နည်းနည်းနောနော မဟုတ်ပေ။

သေချာသည်မှာ ဤရိက္ခာပစ္စည်းများကလည်း အလကား ရနေခြင်းတော့ မဟုတ်ချေ။

ချူချယ်က သူ၏ ရှေ့ရှိ ယဇ်ပလ္လင်ပေါ်သို့ အင်းစာများ အပြည့် ရေးထွင်းထားသော သစ်သားတုတ် တစ်ချောင်းကို စိုက်ထည့်လိုက်ချိန်တွင်။

ချူချယ်၏ မျက်နှာပေါ်တွင်လည်း ဖြူဖျော့သွားပြီး အရာအားလုံး အစုပ်ယူခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။

သစ်သားတုတ်၏ ထိပ်ဖျားမှ အလင်းဝင်သော စွမ်းအင်တန်းများ ပစ်လွှတ်ထွက်ပေါ်လာပြီး အခြား အင်းစာများ ရေးထွင်းထားသည့် သစ်သားတုတ် သုံးချောင်းနှင့် သွားရောက် ဆက်သွယ်သွားသည်။

ထိုအချိန်တွင် အိုအေစစ် မြို့တော်အထက်ရှိ လျှို့ဝှက်အကာအကွယ်က အနည်းဆုံး သုံးပုံတစ်ပုံခန့် ထပ်မံ ကျယ်ပြန့်လာလေသည်။

သစ်သားတုတ်မှာ ချူချယ်၏ လျှို့ဝှက်အကာအကွယ်ကို ပို့လွှတ်ပေးသော ကြားခံနယ်တစ်ခုသာ ဖြစ်သည်။

လျှို့ဝှက်အကာအကွယ်၏ စွမ်းအင်ကို အသုံးပြုလိုက်သော်လည်း နောက်ဆုံးတွင် ထိုစွမ်းအင်များက အိုအေစစ် မြို့တော်တစ်ခုလုံး၏ အကာအကွယ်ထဲသို့ ပေါင်းစပ် ဝင်ရောက်သွားလေသည်။

အိုအေစစ်သို့ ရောက်ရောက်ချင်း ကောင်စီဝင် ရာထူးကို သူ ဘာကြောင့် ရရှိခဲ့သလဲ ဆိုသည်ကို ချူချယ် သဘောပေါက်သွားခဲ့သည်။

လျှို့ဝှက်အကာအကွယ်ကသာ သူ့အတွက် အကြီးမားဆုံးသော ကျောထောက်နောက်ခံ ဖြစ်နေသည်။

"ဆရာချန်း... အပတ်တိုင်း ဒီအချိန်ရောက်ရင် စွမ်းအင် လာဖြည့်ပေးပါဦး"

ဝတုတ်တုတ် လမ်းပြသူ တစ်ဦးက ပြုံးလျက် ချူချယ်အား ပြောလိုက်သည်။

လမ်းစဉ် အဆင့် (၃) သို့ တက်လှမ်းပြီးနောက် ချူချယ်၏ လျှို့ဝှက်အကာအကွယ် အစွမ်းက အဆင့်တက်သွားခဲ့ပြီ ဖြစ်သည်။ မူလက သုံးရက်သာ ခံနိုင်သော လျှို့ဝှက်အကာအကွယ်က ယခုအခါ တစ်ပတ်ခန့်အထိ ခံနိုင်ရည် ရှိလာသည်။

သို့သော် တစ်ကြိမ် အသုံးပြုပြီးတိုင်း အနည်းဆုံး တစ်ပတ်ခန့် အနားယူရသည်။

ဒါက တစ်ပတ်ခြားတစ်ခါ ဘာကြောင့် လာရသလဲ ဆိုသည့် အကြောင်းအရင်းပင် ဖြစ်သည်။

ချူချယ်က အနည်းငယ် မောဟိုက်သွားပြီးမှ မေးလိုက်သည်။

"မြို့တော်ဝန်ချကို ဘာလို့ မတွေ့ရတာလဲ... ကျွန်တော် ဒီကို ရောက်နေတာ ရက်တော်တော် ကြာနေပြီဆိုတော့ မနှုတ်ဆက်ရင် သိပ်ပြီး မယဉ်ကျေးသလိုဖြစ်နေမယ်"

ဝတုတ်တုတ် လမ်းပြသူ၏ မျက်နှာပေါ်တွင်မူ ဟန်ဆောင် အပြုံးများ ရှိနေဆဲပင် ဖြစ်သည်။

"မြို့တော်ဝန်ချက အရမ်း အလုပ်များနေတယ်... ဆရာချန်းရဲ့ စေတနာကိုတော့ ကျွန်တော် ဆင့်ဆိုပေးပါ့မယ်... တခြား ဘာကိစ္စမှ မရှိတော့ဘူးဆိုရင် ဆရာချန်း ဒီနေရာကနေ ထွက်သွားလို့ ရပါပြီ"

လေသံက အလွန် ယဉ်ကျေးနေသော်လည်း ပြောလိုက်သည့် အကြောင်းအရာကမူ အနည်းငယ်မျှပင် ညှာတာမှု မရှိလှပေ။

ချူချယ်က ဤ လူဝကြီးအား စူးစိုက်ကြည့်လိုက်ပြီး စိတ်ထဲရှိ သတိထားမှုက တစ်ဆ ပိုတိုးလာခဲ့သည်။

ဤ လူဝကြီးများကို ကြည့်ရသည်မှာ အမေတစ်ယောက်ထဲမှ မွေးဖွားသည့်အတိုင်းပင် ဖြစ်သည်။ တူညီသော ဖြူဖြူဝဝ ပုံစံ၊ တူညီသော ဟန်ဆောင် အပြုံး၊ တူညီသော အေးစက်စက် ယဉ်ကျေးမှုများ။

ထားလိုက်ပါတော့... ချန်းရီသည်လည်း ဆက်လက် နှောင့်ယှက်နေရန် ပျင်းရိသွားသည်။

ရှေ့ဆက်ပြီး သူ လုပ်ရမည့် အလုပ်များ အများကြီး ရှိသေးသည်။

ဥပမာအားဖြင့် နောက်လာမည့် စည်းဝါးလွတ် ကားပြိုင်ပွဲတွင် ဒိုင်လူကြီး မည်သို့ လုပ်ရမည်နည်း ဆိုသည်ကိုပင်။

ဆက်ရန်...

All Chapters