← Chapters

အခန်း ၃၃၆

Vol. 17 Ch. 336

အခန်း ၃၃၆

Vol. 17 Ch. 336

အပိုင်း(၃၃၆) ဂျပန်မလေး၏ အကူအညီတောင်းခံခြင်း

"အိုအေစစ်မှာ ဒုတိယမြို့တော်ဝန် သုံးယောက် ရှိတယ်... ဒုတိယမြို့တော်ဝန် တင်းရှန်က လုံခြုံရေးကို အဓိက တာဝန်ယူပြီး ဒုတိယမြို့တော်ဝန် ကျိုးကျောက်ရှန်းကတော့ မြို့ပြတည်ဆောက်ရေးကို တာဝန်ယူတယ်... မြို့တော်ဝန် မာချင်ကတော့ မြို့ရဲ့ သန့်ရှင်းရေးနဲ့ ကျန်းမာရေးကို တာဝန်ယူထားပါတယ်"

"မာချင် ဆိုတာက ဆေးဝါးကျွမ်းကျင်သူ လမ်းစဉ်က အစွမ်းပိုင်ရှင်ပဲ"

လမ်းစဉ်ဆေးထိုးအပ် ဟူသော စကားလုံးကို ပြောလိုက်သည့်အခါ ရှုလီနာ၏ အသက်ရှူသံက အနည်းငယ် မြန်ဆန်သွားခဲ့သည်။

ဤကာလအတွင်း ချန်းရီက ရှုလီနာကို တာဝန်များစွာ ပေးအပ်ထားခဲ့၏။

တင်းရှန်နှင့် ပတ်သက်သည့် သတင်းများကို စုံစမ်းရန်သာမက၊ ဤဆေးဝါးကျွမ်းကျင်သူ လမ်းစဉ်နှင့် ပတ်သက်၍လည်း စုံစမ်းခိုင်းထားခြင်း ဖြစ်သည်။

အချို့သော သတင်းများကို ချူချယ်က စုံစမ်းရန် မဖြစ်နိုင်သော်လည်း ရှုလီနာအတွက်မူ အလွန်လွယ်ကူလှသည်။

သို့သော် အချို့သော သတင်းများမှာ ရှုလီနာအတွက် အလွန်ခက်ခဲပြီး ချူချယ်အတွက်မူ ထိုမျှလောက် ဒုက္ခမများလှပေ။

တင်းရှန်ထက်စာလျှင် ချန်းရီက ထိုဆေးဝါးကျွမ်းကျင်သူ လမ်းစဉ်၏ ဇာတ်သိမ်းကို ပို၍ သိချင်နေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ထိုသူသည်လည်း သူနှင့်တူညီစွာ "လမ်းစဉ်ဆေးထိုးအပ်" ကို ထုတ်လုပ်နိုင်စွမ်း ရှိနေသည် မဟုတ်ပါလော။

"ဒါဆို... ဘာဖြစ်လို့ ဒီရက်ပိုင်းအတွင်း သူ့သတင်းကို တစ်ခါမှ မကြားရတာလဲ"

ယုတ္တိအရဆိုလျှင် ထိုကဲ့သို့သော လူတစ်ယောက် တကယ်ရှိနေပါက ချန်းရီတို့ မသိဘဲနေရန် အကြောင်းမရှိပေ။

ချန်းရီတို့သည် အိုအေစစ်သို့ ရောက်ရှိနေသည်မှာ အချိန်အတိုင်းအတာ တစ်ခုအထိ ရှိနေပြီ ဖြစ်ကြောင်း သိထားရမည်။

အခြားသူများ၏ အာရုံစိုက်မှုကို မခံရစေရန်အတွက် သူတို့အားလုံးက လမ်းစဉ်ဆေးထိုးအပ်နှင့် ပတ်သက်သော သတင်းများကို တမင်တကာ သွားရောက်စုံစမ်းခြင်းမျိုး မပြုလုပ်ခဲ့ကြပေ။

သို့သော် လုံးဝ သတင်းအစအနလေးမျှပင် မကြားရသည့် အခြေအနေမျိုးအထိတော့ မဖြစ်သင့်ပေ။

ကိစ္စရပ်များက ထူးဆန်းနေသဖြင့် ချန်းရီကို အနည်းငယ် စိုးရိမ်မကင်း ဖြစ်စေသည်။

ရှုလီနာက ခေါင်းခါယမ်းလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင်လည်း သံသယဖြစ်နေသော အမူအရာများ ပေါ်လွင်နေသည်။

"မသိဘူး... ကျွန်မတို့ လူလွှတ်ပြီး စုံစမ်းကြည့်တော့ ဒုတိယမြို့တော်ဝန် မာချင်က အစောကြီးကတည်းက ဘယ်ရောက်သွားမှန်း မသိဘူးလို့ ကြားရတယ်"

"တချို့ကလည်း ဒုတိယမြို့တော်ဝန် မာချင်က ဒီနေရာကနေ ထွက်သွားပြီလို့ ပြောကြတယ်... တချို့ကျတော့လည်း အပြင်မှာ တာဝန်ထမ်းဆောင်ရင်း သေသွားပြီလို့ ပြောကြပြန်တယ်"

"ပြောနေကြတာတွေကတော့ မျိုးစုံပဲ... သူ့ရဲ့ ခြေရာကို အတိအကျ အတည်ပြုဖို့တော့ ကျွန်မအတွက် ခက်တယ်"

ရှုလီနာက သူမ စုံစမ်းသိရှိလာရသော သတင်းများကို အစအဆုံး အသေးစိတ် ပြန်လည်ပြောပြလေသည်။

ထိုအထဲတွင် သူမ၏ ကိုယ်ပိုင် ထင်မြင်ချက်များ လုံးဝ မပါဝင်ခဲ့ပေ။

သူမသည် ကြားလာရသော သတင်းများကိုသာ တိတိကျကျ ပြန်လည် ပြောပြခြင်း ဖြစ်သည်။

ဤမိန်းမသည် အခြေအနေကို ကောင်းစွာ နားလည်ပြီး အလွန်တော်သော လက်ထောက်တစ်ဦး ဖြစ်ပေသည်။

ဤရလဒ်ကို ကြားလိုက်ရသောအခါ ချန်းရီ၏ နှလုံးသားမှာလည်း တဖြည်းဖြည်း လေးလံထိုင်းမှိုင်းသွားတော့သည်။

ပျောက်သွားတယ် ဟုတ်လား။

ဘာတွေ လာနောက်နေတာလဲ။

အသက်ရှင်နေတဲ့ လူကောင်းတစ်ယောက်က ဒီတိုင်းကြီး ပျောက်သွားတယ်ပေါ့။

အဲဒါက ဆေးဝါးကျွမ်းကျင်သူ လမ်းစဉ်က အစွမ်းပိုင်ရှင် တစ်ယောက်တောင် ဖြစ်နေသေးတယ်လေ။

ဤကဲ့သို့သော ကိစ္စမျိုးသည် ဆယ်ပုံကိုးပုံခန့် အကျဉ်းချခံလိုက်ရခြင်းသာ ဖြစ်နိုင်ချေရှိသည်။

ကြည့်ရသည်မှာ သူ၏ ခန့်မှန်းချက်သည် မှန်ကန်နေပုံရသည်။

လမ်းစဉ်ဆေးထိုးအပ်ကြောင့်ပင် ဖြစ်လိမ့်မည်ဟု ခန့်မှန်းရ၏။

အကယ်၍ မိမိသည် လမ်းစဉ်ဆေးထိုးအပ်များကို အမြောက်အမြား ထုတ်လုပ်နိုင်စွမ်းရှိကြောင်း အခြားသူများ သိသွားခဲ့ပါက...

ချန်းရီက စိတ်ထဲမှ လျှို့ဝှက်ချက်ကို ရင်ဘတ်ထဲသို့ ထပ်မံ၍ နက်ရှိုင်းစွာ သိမ်းဆည်းလိုက်သည်။

လမ်းစဉ် အဆင့် (၉) သို့ မရောက်မချင်း ဤကိစ္စကို ဒုတိယလူအား လုံးဝ ပြောပြမည် မဟုတ်ပေ။

ချန်းရီက လက်ကာပြလိုက်ပြီး ရှုလီနာကို ပြန်အိပ်ရန် စေခိုင်းလိုက်ချိန်တွင်...

ရှုလီနာက တွေဝေစွာဖြင့် စကားစလာခဲ့သည်။

"ဆရာချန်း"

"ကိစ္စ ရှိသေးလို့လား"

"ဆရာချန်း... ဆရာနဲ့ ခေါင်းဆောင်ချူတို့ အစီအစဉ်တစ်ခု ဆွဲထားတယ်လို့ ကျွန်မ ကြားတယ်... ကျွန်မ"

ရှုလီနာ၏ လှပသော မျက်နှာပေါ်တွင် သတိထားနေသည့် အမူအရာများ ရှိနေပြီး ဤစကားများကို ပြောနေချိန်တွင် ချန်းရီ၏ မျက်နှာအမူအရာကို အမြဲတစေ စောင့်ကြည့်နေခဲ့သည်။

ယခင်က ခေါင်းဆောင်ချူ ပေးအပ်ထားသော တာဝန်တစ်ခုအကြောင်းကို အစ်ကိုကောက် ပြောပြသည်အား ရှုလီနာ ကြားခဲ့ရချိန်တွင်...

ရှုလီနာသည် အန္တရာယ်တစ်ခုကို ခံစားလိုက်ရသည်။

ချန်းရီ၏ ရှေ့မှောက်တွင် သူမ၏ ပုံစံမှာ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်သော အားကိုးရသည့် လက်ထောက်တစ်ဦး ဖြစ်သည်။

ယခု တာဝန်တစ်ခု ပေါ်လာသည့်အခါ သူမကို မပေးဘဲ အစ်ကိုကောက်ကို ပေးအပ်လိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် ရှုလီနာ၌ စိုးရိမ်ထိတ်လန့်မှုအချို့ ဖြစ်ပေါ်လာခဲ့သည်။

ဤကိစ္စကို ချန်းရီ ဦးဆောင်နေခြင်း မဟုတ်ကြောင်း ရှုလီနာ သိထားသော်လည်း...

သူမအနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်ချင်နေသေးသည်။

ချန်းရီကို သူမအား ပိုမို အာရုံစိုက်စေချင်ပြီး သူမ၏ အရည်အချင်းများကို ပြသချင်နေသည်။

သေချာပေါက် ချန်းရီက သူမ၏ ရုပ်ရည်အသွင်အပြင်ကို သဘောကျပါကလည်း သူမ အလွန် ဝမ်းသာမိမည် ဖြစ်သည်။

ရှုလီနာ၏ အမြင်တွင် သူမ၏ ရုပ်ရည်သွင်ပြင်သည်လည်း သူမ၏ အရည်အချင်း တစ်စိတ်တစ်ပိုင်းပင် ဖြစ်သည်။

သို့သော် သူမရှေ့ရှိ ဤအမျိုးသားကမူ အလှအပအပေါ် ထိုမျှလောက် စိတ်ဝင်စားပုံ မပေါ်ပေ။

ထို့ကြောင့် ရှုလီနာသည် ဖြစ်နိုင်သမျှ အခွင့်အရေးတိုင်းကို လက်ဆုပ်လက်ကိုင် ပြုထားချင်ခဲ့သည်။

မယှဉ်ပြိုင်ပါက ဘာမှရလာမည် မဟုတ်ဘဲ၊ ယှဉ်ပြိုင်ကြည့်ပါက အခွင့်အရေး အနည်းငယ် ရှိလာနိုင်သေးသည်။

ဤကိစ္စကို သေချာအောင်မြင်အောင် လုပ်ဆောင်နိုင်ပါက မည်သို့သော ရလဒ်များ ထွက်ပေါ်လာမည်ကို ရှုလီနာ မသိပေ။

သို့သော် ခေါင်းဆောင်ချူက အစ်ကိုကောက်အပေါ် လုံးဝ မျက်နှာလွှဲခဲပစ် လုပ်မည်မဟုတ်ကြောင်း သေချာသည်။

တရားမျှတရေး ယာဉ်တန်း ဆိုသော နာမည်ကိုပင် ခေါင်းဆောင်ချူက ပေးထားခြင်းဖြစ်ကြောင်း သိထားရမည်။

ချန်းရီ နားလည်သွားသည်။ ရှုလီနာက ထိုသွေးခွဲရန်တိုက်မည့် အစီအစဉ်ကို လုပ်ဆောင်ချင်နေခြင်း ဖြစ်သည်။

ချန်းရီက လက်ကာပြလိုက်သည်။ "လုပ်ချင်ရင်လည်း သွားလုပ်လေ... ဒီကိစ္စကို ခေါင်းဆောင်ချူကို ငါ ပြောပြထားလိုက်မယ်... မင်းနဲ့ အစ်ကိုကောက် နှစ်ယောက်ပေါင်းပြီး ဒီကိစ္စကို သေချာအောင် လုပ်လိုက်"

"မှတ်ထားနော်... ဒီကိစ္စက မင်းတို့ ထင်ထားသလောက် မရိုးရှင်းဘူး"

"တစ်ခုခု အမှားအယွင်း ဖြစ်သွားခဲ့ရင်တောင် ငါတို့ကို ဆွဲမထည့်နဲ့"

ချန်းရီ၏ နောက်ဆုံးစကားက အနည်းငယ် ရက်စက်ရာ ကျနေသည်။

သို့သော် ရှုလီနာက လုံးဝ ဂရုမစိုက်ပေ။ ချန်းရီက မည်သို့သော လူမျိုးဖြစ်ကြောင်း သူမ သိထားသည်မှာ ပထမဆုံးနေ့ မဟုတ်တော့ပေ။

ချန်းရီ သဘောတူလိုက်သည်ကို ကြားလိုက်ရပြီးနောက် သူမ၏ လှပသော မျက်နှာလေးမှာ သိသိသာသာ လင်းလက်သွားခဲ့သည်။

"စိတ်ချပါ ဆရာချန်း... စည်းမျဉ်းတွေကို ကျွန်မ နားလည်ပါတယ်"

ထိုသို့ပြောပြီးနောက် ဤမိန်းမက ခါးလေးနွဲ့ကာ ထွက်သွားတော့သည်။

သူမက တမင်တကာ မြူဆွယ်နေခြင်း မဟုတ်သော်လည်း အခြားသူများအမြင်တွင်မူ အနည်းငယ် ဆွဲဆောင်မှု ရှိနေဆဲပင် ဖြစ်သည်။

ရှုလီနာသည် အန္တရာယ်ကို မကြောက်ပေ။ ကမ္ဘာပျက်ကပ်ထဲတွင် နေထိုင်လာခဲ့ရသည်ဖြစ်ရာ မည်သို့သော အန္တရာယ်မျိုးကိုမဆို သူမ ဖြတ်သန်းဖူးပြီး ဖြစ်သည်။

သူမ အကြောက်ဆုံးအရာမှာ အသုံးချခံရမည့် တန်ဖိုး မရှိတော့ခြင်းပင် ဖြစ်သည်။

ထိုအရာကသာ သူမအတွက် အကြီးမားဆုံးသော အန္တရာယ် ဖြစ်ပေသည်။

ဤသည်မှာ အိုအေစစ် တစ်ခုလုံးတွင် အနည်းငယ် ထူးခြားနေသော နေအိမ်တစ်လုံး ဖြစ်သည်။

နေအိမ်၏ အပြင်အဆင်မှာ သိပ်မလှပလှပေ။ အိုအေစစ်မြို့ထဲရှိ အိမ်အများစုမှာလည်း ဤကဲ့သို့သော ဒီဇိုင်းမျိုးသာ ဖြစ်ကြသည်။

ရိုးရှင်းပြီး ကြမ်းတမ်းကာ လူနေလို့ရရုံသာ ဖြစ်သည်။

သို့သော် ဤနေအိမ်၏ အကျယ်အဝန်းမှာ အခြားသော တစ်ထပ်အိမ်ငယ်လေးများထက် များစွာ ပိုကြီးမားသည်။

အပြင်ဘက်ရှိ ထိုတစ်ထပ်အိမ်လေးများ၊ အတွင်းမြို့တော်ရှိ သေသပ်လှပသော ခြံဝင်းငယ်လေးများနှင့် နှိုင်းယှဉ်လိုက်ပါက ဤနေအိမ်လေးမှာ အလွန် ထူးခြားပေါ်လွင်နေသည်။

နေအိမ်၏ အပြင်ဘက် နံရံတွင် အင်းစာရွက်များစွာ ကပ်ထားသည်။ အချို့အင်းစာရွက်များမှာ အလွန် ဟောင်းနွမ်းစုတ်ပြဲနေပြီး အချို့ကမူ မှိန်ဖျော့ဖျော့ လင်းလက်နေသော အလင်းရောင်များ ထွက်ပေါ်နေသည်။

လေတစ်ချက် တိုက်ခတ်လိုက်သည်နှင့် နေအိမ်နံရံရှိ အင်းစာရွက်များက လိပ်ပြာများအလား လွင့်ဝဲသွားကြပြီး အလွန်တရာ လျှို့ဝှက်ဆန်းကြယ်သော ပုံစံပေါက်နေသည်။

အကယ်၍ ကမ္ဘာပျက်ကပ်ကြီး မတိုင်မီကသာဆိုလျှင် ဤနေရာတွင် ဓာတ်ပုံလာရိုက်သူများဖြင့် တန်းစီနေလောက်ပြီ ဖြစ်သည်။

ဤသည်မှာ အလွန် ထူးခြားသော နေရာတစ်ခု ဖြစ်သည်။

အိုအေစစ်မြို့မှ လူများက ၎င်းကို "အင်းစံအိမ်" ဟု ခေါ်ကြပြီး အချို့ကလည်း "ရွှေအသိုက်" ဟု ခေါ်ဆိုကြသည်။

အိမ်အပြင်ဘက်တွင် အလွန် စည်ကားနေပြီး ချန်းရီ ဤနေရာသို့ ရောက်လာချိန်တွင်...

အိမ်အပြင်ဘက်၌ အဝင်အထွက် လုပ်နေသူ အများအပြား ရှိနေသည်။

ထိုသူများသည် လက်ထဲတွင် အစားအသောက်များကို ကိုင်ဆောင်ထားကာ တန်းစီနေကြပြီး ရုပ်ရည်ချောမောသော မိန်းကလေးတစ်ဦးထံမှ အင်းစာရွက်အချို့ကို လဲလှယ်ယူနေကြသည်။

လူတန်းရှည်ကြီး၏ ဘေးတွင် ဆိုင်းဘုတ်တစ်ခု ထောင်ထားသည်။

ဆိုင်းဘုတ်ပေါ်တွင် "ကိုယ်ရောင်ဖျောက် အင်း ဝယ်ယူရန် ဤနေရာတွင် တန်းစီပါ" ဟူသော စာကြောင်းတစ်ကြောင်း ရေးသားထားသည်။

ခြံတံခါးဝတွင်လည်း အဝင်အထွက် လုပ်နေသူ အချို့ရှိပြီး ထိုသူများမှာ အနက်ရောင် ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။

အချို့၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေမှုများ ရှိနေပြီး အချို့၏ မျက်နှာများကမူ ထိုင်းမှိုင်းသော အမူအရာများ ရှိနေကြသည်။

ဤလူများ၏ ခေါင်းပေါ်တွင် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ဆံပင်ဖြူများ ရှိနေကြသည်။

သေချာသည်မှာ ထိုသူများ၏ တူညီသော အချက်တစ်ချက်တည်းသာ ရှိသည်။ ၎င်းမှာ လူငယ်များ ဖြစ်ကြပြီး အသက်အကြီးဆုံးမှာ သုံးဆယ်ပင် မပြည့်သေးသလို အငယ်ဆုံးမှာ ရှောင်ယွီ အရွယ်ခန့်သာ ရှိသေးသည်။

ဤကဲ့သို့သော အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသူများကို ယခင်က ချန်းရီ တွေ့ဖူးခဲ့သည်။

၎င်းမှာ အိုအေစစ်သို့ သူ စတင်ရောက်ရှိလာချိန်က ဖြစ်သည်။

ထိုအချိန်က အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသူ တစ်ဦးက လမ်းမီးတိုင်ကို ကိုင်ကာ စွမ်းအင် ဖြည့်တင်းနေသည်ကို သူ မြင်တွေ့ခဲ့ရသည်။

အင်း... "စွမ်းအင်ဖြည့်တင်းခြင်း" ဆိုသည့် စကားလုံးပင် ဖြစ်သည်။

သို့သော် ထိုအချိန်က တွေ့ခဲ့ရသော လူ၏ ခေါင်းပေါ်တွင် ဤမျှလောက် ဆံပင်ဖြူများ ရှိနေပုံ မရခဲ့ပေ။

အိုအေစစ်မြို့တွင် စည်းမျဉ်းတစ်ခု ရှိသည်။ အိုအေစစ်မြို့တွင်းရှိ လူတိုင်းသည် ကိုယ်ရောင်ဖျောက် အင်းကို မဖြစ်မနေ ဆောင်ထားရမည် ဖြစ်သည်။

ဤစည်းမျဉ်းနှင့် ပတ်သက်၍ ချန်းရီ၌ မည်သည့် မကျေနပ်မှုမျှ မရှိပေ။

ကိုယ်ရောင်ဖျောက် အင်းက လူများ၏ အငွေ့အသက်ကို ဖုံးကွယ်ပေးနိုင်ပြီး ဤအိုအေစစ်ကိုလည်း ပိုမို ကြာရှည်စွာ တည်ရှိနေစေနိုင်သည်။

ဤဒဏ္ဍာရီလာ အိုအေစစ်သည် အတုအယောင် ဖြစ်နေသော်လည်း...

အကယ်၍ အချိန်အတိုင်းအတာ တစ်ခုအထိ ထပ်မံ နေထိုင်ခွင့် ရမည်ဆိုပါကလည်း ကောင်းမွန်ပေသည်။

မည်သို့ပင်ဆိုစေ ရွှေ့ပြောင်းနေထိုင်ရသော ဘဝမှာ အမြဲတမ်း သက်တောင့်သက်သာ မရှိလှပေ။

ယခုတစ်ကြိမ် ဤနေရာသို့ ချန်းရီ လာရောက်ခြင်းမှာ ကိုယ်ရောင်ဖျောက် အင်း ဝယ်ယူရန်ပင် ဖြစ်သည်။

တကယ်တော့ သူ၏ ကိုယ်ရောင်ဖျောက် အင်းများမှာ အစောကြီးကတည်းက ကုန်သွားခဲ့ပြီ ဖြစ်သည်။

ပြီးခဲ့သည့် အကြိမ်က ပန်းရောင်ဆံပင်နှင့် ကောင်မလေးက သူ့ကို တစ်ရွက် ဝေမျှပေးခဲ့ခြင်း ဖြစ်သည်။ သေချာသည်မှာ ထိုအရာကို အလကား ရခဲ့ခြင်းတော့ လုံးဝ မဟုတ်ပေ။

နောက်ပိုင်းတွင် ချန်းရီက ရှောင်ယွီကို ခြေထောက်ဖြင့် တစ်ချက် ကန်လိုက်ပြီးနောက်...

ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည် ထိုသို့ ဝေမျှတတ်သော အကျင့်ကောင်းကိုပင် ဆက်လက် လုပ်ဆောင်ရန် ဆန္ဒမရှိတော့ပေ။

ထို့ကြောင့် ချန်းရီက ဤနေရာသို့ လာရောက်ကာ ကိုယ်ရောင်ဖျောက် အင်း အချို့ကို လဲလှယ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ကိုယ်ရောင်ဖျောက် အင်းမှာ တကယ်တော့ ဈေးမကြီးလှပေ။ သို့မဟုတ်ပါက သာမန်လူများ လုံးဝ သုံးနိုင်မည် မဟုတ်ပေ။

ချန်းရီက တန်းစီရန် ပြင်လိုက်ချိန်မှာပင် သင်္ဘောသားဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး လျှောက်လာသည်ကို မြင်လိုက်ရသည်။

ထိုအမျိုးသမီး၏ အသက်မှာ မကြီးလှဘဲ အသက်နှစ်ဆယ်ပင် မပြည့်သေးပုံရသည်။ အနည်းငယ် ဝိုင်းစက်နေသော မျက်နှာလေးမှာ ချစ်စရာကောင်းပြီး တက်ကြွမှုများ ရှိနေပုံရသည်။

ရုပ်ရည်သွင်ပြင်မှာ စွန်းချန်းချန်း၊ ရှုလီနာတို့လောက် မလှပသော်လည်း...

ကျောင်းတွင်းမှ အဖြူရောင် လရောင်လေးကဲ့သို့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်သေးသည်။

အခြားသူများကို ကာကွယ်ပေးချင်စိတ် ဖြစ်ပေါ်လာစေသည့် ပုံစံမျိုး ဖြစ်သည်။

အမျိုးသမီးဟု ခေါ်ဆိုရန် မသင့်တော်ဘဲ ကောင်မလေးဟု ခေါ်ဆိုပါက ပို၍ တိကျမှန်ကန်ပေလိမ့်မည်။

ဤကဲ့သို့သော ကောင်မလေးမျိုးသည် ကမ္ဘာပျက်ကပ်ကြီး မတိုင်မီကသာဆိုလျှင် နေ့စဉ် ယောက်ျားလေးများ ပေးပို့သော နို့လက်ဖက်ရည်နှင့် ချောကလက်များ ပြတ်လပ်သွားမည် မဟုတ်ပေ။

ထိုမိန်းကလေးက ချန်းရီ စကားပြောရန်ပင် မစောင့်တော့ဘဲ ချန်းရီကို ၉၀ ဒီဂရီ ကိုင်းညွတ်၍ အရိုအသေ ပေးလိုက်သည်။

ထို့နောက် အလွန် လေးစားသမှုရှိသော လေသံဖြင့် ပြောလိုက်သည်။ "မင်္ဂလာပါ... လေးစားရပါသော အစွမ်းပိုင်ရှင် ဧည့်သည်တော်ကြီး... ဘာများ ကူညီပေးရမလဲရှင်"

မိန်းကလေးက မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ချန်းရီကို ကြည့်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် တက်ကြွလန်းဆန်းနေသော အမူအရာများ အပြည့်အဝ ရှိနေသည်။

မိန်းကလေး၏ လေယူလေသိမ်းမှာ အနည်းငယ် ထူးဆန်းနေသည်။

ဤမိန်းကလေးမှာ ဂျပန်မလေးတစ်ဦး ဖြစ်နေမည်ဟု ချန်းရီ လုံးဝ မထင်ထားခဲ့ပေ။

"ကျွန်တော် ကိုယ်ရောင်ဖျောက် အင်း နည်းနည်းလောက် လဲချင်လို့"

ချန်းရီသည် မိန်းမလှများကို စိတ်မဝင်စားသဖြင့် မည်သို့မျှ တုန်လှုပ်ခြင်းမရှိဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။

သူ့ရှေ့ရှိ ဤကဲ့သို့သော မိန်းကလေးမျိုးသည် လက်သီးတစ်ချက် အထိုးခံရပါက အချိန်အတော်ကြာ ငိုနေလောက်ပေမည်။

မိန်းကလေးက ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွတ်လိုက်ပြီး သူမ၏ အနည်းငယ် ထူးဆန်းနေသော လေယူလေသိမ်းဖြင့် ဆက်လက် ပြောဆိုလိုက်သည်။

"လေးစားရပါသော အစွမ်းပိုင်ရှင် ဧည့်သည်တော်ကြီး... ကျွန်မနောက်ကနေ လိုက်ခဲ့ပါရှင်"

"အစွမ်းပိုင်ရှင်တွေဆိုတာ ကျွန်မတို့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေမို့... တန်းစီစရာ မလိုပါဘူးရှင်"

မိန်းကလေးက ရှေ့မှနေ၍ လမ်းပြခေါ်ဆောင်သွားပြီး ပတ်ဝန်းကျင်ရှိ လူအများအပြားက အားကျသော အကြည့်များဖြင့် ကြည့်ရှုနေကြသည်။

အထူးသဖြင့် ထိုအနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသူများ၏ အကြည့်များထဲရှိ အားကျမှုများနှင့် မနာလိုမှုများမှာ အပြင်သို့ပင် ထွက်ကျလာတော့မတတ် ဖြစ်နေသည်။

သို့သော် ချန်းရီက လှမ်းကြည့်လိုက်သောအခါ ထိုအနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသူများမှာ သိမ်ငယ်စွာဖြင့် ချန်းရီ၏ အကြည့်ကို ရှောင်ဖယ်ကာ ခေါင်းငုံ့သွားကြသည်။

အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသူများမှာ ဤကဲ့သို့ ရှုပ်ထွေးလှသော အုပ်စုတစ်စု ဖြစ်သည်။

အိုအေစစ်တွင် ကြာရှည်စွာ နေထိုင်လာခဲ့သည်နှင့်အမျှ ထိုအနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသူများနှင့် ပတ်သက်သော ကိစ္စအချို့ကို ချန်းရီ သိရှိလာခဲ့သည်။

ဤလူများသည် လမ်းစဉ်ဆေးထိုးအပ်ကို ရရှိရန်အတွက် သာမန်လူများ တွေးတော၍ပင် မရနိုင်သော ပေးဆပ်မှုမျိုးကို ပြုလုပ်ခဲ့ကြရသည်။

သို့သော် အဆုံးသတ်တွင်မူ သေ၍လည်း မရသလို ရှင်သန်ရန်လည်း မဖြစ်နိုင်တော့ပေ။

နေ့စဉ်နှင့်အမျှ ရမ္မက်များနှင့် စိတ်ပျက်မှုများ၏ နှိပ်စက်မှုကို ခံစားနေရပြီး အချို့သူများမှာ ထိုကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ အခြေအနေအောက်တွင် အချိန်ကြာမြင့်စွာ နေထိုင်ရသဖြင့် စိတ်ဖောက်ပြန်မှုများပင် ဖြစ်ပေါ်လာကြသည်။

ဤနေရာတွင် ဤကဲ့သို့သော အထူးပြုစုစောင့်ရှောက်မှုကို ခံစားရမည်ဟု လုံးဝ မထင်ထားခဲ့ပေ။

ချန်းရီသည် ရှေ့မှ သင်္ဘောသားဝတ်စုံ ဝတ်ဆင်ထားသော ဂျပန်မလေးနောက်သို့ လိုက်ပါသွားကာ အခန်းငယ်လေး တစ်ခန်းသို့ ရောက်ရှိသွားသည်။

အခန်းငယ်လေးမှာ အလွန် နွေးထွေးစွာ ပြင်ဆင်ထားပြီး ဆိုဖာတစ်လုံးနှင့် ရေနွေးကြမ်း တစ်ခွက်ပင် ရှိနေသေးသည်။

ဖြစ်စဉ်တစ်ခုလုံးမှာ ပြောစရာ ဘာမှမရှိလှပေ။ သီးသန့် ဝန်ဆောင်မှုပေးသူ ရှိနေသဖြင့် ချန်းရီက သူ ယူဆောင်လာသော အစားအသောက်များကို ဤမိန်းကလေးထံသို့ ပေးအပ်လိုက်သည်။

မိန်းကလေးက ချန်းရီကို ထပ်မံ၍ နက်ရှိုင်းစွာ အရိုအသေ ပေးလိုက်သည်။ "ခဏလောက် စောင့်ပေးပါဦးရှင်... ခဏနေရင် အင်းစာရွက်တွေ လာပို့ပေးပါလိမ့်မယ်"

ဖြစ်စဉ် တစ်ခုလုံးတွင် မိန်းကလေးမှာ တင်းကျပ်သော ပရိုဂရမ်ဖြင့် ထိန်းချုပ်ထားသည့် စက်ရုပ်တစ်ရုပ်အလား အစမှ အဆုံးတိုင်အောင် သူမ၏ မျက်နှာပေါ်ရှိ အပြုံးများမှာ အလွန် ပြည့်စုံလှပနေသည်။

ချန်းရီက အနည်းငယ် အကဲခတ်ကြည့်လိုက်ရာ ဘေးနားရှိ အခန်းငယ်လေးများထဲမှ နှစ်ခန်းတွင်လည်း လူများ ထိုင်နေကြပြီး အစွမ်းပိုင်ရှင်များ ဖြစ်ပုံရကြောင်း တွေ့ရှိလိုက်သည်။

ထိုနည်းတူစွာပင် ယောကျ်ားလေးနှင့် မိန်းကလေး လူငယ်နှစ်ဦးက ဝန်ဆောင်မှုပေးသူများအဖြစ် လုပ်ဆောင်နေကြသည်။

သူတို့၏ မျက်နှာပေါ်ရှိ အပြုံးများမှာ ဤဂျပန်မလေး၏ အပြုံးနှင့် တစ်ပုံစံတည်း တူညီနေကြသည်။

ချန်းရီက ခေါင်းညိတ်ကာ သိရှိကြောင်း အချက်ပြလိုက်မှသာ သင်္ဘောသားဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေးက ထွက်သွားတော့သည်။

မိန်းကလေးက ခန္ဓာကိုယ်ကို မတ်လိုက်သည့် အချိန်လေးမှာပင် ချန်းရီ၏ ခြေထောက်နားသို့ စက္ကူလုံးလေးတစ်ခု လိမ့်ဝင်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။

မိန်းကလေးကမူ ဘာမှ မသိလိုက်သကဲ့သို့ မတ်တတ်ရပ်ကာ ထွက်သွားခဲ့သည်။

ချန်းရီ၏ သွေးမျက်လုံးများက မိန်းကလေး၏ မျက်လုံးထောင့်တွင် ပုန်းကွယ်နေသော တောင်းပန်မှုများနှင့် မျှော်လင့်ချက်မဲ့နေမှုများကို ဖမ်းယူမိလိုက်သည်။

ထိုစက္ကူလုံးလေးကို ချန်းရီ မြင်တွေ့ပါစေရန် သူမက အသည်းအသန် ဆုတောင်းနေပုံရသည်။

ဆက်ရန်...

All Chapters