← Chapters

အခန်း ၃၃၇

Vol. 17 Ch. 337

အခန်း ၃၃၇

Vol. 17 Ch. 337

အပိုင်း(၃၃၇) မှော်စာလုံး လမ်းစဉ်

ချန်းရီက မျက်လုံးကို အနည်းငယ် ကျဉ်းလိုက်သည်။

ထိုစက္ကူလုံးလေးထဲတွင် ဘာပဲပါပါစေ။

ချန်းရီက လုံးဝ ကြည့်ရန် ရည်ရွယ်ထားခြင်း မရှိပေ။

တစ်ဖက်လူက အကူအညီတောင်းတာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် သတင်းအချက်အလက် တစ်ခုခု ပေးချင်တာပဲ ဖြစ်ဖြစ်။

ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် ပွင့်ပွင့်လင်းလင်း မပြောရဲသည့် ကိစ္စဆိုလျှင် ပြဿနာကြီးမားသော ကိစ္စဖြစ်ကြောင်း သေချာလှသည်။

ချန်းရီက မိမိကိုယ်တိုင် ဘေးကင်းလုံခြုံနေသည့် အခြေအနေမျိုးတွင် ချစ်စရာကောင်းသော ကောင်မလေးတစ်ယောက်ကို ကူညီပေးရန် ဝန်လေးနေမည် မဟုတ်ပေ။

သို့သော် ယခုလက်ရှိ အခြေအနေကတော့ ချန်းရီကို အတွေးပေါင်းများစွာ ဝင်လာစေသည်။

ချန်းရီက ခြေထောက်ကို အနည်းငယ် ရွှေ့လိုက်ပြီး ထိုစက္ကူလုံးလေးကို ဘေးဘက်ရှိ ဘီရိုအောက်သို့ တိုက်ရိုက် ကန်သွင်းလိုက်သည်။

ရေတပ်ဝတ်စုံနှင့် ကောင်မလေးက ချန်းရီ၏ လှုပ်ရှားမှုကို မျက်လုံးထောင့်မှနေ၍ မြင်လိုက်ရသောအခါ သူမ၏ ပိန်လှီသော ခန္ဓာကိုယ်လေးမှာ အနည်းငယ် တုန်ယင်သွားပြီး မျက်ဝန်းလေးများကလည်း ချက်ချင်း မှေးမှိန်သွားတော့သည်။

သို့သော် ထိုကောင်မလေးသည် သူမ၏ ခံစားချက်အားလုံးကို မြိုသိပ်ချလိုက်သကဲ့သို့ ခြေလှမ်းများကို ခိုင်မာစွာ လှမ်းကာ အဝေးသို့ ထွက်ခွာသွားခဲ့သည်။

သူမ၏ ခြေလှမ်းများက ယခင်ကထက် စာလျှင် မျှော်လင့်ချက် ကင်းမဲ့နေသည့် အရိပ်အယောင်များ ပိုမို ပါဝင်နေပြီး အသက်ဝင်မှု အနည်းငယ် လျော့နည်းသွားသလိုပင်။

ကောင်မလေးက သူမ၏ မျက်လုံးထောင့်များကို အားပါပါဖြင့် သုတ်လိုက်ပြီး ခြေလှမ်းများကို ခိုင်မာစွာဖြင့် အရှိန်မြှင့်လိုက်သည်။

ချန်းရီက ဘေးဘီဝဲယာသို့ မျက်လုံးထောင့်ဖြင့် အနည်းငယ် အကဲခတ်ကြည့်လိုက်သည်။

ဤနေရာကို သတိထားမိသူ တစ်ယောက်မျှ မရှိကြောင်း သူ တွေ့လိုက်ရသည်။

ချန်းရီက အင်္ကျီအိတ်ကပ်ထဲမှ ဆေးလိပ်တစ်လိပ်ကို ထုတ်ယူကာ မီးညှိလိုက်သည်။

ဆယ်စုနှစ်ပေါင်းများစွာ ဆေးလိပ်သောက်လာခဲ့သည့် ဆေးလိပ်သမားအိုကြီး တစ်ယောက်ကဲ့သို့ သူက ဆေးလိပ်ငွေ့ကို အားပါးတရ ရှိုက်သွင်းလိုက်သည်။

အခန်းငယ်လေးထဲတွင် မှိုင်းပြပြ ဆေးလိပ်ငွေ့များက ပျံ့နှံ့သွားသည်။

ထိုအချိန်ရောက်မှသာ ချန်းရီက ပတ်ဝန်းကျင် အခြေအနေကို လေ့လာရန် အချိန်ရသွားတော့သည်။

ဤအခန်းငယ်လေးသည် ခန်းမကြီးထဲမှနေ၍ သီးသန့် ခွဲထုတ်ထားသော အခန်းလေးဖြစ်ပြီး ခန်းမကြီးဘက်သို့ မျက်နှာမူထားသော နေရာတွင် မှန်ချပ်ကြီးများ အပြည့် တပ်ဆင်ထားသည်။

ထို့ကြောင့် ချန်းရီက ခန်းမကြီးထဲရှိ အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့နေရခြင်း ဖြစ်သည်။

ချန်းရီက ခန်းမကြီးထဲရှိ လူများ၏ တုံ့ပြန်မှုများကို သေချာစွာ အကဲခတ်နေသည်။

သို့သော် မည်သူကမျှ ဤဘက်သို့ ပို၍ အာရုံစိုက် ကြည့်ရှုခြင်း မရှိသည်ကို သူ တွေ့လိုက်ရသည်။

တစ်စုံတစ်ခု မှားယွင်းနေသည်။

လုံးဝကို မှားယွင်းနေသည်။

ယခင်က သူ ဆေးလိပ်သောက်ချိန်တိုင်း လူတိုင်းက အားကျသော အကြည့်များဖြင့် ကြည့်တတ်ကြပြီး သတ္တိရှိသူ အချို့ကဆိုလျှင် ချန်းရီထံမှ ဆေးလိပ်တစ်လိပ် တောင်းရန်ပင် ကြိုးစားတတ်ကြကြောင်းကို သိထားရမည်။

သို့သော် ယခုအချိန်တွင်မူ မည်သူ့ထံမှ ထိုကဲ့သို့သော မျက်နှာအမူအရာမျိုးကို မတွေ့ရပေ။

ဆေးလိပ်သောက်ခြင်းသည် အလွန် သာမန်ကိစ္စတစ်ခု ဖြစ်နေသကဲ့သို့ပင်။

ဤအချက်က အလွန် ထူးဆန်းနေသည်။

အပြင်ဘက်တွင်ဆိုလျှင် သူ လွှင့်ပစ်လိုက်သော ဆေးလိပ်တိုလေး တစ်ခုကိုပင် သွေးထွက်သံယို ဖြစ်သည်အထိ လုယက်တတ်ကြကြောင်း သိထားရမည်။

သို့သော် ဤနေရာတွင်မူ။

သူ ဆေးလိပ်သောက်နေသည့် လုပ်ရပ်ကို မည်သူကမျှ စိတ်ဝင်စားပုံ မပေါ်ပေ။

ခန်းမကြီးထဲရှိ လူအရေအတွက်သည် အပြင်ဘက်ထက် အများကြီး ပိုနည်းပါးနေသည်။

အနည်းငယ် ကြည့်ရှုပြီးနောက် ချန်းရီသည် အလွန် ထူးဆန်းသော ပြဿနာတစ်ခုကို သတိထားမိသွားသည်။

ဤနေရာရှိ လူငယ်လူရွယ် အများစုမှာ ရုပ်ရည်သန့်စင်သော ယောက်ျားလေးများနှင့် မိန်းကလေးများ ဖြစ်ကြသည်။

သူတို့ ဝတ်ဆင်ထားသော အဝတ်အစားများကလည်း အပြင်ဘက်ရှိ လူများထက် များစွာ ပိုမို သန့်ရှင်းသပ်ရပ်နေသည်။

ဤလူငယ်များ၏ မျက်နှာပေါ်ရှိ အမူအရာများမှာလည်း အလွန် အေးအေးချမ်းချမ်း ရှိနေကြပြီး အပြင်ဘက်ရှိ ဒုက္ခရောက်နေသော အသက်ရှင်ကျန်ရစ်သူများနှင့် နှိုင်းယှဉ်လျှင် ကွာခြားချက်က ကြီးမားလွန်းလှသည်။

သေချာပေါက်ပင်၊ ထိုအထဲတွင် အနက်ရောင်ဝတ်စုံဝတ် လူများစွာလည်း သွားလာလှုပ်ရှားနေကြသည်။

အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ယောက်သည် စားပွဲတစ်လုံးရှေ့တွင် မတ်တပ်ရပ်ကာ လက်ထဲတွင် ဟင်္သာပြဒါးရောင် စုတ်တံတစ်ချောင်းကို ကိုင်ထားပြီး အလွန် လေးနက်တည်ကြည်သော မျက်နှာထားဖြင့် ရှိနေသည်။

သူ၏ လက်ထဲမှ ဟင်္သာပြဒါးရောင် စုတ်တံသည် အဝါရောင် မှော်အင်းစာရွက်ပေါ်တွင် နဂါးနှင့် မြွေများ သွားလာနေသကဲ့သို့ လှုပ်ရှားနေသည်။

အချိန်ခဏလေးအတွင်းမှာပင် အင်းစာရွက်ပေါ်မှ တောက်ပသော အလင်းရောင်တစ်ချက် လင်းလက်သွားပြီးနောက် ပြန်လည် ငြိမ်သက်သွားခဲ့သည်။

ချန်းရီသည် ထိုမြင်ကွင်းကို ကြည့်ရင်း မျက်လုံးများ အနည်းငယ် ကျဉ်းသွားသည်။

ဒါက မှော်စာလုံး လမ်းစဉ်၏ အစွမ်းပိုင်ရှင်များ ဖြစ်နေမလား။

မဟုတ်သေးဘူး၊ ဒီလူက အစွမ်းပိုင်ရှင် မဟုတ်ဘူး။ သူက အနက်ရောင်ဝတ်စုံနဲ့။

ဟုတ်သည်၊ ဤလူငယ်က အနက်ရောင်ဝတ်စုံနှင့် ဖြစ်သည်။ သို့ပေမဲ့။

အနက်ရောင်ဝတ်စုံတွေက အစွမ်းကျင့်ကြံလို့ မရဘူးလို့ ပြောထားတာ မဟုတ်ဘူးလား။

ဒါက တကယ်ကို ဘယ်လို အခြေအနေကြီးလဲ။

ချန်းရီက မည်မျှပင် အံ့အားသင့်နေပါစေ၊ ထိုလူငယ်လေး၏ လက်ရှိအခြေအနေမှာ အလွန် ထူးဆန်းနေသည်။

သူသည် တစ်ကိုယ်လုံး အားအင်ကုန်ခမ်းနေသကဲ့သို့ ဖြစ်နေပြီး အကယ်၍ ရှေ့ရှိ စားပွဲကိုသာ မီခိုမထားပါက ကြမ်းပြင်ပေါ်သို့ လဲကျသွားမည်မှာ သေချာလှသည်။

သို့သော် လူငယ်လေး၏ မျက်နှာပေါ်ရှိ အမူအရာမှာမူ အလွန် စိတ်လှုပ်ရှားနေသည်။

ထိုအချိန်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် လျှောက်လာပြီး လူငယ်လေး၏ စားပွဲပေါ်ရှိ အင်းစာရွက်ကို ယူကာ ခဏမျှ ကြည့်ရှုပြီးနောက် သူ၏ နှုတ်ခမ်းထောင့်များက အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။

လူငယ်လေးကို ချီးကျူးစကား ဆိုနေသကဲ့သို့ပင်။

လူငယ်လေးကလည်း ထိုလူလတ်ပိုင်းကို ကြည့်ကာ အူကြောင်ကြောင်ဖြင့် ရယ်မောနေသည်။

လူလတ်ပိုင်းက လက်ကို အနည်းငယ် မြှောက်ပြလိုက်ရာ အနောက်ဘက်မှ လူငယ်လေးနှင့် အရွယ်တူ မိန်းကလေး နှစ်ယောက် ထွက်လာပြီး လူငယ်လေးကို တွဲကာ ခေါ်ဆောင်သွားကြသည်။

လူလတ်ပိုင်းသည် အင်းစာရွက်ကို ဘေးဘက်ရှိ သေတ္တာထဲသို့ ဂရုတစိုက် သိမ်းဆည်းလိုက်သည်။

သောက်ကျိုးနည်း။

ဖြစ်စဉ်တစ်ခုလုံးကို ကြည့်ပြီး ချန်းရီ အနည်းငယ် တွေဝေသွားသည်။

နေပါဦး။ အနက်ရောင်ဝတ်စုံတွေက အစွမ်းပိုင်ရှင် မဟုတ်ဘဲနဲ့ မှော်အင်းစာရွက်တွေကို ဆွဲနိုင်တာလား။

ဒါက တကယ်ကို ဘယ်လို အခြေအနေကြီးလဲ။

ထို့အပြင် လူငယ်လေး ရှိနေသည့် နေရာတစ်ဝိုက်တွင် အလားတူ စားပွဲများစွာ ရှိနေသေးသည်။

မကြာမီမှာပင် ချန်းရီသည် အကြောင်းရင်းကို အကြမ်းဖျင်း ခန့်မှန်းမိသွားသည်။

အဘယ်ကြောင့်ဆိုသော် အားအင်ကုန်ခမ်းနေပုံရသည့် အခြား လူငယ်တစ်ယောက်သည် ရေတပ်ဝတ်စုံနှင့် ကောင်မလေးတစ်ယောက်ထံမှ အင်းစာရွက် တစ်ရွက်ကို ယူလိုက်သည်ကို ချန်းရီ မြင်လိုက်ရသောကြောင့် ဖြစ်သည်။

အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် ထိုလူငယ်က အင်းစာရွက်ကို သူ၏ ခန္ဓာကိုယ်ပေါ်တွင် ကပ်လိုက်သည်။

အင်းစာရွက်က လူငယ်၏ ခန္ဓာကိုယ်ပေါ်သို့ ကပ်သွားသည့် အချိန်တွင်။

မူလက အနည်းငယ် ခါးကုန်းနေသော လူငယ်၏ ကျောပြင်သည် တဖြည်းဖြည်း မတ်မတ်ဖြစ်လာပြီး မျက်နှာပေါ်တွင်လည်း သွေးရောင်အနည်းငယ် ပြန်လည် လွှမ်းမိုးလာသည်။

ထိုနည်းတူစွာပင် လူငယ်၏ ခေါင်းပေါ်ရှိ ဆံပင်ဖြူများကလည်း အနည်းငယ် ပိုများလာသကဲ့သို့ပင်။

ထိုလူငယ်၏ ခန္ဓာကိုယ်ပေါ်တွင် သဘာဝလွန်အစွမ်း၏ လှိုင်းဂယက်လေးများ ထွက်ပေါ်လာသည်ကို ချန်းရီ ရှင်းလင်းစွာ ခံစားသိရှိလိုက်သည်။

ဒါက။

ချန်းရီက အကြမ်းဖျင်း ခန့်မှန်းမိသွားပြီ ဖြစ်သည်။

ထိုအင်းစာရွက်သည် မှော်ဆန်သော စွမ်းအင်များ ပါဝင်သည့် အင်းစာရွက်တစ်မျိုး ဖြစ်ပုံရသည်။

အဓိက အာနိသင်မှာ လူငယ်များ၏ အသက်စွမ်းအင်ကို လှုံ့ဆော်ပေးပြီး မှော်အင်းစာရွက်များ ရေးဆွဲနိုင်ရန်အတွက် သဘာဝလွန်အစွမ်းများကို ခေတ္တခဏ ပိုင်ဆိုင်စေခြင်း ဖြစ်သည်။

သေချာပေါက်ပင်၊ အသက်စွမ်းအင်ကို လှုံ့ဆော်ရခြင်းက အလကားတော့ မဟုတ်ပေ။

အသက်ဆယ်ကျော်သက် အရွယ်သာ ရှိသေးသော ဤလူငယ်များ၏ ခေါင်းပေါ်ရှိ ဆံပင်ဖြူများက သူတို့ ပေးဆပ်လိုက်ရသော တန်ဖိုးပင် ဖြစ်သည်။

ဖြစ်နိုင်သည်မှာ ဤလူများ၏ သက်တမ်းသည် အလွန်အမင်း တိုတောင်းသွားလောက်ပြီ ဖြစ်သည်။

ချန်းရီသည် ဆံပင်အတော်များများ ဖြူနေပြီဖြစ်သော လူငယ်လူရွယ်အချို့ထံမှ သေမင်း၏ အငွေ့အသက်များကိုပင် ခံစားမိနေပြီ ဖြစ်သည်။

ထိုအထဲမှ ဆံပင်များ အားလုံး ဖြူနေပြီဖြစ်သော လူငယ်အချို့ဆိုလျှင် နောက်တစ်စက္ကန့်တွင် လဲကျသွားပြီး နောက်ထပ် ဘယ်တော့မှ ပြန်နိုးလာတော့မည် မဟုတ်သကဲ့သို့ပင်။

ဒါကတော့။

ချန်းရီသည် ခဏတာမျှ စကားပြောစရာ ပျောက်ရှသွားပြီး ဘာပြောရမည်မှန်း မသိအောင် ဖြစ်သွားသည်။

အကြည့်ကို ပြောင်းရွှေ့လိုက်ချိန်တွင် ခန်းမကြီးထဲ၌ ဆူညံပွက်လောရိုက်မှု တစ်ခု ဖြစ်ပေါ်လာသည်ကို ချန်းရီ မြင်လိုက်ရသည်။

တောင့်တင်းသန်မာသော အမျိုးသားကြီး ရှစ်ယောက်သည် ဝေါယာဉ်တစ်စီးကို ထမ်းကာ ခန်းမကြီး၏ အနောက်ဘက်မှနေ၍ ခက်ခဲပင်ပန်းစွာ ထွက်ပေါ်လာကြသည်။

ဝေါယာဉ်ဆိုသည်မှာ ရှုခင်းသာ နေရာများတွင် အများအားဖြင့် တွေ့ရတတ်သည့် ယာဉ်တစ်မျိုး ဖြစ်သည်။

အများအားဖြင့် အရှေ့နှင့် အနောက်တွင် လူတစ်ယောက်စီ ထမ်းပြီး အလယ်တွင် ကုလားထိုင် တစ်လုံး ပါရှိသည်။

တောင်မတက်နိုင်သော ခရီးသွားများသည် တောင်တက်ရန် သို့မဟုတ် တောင်ဆင်းရန်အတွက် ဤကဲ့သို့သော လူထမ်းယာဉ်များကို ငွေပေး၍ ငှားရမ်းတတ်ကြသည်။

အချို့ကလည်း ၎င်းကို တောင်ပေါ်ဝေါယာဉ်ဟု ခေါ်ကြသည်။

သို့သော် ယခု သူ၏ မျက်စိရှေ့ရှိ ဝေါယာဉ်သည် ချန်းရီ မြင်ဖူးခဲ့သော ပေါ့ပါးသည့် တောင်ပေါ်ဝေါယာဉ်များနှင့် လုံးဝ မတူညီပေ။

ဤဝေါယာဉ်က အများကြီး ပို၍ ကြီးမားနေသည်။

ဝေါယာဉ်ကို ထမ်းလာသော အမျိုးသား ရှစ်ယောက်စလုံး၏ မျက်နှာများသည် နီရဲနေပြီး သူတို့၏ ပခုံးပေါ်တွင် ပိဿာထောင်ချီသော ဝန်ထုပ်ဝန်ပိုးကို ထမ်းထားရသကဲ့သို့ပင်။

ထိုကြီးမားသော ကုလားထိုင်ကြီးပေါ်တွင် ဧရာမ သတ္တဝါကြီး တစ်ကောင် ရှိနေသကဲ့သို့ပင်။

သေချာ ကြည့်လိုက်သောအခါ ဧရာမ ဝက်ကြီးတစ်ကောင်နှင့် တူနေသည်။

ဤအရာက အနည်းဆုံး ပိဿာ ၄၆၀ ခန့် အလေးချိန်ရှိသော ဝက်ကြီး တစ်ကောင်ပင်။

မဟုတ်သေးဘူး။

ဝက်ကြီး မဟုတ်ဘူး။

ချီးတဲ့မှ... ဒါက လူတစ်ယောက်ပဲ။

အသားတောင်ကြီး တစ်ခုနှင့်တူသော လူတစ်ယောက်ပင် ဖြစ်သည်။

ဤလူသည် အလွန်အမင်း အဝလွန်နေသူ တစ်ယောက် ဖြစ်သည်။

ဤမျှ ဝနေသော လူကို ချန်းရီသည် ယခင်က သတင်းများထဲတွင်သာ မြင်ဖူးခဲ့သည်။

တကယ့် လက်တွေ့ဘဝတွင် ဤကဲ့သို့သော လူမျိုး အမှန်တကယ် ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ယခင် ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးပေါ်ရှိ လူဝကြီးသည် ဤလူဝကြီးနှင့် နှိုင်းယှဉ်လျှင် သွယ်လျနေသည်ဟုပင် ပြော၍ ရသည်။

ဤအသားတောင်ကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ အဆီပိုများသည် အထပ်ထပ် ဖြစ်နေပြီး မျက်နှာပေါ်ရှိ အသားများသည်လည်း ပခုံးပေါ်အထိ တွဲကျနေပြီ ဖြစ်သည်။

လူဝကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ချန်းရီ နားမလည်နိုင်သော မှော်အင်းစာရွက် အမျိုးမျိုးကိုလည်း ကပ်ထားသည်။

ဒီလူက။

ကမ္ဘာပျက်ကပ်ကြီး ရောက်နေပြီကို ဘယ်လိုလုပ်ပြီး ဒီလောက်ဝနေတဲ့ လူမျိုး ရှိနေနိုင်ရတာလဲ။

သောက်ကျိုးနည်း။

လူဝကြီး ပေါ်လာသည်နှင့် ခန်းမကြီးထဲရှိ လူအားလုံးက သူတို့၏ လက်ထဲမှ အလုပ်များကို ရပ်တန့်လိုက်ကြပြီး ခေါင်းငုံ့ကာ လက်များကို ချ၍ ဘေးသို့ ဖယ်ပေးလိုက်ကြသည်။

ရေတပ်ဝတ်စုံနှင့် ကောင်မလေး တစ်စုကလည်း ဝိုင်းအုံလာကြပြီး ထိုလူဝကြီး၏ အရှေ့တွင် ရိုရိုသေသေ ရပ်နေကြသည်။

ထိုအထဲတွင် ယခင်က ချန်းရီကို ဝန်ဆောင်မှုပေးခဲ့သော ချစ်စရာ မျက်နှာဝိုင်းဝိုင်းလေးနှင့် ကောင်မလေးလည်း ပါဝင်သည်။

မျက်နှာဝိုင်းဝိုင်းလေးနှင့် ကောင်မလေးသည် ရေတပ်ဝတ်စုံဝတ် မိန်းကလေးများကြားတွင် ရပ်နေရင်း ခေါင်းငုံ့ထားကာ မျက်နှာချင်းဆိုင်ရှိ အသားတောင်ကြီးကို လုံးဝ မကြည့်ရဲပေ။

သူမ၏ ခန္ဓာကိုယ်လေးကလည်း တစ်ပြိုင်နက်တည်းမှာပင် အနည်းငယ် တုန်ယင်နေသည်။

ဤလူဝကြီးကို မြင်လိုက်ရသောအခါ ချန်းရီက တစ်ဖက်လူမှာ မည်သူဖြစ်ကြောင်းကို ချက်ချင်း သတိရသွားသည်။

ယခင်က ပန်းရောင်ဆံပင်နှင့် ကောင်မလေး ပြောပြခဲ့ဖူးသည်မှာ အိုအေစစ် မြို့တော်ရှိ မှော်အင်းစာရွက်များ အားလုံးကို ရှာဖေး ဟုခေါ်သော မှော်စာလုံး လမ်းစဉ် အဆင့် (၃) အစွမ်းပိုင်ရှင် တစ်ယောက်က ထောက်ပံ့ပေးနေသည် ဟူ၍ပင်။

ထို မှော်စာလုံး လမ်းစဉ် အစွမ်းပိုင်ရှင်သည် အလွန် ဝနေခြင်းသာ ဖြစ်သည်။

မှော်အင်းစာရွက် စီးပွားရေးကို အားကိုး၍ ဤသူသည် အိုအေစစ် မြို့တော် တစ်ခုလုံးတွင် အချမ်းသာဆုံး လူတစ်ယောက် ဖြစ်လာခဲ့သည်။

အခုတော့ ကိုက်ညီသွားပြီ။

ဤတစ်မူထူးခြားသော အိမ်ကြီး။

ထို့အပြင် ဤတစ်မူထူးခြားသော ခန္ဓာကိုယ်ကြီး။

အားလုံးက ဤလူဝကြီးသည် မည်သူဖြစ်ကြောင်းကို ပြသနေသည်။

အိုအေစစ် မြို့တော်၏ အခြားသော ကောင်စီဝင် တစ်ဦး၊ မှော်စာလုံး လမ်းစဉ် အဆင့် (၃) အစွမ်းပိုင်ရှင် - ရှာဖေး။

လူဝကြီးသည် ချန်းရီ၏ အကြည့်ကို သတိထားမိသွားသကဲ့သို့ ခေါင်းကို တဖြည်းဖြည်း လှည့်လာပြီး ချန်းရီကို ခေါင်းညိတ်ပြကာ နှုတ်ဆက်လိုက်သည်။

ချန်းရီကလည်း တုံ့ပြန်သည့်အနေဖြင့် ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်သည်။

လူဝကြီး၏ မျက်လုံးများက တဖြည်းဖြည်း လှုပ်ရှားသွားပြီး ခန်းမကြီးထဲကို တစ်ပတ် ကြည့်ရှုလိုက်ကာ ပါးစပ်မှ စကားတစ်ခွန်းသာ ထွက်ပေါ်လာသည်။

"အင်း... "

ထိုစကားတစ်ခွန်းကို ပြောပြီးနောက်။

ဝေါယာဉ်ကို ထမ်းထားသော အမျိုးသားများသည် ခက်ခဲပင်ပန်းစွာဖြင့် လှည့်ထွက်သွားကြပြီး လူတိုင်း၏ အရှေ့မှ ပျောက်ကွယ်သွားကြသည်။

ချန်းရီသည် လူ၏ ပုံစံပင် မပေါ်တော့လောက်အောင် ဝနေသော ဤလူဝကြီးကို ကြည့်ရင်း မျက်လုံးများက အရောင်လက်သွားသည်။

ထိုအချိန်မှာပင် အခန်းငယ်လေး၏ တံခါးက ပွင့်လာခဲ့သည်။

အထဲသို့ ဝင်လာသူမှာ ရေတပ်ဝတ်စုံနှင့် ဂျပန်မလေး ပင်ဖြစ်သည်။

ဂျပန်မလေး၏ လက်ထဲတွင် သပ်ရပ်လှပသော သေတ္တာနှစ်လုံးကို ကိုင်ဆောင်ထားသည်။

ကမ္ဘာပျက်ကပ် မတိုင်မီက အရေးကြီးသော စာရွက်စာတမ်းများကို ထည့်သွင်းရာတွင် အသုံးပြုလေ့ရှိသည့် သေတ္တာမျိုး ဖြစ်ကြောင်း သိသာလှသည်။

ရေတပ်ဝတ်စုံနှင့် ဂျပန်မလေးက ချန်းရီကို ၉၀ ဒီဂရီ ကိုင်းညွတ်ကာ အရင်ဆုံး အရိုအသေပေးလိုက်သည်။

"တောင်းပန်ပါတယ်... လူကြီးမင်း... အကြာကြီး စောင့်လိုက်ရတဲ့အတွက်ပါ"

ကောင်မလေး၏ လက်ရှိ အပြုအမူသည် ယခင်က အပြုအမူနှင့် ဘာမှ ကွာခြားမှု မရှိပေ။

စက္ကူလုံးလေး ကိစ္စမှာ လုံးဝ မဖြစ်ခဲ့သကဲ့သို့ပင်။

ကောင်မလေး၏ မျက်လုံးထောင့်များက အနည်းငယ် နီရဲနေသည်မှလွဲ၍ပေါ့၊ သူမသည် မည်သူမှ မသိသော နေရာတစ်ခုတွင် ခိုးကြောင်ခိုးဝှက် ငိုကြွေးခဲ့ကြောင်း သိသာလှသည်။

ချန်းရီက လုံးဝ မမြင်ခဲ့သကဲ့သို့သာ ဟန်ဆောင်နေလိုက်သည်။

ကောင်မလေးသည် စာရွက်စာတမ်း သေတ္တာတစ်လုံးကို ချန်းရီ၏ အရှေ့ရှိ စားပွဲပေါ်တွင် တင်လိုက်သည်။

သေတ္တာကို ဖွင့်လိုက်သည်။

သေတ္တာထဲတွင် ကိုယ်ရောင်ဖျောက် အင်း (၁၀) ရွက်ကို သေသပ်စွာ စီရီထားသည်။

"လူကြီးမင်း... ဒါက လူကြီးမင်းရဲ့ ကိုယ်ရောင်ဖျောက် အင်း (၁၀) ရွက်ပါ... လူကြီးမင်း စစ်ဆေးကြည့်လို့ ရပါတယ်"

ချန်းရီက လက်လှမ်းလိုက်ပြီး ကိုယ်ရောင်ဖျောက် အင်း (၁၀) ရွက်ကို ယူလိုက်သည်။

"ကျေးဇူးပဲ"

ချန်းရီက ပြောပြီးသည်နှင့် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

သူသည် ဤနေရာတွင် ထပ်မံ အချိန်ဆွဲမနေချင်တော့သလို၊ မျက်စိရှေ့မှ ချစ်စရာကောင်းသော ကောင်မလေးနှင့်လည်း မည်သည့် ပတ်သက်မှုမျှ မရှိချင်တော့ပေ။

မျက်စိရှေ့မှ ကောင်မလေးက တကယ်ကို ချစ်စရာကောင်းနေသော်လည်းပေါ့။

"လူကြီးမင်း... ခဏလေး စောင့်ပါဦး"

ကောင်မလေးက နောက်ထပ် သေတ္တာတစ်လုံးကို ယူလာပြီး ချန်းရီ၏ အရှေ့တွင် ဖွင့်ပြလိုက်သည်။

သေတ္တာထဲတွင်လည်း မှော်အင်းစာရွက် အချို့ ရှိနေသေးသည်။

ဤအင်းစာရွက်များသည် ချန်းရီ၏ လက်ထဲမှ ကိုယ်ရောင်ဖျောက် အင်းများနှင့် အလွန် ကွာခြားမှု ရှိနေပြီး ချန်းရီသည်လည်း ယခင်က တစ်ခါမှ မမြင်ဖူးခဲ့ပေ။

ချန်းရီ မေးခွန်းမမေးမီမှာပင် ကောင်မလေးက စတင် ရှင်းပြလေသည်။

"လူကြီးမင်း... ဒါတွေက ကျွန်မတို့ မှော်အင်းဆိုင်ရဲ့ တခြား ထုတ်ကုန်တွေပါ... ဒီအထဲမှာ လူကြီးမင်း လိုအပ်တာတွေများ ပါမလားလို့ပါ"

"ဒီအမျိုးအစားက နုပျိုအင်း လို့ ခေါ်ပါတယ်"

"ဒဏ်ရာရတာတွေ၊ ဖျားနာတာတွေ အတွက်ဆိုရင် အလွန် အံ့ဩစရာကောင်းတဲ့ အာနိသင် ရှိပါတယ်"

ဒီလို ပစ္စည်းမျိုးတောင် ရှိသေးတာလား။

ချန်းရီက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသော အစိမ်းရောင် မှော်စာလုံးကို သေချာစွာ ကြည့်ရှုလိုက်သည်။

"ဒါတင်မကသေးပါဘူး... ဒီ နုပျိုအင်း က သက်တမ်းလွန်နေတဲ့ အစားအစာတွေကိုလည်း သက်တမ်းမလွန်ခင် အခြေအနေကို ပြန်ရောက်သွားစေနိုင်ပါတယ်"

ကောင်မလေး၏ နောက်ဆက်တွဲ စကားကတော့ ချန်းရီကို အနည်းငယ် စိတ်ဝင်စားသွားစေသည်။

သက်တမ်းလွန်နေသော အစားအစာများကို ဘေးကင်းစွာ စားသုံးနိုင်သော အစားအစာများအဖြစ် ပြန်လည် ပြောင်းလဲပေးနိုင်သည် ဟုတ်လား။

မြတ်စွာဘုရား။

ယခုအခါ အပြင်ထွက်၍ ရိက္ခာရှာဖွေရသည့် အခက်အခဲသည် ပိုမို ကြီးမားလာနေပြီး ရရှိလာသည့် အကျိုးအမြတ်နှင့် ပေးဆပ်ရမှုသည်လည်း လုံးဝ အချိုးအစား မညီမျှတော့ပေ။

ကြီးမားလှသော အန္တရာယ်များကို ရင်ဆိုင်ဖြတ်ကျော်ပြီးနောက် ထိုရိက္ခာများကို ပြန်လည် ယူဆောင်လာနိုင်သည့် အချိန်တွင် စားသုံးနိုင်သည့် ပမာဏမှာ ထက်ဝက်ပင် မပြည့်ကြောင်း တွေ့ရတတ်သည်။

ထိုစားသုံးနိုင်သည့် အနည်းငယ်သော အစားအစာများကို စားပြီးလျှင်ပင် ဝမ်းပျက်ဝမ်းလျှော မကြာခဏ ဖြစ်တတ်သေးသည်။

ပြဿနာ ကြီးမားလာပါက လူသေသည်အထိပင် ဖြစ်နိုင်သေးသည်။

ထို့ကြောင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာသည် ယခုလက်ရှိ လူသားအားလုံး ရင်ဆိုင်နေရသော အကြီးမားဆုံး ပြဿနာကြီး ဖြစ်နေသည်။

"ဒီ မှော်စာလုံးက ဘယ်လို လဲမှာလဲ"

ချန်းရီ၏ မျက်လုံးများက အနည်းငယ် အရောင်လဲ့သွားသည်။

ကောင်မလေးက သေတ္တာထဲမှ မှော်စာလုံးများကို တိုက်ရိုက် ထုတ်ယူကာ ချန်းရီ၏ လက်ထဲသို့ ကမ်းပေးလိုက်သည်။

"နုပျိုအင်း တစ်ရွက်က အစားအစာ ၁ ပြည်ခန့်ကို အာနိသင် သက်ရောက်နိုင်ပါတယ်"

"ဒီမှာ စုစုပေါင်း နုပျိုအင်း ၃ ရွက် ရှိပါတယ်... ကျွန်မက လူကြီးမင်းကို လက်ဆောင်ပေးတာပါ"

"ဟင်... "

ချန်းရီ အနည်းငယ် အူကြောင်ကြောင် ဖြစ်သွားသည်။

နေပါဦး။

ဒီလိုမျိုးတောင် ဖြစ်နိုင်သေးတာလား။

ငါ့ကို လက်ဆောင်ပေးတာ ဟုတ်လား။

ကောင်မလေးက ချန်းရီကို နောက်ထပ် ၉၀ ဒီဂရီ ထပ်မံ ကိုင်းညွတ် အရိုအသေပေးလိုက်ပြန်သည်။

"လူကြီးမင်းလည်း ဂရုစိုက်ပါဦး... နောက်ထပ် ရက်အနည်းငယ်လောက် ပိုပြီး အသက်ရှင်နိုင်မယ်ဆိုရင် ပိုကောင်းပါတယ်"

ဆက်ရန်...

All Chapters