← Chapters

အခန်း (၁၇၁-၁၇၂)

Vol. 18 Ch. 171-172

အခန်း (၁၇၁-၁၇၂)

Vol. 18 Ch. 171-172

အခန်း (၁၇၁) ရှင်သန်လာသော ဆွေမျိုးများ

ကောင်းယွမ်သည် လေးဖက်မြင် နျူထရွန် ပါဝင်သော သေတ္တာကို ထုတ်ယူလိုက်လေ သည်။

"ကျွန်တော့်လက်ထဲက သေတ္တာကို အားလုံး မြင်ကြရဲ့လား..."

အောက်ဘက်ရှိ သိပ္ပံပညာရှင်များသည် မျှော်လင့်တကြီးဖြင့် ကြည့်ရှုနေခဲ့ကြလေသည်။ ၎င်းမှာ နောက်ထပ် သေတ္တာတစ်လုံးသာ ဖြစ်ပြီး အထဲတွင် မည်သည့်အရာ ပါဝင် မည် နည်းဟု တွေးတောနေမိကြလေသည်။

ကောင်းယွမ်၏ မျက်နှာထားမှာ တည်ကြည်လေးနက်နေခဲ့ပေသည်။

"လေးဖက်မြင် အာကာသအကြောင်းကို သိတဲ့သူ ရှိလား..."

မွန်ရိုးသည် ကမ္ဘာတစ်ဝန်းရှိ အာကာသ ရူပဗေဒ သုတေသနနယ်ပယ်တွင် ဦးဆောင်သူ အဖြစ် အသိအမှတ်ပြုခံထားရသူဖြစ်ရာ ထိုအချိန်တွင် လူတိုင်းက သူ့ကိုသာ ကြည့်နေ ခဲ့ကြလေသည်။

မွန်ရိုးက ပြောလိုက်လေ၏။

"လေးဖက်မြင် အာကာသဆိုတာ စံပြု ယူကလစ်ဒီယံ အာကာသကို ရည်ညွှန်းတာပါ... လေးဖက်မြင် အာကာသရဲ့ စတုတ္ထမြောက် အတိုင်းအတာဟာ အက်စ်၊ ဝိုင် နဲ့ ဇက် တို့လို မျိုး သဘာဝတူညီတဲ့ အာကာသ အတိုင်းအတာ တစ်ခုကို ရည်ညွှန်းတာပါပဲ... "

"လူအများစုက စကြဝဠာကြီးဟာ တကယ်တော့ လေးဖက်မြင် အာကာသ တစ်ခုဖြစ် တယ်လို့ ခန့်မှန်းကြပြီး အခု ကျွန်တော်တို့ တွေ့မြင်နေရတဲ့ ကောင်းကင်ယံက အရာဝတ္ထု တွေဟာ အစစ်အမှန် မဟုတ်ဘဲ သုံးဖက်မြင် ပုံရိပ်ယောင်တွေ သက်သက်သာ ဖြစ်နိုင်ပါ တယ်..."

"လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က သင်္ချာပညာရှင် ဂျင်မီဟာ သဘောတရားတစ်ခုကို အဆိုပြု ခဲ့ဖူးပါတယ်... အဲဒါကတော့ စကြဝဠာဟာ တကယ်တမ်းမှာ အတိုင်းအတာတစ်ခု အနေနဲ့ အဆက်မပြတ် တိုးပွားနေတယ် ဆိုတာပါပဲ... မူလအစ အမှတ်ကူးပြောင်းချိန် ကာလမှာ စကြဝဠာဟာ သုညဖက်မြင်သာ ဖြစ်ခဲ့တယ်... ဒီအမှတ်ကူးပြောင်းမှုရဲ့ ပြန့်ပွားလာခြင်း ကနေ တိုတောင်းတဲ့ တစ်ဖက်မြင် အတိုင်းအတာကို ဖြစ်ပေါ်စေခဲ့တယ်..."

"ပေါက်ကွဲမှုအပြီးမှာတော့ စကြဝဠာအတွင်းက ရုပ်ဝတ္ထုတွေဟာ နေလမ်းကြောင်း ပြင် ညီဆီကို ပြန့်နှံ့သွားခဲ့ပြီး ဒီကမ္ဘာမှာတော့ စကြဝဠာဟာ နှစ်ဖက်မြင် ဖြစ်လာခဲ့တယ်... ကောင်းကင်ယံက အရာဝတ္ထုတွေ ပုံပေါ်လာတာနဲ့အမျှ စကြဝဠာဟာ သုံးဖက်မြင်ဆီကို ရွေ့လျားသွားခဲ့တယ်..."

"အခုအခါမှာတော့ ကွဲပြားခြားနားတဲ့ ဂလက်ဆီတွေ ထပ်ပေါင်းလာတာနဲ့အမျှ စကြဝဠာ ကြီးဟာ ဆက်လက် ပြန့်ပွားနေပြီးတော့ သီအိုရီအရဆိုရင် လေးဖက်မြင် ခေတ်ဆီကို ဝင်ရောက်လာပြီလို့ ဆိုရမှာပါ..."

"ဒါ့အပြင် ဂျင်မီက ဘက်စုံမြင် အာကာသထဲက အချိတ်အဆက်တွေကို ကိုယ်စားပြုတဲ့ ညီမျှခြင်းတစ်ခုကိုလည်း အဆိုပြုခဲ့ပါသေးတယ်..."

အခြားသော သိပ္ပံပညာရှင် အချို့မှာလည်း ဤအကြောင်းကို သိရှိထားခဲ့ကြပေသည်။

သို့ရာတွင် ကောင်းယွမ်လည်း နားမလည်ခဲ့ပေ။ သူ သိရှိထားသမျှ အရာအားလုံးမှာ ကောင်းချိုး နှင့် ဆူးတိုက်တို့က သူ့အား ပြောပြထားခဲ့ခြင်းလောက်သာ ဖြစ်လေသည်။

ကောင်းယွမ်သည် လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီးနောက် ဆက်ပြောလိုက်လေ သည်။

"သိပ္ပံအသိုင်းအဝိုင်းက လေးဖက်မြင် အာကာသအကြောင်းကို ခန့်မှန်းတွက်ဆရုံသာ တတ်နိုင်တာပါ... ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ဒါကို မလေ့လာနိုင်လို့ပါပဲ... ဒါပေမဲ့ အခု ကျွန်တော့်ရဲ့ ဒီသေတ္တာထဲမှာ လေးဖက်မြင် အာကာသထဲက နျူထရွန် တစ်ခု ရှိနေပါတယ်... လေးဖက်မြင် အာကာသရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်မလား၊ အလင်းထက် မြန်တဲ့ ခရီးသွားလာမှု ကျိန်စာကို ချိုးဖျက်နိုင်မလား ဆိုတာကတော့ ခင်ဗျားတို့အပေါ်မှာပဲ မူတည်နေပါပြီ..."

ကောင်းယွမ်သည် သေတ္တာကို ကိုင်ဆောင်ထားခဲ့လေသည်။

သိပ္ပံပညာရှင်များ၏ မျက်လုံးများမှာ သူ့ လက်ထဲရှိ သေတ္တာပေါ်သို့သာ အာရုံရောက် နေခဲ့ ကြပေသည်။

၎င်းတို့၏ မျက်လုံးများသည် ဆာလောင်မွတ်သိပ်နေသူတစ်ဦး ပေါင်မုန့်ကို မြင်လိုက် ရသည့်အလား ဖြစ်နေခဲ့ကြလေသည်။

ဝှီးလားသည် အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ ရှေ့သို့ စတင် လျှောက် လှမ်းသွားခဲ့လေသည်။

မွန်ရိုးသည် ကောင်းယွမ်ထံသို့ အပြေးအလွှား သွားရောက်ကာ သူ၏ လက်ထဲရှိ သေတ္တာ ကို ကြည့်လိုက်၏။ သူသည် သေချာကြည့်ချင်သော်လည်း အထဲရှိ နျူထရွန်များကို နှောင့် ယှက်မိမည်ကို စိုးရွံ့နေသကဲ့သို့ လှမ်းမကိုင်ရဲဘဲ ဖြစ်နေခဲ့ပေတော့သည်။

"ဥက္ကဋ္ဌကောင်း... ဒီအရာက တကယ်ပဲ လေးဖက်မြင် နျူထရွန်လား..."

"သေချာတာပေါ့..."

"ဒါက ဘယ်လိုလုပ်ပြီး အထဲမှာ ပိတ်မိနေရတာလဲ..."

ကောင်းယွမ်သည် ခေါင်းခါယမ်းလိုက်လေ၏။

"ကျွန်တော်လည်း မသိဘူး..."

မွန်ရိုး သဘောပေါက်သွားခဲ့လေသည်။ ဤနျူထရွန်မှာလည်း အဆင့်မြင့်ယဉ်ကျေးမှု ထံမှ သာရရှိလာခဲ့ခြင်း ဖြစ်ရပေမည်။

ကောင်းယွမ်က တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်လေ၏။

"လူသားတွေရဲ့ ကံကြမ္မာက ခင်ဗျားတို့ရဲ့ လက်ထဲမှာပဲ... ဒီနျူထရွန်နဲ့ အဲဒီ အမှောင်ဒြပ်ထု သေတ္တာကို ခင်ဗျားတို့ဆီမှာပဲ ထားခဲ့တော့မယ်... နေအဖွဲ့အစည်းကနေ ကျွန်တော်တို့ လွတ်မြောက်နိုင်မလား ဆိုတာ ခင်ဗျားတို့အပေါ်မှာပဲ မူတည်နေတယ်..."

ကောင်းယွမ်သည် အမှောင်ဒြပ်ထုကို ဝှီးလားထံသို့လည်းကောင်း၊ နျူထရွန်ကို မွန်ရိုး ထံသို့လည်းကောင်း ပေးအပ်လိုက်လေတော့သည်။

သူတို့နှစ်ဦးသည် ၎င်းတို့ကို လှမ်းယူလိုက်ကြပြီး ကောင်းယွမ်ကို ရိုသေလေးစားစွာ ဦးညွှတ်လိုက်ကြလေသည်။

ကောင်းယွမ်သည် ခေါင်းကို လှည့်ကာ ရှနိုင်ငံ သိပ္ပံအကယ်ဒမီရှိ အာကာသ ရူပဗေဒ ဓာတ်ခွဲခန်း ၏ ညွှန်ကြားရေးမှူးဖြစ်သူ ရှနိုင်ငံမှ သိပ္ပံပညာရှင် ဝမ်မော့ချွမ်ကို ကြည့်လိုက် လေသည်။

ကောင်းယွမ်သည် သူ၏အနီးသို့ ရောက်ရှိလာခဲ့လေ၏။

"ညွှန်ကြားရေးမှူးဝမ်... သုတေသန အင်စတီကျုကို တာဝန်ယူပေးဖို့ ခင်ဗျားကို လိုအပ် နေပါသေးတယ်... ရလဒ်တွေ ထွက်လာတာပဲဖြစ်ဖြစ်၊ မထွက်လာတာပဲဖြစ်ဖြစ် အပြင် ကို ပေါက်ကြားခွင့် မပေးပါနဲ့... ပြီးတော့ သေချာပေါက် မယုံကြည်ရမချင်း ဘယ်လို အာကာသ စမ်းသပ်မှုကိုမှ မလုပ်ပါနဲ့..."

ဝမ်မော့ချွမ်က တည်ကြည်စွာဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

"ဥက္ကဋ္ဌကောင်း... စိတ်မပူပါနဲ့... ကျွန်တော် နားလည်ပါတယ်..."

"ဒါဆိုရင် ဒီနေရာကို ခင်ဗျားလက်ထဲ အပ်ခဲ့ပြီ... လူသားတွေဟာ စမ်းသပ်ခံရမယ့်သူတွေ ဖြစ်လာမလား၊ ဒါမှမဟုတ် သူတို့ရဲ့ ကိုယ်ပိုင် အနာဂတ်ကို ဆုံးဖြတ်နိုင်မလား ဆိုတာ ခင်ဗျားတို့အပေါ်မှာပဲ မူတည်နေတော့တယ်..."

...

ကောင်းယွမ်သည် အာကာသ ရူပဗေဒ ဓာတ်ခွဲခန်း မှ ထွက်ခွာလာခဲ့လေသည်။

သူသည် လှုပ်ရှားရုန်းကန်မှုများဖြင့် အလုပ်များနေသော စက်မှုဇုန်သို့ ရောက်ရှိလာခဲ့လေ ၏။

ကောင်းယွမ်သည် ကျန်းပိုင်ရီနှင့် တွေ့ဆုံခဲ့လေသည်။

"လင်းမေ ဘယ်မှာလဲ..."

"အစ်မလင်းက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ဘာမှလည်း မစားသလို၊ ဘာမှ လည်း မသောက်ဘူး... အဲဒီ အဖြစ်ဆိုးကြီးက အရမ်းကို ထိတ်လန့်စရာ ကောင်းလွန်း တယ်လေ... မင်းက သူ့အတွက် လက်စားချေပေးခဲ့တယ် ဆိုပေမဲ့လည်းလေ..."

ကောင်းယွမ်သည် ကျန်းပိုင်ရီကို ဆွဲခေါ်သွားခဲ့လေသည်။

"လာခဲ့... မင်းကို ပြစရာတစ်ခုရှိတယ်..."

"ဘာတွေ ကြည့်စရာရှိလို့လဲ..."

ကောင်းယွမ်သည် စက်ရုပ် ထုတ်လုပ်ရေး အလုပ်ရုံဆီသို့ ရောက်ရှိလာခဲ့ပြီး ထိုနေရာ၌ သေဆုံးသွားသူများအတွက် စိတ်ကြိုက်ဖန်တီးထားသော စက်ရုပ်များမှာ အဆင်သင့် ဖြစ်နေခဲ့ပြီဖြစ်လေသည်။ ဦးနှောက်ဆဲလ်များမှ ထုတ်ယူထားသော မှတ်ဉာဏ်များကို ၎င်းတို့၏ ကိုယ်ထဲသို့ ထည့်သွင်းထားပြီး ယခု လိုအပ်သည်မှာ ထိုမှတ်ဉာဏ်များကို အသက်သွင်းပေးရန်သာ ဖြစ်လေတော့သည်။

ကောင်းယွမ်က စက်ရုပ်များကို လက်ညှိုးထိုးပြလိုက်လေ၏။

"သူတို့ကို ကြည့်လိုက်..."

ကျန်းပိုင်ရီသည် အစပိုင်းတွင် သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့မှာ စက်ရုပ်များသာ ဖြစ်သည်မဟုတ်ပါလော။ သို့သော် ထိုသူများ၏ ရုပ်ရည်ကို မြင်လိုက် ရပြီးနောက် သူသည် ရုတ်တရက် ထူးဆန်းသော အော်သံတစ်ခုကို အော်မိလိုက်လေ တော့သည်။

"အား... သရဲ..."

အော်ပြီးနောက် သူသည် ထွက်ပြေးရန် ပြင်လိုက်လေသည်။

ကောင်းယွမ်က သူ့အား ဆွဲဖမ်းလိုက်လေ၏။

"မင်းက ဘာလို့ ပြေးရတာလဲ..."

"သရဲလေ..."

"မင်း ဘာတွေ အော်နေတာလဲ... ဒါတွေက စက်ရုပ်တွေလေ... မင်းလည်း သိသားပဲကို..."

ကျန်းပိုင်ရီက သနားစရာကောင်းသော မျက်နှာထားဖြင့် မေးလိုက်လေသည်။

"မဟုတ်ဘူးလေ... လောင်ကောင်း... သူတို့က အသက်ပြန်ရှင်လာကြတာလား..."

"သေသွားတဲ့သူတွေက အသက်ပြန်ရှင်လာလို့ မရပါဘူး..."

"ဪ... မင်းက စက်ရုပ်ကို စိတ်ကြိုက်ဖန်တီးထားတာပေါ့... တကယ့်အစစ်အတိုင်း ပဲနော်..."

သူ စကားပြောလို့ ပြီးသည်နှင့် တစ်ပြိုင်နက် လင်းမေ၏ မိခင်စက်ရုပ်သည် လျှောက်လာ ပြီး ကျန်းပိုင်ရီ၏ ပခုံးကို ပုတ်ကာ ပြောလိုက်လေသည်။

"ရှောင်ကျန်း... မင်း ငါတို့အိမ်ကို မလာတာတောင် တော်တော်ကြာနေပြီပဲ..."

ကျန်းပိုင်ရီ အံ့အားသင့်သွားခဲ့ရပေသည်။

"အန်တီက..."

"မင်း ငါ့ကို မမှတ်မိဘူးလား... ငါက လင်းမေရဲ့ အမေလေ..."

"အာ... အန်တီ..."

"ငါပါပဲ... ငါ အိမ်ပြန်တော့မယ်... ရှောင်မေလည်း မကြာခင် အလုပ်ဆင်းတော့မှာဆို တော့ သူ စားဖို့သောက်ဖို့ လုပ်ပေးရဦးမယ်လေ..."

ကျန်းပိုင်ရီသည် လင်းမေ၏ မိခင်စက်ရုပ်၏ ကျောပြင်ကို ကြောင်အမ်းအမ်းဖြင့် ကြည့် နေရင်း မျက်စိမျက်နှာပျက်ကာ မေးလိုက်လေသည်။

"လောင်ကောင်း... ချီးပဲ... ဒါက ဘယ်လိုဖြစ်ရတာလဲ..."

"ငါက လင်းမေ အမေရဲ့ မှတ်ဉာဏ်တွေကို ထည့်သွင်းထားလိုက်တာလေ..."

ကျန်းပိုင်ရီသည် အံ့ဩလွန်း၍ သက်ပြင်းရှိုက်လိုက်မိလေသည်။ သူ၏ မျက်လုံးများမှာ ပြူးထွက်လုမတတ် ဖြစ်သွားခဲ့ပေသည်။

"မင်း ဆိုလိုတာက... အဲဒီစက်ရုပ်က သူ့ကိုယ်သူ လူသားလို့ မသိစိတ်ကနေ ယုံကြည်နေ တယ်ဆိုတဲ့ သဘောလား..."

"ဟုတ်တယ်... သူက အခု သာမန်လူတွေလိုမျိုးတောင် စားသောက်နိုင်နေပြီ... သူ့ရဲ့ ခန္ဓာ ကိုယ်ထဲမှာ အစားအစာကနေ စွမ်းအင်ကို လျှပ်စစ်ထုတ်ပေးနိုင်တဲ့ အစားအစာ စုပ်ယူ ရေးစက် ပါဝင်တာကြောင့် စက်ရုပ် သွားလာလှုပ်ရှားနိုင်ဖို့အတွက် စွမ်းအင်ကို ထောက်ပံ့ ပေးနိုင်တယ်လေ..."

"ဒါဆိုရင် သူက သာမန်လူတစ်ယောက်လိုမျိုး စားနိုင်၊ အိပ်နိုင်တယ်ပေါ့..."

"ဟုတ်တယ်... ဒါက မုကျား က ရွာသားတွေအတွက် လျော်ကြေးပေးတာပဲ... သူတို့က မကြာခင် အိမ်ပြန်ရောက်လာတော့မှာမို့ ရုတ်ရုတ်သဲသဲ မဖြစ်အောင် မင်းက ကြိုတင်ပြီး အကြောင်းကြားပေးထားဖို့ လိုတယ်..."

ကျန်းပိုင်ရီသည် စက်ရုပ်မျက်နှာများကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရစဉ်က သူ၏ မျက်နှာပေါ်ရှိ အမူအရာကို ပြန်လည်သတိရသွားပြီး ဖုန်းအရင်ဆက်ထားခြင်းက အကောင်းဆုံးဖြစ်မည်ဟု ချက်ချင်း ခံစားလိုက်ရလေသည်။ သို့မဟုတ်ပါက နောက်ကျ သွားပေလိမ့်မည်။

...

လင်းမေသည် အိမ်ကြီးထဲ၌ အထီးကျန်စွာဖြင့် ကုတင်ပေါ်တွင် လှဲလျောင်းနေခဲ့လေ သည်။ သူမ၏ မိခင် အသည်းအသန် ဖျားနာနေစဉ်က သူမကို ဆုံးရှုံးရတော့မည်ဟု ထင်မှတ်ခဲ့မိလေသည်။

နောက်ပိုင်းတွင် ကောင်းယွမ်က သူမအား အသက်ဆက် အခြေခံဆေးရည် ကို ပေးခဲ့ သဖြင့် လင်းမေ၏ ရင်ထဲတွင် မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာခဲ့၏။ သို့သော် ရုတ်တရက်ဆိုသလိုပင် သူမ၏ မိခင်မှာ ထွက်ခွာသွားခဲ့ရလေပြီဖြစ်၏။

သူမသည် ဘဝတွင် အသက်ရှင်နေထိုင်ရခြင်း၏ အဓိပ္ပာယ်မဲ့သွားသကဲ့သို့ ခံစားနေခဲ့ရ ပေသည်။

ထိုအချိန်၌ပင် လက်ပတ်ကိရိယာမှ ဝင်လာသော ဖုန်းခေါ်ဆိုမှုအသစ်တစ်ခုက အသိပေး လာခဲ့လေသည်။

၎င်းမှာ ကျန်းပိုင်ရီဖြစ်ပြီး လင်းမေက ဖုန်းကို ဖြေကြားလိုက်လေသည်။

ကျန်းပိုင်ရီ၏ ပုံရိပ်မှာ သူမ၏ မျက်စိရှေ့တွင် ပေါ်လာခဲ့လေသည်။

"ရှောင်မေ... ငါပြောတာ သေချာနားထောင်... ပြီးခဲ့တဲ့ ဗုံးခွဲမှုမှာ ကံဆိုးစွာနဲ့ သေဆုံးသွား ခဲ့ရတဲ့ သူတွေကို ကောင်းယွမ်က အသက်ပြန်ရှင်အောင် လုပ်ပေးလိုက်ပြီ... အဲဒီအထဲမှာ မင်းအမေလည်း ပါတယ်... ပြီးတော့ သူက မကြာခင် အိမ်ကို ပြန်ရောက်လာတော့မှာ..."

လင်းမေသည် ချက်ချင်းပင် ထထိုင်လိုက်လေသည်။

အသိတရားက ဤအရာမှာ မဖြစ်နိုင်ကြောင်း သူမကို ပြောနေသော်လည်း ကောင်းယွမ် နှင့် ပတ်သက်လာပါက သူမသည် လိုလိုလားလားပင် ယုံကြည်ချင်မိနေခဲ့လေ၏။

လင်းမေသည် မျှော်လင့်တကြီးဖြင့် ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့် လိုက်လေသည်။

ထိုအခါ တံခါးအပြင်ဘက်တွင် လူရိပ်တစ်ခုက တဖြည်းဖြည်း ပေါ်လာခဲ့ပေသည်။ သူမ၏ ပါးပြင်ပေါ်သို့ မျက်ရည်များ ချက်ချင်း စီးကျလာခဲ့လေတော့သည်။

သူမပင်။ သူမ၏ အမေ ပြန်လာခဲ့ပြီဖြစ်သည်။

သူမသည် အပြင်သို့ ပြေးထွက်သွားခဲ့ရာ သူမ၏ မိခင်မှာ သော့ခလောက်ရှိ စကားဝှက်ကို အကျွမ်းတဝင် ရိုက်ထည့်ကာ ခြံထဲသို့ ဝင်ရောက်လာခဲ့လေသည်။

လင်းမေ ပြေးထွက်လာသည်ကို မြင်သည့်အခါ မိခင်ဖြစ်သူက ဆူပူလိုက်လေသည်။

"ဒီကလေးမလေး... တကယ့်ကို ဂရုမစိုက်တတ်တာပဲ... ဘာလို့ ဒီလောက်မြန်မြန် ပြေး လာရတာလဲ... ပြီးတော့ ဘာလို့ ငိုနေတာလဲ..."

လင်းမေသည် သူမ၏ မိခင်ကို အထက်အောက် ကြည့်လိုက်ပြီးနောက် လက်လှမ်းကာ မိခင်၏ မျက်နှာကို ထိတွေ့လိုက်လေသည်။

တကယ့်အစစ်အတိုင်းပင် ဖြစ်နေခဲ့ပေသည်။

သူမသည် နောက်ဆုံးတွင် ဆက်၍ မအောင့်ထားနိုင်တော့ဘဲ ငိုချလိုက်လေတော့သည်။

"ဝါး….အမေ... အမေ တကယ် ပြန်လာတာလား..."

"မငိုနဲ့လေ... နေ့လယ်စာ ဘာစားချင်လဲပြော..."

အခန်း (၁၇၂) အရာအားလုံးသည် ကောင်းယွမ်၏ အပြစ်သာဖြစ်၏

"သမီး ဒမ်ပလင်း စားချင်တယ်..."

လင်းမေသည် ပြုံးနေသော်လည်း သူမ၏ မျက်တောင်ဖျားများတွင် မျက်ရည်စများ စိုစွတ် လျက်ရှိနေခဲ့လေသည်။

"ဟုတ်ပါပြီ... အခုချက်ချင်း လုပ်ပေးမယ်နော်... နင်ကတော့ အရွယ်ရောက်နေပြီကို ကလေးလိုပဲ ရှက်ဖို့ကောင်းလိုက်တာ... ဒါနဲ့ နင် ကောင်းယွမ်ကို သဘောကျနေတာ လား..."

"အမေကလည်း... ဘာလို့ အဲဒီအကြောင်းကို ပြန်ပြောနေတာလဲ..."

"သမီးလည်း အသက်မငယ်တော့ဘူးလေ... အခြေတကျ ဖြစ်အောင် အိမ်ထောင်ပြုဖို့ အချိန်တန်ပြီပေါ့..."

...

ထိုနေ့တွင် ကောင်းယွမ်သည် နတ်ဘုရားတစ်ပါးထံမှ မှော်ပညာများကို သင်ယူခဲ့သည်ဟူ သော ကောလဟလမှာ မုကျားရွာတစ်ခွင်သို့ ပျံ့နှံ့သွားခဲ့လေသည်။ ယခင်က ပြသခဲ့သော အဆင့်မြင့် နည်းပညာများသည် အမှန်တကယ်တွင် နတ်ဘုရားများ၏ အတတ်ပညာများ ဖြစ်ပြီး ယခုအခါ လူသေကိုပင် ပြန်လည် ရှင်သန်စေနိုင်ပြီဟု ပြောဆိုနေခဲ့ကြလေသည်။

ကောင်းယွမ်သည် ရှင်းပြခြင်း မပြုခဲ့ပေ။ သို့သော် သေဆုံးသွားသူများမှာ အမှန်တကယ် တွင် စက်ရုပ်များသာ ဖြစ်ကြောင်းနှင့် အပြင်ပန်းအားဖြင့် ယခင်အတိုင်း တူညီနေခြင်းသာဖြစ်ကြောင်းကို ကျန်းပိုင်ရီအား တစ်ဆင့် ရှင်းပြခိုင်းလိုက်လေသည်။

သို့သော် စက်ရုပ်များသည် မည်သည့်အခါမျှ အိုမင်းခြင်း သို့မဟုတ် ဖျားနာခြင်း မရှိပေ။ အချိန်ကြာလာသည်နှင့်အမျှ လူတိုင်း နားလည်လာလိမ့်မည်ဟု သူ ယူဆလိုက်မိသည်။

ကောင်းယွမ် မသိရှိခဲ့သည်မှာ အချိန်ကြာလာသည်နှင့်အမျှ ထိုစက်ရုပ်များသည် လုံးဝ အိုမင်းခြင်း မရှိသည့်အတွက် သူ၌ နတ်ဘုရားအတတ်ပညာ ရှိသည်ဟူသော အချက်မှာ ပို၍ ခိုင်မာလာခဲ့ခြင်းပင် ဖြစ်တော့၏။ အမှန်စင်စစ် နတ်ဘုရား အတတ်ပညာ မဟုတ်ပါ က လူတစ်ယောက်သည် အဘယ်ကြောင့် မအိုမင်းဘဲ ရှိနေနိုင်ပါမည်နည်း။

ကောင်းယွမ်သည် ထိုအကြောင်းအရာများကို ဂရုမပြုနိုင်သေးပေ။ အကြောင်းမှာ ငါးရံ့ နက် နည်းပညာကုမ္ပဏီမှာ ပြဿနာများနှင့် ရင်ဆိုင်နေရသောကြောင့် ဖြစ်ပေတော့သည်။ အစပိုင်းတွင် လူအနည်းငယ်ကသာ အွန်လိုင်း၌ ကောင်းယွမ်ကို လှောင်ပြောင်ခဲ့ကြသော် လည်း ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှုနှင့် စစ်ပွဲများ ဖြစ်ပွားလာသည့်အခါ နိုင်ငံ တကာ ကုန်သွယ်မှုများမှာ လုံးဝ ရပ်တန့်သွားခဲ့လေတော့သည်။

ဤအခြေအနေကြောင့် ရှနိုင်ငံတွင် ကုန်ထုတ်လုပ်မှုများ ပိုလျှံလာပြီး စက်မှုထွက်ကုန်များ စွာမှာ ဂိုဒေါင်များအတွင်း ပုံစံနေကာ လူအများအပြားမှာလည်း အလုပ်လက်မဲ့ ဖြစ်ခဲ့ရ လေသည်။ နိုင်ငံတော်က လူတိုင်းအတွက် အခြေခံ စားနပ်ရိက္ခာကို အာမခံထားသော် လည်း ချမ်းသာရာမှ ဆင်းရဲခြင်းသို့ ကူးပြောင်းရန်မှာ ခက်ခဲလှပေသည်။

ရှနိုင်ငံသည် အလျင်အမြန် တိုးတက်လာခဲ့ပြီး မျိုးဆက်တစ်ခုလုံးမှာ ထိုခေတ်ကာလ၏ အကျိုးကျေးဇူးများကို ခံစားခဲ့ရလေသည်။ ယခုအခါ စက်ရုံများ ပိတ်သိမ်းလာပြီး လုပ် ငန်းများစွာမှာ ကျဆင်းလာခဲ့လေတော့သည်။

တစ်လအတွင်း အလုပ်လက်မဲ့နှုန်းမှာ ငါးဆယ်ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။ ပြည်ပရှိ စစ်ပွဲများနှင့် ငတ်မွတ်မှုများနှင့် နှိုင်းယှဉ်ပါက ရှနိုင်ငံ၏ အခြေအနေမှာ ပို၍ ကောင်းမွန်နေ သေးသော်လည်း လူတို့၏ စိတ်ဆန္ဒမှာ ပိုမိုကောင်းမွန်လိုကြသည်သာ ဖြစ်၏။

လက်ရှိ အခြေအနေကို ထိန်းသိမ်းထားနိုင်ပါက တည်ငြိမ်မှု ရှိနိုင်သော်လည်း အခြေအနေ ကျဆင်းလာပါက မည်သည့် အစိုးရပင် ဖြစ်ပါစေ ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာမည်မှာ မလွဲ ဧကန် ဖြစ်ပေသည်။ ရှနိုင်ငံ၏ လက်ရှိ အခြေအနေမှာလည်း ထိုသို့ပင် ဖြစ်နေခဲ့ပေ၏။

ထို့အပြင် အွန်လိုင်းတွင် "ငါးရံ့နက် နည်းပညာကုမ္ပဏီသည် အကျိုးပြုသူလော သို့မဟုတ် ဖျက်ဆီးသူလော" ဟူသော ဆောင်းပါးတစ်ပုဒ်မှာလည်း ပျံ့နှံ့လျက်ရှိပေသည်။

လွန်ခဲ့သော ခြောက်လအတွင်း ငါးရံ့နက် နည်းပညာကုမ္ပဏီသည် လူအများ၏ အာရုံစိုက် မှုကို ရရှိခဲ့ပြီး အမျိုးမျိုးသော အဆင့်မြင့် နည်းပညာများဖြင့် လူတိုင်းကို အံ့အားသင့်စေခဲ့ လေသည်။

ရေစိုခံ၊ မီးလောင်ခံ အပူချိန်ထိန်းအဝတ်အစားမှသည် ဦးနှောက်လှိုင်းဖြင့် ထိန်းချုပ်နိုင် သော လက်ပတ်ဖုန်းနှင့် ရောဂါအားလုံးကို ပျောက်ကင်းစေနိုင်သည်ဟု ဆိုသော အသက် ဆက် အခြေခံဆေးရည်အထိ ပါဝင်လေသည်။ ကောင်းကင်နှင့် မြေကြီးအကြား ပျံသန်း နိုင်သော အာကာသဘက်စ်ကားမှာလည်း ထူးခြားလှပေသည်။

အပူပေး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှာ ပျောက်ကွယ်သွားပြီး ပေါင်းစပ်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများဖြင့် အစားထိုးလိုက်ပြီ ဖြစ်၏။ လီသီယမ် ဘက်ထရီဟောင်းများ မှာလည်း ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ ကတ်ဘက်ထရီများဖြင့် အစားထိုးခံလိုက်ရလေ သည်။

ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ ဆောက်လုပ်ရေးပိုးကောင်သည် အဆောက်အအုံများကို မြေပြင်ပေါ်၌ အလျင်အမြန် တည်ဆောက်ပေးနိုင်သည်။ အရာအားလုံးမှာ အလွန်ကောင်း မွန်လှသည်ဟု ထင်ရသော်လည်း ဤကမ္ဘာပေါ်တွင် ကံကောင်းခြင်းနှင့် ကံဆိုးခြင်းမှာ ဒွန်တွဲနေတတ်ပေသည်။ လှပသော အရာများသည်လည်း တစ်ခါတစ်ရံတွင် အဆိပ်အ တောက်များ ဖြစ်နေတတ်သည်ပင်မဟုတ်ပါလား။

ငါးရံ့နက် နည်းပညာကုမ္ပဏီမှာ အတားအဆီးမရှိ တိုးတက်နေသော်လည်း ယင်း၏ နောက်ကွယ်တွင် မည်မျှလောက်သော သွေးနှင့် မျက်ရည်များ ရှိနေသည်ကို မည်သူ သိနိုင်ပါမည်နည်း။

အပူချိန်ထိန်းအဝတ်အစားများ၏ နောက်ကွယ်တွင် ဂွမ်းစိုက်တောင်သူများ၊ ချည်မျှင် စက်ရုံများ၊ အထည်ချုပ်စက်ရုံများနှင့် အဝတ်အထည်ဆိုင်များသာမက ဒီဇိုင်းပညာရှင် များ၊ အွန်လိုင်းအရောင်းပလက်ဖောင်းများ၊ ပို့ဆောင်ရေးနှင့် ထုပ်ပိုးရေး လုပ်ငန်းများစွာ မှာ ပျက်စီးသွားခဲ့ရလေတော့သည်။

အပူချိန်ထိန်းအဝတ်အစားမှာ ကောင်းမွန်သော်လည်း ယင်းအတွက် ပေးဆပ်လိုက်ရ သည့် တန်ဖိုးမှာ ဆက်စပ်လုပ်ငန်းပေါင်း သန်းနှင့်ချီ၍ ပြိုလဲသွားခြင်းပင် ဖြစ်၏။ အခြေခံ အလုပ်သမား အများအပြားမှာ အလုပ်လက်မဲ့ ဖြစ်ခဲ့ကြရလေသည်။

ထို့အတူ လက်ပတ်ဖုန်းများကြောင့်လည်း ဖုန်းအရောင်းဆိုင်များမှာ လူသူကင်းမဲ့သွားခဲ့ရ ပေသည်။ အသက်ဆက် အခြေခံဆေးရည်သည်လည်း ဆေးဝါးကုမ္ပဏီများစွာကို ပြင်း ထန်စွာ ထိုးနှက်ခဲ့လေသည်။ ဆေးရုံများမှာ သုသာန်တစပြင်ကဲ့သို့ ဖြစ်လာပြီး ဆရာဝန် များမှာလည်း တစ်ညအတွင်း အလုပ်လက်မဲ့များ ဖြစ်ခဲ့ရလေသည်။ ဆေးဘက်ဆိုင်ရာ ပစ္စည်းစက်ရုံများမှ လူများမှာလည်း သက်ပြင်းချကာ ငိုကြွေးနေကြရလေတော့သည်။

ယနေ့အထိ ငါးရံ့နက် နည်းပညာကုမ္ပဏီမှ ထုတ်လုပ်လိုက်သော ပစ္စည်းတိုင်းသည် လူ သန်းပေါင်းများစွာ၏ အလုပ်အကိုင်များကို ထိခိုက်စေခဲ့လေသည်။ ခန့်မှန်းခြေအရ ငါးရံ့ နက် နည်းပညာကုမ္ပဏီကြောင့် အနည်းဆုံး လူသန်းပေါင်း နှစ်ရာခန့် အလုပ်လက်မဲ့ ဖြစ်ခဲ့ ရပေသည်။

ကျွန်ုပ်တို့နိုင်ငံ၏ လုပ်သားအင်အားမှာ သန်းငါးရာခန့်သာ ရှိရာ ငါးရံ့နက် နည်းပညာ ကုမ္ပဏီ တစ်ခုတည်းကြောင့်ပင် လူဦးရေ လေးဆယ်ရာခိုင်နှုန်းကျော်မှာ အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရခြင်း ဖြစ်လေ၏။

ထို့အပြင် ငါးရံ့နက် နည်းပညာကုမ္ပဏီသည် ကမ္ဘာတစ်ဝှမ်းတွင် ပြဿနာများ ဖန်တီးခဲ့ပြီး အမေရိကန် လေယာဉ်တင်သင်္ဘောများ၊ ဂျပန်သင်္ဘောများနှင့် အစ္စရေးနိုင်ငံတို့ကို ဖျက်ဆီးခဲ့ကာ ထိုင်ဝမ်ကျွန်းစုများကို ပြန်လည် သိမ်းပိုက်ရန် အလျင်စလို ကြိုးပမ်းခဲ့ သည့်အတွက် ကျွန်ုပ်တို့နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့လေသည်။

ကျွန်ုပ်တို့၏ လက်ရှိဘဝမှာ ငါးရံ့နက် နည်းပညာကုမ္ပဏီကြောင့် ဖြစ်ရသည်ဟု ဆိုနိုင်ပေ သည်။

လွန်ခဲ့သော ရက်အနည်းငယ်က လကမ္ဘာ အခြေစိုက်စခန်းတွင် သုံးဖက်မြင် မိုက်ခရိုပရင် တာများ အသုံးပြုပုံကို ငါးရံ့နက် နည်းပညာကုမ္ပဏီက ပြသခဲ့လေသည်။ ထိုနည်းပညာမှာ အလွန် အဆင့်မြင့်လှသော်လည်း စဉ်းစားကြည့်သည့်အခါ စိတ်မချမ်းမြေ့စရာ ဖြစ်ရပေ သည်။

အကယ်၍ ကောင်းယွမ်သည် ထိုနည်းပညာကို ရှနိုင်ငံအတွင်း အသုံးပြုလာပါက ကျွန်ုပ် တို့၏ ကုန်ထုတ်လုပ်မှု လုပ်ငန်းများအားလုံး ပြိုလဲသွားပေလိမ့်မည်။ ထိုအခါ အလုပ် လက်မဲ့ ဖြစ်မည့်သူမှာ သူမဟုတ်ဘဲ သင်နှင့် ကျွန်ုပ်တို့အားလုံးသာ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် ရွေးချယ်ခွင့်ရှိပါက ရှနိုင်ငံတွင် ငါးရံ့နက် နည်းပညာကုမ္ပ ဏီ မရှိသည်ကိုသာ ပို၍ လိုလားပေသည်။ ထိုသို့ဆိုလျှင် ကမ္ဘာကြီးမှာ ပုံမှန်အတိုင်း လည် ပတ်နေမည်ဖြစ်ပြီး ကျွန်ုပ်တို့အားလုံးလည်း အလုပ်အကိုင်များ ရှိနေကြဦးမည် မဟုတ်ပါ လား။

………

ဤဆောင်းပါးမှာ အွန်လိုင်းတွင် အလွန်ပင် ဟိုးဟိုးကျော်သွားခဲ့လေသည်။ ယင်းကြောင့် ဘဝကို စိတ်ပျက်နေသူ အများအပြားမှာ ငါးရံ့နက် နည်းပညာကုမ္ပဏီကို မုန်းတီးလာခဲ့ ကြလေသည်။

အမေရိကန်ရှိ ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ ဆိုင်များ ဖျက်ဆီးခံရပြီးနောက် ရှနိုင်ငံတွင် လည်း ငါးရံ့နက် နည်းပညာကုမ္ပဏီကို ဆန့်ကျင်သော လှိုင်းလုံးကြီးများ ပေါ်ပေါက်လာခဲ့ လေတော့သည်။

ကျန်းပိုင်ရီသည် ထိုဆောင်းပါးကို ကောင်းယွမ်ထံ ပြသလိုက်သည့်အခါ ကောင်းယွမ် သည် တစ်ချက် ကြည့်လိုက်ပြီး သက်ပြင်းချကာ တွေးလိုက်မိလေသည်။

*နောက်ဆုံးတော့ ရောက်လာပြီပေါ့...*

ကုန်ထုတ်လုပ်မှု စွမ်းအား အလွန်မြင့်မားလာသည့်အခါ ဤသို့သော အခြေအနေမျိုးကို ရှောင်လွှဲ၍ မရနိုင်ပေ။

ယခု အဓိက ပြဿနာမှာ ကောင်းယွမ်သည် ကုန်ထုတ်လုပ်မှု စွမ်းအားကို မြှင့်တင်နေ သော်လည်း ဝယ်လိုအား အသစ်များကိုမူ ဖန်တီးပေးနိုင်ခြင်း မရှိသေးခြင်းပင် ဖြစ်၏။

"လောင်ကောင်း... ဆိုင်အချို့ ဖျက်ဆီးခံနေရပြီ... ဘယ်လို လုပ်ကြမလဲ..."

"ဆိုင်တွေကို ကာကွယ်ဖို့ လူတွေ အမြန် ငှားလိုက်ပါ..."

"အဲဒါပြီးရင်ရော..."

ကျန်းပိုင်ရီက မေးလိုက်လေ၏။

"အဲဒါကို မင်းပဲ စီစဉ်လိုက်ပါဦး... ငါ ခဏလောက် အေးအေးဆေးဆေး နေချင်သေး တယ်..."

ကောင်းယွမ်သည် ရုံးခန်းထဲသို့ ဝင်သွားခဲ့လေသည်။ သူသည် ရှနိုင်ငံတစ်ခုလုံးကို အဆင့် သစ်တစ်ခုသို့ ပို့ဆောင်ရန် ကြိုးစားခဲ့သော်လည်း ယင်းမှာ စိတ်ကူးယဉ်မှုတစ်ခုသာ ဖြစ် နေခဲ့ရပေသည်။ အနာဂတ်ကမ္ဘာ၏ နည်းပညာအရ အလုပ်သမား အများအပြား မလိုအပ် တော့သဖြင့် အောက်ခြေလူတန်းစားများကို လယ်ယာမြေများတွင်သာ ထားရှိရပေတော့ မည်။

*ငါလည်း အဲ့လမ်းကိုပဲ လျှောက်ရတော့မှာလား… မဟုတ်ဘူး... ငါသာ အဲဒီလို လုပ်ခဲ့ရင် ရလဒ်က အနာဂတ်ကမ္ဘာနဲ့ တူသွားမှာပဲ… တကယ်လို့ လူတွေ အများကြီး မလိုအပ်တော့ ဘူးဆိုရင် သူတို့ကို လှောင်အိမ်ထဲမှာပဲ ထားမလား၊ ဒါမှမဟုတ် ဖယ်ရှားပစ်မလား… အဲဒီ လိုဆိုရင် အင်္ဂါဂြိုဟ်မှာပဲ အခြေစိုက်စခန်း တစ်ခု သွားဆောက်လိုက်တာက ပိုကောင်းဦး မယ်…*

ယခုအခါ ကောင်းယွမ်၏ ရှေ့တွင် လမ်းနှစ်သွယ်သာ ရှိတော့သည်။ တစ်လမ်းမှာ အလုပ် အကိုင်သစ်များ ဖန်တီးပေးကာ လူတိုင်း တည်ငြိမ်ပျော်ရွှင်စွာ နေထိုင်နိုင်ရန် ပြုလုပ်ပေး ခြင်း ဖြစ်ပြီး နောက်တစ်လမ်းမှာ ကမ္ဘာမြေနှင့် အလှမ်းဝေးရာသို့ သွားကာ ထိပ်တန်း သိပ္ပံ နည်းပညာ နယ်ပယ်တွင်သာ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ချေတော့၏။

ကျန်းပိုင်ရီက အပြင်မှ တံခါးကို ခေါက်လိုက်လေသည်။

"လောင်ကောင်း... ဘာလုပ်နေတာလဲ... တံခါးဖွင့်စမ်းပါ... မိုက်မိုက်ကန်းကန်းတွေ မလုပ် နဲ့ဦးနော်... မင်း တကယ်ပဲ အဲဒါတွေကို ယုံနေတာလား... ငါတို့လည်း အလုပ်အကိုင်ပေါင်း သိန်းနဲ့ချီပြီး ဖန်တီးပေးခဲ့တာပဲ မဟုတ်လား..."

ကောင်းယွမ်သည် ထိုစကားကို ကြားရသည့်အခါ မိမိကိုယ်မိမိ လှည့်ဖြားနေခဲ့ကြောင်း သိလိုက်ရလေသည်။ ပျောက်ကွယ်သွားသော အလုပ်အကိုင် သန်းပေါင်းများစွာနှင့် နှိုင်း ယှဉ်ပါက သိန်းဂဏန်းမျှသော အလုပ်အကိုင်များမှာ အလွန်ပင် နည်းပါးလှပေသည်။

"လောင်ကျန်း... ငါ့ကို ခဏလောက် အေးအေးဆေးဆေး လွှတ်ထားပေးပါ... မနက်ဖြန် ကျရင် ငါ အဖြေတစ်ခု သေချာပေါက် ပေးပါ့မယ်..."

ကျန်းပိုင်ရီသည် အားကိုးရာမဲ့စွာဖြင့် ပြေးထွက်သွားခဲ့လေသည်။ မိနစ်သုံးဆယ်ခန့် ကြာ ပြီးနောက် ပိုင်မော့ယွီနှင့် လင်းမေတို့မှာ ကျန်းပိုင်ရီ၏ ရုံးခန်းသို့ ရောက်ရှိလာခဲ့ကြလေ တော့သည်။

All Chapters